← Chapters

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း (၄၁၅)

" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ချွန်းယွီယွဲ့က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ပြန်မရောက်ခင်က တရားရုံးမှာ ကျုပ်က စစ်သေနာပတိချုပ်ကို ဝေဖန်ခဲ့မိပါတယ်။ ဒီနေ့ စစ်သေနာပတိချုပ်ကို တောင်းပန်ဖို့ အထူးလာခဲ့တာပါ။ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ " ချွန်းယွီယွဲ့က ဦးညွှတ်ပြီး ပြောလိုက်သည်။

" ချွန်းယွီယွဲ့ လူကြီးတစ်ယောက်အနေနဲ့ ဘာပြောသင့်တယ် ဘာမပြောသင့်ဘူးဆိုတာ မင်းကောင်းကောင်း သိသင့်တယ်။ မင်းငါ့ကို တောင်းပန်စရာမလိုဘူး။ တိုင်းတစ်ပါးနယ်မြေမှာ သေဆုံးသွားတဲ့ စစ်သည်တွေကို တောင်းပန်သင့်တာ။ ချင်နိုင်ငံရဲ့ စစ်သည်တွေက အသက်စွန့်ပြီး ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေတာ မင်းလို အရှက်မရှိတဲ့သူရဲ့ ဝေဖန်မှုကို ခံရဖို့ မဟုတ်ဘူး။ မင်းရဲ့ တောင်းပန်မှုကို ငါ လက်မခံဘူး။ " ​ကျောက်ဖုန်းက ချွန်းယွီယွဲ့ကို ဂရုမစိုက်တော့ဘဲ စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။

ချွန်းယွီယွဲ့က ရင်ကျန့်၏ အမိန့်ကြောင့်သာ လာရောက်တောင်းပန်ခြင်းဖြစ်သည်ကို သူကောင်းကောင်းသိသည်။ ထို့ကြောင့် တောင်းပန်သည်က သူ့ကိစ္စ၊ ခွင့်မလွှတ်သည်က ကျောက်ဖုန်းကိစ္စဖြစ်သည်။

" အဖေ ပြန်လာပြီ။ "

" အဖေ သမီးတို့ကို မြင်းစီးခိုင်းပါဦး။ "

ကျောက်ဖုန်းရောက်လာသည်နှင့် ကျောက်ချီနှင့် ​ကျောက်လင်းတို့က ပြေးလာပြီး ကျောက်ဖုန်းပေါ်သို့ ခုန်တက်လိုက်သည်။

" အဖေက အခုမှ ပြန်ရောက်တာလေ။ ရက်နည်းနည်းလောက် နားခွင့်ပေးပါဦး။ " ​ကျောက်ဖုန်းက နူးညံ့စွာ ပြောလိုက်သည်။

" ချီအာ လင်းအာ အဖေက ခုမှပြန်ရောက်တာကို ပူဆာမနေနဲ့။ " ဝမ်ယန်က တည်ကြည်သော မျက်နှာနှင့် လျှောက်လာသည်။

" ငါ အခန်းထဲမှာ ခဏနားလိုက်ဦးမယ်။ ဒီနေ့ အိမ်မှာ ညစာပြင်ထားလိုက်ဦး။ ဟန်ဖေး ညစာလာစားလိမ့်မယ်။ " ကျောက်ဖုန်းက ဝမ်ယန်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" အင်း " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျောက်ဖုန်းက အခန်းထဲသို့ ဝင်သွားခဲ့သည်။ သူက ဝူအန်းကျွင်းဘွဲ့နှင့် ဘွဲ့ထူးနှစ်ခု တိုးထားသောကြောင့် အဆင့်နှစ်ရတနာသေတ္တာနှစ်လုံးနှင့် အဆင့်သုံး ရတနာသေတ္တာတစ်လုံး ရရှိထားခဲ့သည်။ သူက ၎င်းတို့ကို ဖွင့်ရန် မစောင့်နိုင်တော့ပေ။

" ရတနာသေတ္တာတွေဖွင့်မယ်။ " ကျောက်ဖုန်းက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။

" အဆင့်နှစ်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ စိတ်ဝိညာဉ်ပစ္စည်း ဟင်းလင်းပြင်ကျောက်တုံး ၅၀၀၀ကို ရရှိပါတယ်။ ကောင်းကင်အဆင့် အဆင့်နိမ့် ထျန်းဝမ်ဓားကို ရရှိပါတယ်။ "

" အဆင့်သုံးရတနာသေတ္တာကို ဖွင့်နေပါပြီ။ အိုးကိုးလုံးမြေပုံ(နယ်မြေကိုးခုမြေပုံ)ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။

" အိုးကိုးလုံးမြေပုံလား။ ဒါက ဘာလဲ။ ရတနာအိုးကြီးတွေက ချင်ဘုရင်ရဲ့ နန်းတော်ထဲမှာ မဟုတ်ဘူးလား။ ဒီမြေပုံက ဘာလုပ်ဖို့လဲ။ " ကျောက်ဖုန်းက အံ့ဩသွားသည်။

ယခင် ချင်ဘုရင်ကျောက်ရှန်းက ကျိုးမင်းဆက်ကို ဖျက်ဆီးပြီးနောက် အိုးကြီးကိုးလုံးကို ချင်တော်ဝင်ဘိုးဘေးခန်းမသို့ ပို့ဆောင်ခဲ့သည်။ ပို့ဆောင်နေစဉ် တစ်လုံးပျောက်သွားသော်လည်း အိုးကိုးလုံးက ချင်နန်းတော်ထဲတွင် ရှိနေသည်။ သူက ၎င်းတို့ကို မမြင်ဖူးသော်လည်း ကြားဖူးလေသည်။

ကျောက်ဖုန်းက သံသယများနှင့် မြေပုံကို ထုတ်ယူလိုက်သည်။ သူနားမလည်နိုင်သော ရတနာတစ်ခုနှင့် ဖန်တီးထားသော ရှေးဟောင်းမြေပုံတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

" ဒီနေရာ​က ပိုင်ယွဲ့ထင်တယ်။ ချင်နန်းတော်မဟုတ်ဘူး။ " ကျောက်ဖုန်းက မြေပုံကို ကြည့်ပြီး ရေရွတ်လိုက်သည်။

သို့သော် ယခု သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ မြေပုံက အိုး​ကိုးလုံး၏ တည်နေရာကို မှတ်တမ်းတင်ထားခြင်းဖြစ်လျှင် ချင်နန်းတော်ထဲမှ အိုးများက အတုတွေလား။ သို့မဟုတ် ကျိုးမင်းဆက်က အိုးကိုးလုံးကပဲ အတုတွေလား။ ကောင်းကင်သားတော်၏ အာဏာကို ကိုယ်စားပြုသော အိုးကိုးလုံးက အတုတွေလား။

အကယ်၍ ထိုသို့သာဖြစ်လျှင် ရှန်းကျိုးနယ်မြေက ကျောက်ဖုန်း ထင်သလောက် ရိုးရှင်မည်မဟုတ်ပေ။ ရှန်းကျိုးတွင် လျို့ဝှက်ချက်ကြီးအချို့ ဖုံးကွယ်ထားပေလိမ့်မည်။

" ပိုင်ယွဲ့နယ်မြေ။ အိုးကိုးလုံးရှိတဲ့နေရာ။ ရှန်းကျိုးရဲ့ လျို့ဝှက်ချက်တွေ ဖော်ထုတ်ဖို့ဆိုရင် တစ်နေ့မှာ ပိုင်ယွဲ့ကို သွားကိုသွားရလိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ သူက မြေပုံကို သိမ်းဆည်းလိုက်ပြီး အခြားဆုလာဘ်နှစ်ခုကို ကြည့်လိုက်သည်။

" ဟင်းလင်းပြင်ကျောက်တုံးငါးထောင် ဒါက သိုလှောင်လက်စွပ်လုပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပဲ။ ပြီးတော့ ဒီထျန်းဝမ်ဓားကလည်း နတ်ဘုရားလက်နက်တစ်ခုပဲ။ " ကျောက်ဖုန်းက ရတနာနှစ်ခုကို ကြည့်ပြီး ကျေနပ်သွားသည်။

မြေပုံက ရှန်းကျိုးနယ်မြေ၏ လျို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကူညီပေးနိုင်သော်လည်း ယခုအချိန်တွင် သူ့အတွက် အသုံးမဝင်သေးပေ။

" ထျန်းဝမ်ဓား " ကျောက်ဖုန်းက ခေါ်လိုက်သည်နှင့် ဓားက စိတ်ဝိညာဉ်ရှိသကဲ့သို့ ကျောက်ဖုန်း၏ ရှေ့တွင် ပေါ်လာသည်။ ဓားကိုယ်ထည်က ရှည်လျားပြီး အလှဆင်ထားသော ပုံစံမျိုး မရှိပေ။ သို့သော် ဓားမှ ထွက်ပေါ်လာသော အေးစက်သည့်အော်ရာက အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

" ဒီဓားက ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။ အခုလောလောဆယ်တော့ ရှန်းကျိုးနယ်မြေမှာ ငါ့ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးရလောက်အောင် ထိုက်တန်တဲ့သူမရှိသေးဘူး။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ဓားကို ကြည့်ပြီး ဓားရိုးကို ကိုင်လိုက်သည်။

ဓားကို ကိုင်လိုက်သည်နှင့် ဓားဝိညာဉ်က သူ၏ သခင်ကို လက်ခံလိုက်ပြီး ကျောက်ဖုန်းနှင့် ထျန်းဝမ်တို့က ဆက်သွယ်မှုရှိသွားကြသည်။ ကြောက်စရာကောင်းသော ဓားအသိတစ်ခုက လေထုကို ထိုးဖောက်သွားသည်။

ချွင် ချွင် ချွင်....

စံအိမ်တစ်ခုလုံးတွင် ရှိသော ကိုယ်ရံတော်များ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားများက တုန်ခါလာကြသည်။ သူတို့၏ ဘုရင်ကို ကြိုဆိုနေသကဲ့သို့ဖြစ်သည်။

ကျောက်ဖုန်း၏ ဘေးနားမှ လုံချွမ်ဓားကတော့ မလှုပ်မယှက်ရှိနေသည်။ ကောင်းကင်အဆင့်က လူလောကတွင် နတ်ဘုရားလကိနက်ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။ လုံချွမ်ဓားက အနက်ရောင်အဆင့်ဖြစ်သော်လည်း ထျန်းဝမ်ဓားက ကောင်းကင်အဆင့်ဖြစ်သည်။

" နောက်တစ်ခုကတော့ ကြိုးစားကျင့်ကြံဖို့ပဲ လိုတော့တယ်။ သုံးလလောက် အာရုံစိုက်ပြီးကျင့်ကြံလိုက်ရင် စွမ်းရည်အားလုံး တစ်သိန်းထိ ထိုးဖောက်သွားနိုင်တယ်။ အဲ့ဒါက နယ်ပယ်အသစ်တစ်ခု တက်လှမ်းတာ ဖြစ်နိုင်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ စွမ်းရည်အားလုံးတစ်သိန်းကျော်သွားလျှင် သူ၏ စနစ်က တစ်စုံတစ်ခု ပြောင်းလဲသွားလိမ့်မည်ဟု သူက ခံစားနေရသည်။

အချိန်များကုန်လွန်လာခဲ့သည်။ စစ်မြေပြင်မှ ပြန်ရောက်လာပြီးနောက် ကျောက်ဖုန်းက ချင်ဘုရင်၏ ခွင့်ပြုချက်ဖြင့် ညီလာခံတက်စရာမလိုဘဲ စံအိမ်တွင်သာ အေးအေးဆေးဆေးနေနေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှန်းယန်မြို့ထဲတွင် ဝမ်ဝမ်၏ ပြစ်မှုများနှင့် သေဒဏ်ပေးမည့်ရက်ကို ကြေညာပြီးသောအခါ လူအများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ထို့အပြင် ဝန်ကြီးချုပ်တစ်ယောက်တည်းမဟုတ်ဘဲ သူ၏ မိသားစုတစ်ခုလုံး သေဒဏ်ပေးခြင်းဖြစ်သည်။

ဖုစု၏ စံအိမ်တွင်။

" ဝန်ကြီးဟွိုက် တကယ်ပဲ ဘာနည်းလမ်းမှမရှိတော့ဘူးလား။ " ဖုစုက စိိတ်ပျက်စွာဖြင့် မေးလိုက်သည်။

" အရှင်သား ပြစ်မှုတွေကလည်း သေချာနေပြီ။ အရှင်မင်းကြီးကလည်း အတည်ပြုထားပြီဖြစ်လို့ ပြောင်းလဲဖို့ မဖြစ်နိုင်တော့ပါဘူး။ လီစီက ဝန်ကြီးချုပ်ရဲ့ သားတွေကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ကျွန်တော်တို့ လုပ်နိုင်တာ ဝန်ကြီးချုပ်ရဲ့ သားတွေကို ကာကွယ်ပေးဖို့ပဲ ရှိတယ်။ " ဟွိုက်ကျွမ်းက သက်ပြင်းချပြီး ပြောလိုက်သည်။

" ဝန်ကြီးဟွိုက် ခင်​ဗျားလည်း ဝန်ကြီးချုပ်လို နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ထားတာရှိလား။ " ဖုစုက ရုတ်တရက် ဟွိုက်ကျွမ်းကို ကြည့်လိုက်သည်။

ဖုစု၏ အကြည့်အောက်တွင် ဟွိုက်ကျွမ်းက မသက်မသာဖြစ်သွားသည်။ သူ၏ ရာထူးကို ရောက်လာသည်နှင့် ထိုသို့သော ကိစ္စများက ဘယ်လိုလုပ်မရှိဘဲနေမှာလဲ။ ဖုစု၏ စကားထဲတွင် ပြင်းထန်သော သတိပေးချက်များ ပါဝင်နေသည်။

" စိတ်ချပါ အရှင်သား။ ကျွန်တော် မလုပ်ခဲ့ပါဘူး။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ဝန်ကြီးဟွိုက် ဝန်ကြီးချုပ်လို ဖြစ်ရပ်မျိုး နောက်ထပ်မမြင်ချင်တော့ဘူး။ ဒီလောက် ရာထူးကြီးနေပြီကို ဘာလို့ပစ္စည်းဥစ္စာတွေ မက်မောနေကြတာလဲ။ ကျုပ် နားမလည်နိုင်ဘူး။ " ဖုစုက ပြောလိုက်သည်။

" အရှင်သား လူတိုင်းက အဲ့ဒီလို တွေးကြတာမဟုတ်ပါဘူး။ ဝန်ကြီးချုပ်မှာ မိသားစုရှိတယ်၊ တပည့်တွေ ရှိတယ်။ သူ့အတွက်တင်မဟုတ်ဘဲ သူ့ရဲ့ မိသားစုနဲ့ နောက်လိုက်တွေအတွက်ပါ စဉ်းစားပေးရတာပါ။ " ဟွိုက်ကျွမ်းက သက်ပြင်းချလိုက်သည်။

" အရှင်သား ကျွန်တော်မျိုး အကြံဉာဏ်တစ်ခုလောက် ပေးလို့ရမလား။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ပြောပါ " ဖုစုက ပြန်ပြောလိုက်သည်။

" အခုက စပြီး အရှင်သား ကျောက်ဖုန်းကို ကမ္ဘာရန်သူ​အဖြစ် သတ်မှတ်ရတော့မယ်။ သူက အရှင်သား အိမ်ရှေ့စံနေရာရောက်မှာကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ အရှင်သားက သူ့ကို သည်းခံခဲ့ပေမယ့် သူက တန်ဖိုးမထားခဲ့ဘူး။ ဝန်ကြီးချုပ်ဝမ်ရဲ့ ကျဆုံးမှုက ကျောက်ဖုန်းကြောင့်ပဲ။ အရှင်သားရဲ့ တွေးခေါ်ပုံကို ပြောင်းလဲရမယ်။ " ဟွိုက်ကျွမ်းက လေးနက်စွာ ပြောလိုက်သည်။

" ကျောက်ဖုန်းက အစကတည်းက ဘာအမှားမှ မလုပ်ခဲ့ဘူးလေ။ အားလုံးက ဝန်ကြီးချုပ် သူ့ကို ခဏခဏ ပစ်မှတ်ထားနေလို့ ဖြစ်ရတာပဲ။ " ဖုစုက တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။

" ဒါဆို ဝန်ကြီးချုပ်ဝမ်က ဘာလို့ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရတာလဲ။ ပြီးတော့ ကျောက်ဖုန်းက အရှင်သားနဲ့ နိုင်းငံရေးသဘောထားချင်းလည်းမတူဘူး။ ဒီလိုစစ်သေနာပတိချုပ်သာ တရားရုံးမှာ အာဏာရသွားရင် ချင်နိုင်ငံရဲ့ အနာဂတ်က စစ်ပွဲတွေနဲ့ လည်ပတ်နေလိမ့်မယ်။ ပြည်သူတွေ ဒုက္ခရောက်လိမ့်မယ်။ စေတနာထားတဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ ခက်ခဲလိမ့်မယ်။ " ဟွိုက်ကျွမ်းက ခါးသီးစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဖုစုက ဘာပြန်ပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters