← Chapters

အမတဧကရာဇ်၏ ကံတရား အထောက်အပံ့၊ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ နောက်ဆုံးအဆင့်

Vol. 12 Ch. 162

အမတဧကရာဇ်၏ ကံတရား အထောက်အပံ့၊ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ နောက်ဆုံးအဆင့်

Vol. 12 Ch. 162

အခန်း (၁၆၂) အမတဧကရာဇ်၏ ကံတရား အထောက်အပံ့၊ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ နောက်ဆုံးအဆင့်

‘ကောင်းကင်စစ်သူကြီးနဲ့ စစ်သားတွေကို သတ်ပြီး ကောင်းကင်ရုံးတော်က သိမ်းသွင်းတာကို စောင့်ရမှာလား’ ဟန်ကျွယ်ဟာ ချီယွင်ရှန်းကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် ‘သူ အတည်ပြောနေတာလား’

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မျောက်ဘုရင် စွန်းဝူခုန်းကို သတိရသွားပါတယ်။ ဒါပေမဲ့ စွန်းဝူခန်းက နောက်ခံကြီးကြီးမားမားရှိပြီး ဟန်ကျွယ်မှာက ဘာနောက်ခံမှ မရှိပါဘူး။

‘ဒီကိစ္စက အရမ်း အန္တရာယ်များတယ်၊ ငါ မလုပ်တာ ပိုကောင်းလိမ့်မယ်’

ချီယွင်ရှန်းက အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း အဲဒီလိုမလုပ်ရဲဘူးဆိုရင် ငါနဲ့အတူ ကောင်းကင်ရုံးတော်ကို လိုက်ခဲ့ချည်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “တစ်ခြားနည်းလမ်း မရှိတော့ဘူးလား”

“မရှိတော့ဘူး၊ ဒီနည်းလမ်းကပဲ မင်းတပည့်တွေကို ကယ်တင်နိုင်လိမ့်မယ်”

“ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ဘယ်အချိန် ရှင်းလင်းမှာလဲ”

“အနည်းဆုံး နှစ်သုံးလေးရာအတွင်း မဟုတ်ရင်တော့ နှစ်တစ်ထောင်ပဲ”

“ကျွန်တော် စဉ်းစားလိုက်အုန်းမယ်”

“အင်း”

ချီယွင်ရှန်းဟာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြယ်ပင်လယ်တစ်ခုလုံး ပြိုကွဲထွက်သွားပြီး ဟန်ကျွယ်ရဲ့သိစိတ်ဟာ သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်ပါတယ်။ အတန်ကြာစဉ်းစားပြီးနောက် ဟန်ကျွယ်ဟာ သူ့အစ်ကိုတော်ကို မေးမြန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချက်ချင်းပဲ ဟန်ကျွယ်ဟာ ဓားတာအိုကို သုံးသပ်လိုက်ပါတယ်။

ဆယ်ရက်အကြာမှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို ရောက်သွားပါတယ်။ အခုဆိုရင် ဓားတာအိုမြစ်ဟာ ဟန်ကျွယ်ရဲ့ အိမ်လို ဖြစ်နေပါပြီ။ ဟန်ကျွယ်ဟာ ကျန့်ကူရှင်းကို ရှာပြီး ကောင်းကင်ရုံးတော်ရဲ့ ရှန်စစ်သူကြီးအကြောင်း မေးမြန်းပါတယ်။ ချီယွင်ရှန်းကိုတော့ ဟန်ကျွယ်က ရောင်းမစားပါဘူး။ ချီယွင်ရှန်းက ဟန်ကျွယ် ဒီလောက်အများကြီး ပြောပြထားတာ ဟန်ကျွယ်သာ သူ့ကို ရောင်းစားမယ်ဆိုရင် လူ မဟုတ်တော့ပါဘူး။ နောက်ပြီး ချီယွင်ရှန်းကိုလည်း အပြစ်ပြုမိမှာပါ။

ကျန်းကူရှင်းဟာ အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “မင်းက ကောင်းကင်ရုံးတော်ရဲ့ ရှန်စစ်သူကြီးကို အတုယူချင်တာလား၊ ကောင်းကင်ဧကရာဇ်က အဲဒီလိုမျိုး စွမ်းအားကြီးတဲ့လူကို ချီးကျူးပြီး အားနည်းတဲ့လူကို အနိုင်ကျင့်တက်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်၊ ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီး အများစုက ကောင်းကင်ရုံးတော်နဲ့ ရန်သူဖြစ်ခဲ့ဖူးတာချည်းပဲ၊ ကောင်းကင်ဧကရာဇ်က သူတို့အရည်အချင်းကိုမြင်ပြီး ဖြစ်ခဲ့တာတွေကို ဂရုမစိုက်ဘဲ သူတို့ကို စည်းရုံးသိမ်းသွင်းပြီး ဆုလာဘ်တွေ အများကြီး ချီးမြှင်ခဲ့တယ်”

“မင်းဆန္ဒရှိရင် ဒီလမ်းကို ရွေးနိုင်တယ်၊ မင်းသာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးထဲ ဝင်သွားမယ်ဆိုရင် ပြဒါးငှက်က ဘာမှလုပ်ရဲမှာ မဟုတ်တော့ဘူး၊ ကောင်းကင်ရုံးတော်က ပြဒါးငှက်မျိုးနွယ်စုနဲ့ ပြဿနာမတက်အောင် နေတယ်ဆိုပေမဲ့ ပါရမီရှင်ဆိုရင် အရမ်းဂရုစိုက်တယ်၊ ကောင်းကင်ဧကရာဇ်က ရှန်စစ်သူကြီးအတွက်နဲ့ ဗုဒ္ဓဂိုဏ်းကို ရန်စခဲ့လို့ အမတဘုံမှာ စစ်ဖြစ်လုနီးနီး ဖြစ်သွားဖူးတယ်”

“ဒါပေမဲ့ ဒီလမ်းကို ရွေးချယ်ဖို့က ခက်ခဲလိမ့်မယ်၊ နောက်ပြီး မင်းမှာ အချိန် သိပ်မရှိတော့ဘူး”

ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ကြိုးစားကြည့်ရမှာပေါ့၊ မရရင်လည်း ထွက်ပြေးရုံပေါ့”

ဟန်ကျွယ်ဟာ အနိုင်မရရင် ငရဲပြည်ကို ခုန်ဆင်းမှာပါ။ ကောင်းကင်ရုံးတော်က ငရဲပြည်ထိ လိုက်မယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ နောက်ဘုံတစ်ခုကို ထပ်ခုန်မှာပါ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် ပုန်းဖို့အတွက် နေရာတစ်ခုကတော့ ကျိန်းသေပေါက် ရှိနေမှာပါ။

“ကျွတ်..ကျွတ်... မင်းသာ အောင်မြင်သွားရင် မင်းအနာဂတ်က တောက်ပသွားပြီ၊ ကောင်းကင်ရုံးတော်က အမြဲမပြတ် ပြဿနာတက်နေတယ်ဆိုပေမဲ့ သူတို့က အထက်ဘုံမှာ အားကြီးအဆုံး အင်အားစုပဲ၊ နောက်ပြီး ကောင်းကင်ရုံးတော်က ကောင်းကင်တာအိုကို ကိုယ်စားပြုတယ်”

ကျန်းကူရှင်းဟ ပြုံးလိုက်ပြီး ဟန်ကျွယ်ကို ဒီအကြောင်းတွေ ဘယ်သူပြောလိုက်လဲဆိုတာ သိချင်သွားပါတယ်။ ဒီပြောလိုက်တဲ့လူက တော်တော်လေးကို သတ္တိကောင်းမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “သေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိအများစုက ဘာအမှားများ လုပ်ထားခဲ့လို့ အခုလို မျိုးတုံးသတ်ဖြတ်တာကို ရင်ဆိုင်ရတာလဲ၊ ကောင်းကင်တပ်က ကောင်းကင်ရုံးတော်အတွက် အသက်စွန့်ပြီး အမှုထမ်းတယ်၊ ဒါပေမဲ့ ပါရမီရှင်နဲ့တွေရင် ပုရွတ်ဆိတ်တစ်ကောင်လို လျစ်လျူရှုခံလိုက်ရရော၊ ဒီကောင်းကင်ရုံးတော်က ပြဿနာတွေ တော်တော်လေး ရှိနေပုံပဲ”

အမတနတ်ဘုရားတွေကို ယုံကြည်တဲ့သူတွေက သူတို့ယုံကြည်တဲ့ အမတနတ်ဘုရားတွေက သာမန်ထက်စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေပဲဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

“သေမျိုးတွေ ထင်နေကြတဲ့ အမတ နတ်ဘုရားဆိုတာတွေက အကုန်လုံး အလိမ်အညာတွေပဲ” ကျန်းကူရှင်းဟာ ခေါင်းခါလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ပါဘူး။ သိသင့်သလောက် သိပြီးပြီမို့ ဟန်ကျွယ်ဟာ ရှေ့ဆက်ထွက်သွားပါတယ်။

ဓားတာအိုမြစ်ကနေ ဟန်ကျွယ်ထွက်သွားပြီးနောက် ကျန်းကူရှင်းဘေးမှာ ခရမ်းနုရောင် ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

“ဒါက မင်းသဘောကျနေတဲ့ သေမျိုးလား” ခရမ်းနုရောင် ရုပ်သွင်က မေးလိုက်ပါတယ်။

ကျန်းကူရှင်းက ပြန်ဖြေပါတယ် “ဟုတ်တယ်၊ သူက အသက် ၈၀၀ ပဲ ရှိသေးတယ်”

ခရမ်းနုရောင် ရုပ်သွင်က စလိုက်ပါတယ် “သူက သေမျိုးမဟုတ်ဘူး”

“ဘာကိုဆိုလိုတာလဲ..”

“သူ့မှာ အမတဧကရာဇ်ရဲ့ ကံတရား အထောက်အပံ့ရှိတယ်၊ သူက အမတဧကရာဇ်ရဲ့ မျိုးဆက်မဟုတ်ရင်တောင် အမတဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရထားတဲ့လူပဲ”

“အမတဧကရာဇ်လား၊ ငါ နားလည်ပြီ၊ ဒါဆိုရင် သူ့အနာဂတ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသွားပြီ”

“မင်းက ဘာတွေမျှော်လင့်နေတာလဲ၊ မင်းနေရာမှာ သူ့ကို အစားထိုးချင်လို့လား”

“ဒီကပ်ဘေးကို သူဖြတ်ကျော်နိုင်တဲ့အထိ စောင့်ကြည့်ရအောင်”

“လောလောဆယ် သူ့အကြောင်း မပြောဘဲ မင်းအကြောင်း ပြောရအောင်၊ ရှန်နန်းတော်က မင်းကို ပြန်လာစေချင်နေပြီ၊ မင်း ပြန်လာချင်လား၊ မင်းရုပ်ခန္ဓာကို ရှန်းနန်းတော်ထဲမှာ စွမ်းအားပေးထားတုန်းပဲ၊ သူတို့ကို မင်းကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူး”

“ရှန်နန်းတော်ရဲ့ အခြေအနေက ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့၊ ငါ ပြန်မသွားချင်ဘူး၊ ဒီမှာနေတာက ပိုကောင်းတယ်၊ ဘာမှလည်း စိုးရိမ်စရာ မလိုဘူး၊ ဓားတာအိုကို သုံးသပ်တာကလွဲရင် ဘာမှလည်း တွေးတောနေစရာ မလိုဘူး၊ ဒီလိုဘဝမျိုးကို ငါ အရမ်းကျေနပ်တယ်”

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့နားလည်သိမြင်လာတဲ့ ဓာတာအိုကို ပိုမိုနားလည်အောင် ကြိုးစားပါတယ်။ ဒီလိုလေးငါးဆယ်ရက် ကြိုးစားပြီးမှာ ဟန်ကျွယ်ဟာ စတင် ကျင့်ကြံအားထုတ်ပါတယ်။

ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမ အလယ်အဆင့်က ဟန်ကျွယ်အတွက် မလုံလောက်သေးပါဘူး။

ဟန်ကျွယ် ဂူအောင်းကျင့်ကြံနေတုန်းမှာပဲ ကျင့်ကြံခြင်းလောက်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။

ကောင်းကင်အမတစံအိမ်ဟာ တာအိုသခင်ကျွယ်ရန်ရဲ့ သတ်ဖြတ်မှုကြောင့် ထက်ဝက်နီးပါးကျော် ဒဏ်ရာရသူရ သေသူသေ ဖြစ်ကုန်ပါတယ်။ ဒီကိစ္စ ဖြစ်ပျက်တာက အ‌တော်လေး ကြာသွားပါပြီ။ တစ်ခြားမြင့်မြတ်နယ်မြေတွေကလည်း ဒီအခွင့်အရေးကို အမိအရယူပြီး အင်အားချဲ့ထွင်ပါတယ်။ လက်ဝဲကျင့်ကြံသူတွေကတော့ သူတို့အင်အားစုတွေကို စုစည်းပြီး ကောင်းကင်အမတစံအိမ်ကို တိုက်ခိုက်ကြပါတယ်။

ကောင်းကင်အမတစံအိမ်က ဒုက္ခရောက်နေပေမဲ့ ကျင့်ကြံခြင်းလောကရဲ့ နေရာအများစုမှာတော့ ဘာမှမဖြစ်သလို ငြိမ်းချမ်းနေတုန်းပါပဲ။

တာအိုသခင်ကျိုးတိဟာ အပြင်ကို ထပ်ထွက်ပြီး နေရာစုံလျှောက်သွားကာ ဧည့်အကြီးအကဲတွေနဲ့ အရည်အချင်းရှိတဲ့ တပည့်တွေကို စုဆောင်းပါတယ်။

ခုနစ်နှစ်ကြာပြီးနောက်။

လီချင်းဇဲ့ဟာ ထပ်ပြီးမစောင့်နိုင်တောပါဘူး။ သူ့သက်တမ်းက ကုန်ဆုံးဖို့ နီးကပ်လာပါပြီ။ အဲဒါကြောင့် လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။

“အကြီးအကဲဟန်... ကျုပ်မှာ သက်တမ်း သိပ်မကျန်တော့ဘူး၊ ဂိုဏ်းထဲက ရတနာတွေကလည်း ကျုပ်သက်တမ်းကို ထပ်တိုးပေးနိုင်စွမ်း မရှိတော့ဘူး၊ ကျုပ် နှစ်အနည်းငယ် စွန့်စားခရီးထွက်ဖို့ စီစဉ်ထားတယ်၊ ဒီတစ်ခါ ကျုပ်လည်း ကျုပ်ဆရာသခင်လို အပြင်ဘက်မှာ သေကောင်း သေနိုင်တယ်” လီချင်းဇဲ့က ပြုံးလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ဝမ်းနည်းခြင်းမရှိပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားမှာ မပြည့်စုံသေးတဲ့ ဆန္ဒများရှိလား”

လီချင်းဇဲ့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပြီး အလေးအနက် ပြောလိုက်ပါတယ် “အကြီးအကဲဟန် ဘုံပျံမတက်ခင်၊ ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ ကျုပ်ရဲ့ညီမငယ် နတ်မိမယ်ရှီရွှမ်ကို ကာကွယ်ပေးပါ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

လီချင်းဇဲ့ဟာ သူ့ဘဝကြောင်းနဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြောပြာပါတယ်။ ဟန်ကျွယ်လည်း ဂရုတစိုက် နား‌ထောင်ပါတယ်။ ဝူတောက်ကျန့်လည်း အထဲဝင်လာပါတယ်။

လီချင်းဇဲ့ဘဝက ဒဏ္ဍာရီ မဆန်ပါဘူး။ မဟာအကြီးအကဲရဲ့ ရွေးချယ်မှုကို ခံရပြီး ဂိုဏ်းအတွက် နေရာတကာ လျှောက်သွားရတာက သာမန်အဖြစ်အပျက်တစ်ခုပါပဲ။

ဟန်ကျွယ်ဟာ လီချင်းဇဲ့အတွက် ဝမ်းနည်းခြင်းမရှိဘဲ နည်းနည်းတော့ ခံစားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် လီချင်းဇဲ့ သေသွားတာကလည်း ကောင်းပါတယ်။ နောက်ဘဝကျရင် ဒီထက်ကောင်းတဲ့ အရည်အချင်းကို ပိုင်ဆိုင်ပြီး မဟာတာအိုကို ရှာဖွေနိုင်တာပေါ့။

လီချင်းဇဲ့ဟာ နောက်နေ့မှာ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို အပြင်ဘက်ထိ လိုက်ပို့ပါတယ်။

လီချင်းဇဲ့ဟာ နတ်မိမယ်ရှီရွှမ်၊ တာအိုသခင်ကျိုးတိနဲ့ တစ်ခြားမိတ်ဆွေဟောင်းတွေကို သွားရောက်လည်ပတ်ပြီးပါပြီ။ ဟန်ကျွယ်က နောက်ဆုံးတစ်ယောက်ပါ။

လီချင်းဇဲ့ဘဝကို ကြီးကြီးမားမား သက်ရောက်စေတဲ့သူက ဟန်ကျွယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ကျေးဇူးအတင်သင့်ဆုံးက ဟန်ကျွယ်လို့ လီချင်းဇဲ့ ခံစားလိုက်ရပါတယ်။

လီချင်းဇဲ့ ပျံထွက်သွားတာကို ဟန်ကျွယ်ဟာ ချောက်ကမ်းပါးစွန်းမှာ မတ်တတ်ရပ်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေပါတယ်။

ငရဲကြက်နက်ဟာ ရယ်စရာမပြောဘဲ ဟန်ကျွယ်ဘေးနားကို လာပြီး မေးလိုက်ပါတယ် “သခင်... အခုအချိန်ကစပြီး ကျွန်တော်တို့တွေ ပြေးစရာ မလိုတော့ဘူးမလား”

ဟန်ကျွယ်က မနိုင်ရင် ထွက်ပြေးမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပေမဲ့ ငရဲကြက်နက် မှတ်မိသလောက် တစ်ခါမှ ထွက်ပြေးရတာ မရှိခဲ့ပါဘူး။

“မကျိန်းသေဘူး” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။

လီချင်းဇဲ့ ထွက်သွားတာက ယွီဂျင်ဂိုဏ်းတော်ကြီးကို ဂယက်မရိုက်စေပါဘူး။ နှစ်တွေကြာပြီဖြစ်တဲ့အတွက် လူအများစုက လီချင်းဇဲ့ကို မေ့ကုန်ကြပါပြီ။

“ငါတို့တွေ နောက်ဘဝမှာ ထပ်တွေ့ဖြစ်ခဲ့ရင် မင်းကို အခွင့်အရေးတစ်ခုပေးမယ်” ဟန်ကျွယ်ဟာ တစ်ချက်ပြုံးလိုက်ပြီး ချောက်ကမ်းပါးစွန်းကနေ လှည့်ထွက်လာခဲ့ပါတယ်။

ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာရတာက ဓမ္မတာပါ။ နောက်ပြီး လီချင်းဇဲ့ အမုန်းတရားကို ရင်ဝယ်ပိုက်ပြီး မသေဆုံးခဲ့ရပါဘူး။

လေးနှစ်ကြာပြီးနောက် ဟန်ကျွယ်ဟာ စာအိတ်တစ်ခုကို တွေ့လိုက်ရပါတယ်။

[သင့်မိတ်ဆွေ လီချင်းဇဲ့သည် သတ်တမ်းအဆုံးသို့ ရောက်ရှိသောကြောင့် သေဆုံးသွားပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ကျရောက်သွားသည်။]

ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

လီချင်းဇဲ့ သေဆုံးပြီးနောက် ဟန်ကျွယ်ရဲ့ စိတ်အခြေအနေဟာ ပိုမိုခိုင်မာသွားပါတယ်။

၂၃ နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ နောက်ဆုံးအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါတယ်။ အဲဒီနောက် ကျင့်ကြံတာကို ရပ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်စန်း ပြဒါးငှက်နဲ့ တာအိုသခင် တန်ချင်းတို့ကို ကျိန်စာတိုက်ပါတော့တယ်။

ဒီနေ့မှာတော့...။

ကောင်းကင်ပြင်ဟာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပါတယ်။ အတိုင်းမသိနိုင်တဲ့ အနက်ရောင် အက်ကြောင်းကြီးတစ်ခုဟာ တိမ်ပင်လယ်ထက်မှာ ပေါ်လာပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ ဒီအဖြစ်ကြောင့် အလန့်တကြား ဖြစ်ကုန်ကြပါတယ်။

‘ဒါ... ဒါက...’

‘ကောင်းကင် ပြိုကျတာလား...’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters