← Chapters

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း (၄၁၃)

" အရှင်မင်းကြီး တစ်ခုခု စဉ်းစားမိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။ည

" ဘာကိုလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" နယ်မြေခွဲဝေတဲ့ စနစ်ကို ကျင့်သုံးရင် နယ်စားမင်းတွေရဲ့ အာဏာကို သုံးပြီး သူတို့နယ်မြေတွေကို အုပ်ချုပ်ခိုင်းလို့ရတယ်။ ဒါဆိုရင် အရှင်မင်းကြီးနဲ့ တရားရုံးအပေါ် ဖိအားအများကြီး လျော့ကျသွားပြီး ကောင်းကောင်း အနားယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခရိုင်စနစ်ဆိုရင်တော့ ရှန်းကျိုးနယ်မြေတစ်ခုလုံးက ကိစ္စတွေအားလုံးက တရားရုံအပေါ်ပဲ ပုံလာလိမ့်မယ်။ အရှင်မင်းကြီးကတော့ စွမ်းရည်ရှိပေမယ့် အရှင်မင်းကြီးရဲ့ ဆက်ခံသူက မထိန်းလျုပ်နိုင်ရင် ဒီခရိုင်စနစ်နဲ့ နယ်မြေတွေက ပြိုကွဲသွားလိမ့်မယ်။ ချင်နိုင်ငံရဲ့ သက်တမ်းက နယ်မြေခွဲဝေတာထက်တောင် ပိုတိုသွားနိုင်ပါတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

၎င်းက သမိုင်းတွင်လည်း အမှန်ပင်ဖြစ်သည်။ ချင်ရှီဟွမ်ရှိနေစဉ် သူက ကမ္ဘာကြီးကို ထိန်းချုပ်ထားပြီး နိုင်ငံခြောက်ခုမှ ကျန်ရစ်သူများကလည်း ပုန်းနေပြီး မထွက်ရဲကြပေ။ သို့သော် ချင်ရှီဟွမ် ကျဆုံးသွားပြီး ဟူဟိုက်နန်းတက်လာသည်နှင့် ချင်နိုင်ငံက ပြိုလဲသွားခဲ့သည်။

" ဒါကြောင့် အရည်အချင်းရှိတဲ့ ဆက်ခံသူက အရေးကြီးဆုံးပေါ့။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

ကျောက်ဖုန်းပြောသကဲ့သို့ပင် ခရိုင်စနစ်ကို ကျင့်သုံးခြင်းက တရားရုံးအပေါ် ဖိအားကြီးမားပေလိမ့်မည်။ သူရှိနေလျှင် ထိန်းထားနိုင်သော်လည်း သူ၏ ဆက်ခံသူက ကိုင်တွယ်နိုင်မည်မဟုတ်ပေ။

" ပြီးတော့ ငါရဲ့ အနာဂတ်ဆက်ခံသူက ဒါကို သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က ချီးကျူးဖို့ ကောင်းပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဆက်ခံသူက ရင်ကျန့်၏ သားတော်များထဲတွင် ဘယ်သူမှမသင့်တော်ပေ။

" ဘာလဲ။ မင်းမျက်နှာကို ကြည့်ရတာ ငါ့မှာ သင့်တော်တဲ့ ဆက်ခံသူမရှိသလိုပဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုးက အရှင်မင်းကြီးကို ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးမှာ ကြင်ယာတော်တွေ အများကြီး ရှိတာပဲ။ တစ်နေ့ကျရင် နောက်ထပ် ကလေးတွေ ထပ်မွေးနိုင်တာပဲ။ အရှင်မင်းကြီးက အခု ငယ်သေးတာမလို့ သူတို့ကို လက်ဆင့်ကမ်းသင်ကြားပေးမယ်ဆိုရင် အခွင့်အရေး ရှိလာနိုင်ပါတယ်။ " ကျောက်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။

" ကောင်လေး မင်းကတော့ အရိုက်ခံချင်နေတာပဲ။ " ရင်ကျန့်က ဒေါသမထွက်နိုင်ဘဲ ရယ်မောလိုက်သည်။

" အရှင်မင်းကြီး ဒါက အကောင်းဆုံးနည်းလမ်းပါ။ " ကျောက်ဖုန်းက အကောင်းဆုံးနည်းလမ်းကို ရှာတွေ့သွားခြင်းဖြစ်သည်။ ထိုနည်းလမ်းမှလွဲ၍ သူက အခြားမစဉ်းစားတတ်တော့ပေ။

" မင်း..." ရင်ကျန့်က ဘာပြောရမှန်းမသိတော့ဘဲ ရယ်မောလိုက်သည်။

" အရှင်မင်းကြီး တရားရေးဝန်ကြီးနဲ့ တော်ဝင်ကြီးကြပ်ရေးမှူးတို့ ရောက်လာပါတယ်။ " ကျောက်ကောင်း၏ အသံက ထွက်ပေါ်လာသည်။

" ဒီလောက်တောင် မြန်တာလား။ " ရင်ကျန့်က အံ့ဩသွားသည်။

" ကျွန်တော်မျိုး ရှာတွေ့ထားတဲ့ဘသက်သေတွေက ဝမ်ဝမ်နဲ့ အခြားသူတွေကို ပြစ်ဒဏ်ပေးဖို့ လုံလောက်ပါတယ်။ ဝမ်ဝမ်က ငြင်းစရာမရှိလို့ ဝန်ခံလိုက်တာပါ။ သူက အရှင်မင်းကြီးကို သက်ညှာပေးဖို့ တောင်းဆိုရုံပဲ ရှိလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဝင်ခဲ့။ " ရင်ကျန့်က ခန်းမအပြင်ဘက်သို့ ကြည့်ပြီး ပြောလိုက်သည်။

မကြာမီ လီစီနှင့် ဖုန်းကျဲတို့နှစ်ယောက်က ခန်းမထဲသို့ ဝင်လာကြသည်။ ခန်းမထဲတွင် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့ ဝိုင်သောက်နေသည်ကို မြင်သောအခါ သူတို့နှစ်ယောက်လုံးက အံ့ဩသွားကြသည်။ ရင်ကျန့်က ကျန်းထိုင်နန်းဆောင်ထဲတွင် ကျောက်ဖုန်းကို တိုက်ရိုက်ဧည့်ခံလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

" အရှင််မင်းကြီးကို ဂါရဝပြုပါတယ်။ " နှစ်ယောက်လုံးက ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။

" စစ်ဆေးတာ ပြီးသွားပြီလား။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ဝမ်ဝမ်က ပြစ်မှုတွေကို ငြင်းဆန်ခြင်းမရှိဘဲ ဝန်ခံသွားပါတယ်။ ဒါက ဝမ်ဝမ်ရဲ့ ဝန်ခံချက်ပါ။ " လီစီက ဝါးချပ်စာလိပ်ကို မြှောက်ပြီး ပြောလိုက်သည်။

ရင်ကျန့်က ခေါင်းညိမ့်ပြီး ဖုန်းကျဲကို ကြည့်လိုက်သည်။

" တရားရေးဝန်ကြီး ပြောတာ မှန်ပါတယ်။ ဝမ်ဝမ်က အရှင်မင်းကြီးဆီ သတင်းစကားပါးလိုက်ပါတယ်။ သူ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တာကို ထောက်ထားပြီး သူ့ရဲ့ မျိုးဆက်တွေကို အသက်ချမ်းသာပေးဖို့ အရှင်မင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။ " ဖုန်းကျဲက ပြောလိုက်သည်။

" အမှုပြီးပြီဆိုတော့ ဥပဒေပတိုင်း ဖြေရှင်းရမယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ချင်ဥပဒေအရ မြေယာသိမ်းယူသူတွေကို မိသားစုအလိုက် ကွပ်မျက်ရမယ်။ အခြားနိုင်ငံတွေနဲ့ ကူးပေါင်းတဲ့သူတွေကို မိသားစုအလိုက် ကွပ်မျက်ရမယ်။ ဝမ်ဝမ်ရဲ့ အခြားပြစ်မှုတွေကလည်း သေဒဏ်ပေးဖို့ လုံလောက်ပါတယ်။ " လီစီက ပြောလိုက်သည်။

" ဥပဒေက သတ်မှတ်ပြီးသား ဘယ်လိုလုပ်ပြောင်းလဲလို့ရမလဲ။ ပုဂ္ဂိုလ်ရေးခံစားချက်တွေက ဥပဒေထက် သာလွန်နိုင်မှာမဟုတ်ဘူး။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " လီစီက စိတ်ထဲမှ ဝမ်းသာသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ " ကျွန်တော်မျိုး အမိန့်ထုတ်ပြန်ပြီး ဆယ်ရက်အတွင်းမှာ ဝမ်ဝမ်ရဲ့ မိသားစုကို ရှင်းလင်းလိုက်ပါမယ်။ ဒါပေမယ့် အခုအချိန်မှာ ဝမ်မိသားစုကို ရှင်းလင်းတာက မျိုးဆက်အားလုံးကို ရှင်းလင်းတာတော့ မဟုတ်ပါဘူး။ ဝမ်ဝမ်မှာ သားငါးယောက်နဲ့ သမီးသုံးယောက်ရှိပါတယ်။ အဲ့ဒီထဲမှာ အကြီးဆုံးသား ဝမ်ဝန်ပဲ ရှန်းယန်မှာ ရှိပြီး အခြားသားလေးယောက်က ဒီမှာမရှိပါဘူး။ ဝမ်ဝမ်ရဲ့ သမီးသုံးယောက်ထဲမှာ နှစ်ယောက်က အိမ်ထောင်ကျပြီးပါပြီ။ တစ်ယောက်က ဝေမိသားစုနဲ့ အခြားတစ်ယောက် နောက်မိသားစုတစ်ခုပါ။ "

" အိမ်ထောင်ကျပြီးသားလူတွေက ဝမ်မိသားစုနဲ့ မပက်သက်တော့ဘူး။ သူတို့ကို ချမ်းသာပေးလိုက်ပါ။ ကျန်တဲ့သူတွေကိုတော့ အကုန်သေဒဏ်ပေးလိုက်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီး ဝမ်ဝမ်ရဲ့ ပြစ်မှုတွေက ကြီးမားပါတယ်။ ဒါပေမယ့် သူ့မျိုးဆက်ကိုတော့ ထိန်းသိမ်းပေးနိုင်မလား။ အနည်းဆုံးတော့ အငယ်ဆုံးသားလေးကိုပေါ့။ " ဖုန်းကျဲက မနေနိုင်တော့ဘဲ တောင်းပန်လိုက်သည်။

" အရှင်မင်းကြီး အစောက ပြောသွားတယ်လေ။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေက ဥပဒေကို ကျော်လွန်လို့မရဘူး။ " လီစီက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

" ဒါပေမယ့်..." ဖုန်းကျဲက ဘာပြန်ပြောရမှန်းမသိတော့ပေ။

" သွားတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " လီစီနှင့် ဖုန်းကျဲတို့က ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

" အခြားသူတွေ မင်းကို မဆန့်ကျင်ရဲအောင် ဝမ်ဝမ်ရဲ့ အသက်ကို သုံးပြီး ခြိမ်းခြောက်လို့တော့ ရပါတယ်။ ဒါပေမယ့် မင်းက မျိုးဆက်ဟောင်းတွေရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" ရန်သူဖြစ်ချင်လည်း ဖြစ်ပါစေ။ ကျွန်တော်မျိုးက ဥပဒေလည်း မချိုးဖောက်ဘူး။ သူတို့ ဘာလုပ်နိုင်မှာမလို့လဲ။ ကျွန်တော်မျိုးက သူတို့ကို မကြောက်ပါဘူး။ " ကျောက်ဖုန်းက ရယ်လိုက်သည်။

" မင်းက တကယ်မောက်မာတာပဲ။ ဒါပေမယ့် မောက်မာဖို့လည်း အရည်အချင်းရှိတယ်။ " ရင်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။

" ကျွန်တော်မျိုးက အရပ်ဘက်အရာရှိတွေလို အကြံအစည်တွေမရှိတော့ ကြောက်စရာမလိုဘဲ နေနိုင်ပါတယ်။ သူတို့ကတော့ မတူဘူးလေ။ " ကျောက်ဖုန်းက လှောင်ပြုံး ပြုံးလိုက်သည်။

ကျောက်ဖုန်း၏ ယုံကြည်မှုနှင့်ပက်သက်၍ ရင်ကျန့်က ဘာမှမပြောတော့ပေ။ အသက် ၂၃ နှစ် ဝူအန်းကျွင်းဘွဲ့ကို ရရှိထားပြီး ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်သည်။

" အခု ဝမ်ဝမ်က ပြုတ်သွားပြီ။ ဘယ်ဘက်ဝန်ကြီးချုပ်ရာထူးက လစ်လပ်နေတယ်။ ငါဘယ်သူကို ရာထူးတိုးပေးသင့်တယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

" အရှင်မင်းကြီး ဒီကိစ္စက အရေးကြီးပါတယ်။ ကျွန်တော်မျိုးက ပေါ့ပေါ့ဆဆ မပြောဝံ့ပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။

" ငါ့ရှေ့မှာ မင်းက ပေါ့ပေါ့ဆဆ မပြောခဲ့လို့လား။ " ရင်ကျန့်က ပြောလိုက်သည်။

" အရည်အချင်းအရှိဆုံးကတော့ ယွီလျောင်ပဲ။ " ကျောက်ဖုန်းက ပြောလ်ုက်သည်။

" သူက တကယ်အရည်အချင်းရှိတာ မှန်တယ်။ ဒါပေမယ့် သူ့ရည်မှန်းချက်က ဒီမှာရှိနေတာမဟုတ်ဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။

" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက အနည်းငယ် အံ့ဩသွားသည်။

ယွီလျောင်က ဝန်ကြီးကိုးပါးထဲမှ တစ်ယောက်ဖြစ်သော်လည်း ရှောက်ဖူရာထူးကို ရရှိထားသော်လည်း ဝန်ကြီးချုပ်ထက်တော့ နိမ့်သေးသည်။

" ယွီလျောင်က ချင်နိုင်ငံကို ရောက်လာတာ ရာထူးဘွဲ့ထူးတွေ မက်လို့မဟုတ်ဘူး။ သူ့ရဲ့ ရည်မှန်းချက်ကြောင့်ပဲ။ ကမ္ဘာကြီးကို စုစည်းပြီးသွားရင် သူ ချင်နိုင်ငံက ထွက်သွားကောင်း ထွက်သွားလိမ့်မယ်။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။

" ရှောက်ဖူက တကယ်မြင့်မြတ်တာပဲ။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်။

ယွီလျောင်က ဝန်ကြီးကိုးယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း အာဏာကို မက်မောခြင်းမရှိပေ။ သူက ကမ္ဘာကြီးကို ပေါင်းစည်းရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

" ယွီလျောင်ကလွဲရင် မင်း ဘယ်သူကို စဉ်းစားမိသေးလဲ။ " ရင်ကျန့်က ဆက်မေးလိုက်သည်။

" အရှင်မင်းကြီးက တကယ်မေးတယ်ဆိုရင် ကျွန်တော်မျိုးက ဟန်ဖေးကို ရွေးမှာပဲ။ သူက အရည်အချင်းရှိပြီး ချင်နိုင်ငံရဲ့ ဝန်ကြီးကိုးပါးထဲက တစ်ယောက်လည်း ဖြစ်တယ်။ တရားရုံက ဝန်ကြီးတွေထဲမှာ သူ့ကို အသိဆုံးပဲ။ အခြားသူတွေရဲ့ အရည့်အချင်းကိုတော့ ကျွန်တော်မျိုးလည်း မသိဘူး။ လီစီကတော့ အရည်အချင်းရှိပေမယ့် ဟန်ဖေးနဲ့ယှဉ်ရင် နည်းနည်းနိမ့်သေးတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters