← Chapters

အခန်း ၈၅၅

Vol. 81 Ch. 855

အခန်း ၈၅၅

Vol. 81 Ch. 855

အခန်း (၈၅၅) - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း (၂) ။

ယခုအချိန်၌ ဖုန်းရှီးကျွန်းရှိ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်၏ အစီအရင်အခြေခံအုတ်မြစ်အတွင်း၌…။

၎င်းသည် ဧရာမအစီအရင်စင်မြင့်ကြီးတစ်ခုဖြစ်ပြီး အပေါ်တွင် ပြည့်နှက်နေသော အစီအရင်ရုန်းသင်္ကေတများ ထွင်းထုထားကာ ရုန်းသင်္ကေတတစ်ခုချင်းစီသည် ကျွန်းအဆုံးအထိ ဆန့်တန်းသွားပြီး အရပ်မျက်နှာအသီးသီးရှိ အစီအရင်ဆုံမှတ်များနှင့် ဆက်သွယ်ထား၏။

ပတ်ဝန်းကျင်ကို ရောင်စုံမြူခိုးများ ဖုံးလွှမ်းထားပြီး သီးခြားလေဟာနယ်တစ်ခု ဖြစ်ပေါ်နေပုံရသည်။

ပြင်ပလူများအနေဖြင့် ဤအစီအရင်၏ အူတိုင်ထဲသို့ ချဉ်းကပ်ရန်မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသကဲ့သို့ပင်။

လက်ရှိဤနေရာတွင် ကျိုးစွေ့နှင့် ထောင်ချီလီနှစ်ယောက်တည်းသာ ရှိလေသည်။

မည်သို့ပင်ဆိုစေကာမူ အစီအရင်အခြေခံအုတ်မြစ်ကို ထိုသူနှစ်ယောက်က ဖန်တီးခဲ့ခြင်း မဟုတ်ပါလော။

"တကယ်ကြီး အောင်မြင်သွားတာလား...”

ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင် အောင်မြင်စွာ လည်ပတ်သွားသည့် ခဏတာအတွင်း ထောင်ချီလီသည် သူမ၏ မျက်လုံးလှလှလေးများကို ပြူးကျယ်လျက် စိတ်ထဲတွင် အလွန်အမင်းတုန်လှုပ်သွားတော့၏။

ဤအစီအရင်ကြီး တကယ်တမ်း အောင်မြင်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

ယခင်က လူသားမျိုးနွယ် ဧကရာဇ်မြို့တော်၏ အကူအညီကို ရရှိခဲ့လျှင်ပင် သတ္တမအဆင့်အထွတ်အထိပ် အစီအရင်ကြီးတစ်ခုကို ခင်းကျင်းရန်အတွက် အစီအရင်ပညာရှင် အများအပြား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရာစုနှစ်ချီသော သန့်စင်မှုများမပါဘဲ မအောင်မြင်နိုင်ခဲ့ကြောင်း သိထားရပေမည်။

ထို့ကြောင့် သတ္တမအဆင့်အစီအရင်ကြီးတစ်ခုစီ ပေါ်ပေါက်လာခြင်းသည် လူသားမျိုးနွယ်၏ ကြီးမားသော အောင်ပွဲတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်၏ မြို့သစ်တစ်ခု ပေါ်ပေါက်လာခြင်းကို ကိုယ်စားပြုရာ ကြီးမားသော အခမ်းအနားကြီးတစ်ခုပင် ဖြစ်လေသည်။

သို့သော် ယခုမူ သူမရှေ့ရှိ ဤအမျိုးသားသည် မိမိတစ်ဦးတည်း၏ စွမ်းအားဖြင့် သတ္တမအဆင့်အစီအရင်ကြီးတစ်ခုကို အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့ချေပြီ။

ဤသို့သော အောင်မြင်မှုမျိုးသည် ယခင်က မကြုံစဖူးပင်ဖြစ်၏။

နောက်နောင်တွင် သူ့ကိုယှဉ်နိုင်မည့်သူ ရှိမရှိဆိုသည်ကိုမူ သူမ မသိတော့ပေ။

သူမရှေ့ရှိ ဤအမျိုးသား၏ အစီအရင်ပါရမီမှာ စိတ်ကူးထားသည်ထက်ပင် ပို၍ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

မိမိကဲ့သို့သော အစီအရင်ပါရမီရှင်မျိုးပင် သူနှင့်မယှဉ်နိုင်ချေ။

သူမသည် နဂိုကတည်းကပင် ဤအမျိုးသားအပေါ် သဘောကျနေခဲ့ခြင်းဖြစ်၏။

ယခုဤအမျိုးသား၏ အောက်ခြေမမြင်နိုင်သော အစီအရင်ကျင့်ကြံမှုကို ခံစားလိုက်ရချိန်တွင် သူမ၏နှလုံးသားသည် ပို၍ပင်ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာခဲ့လေသည်။

သူမ၏လှပသော မျက်နှာလေးမှာ ရဲတွတ်သွားပြီး မျက်လုံးအစုံမှာ ရေကြည်အလား အရောင်လက်နေတော့သည်။

ဖြူဖွေးသောခြေတံရှည်များကို တွန့်လိမ်ချိတ်ထားကာ ဂနာမငြိမ်ဖြစ်နေမိချေ၏။

ယခုဤနေရာတွင် သူတို့နှစ်ယောက်တည်းသာရှိနေပြီး ကျား၊မ တစ်ဦးချင်း အတူရှိနေကာ ပတ်ဝန်းကျင်တွင် ဆွဲဆောင်မှုရှိသောလေထုက ဖုံးလွှမ်းနေလေသည်။

"ဒါက ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ရဲ့ အစီအရင်အမိန့်ပေးတံဆိပ်ပဲ...”

"ဒီအမိန့်ပေးတံဆိပ်ကို ကိုင်ဆောင်ထားသရွေ့ ဒီသတ္တမအဆင့်အစီအရင်ကြီးကို ထိန်းချုပ်နိုင်လိမ့်မယ်...”

"ပြီးတော့ ဒီအစီအရင်ကြီးကနေ အစီအရင်ဝိညာဉ်ကိုလည်း မွေးဖွားပေးလိုက်ပြီ...”

"စွမ်းအားက သာမန်သတ္တမအဆင့် အစီအရင်တွေထက် ပိုအစွမ်းထက်ပြီး ထိန်းချုပ်ရတာလည်း ပိုပြီးလွယ်ကူလိမ့်မယ်...”

ကျိုးစွေ့က ထောင်ချီလီကို ရှင်းပြလိုက်၏။

မည်သို့ပင်ဆိုစေကာမူ နောင်တွင်ဤအစီအရင်ကြီးကို ထောင်ချီလီက နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သဖြင့် ဂရုစိုက်ရမည့် အချက်အချို့ကို သူမအား ပြောပြရမည်မှာ သဘာဝပင်ဖြစ်၏။

'အစီအရင်နှလုံးသားကူ' သည် ဤနေရာတွင်မရှိသော်လည်း ၎င်းသည် ကူပိုးကောင်ငယ်များစွာကို မွေးဖွားပေးခဲ့လေသည်။

ထိုကူပိုးကောင်ငယ်များသည်လည်း အစီအရင်ဝိညာဉ်များပင် ဖြစ်ပေသည်။

အစီအရင်ထဲသို့ ပေါင်းစည်းသွားပြီးနောက် အသိဉာဏ်ရှိသော ဝိညာဉ်တစ်ပါးအဖြစ် ပေါ်ပေါက်လာကာ အစီအရင်ကြီးကို လွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

များပြားလှသော ကူပိုးကောင်ငယ်များ၏ စွမ်းအားကို အားကိုး၍ အသိဉာဏ်ရှိသော အစီအရင်များစွာကိုလည်း ဖန်တီးနိုင်ပေသည်။

"အစီအရင်ဝိညာဉ်ကိုတောင် မွေးဖွားနိုင်ခဲ့တာလား...”

ထောင်ချီလီမှာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားတော့၏။ ပြောစရာစကားလုံပင် ပျောက်ရှသွားရချေ၏။

အစီအရင်ဝိညာဉ်တည်ရှိမှုကို သူမ ကြားဖူးသည်မှာ သဘာဝပင် ဖြစ်သော်လည်း ၎င်းသည် အဋ္ဌမအဆင့်အစီအရင်တွင်သာ မွေးဖွားခွင့်ရှိသော အထူးအစီအရင်ဝိညာဉ်တစ်ခုသာ ဖြစ်ပေသည်။

လူသားမျိုးနွယ် ဧကရာဇ်မြို့တော်၏ အဋ္ဌမအဆင့်အစီအရင်သည် ထိုသို့ပင်ဖြစ်၏။

ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ စုဆောင်းမှုနှင့် ဆင့်ကဲပြောင်းလဲမှုများအပြီးတွင်မှ အစီအရင်ဝိညာဉ်ကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ယခုမူ သာမန်သတ္တမအဆင့် အစီအရင်လေးက အစီအရင်ဝိညာဉ်ကို မွေးဖွားပေးနိုင်ခဲ့ခြင်းမှာ အလွန်တရာ ချဲ့ကားလွန်းနေပေသည်။

သို့ရာတွင် ယခင်ကတည်းက သူမအတိုင်းထက်အလွန် တုန်လှုပ်နေခဲ့ပြီးဖြစ်ရာ ဤကိစ္စကို ထပ်မံသိရှိလိုက်ရလျှင်ပင် ယခုအချိန်တွင် သူမကိုယ်သူမ ထုံကျင်နေပြီဟု ခံစားရ‌တော့သည်။

"တာအိုရောင်းရင်းကျိုး... ဒီကိစ္စတွေက အရေးမကြီးဘူးလို့ ကျွန်မ ထင်တယ်...”

"အခု အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တည်း ဒီမှာ ရှိနေတာကို… ရှင်က ကျွန်မကို ဘာမှမလုပ်ချင်ဘူးလား...”

ထောင်ချီလီက ကျိုးစွေ့အနီးသို့ ရောက်လာပြီး ဤအမျိုးသားကို ဖက်တွယ်ကာ ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောလိုက်၏။

သူမ၏ ပြင်းထန်သော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်၍မရတော့ဟု ခံစားနေရ၏။

မည်သို့ပင်ဆိုစေကာမူ သူမအနေဖြင့် ဤအမျိုးသားကို ရအောင်ယူရမည်ဖြစ်ပြီး နည်းလမ်းပေါင်းစုံ သုံးရမည်ဆိုလျှင်ပင် ဂရုမစိုက်တော့ပေ။

"တာအိုရောင်းရင်းထောင်... ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါ...”

"ကျုပ်က တာအိုလက်တွဲဖော် နှစ်ယောက်ရှိတဲ့ ယောက်ျားတစ်ယောက်ပါ...”

"ပြီးတော့ တာအိုရောင်းရင်းထောင်ကလည်း မုဆိုးမတစ်ယောက် ဖြစ်တယ်။ ကျုပ်တို့တွေ ဒီလို အမှားကြီးကို မကျူးလွန်သင့်ပါဘူး...”

ကျိုးစွေ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ဤအမျိုးသမီး ဤအချိန်တွင် ရမ္မက်ကြွလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။

ထို့အပြင် သဘောကျမှုအဆင့်က ချက်ချင်းပင်အပြည့်အဝ ရောက်ရှိသွားခဲ့လေသည်။

အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးအပေါ် ကိုးကွယ်ယုံကြည်မှုသည်လည်း သဘောကျမှုကို အလွန်တိုးပွားစေကြောင်း ထင်ရှားပေသည်။

သို့သော် လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်လာသော အမျိုးသားတစ်ဦးအနေဖြင့် ဤမျှလွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်သည်မှာ သဘာဝပင် မဟုတ်ပါလော။

"ရှင့်မှာ တာအိုလက်တွဲဖော် နှစ်ယောက်တောင် ရှိနေမှတော့ ကျွန်မတစ်ယောက် ထပ်တိုးလာလည်း ကိစ္စမရှိပါဘူးလေ...”

ထောင်ချီလီက ကျိုးစွေ့ကို ချစ်ခင်စွဲလန်းစွာ ကြည့်ရှုရင်း သင်းပျံ့သော လေငွေ့လေးများကို မှုတ်ထုတ်လိုက်၏။

"ဒါက..."

ကျိုးစွေ့မှာ မှင်သက်သွားပြီး အလှလေး၏ ကျေးဇူးဆပ်ခြင်းက ခံစားရရန်အခက်ခဲဆုံးဟု ဆိုကြသည့်အတိုင်း သူလည်း အလှလေး၏ နက်ရှိုင်းသောချစ်မေတ္တာကို ခံစားလိုက်ရတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက်...။

အပြင်းအထန် သဲသဲမဲမဲ လှုပ်ခတ်ခဲ့သော မုန်တိုင်းသည်ကား ငြိမ်သက်သွားတော့၏။

'သင်သည် တာအိုလက်တွဲဖော်နှင့် အကြိမ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံခဲ့သဖြင့် 'ချစ်ခြင်းမေတ္တာကူ' မှာ လွန်စွာ နှစ်ထောင်းအားရဖြစ်ခဲ့ရပြီး စွမ်းအင်အမြောက်အမြားကို ရရှိခဲ့သည်။'

'သင်သည် အစီအရင်တာအို အတွေ့အကြုံအား အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။'

'သင်၏ စိတ်ဝိညာဉ်အမြစ်ပါရမီမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။'

'သင်သည် တစ်ဖက်လူ၏ ကြီးမားလှသော ယင်အနှစ်သာရစွမ်းအားကို ရရှိခဲ့ပြီး ကျင့်ကြံမှုမှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။'

'သင်၏ ကျင့်ကြံမှုသည် လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်းသို့ တက်လှမ်းသွားခဲ့သည်။'

ချက်ချင်းပင် ကျိုးစွေ့၏ သိစိတ်ပင်လယ်နက်ရှိုင်းရာဆီမှ သတင်းအချက်အလက်များ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။

သူ့ခန္ဓာကိုယ်အတွင်း၌ မြစ်ရေအလားစီးဆင်းနေသော ကြီးမားလှသည့် လေဟာနယ်သန့်စင်ခြင်း မှော်စွမ်းအားများကို အာရုံခံမိပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောတိုင်းကို ဖြတ်သန်းစီးဆင်းကာ တာအိုပတ်လမ်းတစ်ခုပြီးတစ်ခု လည်ပတ်နေချေသည်။

တာအိုပတ်လမ်းတစ်ကြိမ် လည်ပတ်တိုင်း ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားက တစ်ဆပိုမို အစွမ်းထက်လာပုံရသည်။

ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည်လည်း တဖြည်းဖြည်းကြီးထွားလာ၏။

ဤအကြိမ်ကျင့်ကြံခြင်းက သူ့ကို ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေခဲ့ပြီး အနည်းဆုံး ရာစုနှစ်ချီ သို့မဟုတ် ထောင်ချီသော ကြိုးစားပမ်းစား ကျင့်ကြံရမည့်အချိန်ကို သက်သာသွားစေကြောင်း ထင်ရှားပေသည်။

ဝှမ်...။

နောက်တစ်စက္ကန့်တွင် သူ၏အချက်အလက်ပြမျက်နှာပြင်မှာ အလိုအလျောက် ပေါ်ထွက်လာခဲ့လေသည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် (တိုးတက်မှု ၉၉ ရာခိုင်နှုန်း) ၊ သက်တမ်း - ၈၁၀ (၃၀၂,၀၀၀) နှစ်]

[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၄၀ ရာခိုင်နှုန်း)]

[ ဓားတာအို - ဆဋ္ဌမအဆင့် အလယ်အလတ် (၇၀ ရာခိုင်နှုန်း)]

[ အဆောင်ပညာ - ဆဋ္ဌမအဆင့် အောက်ခြေ (၃၀ ရာခိုင်နှုန်း)]

[ အစီအရင်ပညာ - သတ္တမအဆင့် အထွတ်အထိပ် (၃၀ ရာခိုင်နှုန်း)]

[ ဆေးဖော်စပ်ပညာရပ် - ဆဋ္ဌမအဆင့် အလယ်အလတ် (၉၀ ရာခိုင်နှုန်း)]

[ လက်နက်သွန်းလုပ်ခြင်း - ဆဋ္ဌမအဆင့် အောက်ခြေ (၂၅ ရာခိုင်နှုန်း)]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့်]

[ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ် - ကျွမ်းကျင်အဆင့်]

[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း]

[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၈၀ ရာခိုင်နှုန်း)]

[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း]

[ ဓာတ်ငါးပါးမိုးကြိုးမန္တန်- ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း- မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ်- စတုတ္ထအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး- မဟာဆရာသခင်အဆင့်]

[ 'ချစ်ခြင်းမေတ္တာကူ' -သတ္တမအဆင့် အောက်ခြေ၊ 'ကိုယ်ပွားကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'အရက်ကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'ရွှေစားကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'စာအုပ်ကူ' - သတ္တမအဆင့် အထွတ်အထိပ်၊ 'အိပ်မက်ဝိညာဉ်ကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'နဂါးဆင်ကူ' - ဆဋ္ဌမအဆင့် အလယ်အလတ်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'တည်နေရာရွှေ့ပြောင်းကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'အစီအရင်နှလုံးသားကူ' - သတ္တမအဆင့် အထွတ်အထိပ်၊ 'ပစ္စည်းရှာဖွေကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'မိုးကြိုးကပ်ဘေးကူ' - ဆဋ္ဌမအဆင့် အလယ်အလတ်၊ 'ဆေးဝါးကူ' - ဆဋ္ဌမအဆင့် အောက်ခြေ၊ 'ကံကြမ္မာကူ' - ဆဋ္ဌမအဆင့် အောက်ခြေ]

ချက်ချင်းပင် အချက်အလက်ပြမျက်နှာပြင်ပေါ်တွင် သတင်းအချက်အလက်များ ဆက်တိုက် ပေါ်ထွက်လာကာ သူ၏လက်ရှိအခြေအနေကို ပြသနေလေသည်။

ယခင်အချိန်များနှင့် နှိုင်းယှဉ်လိုက်ပါက စွမ်းအားများ သိသိသာသာ ကြီးမားလာသည်မှာ ထင်ရှားလှသည်။

"ကျင့်ကြံခြင်းအဆင့်က ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ မထင်ထားဘူး...”

"လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ...”

"တစ်လှမ်းပဲ လိုတော့တာ...”

ကျိုးစွေ့မှာ အလွန်တရာ စိတ်လှုပ်ရှားနေလေတော့သည်။

All Chapters