← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈)

ကျန်းထိုင်နန်းဆောင်။

ရင်ကျန့်က ဆူညံသံများကို ကြားလိုက်ရသောအခါ လက်ထဲမှ အစီရင်ခံစာကို ချပြီး ခန်းမအပြင်ဘက်သို့ ကြည့်လိုက်သည်။

" ဘာဖြစ်နေတာလဲ။ "

" အရှင်မင်းကြီး ကောင်းကင်ဖြစ်စဉ်ကြောင့်ပါ။ သွေးနီရောင်တိမ်တိုက်တစ်ခုက ရှန်းယန်မြို့တစ်ဝက်ကို ဖုံးလွှမ်းသွားပြီး နန်းတော်ကလည်း အဲ့ဒီသွေးနီရောင်တိမ်တိုက်ရဲ့ ဖုံးလွှမ်းခြင်း ခံလိုက်ရပါတယ်။ "ရန်ရှောင်က ပြန်ဖြေလိုက်သည်။

" သွေးနီရောင်တိမ်တိုက်။ " ရင်ကျန့်က အံ့ဩသွားပြီး ခန်းမအပြင်ဘက်သို့ ကြည့်လိုက်သည်။ အစက နေရောင်ခြည်က ခန်းမထဲသို့ ဝင်ရောက်နေခဲ့သော်လည်း ယခုအခါ အလွန်ထူးဆန်းသည့် သွေးရောင်အလင်းများသာ ရှိတော့သည်။

" အရှင်မင်းကြီးကိုယ်တိုင် ကြည့်သင့်ပါတယ်။ " ရန်ရှောင်က ပြောလိုက်သည်။

ရင်ကျန့်က ချက်ချင်းထရပ်ပြီး ခန်းမအပြင်ဘက်သို့ ထွက်သွားသည်။ သူက ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် သွေးနီရောင်တိမ်တိုက်တစ်ခုက ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

" ဘာလို့ဒိလိုဖြစ်ရတာလဲ။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။

ဤခေတ်တွင် ကောင်းကင်ဖြစ်စဉ်များကို နက်ရှိုင်းစွာ ယုံကြည်ထားကြပြီး ကောင်းကင်ဖြစ်စဉ်တိုင်းက အရေးကြီးသော ဖြစ်ရပ်တစ်ခုကို ညွှန်ပြနေသည်။

" အရှင်မင်းကြီး ဒီကိစ္စအတွက် နက္ခတ်ဗေဒဝန်ကြီးကို ခေါ်တာ ပိုသင့်တော်မယ်ထင်ပါတယ်။ " ရန်ရှောင်က အကြံပြုလိုက်သည်။

" ချက်ချင်း ဆင့်ခေါ်လိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

သို့သော် ရင်ကျန့်မဆင့်ခေါ်မီ နက္ခတ်​ေဗဒဝန်ကြီးက ရောက်လာခဲ့သည်။

" နက္ခတ်ဗေဒဝန်ကြီးချန်ယိ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်။ "

" ဝင်ခဲ့။ " ရင်ကျန့်က ပြန်ပြောလိုက်သည်။

မကြာမီ ချန်ယိက ရောက်လာပြီး ရင်ကျန့်ကို ဂါရဝပြုလိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "

" ဒီကောင်းကင်ဖြစ်စဉ်က ရုတ်တရက်ပေါ်လာတာ ဘာကိုညွှန်ပြနေတာလဲ။ " ရင်ကျန့်က သွေးနီရောင်တိမ်တိုက်ကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ဒီကောင်းကင်ဖြစ်စဉ်က ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ညွှန်ပြနေပါတယ်။ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။ " ချန်ယိက လေးနက်စွာ ပြောလိုက်သည်။

" ကြီးမားတဲ့ ကပ်ဘေး။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။

ကပ်ဘေးက လူလုပ်ကပ်ဘေးနှင့် သဘာဝကပ်ဘေးတို့ရှိသည်။ သဘာဝကပ်ဘေးက လူသားတို့၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ လူလုပ်ကပ်ဘေးက ကပ်ရောဂါ သို့်ဟုတ် စစ်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

ဝုန်း....

ထိုအချိန်တွင် ကောင်းကင်မှ သွေးနီရောင်တိမ်တိုက်က ရုတ်တရက် ကျုံ့ဝင်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် လုံးဝမရှိသကဲ့သို့ နေရောင်ခြည်များ ကျရောက်လာသည်။

ကျောက်စံအိမ်။

သတ်ဖြတ်လိုစိတ်နှင့် သွေးနီရောင်စွမ်းအားများက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုစည်းသွားခဲ့သည်။ နောက်ဆုံးတွင် နတ်စွမ်းရည်အစေ့နှင့် ပေါင်းစပ်သွားသည်။

ကျောက်ဖုန်းကို ​ဗဟိုပြု၍ မမြင်ရသော သွေးရောင်အကာအရံတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ ပေတစ်ရာ ပေနှစ်ရာ မျင်စိတစ်မှိတ်အတွင်း ၎င်းက ပေတစ်ထောင်ကို တိုက်ရိုက်ဖုံးလွှမ်းသွားသည်။ ကျောက်စံအိမ်နှင့် ပတ်ဝန်းကျင်အိမ်များကိုပါ ဖုံးလွှမ်းသွားသည်။

" သတ်ဖြတ်ခြင်းနယ်ပယ် ငါ့ရဲ့ နယ်ပယ်အောက်က အရာအားလုံးကို ငါထိန်းချုပ်နိုင်တယ်။ ပြီးတော့ ငါက ရန်သူကို အနိုင်ယူဖို့ သတ်ဖြတ်ခြင်းအော်ရာကို စုစည်းနိုင်တယ်။ ဒီနယ်ပယ်က ရန်သူကို ဖိနှိပ်လို့ရတယ်။ ငါ့ထက် အဆင့်သာရင်တောင် ဒီနယ်ပယ်ရဲ့ ဖိနှိပ်မှုကို ခံရလိမ့်မယ်။ သတ်ဖြတ်ခြင်းနယ်ပယ်ထဲမှာ ငါက နေရာတိုင်းကို သွားနိုင်တယ်။ " ကျောက်ဖုန်းက နယ်ပယ်၏ စွမ်းအားကို အပြည့်အဝ နားလည်သွားသည်။

ထိုနယ်ပယ်ပေါင်းစပ်မှုနှင့်အတူ ကျောက်ဖုန်းက သူ၏ နတ်စွမ်းရည်များကို သိရှိသွားခဲ့သည်။ သူက စစ်မှန်သော ရှန်းထုံအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။

" နတ်စွမ်းရည်တစ်ခုကို နားလည်သွားတဲ့အတွက် အဆင့်သုံး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။ ထို့နောက် နတ်စွမ်းရည်နှင့် ပက်သက်သော အချက်အလက်များလည်း ထွက်ပေါ်လာခဲ့သည်။

သတ်ဖြတ်ခြင်းနယ်ပယ် - ပေတစ်ထောင်အကွာအဝေးကို ဖုံးလွှမ်းနိုင်ပြီး စွမ်းအားတိုင်းလာတာနဲ့ အကွာအဝေးကလည်း တိုးလာမယ်။ နယ်ပယ်အတွင်း ဝင်ရောက်လာတဲ့ ရန်သူမှန်သမျှ စွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်း ဖိနှိပ်ခြင်းခံရပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်။ နယ်ပယ်အတွင်းမှာ သတ်ဖြတ်ခြင်းအော်ရာ၊ သတ်ဖြတ်ခြင်းစွမ်းအားနဲ့ သွေးချီတို့ကို စုစည်းန်ုင်တယ်။

" ရှန်းထုံအဆင့် နတ်စွမ်းရည်။ ငါ့ရဲ့ ဒီနတ့စွမ်းရည်က ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ ပြီးတော့ အဆင့်သုံး ရတနာသေတ္တာလည်း ရလိုက်သေးတယ်။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။ အဆင့်လေး ရတနာသေတ္တာတစ်လုံး၊ အဆင့်သုံး ရတနာသေတ္တာတစ်လုံး၊ အဆင့်နှစ်ရတနာသေတ္တာနှစ်လုံး။

ထို့အပြင် သူ၏ စွမ်းအားကလည်း များစွာ တိုးတက်သွားခဲ့သည်။ ယခုအချိန်တွင် အဆင့်မတက်မီက သူ့ကို ယခုသူက တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။

ကျောက်ဖုန်း၏ စွမ်းအားများ သုံးလအတွင်း တစ်သိန်းအထိ မြှင့်တင်နိုင်ခဲ့ခြင်းမှာ ချီကံကြမ္မာကြောင့်လည်း ပါဝင်သည်။ သူက ယခင် ချင်ဘုရင်ကို စစ်ဆေးရန် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ချိန်တွင် အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားတစ်ခုကို ခံစားမိခဲ့သည်။ ၎င်းက ချီကံကြမ္မာပင်ဖြစ်သည်။ ၎င်းက ဘုရင်များကို ကာကွယ်ရန် ပေးအပ်ထားခြင်းဖြစ်သည်။

ကျောက်ဖုန်းက ယန်ဘုရင်နှင့် တုန်ဟူဘုရင်တို့ကို သတ်နိုင်ခဲ့သည့်အကြောင်းရင်းမှာ စစ်မြေပြင်နှင့် စစ်ပွဲကြောင့်ဖြစ်သည်။ နိုင်ငံနှစ်ခု စစ်ဖြစ်နေခြင်းဖြစ်သောကြောင့် ချင်နိုင်ငံ၏ ချီကံကြမ္မာကို သယ်ဆောင်ထားသော စစ်တပ်က ရန်သူ၏ ချီကံကြမ္မာကို ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။ ရန်သူ၏ နယ်မြေကို သိမ်းပိုက်လိုက်သည်နှင့်အမျှ ချီကံကြမ္မာက တဖြည်းဖြည်း အားနည်းသွားပြီး ချင်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ ၎င်းက ချီကံကြမ္မာ၏ ကဏ္ဍတစ်ခုဖြစ်သည်။

ကျောက်ဖုန်းက ချင်နိုင်ငံ၏ အဆုံးသတ်တွင် သူ၏ မင်းဆက်ကို တည်ထောင်လိုသည့် အကြောင်းရင်းမှာ ချီကံကြမ္မာကို လိုချင်သောကြောင့်ဖြစ်သည်။ ၎င်းက သူ ပိုမိုသန်မာလာစေရန် နည်းလမ်းတစ်လုဖြစ်သည်။ သူက အနာဂတ်တွင် ချီကံကြမ္မာကို ကောင်းကောင်းထိန်းချုပ်နိုင်လျှင် သက်တမ်းကို ဖိနှိပ်ထားသော စည်းမျဉ်းကိုလည်း ချိုးဖျက်နိုင်လိမ့်မည်ဟု ခံစားနေရသည်။

သို့သော် ၎င်းက ကျောက်ဖုန်း၏ အစီအစဉ်သာဖြစ်သည်။ ယခုအချိန်တွင် ချင်ဘုရင်က ကျန်းမာနေဆဲ ဖြစ်ပြီး ချင်နိုင်ငံ၏ အဆုံးသတ်က ဝေးကွာနေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ချင်ဘုရင်က အဆိပ်ဆေးလုံးများကို မသောက်သုံးတော့သဖြင့် ချင်နိုင်ငံ၏ အဆုံးသတ်က နောက်ဆုတ်သွားပြီဖြစ်သ​ည်။

ယခုအချိန်တွင် ကျောက်ဖုန်းက ချင်ဘုရင်ကို မှီခိုပြီး စွမ်းရည်များစုဆောင်းကာ သူ့ကိုသူ သန်မာအောင် လုပ်ရမည်ဖြစ်သည်။ ထို့အပြင် ရှန်းကျိုးနှင့် ဤကမ္ဘာ၏ လျို့ဝှက်ချက်များကို ရှာဖွေရမည်ဖြစ်သည်။

သို့သော် ကျောက်ဖုန်း မသိသည်မှာ သူ ရှန်းထုံအဆင့်ကို တက်လှမ်းပြီး သူ၏ သိုင်းတာအိုနတ်စွမ်းရည်ကို စုစည်းလိုက်သည့် အချိန်တွင်။

ဝေနယ်မြေအတွင်းရှိ တောင်တန်းများကြားမှ တောင်ထိပ်တစ်ခုရှိနေပြီး ထိုတောင်ပေါ်မှ ကြည့်လျှင် အခြားတောင်များအားလုံးက တောင်ကုန်းလေးများသဖွယ်ဖြစ်သွားနေသည်။

ထိုနေရာတွင် အဖြူရောင်ဆံပင်များနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က လက်နောက်ပစ်၍ ရပ်နေပြီး သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။

" ဒီစွမ်းအားက ဘာလဲ။ လူသားနယ်မြေမှာ ဟင်းလင်းပြင်ပြန်ခြင်းအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားတစ်ခု ဘယ်လိုလုပ်ရှိနေတာလဲ။ ပြီးတော့ အဲ့ဒါက ချင်နိုင်ငံက လာတာပဲ။ လူသားနယ်မြေမှာ လူသားတာအိုချီကံကြမ္မာကျန်နေသေးတာမလို့ နတ်ဆိုးမျိုးစေ့တွေ ဝင်လာနိုင်စွမ်းမရှိဘူး။ နတ်ဆိုးမျိုးစေ့ကို စိတ်ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲထားတဲ့ ကျင့်ကြံသူအတုတွေဆို ပိုတောင်ဝင်လို့မရဘူး။ ဒါပေမယ့် အဲ့ဒီနေရာမှာ ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ်ရှိနေတာလဲ။ ထူးဆန်းတယ် ထူးဆန်းတယ်။ " အဘိုးအိုက ရှန်းယန်မြို့ရှိရာသို့ ကြည့်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

၎င်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ခဏစဉ်းစားပြီးနောက် အဘိုးအိုက မျက်လုံးများဖွင့်ပြီး ရုတ်တရက် မန္တန်လက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် စွမ်းအားများက သူ၏ လက်ထဲတွင် စုစည်းသွားသည်။

အကယ်၍ ကျောက်ဖုန်းသာ မြင်တွေ့ခဲ့လျှင် ထိုစွမ်းအားက အစစ်အမှန်ချီမဟုတ်ဘဲ အခြားစွမ်းအားတစ်ခုဖြစ်သည်ကို သိပေလိမ့်မည်။ သူရှာဖွေနေသော ကျင့်ကြံသူများက အမှန်တကယ် ရှိနေပြီး တောင်တန်းများကြားတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။

" ကောင်းကင်လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း။ " အဘိုးအိုက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ စွမ်းအားများက အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှ သစ်ပင်များပင် ထိုစွမ်းအားကြောင့် တုန်ခါသွားခဲ့သည်။ ထို့နောက် သူ၏ လက်ကို အပေါ်သို့ မြှောက်လိုက်သည်နှင့် စွမ်းအားက ကောင်းကင်သို့ ထိုးဖောက်သွားသည်။ အဘိုးအို၏ စိတ်အသိကလည်း ထိုစွမ်းအားနှင့်အတူ ကောင်းကင်နှင့် ပေါင်းစပ်သွားသည်။ ခဏကြာသောအခါ...

" ဖူး..." အဘိုးအို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ ကြောက်စရာကောင်းသော အရှိန်အဝါကလည်း ချက်ချင်း ​ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။

သို့သော် သူက သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်ပြီး တောင်ထိပ်ပေါ်တွင် ထိုင်ကာ သူ့ကိုသူ ကုသလိုက်သည်။

" ဟူး..." အဘိုးအိုက သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာက သွေးရောင်လွှမ်းလာသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters