← Chapters

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း (၄၁၆)

ရှန်းယန်မြို့ပြင်တွင် လူပေါင်းသောင်းချီစုဝေးနေပြီး လူပေါင်းထောင်ချီကို ခေါ်ထုတ်လာခဲ့သည်။ ဝန်ကြီးချုပ်နှင့် အရာရှိများက ယခုအခါ အကျဉ်းသားများ ဖြစ်သွားကြပြီဖြစ်သည်။ လီစီက လဝက်ကြာအောင် စစ်ဆေးပြီးနောက် ပြစ်မှုအနည်းငယ်​သာ ကျူးလွန်သော ဝန်ကြီးအနည်းငယ်က ခွန်မြောက်ခဲ့သော်လည်း ပြစ်မှုကြီးများကို ကျူးလွန်သူများက တိုက်ရိုက်ကွပ်မျက်ခံရမည်ဖြစ်သည်။

ကျောက်ဖုန်းက ကွပ်မျက်ပ်ဲ၏ ခေါင်းဆောင်နေရာတွင် ထိုင်နေပြီး သူ၏ ဘေးတွင် လီစီနှင့် ဖုန်းကျဲတို့ ရှိနေသည်။

" စစ်သေနာပတိချုပ် အကျဉ်းသားအားလုံးကို ခေါ်ထုတ်လာပါပြီ။ စစ်သေနာပတိချုပ် အမိန့်ပေးပါ။ " ရန်ရှောင်က ရှေ့တိုးလာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

ကျောက်ဖုန်းက ရှေ့ဆုံးတွင် ရှိနေသော ဝမ်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်ပေးမြားတံကို ထုတ်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။ " ကွပ်မျက်စေ "

" စစ်သေနာပတိချုပ်ရဲ့ အမိန့် ကွပ်မျက်စေ။ " ရန်ရှောင်က လှည့်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

ကွပ်မျက်သူများက သူတို့၏ ဓားများပေါ်သို့ ဝိုင်များ ပက်ဖြန်းလိုက်ကြသည်။ နောက်ခဏတွင်...

ရွှပ်...

အရိုးများ ပြတ်တောက်သံနှင့် သွေးများ ပန်းထွက်လာသော အသံများက ထွက်ပေါ်လာသည်။ ရုတ်တရက် ခေါင်းပေါင်းများစွာက မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။

" နောက်ပိုင်းကိစ္စတွေကို တရားရေးဝန်ကြီးပဲ ဖြေရှင်းပေးပါဦး။ " ကျောက်ဖုန်းက လီစီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ် ကျုပ်ကောင်းကောင်း ဖြေရှင်းလိုက်ပါမယ်။ " လီစီက ပြုံး၍ ပြန်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြောပြီး ရထားလုံးဆီသို့ လျှောက်သွားလိုက်သည်။

" တရားရေးဝန်ကြီး ဝမ်ဝမ်က တစ်ချိန်က ချင်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့တာမလို့ သူ့ကို သင့်တော်သလို မြေမြှုပ်သင်္ဂြိုပေးဖို့ မျှော်လင့်ပါတယ်။ " ဖုန်းကျဲက ထရပ်ပြီး ပြောလိုက်သည်။

" ဝန်ကြီးဖုန်း စိတ်ချပါ။ ကျုပ်က ဝမ်ဝမ်ကို မုန်းတီးပေမယ့် သူက ဝန်ကြီးချုပ်ရာထူး ရထားသူပါ။ သူ့အလောင်းက်ု ဘယ်လိုလုပ် အရှက်ရအောင် လုပ်ပါ့မလဲ။ " လီစီက ပြန်ပြောလိုက်သည်။

ကျောက်စံအိမ်။

ဝမ်ယန်က ကျောက်ချီ၊ ကျောက်လင်းတို့နှင့်အတူ ကျောက်ဖုန်း၏ ရှေ့တွင် ရပ်နေကြသည်။

" အဖေ ဒီနေ့ အိမ်မှာပဲနေမှာလား။ အဲ့လိုဆိုရင် အဘိုးနဲ့ သွားတွေ့ဖို့ နောက်ကျတော့မှာပဲ။ " ကျောက်လင်းက နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။

" စိတ်မပူနဲ့။ အဖေက မင်းတို့ကို စိတ်ဝင်စားစရာကောင်းတာ ပြမယ်။ " ကျောက်ဖုန်းက ပြောပြီး ဝမ်ယန်ကို ကြည့်လိုက်သည်။

" ယန်အာ မင်းရဲ့ ခင်ပွန်းက စစ်မြေပြင်မှာ ဘာလို့ပြိုင်ဘက်ကင်းနေရတာလဲ။ ရန်သူတွေကို ဘာလို့ သတ်နိုင်တာလဲဆိုတာ သိလား။ " ကျောက်ဖုန်းက ဝမ်ယန်ကို လေးနက်စွာ မေးလိုက်သည်။

" ဒါတွေအားလုံးက ယောကျာ်းရဲ့ ရဲစွမ်းသတ္တိကြောင့်ပဲ။ " ဝမ်ယန်က ပြန်ဖြေလိုက်သည်။

" ရဲစွမ်းသတ္တိလည်း ပါတာပေါ့။ ဒါပေမယ့် ပိုအရေးကြီးတာက မင်းရဲ့ ခင်ပွန်းက သိုင်းတာအိုကို ကျင့်ကြံထားတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" သိုင်းတာအိုလား။ " ဝမ်ယန်က အံ့ဩသွားပြီး နားမလည်နိုင်ဖြစ်သွားသည်။

" စိတ်ကို လျှော့ထား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဆင့်မြင့်အတွင်းအားကျင့်စဉ်။ " ကျောက်ဖုန်းက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ကျင့်စဉ်အချက်အလက်များကို ဝမ်ယန်၏ စိတ်အသိထဲသို့ ပို့လွှတ်ပေးလိုက်သည်။

ခဏကြာသောအခါ ဝမ်ယန်က မျက်လုံးများ ဖွင့်လိုက်ပြီး သူမ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ " သိုင်းတာအိုကျင့်စဉ် ပေါင်တစ်သောင်းအား။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ချီအာ လင်းအာ ဒီကိုလာခဲ့ကြ။ " ကျောက်ဖုန်းက သူ၏ ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။

ကလေးနှစ်ယောက်က ရှေ့တိုးလာသည်။

" အဖေ အခု မင်းတို့ရဲ့ စိတ်ထဲကို တစ်ခုခု ထည့်ပေးမယ်။ ဒီနေ့ကစပြီး အဲ့ဒီအတိုင်း လေ့ကျင့်ရမယ်။ ဒါပေမယ့် အဖေရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ မပြောရဘူး။ အဘိုးကိုတောင် မပြောရဘူး နားလည်လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ နားလည်ပါတယ်။ " ကလေးနှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ကလေးနှစ်ယောက်၏ ခေါင်းပေါ်တွင် လက်တင်လိုက်သည်။ ကျင့်စဉ်အချက်အလက်များက သူတို့၏ စိတ်ထဲသို့ စီးဝင်သွားသော်လည်း ၎င်းက လူကြီးများကဲ့သို့ ကျင့်စဉ်အပြည့်အစုံမဟုတ်ဘဲ ဟောက်ထျန်းကျင့်စဉ်သာ ဖြစ်သည်။

" အဖေ သားတို့ခေါင်းထဲမှာ စာအုပ်တစ်အူပ်ရှိနေသလိုပဲ။ စာလုံးတွေ အများကြီးပဲ။ "

" ဟုတ်တယ်။ ဒါပေမယ့် သမီးတို့ မသိတဲ့ စာလုံးတွေ အများပြီးရှိတယ်။ " ကျောက်ချီနှင့် ကျောက်လင်းတို့က ပြောလိုက်ကြသည်။

" ယန်အာ ဒီနေ့ကစပြီး သူတို့ကို ကျင့်ကြံဖို့ သင်ပေးရမယ်။ မင်းအတွက်တော့ ငါ တစ်ယောက်ယောက်ကို သင်ခိုင်းလိုက်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလုက်သည်။

" ယောကျာ်း ဒီကျင့်စဉ်က အဲ့လောက်တောင် စွမ်းတာလား။ " ဝမ်ယန်က အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။

ကျောက်ဖုန်းက ရှင်းမပြတော့ဘဲ သူ၏ ဘေးမှ စာပွဲကို ကြည့်လိုက်သည်။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းချင်းစွာ မြှောက်လိုက်သည်။ စားပွဲက မမြင်ရသော စွမ်းအားတစ်ခု၏ အကူအညီနှင့် လေပေါ်သို့ မြှောက်တက်လာသည်။

" ဒါက သိုင်းပညာလား။ " ဝမ်ယန်က အံ့ဩစွာဖြင့် ကြည့်တေသည်။

" ဒါက သိုင်းတာအိုရဲ့ အစစ်အမှန်ချီပဲ။ ရှန်ထျန်းအဆင့်ကိုရောက်ရင် မင်းလည်း ဒါကို ပိုင်ဆိုင်ရလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ယောက်ျားက အင်မော်တယ်တစ်ပါးလား။ " ဝမ်ယန်က ကျောက်ဖုန်းကို လေးစားစွာဖြင့် ​ကြည့်လိုက်သည်။

" အင်မော်တယ်လို့တော့ ခေါ်လို့မရသေးဘူး။ လူလောကမှာ ပြိုင်ဘက်ကင်းရုံပဲရှိလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါကြောင့်လည်း စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်ရဲတာပေါ့။ " ဝမ်ယန်က ပြောလိုက်သည်။

" အနာဂတ်မှာ မင်းကြိုးစား လေ့ကျင့်ရမယ်။ " ကျောက်ဖုန်းက နူးညံ့စွာ ပြောလိုက်သည်။

" ယောကျာ်းကို စိတ်ပျက်အောင်မလုပ်ပါဘူး။ " ဝမ်ယန်က ခိုင်မာစွာ ပြောလိုက်သည်။

ထိုအချိန်တွင် ညီလာခံ၌ ဝန်ကြီးချုပ်ရာထူးနှင့် ပက်သက်၍ ဆွေးနွေးပွဲ စတင်နေကြသည်။

" အရှင်မင်းကြီး ဝမ်ဝမ်ကို လူသိရှင်ကြား ကွပ်မျက်ပြီးပါပြီ။ ဒါပေမယ့် ဝန်ကြီးချုပ်ရာထူးက ချင်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးက ချန်လပ်ထားလို့မရပါဘူး။ ဒါကြောင့် အရှင်မင်းကြီး ဝန်ကြီးတွေထဲက အရည်အချင်းရှိတဲ့သူကို ရွေးချယ်ပြီး ဘယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ တောင်းဆိုပါတယ်။ "

ညီလာခံမှ ဝန်ကြီးများက ဝန်ကြီးချုပ်ရာထူးအတွက် တင်ပြဆွေးနွေးနေကြသည်။ သူတို့အားလုံးက ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ရင်ကျန့်က ပလ္လင်ပေါ်တွင် ထိုင်ပြီး အရာရှိများအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ သူတို့ကို ခဏလောက် ဆွေးနွေးခွင့်ပေးပြီးနောက် ရင်ကျန့်က လက်မြှောက်လိုက်သည်။

" တော်ကြတော့။ "

ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

" ဝန်ကြီးချုပ်ရာထူး ငါ့စိတ်ထဲမှာ လူတစ်ယောက်ရှိပြီးသားပါ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ရင်ကျန့်၏ လေသံအရ ဆုံးဖြတ်ပြီးသားဖြစ်နေသည်ကို လူတိုင်း သိလိုက်ကြသည်။ အားလုံး၏ အကြည့်က ရင်ကျန့်ပေါ်သို့ ကျရောက်သွားသည်။

" ဟန်ဖေး " ရင်ကျန့်က ဟန်ဖေးကို ကြည့်လိုက်သည်။

၎င်းကို ကြားသောအခါ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားပြီး ဟန်ဖေးကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ဟန်ဖေးက ချင်နိုင်ငံကို ရောက်တာ ဘယ်လောက်တောင်ကြာသေးလို့လဲ။ "

" အရှင်မင်းကြီးက ဘာလို့သူ့ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာလဲ။ "

လီစီကလည်း ထိတ်လန့်သွားပြီး မကျေမနပ် ဖြစ်သွားသည်။ သူက ဝန်ကြီးချုပ်ရာထူးကို အချိန်အတော်ကြာကတည်းက မျှော်လင့်နေခဲ့သည်။ ဝန်ကြီးများ၊ အရာရှိများကြားတွင် လီစီက ရည်မှန်းချက် အကြီးဆုံးဖြစ်သည်။ သူက ကျော်ကြားမှုကိုသာမက အာဏာကိုလည်း မက်မောသည်။

" ဟန်ဖေး " ရင်ကျန့်က ဟန်ဖေးငြိမ်သက်နေသည်ကို မြင်သောအခါ ထပ်ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ဟန်ဖေးက အသိဝင်လာပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။

" ဟန်ဖေး မင်းက ချင်နိုင်ငံမှာ အမှုထမ်းတဲ့အချိန်ကစပြီး ချင်နိုင်ငံအတွက် အောင်မြင်မှုတွေ အများကြီးရအောင် လုပ်ပေးခဲ့တယ်။ အုပ်ချုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ရိက္ခါစုဆောင်းရေးတွေမှာလည်း အများကြီး အထောက်အကူပြုခဲ့တယ်။ ချင်နိုင်ငံရဲ့ ဘယ်ဝန်ကြီးချုပ်ရာထူးက ရိက္ခါ၊ အခွန်နဲ့ ​ပြည်သူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးဖို့ပဲ။ အခု ဟန်ဖေးကို ချင်နိုင်ငံရဲ့ ဘယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး ဝန်ကြီးချုပ်တံဆိပ်ကို ပေးအပ်လိုက်တယ်။ အရင်ရာထူးကိုတော့ သူပဲ ယာယီထိန်းသိမ်းထားရမယ်။ နောက်ပိုင်း အရည်အချင်းရှိတဲ့ ဝန်ကြီးတွေရှိရင် တာဝန်ယူခိုင်းရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက ဘာလို့ငါ့ကို ရွေးတာလဲ။ အကြောင်းပြချက်မရှိဘူးလေ။ အရည်အချင်းအရရော ဝါစဉ်အရရော ငါဖြစ်မလာနိုင်ဘူး။ " ဟန်ဖေးက အလွန်အံ့ဩနေပြီး နားမလည်နိုင်ဖြစ်နေသည်။

သို့သော် သူက စိတ်ကို ထိန်းချုပ်ပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ "

" ငါမင်းကို ယုံတယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ညီလာခံပြီးဆုံးသွားပြီးနောက် ရင်ကျန့်ကလည်း ထွက်ခွာသွားခဲ့သည်။

" ဝန်ကြီးချုပ်ဟန် ဂုဏ်ပြုပါတယ်။ " ဝမ်ကျန့်က ရှေ့တိုးလာပြီး ဟန်ဖေးကို ဂုဏ်ပြုလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ဟန်ဖေးက ပြန်လည်ဂါရဝပြုလိုက်သည်။ သူက ဝမ်ကျန့်ကို အကြီးအကဲတစ်ယောက်ကဲ့သို့ လေးစားသည်။

" ဒါက တကယ်ဂုဏ်ပြုရမယ့်ကိစ္စပဲ။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" အရှင်မင်းကြီးက ကျုပ်ကို ခန့်အပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ဟန်ဖေးက အံ့ဩစွာ ပြောလိုက်သည်။

" ဝန်ကြီးချုပ်ဟန်က အရည်အချင်းရှိတဲ့သူပဲ။ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နောင်တစ်ချိန်မှာ နားလည်လာမှာပါ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ဟန်ဖေးက ဘာလို့ဝန်ကြီးချုပ်ဖြစ်လာတာလဲ။ အခြားသူများမသိလျှင်တောင် ဝမ်ကျန့်က ကောင်းကောင်းသိသည်။ အဓိက အကြောင်းရင်းမှ ဟန်ဖေးက ကျောက်ဖုန်းနှင့် ရင်းနှီးသောကြောင့်ဖြစ်သည်။ ထို့အပြင် ဟန်ဖေးက အရည်အချင်းလည်း ရှိပေသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters