← Chapters

စိတ်ဝိညာဉ်ချပ်ဝတ်က ၎င်း၏ သခင်ကို အသိအမှတ်ပြုခြင်း

Vol. 140 Ch. 1927

စိတ်ဝိညာဉ်ချပ်ဝတ်က ၎င်း၏ သခင်ကို အသိအမှတ်ပြုခြင်း

Vol. 140 Ch. 1927

လုဝမ်ရန်သည် အလွန်မြန်လှ၏။ သူက သူ့စိတ်ကို ပြင်ဆင်ပြီး ဖြစ်ကာ သူ ဝမ်လင်းကို သတ်ပစ်တော့မည်။ ဒီနေရာရှိ လူတိုင်း၏မျက်လုံးရှေ့တွင် ဖြစ်နေလျှင်ပင် သူ လုပ်ရပေမည်။ သူ့ထံ၌ လက်တဖက်ဆုံးရှုံးထားသေး၏။ ထို့ကြောင့် သူက အခု တိုက်ခိုက်ရမည် ဖြစ်သည်။

ဖြတ်ခနဲအတွင်း သူက ဝမ်လင်းနားရောက်လာ၏။ ဝမ်လင်းက နောက်ဆုတ်၏။ သူက ခြေသုံးလှမ်းလှမ်းသည်။ ထို့နောက် သူ့ညာလက်ကို မြန်ဆန်စွာ ရွှေ့လျားလိုက်ရာ မြေအောက်နန်းတော်က တုန်ဟိန်းသွား၏။ ခုနစ်ရောင်စုံလှံ ပေါ်လာ၏။ မီးများဖုံးနေသော အလားတူ ခုနစ်ရောင်စုံလှံတစ်စင်းပါ ထပ်မံ ပေါ်လာသည်။

ထိုလှံနှစ်စင်းက လုဝမ်ရန်ထံ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

ဝမ်လင်းက နောက်ဆုတ်နေသည်ကို မရပ်ပေ။ သူ့ခြေလှမ်းနေရင်း သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မန္တာန်သွေးကြောက မြန်ဆန်စွာ လှည့်ပတ်ကာ သူ့လက်ထံမှ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် မန္တာန်ကို ထုတ်ဖော်လာသည်။

ထိုအမြန်နှုန်းအောက်၌ ဝမ်လင်း၏ကျင့်ကြံမှုက မြန်ဆန်စွာ လည်ပတ်နေသည်။ သူက ရှုသဲချိုက်ကဲ့သို့ မန္တာန်များကို အဆက်မပြတ် ထုတ်ဖော်သည်။

ဝမ်လင်း၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ စစ်စိတ်ဝိညာဉ်လက်ဝါး ပေါ်လာသည်။ ထိုလက်ဝါးချက်နှစ်ခုက လုဝမ်ရန်ထံ တစ်ခုပြီးတစ်ခု ဦးတည်သည်။

ချက်ခြင်းပင် ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေသည်။ လောကသည် မီးပင်လယ်အဖြစ်သို့ ပြောင်း၏။ နယ်မြေလောင်ကျွမ်းခြင်းထီး ပေါ်လာသည်။ ရှေးဟောင်းထီးနှစ်လက်က ကြောက်မက်ဖွယ်မီးကို ထုတ်လွှတ်နေ၏။

ခုနစ်ရောင်စုံလှံများက လုဝမ်ရန်ထံ အရင်ဆုံး နီးကပ်သွားသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ၏ အားကောင်းလှသော လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံမှု ပေါက်ကွဲထွက်လာပြီး ခုနစ်ရောင်စုံလှံနှစ်စင်းကို ပျက်စီးသွားစေသည်။ သို့သော်လည်း တအောင့်အကြာတွင် စစ်စိတ်ဝိညာဉ်လက်ဝါးနှစ်ခုက လုဝမ်ရန်နှင့် ထိပ်တိုက်တွေ့ပြန်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ လုဝမ်ရန် မတုန့်ပြန်နိုင်ခင်မှာပင် နယ်မြေလောင်ကျွမ်းခြင်းမီးက လုဝမ်ရန်ထံ နီးကပ်လာသည်။

လုဝမ်ရန်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သည်အခိုက်၌ သူက ဝမ်လင်း ရှုသဲချိုက်ကို သတ်ခဲ့သည့်အပေါ် သံသယမရှိတော့ပေ။ ရှုသဲချိုက်ကလွဲ၍ မည်သူကမျှ ဒီလောက်ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် မန္တာန်များကို မထုတ်ဖော်နိုင်သည် မဟုတ်လား။

ရှုသဲချိုက်ကို သတ်နိုင်မှသာ လူတစ်ယောက်က ထိုနည်းလမ်းအတွက် သူ့မှတ်ဉာဏ်ကို ရှာဖွေနိုင်မည်သာ။

ဤသည်က အစပင် ရှိသေး၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မန္တာန်သွေးကြောကို အသုံးပြုကာ ဝမ်လင်းက နောက်ဆုတ်၍ လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို အမြန် ဖြစ်ပေါ်စေသည်။ ပုံရိပ်ယောင်ပင်လယ်တစ်ခုက မြေအောက်နန်းတော်၌ မြန်ဆန်စွာ ပေါ်ထွက်လာ၏။

ဒီနေရာရှိ အရာအားလုံးသည် ပျောက်ကွယ်ကာ အဆုံးမဲ့ပင်လယ်အဖြစ်သို့ ပြောင်းသွားသည့်အလား။ လောကသည် အမှောင်ထုနှင့် ပြည့်နှက်လာ၏။ သို့ပေမည့် အဝေးရှိ မိုးကုပ်စက်ဝန်းတွင် နေမင်းတစ်စင်း မြင့်တက်လာခဲ့ပြီ။

“နေသာသောည…”  ဝမ်လင်းက မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်း၏။ ထိုနေမင်းက ရုတ်တရက် ညအမှောင်ကို ဆုတ်ဖြဲမည့် စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်သည်။

နေမင်း၏ တခြားဦးတည်ရာတွင်လည်း လောင်ကျွမ်းနေဟန် ထင်ရသော နောက်ထပ်နေတစင်း ထွက်ပေါ်လာသည်။ ၎င်းက ပေါ်လာသည့်နောက် ညအမှောင်ကို ဖြိုခွင်းဆုတ်ဖြဲမည့် စွမ်းအားကို အလားတူ ပေါက်ကွဲလာသည်။

ထို့နောက်တွင် သည်ပင်လယ်၏အထက်၌ ဧရာမတံခါးနှစ်ချပ် ပေါ်လာ၏။ ရှေးကျသော အော်ရာတစ်ခုပေါ်လာကာ လုဝမ်ရန်၏ စိတ်ကို ခြုံလွှမ်းသည်။

အဖြစ်အပျက်အားလုံးက မြန်ဆန်လှသည်။ ဝမ်လင်းသည် သူ့ဘဝ၌ ဒီလောက်အချိန်တိုအတွင်း ခုလောက်များပြားသော မန္တာန်များကို လုံးဝ အသုံးမပြုခဲ့ဖူးပေ။

သို့သော် ဤသည်က အဆုံးသပ် မဟုတ်သေးပေ။ သူ နေသာသောညနှင့် အချိန်စီးဆင်းခြင်းမန္တာန်တို့ကို အသုံးပြုပြီးနောက် သူ့ အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မန္တာန်သွေးကြောက မြန်ဆန်စွာ လှည့်ပတ်လာ၏။

“လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း…”

“ဆန်းကြယ်လက်နက်…”

“တောင်ခြေမွခြင်း…”

“လနက်၊ ကြည်လင်သော ကောင်းကင်…”  ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည့်အခါ လနက်နှစ်စင်းက တောက်ပသောနေနှစ်စင်းနှင့်အတူ ပေါ်လာကာ အရိပ်တစ်ခုကို ဖန်တီးသည်။ လုဝမ်ရန်က လနက်ကလန်၏ မန္တာန်ဖြင့် ခြုံလွှမ်းခြင်းကို ခံရသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေလေ၏။ လုဝမ်ရန်က စစ်စိတ်ဝိညာဉ်လက်ဝါးကို ခုခံနေစဉ် သူ့ကို နယ်မြေလောင်ကျွမ်းခြင်းထီးများက တိုက်ခိုက်၏။ နေသာသောည၏ စွမ်းအားက လာရောက်ထိမှန်သည်။ အချိန်က လည်ပြန်စီးဆင်းနေရင်း ဒေါသတကြီးအော်သံနှင့်အတူ ဝမ်လင်း၏မန္တာန်အားလုံး ပျက်စီးသွားသည်။

ဧရာမလက်ဝါးနှစ်ခု ပေါက်ကွဲကာ ထီးနှစ်လက်လည်း တစစီ ဖြစ်သွားသည်။ ကောင်းကင်နှင့်ပင်လယ်မှာလည်း လွင့်ပြယ်သွား၏။ နောက်ဆုံးတွင် လနက်နှစ်စင်းနှင့် ကျောက်တံခါးနှစ်ခုတို့မှာလည်း ပျက်စီးသွားသည်။

လုဝမ်ရန်ကမူ သနားစရာအခြေအနေ ဆိုက်ရောက်နေ၏။ သူ့ လက်တစ်ဖက် ဆုံးရှုံးထားကာ ဒဏ်ရာရထားပြီး ဖြစ်၏။ ဝမ်လင်း၏ အဆက်မပြတ် ဝုန်းဒိုင်းကြဲမန္တာန်များကို ခုခံဖို့အတွက် သူက သူ့စွမ်းအားအားလုံးကို အသုံးပြုရသည်။ သူသည် ဝမ်လင်းထံ တိုးဝင်လာရင်း သူ့မျက်နှာက ဖြူရောနေ၏။

သို့သော် ဝမ်လင်း၏ အချိန်ဆွဲထားနိုင်မှုက ယန်လုနှင့် ရှုတန်သဲတို့ လုဝမ်ရန်ကို တားဆီးဖို့ နီးကပ်လာစေသည်။

“ထွက်သွားကြစမ်း…”  လုဝမ်ရန်၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်ဖြင့် နီရဲနေ၏။ ယန်လုနှင့် ရှုတန်သဲတို့ကို နီးကပ်လာကြစဉ် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သွေးတပွက် အန်ထုတ်လိုက်သည်။ ထိုသွေးက ကိုယ်ပွားနှစ်ခုအဖြစ်သို့ ပြောင်းကာ ယန်လုနှင့် ရှုတန်သဲတို့ထံ ဦးတည်ဝင်လာသည်။

သူကိုယ်တိုင်ကမူ ဝမ်လင်းထံ သတ်ဖြတ်လိုစိတ်ဖြင့် တဟုန်ထိုး ဝင်ရောက်လာ၏။ သူက သူ၏ဒဏ်ရာများကို လုံးဝ လစ်လျူရှုထားသည်။

“ငါ့အတွက် သေလိုက်တော့…”

သူ ထိုသို့ မာန်သွင်းကာ သူ့လက်ကို ပင့်မြှောက်ပြီး လေဟာနယ်ကို ဖမ်းဆုပ်လိုက်၏။ သူ့လက်ထဲတွင် အသွားကိုးသွားချိန်းကြိုး ပေါ်လကာ ဝမ်လင်းထံ ၎င်းကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်သည်။

၎င်းအသွားကိုးခုချိန်းကြိုးက ဝမ်လင်းထံ တဝီဝီအသံပေး၍ နီးကပ်လာ၏။ ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် မည်မျှအစွမ်းထက်လှသည်ကို သိ၏။ သို့ပေမည့် သူသည် ဒီမြေအောက်နန်းတော်၌ လုဝမ်ရန်၏ အကြံအစည်ကို ဖျက်စီးရမည်သာ ဖြစ်သည်။ မဟုတ်ပါက လုဝမ်ရန်သာ ဒီစိတ်ဝိညာဉ်ချပ်ဝတ်ကို ရသွားပြီး သူ့ကျင့်ကြံမှုအဆင့် တိုးတက်သွားပါက ဝမ်လင်းအတွက် အန္တရာယ်အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်။

သည်ချပ်ဝတ်က သူ့ကို ပိုသန်မာအောင် လုပ်နိုင်မည့် အခွင့်အရေးလည်း ဟုတ်သည်။ ထို့ကြောင့် သူက ဒါကို မလွဲချော်ချင်ပေ။

တခါတရံ လူတစ်ယောကသည် တခုခုကို လိုချင်ပါက တန်ဖိုးတစ်ခုခုကို ပြန်ပေးရမည်သာ။ တခြားသူများထက်လည်း ပို၍ သတ္တိရှိရလိမ့်မည် ဖြစ်၏။ အလောင်းအစားတစ်ခုလည်း ပြုလုပ်နိုင်ရမည် ဖြစ်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်လာ၏။ သူက လောင်းဝံ့မှတော့ ထို့အတွက် အားစိုက်ထုတ်ရပေမည်။ သူသည် ခုထိ သုံးဘဝမန္တာန်ကို အသုံးမပြုရသေးပေ။ သူက သူ့အသက်တစ်သက်ကို အသုံးပြုကာ လောင်းကြေးထပ်မည်ပင်။ သူသာ အနိုင်ရပါက မဟာကံကောင်းမှုကို ရလိမ့်မည်။ သူ ရှုံးသွားခဲ့လျှင်လည်း သူ့ထံ၌ အသက်နှစ်သက် ကျန်အုံးမည် ဖြစ်ပြီး မြန်ဆန်စွာ ထွက်ပြေးနိုင်သေးသည်။

အသွားကိုးခုချိန်းကြိုး နီးကပ်လာသည့်အခါ ဝမ်လင်းက သေခြင်းတရားကို ခံစားမိ၏။ တုံ့နှေးမနေဘဲ သူ့လက်ကို ပင့်မြှောက်ကာ သူ၏ရှေ့ရှိ လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။

“ကောင်းကင်ဘုံ ဆုတ်ဖြဲခြင်း…”  ဝမ်လင်းက မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ဘေးတစ်ဖက်သို့ ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲလိုက်၏။ အသွားကိုးခုချိန်းကြိုးက ထိုဆုတ်ဖြဲပွင့်ဟလာသော အက်ကြောင်းနှင့် ထိပ်တိုက်တွေ့သည်။ ဘန်းခနဲ ပေါက်ကွဲကာ အသွားကိုးခုထဲမှ လေးခုသည် ပျက်စီးသွား၏။ သို့ပေမည့် ကျန်ငါးခုက သေခြင်းဓားသွားအလား ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာသည်။

ဖြတ်ခနဲအတွင်း ၎င်းက ဝမ်လင်းနှင့် ပေသုံးဆယ်အတွင်းသို့ ရောက်လာသည်။ ထိုအသွားတို့က ထက်ရှလွန်းကာ ဝမ်လင်းကို ထက်ပိုင်းခြမ်းပစ်မည့်အလား နီးကပ်လာသည်။

ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သောနာကျင်မှုကို ခံစားမိ၏။ သူ၏ခန္ဓာကိုယ်သည် ထက်ပိုင်းဖြစ်လေတော့မလား သူ ခံစားမိသည်။ ထိုလည်ပတ်နေသော အသွားတို့က သူ့ကို လာထိသည်။ သူ၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်ကုန်သည်။

လုဝမ်ရန် မသတီစရာကောင်းစွာ ရယ်မော၏။ သူက ဝမ်လင်း သေရမည်ဟု မျှော်လင့်ထားပြီး ဖြစ်၏။ သူ့စိတ်ထဲ၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်၍ မူလစိတ်ဝိညာဉ်ကော ပျက်စီးသွားလိမ့်မည်ဟု စိတ်ကူးထားပြီး ဖြစ်သည်။

“မင်းက ငါ့ရန်သူ ဖြစ်ဖို့ အရည်အချင်း မရှိသေးပါဘူး…”

သူ၏နောက်တွင် ယန်လုနှင့် ရှုတန်သဲတို့က ဝမ်လင်းကို ကယ်ပေးဖို့ နောက်ကျသွားခဲ့ကြပြီ ဖြစ်၏။ လုဝမ်ရန်က ဒဏ်ရာအပြင်းအထန်ရမည်ကို စွန့်စားကာ ကိုယ်ပွားနှစ်ခု  ဖြစ်ပေါ်စေပြီး သူတို့ကို ဟန့်တားခဲ့သည် မဟုတ်လား။

“သေလိုက်တော့…မင်း သေသွားတာနဲ့ ဒီစိတ်ဝိညာဉ်ချပ်ဝတ်က ငါ လုဝမ်ရန်ရဲ့ အပိုင်ပဲ…”

လုဝမ်ရန်က နှာခေါင်းရှုံ့ကာ သူက ဝမ်လင်းကို စောင့်ကြည့်နေသည်။ သွေးများ နေရာအနှံ့သို့ ပန်းထွက်၏။ လုဝမ်ရန်က အရူးတစ်ယောက်ကဲ့သို့ ရယ်မောလေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ သူတို့၏စိတ်ထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။ လုဝမ်ရန်က သူတို့၏မျက်လုံးထဲတွင် တခြားတစ်ယောက်လို ဖြစ်လာခဲ့သည်။

“ရူး…သူ ရူးသွားခဲ့ပြီ…”

“ငါတို့ရှေ့မှာ သူက အကြီးအကဲဝမ်ကို တကယ်သတ်ခဲ့တာပဲ။ သူ ဒီသတင်းကို ဖုံးကွယ်ဖို့အတွက် ဒီမှာ ရှိတဲ့လူတိုင်းကိုလည်း ကျိန်းသေပေါက် သတ်ပစ်လိမ့်မယ်…”

“သူက ဘာကိုမျှ ဂရုမစိုက်ဘူးပဲ။ သူသာ ဒီချပ်ဝတ်ကို ရမယ်ဆိုရင် ငါတို့အားလုံးကိုပါ သတ်ပစ်ပြီး အစိမ်းရောင်မိစ္ဆာကုန်းမြေအပေါ် လွှဲချလိုက်မှာပါ ငါ ကြောက်မိတယ်…”

အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်သည် ရူးသွပ်နေသော လုဝမ်ရန်ထံ ကြောက်ရွှံ့စွာ ကြည့်မိကြ၏။ လုဝမ်ရန်ကို ရွေးချယ်ခဲ့သော ကျင့်ကြံသူအချို့ပင် နောင်တကြီးစွာ ရမိလေ၏။

“သေစမ်း…သေ…သေ…သေစမ်း…”  လုဝမ်ရန်၏ ရူးသွပ်သော ရယ်သံက ဒီမြေအောက်နန်းတော်တွင် ပဲ့တင်ထပ်နေသည်။ သို့သော် သူ့အသံက ရုတ်တရက် ရပ်သွား၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင် ဖြစ်မှုတို့ ပြည့်သွားသည်။

ဝမ်လင်း၏ နောက်ဆုတ်နေသော ခန္ဓာကိုယ်က သူ မျှော်လင့်ထားသလို ထက်ပိုင်းမပြတ်သွားပေ။ ထိုအစား သွေးများ ပန်းထွက်နေရင်း သတ္တုချင်းထိသံလိုမျိုးကို သူ ကြားရလေ၏။ ဒီအခိုက်၌ ဝမ်လင်း၏ အစွမ်းထက်လှသော ရုပ်ပိုင်းခန္ဓာကိုယ်က အရေးပါလေသည်။

မီးအိမ်တစ်ခုထံမှ ခပ်ဖျော့ဖျော့အလင်း တောက်ပလျက် ဝမ်လင်း၏ဦးခေါင်းထက်၌ ပေါ်လာ၏။ ထိုမီးအိမ်၏အလင်းက သူ့ကို ခြုံလွှမ်းထားပေးပြီး သူ၏နာကျင်နေသော ခန္ဓာကိုယ်က မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။

လုဝမ်ရန်၏ မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် အရူးအမူး ပေါ်၏။ သူက ဝမ်လင်းသည် သူ မျှော်လင့်ထားသလို မသေသွားခဲ့သည်ကို တွေ့သည့်အခါ ထပ်မံ တိုးဝင်လာတော့သည်။

“မင်းရဲ့ ခန္ဓာကိုယ်က သန်မာနေတော့ရော ဘာဖြစ်သေးသလဲ။ မင်းမှာ မင်းခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ရတနာတစ်ခု ရှိတော့ရော ဘာဖြစ်လဲ။ သေလိုက်တော့…မင်း ငါ့အတွက် သေတော့…”

ခြေတလှမ်းဖြင့်ပင် လုဝမ်ရန်က ဝမ်လင်းနှင့် ပေငါးရာအတွင်းသို့ ရောက်လာ၏။

ဒုတိယခြေလှမ်းဖြင့် သူသည် ပေတစ်ရာအတွင်းသို့ ရောက်သွားသည်။ သူ့လက်ကို ပင့်မြှောက်ကာ အသေတိုက်ကွက်ကို ထုတ်ဖော်ရန် ဟန်ပြင်သည်။ ထိုအခိုက်၌ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်က မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲ၏။ ၎င်းက လုဝမ်ရန်ကို မြန်ဆန်စွာ ကျော်ဖြတ်၍ ဝမ်လင်းထံ ဦးတည်လာသည်။

အဖြစ်အပျက်က မြန်လှ၏။ ဝမ်လင်းသည် ချက်ခြင်းပင် အနက်ရောင်အမျှင်တန်းများ၏ ဝန်းရံခြင်း ခံရကာ အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ လုဝမ်ရန်က ထိုအော်ရာနှင့် ထိခတ်သည့်အခါ သူ သွေးအန်လိုက်ရသည်။ သူ၏မျက်လုံးထဲ၌ အားကောင်းသော ကြောက်ရွှံ့မှုနှင့် နှမြောမှုတို့ ရှိနေ၏။

“မဟုတ်ဘူး…”

All Chapters