← Chapters

အခန်း ၈၅၉

Vol. 81 Ch. 859

အခန်း ၈၅၉

Vol. 81 Ch. 859

အခန်း (၈၅၉) – အဆင့်တက်လှမ်းသွားသော ‘စာအုပ်ကူ’၊ ကံကြမ္မာခြောက်ဖြာ ဟောကိန်းထုတ်ခြင်း နတ်ဘုရားစွမ်းရည် (၁) ။

"မင်းပြောချင်တာက... အထက်ဘုံတက်လှမ်းသူ ကျိုးစွေ့မှာ ကန္တာရသားရဲတွေကို ပဋိညာဉ်ချုပ်ဆိုနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ် ရှိနေတယ်ပေါ့... ပြီးတော့ ဒီအတောအတွင်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ အများအပြားနဲ့ ပဋိညာဉ်ချုပ်ဆိုပြီး ကန္တာရသားရဲစစ်တပ်ကြီးကို ဖွဲ့စည်းခဲ့ပြီး ဖုန်းရှီးကျွန်းတစ်ခုလုံးကို စည်းလုံးညီညွတ်အောင် လုပ်ခဲ့တယ်ပေါ့... ဖုန်းရှီးကျွန်းရဲ့ အန္တရာယ်အားလုံးကိုလည်း ရှင်းလင်းပစ်ခဲ့တယ် ဟုတ်လား...”

“ဒါတင်မကသေးဘူး... သူက သတ္တမအဆင့် အစီအရင်ပညာရှင်တစ်ယောက်လည်း ဖြစ်နေတယ်ပေါ့... ပြီးခဲ့တဲ့တစ်ခေါက် သွေးလမင်းမျိုးနွယ်စုရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ လာရောက်တိုက်ခိုက်တုန်းက သူက ဖုန်းရှီးမြို့တော်ရဲ့ သတ္တမအဆင့်အစီအရင်ကို ထိန်းချုပ်ပြီး ရန်သူကို သတ်ပစ်လိုက်လို့ လူသားမျိုးနွယ်တွေ ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတယ်ပေါ့...”

“ဒါလည်းမကသေးဘူး... ဖုန်းရှီးကျွန်းရဲ့ လုံခြုံရေးအတွက် သူက ဘယ်ကနေ ရမှန်းမသိတဲ့ အစီအရင်ပစ္စည်း အများအပြားကို ရှာဖွေပြီး ‘ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်’ ကို အောင်မြင်အောင် ခင်းကျင်းနိုင်ခဲ့တယ်ပေါ့... အခုဆိုရင် ဖုန်းရှီးကျွန်းတစ်ခုလုံးက ငါတို့ရဲ့နယ်မြေ ဖြစ်သွားပြီး အရမ်းလုံခြုံသွားပြီ ဟုတ်လား..."

ဖုန်းရှီးတာအိုအရှင်မှာ ဆွံ့အသွားရလေသည်။

အကယ်၍ ကိစ္စတစ်ခုတည်းသာ ဖြစ်ပါက သူမအနေဖြင့် မနည်းနားလည်နိုင်သေးသော်လည်း ဤမျှလောက် များပြားလှသော ကိစ္စများ ပေါင်းစပ်သွားသောအခါ အံ့ဩဖွယ်ရာ ကောင်းလွန်းလှပေသည်။

ဤကဲ့သို့သော အံ့ဖွယ်အမှုများအားလုံးသည် အမျိုးသားတစ်ဦးတည်းအပေါ်၌ စုစည်းနေလိမ့်မည်ဟူ၍ သူမ လုံးဝ စိတ်ကူးမယဉ်ရဲခဲ့ပေ။

အမှန်တကယ်ပင် စဉ်းစား၍မရနိုင်လောက်အောင် ဖြစ်ရသည်။ ကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက ဤမျှ အဓိပ္ပာယ်မရှိသော ကိစ္စကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။

"ဟုတ်ပါတယ်..."

စစ်ယွီရှီးက ခေါင်းညိတ်လိုက်၏။

သူမသည် လျှို့ဝှက်ထောက်လှမ်းရေးမှူး ဖြစ်ရာ သတင်းစုဆောင်းရေးအပိုင်းတွင် အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။ ထို့ပြင် ဤသတင်းအချက်အလက်များသည် ယခုအခါ ဖုန်းရှီးမြို့တော်ရှိ လူတိုင်း သိရှိထားကြသော အခြေခံအချက်များသာ ဖြစ်ပြီး လူတိုင်း သိကြသည့်အရာပင် ဖြစ်၏။

"ဒီ ကျိုးတာအိုရောင်းရင်းက တကယ်ကို မရိုးရှင်းဘူးပဲ။ သူက လူဝင်စား အင်မော်တယ်မဟုတ်ရင်တောင်မှ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ကံထူးမှုတွေ ရရှိခဲ့တာ ဖြစ်ရမယ်။ ဒီလိုလူမျိုး ငါတို့ ဖုန်းရှီးမြို့တော်ကို ရောက်လာတာဟာ ငါတို့ ဖုန်းရှီးမြို့တော်အတွက် ကောင်းကင်ဘုံက ကူညီမစလိုက်တာပဲ…”

“ငါတို့လူသားမျိုးနွယ်မှာ ခေတ်အဆက်ဆက် သူရဲကောင်းတွေ ပေါ်ထွက်လာစမြဲပါပဲ။ ငါမရှိရင်တောင် အခြားသူရဲကောင်းတွေ ရှိနေဦးမှာပဲ... တကယ်ကို ဝမ်းသာစရာပဲ..."

ဖုန်းရှီးတာအိုအရှင်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိ၏။

နဂိုက သူမသည် မိမိ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဖုန်းရှီးမြို့တော်၌ မိမိကဲ့သို့သော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မရှိတော့သဖြင့် လူသားများ၏ ဘဝမှာ အလွန်ပင်ပန်းဆင်းရဲသွားလိမ့်မည်၊ ဘေးပတ်ဝန်းကျင်ရှိ ကန္တာရသားရဲများကို ရှင်းလင်းရန်ပင် အလွန်ခက်ခဲလိမ့်မည်ဟူ၍ ယူဆထားခဲ့၏။

လူသားကျင့်ကြံသူ အမြောက်အမြား သေကျေပျက်စီးကြရပေလိမ့်မည်။ အကယ်၍ ကံဆိုးပြီး ပင်လယ်နက်အတွင်းမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကန္တာရသားရဲများနှင့် တွေ့ဆုံပါက သေချာပေါက် ပျက်စီးခြင်းကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးသည် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ပေါ်ထွက်လာပြီး ဤပြဿနာအားလုံးကို အမြစ်ပြတ် ရှင်းလင်းပေးခဲ့ပေသည်။

ထို့ကြောင့် ဖုန်းရှီးမြို့တော်သည် ပိုမို ဖွံ့ဖြိုးတိုးတက်လာခဲ့ရ၏။ သူမ ယခင်က စိတ်ကူးထားခဲ့သည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေချေသည်။

မှန်ပေ၏၊ ဤလောကကြီးသည် မည်သူတစ်ဦးတစ်ယောက် မရှိတော့ရုံနှင့် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။ မိမိ မရှိတော့သော်လည်း လူသားမျိုးနွယ်တွင် သူရဲကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာပြီး အဓွန့်ရှည်ရှည် တည်တံ့နေဦးမည်သာ ဖြစ်သည်။

"အင်း... ဒါနဲ့ အဲဒီ ကျိုးတာအိုရောင်းရင်းရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိလဲ..."

ဖုန်းရှီးတာအိုအရှင်က ဆက်လက် မေးမြန်းလိုက်သည်။

"မဆိုးပါဘူး... သူက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ... ဒါပေမဲ့ မကြာသေးခင်ကမှ ဟွားစစ်ချင်အစ်မနဲ့ ထောင်ချီလီအစ်မတို့ နှစ်ယောက်လုံးက သူ့ဆီကို အိမ်ထောင်ပြုပြီး ရောက်သွားကြတယ်..."

စစ်ယွီရှီးက ပြောပြလိုက်၏။

"ဘာ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းရှီးတာအိုအရှင်သည် လုံးဝ ကြောင်အမ်းသွားပြီး လှပသော မျက်လုံးအစုံ၌ သံသယများ ပြည့်နှက်သွားရကာ ရေရွတ်လိုက်မိ၏။

"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ... စစ်ချင်နဲ့ ချီလီတို့က သူ့ဆီကို တကယ်ပဲ ကောက်ကောက်ပါသွားကြတယ် ဟုတ်လား... သူတို့တွေ လုံးဝ ရူးသွားကြပြီလား... ဒီအမျိုးသားက ပိုင်စုကျဲ့ရဲ့ တာအိုလက်တွဲဖော်ဆိုတာကို သူတို့ မသိကြဘူးလား... ဒါမှမဟုတ် အဲဒီအရှက်မရှိတဲ့ ယောကျ်ားက ဘယ်လိုယုတ်မာတဲ့ နည်းလမ်းတွေ သုံးလိုက်လို့လဲ..."

သူမ တံခါးပိတ်မကျင့်ကြံမီကပင် ဤအမျိုးသားသည် ပိုင်စုကျဲ့၏ တာအိုလက်တွဲဖော် ဖြစ်ကြောင်း သိရှိထားခဲ့သည်။

သို့သော် တံခါးပိတ်ကျင့်ကြံသည်မှာ နှစ်နှစ်ရာမျှသာ ရှိသေးသော်လည်း ဤကဲ့သို့သော အပြောင်းအလဲကြီး ဖြစ်ပျက်လာလိမ့်မည်ဟူ၍ မမျှော်လင့်ထားခဲ့ချေ။

မိမိ၏ ညီမကောင်းလေးများမှာ ထိုအမျိုးသားထံသို့ ထိုးအပ်သွားကြသည်မှာ တကယ်ကို စဉ်းစားရခက်လှသည်။ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကိုလည်း မသိနိုင်တော့ချေ။

သူမအနေဖြင့် ထိုအရှက်မရှိသော အမျိုးသားသည် သူမ၏ ညီမငယ်များအပေါ် ယုတ်မာသော နည်းလမ်းတစ်မျိုးမျိုး အသုံးပြုခဲ့ခြင်း ဖြစ်ရမည်ဟူ၍သာ တွေးတောနိုင်တော့သည်။ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စမျိုး မည်သို့ ဖြစ်ပွားနိုင်ပါမည်နည်း။

"ဒါက... အဲဒီအမျိုးသားက တကယ့်ကို အေးအေးဆေးဆေး ကျင့်ကြံတဲ့သူတစ်ယောက်ပါ... အပြင်မှာလည်း ပွေရှုပ်လေ့ မရှိပါဘူး... တကယ်တော့ စစ်ချင်အစ်မနဲ့ ချီလီအစ်မတို့ကပဲ နည်းလမ်းတွေသုံးပြီး အဲဒီအမျိုးသားနဲ့ ပတ်သက်မှုဖြစ်အောင် လုပ်ခဲ့ကြတာပါ... အဟွတ်… အတင်းအကျပ် လုပ်ခဲ့ကြတာပေါ့... နောက်ဆုံးတော့ ဆန်က ထမင်းဖြစ်သွားပြီး ဒီကဒီလိုဖြစ်သွားတာပဲ..."

စစ်ယွီရှီးသည် ထိုအမျိုးသမီးနှစ်ဦး လုပ်ဆောင်ခဲ့သမျှကို အားမနာတမ်း အကုန်အစင် ပြောပြလိုက်သည်။

"ဒါက..."

ဖုန်းရှီးတာအိုအရှင်မှာ ဆွံ့အသွားရပြီး နှုတ်ခမ်းထောင့်များ တစ်ဇက်ဇက်တွန့်ကာ ဘာပြောရမှန်းပင် မသိတော့ချေ။

သူမအနေဖြင့် မိမိ၏ညီမနှစ်ဦးမှာ ယခင်က လိုက်ကပ်သူ အမြောက်အမြား ရှိခဲ့သော်လည်း ထိုသူများကို လုံးဝ အရေးမစိုက်ဘဲ တစ်ကိုယ်တည်းသာ ဖြတ်သန်းကာ တာအိုကျင့်ကြံခြင်း၌သာ စိတ်ဓာတ်ခိုင်မာခဲ့ကြသည်ကို ကောင်းစွာ သိရှိထားပေသည်။

သို့သော် ထိုအမျိုးသားနှင့် တွေ့ဆုံပြီးနောက် မိမိတို့၏ စိတ်ကူးများကို လုံးဝ ပြောင်းလဲပစ်လိုက်ကြလိမ့်မည်ဟူ၍ မည်သူက ထင်ထားပါမည်နည်း။

အပြန်အလှန်အားဖြင့် ထိုသူထံသို့ ပုံအပ်နိုင်ရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကိုပင် အသုံးပြုခဲ့ကြသေးသည်။ ဤသည်မှာ တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှသည်။

အမှန်အတိုင်းဆိုရပါက ထိုအမျိုးသား၏ ခန္ဓာကိုယ်တွင် မည်သို့သော ဆွဲဆောင်မှုမျိုး ရှိနေသနည်း။ အဘယ်ကြောင့် မိမိ၏ ညီမနှစ်ဦးမှာ ဤမျှအထိ ရူးသွပ်သွားပြီး အမျိုးသားတစ်ဦးကို ကိုယ်တိုင် လိုက်လံ ပတ်သက်ရသနည်း။

"မင်းကော အဲဒီအမျိုးသားကို ဘယ်လိုမြင်လဲ... သူတို့တွေ ဘာလို့ ဒီလောက်တောင် ရူးသွပ်သွားရတာလဲ..."

ဖုန်းရှီးတာအိုအရှင်သည် အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် စစ်ယွီရှီးကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒါကတော့ ပြောရရင်... သူက တကယ့်ကို ပြိုင်ဘက်ကင်း မိန်းမောစရာကောင်းလွန်းတဲ့ နတ်သားတစ်ပါးလိုပါပဲ... သူ့ကို သဘောကျတဲ့ အမျိုးသမီးကျင့်ကြံသူတွေက ရေတွက်လို့တောင် မရပါဘူး... သူကသာ ကျင့်ကြံခြင်းကိုပဲ အာရုံမစိုက်ရင် အခုဆို ဇနီးမယား သုံးထောင်လောက် ရှိနေလောက်ပြီ... အစ်မနှစ်ယောက်က ဒီလိုလုပ်တာလည်း တကယ်တော့ နားလည်ပေးလို့ ရပါတယ်..."

စစ်ယွီရှီးက အမှန်အတိုင်း ပြောပြလိုက်၏။

သူမသည်လည်း အစ်မနှစ်ဦး၏ စိတ်ကူးကို ကောင်းစွာ နားမလည်သော်လည်း ဘက်မလိုက်ဘဲ ကြည့်မည်ဆိုပါက ထိုအမျိုးသားသည် အမျိုးသမီး အမြောက်အမြား၏ အိပ်မက်ထဲမှ ချစ်သူ ဖြစ်လောက်ပေသည်။

ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည် သို့မဟုတ် ပါရမီနှင့် နောက်ခံများကပါ ထိပ်တန်းအဆင့်တွင် ရှိနေသောကြောင့် ဖြစ်၏။

"ကောင်းပြီလေ... သူတို့ကိုယ်တိုင်က ဂရုမစိုက်ဘူးဆိုမှတော့ ငါတို့လို ပြင်ပလူတွေလည်း ဘာမှ ပြောစရာမရှိတော့ပါဘူး..."

ဖုန်းရှီးတာအိုအရှင်က ခေါင်းညိတ်လိုက်သည်။

မိမိ၏ ညီမငယ်များကိုယ်တိုင် လိုလားစွာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရလျှင်ပင် လုံလောက်ပေပြီ။

ဤသည်မှာ အခြားသူများ၏ သံယောဇဉ်ကိစ္စသာ ဖြစ်ပြီး မိမိအနေဖြင့် ပြင်ပလူတစ်ဦး ဖြစ်သဖြင့် ကြားထဲမှ ဝင်ရောက်ပတ်သက်ရန် မသင့်လျော်ပေ။ သို့သော်ငြား သူမသည် ကျိုးစွေ့အပေါ် အလွန်တရာ စိတ်ဝင်စားမိသွားသည်။

မိမိ၏ ညီမငယ်များအား ဤမျှအထိ ရူးသွပ်သွားစေသည့် အမျိုးသားမှာ မည်သို့သောသူ ဖြစ်နေသနည်း။

သို့ရာတွင် ယခုအချိန်သည် ထိုသူနှင့် တွေ့ဆုံရမည့်အချိန် မဟုတ်သေးသဖြင့် မိမိ၏ဒဏ်ရာကို အရင်ဆုံး သက်သာအောင် ကုသရန်သာ အာရုံစိုက်ရပေမည်။

ယခုအချိန်တွင် ဖုန်းရှီးမြို့တော်သည် အလွန်ဘေးကင်းလုံခြုံနေပြီ ဖြစ်ရာ မိမိအနေဖြင့်လည်း လောလောဆယ် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ရန် မလိုသေးပေ။ မိမိအနေဖြင့် ပိုမိုနက်ရှိုင်းသော တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်ပြီး ဒဏ်ရာများကို လျင်မြန်စွာ ကုသနိုင်ပေလိမ့်မည်။

ပြင်ပလောကတွင် ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် ဖုန်းရှီးတာအိုအရှင်သည် စစ်ယွီရှီးကို ထွက်ခွာခွင့်ပေးလိုက်ပြီး မိမိကိုယ်တိုင်လည်း ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေလိုက်တော့သည်။

…………

နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေသည်။

ထင်ရှားသည်မှာ ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီ မိန်းမလှသုံးဦးစလုံးသည် ကျိုးစွေ့နှင့်အတူ အတူတကွ နေထိုင်ကြပြီး အချင်းချင်းလည်း သင့်မြတ်စွာ ရှိကြပေသည်။

ဤသည်က ကျိုးစွေ့အား ဇနီးမယားအပေါင်းနှင့်အတူ ချိုမြိန်သော ပျော်ရွှင်မှုကို ခံစားစေနိုင်ခဲ့၏။ သူ၏ အစွမ်းကုန် ကြိုးပမ်းပေးမှုအောက်တွင် ထိုအမျိုးသမီးသုံးဦးလုံးသည်လည်း အပြည့်အဝသော ပျော်ရွှင်မှုနှင့် နွေးထွေးမှုကို ရရှိခံစားခဲ့ကြရသည်။

အစပိုင်းတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာများ ရှိခဲ့သော်လည်း မကြာမီမှာပင် ထိုအရာများ ပျောက်ကွယ်သွားခဲ့ပြီး အစားထိုး၍ မရနိုင်သော တင်းတိမ်ရောင့်ရဲမှုများဖြင့် ပြည့်နှက်သွားခဲ့ပေသည်။

ထောင်ချီလီသည်လည်း ဤကဲ့သို့သော မိသားစုဘဝအသစ်ကို စတင်၍ ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။

'အင်း...'

'မဖြစ်နိုင်တာ... ‘စာအုပ်ကူ’က တကယ်ပဲ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲပြီး အဋ္ဌမအဆင့်ကို တက်လှမ်းတော့မှာလား...'

ကျိုးစွေ့သည် စိတ်ထဲတွင် လှုပ်ရှားသွားပြီး ‘စာအုပ်ကူ’သည် နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲရန် ပြင်ဆင်နေသည်ကို ခံစားမိလိုက်၏။

မူလကပင် ၎င်းသည် သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤသည်မှာပင် အလွန်လျင်မြန်သော တိုးတက်မှု ဖြစ်၏။ သို့သော် ၎င်းသည် များပြားလှသော အင်မော်တယ်ကျမ်းစာများကို လုံးဝ ဝါးမြိုပြီးနောက် ကျင့်ကြံမှုအဆင့်မှာ ပိုမိုမြင့်မားလာခဲ့သည်မှာ သိသာထင်ရှားလှပေ၏။

ယခုအခါ ၎င်းသည် ကျိုးစွေ့၏ခန္ဓာကိုယ်အတွင်းရှိ များပြားလှသော ကူပိုးကောင်များထဲတွင် အင်အားအကောင်းဆုံး ဖြစ်လာခဲ့ပြီဖြစ်သည်။

အကယ်၍ နောက်တစ်ကြိမ် ထပ်မံ မြှင့်တင်နိုင်ပါက အဋ္ဌမအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး မဟာယာနအဆင့်ရှိ ကူပိုးကောင်တစ်ကောင်နှင့် ညီမျှပေလိမ့်မည်။

ဤသည်မှာ သံသယဖြစ်ဖွယ်မရှိ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော တိုးတက်မှုနှင့် ဆင့်ကဲပြောင်းလဲမှုပင် ဖြစ်လေတော့သည်။

All Chapters