အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ယဲ့မိသားစု၏ အစည်းအဝေးခန်းမ
"သခင်..."
ချန်ကျီက သူမကို မမှိတ်မသုန် စိုက်ကြည့်နေသဖြင့် ကိုယ်ပွားတစ်ခုဖြစ်သော်လည်း ကျောက်လင်းအာ တစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
ထိုအခါမှပင် ချန်ကျီသည် သူက ကျောက်လင်းအာကို တစ်ခုခု မကောင်းကြံတော့မည့်အလား စိုက်ကြည့်နေမိကြောင်း သတိထားမိသွားပြီး သူ၏အမူအရာက အမှန်တကယ်ပင် ဆိုးရွားလှပေသည်။
ချန်ကျီက ချက်ချင်းပင် သူ၏ဟန်ပန်ကို ပြန်လည်ထိန်းချုပ်လိုက်ကာ "အာ... ဆောရီးပါ လင်းအာ၊ ခုနက စဉ်းစားရင်းနဲ့ စိတ်လွင့်သွားလို့ပါ။ ယဲ့မိသားစုက တကယ်ပဲ ဘာတွေ ကြံစည်နေလဲဆိုတာ မသိနိုင်ဘူးပဲ"
"ဒါပေမဲ့ ယဲ့မိသားစုအနေနဲ့ ချင်းယွမ်ဂိုဏ်းကို တကယ်ပဲ လက်ဝါးကြီးအုပ် ထိန်းချုပ်ချင်တယ်ဆိုရင်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ချင်းယွမ်ဂိုဏ်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ရှိနေတာပဲ"
"ယဲ့မိသားစုဘက်က တကယ်ပဲ အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူအချို့ကို မွေးထုတ်ပေးနိုင်မှသာ လက်ဝါးကြီးအုပ်တာမျိုး လုပ်နိုင်လိမ့်မယ်။ဒါပေမယ့်လည်း ယဲ့မိသားစုမှာ အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူ ပေါ်ထွက်လာဖို့ဆိုတာ နှစ်ပေါင်းဘယ်လောက်တောင် စောင့်ရဦးမယ်ဆိုတာ မသိနိုင်ဘူး"
"ဒါ့အပြင် အခြေတည် ဝိညာဉ်အဆင့်အထိ ကျင့်ကြံဖို့ဆိုတာ ယဲ့မိသားစုမှာ ပါရမီရှင်တွေ ဘယ်လောက်ပဲ ထွက်ထွက်... ငါ့ရဲ့ စနစ် ကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါတွေက ငါတို့ ပူပန်နေစရာ မလိုတဲ့ ကိစ္စတွေပဲ"
"ဒါပေမဲ့ ဒီသံနက် မိုင်းတွင်း ကိစ္စကိုတော့ ငါတို့ ဝင်လုရမယ်။ ဘာလို့လဲဆိုတော့ ယဲ့မိသားစုက လူတွေကို ဒုက္ခပေးတဲ့အလုပ်ကို အရင် စလုပ်ခဲ့တာကိုး။ သံနက် မိုင်းတွင်းကို သိမ်းပိုက်လိုက်ရင် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ မိုင်းလုပ်သားတွေကိုပါ တစ်ပါတည်း ကယ်တင်ပြီးသား ဖြစ်သွားမှာပဲ"
ကျောက်လင်းအာက ပြော၏။ "သခင် ပြောတာ မှန်ပါတယ်၊ လင်းအာ အမြင်ကျဉ်း သွားခဲ့ပါတယ်"
"ရပါတယ်၊ မင်း ပြောတာ တကယ်ကောင်းပါတယ်။ မင်းက လမ်းစ ဖော်ပေးလိုက်လို့သာ ငါလည်း ဒီလောက်အထိ ဆက်စပ်တွေးတောနိုင်ခဲ့တာ။ ကဲ... အခု ငါတို့ ဘယ်လိုနည်းနဲ့ အန္တရာယ်မရှိဘဲ ဒီသံနက် မိုင်းတွင်းကို လက်ဦးမှုရယူပြီး သိမ်းပိုက်နိုင်မလဲဆိုတာ သေသေချာချာ တိုင်ပင်ကြရအောင်"
"ဟုတ်ကဲ့ပါ သခင်"
ထို့နောက် ချန်ကျီနှင့် ကိုယ်ပွား ကျောက်လင်းအာတို့က ဘေးအန္တရာယ် လုံးဝမရှိစေဘဲ သံနက် မိုင်းတွင်းကို မည်သို့ ရယူရမည်ဟူသော အစီအစဉ်ကို အသေးစိတ် စတင်တိုင်ပင်ကြတော့သည်။
လက်ရှိအချိန်တွင် ယဲ့မိသားစု၏ အင်အားက လွန်စွာ ကြီးမားနေသေးသဖြင့် ချန်ကျီတွင် အပြည့်အဝ အနိုင်ရနိုင်မည့် အခွင့်အရေး မရှိသေးချေ။ ထို့ပြင် ယခုအချိန်က ယဲ့မိသားစုနှင့် အင်အားချင်း အားပြိုင်ရမည့် အချိန်မဟုတ်သေးချေ။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကိုယ်ပွား ချန်ဖန်က အပြင်ဘက်တွင် အဆက်မပြတ် သတင်းထောက်လှမ်းနေပြီး နေ့စဉ်နှင့်အမျှ ချန်ကျီထံသို့ မတူညီသည့် သတင်းအချက်အလက်များကို သယ်ဆောင်လာပေးသည်။
ချန်ကျီကမူ ၎င်းသတင်းများပေါ် မူတည်ကာ ကျောက်လင်းအာနှင့်အတူ လှုပ်ရှားမှု အစီအစဉ် များကို ဆွေးနွေးလျက်ရှိသည်။ ယခုအခါ ချန်ကျီ၏ မျက်လုံးထဲတွင် ကျောက်လင်းအာက အမိန့်ကိုသာ နာခံတတ်သည့် သာမန်ကိုယ်ပွားတစ်ခု မဟုတ်တော့ချေ။
သူနှင့် ကောင်းမွန်စွာ အပြန်အလှန် ဆွေးနွေးတိုင်ပင်နိုင်သည့်အပြင် ချန်ကျီအတွက် ဗျူဟာမြောက် အကြံပေးပုဂ္ဂိုလ် (စစ်သေနာပတိ) တစ်ဦးကဲ့သို့ပင် ဖြစ်လာခဲ့သည်။ ချန်ကျီက အကြံတစ်ခု ထုတ်လိုက်တိုင်း ကျောက်လင်းအာက လိုအပ်ချက်များကို အမြဲတမ်း ဖြည့်စွက် အကြံပြုပေးလေ့ရှိသည်။
အခြားတစ်ဖက်တွင်မူ... ကိုယ်ပွား ကျောက်ယွမ်က နှစ်ရက်တိုင်တိုင် မနားမနေ သွားလာခဲ့ပြီးနောက်တွင် ဆိုင်ရှင် ထုံ၏ မှတ်ဉာဏ်ထဲမှ ရရှိထားသည့် မိုင်းတွင်းတည်နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်ရက်အတွင်း ကျောက်ယွမ်က ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်တင်းသည့် အချိန်မှလွဲ၍ ကျန်အချိန်အားလုံးကို ခရီးနှင်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ ချန်ကျီထံမှ အသစ်စက်စက် သင်ယူထားသည့် 'ကြိုးကြာ ပျံခြေလှမ်း' ရဲ့ အမြန်နှုန်း အကူအညီသာ မပါလျှင် နှစ်ရက်အတွင်း ရောက်ရှိရန် မသေချာချေ။
ထို့အပြင် 'အသက်ရှူသံဖျောက် မန္တန်' ၏ အကာအကွယ်ကြောင့်လည်း လမ်းခရီးတစ်လျှောက် မည်သည့်အန္တရာယ်နှင့်မျှ မတွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။
'သခင်... ကျွန်တော် သံနက် မိုင်းတွင်းရဲ့ အပြင်ဘက်အနားကို ရောက်ပါပြီ၊ ဒီနေရာရဲ့ အကာအကွယ်က အလွန် တင်းကျပ်လှတယ်။ ဒါ့အပြင် အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အလွန်အမင်း အစွမ်းထက်တဲ့ အော်ရာအချို့ကိုလည်း ခံစားနေရပါတယ်၊ ခန့်မှန်းရသလောက်တော့ ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် တွေ ဖြစ်ပါလိမ့်မယ်။ အဲဒီ ပုန်းကွယ်နေတဲ့ အော်ရာတွေထဲမှာ အုတ်မြစ်ချခြင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် ပါဝင်နေနိုင်ပါတယ်။ သခင်... ကျွန်တော့်ရဲ့ နောက်ထပ် လှုပ်ရှားမှုကို ညွှန်ကြားပေးပါ'
ချန်ကျီက စိတ်အာရုံ ထဲမှတစ်ဆင့် ကျောက်ယွမ် ပေးပို့လာသည့် သတင်းကို သိလိုက်ရသဖြင့် ချက်ချင်းပင် ပြန်လည် အမိန့်ပေးလိုက်၏။ 'မင်း အရင်ဆုံး အေးအေးဆေးဆေး အနားယူထားလိုက်ဦး၊ အချိန်မရွေး လှုပ်ရှားနိုင်ဖို့ အသင့်ပြင်ထားပါ။ မင်းရဲ့ အော်ရာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားစရာ မလိုတော့ဘူး၊ ကျင့်ကြံခြင်းအဆင့်ကို ချီသန့်စင်ခြင်း အဆင့် ၃ အထိပဲ ပြသထားလိုက်'
'ဟုတ်ကဲ့ပါ သခင်'
ကိုယ်ပွား ကျောက်ယွမ်က ချန်ကျီ၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း မည်သည့်မေးခွန်းမျှမမေးဘဲ ခြွင်းချက်မရှိ နာခံလိုက်သည်။
ကျောက်ယွမ်က တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်ပြီး တစ်ချိန်လုံး အသုံးပြုလာခဲ့သည့် အသက်ရှူသံဖျောက် မန္တန်ကို ရုပ်သိမ်းလိုက်တော့သည်။ သူ၏ အော်ရာကို ဖုံးကွယ်မထားတော့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကိုမူ ချီသန့်စင်ခြင်း အဆင့် ၃ အဖြစ်သာ ဖော်ပြ လိုက်၏။
လက်ရှိ ကျောက်ယွမ် ရှိနေသည့် နေရာမှာ သံနက် မိုင်းတွင်း၏ အစောင့်များနှင့် အနည်းငယ် ကွာဝေးသေးသဖြင့် ချက်ချင်းကြီးတော့ သူ့ကို ရှာဖွေတွေ့ရှိသွားမည် မဟုတ်ချေ။
သို့သော်လည်း သူ့ကို တွေ့ရှိသွားဖို့ဆိုသည်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။ အုတ်မြစ်ချခြင်း နယ်ပယ် ကျင့်ကြံသူက စိတ်အာရုံဖြင့် လှည့်လည်စစ်ဆေးသည့်အခါ ကျောက်ယွမ်၏ အော်ရာကို ချက်ချင်း သတိပြုမိသွားမည် ဖြစ်သည်။
ထိုအချိန်တွင်... ဝမ်နန်မြို့၊ ယဲ့မိသားစု အိမ်တော်၏ အစည်းအဝေးခန်းမကြီးအတွင်း၌...
အဆင့် မြင့်မားသော ရာထူးနေရာများမှ ခန်းမကြီး၏ အပြင်ဘက်အထိ ယဲ့မိသားစုဝင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ခန်းမကြီး၏ အလယ်ဗဟို အမြင့်ဆုံး ထိုင်ခုံပေါ်တွင် ထိုင်နေသူမှာ ယဲ့မိသားစု၏ မိသားစုခေါင်းဆောင် 'ယဲ့ကျန်ထျန်း' ပင် ဖြစ်သည်။
သူ၏ အောက်ဘက်တွင် ယဲ့မိသားစု၏ အကြီးအကဲ များ အဆင့်ဆင့် ထိုင်နေကြပြီး အကြီးအကဲများ၏ အောက်တွင်မူ ယဲ့မိသားစု၏ ပါရမီရှင် လူငယ်များ ထိုင်နေကြသည်။
ခန်းမကြီး၏ အပြင်ဘက်တွင်မူ ကျင့်ကြံခြင်းအဆင့် ရှိကြသည့် ယဲ့မိသားစုဝင်များ ရှိနေကြပြီး ၎င်းတို့က ခန်းမအတွင်း ဝင်ရောက်ဆွေးနွေးပိုင်ခွင့်နှင့် စကားပြောပိုင်ခွင့် အာဏာမရှိကြသော်လည်း အစည်းအဝေးလုပ်တိုင်း မိသားစုဝင်အားလုံး အိမ်တော်သို့ မဖြစ်မနေ ပြန်လာကြရကာ အချိန်မရွေး အမိန့်နာခံရန် စောင့်ဆိုင်းနေကြရသည်။
ယဲ့မိသားစုက ဤကဲ့သို့သော စည်းလုံးညီညွတ်မှု အားကောင်းခြင်းကြောင့်သာ ဝမ်နန်မြို့တွင် နံပါတ်တစ် မိသားစုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပြီး ပိုမိုကြီးမားသည့် ရည်မှန်းချက်များကိုပါ ကြံစည်နိုင်ခြင်း ဖြစ်ပေသည်။
ထိုစဉ် ခန်းမကြီး၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသည့် ယဲ့ကျန်ထျန်းက စတင် စကားပြောလိုက်၏။ "ဒီနေရာမှာ ရှိနေကြတဲ့သူတွေအားလုံးက ငါတို့ ယဲ့မိသားစုရဲ့ အမာခံ ဒေါက်တိုင်တွေပဲ ။ ဒီနေ့မှာတော့ ချင်းယွမ်ဂိုဏ်းဆီကနေ မိသားစုဝင် ပါရမီရှင်အချို့ကိုပါ အစည်းအဝေး တက်ရောက်ဖို့ အထူးပြန်ခေါ်ထားရတယ်။ ဒီနေ့ ဆွေးနွေးမယ့် ကိစ္စက ငါတို့ ယဲ့မိသားစုရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်"
"ပထမဆုံး ကိစ္စကတော့... ထုံဖူစားသောက်ဆိုင် ပိုင်ရှင် ထုံနဲ့ အတူတူ ပူးပေါင်းတူးဖော်နေတဲ့ သံနက် မိုင်းတွင်း ကိစ္စပဲ။ မကြာသေးခင်က ရရှိတဲ့ ဝင်ငွေက အရမ်းကောင်းမွန်တဲ့အတွက် ဒါက ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်တယ်"
"နောက်တစ်ချက်ကတော့... ဆိုင်ရှင် ထုံ အဖမ်းခံရပြီး ပျောက်ဆုံးသွားတဲ့ ကိစ္စပဲ၊ အခုထက်ထိ ဘာသတင်းမှ စုံစမ်းလို့ မရသေးဘူး။ ချင်းယွမ်ဂိုဏ်းမှာ ရှိနေတဲ့ မင်းတို့ ပါရမီရှင်တွေကို ပြန်ခေါ်ရတဲ့ အကြောင်းရင်း ထဲက တစ်ဝက်ကလည်း ဒီကိစ္စကို မေးမြန်းချင်လို့ပဲ။ မင်းတို့ တစ်ခုခု စုံစမ်းသိရှိထားတာ ရှိလဲ... ချင်းယွမ်ဂိုဏ်းဘက်က လှုပ်ရှားလိုက်တာလား..."
"မိသားစုခေါင်းဆောင် ကို တင်ပြပါရစေ... ကျွန်တော်တို့ မိသားစုဆီက သတင်းရရချင်းပဲ ချင်းယွမ်ဂိုဏ်းအတွင်းက အဖွဲ့အစည်းအသီးသီးမှာ လိုက်လံစုံစမ်းခဲ့ပေမဲ့ ဘာသတင်းမှ မရရှိခဲ့ပါဘူး၊ ချင်းယွမ်ဂိုဏ်းဘက်ကလည်း ထူးခြားတဲ့ လှုပ်ရှားမှုမျိုး လုံးဝ မရှိပါဘူး "
"ဒါဆိုရင်တော့ နည်းနည်း ထူးဆန်းနေပြီ။ ငါတို့ တခြား မိသားစုတွေနဲ့ မြို့တော်သခင်အိမ်တော်မှာ လွှတ်ထားတဲ့ သူလျှိုတွေဆီကလည်း ဘာသတင်းမှ မရဘူး။ ဒါဆိုရင် တကယ်ပဲ အငြိုးအတေးကြောင့် အသတ်ခံရတာလား... စဉ်းစားကြည့်ရင်လည်း ဒီဆိုင်ရှင် ထုံက လူကောင်းတစ်ယောက် မဟုတ်ဘူး၊ မဟုတ်ရင် လူတွေကို ဖမ်းဆီးပြီး မိုင်းလုပ်သားအဖြစ် ခိုင်းစေဖို့အထိ သူ စဉ်းစားမိမှာ မဟုတ်ဘူး"
"ထားလိုက်ပါတော့... ဆိုင်ရှင် ထုံရဲ့ ကိစ္စကို အားလုံးက ခေတ္တပစ်ထားလိုက်ကြ။ သူက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲလေ၊ သေသွားတာပဲဖြစ်ဖြစ်၊ ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး၊ သူ့ကို သေသွားပြီလို့ပဲ သတ်မှတ်လိုက်ကြစို့"
"အခု ဆိုင်ရှင် ထုံ မရှိတော့တဲ့အတွက် ဒီသံနက် မိုင်းတွင်းတစ်ခုလုံးက ငါတို့ ယဲ့မိသားစု တစ်စုတည်းပိုင် ဖြစ်သွားပြီ။ မိုင်းတွင်းဘက်မှာရှိတဲ့ ဆိုင်ရှင် ထုံရဲ့ လူတွေကို ချက်ချင်း သွားရောက်နှိမ်နင်းပြီး အညံခံတဲ့သူတွေကို မိုင်းတွင်းထဲ ဆက်ပြီး အလုပ်လုပ်ခိုင်းလိုက်။ အညံမခံတဲ့သူတွေကိုတော့ တိုက်ရိုက်ပဲ ရှင်းလင်းပစ်လိုက်ကြ၊ ဒီကိစ္စကို တတိယအကြီးအကဲနဲ့ စတုတ္ထအကြီးအကဲတို့ လူခေါ်ပြီး သွားလုပ်ကြပါ"
"အမိန့်အတိုင်းပါ မိသားစုခေါင်းဆောင် " တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့က မတ်တပ်ရပ်ကာ အမိန့်နာခံလိုက်ကြသည်။
"မိုင်းတွင်းဘက်က မိသားစုဝင်တွေနဲ့ ကြိုတင် ဆက်သွယ်ထားဖို့ မမေ့နဲ့ဦး၊ ကိစ္စအဝဝကို လျှို့ဝှက်စွာနဲ့ သန့်ရှင်း အောင် လုပ်ဆောင်ကြ"
"စိတ်ချပါ မိသားစုခေါင်းဆောင် "
ယဲ့ကျန်ထျန်းက ချင်းယွမ်ဂိုဏ်းမှ ပြန်လာသည့် တပည့်များကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "နောက်ထပ် ကိစ္စကတော့ မင်းတို့နဲ့ တိုက်ရိုက် သက်ဆိုင်လိမ့်မယ်"
"မိသားစုခေါင်းဆောင် မိန့်ကြားပါ"
"တာ့ချန်မင်းဆက် ရဲ့ နှစ်တစ်ရာပြည့် ကျင့်ကြံခြင်း ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီး ကျင်းပဖို့ နောက်ထပ် နှစ်နှစ်ပဲ လိုပါတော့တယ်။ မင်းတို့အားလုံး မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ထားကြဖို့ မျှော်လင့်တယ်။ အရင်ဆုံး ချင်းယွမ်ဂိုဏ်းထဲမှာ ထူးချွန်သူအဖြစ် နာမည်ထွက်အောင် လုပ်ပါ၊ အဲဒီနောက်မှာတော့ နှစ်တစ်ရာပြည့် ပြိုင်ပွဲကြီးမှာ အစွမ်းပြပြီး မင်းတို့အတွက်ရော မိသားစုအတွက်ပါ ဂုဏ်သတင်းကို အရယူကြပါ"
"မိသားစုအနေနဲ့ မင်းတို့ကို ဘာစည်းကမ်းချက်မျှမရှိဘဲ အပြည့်အဝ ပံ့ပိုးကူညီသွားမယ်၊ မင်းတို့ထဲက လူတိုင်းက မိသားစုရဲ့ အရင်းအမြစ်တွေကို အကန့်အသတ်မရှိ ရရှိပိုင်ခွင့် ရှိလိမ့်မယ်။ ဒီသတင်းကို ချင်းယွမ်ဂိုဏ်းဆီ ပြန်ယူသွားကြ၊ ပြီးတော့ အထူးသတိပြုရမှာက... ဒီသတင်းကို 'ယဲ့ဖေးရန်'ဆီ သေချာပေါက် အသိပေးလိုက်ပါ။ မိသားစုက အမြဲတမ်း သူ့ရဲ့ ကျောထောက်နောက်ခံ ဖြစ်နေတယ်ဆိုတာကိုပါ ပြောပြလိုက်"
ယဲ့ကျန်ထျန်းက နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် သူ၏ လေသံက အဓိပ္ပာယ် နက်ရှိုင်းလှပေသည်။
"အမိန့်အတိုင်းပါ၊ မိသားစုခေါင်းဆောင် စိတ်ချပါ၊ ကျွန်တော်တို့အားလုံး မိသားစုအတွက် အသက်ပဲပေးရပေးရ အစွမ်းကုန် ကြိုးစားသွားပါ့မယ်"
"မင်းတို့ဆီမှာ ဒီလိုမျိုး ပြတ်သားတဲ့ စိတ်ဓာတ်ရှိတာကို မြင်ရတော့ ငါ တကယ်ပဲ ကျေနပ်မိတယ်။ မင်းတို့ အပြင်မှာ ရှိနေတဲ့အချိန်တိုင်း... အရာအားလုံးက မိသားစုအတွက်ဆိုတာကို အမြဲတမ်း သတိရနေကြပါ"
"ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်"
"ကောင်းပြီ... မင်းတို့အတွက် ပြင်ဆင်ထားတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အားလုံး အသင့်လုပ်ထားပြီးပြီ၊ အခုပဲ ယူပြီး ချင်းယွမ်ဂိုဏ်းဆီ ပြန်ကြတော့။ အချိန်ကို တန်ဖိုးရှိရှိ သုံးပြီး ကျင့်ကြံကြဖို့ မမေ့နဲ့၊ မိသားစုက မင်းတို့ကို လိုအပ်နေတယ်"
"ဟုတ်ကဲ့ပါ"
ယဲ့ကျန်ထျန်း၏ စကားများက ယဲ့မိသားစုဝင် လူငယ်များ၏ ရင်ထဲတွင် သွေးပူ လှုပ်ခတ်သွားစေခဲ့ပြီး တစ်ယောက်ချင်းစီက ကြက်သွေးထိုးခံထားရသည့်အလား စိတ်ဓာတ်များ ပြင်းထန်စွာ တက်ကြွသွားခဲ့ကြတော့သည်။