အခန်း ၄၁၄
Vol. 42 Ch. 414
အခန်း (၄၁၄)
လီစီ၏ စံအိမ်။
" ဟားဟား ယောင်အာ မင်းပြန်ရောက်လာပြီပေါ့။ မြန်မြန် ဝိုင် ပြင်လိုက်စမ်း ဒီနေ့ ငါတို့ သားအဖနှစ်ယောက် စိတ်ကြိုက်သောက်ကြတာပေါ့။ " လီစီက ခန်းမထဲတွင် စောင့်နေသော လီယောင်ကို တွေ့လိုက်ရပြီး ချက်ချင်း ရယ်မောလိုက်သည်။
" ဟုတ်ကဲ့။ " အိမ်တော်ထိန်းက ချက်ချင်း ထွက်ခွာသွားသည်။
" အဖေ ဘာတွေများ ဒီလောက်ဝမ်းသာနေတာလဲ။ " လီယောင်က လီစီ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ယောင်အာ ဝမ်ဝမ် အကျဉ်းကျသွားပြီ။ ဝမ်ဝမ်တင်မဟုတ်ဘူး။ သူအဖွဲ့က အရာရှိနှစ်ဆယ်ကျော်လည်း ပါတယ်။ အားလုံးက ရာထူးကြီးတဲ့ သူတွေပဲ။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" ဗျာ ဘာလို့လဲ။ " လီယောင်က အံ့ဩတုန်လှုပ်သွားသည်။ " ဝမ်ဝမ်က ဝန်ကြီးချုပ်တစ်ယောက်လေ။ ဘယ်လိုလုပ်အကျဉ်းကျသွားတာလဲ။ "
" ကျောက်ဖုန်းကြောင့်ပဲ။ " လီစီက ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ်လား။ ကျွန်တော်တို့ စစ်သေနာပတိချုပ်နဲ့ ဘာဆိုင်လို့လဲ။ " လီယောင်က ပို၍ နားမလည်နိုင်ဖြစ်သွားသည်။
" ညီလာခံမှာ ဝမ်ဝမ်က ကျောက်ဖုန်းကို ခဏခဏ ပစ်မှတ်ထားနေတာ မင်းသိတယ်မဟုတ်လား။ " လီစီက ပြုံး၍ မေးလိုက်သည်။
" သိတယ်လေ။ ဒါကြောင့်လည်း ကျွန်တော်က ညီလာခံမှာ စစ်သေနာပတိချုပ်ဘက်က ပြောပေးဖို့ တောင်းဆို့ခဲ့တာပေါ့။ " လီယောင်က ပြောလိုက်သည်။
" ဝမ်ဝမ်က သူ့ကို ခဏခဏ ပစ်မှတ်ထားနေတာကို ကျောက်ဖုန်းက သိတယ်။ ဒီတစ်ခေါက် သူပြန်လာတဲ့အချိန်မှာ သူက ဝမ်ဝမ်ကို စွပ်စွဲဖို့ သက်သေတွေ အပြည့်ပါတဲ့ သေတ္တာတစ်လုံးကို ညီလာခံထဲ တိုက်ရိုက်သယ်လာခဲ့တယ်။ သက်သတွေ ခိုင်လုံတော့ ဝမ်ဝမ်က သူ့ရဲ့ ပြစ်မှုတွေကို ဝန်ခံလိုက်ရတယ်။ " လီစီက ရယ်မောလိုက်သည်။
" စစ်သေနာပတိချုပ်က သက်သေတွေ စုဆောင်းထားတာလား။ ဝမ်ဝမ်ကို ချက်ချင်း သေဒဏ်ပေးနိုင်တဲ့ပြစ်မှုတွေက ဘာတွေများလဲ။ " လီယောင်က အံ့ဩသွားသည်။
" မြေယာသိမ်းယူမှု၊ အခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှု၊ အစိုးရကျွန်တွေကို ရောင်းချမှု အများကြီးပဲ။ " လီစီက ကျေနပ်စွာ ပြုံးလိုက်သည်။
" ဒီပြစ်မှုတွေနဲ့ ဝမ်ဝမ်က အကျဉ်းကျသွားတာလား။ " လီယောင်က အံ့ဩနေဆဲ ဖြစ်သည်။
" အခြားသူသာ စွပ်စွဲရင် ဝမ်ဝမ်ရဲ့ ရာထူးကြောင့် သက်သေတွေက ညီလာခံကိုတောင် ရောက်လာမှာမဟုတ်ဘူး။ ဒါပေမယ့် စွပ်စွဲတဲ့သူက ကျောက်ဖုန်းပဲ။ ပြီးတော့ သူက အရှင်မင်းကြီးရှေ့မှာ သက်သေတွေကို တိုက်ရိုက်တင်ပြတာ။ အရာရှိအားလုံးရှေ့မှာရှိနေတဲ့အပြင် အရှင်မင်းကြီးက ဥပဒေကို အဓိကထားလို့ ဝမ်ဝမ်က ဘယ်လိုမှမလွတ်မြောက်နိုင်တော့ဘူး။ ဝမ်ဝမ်ကတော့ သွားပြီ။ " လီစီက ရယ်မောလိုက်သည်။
" စစ်သေနာပတိချုပ်က တကယ်ကြောက်စရာကောင်းတာပဲ။ ဝန်ကြီးချုပ်တစ်ယောက်တောင် သူလက်ချက်နဲ့ အဆုံးသတ်သွားတယ်။ " လီယောင်က ထိတ်လန့်သော အမူအရာနှင့် ပြောလိုက်သည်။
" မင်းကို ကျောက်ဖုန်းရဲ့ စစ်တပ်ဆီကို ပို့လိုက်နိုင်တာ တကယ်ဝမ်းသာစရာပဲ။ သူက ငါ့ကို ဒီလောက်ကြီးမားတဲ့ အံ့ဩစရာတစ်ခုကို ပေးလိုက်တယ်။ နောက်ဆုံးတော့ ဝမ်ဝမ်ဆိုတဲ့ လူအိုကြီး မရှိတော့ဘူး။ ဒီတစ်ခါ ဘယ်ဘက်ဝန်ကြီးချုပ်ရာထူးတက်ဖို့ အခွင့်အရေး ရနိုင်တယ်။ " လီစီက မျှော်လင့်ချင်များဖြင့် ပြောလိုက်သည်။
လီယောင်က ခေါင်းညိမ့်လိုက်သည်။ တရားရုံးကိစ္စများကြားတွင် ကြီးပြင်းလာသူဖြစ်သောကြောင့် သူ၏ ဖခင် ပျော်နေသည့် အကြောင်းရင်းကို သူသိသည်။ ဝမ်ဝမ်နှင့် လီစီတို့က ကမ္ဘာရန်ဘက်များဖြစ်ကြသည်။ ၎င်းက မျိုးဆက်ဟောင်းများနှင့် မျိုးဆက်သစ်များကြား တိုက်ပွဲဖြစ်သည်။
" ယောင်အာ အခုဆိုရင် မင်းက ဝူအန်းစခန်းမှာ အခြေကျသွားလောက်ပြီပေါ့။ " လီစီက ပြုံး၍ မေးလိုက်သည်။
" ဟုတ်ကဲ့။ ကျွန်တော်လက်အောက်က တပ်မှူးတွေကတော့ ကျွန်တော်ကို လက်ခံလာကြပါပြီ။ " လီယောင်က ခေါင်းညိမ့်လိုက်သည်။
" အုပ်ချုပ်ရေးမှူးကနေ စစ်သူကြီးဖြစ်လာတာပဲ။ အစပိုင်းမှာ အခက်အခဲ နည်းနည်းတော့ ရှိမှာပေါ့။ ဒါပေမယ့် မင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ မင်းက ဝူအန်းစခန်းမှာ ငါက တရားရုံးမှာ ငါတို့မိသားစုက ဆုတ်ယုတ်သွားမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အရေးကြီးတာက မင်းရဲ့ အိမ်ထောင်ရေးပဲ။ အခု မင်းပြန်ရောက်လာပြီဆိုတော့ အဖေတစ်ယောက်အနေနဲ့ ရှန်းယန်မှာ မင်းနဲ့ သင့်တော်တဲ့ လူတစ်ယောက်ရှာပေးချင်တယ်။ " လီစီက လေးနက်စွာ ပြောလိုက်သည်။
" အဖေ အိမ်ထောင်ရေးကိစ္စနဲ့ ပက်သက်ရင်တော့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ပါမယ်။ " လီယောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" မင်းက ကျောက်ဖုန်းရဲ့ ညီမကိုပဲ စွဲလန်းနေတုန်းလား။ " လီစီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " သူမက ထူးချွန်ပေမယ့် အသက်က ၂၃နှစ် ရှိနေပြီ။ မိန်းကလေးတွေကြားမှာ ဒါက ငယ်တော့တဲ့ အသက်အရွယ် မဟုတ်ဘူး။ ပြီးတော့ သူမက မင်းကို သဘောလည်း မကျဘူးလေ။ ဘာလို့ တစ်ဖက်သတ်လိုက်ချစ်နေရတာလဲ။ "
" အဖေ ကျွန်တော်က ကျောက်ရင်ကိုပဲ တစ်သက်လုံး ချစ်သွားမှာပါ။ ဒါကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ ပြီးတော့ ကျွန်တော်အောင်မြင်ဖို့ နီးစပ်နေပါပြီ။ မကြာခင် ကျွန်တော်က ကျောက်ရင်နဲ့ လက်ထပ်ရလိမ့်မယ်။ " လီယောင်က ပြတ်သားစွာ ပြောလိုက်သည်။
လီယောင်၏ မျက်နှာပေါ်မှ ပြတ်သားသော အမူအရာကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ " မင်းသဘောပဲ။ ဒါပေမယ့် မင်း အသက် ၃၀ ပြည့်တဲ့အထိပဲ ငါစောင့်မယ်။ အဲ့ဒီအချိန်မှ မင်းမအောင်မြင်သေးရင် ငါ့စကားကို နားထောင်ရမယ်။ လီမိသားစုက မျိုးဆက်ပြတ်သွားလို့မရဘူး။ "
" အဖေ ကျွန်တော်ကတိပေးပါတယ်။ " လီယောင်က ချက်ချင်း အာမခံလိုက်သည်။
" မင်းသာ ကျောက်ဖုန်းရဲ့ ညီမနဲ့ လက်ထပ်နိုင်ရင် ငါတို့ မိသားစုအတွက်လည်း အကျိုးရှိမှာပဲ။ မင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ " လီစီက ပြုံး၍ ပြောလိုက်သည်။ လီယောင်၏ ဖြူစင်သော စိတ်နှင့်ယှဉ်လျှင် လီစီကတော့ အခြားရည်ရွယ်ချက်များရှိနေသည်။
" အဖေ ကျွန်တော် ကျောက်ရင်ကို ကြိုးစားတာက လီမိသားစုအတွက် မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် သူမကို သဘောကျလို့ပဲ။ " လီယောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" မင်းသဘောကျရင် ပြီးတာပါပဲ။ အဖေတစ်ယောက်အနေနဲ့ မင်းချစ်တဲ့သူနဲ့ ပေါင်းဖက်ရဖို့ မျှော်လင့်ပါတယ်။ " လီစီက ဘာမှမပြောပေ။
" သခင်ကြီး သခင်မလေး အိမ်ပြန်ရောက်လာပါတယ်။ " အိမ်တော်ထိန်း၏ အသံက ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။
၎င်းကို ကြားသောအခါ လီယောင်က စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ထရပ်လိုက်သည်။
ထိုအချိန်တွင် နန်းတွင်းဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က ခန်းမထဲသို့ လျှောက်ဝင်လာသည်။
" ရိုအာ " လီယောင်က နွေးထွေးစွာ ခေါ်လိုက်သည်။
" အဖေနဲ့ အစ်ကိုကို ဂါရဝပြုပါတယ်။ " လီရိုက လီစီနှင့် လီယောင်ကို အရိုအသေပေးလိုက်သည်။
လီစီက လီရိုကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားသည်။
" ရိုအာ ဖုစုက မင်းကို ဘယ်လိုဆက်ဆံလဲ။ မင်း ပိန်သွားတယ်။ " လီယောင်က လီရိုဆီသို့ လျှောက်သွားလိုက်သည်။
" သူက ညီမအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ ညီမတို့က လေးစားမှုနဲ့ နေထိုင်ကြပါတယ်။ " လီရိုက နူးညံ့စွာ ပြန်ဖြေလိုက်သည်။
" ရိုအာ မင်းဘာလို့ အိမ်ပြန်လာတာလဲ။ " လီစီက တစ်စုံတစ်ခုကို တွေးမိသွားပြီး အေးစက်စွာ မေးလိုက်သည်။
" သမီးရဲ့ ခင်ပွန်းက ဝမ်ဝမ်ရဲ့ မျိုးဆက်ကို အသက်ချမ်းသာပေးပြီး လမ်းကြောင်းတစ်ခု ချန်ထားပေးဖို့ အဖေကို တောင်းပန်ခိုင်းလိုက်ပါတယ်။ " လီရိုက လီစီဘေးသို့ လျှောက်လာပြီး ပြောလိုက်သည်။
အခြားသူများဆိုလျှင် လီစီက တွေ့ခွင့်တောင်မပေးဘဲ မောင်းထုတ်လိုက်ပေလိမ့်မည်။ သို့သော် သူ၏ သမီးနှင့် ပက်သက်လျှင် လီစီက နောင်တရမိလေသည်။ သူ့ကြောင့်သာ သူ၏ သမီးက ဖုစု၏ စံအိမ်တွင် တစ်ယောက်တည်း ရုန်းကန်နေရခြင်းဖြစ်သည်။
" ရိုအာ ဝမ်ဝမ်က ဝန်ခံပြီးပြီ။ ငါ အရှင်မင်းကြီးကိုလည်း တင်ပြပြီးပြီ။ ဒီတစ်ခါ ပြစ်ဒဏ်က အရှင်မင်းကြီးကိုယ်တိုင် ချမှတ်တာမလို့ ငါပြောင်လဲလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ညီလာခံတစ်ခုလုံးက မြင်တွေ့ခဲ့တာပဲလေ။ ဝမ်ဝမ်ရဲ့ မျိုးဆက်တွေနဲ့ ပက်သက်ရင်တော့ သူတို့ထဲက လေးယောက်က အပြင်မှာပဲ ရှိသေးတယ်။ အခုထိ ရှန်းယန်ကို ပြန်မရောက်သေးဘူး။ ဖုစုသာ ဝမ်ဝမ်ရဲ့ မျိုးဆက်တွေကို ထိန်းသိမ်းထားချင်ရင် သူတို့ကို လိုက်ရှာဖို့ လူလွှတ်လိုက်ပါ။ မနက်ဖြန်ဆိုရင်တော့ ဖမ်းဝရမ်းထုတ်ပြန်တော့မယ်။ " လီစီက သက်ပြင်းချပြီး လီရိုကို ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အဖေ။ " လီရိုက ဦးညွှတ်ပြီး ပြောလိုက်သည်။ လီစီက ဖုစုကို ပြန်လည်တင်ပြရန် အခွင့်အရေးပေးလိုက်မှန်း သူမ နားလည်ပေသည်။
ကျောက်ဖုန်းက နန်းတော်မှ ထွက်လာခဲ့သည်။ ကျန်းမင်က မြင်းခြောက်ကောင်ဆွဲ ရထားလုံးကို မောင်းနှင်လာပြီး ကိုယ်ရံတော်များက ဘေးမှ ဝန်းရံထားကြသည်။
" အရှင် သတင်းတစ်ခုရထားပါတယ်။ ဝမ်ဝမ်ရဲ့ မိသားစုတစ်ခုလုံးကို လီစီက ဖမ်းဆီးပြီး အကျဉ်းချခဲ့ပေမယ့် သားလေးယောက်ကတော့ ရှန်းယန်အပြင်ဘက်မှာ ကျန်ရှိနေပါတယ်။ အဲ့ဒီလေးယောက်ကို ဝမ်ဝမ်ရဲ့ အသေခံစစ်သည်တွေက ကာကွယ်ပေးထားပါတယ်။ ဝမ်ဝမ် အကျဉ်းကျသွားတယ်ဆိုတဲ့ သတင်းကို ကြားတာနဲ့ သူတို့က အခြားနိုင်ငံကို ထွက်ပြေးသွားလိမ့်မယ်လို့ ထင်ပါတယ်။ " ကျန်းမင်က ပြောလိုက်သည်။
" ယင်ပုကို အမိန့်ပေးလိုက်။ ဝမ်မိသားစုက ဘယ်သူမှ အသက်ရှင်မကျန်စေနဲ့။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျန်းမင်က အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
ဝမ်ဝမ်က သူ့ကို ပစ်မှတ်ထားခဲ့သောကြောင့် သူတို့က ရန်သူများ ဖြစ်လာပြီး ကျောက်ဖုန်းက သူ့အပေါ် သနားစိတ်မရှိပေ။ ကျူပင်ခုတ်ကျူငုတ်ပါမကျန် ရှင်းပစ်ရမည်ဖြစ်သည်။ ကျောက်ဖုန်းက ထိုသဘောတရားကို ကောင်းကောင်းနားလည်သည်။
ရထားလုံးက ဆက်သွားနေခဲ့ပြီး မကြာမီ စံအိမ်သို့ ရောက်လာခဲ့သည်။ စံအိမ်တံခါးရှေ့တွင် ချွန်းယွီယွဲ့က ရပ်စောင့်နေသည်။
" အရှင် အပြင်မှာ ချွန်းယွီယွဲ့ စောင့်နေပါတယ်။ " ကျန်းမင်က တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
" သူကိုယ်တိုင် ငါ့ကိုတောင်းပန်ရမယ်လို့ အရှင်မင်းကြီးက အမိန့်ထုတ်ထားတာပဲ။ " ကျောက်ဖုန်းက ရယ်လိုက်ပြီး ရထားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။
ချွန်းယွီယွဲ့က ကျောက်ဖုန်းကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာက ရုန်းကန်နေရာသော အမူအရာ ပေါ်လာသည်။ သူ့ကိုယ်တိုင်လာပြီးတောင်းပန်ခြင်းက အလွန်ရှက်စရာကောင်းနေပုံရသည်။ သို့သော် ဘုရင်က အမိန့်ပေးထားခြင်းဖြစ်သောကြောင့် သူက အမိန့်မနာခံ၍ မရပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့