အခန်း ၄၁၇
Vol. 42 Ch. 417
အခန်း (၄၁၇)
ကျောက်စံအိမ်။
" အရှင် သတင်းရလာပါပြီ။ ဝန်ကြီးဟန်ဖေးက ဝန်ကြီးချုပ်ဖြစ်သွားပါတယ်။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
" ငါက ဒီအတိုင်း လျှောက်ပြောလိုက်တာလေ။ ချင်ဘုရင်က ဟန်ဖေးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိမှာလဲ။ " ကျောက်ဖုန်းကလည်း အံ့ဩသွားသည်။
" အရှင် ဝန်ကြီးဟန်အတွက် လက်ဆောင်တစ်ခုခု ပြင်ဆင်ပေးရမလား။ " ကျန်းမင်က မေးလိုက်သည်။
" သေချာတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ငါတံခါးပိတ်ကျင့်ကြံရမယ်။ ချင်ဘုရင်ခေါ်မှပဲ ငါ့ဆီလာခဲ့။ အရေးကြီးတဲ့ကိစ္စမဟုတ်ရင် ငါ့ကို မနှောက်ယှက်နဲ့။ ပြီးတော့ ဒီစိတ်ဝိညာဉ်ဆေးလုံးသေတ္တာကို ချင်ဘုရင်ဆီ သွားပို့လိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ဆေးသေတ္တာကို ယူပြီး နောက်ဆုတ်သွားသည်။
ကျောက်ဖုန်းက စစ်မြေပြင်တွင် မဟုတ်သောကြောင့် ကျင့်ကြံခြင်းကို အာရုံစိုက်ရမည်ဖြစ်သည်။ ကြိုးစားကျင့်ကြံလျှင် သုံးလအတွင်း သူ၏ စွမ်းရည်များက တစ်သိန်းကျော်သွားပေလိမ့်မည်။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး ဒါက စစ်သေနာပတိချုပ် ပေးလိုက်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပါ။ " ကျန်းမင်က သေတ္တာကို ကိုင်ပြီး ခန်းမထဲသို့ ဝင်လာသည်။
ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ကောင်းက ဆေးလုံးသေတ္တာကို လက်ခံလိုက်သည်။
" မင်းရဲ့ စစ်သေနာပတိချုပ်က စံအိမ်မှာ ဘာလုပ်နေလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က စံအိမ်မှာ စစ်ပညာကို လေ့ကျင့်နေပါတယ်။ အရှင်မင်းကြီး ခွင့်ပြုထားတဲ့ တသ်လအပြင် နောက်ထပ် နှစ်လ ခွင့်လိုချင်တယ်လို့ ပြောပါတယ်။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
" အဲ့ဒီကောင်လေးက အေးအေးချမ်းချမ်း နေချင်သေးတာပဲ။ ကောင်းပြီလေ။ ယန်နယ်မြေက အခြေအနေလည်း တည်ငြိမ်သွားပြီဆိုတော့ သူ့ကို ခွင့်ပေးလိုက်မယ်။ " ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျန်းမင်က လေးနက်စွာ ဦးညွှတ်လိုက်သည်။
ရင်ကျန့်က ဘာမှမပြောတော့ဘဲ လက်ဝှေ့ရမ်းလိုက်သည်။ ကျန်းမင်က ဖြည်းညင်းစွာ နောက်ဆုတ်ပြီး ထွက်ခွာသွားသည်။
" ဒီကောင်လေး မလုပ်တတ်တာ ဘာရှိသေးလဲ။ သူက စစ်မှန်တဲ့ ဆေးဖော်စပ်နည်းကိုတောင် သိနေတယ်။ " ရင်ကျန့်က ဆေးပုလင်းများကို ကြည့်ပြီး တွေးလိုက်သည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားခဲ့သည်။ ချင်နိုင်ငံက ယန်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ရှန်းကျိုးနယ်မြေတွင် ချီနိုင်ငံနှင့် ချူနိုင်ငံနှစ်ခုသာ ကျန်တော့သည်။ လက်ရှိအချိန်တွင် ထိုနိုင်ငံနှစ်ခုက ချင်နိုင်ငံကို သံတမန်များ စေလွှတ်နေခဲ့သည်။
ချင်နိုင်ငံက ယန်နယ်မြေကို ထိန်းချုပ်ရန် အချိန်လိုအပ်သောကြောင့် ရင်ကျန့်က သူတို့ကို လက်ခံပြီး သတိပေါ့လျော့အောင် လုပ်ထားသည်။ ချင်နိုင်ငံ၏ စစ်အင်အား ပြန်လည်ပြည့်ဝလာပြီး ရိက္ခါများ စုဆောင်းပြီးသည်နှင့် နောက်ထပ် စစ်ဆင်ရေးတစ်ခုကို စတင်ပေလိမ့်မည်။
ကျောက်စံအိမ်။
ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီများက ပေါက်ကွဲလာပြီး သူ၏ နှလုံးခုန်သံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူ၏ စွမ်းအားများက အထွတ်အထိပ်သို့ ရောက်သွားသည်။
ဝုန်း...
ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ကြောက်သရာကောင်းသော စွမ်းအားများက ထွက်ပေါ်လာသည်။
ကျောက်ဖုန်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထိုအချိန်တွင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" စွမ်းရည်အားလုံး ၁၀၀၀၀၀ ကျော်သွားပါပြီ။ စွမ်းရည်ပြောင်းလဲခြင်း စတင်ပါပြီ။ "
ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ်က ယခင်တစ်ခါမှ မကြုံတွေ့ဖူးသော အသွင်ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့အပြင် သူ၏ အစစ်အမှန်ချီကလည်း အသွင်ပြောင်းလဲသွားပြီး နောက်တစ်ဆင့်သို့ တက်သွားသည်ကို ခံစားလိုက်ရသည်။
နာမည် - ကျောက်ဖုန်း
အသက် - ၂၆ နှစ်
အစစ်အမှန်ယွမ် - ၁၀၀၀ မှတ် (ရှန်းထုံအဆင့်။ အစစ်အမှန်ချီက အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲသွားတယ်။ အစစ်အမှန်ယွမ်က အစစ်အမှန်ချီထက် ၁၀ဆ ပိုမိုပြင်းထန်တယ်။ )
နဂါးဆင်စွမ်းအား - ၁၀၀၀ မှတ်
နတ်ရွေ့လျားခြင်းစွမ်းအား - ၁၀၀၀ မှတ်
ဟောက်ထျန်းခန္ဓာ - ၁၀၀၀ မှတ် (သာမန်ခန္ဓာကိုယ်က ဟောက်ထျန်းခန္ဓာအဖြစ် ပြောင်းလဲသွားတယ်။ စိတ်ဝိညာဉ်စွမ်းအားကို ၁၀ဆ ပိုမြန်မြန်သန့်စင်နိုင်တယ်။ ဒဏ်ရာတွေကို မြန်မြန်ကုသနိုင်တယ်။ အစစ်အမှန်ယွမ်ကို မြန်မြန်ပြန်အားဖြည့်နိုင်တယ်။ )
နတ်ဘုရားအာရုံ - ၁၀၀၀ မှတ် (နတ်ဘုရားအာရုံက ကျန့်တစ်သောင်းထိ ဖြန့်ကျက်နိုင်ပြီး နတ်ဘုရားအာရုံစွမ်းအားနဲ့ စိတ်ဝိညာဉ်ရှာဖွေနိုင်တယ်။ "
ဝိညာဉ်စွမ်းအား - ၆၇၅၄မှတ်
သက်တမ်း - ၄၇၁နှစ် ၂၄၈ရက် (နယ်ပယ်သက်တမ်း ၂၀၀၀နှစ် )
စွမ်းဆောင်မှုရမှတ် - ၁၁၂၅မှတ်
သိုလှောင်နေရာ - ၁၀၀၉၉ ကုဗမီတာ
ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း
" အရင်နဲ့ မတူတော့ဘူး။ တကယ်ကြီးမားတဲ့ အသွင်ပြောင်းလဲမှုပဲ။ အစစ်အမှန်ချီက အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲသွားတယ်။ အမြန်နှုန်းက နတ်ရွေ့လျားမှုဖြစ်သွားတယ်။ ပြီးတော့ နတ်ဘုရားအာရုံကလည်း စိတ်ဝိညာဉ်ရှာဖွေတာကို လုပ်လို့ရသွားတယ်။ စွမ်းရည်အားလုံး ပြောင်းလဲသွားပြီး အရေအတွက် လျော့သွားပေမယ့် ငါ့ရဲ့ စွမ်းအားက အများကြီး တိုးတက်လာတယ်။ ဝိညာဉ်စွမ်းအားကတော့ ပြောင်းလဲရမယ့် အမှတ်ကို မရောက်သေးဘူး။ စွမ်းဆောင်မှုရမှတ်လည်း အတူတူပဲ။ " ကျောက်ဖုန်းက အလွန်ဝမ်းသာသွားသည်။
" စွမ်းရည်ပြောင်းလဲခြင်းအတွက် အဆင့်လေး ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "
" စွမ်းရည်အားလုံး ၅၀၀၀၀ တိုးသွားတဲ့အတွက် အဆင့်နှစ် ရတနာသေတ္တာငါးလုံး ရရှိပါတယ်။ "
" အဆင့်လေးရတနာသေတ္တာ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။
ဘုရင်ကို သတ်ဖြတ်ခြင်း သို့မဟုတ် ဝူအန်းကျွင်းဘွဲ့ရစဉ်ကပင် သူက အဆင့်သုံး ရတနာသေတ္တာသာ ရရှိခဲ့သည်။ သို့သော် ကျောက်ဖုန်းက အဆင့်လေးရတနာသေတ္တာကို တစ်ခါမှမရရှိခဲ့ဖူးပေ။
ကျောက်ဖုန်းက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ လက်ဝါးထဲမှ ယွမ်စွမ်းအားမျှင်တစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအားမျှင်တစ်ခုကပင် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
" တကယ် ပြင်းထန်တဲ့ စွမ်းအားပဲ။ စွမ်းအားမျှင်တစ်ခုတည်းက အစစ်အမှန်ချီအများကြီးနဲ့ နှိုင်းယှဉ်လို့ရတယ်။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ယွမ်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ မြောက်တက်စွားသည်။
" ရှန်းထုံအဆင့်က လေထဲမှာ ပျံသန်းနိုင်တာလား။ ဒါက နတ်စွမ်းရည်လား။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် တွေးလိုက်သည်။ စွမ်းရည်များ အသွင်ပြောင်းလဲပြီးနောက် သူက နဂါးနက်၏ နတ်စွမ်းရည်မပါဘဲ ပျံသန်းနိုင်နေပြီဖြစ်သည်။
" မဟုတ်ဘူး။ ပျံသန်းနိုင်ရုံလောက်နဲ့ သိုင်းတာအိုရဲ့ နတ်စွမ်းရည်လို့ ခေါ်လို့မရလောက်ဘူး။ " ကျောက်ဖုန်းက ပြန်ထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို လည်ပတ်စေကာ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည်။ အချိန်ခဏကြာသောအခါ သူက သူ၏ ဒန်တျန်ထဲတွင် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။
" ဒီမှာ အစေ့တစ်ခုရှိနေတယ်။ ဒါက နတ်စွမ်းရည်အစေ့လား။ " ကျောက်ဖုန်းက အံ့ဩသွားပြီး နတ်ဘုရာအာရုံနှင့် ၎င်းကို ထိလိုက်သည်။ ချက်ချင်းပင် သူက တစ်စုံတစ်ခုကို နားလည်သွားသည်။
" သိုင်းတာအိုနတ်စွမ်းရည်။ ငါ့ရဲ့ သိုင်းတာအိုနတ်စွမ်းရည်ကဘာလဲ။ " သူက ၎င်းကို ထိလိုက်သည့်အချိန်မှာပင် ကျောက်ဖုန်းက ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်သွားသည်။
အချိန်အတော်ကြာသွားခဲ့သည်။
ဝုန်း....
ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
" ငါက စစ်မြေပြင်ကလာတာ၊ ငါ့ရဲ့ လမ်းစဉ်က သတ်ဖြတ်ခြင်းပဲ။ အနာဂတ်မှာ ငါက အင်ပါယာတစ်ခုကို တည်ထောင်ပြီး စစ်မြေပြင်မှာ ရန်သူအားလုံးကို ချေမှုန်းမယ်။ သတ်ဖြတ်ခြင်းလမ်းစဉ်က ငါ့ရဲ့ နတ်စွမ်းရည်ပဲ။ " ကျောက်ဖုန်းက မျက်လုံးများ ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများမှ သွေးနီရောင်အလင်းတစ်ခု လင်းလက်လာပြီး သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။ သွေးနီရောင်အော်ရာက ခန်းမထဲတွင်သာမက ကောင်းကင်ထိပါ ဖုံးလွှမ်းသွားသည်။
ဝုန်း ဝုန်း....
ကိုယ်ရံတော်များက ခန်းမကို ကြည့်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့က ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရပြီး ခုခံလိုစိတ်ပင်မရှိတော့ပေ။
" အရှင် အဆင့်တက်နေတယ်။ ဘယ်သူမှ မနှောက်ယှက်စေနဲ့။ ခန်းမကို ဝိုင်းထားလိုက်။ " ကျန်းမင်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ကိုယ်ရံတော်အားလုံးက ချက်ချင်း စုရုံးလာကြပြီး ခန်းမကို ဝန်းရံလိုက်ကြသည်။
ထိုထူးဆန်းသော ဖြစ်ရပ်က ရှန်းယန်ပြည်သူများကိုပါ အာရုံစိုက်လာစေခဲ့သည်။ သွေးနီရောင်အော်ရာ ထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခုလုံးက သွေးရောင်ပြောင်းလဲသွားခဲ့သည်။ သွေးနီရောင်သတ်ဖြတ်ခြင်းအော်ရာက သွေးနီရောင်တိမ်တိုက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ကျောက်ဖုန်း၏ စံအိမ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရှန်းယန်မြို့တစ်ခုလုံးက သွေးနီရောင်တိမ်တိုက်၏ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ ချင်နန်းတော်ပင် မလွတ်မြောက်နိုင်ပေ။ ရှန်းယန်ပြည်သူများက သွေးနီရောင်တိမ်တိုက်ကို မြင်လိုက်ရပြီး ချက်ချင်း ထိတ်လန့်သွားကြသည်။
ကံကောင်းသည်မှာ ထိုသွေးနီရောင်တိမ်တိုက်က ရှန်းယန်မြို့တစ်ဝက်ကို ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ အကယ်၍ ကျောက်ဖုန်း၏ စံအိမ်တစ်ခုတည်းသာ ဖြစ်လျှင် အာရုံစိုက်မှုများစွာ ခံရမည်မှာသေချာသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့