အခန်း ၈၅၇
Vol. 81 Ch. 857
အခန်း (၈၅၇) - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း (၄) ။
"မနေ့က ငါ နင့်ယောက်ျားနဲ့ အတူအိပ်ခဲ့တယ်...”
ထောင်ချီလီကလည်း ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ဘာ..."
ဤစကား ထွက်ပေါ်လာသည်နှင့် ကောင်းကင်ပြိုကျသွားသကဲ့သို့ ဖြစ်သွားလေသည်။ ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့ နှစ်ဦးစလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ထောင်ချီလီအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြ၏။
ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်လိမ့်မည်ဟု သူတို့ အမှန်တကယ်ပင် မယုံကြည်နိုင်ဘဲ ရှိနေကြသည်။
"ဒါကြောင့်ကိုး...”
"ကြိုတင်ကြံစည်ထားတာ ကြာပြီပဲ။ ထောင်ချီလီ... နင်က အရှက်မရှိတဲ့ မိန်းမပဲ...”
"နင့်မှာ ယောက်ျားရှိနေတာတောင်မှ..."
"ငါ့ယောက်ျားနဲ့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အတင်းအဓမ္မ ကြံစည်ရဲတယ်ပေါ့...”
ဟွားစစ်ချင်က အံကြိတ်လျက် ပြောလိုက်၏။
သူမသည် အဖြစ်အပျက်၏ အမှန်တရားကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။ ဤအရှက်မရှိသော အမျိုးသမီးက ကိုယ်တိုင် စတင်မြှူဆွယ်ခဲ့ခြင်းသာ ဖြစ်ရပေမည်။
သို့မဟုတ်ပါက သူမခင်ပွန်း၏ စရိုက်အရ ဤအမျိုးသမီးကို မည်သို့မျှ အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။
"ငါ့ယောက်ျားက သေသွားတာ နှစ်ထောင်ချီနေပြီ။ ဘဝဘယ်နှဆက် ပြောင်းပြီး ဝင်စားနေပြီလဲတောင် မသိတော့ဘူး...”
"ပြီးတော့ ငါ့ကို အရှက်မရှိဘူးလို့ ပြောရဲသေးတယ်...”
"အစတုန်းက နင် နေရာဝင်ယူတုန်းကရော ဒီလိုပဲ မဟုတ်လား...”
"နင့်ရဲ့ နည်းလမ်းတွေက ငါ့ထက် ဘာမှ ပိုမြင့်မြတ်မနေပါဘူး...”
ထောင်ချီလီက ဟွားစစ်ချင်ကို အလွန်အမင်း အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
သူမသည် ယခင်က ဤမိန်းမ အထက်သို့တက်လှမ်းရန် သုံးခဲ့သော နည်းလမ်းများကို ကောင်းစွာ သိရှိထားပေသည်။ သူမသည်လည်း အတင်းအကျပ် အနိုင်ယူကာ မတော်တဆမှုတစ်ခုကို ဖန်တီးခဲ့ပြီး ဆန်ကို ထမင်းဖြစ်အောင် ချက်ကာ အတင်းအကျပ် လက်ထပ်ယူခိုင်းခဲ့ခြင်းပင်။
ဤသို့သာ မဟုတ်ပါက ကျိုးစွေ့သည် ဤကဲ့သို့ ရင်သားကြီးပြီး ဦးနှောက်မရှိသော မိန်းမကို အဘယ်ကြောင့် မျက်စိကျပါမည်နည်း။
"ငါနဲ့ ငါ့လင်သားက နှစ်ဦးသဘောတူ ဖြစ်ခဲ့ကြတာ။ နည်းလမ်းက အရေးမကြီးဘူး၊ ရလဒ်ကသာ အရေးကြီးတာ...”
"လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ။ ငါနဲ့ လင်သားက တစ်ဦးကိုတစ်ဦး ရိုသေကိုင်းရှိုင်းပြီး အရမ်းလည်း ချစ်ကြတာပဲ၊ ဘာမကောင်းတာ ရှိလို့တုန်း...”
"တကယ်တမ်း နင့်လို မိန်းမအိုကြီးကသာ မြက်နုကို စားတဲ့ နွားအိုကြီး ဖြစ်နေတာ...”
"တကယ်ကို အရှက်မရှိလိုက်တာ...”
"အပြင်မှာ ယောက်ျားတွေ အများကြီးရှိတာကို တစ်ယောက်မှ မျက်စိမကျဘဲ ငါ့ယောက်ျားကိုမှ လာပြီး မျက်စိကျနေရတယ်လို့...”
ဟွားစစ်ချင်သည် အံကြိတ်လျက် ဤမိန်းမကို အသေအလဲ ကိုက်ပစ်ချင်စိတ်များ ပေါက်လာတော့သည်။
သူမ၏ယောက်ျားခမျာ ဤမိစ္ဆာမ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ဟု တွေးမိသည်နှင့် ဒေါသလှိုင်းလုံးများက ရင်ထဲတွင် တရိပ်ရိပ် တက်လာတော့၏။
ဤသည်မှာလည်း မိမိကိုယ်တိုင် သတိမထားမိခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။
ပြင်ပမှ မိန်းမများမှာ မည်မျှအထိ ရက်စက်ကြမ်းကြုတ်ပြီး မည်မျှအထိ အရှက်မရှိ ယုတ်မာတတ်ကြသည်ကို သူမ ကောင်းစွာ သိရှိထား၏။
ယေဘုယျအားဖြင့် ယောက်ျားကောင်းတစ်ယောက်ကို ရရှိရန်အတွက် ၎င်းတို့သည် မည်သည့်နည်းလမ်းကိုမဆို သုံးရန် ဝန်မလေးကြချေ။
ခဏတာ ပေါ့ဆသွားမိခြင်းကြောင့်သာ ထောင်ချီလီကို အခွင့်ကောင်း ရသွားစေခဲ့ခြင်း ဖြစ်၏။
"နွားအိုမြက်နုစားတယ်ဆိုတာ ဘာလဲ။ အားလုံးက ကျင့်ကြံသူတွေပဲ၊ အသက်အရွယ်ဆိုတာ ဘာမှ ပြဿနာမဟုတ်ဘူး...”
"ဟွန့်… နင့်အသက်လည်း ငယ်တာမဟုတ်ဘူး၊ အသက်ထောင်ချီနေပြီပဲ၊ ဒီမှာ လာပြီး ကလေးကလား ဟန်မဆောင်စမ်းပါနဲ့...”
"နင်နဲ့ ကျိုးစွေ့တို့ အတူတူရှိနေခဲ့တာ ဒီလောက်တောင် ကြာပြီဆိုပေမဲ့ ကလေးတစ်ယောက်တောင် မရှိသေးဘူး။ မြုံနေတာတော့ မဟုတ်ပါဘူးနော်...”
"နင် မမွေးနိုင်ရင် တခြားမိန်းမကိုပဲ မွေးခိုင်းလိုက်ရတော့မှာပေါ့...”
ထောင်ချီလီက အထင်သေးသော လေသံဖြင့် တုံ့ပြန်လိုက်၏။
"နင် ဘာသိလို့လဲ...”
"ငါ့လင်သားရဲ့ သွေးမျိုးဆက်က ထူးခြားလွန်းလို့ မျိုးဆက်ပြန့်ပွားဖို့ ခက်ခဲတာက သဘာဝပဲ...”
"ဒါပေမဲ့ နင်က မုဆိုးမတစ်ယောက်ဖြစ်ပြီးတော့ အရှက်မရှိ ငါ့လင်သားကို လာယူရဲတယ်။ လူတကာရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို မကြောက်ဘူးလား...”
ဟွားစစ်ချင်က သူမ၏ လက်သီးဆုပ်လေးများကို တင်းတင်းဆုပ်လိုက်၏။
"ငါက ဖုန်းရှီးမြို့ရဲ့ မြို့တော်ဝန်ကိုယ်စားလှယ်ပဲ၊ ပြီးတော့ လေဟာနယ်သန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်း ကျင့်ကြံသူတစ်ယောက်လည်း ဟုတ်တယ်။ ဘယ်သူက ငါ့ကို ကဲ့ရဲ့ရဲမှာလဲ...”
ထောင်ချီလီက ဂရုမစိုက်ဟန်ဖြင့် အာဏာပြသည့်ပုံစံ လက်အမူအရာအား လုပ်ပြလိုက်၏။
ဤသည်မှာ သူမ၏ အခွင့်အာဏာပင် ဖြစ်သည်။ မည်သူမဆို သူမကို တစ်ခုခု ပြောဝံ့ပါက ဒုက္ခပေးရန် အသင့်ရှိနေပေသည်။
"ကဲပါ... တော်ကြပါတော့... အစ်မချီလီနဲ့ အစ်မစစ်ချင်ရာ..."
"လင်သားက အစ်မတို့နှစ်ယောက်စလုံးကို သဘောကျနေမှတော့ အတူတူ ပေါင်းသင်းလိုက်ရင် ရတာပဲ မဟုတ်လား...”
"ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ညီအစ်မကောင်းတွေပဲလေ။ လင်သားတစ်ယောက်တည်း ရှိတာကလည်း ကောင်းတဲ့အချက်ပဲ မဟုတ်လား...”
"အနည်းဆုံးတော့ အားလုံး ခွဲခွာနေစရာ မလိုတော့ဘူးပေါ့...”
ထိုအခြေအနေကို မြင်သောအခါ ပိုင်စုကျဲ့မှာ သူမတို့နှစ်ဦး ရန်မဖြစ်စေရန်အတွက် အစ်မနှစ်ယောက်လုံးကို အမြန်ဆွဲဖက်ကာ တားဆီးလိုက်၏။
သူမတို့နှစ်ယောက်စလုံးသည် သူမအတွက် ညီအစ်မရင်းချာများကဲ့သို့ ဖြစ်ရာ မည်သူမဆို ဒဏ်ရာရသွားပါက သူမ စိတ်မကောင်း ဖြစ်ရပေမည်။
"နင်က ဒီလိုမျိုးကို တကယ်ပဲ လက်ခံနိုင်လို့လား...”
ထောင်ချီလီက ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပိုင်စုကျဲ့ကို စိုက်ကြည့်လိုက်၏။
"ဘာလို့ လက်မခံနိုင်ရမှာလဲ။ ယောက်ျားတစ်ယောက်က မယားအများကြီးယူတာ ပုံမှန်ပဲ မဟုတ်လား...”
"လင်သားမှာ အခုထိ တာအိုလက်တွဲဖော် သုံးယောက်ပဲ ရှိသေးတာ၊ ဒါက တကယ်ကို နည်းလွန်းပါသေးတယ်...”
"ဘယ်နေရာမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဇနီးမယား ဒီလောက်နည်းတာမျိုး ရှိဖူးလို့လဲ...”
"ဒါ့အပြင် အစ်မထောင် ဖြစ်နေတာမို့ ပိုတောင်ကောင်းသေးတယ်။ ဒါက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုသလိုပဲပေါ့...”
"ဒီလိုဆိုရင် အားလုံးက ပိုပြီးတော့ မိသားစုဝင်တွေ ဖြစ်သွားကြတာပေါ့...”
ပိုင်စုကျဲ့က လက်ယမ်းပြလိုက်၏။ သူမသည် ဤကဲ့သို့သော ကိစ္စရပ်များအပေါ် အလွန် သဘောထားကြီးပြီး ကောင်းသော ကိစ္စတစ်ခုအဖြစ်ပင် ရှုမြင်လေသည်။
မူလကပင် သူမသည် ထောင်ချီလီနှင့်အတူ နေထိုင်ချင်ခဲ့ခြင်း ဖြစ်၏။
ယခုမူ ပို၍ပင် သဘာဝကျကျ မိသားစုဝင်များ ဖြစ်လာခဲ့ကြချေပြီ။
အဘယ်ကြောင့်ဆိုသော် နောင်တွင် သူတို့အားလုံးသည် ကြယ်ကွဲပင်လယ်ထဲတွင် နေထိုင်ကြရမည်ဖြစ်ရာ ချန်းလုံတိုက်ကြီးသို့ ပြန်လည်ရောက်ရှိရန် အခွင့်အရေး ရှိတော့မည် မဟုတ်သောကြောင့် ဖြစ်၏။
လူတိုင်းသည် ဤနေရာတွင်သာ တစ်ဦးကိုတစ်ဦး မှီခိုအားထားကာ ရှင်သန်ကြရပေလိမ့်မည်။ ထို့ကြောင့် ယခုကဲ့သို့ ပိုမိုနီးစပ်သွားခြင်းမှာ ကောင်းမွန်လှသည်။
နောင်တွင် အကျိုးစီးပွားအတွက်ကြောင့် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်ပွားပြီး ရင်းနှီးမှုကို ထိခိုက်စေမည့် ဘေးမှလည်း ကင်းဝေးစေနိုင်ပေသည်။
"ဟွန်း... နောက်ဆုံးတော့ ရှင်ပဲ အမြတ်ထွက်သွားတာပဲ။ စုကျဲ့က ရှင့်ရဲ့ အဆင့်အတန်းကို လက်ခံလိုက်ပြီဆိုတော့လည်း ကျွန်မတို့ ကျိုးမိသားစုထဲ ဝင်ဖို့ ခွင့်ပြုလိုက်မယ်...”
ဟွားစစ်ချင်က လက်ပိုက်လျက် ပြောလိုက်၏။ သူမသည် စောစောက ရုတ်တရက် ဒေါသထွက်သွားမိခြင်းသာ ဖြစ်ပြီး ထောင်ချီလီ ကျိုးမိသားစုထဲသို့ ဝင်ရောက်လာမည်ကို အမှန်တကယ် ကန့်ကွက်ခြင်း မရှိချေ။
မှန်ပေသည်၊ ထောင်ချီလီတစ်ယောက် ကျိုးမိသားစုထဲသို့ ဝင်ရောက်လာခြင်းသည် ကျိုးမိသားစုအတွက် ကြီးမားလှသော အကျိုးကျေးဇူးကို ရရှိစေကာ ကျားကို တောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထောင်မိသားစုသည် ဖုန်းရှီးမြို့တွင် အဆင့်အတန်း မြင့်မားလှပြီး အရှိန်အဝါ ကြီးမားသောကြောင့်ပင် ဖြစ်၏။
ဤသည်မှာ အင်အားကြီးနှစ်ရပ် ပူးပေါင်းခြင်းပင် မဟုတ်ပါလော။
"ဘယ်သူက နင့်ရဲ့ ခွင့်ပြုချက်ကို လိုချင်လို့လဲ...”
"ဒါပေမဲ့ ဒီလိုဖြစ်သွားပြီဆိုတော့လည်း နောင်ကို အားလုံးက မိသားစုတစ်စုတည်း ဖြစ်သွားကြပြီပေါ့...”
ထိုစကားကို ကြားသောအခါ ထောင်ချီလီ၏ မျက်နှာပေါ်တွင် အပြုံးပန်းဝေသွားတော့သည်။
သူမသည် စောစောက ပိုင်စုကျဲ့၏ စရိုက်ကို သိရှိထားသဖြင့် ဤကဲ့သို့သော ရလဒ်ထွက်လာမည်ကို ကြိုတင်ခန့်မှန်းမိသော်လည်း၊ ပိုင်စုကျဲ့၏ ထောက်ခံချက်ကို ရရှိလိုက်သောအခါမှသာ ရင်ထဲက အလုံးကြီး ဗုန်းကနဲ ကျသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ပိုင်စုကျဲ့သည် ကျိုးမိသားစုထဲသို့ ပထမဆုံး ဝင်ရောက်လာသူ ဖြစ်သည့်အတွက် ဂိုဏ်း၏ အကြီးဆုံးဇနီးကဲ့သို့ အဆင့်အတန်း မြင့်မားသောကြောင့် ဖြစ်၏။
သူမ၏ အသိအမှတ်ပြုမှုကို ရရှိမှသာ တရားဝင် ဖြစ်ပေလိမ့်မည်။
မကြာမီအချိန်အတွင်းမှာပင် ထောင်ချီလီသည် ကျိုးမိသားစုသို့ ဝင်ရောက်ကာ ကျိုးစွေ့၏ တတိယမြောက် တာအိုလက်တွဲဖော် ဖြစ်လာခဲ့ပြီဟူသော သတင်းသည် ဖုန်းရှီးမြို့တစ်ခွင်သို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုများအားလုံး ချက်ချင်း သိရှိသွားကြလေသည်။
ထိုသတင်းကို ကြားသိရသောအခါ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာမှာ ဆွံ့အလျက် ကြက်သေသေသွားကြတော့၏။
၎င်းတို့ မည်သို့ပင် စဉ်းစားတွေးတောသည်ဖြစ်စေ ဤကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်လိမ့်မည်ဟု မယုံကြည်နိုင်ကြချေ။
"မဖြစ်နိုင်တာ။ မုဆိုးမဖြစ်တဲ့ တာအိုရောင်းရင်းထောင်က တာအိုရောင်းရင်းကျိုးကို လက်ထပ်လိုက်တယ် ဟုတ်လား။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။ တာအိုရောင်းရင်းထောင်က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ကျား၊မကိစ္စတွေကို စိတ်မဝင်စားဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ...”
လူတစ်ဦးက ပါးစပ်အဟောင်းသား ဖြစ်လျက် မေးလိုက်၏။
အဘယ်ကြောင့်ဆိုသော် ထောင်ချီလီဟူသော မုဆိုးမ၏ နာမည်ကျော်ကြားမှုမှာ ဖုန်းရှီးမြို့တွင်သာမက ဧကရာဇ်မြို့တော်၌ပင် ဟိုးဟိုးကျော်လှသောကြောင့် ဖြစ်၏။
သူမကို လိုက်လံပိုးပန်းသူများမှာ အဆမတန် များပြားလှသည်။ သို့သော်ငြား ၎င်းတို့အားလုံးမှာ ထောင်ချီလီ၏ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရပြီး သူမသည် ယနေ့တိုင် တစ်ကိုယ်တည်း ဖြတ်သန်းလာခဲ့ခြင်း ဖြစ်၏။
အသက်ကြီးမှ ဝက်သက်ပေါက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သူမသည် အခြားကျင့်ကြံသူတစ်ဦးကို အမှန်တကယ် လက်ထပ်လိုက်ပြီး၊ ထိုသူ၏အသက်မှာ ယနေ့တိုင် တစ်ထောင်ပင်မပြည့်သေးရာ ဤသည်မှာ နွားအိုက မြက်နုကို စားခြင်းပင် ဖြစ်ပေတော့သည်။
"တာအိုရောင်းရင်းထောင်က တကယ်ပဲ နွားအိုမြက်နုစားတာပဲ။ ကြည့်ရတာ သူက လူငယ်လေးတွေကိုပဲ သဘောကျပြီး ရွယ်တူတန်းတူတွေကို သဘောမကျဘူးထင်တယ်။ ဒါကြောင့်လည်း ပိုးပန်းသူတွေ အများကြီးရှိပေမဲ့ တစ်ယောက်ကိုမှ သဘောကျဘဲ ဒီနေ့အထိ တစ်ကိုယ်တည်း နေလာခဲ့တာပေါ့...”
ကျင့်ကြံသူတစ်ဦးက တစ်ဖက်လူ၏ ဝါသနာကို ထိုးထွင်းသိမြင်သွားသည့်အလား ရေရွတ်လိုက်တော့၏။