← Chapters

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း (၄၁၉)

" စိတ်ဝင်စားစရာပဲ။ လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အင်မော်တယ်ဖြစ်လာတဲ့ ငါတောင်မှ ဒီအရှိန်အဝါရဲ့ နောက်က လူရဲ့ ဇစ်မြစ်ကို ဟောကိန်းထုတ်လို့မရဘူး။ ကောင်းကင်တာအိုက ရှုပ်ထွေးပြီး ဟောကိန်းထုတ်ဖို့ ခက်ခဲတယ်။ ငါက တန်ပြန်မှုကိုလည်း ခံလိုက်ရတယ်။ "

" ဒီလူက ကြီးမားတဲ့ ချီကံကြမ္မာပိုင်ရှင်ဖြစ်ရမယ်။ ပြီးတော့ သူက လူသားတွေကြားထဲမှာ ပုန်းကွယ်နေတာဆိုတော့ နတ်ဆိုးမျိုးစေ့ရှိတဲ့သူတော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် လူသားမျိုးနွယ်ရဲ့ ချီကံကြမ္မာကြောင့် အစောကြီးကတည်းက ချေမှုန်းခံလိုက်ရလိမ့်မယ်။ ဒီနေ့ ကမ္ဘာမှာ အင်မော်တယ်အတုတွေက အဆုံးမရှိ သတ်ဖြတ်ဝါးမြိုနေကြတယ်။ အင်မော်တယ်တွေကတော့.... အနာဂတ်မှာ ရှိတော့မှာမဟုတ်ဘူး။ " အဘိုးအိုက သက်ပြင်းချလိုက်သည်။

ခဏကြာသောအခါ သူက ထပ်မံဟောကိန်းထုတ်ခြင်းမပြုတော့​ဘဲ ရှန်းယန်မြို့ရှိရာသို့ ကြည့်လိုက်သည်။

" အဲ့ဒီကောင်လေး လူသားနယ်မြေကိုသွားတာ နှစ်နှစ်ဆယ်နီးပါး ရှိနေပြီ။ သူက ချင်မြို့တော်မှာ ရှိနေတာဆိုတဲ့ အဲ့ဒီထူးခြားတဲ့ ချီကံကြမ္မာပိုင်ရှင်ကို စောင့်ကြည့်ဖို့ သူ့ကို တာဝန်ပေးလို့ရလောက်တယ်။ အဲ့ဒါဆို အဲ့ဒီလူကို ရှာဖွေနိုင်လောက်တယ်။ လက်ရှိ နတ်ဆိုးမျိုးစေ့အင်မော်တယ်အတုတွေ စိုးမိုးထားတဲ့ကမ္ဘာမှာ အောင်မြင်အောင် ကျင့်ကြံနိုင်တာက ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။ "

" ငါ ဒီနေရာမှာ ဆက်ပြီး ပုန်းမနေချင်တော့ဘူး။ နောက်ထပ်လည်း မဆုတ်ခွာချင်တော့ဘူး။ ရှန်းကျိုးနယ်မြေရဲ့ အနာဂတ်က ဆက်ပြီး ရှုပ်ထွေးနေဦးမယ်ဆိုရင် ချီကံကြမ္မာက နောက်ဆုံးမှာ ကုန်ဆုံးသွားလုံးမယ်။ နောက်ဆုံးမှာ အရာအားလုံးက ပျက်စီးခြင်းကို စိုက်ရောက်လိမ့်မယ်။ " အဘိုးအိုက သက်ပြင်းချလိုက်သည်။ သူက လူသားအားလုံးထက် ကျော်လွန်သော လျို့ဝှက်ချက်ကြီးတစ်ခုကို သိထားပုံရသည်။

ရှန်းယန်မြို့။

ကျောက်ဖုန်းက သူ့ကြောင့်ဖြစ်ပေါ်ခဲ့သော ကောင်းကင်ဖြစ်စဉ်က မည်မျှကြီးမားသည်ကို မသိသေးပေ။ အမှန်တော့ အဆင့်တက်ခြင်းနှင့် နတ်စွမ်းရည်တို့ကို နားလည်နေချိန်တွင် ကျောက်ဖုန်းက ရပ်တန့်နိုင်စွမ်းမရှိပေ။ ကျောက်ဖုန်းက သူ၏ စွမ်းအားများကို ပြန်လည်ရုပ်သိမ်းပြီး ရတနာသေတ္တာများကို ကြည့်လိုက်သည်။ ရတနာသေတ္တာများမှ ဆုလာဘ်များက တိုက်ဆိုင်မှုကြောင့်သာ ရရှိခြင်းဖြစ်ပြီး အဆင့်မြင့် ရတနာများ ရရှိနိုင်ခြေ နည်းပါးသည်။

" အဆင့်နှစ် ရတနာသေတ္တာတွေကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ရတနာသေတ္တာများကို ဖွင့်နေပါပြီ။ "

" အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ ရရှိပါတယ်။ "

" မြေကြီးအဆင့် အဆင့်မြင့် သိုင်းမိစ္ဆာကျင့်စဉ်ကို ရရှိပါတယ်။ "

" မဆိုးဘူး။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ငါမသုံးရင်တောင် ယန်အာအတွက် အသုံးဝင်လာနိုင်တယ်။ ဒီသိုင်းမိစ္ဆာကျင့်စဉ်ကတော့ နဂါးဆင်ကျမ်းထက် အဆင့်မြင့်တယ်။ " ကျောက်ဖုန်းက ကျေနပ်သွားပြီး ကျန်ရှိသော ရတနာသေတ္တာနှစ်လုံးကို ကြည့်လိုက်သည်။

" ကျန်တဲ့ ရတနာသေတ္တာတွေကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်သုံး ရတနာသေတ္တာတွေ ဖွင့်နေပါပြီ။ "

" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "

" အဆင့်လေး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" ပျက်စီးနေသော ကမ္ဘာငယ်ကို ရရှိပါတယ်။ "

ကျောက်ဖုန်းက ဆုလာဘ်များကို ကြည့်ပြီး အံ့အားသင့်သွားသည်။

" ပျက်စီးနေတဲ့ ကမ္ဘာငယ်တစ်ခုလား။ ငါထင်တဲ့အရာလား။ " ကျောက်ဖုန်းက မယုံကြည်နိုင်ဖြစ်သွားပြီး ၎င်းကို ချက်ချင်း ထုတ်ယူလိုက်သည်။

ရုတ်တရက် အလင်းလုံးတစ်ခုက ကျောက်ဖုန်း၏ ရှေ့တွင် ပေါ်လာသည်။ ကျောက်ဖုန်း၏ အမြင်တွင် ထိုအလင်းလုံးက ကျယ်ပြောသော မြေပြင်တစ်ခုနှင့် တူနေသည်။ ကျောက်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် အလင်းလုံးကို ထိလိုက်သည်။ အလင်းလုံးက တုန်ခါသွားပြီး ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ နောက်ခဏတွင် အလင်းလုံးက သူ၏ဒန်တျန်ထဲတွင် ပေါ်လာသည်။

" ပိုင်ရှင်မဲ့ ကမ္ဘာငယ်တစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ " စနစ်မှ အသိပေးချက် ပေါ်လာသည်။

ကျောက်ဖုန်းက အလင်းလုံးကို အာရုံစိုက်လိုက်သည်နှင့် သူ၏ စိတ်အသိက အလင်းလုံးထဲသို့ တိုက်ရိုက်ဆွဲယူခြင်းခံလိုက်ရသည်။ ပျက်စီးနေသော ကမ္ဘာငယ်တစ်ခုက သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။ မိုင်တစ်ထောင်ကျယ်ဝန်းသော မြေပြင်တွင် အက်ကြောင်းများ၊ လောင်ကျွမ်းနေသော နေရာများ၊ ပျက်စီးပြိုကျနေသော တောင်တန်းများနှင့် အလင်း‌‌‌ရောင် အနည်းငယ် ရှိနေသည်။ ကမ္ဘာတစ်ခုလုံးက အသက်စွမ်းအားများ လုံးဝကင်းမဲ့နေပြီး ‌ရေပင် မရှိပေ။ ထိုကမ္ဘာက ယခင်ကတည်းက ဖျက်စီးခံထားရပုံပေါ်ပြီး ယခုမူ မိုင်တစ်ထောင်သာ ရှိတော့သည်။

" ဒါက တကယ်ကမ္ဘာတစ်ခုပဲ။ ငါက ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ။ " ကျောက်ဖုန်းက ကမ္ဘာအတွင်းရှိအရာများကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ ဤကမ္ဘာက ပျက်စီးနေပြီး အသက်မဲ့နေသော်လည်း အနည်းဆုံးတော့ ကမ္ဘာတစ်ခုဖြစ်နေသည်။

" ငါဒီကမ္ဘာထဲကို ဝင်လို့ရလား။ ဒီကမ္ဘာက သက်ရှိတွေကို ထောက်ပံ့နိုင်ပါ့မလား။ " ကျောက်ဖုန်းက သံသယများဖြင့် တွေးလိုက်သော်လည်း သူမလုပ်နိုင်သည်ကို တွေ့လိုက်ရသည်။ သူက စိတ်အသိဖြင့် ထိုကမ္ဘာထဲသို့ ဝင်‌ရောက်ပြီး ကမ္ဘာထဲရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သော်လည်း သူ၏ ရုပ်ခန္ဓာက ဝင်မရပေ။

" ဝင်လို့မရဘူး။ ပြီးတော့ ဒီကမ္ဘာက ဘာထူးခြားမှုမှလည်း မရှိဘူး။ နိယာမတွေလည်းမရှိ စိတ်ဝိညာဉ်စွမ်းအားလည်းမရှိတဲ့ ကမ္ဘာတစ်ခုပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ဤပျက်စီးနေသော ကမ္ဘာတွင် သူ၏ စိတ်အသိက ကောင်းကင်တာအိုနှင့် တူညီသည်။ သို့သော် ကောင်းကင်တာအိုက ကောင်းကင်တာအိုနှင့် သက်ဆိုင်သော စွမ်းအားများ ကင်းမဲ့နေသည်။ အကြောင်းမှာ ဤကမ္ဘာက ပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး နိယာမများလည်း မရှိကာ ယခင်ကောင်းကင်တာအိုကလည်း ပြိုလဲသွားပုံရသည်။

" ဒါက ဘာအတွက်သုံရမှာလဲ။ ဒါပေမယ့် ငါမဝင်နိုင်တာ ဒီကမ္ဘာက ငါ့ရဲ့ ဒန်တျန်ထဲကို ပေါင်းစပ်သွားလို့ဖြစ်နိုင်တယ်။ ဒါဆို အခြားအရာတွေက ဝင်နိုင်မှာပေါ့။ " ကျောက်ဖုန်းက တွေးလိုက်ပြီး သူ၏ စိတ်ထဲတွင် အကြံတစ်ခုပေါ်လာသည်။

ဝုန်း....

ခန်းမထဲတွင် ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအားမျာ ထွက်ပေါ်လာပြီး ဆယ်မီတာကျော်ရှည်လျားသည့် နဂါးနက်တစ်ကောင်က ကျောက်ဖုန်း၏ ‌ရှေ့တွင် ပေါ်လာသည်။ ယခင်က သေးငယ်သော နဂါးလေးက ယခုအခါ နတ်နဂါးနှင့် ဆင်တူသော် သတ္တဝါတစ်ကောင် ဖြစ်လာသည်။ နတ်နဂါးက မြင့်မြတ်သော သတ္တဝါဖြစ်သော်လည်း ဤနဂါးနက်ကတော့ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။ သို့သော် နဂါးနက်က ကျောက်ဖုန်း၏ ရှေ့တွင် အလွန်နာခံနေသည်။

" မခုခံနဲ့။ ငါမင်းကို နေရာတစ်ခုဆီ ပို့ပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး သူ၏ နတ်ဘုရားအာရုံက နဂါးနက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူက ကမ္ဘာငယ်ကို အသက်သွင်းလိုက်သည်။

ဟင်းလင်းပြင်တုန်ခါမှုများ ထွက်ပေါ်လာပြီး နဂါးနက်က ပျောက်ကွယ်သွားကာ ပျက်စီးနေသော ကမ္ဘာငယ်ထဲတွင် ပေါ်လာသည်။ ကျောက်ဖုန်း၏ စိတ်အသိက ချက်ချင်း ကြည့်ရှုလိုက်သည်။ နဂါးနက်က လေထဲတွင် ပျံသန်းနေပြီး ကမ္ဘာငယ်ကို လေ့လာနေသည်။

" သူ အသက်ရှင်နိုင်တာပဲ။ နဂါးနက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်လား။ ဒါပေမယ့် ဒီကမ္ဘာက အသက်စွမ်းအားမရှိပေမယ့် သက်ရှိတွေကို ထောက်ပံ့နိုင်တဲ့ပုံပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ထိုပျက်စီးနေသော ကမ္ဘာငယ်က အဆင့်လေးရတနာသေတ္တာမှ ရရှိသောကြောင့် အသုံးမဝင်သည်တော့ မဖြစ်နိုင်ပေ။ မိုင်တစ်ထောင်ကျယ်ဝန်းသော နယ်မြေက နိုင်ငံငယ်လေးတစ်ခုနှင့် ဆင်တူသည်။ အကယ်၍ ကျောက်ဖုန်းက ထိုကမ္ဘာငယ်ကို အသက်စွမ်းအားရှိသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနိုင်လျှင် ကျောက်ဖုန်းက ကိုယ်ပိုင်ကမ္ဘာတစ်ခု တည်ဆောက်နိုင်ပြီး ရှန်းကျိုးနယ်မြေ၏ စည်းမျဉ်းချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ပြီး ထာဝရအသက်ရှည်ခြင်းက အိပ်မက်တစ်ခုမဟုတ်တော့ပေ။

" နေဦး။ စိတ်ဝိညာဉ်သွေးကြော အဲ့ဒါက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ပေးနိုင်တယ်မဟုတ်လား။ စိတ်ဝိညာဉ်သွေးကြောကို ဒီကမ္ဘာထဲ ထည့်လိုက်ရင် စိတ်ဝိညာဉ်စွမ်းအား ပြန်ရလာတဲ့အခါ ဒီကမ္ဘာက အသက်စွမ်းအားတွေ ပြန်ရနိုင်မလား။ " ကျောက်ဖုန်းက အဆင့်သုံး ရတနာသေတ္တာမှ ရရှိသော အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောအကြောင်းကို သတိရသွားသည်။

သူ၏ စိတ်အသိက ကမ္ဘာငယ်ဆီသို့ ပြန်သွားလိုက်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ထုတ်ယူလိုက်သည်။ နဂါးပုံစံအလင်းတန်းတစ်ခုက ကမ္ဘာငယ်ထဲတွင် ပေါ်လာပြီး အလယ်သို့ တိုးဝင်သွားသည်။ ထိုစိတ်ဝိညာဉ်သွေးကြောက မြေပြင်ပေါ်သို့ ရောက်ရှိသောအခါ တုန်ခါမှုမရှိဘဲ မြေကြီးထဲသို့ တိုက်ရိုက်ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ စိတ်ဝိညာဉ်သွေးကြော ပေါင်းစပ်သွားသည်နှင့် မူလက လောင်ကျွမ်းနေသော မြေဆီလွှာများက အသက်စွမ်းအားများ ပြည့်ဝလာပြီး တဖြည်းဖြည်း သာမန်မြေပြင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အသက်စွမ်းအားများက လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားရန် အချိန်သိပ်မလိုလိုက်ပေ။ လောင်ကျွမ်းနေသော မြေဆီလွှာများက ပျောက်ကွယ်သွားပြီး ကမ္ဘာငယ်က စိတ်ဝိညာဉ်စွမ်းအားပင် တဖြည်းဖြည်း ရရှိလာသည်။ စိတ်ဝိညာဉ်စွမ်းအားက မည်သည့်ကမ္ဘာအတွက်မဆို အသက်စွမ်းအားဖြစ်သည်။

ကျောက်ဖုန်းက အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြော၏ တန်ဖိုးကို မသိသော်လည်း ၎င်းတစ်ခုတည်းက ကမ္ဘာငယ်၏ စိတ်ဝိညာဉ်စွမ်းအားကို အဆပေါင်းများစ့လာကို တိုးတက်စေခဲ့သည်။

" ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲ။ ဒီစိတ်ဝိညာဉ်သွေးကြောက တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား။ " ကျောက်ဖုန်းက ကမ္ဘာငယ်၏ အပြောင်းအလဲများကို ကြည့်ပြီး ပြုံးလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအားများရှိလျှင် သက်ရှိများ ရှင်သန်နိုင်ပေလိမ့်မည်။ အနာဂတ်တွင် ကျောက်ဖုန်းက အသေခံစစ်သည်များကို လေ့ကျင့်ရာတွင် ထိုကမ္ဘာငယ်က အလုံခြုံဆုံးနေရာဖြစ်ပေလိမ့်မည်။

" ဝေါင်း..." နဂါးနက်က တစ်ချက်ဟိန်းဟောက်လိုက်ပြီး ကမ္ဘာငယ်တွင် နေလိုကြောင့် ပြောလိုက်သည်။

" မင်းနေချင်လည်း နေပေါ့။ အနာဂတ်ကျရင် မင်းအတွက် အစာတွေ ငါ ပြင်တင်ပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထို့နောက် သူ၏ စိတ်အသိက ကမ္ဘာငယ်မှ ပြန်လည်ရုတ်သိမ်းလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters