← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) ယဲ့မိသားစု၏ ပါရမီရှင် နှင့် ယဲ့မိသားစု၏ ခွန်အား

​"မိသားစုခေါင်းဆောင်... ချင်းယွမ်ဂိုဏ်းက ပြန်လာတဲ့ မိသားစုဝင်တွေအားလုံး ဂိုဏ်းဆီကို ပြန်သွားကြပါပြီ" အကြီးအကဲတစ်ဦးက ဝင်ရောက်တင်ပြလေသည်။

​ယဲ့ကျန်ထျန်းက သိရှိကြောင်း သဘောဖြင့် ခေါင်းကို အသာအယာသာ ညိတ်ပြလိုက်၏။

​ယခုအခါ အစည်းအဝေးခန်းမကြီးအတွင်း၌ ယဲ့မိသားစု၏ အကြီးအကဲများသာ ကျန်ရှိတော့သည်။

​"ဟားဟား... ပဉ္စမအကြီးအကဲ၊ မင်းတို့အိမ်က 'ပါရမီရှင် ' ကတော့ ငါ့ကို မိသားစုခေါင်းဆောင်တစ်ယောက်အနေနဲ့ တကယ်ပဲ မျက်စိထဲ မထည့်တော့ဘူးပဲ။ မိသားစုရဲ့ အရေးကြီး အစည်းအဝေး ဆင့်ခေါ်မိန့်ကိုတောင် သူက မလာဘဲ နေရဲတယ်ပေါ့"

​ယဲ့ကျန်ထျန်း၏ လေသံမှာ သိသိသာသာပင် မကျေမနပ် ဖြစ်နေသည်။

​ထိုစဉ် တတိယအကြီးအကဲကလည်း ဝင်ပြော၏။ "ယဲ့ဖေးရန် ဒီကလေးကလည်း လွန်လွန်းပါတယ်။ သူက လွန်ခဲ့တဲ့နှစ်တွေက ကိစ္စအပေါ် စိတ်ထဲမှာ အငြိုးအတေး ထားနေတုန်းပဲလား။ အဲဒီတုန်းက ကိစ္စကို သူ့ကို သေသေချာချာ ရှင်းပြပြီးသွားပြီ မဟုတ်လား။ ပဉ္စမအကြီးအကဲ... မင်းလည်း သူ့ကို ကောင်းကောင်း ဆုံးမသင့်ပြီ"

​စတုတ္ထအကြီးအကဲကလည်း အခွင့်ကောင်းယူကာ ထောက်ခံလိုက်သည်။ "ပဉ္စမအကြီးအကဲ... မင်းလည်း မိသားစုရဲ့ စည်းကမ်းကို သိတာပဲ၊ မိသားစုရဲ့ အရင်းအမြစ်တွေဆိုတာ ပါရမီ အမြင့်ဆုံးရှိတဲ့သူတွေကိုပဲ ဦးစားပေး ပံ့ပိုးပေးရတာလေ။ အဲဒီတုန်းက ယဲ့ဖေးရန်ရဲ့ ပါရမီက နည်းနည်း ညံ့ဖျင်းနေခဲ့တာမို့ တခြားသူတွေကို အရင်းအမြစ် ပိုပေးခဲ့ရတာ သဘာဝကျပါတယ်။ ဒါ့အပြင် ဒီနှစ်တွေအတွင်းမှာလည်း မိသားစုက သူ့ကို ပံ့ပိုးပေးခဲ့တာတွေဟာ အရင်က လိုအပ်ချက်တွေကို အားလုံး ပြန်ဖြည့်ပေးပြီးသား ဖြစ်နေပါပြီ။ မင်း သူ့ကို ပိုပြီး ဖျောင်းဖျပေးဦး၊ အရာအားလုံးက မိသားစုအတွက်ပဲ မဟုတ်လား"

​ဒုတိယအကြီးအကဲကမူ မည်သည့်စကားမျှ မပြောဘဲ ပဉ္စမအကြီးအကဲကိုသာ စိုက်ကြည့်နေခဲ့သည်။

​ပဉ္စမအကြီးအကဲမှာ မျက်နှာပျက်ကာ နေရခက်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ သူ၏သားဖြစ်သူက ရုတ်တရက် ကျင့်ကြံခြင်း ပါရမီများ ပေါက်ကွဲထွက်လာကာ ယခုအခါ ယဲ့မိသားစု၏ ဤမျိုးဆက်တစ်ခုလုံးတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးလူ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။

​သူက သူ့ သားအတွက် လွန်စွာ ဂုဏ်ယူနေမိသည်။ သူ၏သားက ယခုအခါ ယဲ့မိသားစု၏ ပါရမီရှင် ဖြစ်နေပြီဖြစ်ရာ သူ၏အမြင်တွင် သားဖြစ်သူ ယဲ့ဖေးရန် မည်သို့ပင် ပြုမူပါစေ လွန်သည်ဟု မထင်တော့ချေ။

​စိတ်ထဲတွင် ဤသို့ တွေးနေမိသော်လည်း ပဉ္စမအကြီးအကဲက မျက်နှာတွင် အားနာဟန် ပြင်ကာ ပြောလိုက်၏။ "ကျွန်တော် ထင်တာတော့... ဖေးရန် ဒီကလေးက မကြာသေးခင်ကမှ ကျင့်ကြံခြင်း အဆင့်တက်မယ့် အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေလို့ ချက်ချင်း ပြန်မလာနိုင်တာ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် သူ့ဆီက သတင်းရသေးတယ်၊ သူ ထပ်ပြီး အဆင့်တက်တော့မှာမို့ အရင်းအမြစ်အချို့ ပို့ပေးဖို့ ပြောလာပါတယ်"

​ပဉ္စမအကြီးအကဲက ဤသို့ ပြောလိုက်သောအခါ ယဲ့ကျန်ထျန်း အပါအဝင် ခန်းမအတွင်းရှိ လူအားလုံး၏ မျက်နှာတွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

​သို့သော်လည်း ယဲ့ကျန်ထျန်းက ပဉ္စမအကြီးအကဲ၏ စကားထဲမှ ဆိုလိုရင်းကို နားလည်လိုက်သည်။ ဒါက ယဲ့ဖေးရန်အတွက် အရင်းအမြစ်များ ပို့ပေးရန် သူ့ကို လှမ်း၍ အရိပ်အမြွက် တောင်းဆိုနေခြင်းပင်။

​"ဖေးရန်က ထပ်ပြီး အဆင့်တက်တော့မှာလား။ ငါမှတ်မိသလောက်တော့ သူ နောက်ဆုံးအကြိမ် အဆင့်တက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ဝက် တုန်းကတင် မဟုတ်လား။ အခု ထပ်ပြီး အဆင့်တက်မယ်ဆိုရင်... သူက အုတ်မြစ်ချခြင်း အဆင့် ၄ ကို ရောက်တော့မှာပေါ့"

​"ဒါက ငါတို့လို အဖိုးကြီးတွေကိုတောင် ကျော်တက်သွားပြီပဲ"

​အကြီးအကဲများ၏ ပြောဆိုသံ လေသံများမှာ ချက်ချင်းပင် ပြောင်းလဲသွားကြတော့သည်။

​ယဲ့ကျန်ထျန်းက ရုတ်တရက် ပြောလိုက်သည်။ "ပဉ္စမအကြီးအကဲ စိတ်မပူပါနဲ့။ ဖေးရန်က ကျင့်ကြံခြင်းအဆင့် တက်ဖို့ အရေးကြီးနေတာမို့ ဒီနေ့ မလာနိုင်တာကို ငါ ဘာမှ စိတ်ထဲမထားပါဘူး။ ကျင့်ကြံခြင်း အရင်းအမြစ် ကိစ္စကိုလည်း စိတ်ချပါ၊ အခုကစပြီး သူ့အတွက် အရင်းအမြစ်ကို နှစ်ဆ တိုးပေးလိုက်မယ်၊ မနက်ဖြန်ကျရင် ချင်းယွမ်ဂိုဏ်းဆီကို တိုက်ရိုက် ပို့ပေးလိုက်မယ်"

​သူ၏ စကားကြောင့် အခြား အကြီးအကဲများအားလုံး ဆွံ့အသွားခဲ့ကြရသည်။

​ကျင့်ကြံခြင်း အရင်းအမြစ်ကို နှစ်ဆ တိုးပေးမည်ဆိုသည်မှာ နည်းလှသည့် ပမာဏ မဟုတ်ချေ။ သို့သော်လည်း မိသားစုခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သဖြင့် မည်သူမျှ မကန့်ကွက်ရဲကြပေ။ ထို့ပြင် ပါရမီ မြင့်မားသည့် မိသားစုဝင်ကို အရင်းအမြစ် ပိုမိုပုံအောပေးခြင်းမှာလည်း မိသားစု၏ ထုံးစံတစ်ခု ဖြစ်နေပြီး သူတို့အိမ်တွင် ယဲ့ဖေးရန်ကဲ့သို့ သားမျိုး မရှိခြင်းကိုသာ အပြစ်တင်ရပေမည်။

​"ဒါဆိုရင်တော့... ကျွန်တော်ကပဲ ဖေးရန်ကိုယ်စား မိသားစုခေါင်းဆောင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"

​"ပဉ္စမအကြီးအကဲ... အားနာနေစရာ မလိုပါဘူး၊ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ"

​ယဲ့ကျန်ထျန်းက ပဉ္စမအကြီးအကဲနှင့် စကားအချေအတင် ပြောပြီးနောက် ဆက်ပြောလိုက်သည်။ "ဆိုင်ရှင် ထုံက ဝမ်နန်မြို့မှာ ထားခဲ့တဲ့ လုပ်ငန်းတွေ စီးပွားရေးတွေကို... ပဉ္စမအကြီးအကဲ မင်းပဲ သွားရောက် လွှဲပြောင်းရယူလိုက်တော့"

​ယဲ့ကျန်ထျန်း ပြောပြီးသည်နှင့် အခြားအကြီးအကဲများအားလုံး ပဉ္စမအကြီးအကဲကို မနာလို ဝန်တိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ဤအဓိပ္ပာယ်မှာ ဆိုင်ရှင် ထုံ၏ လုပ်ငန်းအားလုံးကို နောင်တွင် ပဉ္စမအကြီးအကဲက ပိုင်ဆိုင်ရတော့မည်ဟူ၍ လွန်စွာ ထင်ရှားလှပေသည်။ မိသားစုသို့ ပေးသွင်းရမည့် ဝေစုကို ဖယ်လိုက်လျှင်ပင် ကျန်ရှိသည့် အမြတ်အစွန်းက အလွန် များပြားလှပေသည်။

​အခြားအကြီးအကဲများမှာ မနာလိုဖြစ်ရုံမှတစ်ပါး မည်သည့်သဘောထားမျှ မပြရဲကြချေ။

​"ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်၊ ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်" ပဉ္စမအကြီးအကဲက ဝမ်းသာအားရဖြင့် ပြုံးလိုက်မိသည်။ ဒါက လက်ထဲသို့ ဝိညာဉ်ကျောက်တုံးများ အလကား သက်သက် ရောက်လာခြင်းပင် မဟုတ်ပါလော။

​"ကဲ... ကိစ္စတွေ အားလုံး ဆွေးနွေးပြီးပြီဆိုတော့ လူစုခွဲပြီး ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့"

​"ဟုတ်ကဲ့ပါ"

​အကြီးအကဲများအားလုံး သူတို့၏ တာဝန်များကို ယူဆောင်ကာ ထွက်သွားကြပြီး ခန်းမကြီးအတွင်း၌ မည်သည့်စကားမျှ မပြောဘဲ တာဝန်လည်း မယူထားသည့် ဒုတိယအကြီးအကဲ နှင့် ယဲ့ကျန်ထျန်း နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

​"ဒုတိယအစ်ကို... ဆိုင်ရှင် ထုံရဲ့ ကိစ္စကို ဘယ်လိုမြင်လဲ"

​"ဆိုင်ရှင် ထုံရဲ့ ကိစ္စက ပြောပလောက်စရာ မရှိပါဘူး"

​ယဲ့ကျန်ထျန်းက ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း အစကတည်းက ဤကိစ္စကို စိတ်ထဲမထားခဲ့ချေ။ ဆိုင်ရှင် ထုံဆိုသည်မှာ စောစောနှင့် နောက် ရှင်းလင်းပစ်ရမည့် လူတစ်ယောက်သာ ဖြစ်ပြီး ယခုအခါ တစ်စုံတစ်ယောက်က သူ့အတွက် ကြိုတင်ရှင်းလင်းပေးလိုက်သဖြင့် ပို၍ပင် ကောင်းမွန်သွားသေးသည်။

​"ဒါပေမဲ့... ဒီပဉ္စမအကြီးအကဲနဲ့ ယဲ့ဖေးရန်ရဲ့ ကိစ္စကိုတော့ ငါတို့ သေသေချာချာ စဉ်းစားတွေးတောဖို့ လိုလိမ့်မယ်"

​"ဟမ်..."

​"ယဲ့ဖေးရန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ရုတ်တရက်ကြီး မြန်ဆန်လာတာက စဉ်းစားစရာပဲ။ အဲဒီအပြင် ပဉ္စမအကြီးအကဲကလည်း မကြာသေးခင်ကမှ နည်းနည်း ဝင့်ကြွားလာသလိုပဲ၊ သူ့ကို နည်းနည်း သတိပေး နှိမ်ချထားဖို့ လိုတယ်" ဒုတိယအကြီးအကဲက မကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

​"ယဲ့ဖေးရန်ရဲ့ အဆင့်တက်တာ မြန်ဆန်တဲ့ ကိစ္စကို ငါ ဘိုးဘေးကြီးဆီ တင်ပြဖူးတယ်၊ ဘိုးဘေးကြီးရဲ့ သဘောထားက... သူ့ကို အဓိကထားပြီး ပုံအော မွေးထုတ်ပေးဖို့ပဲ"

​"ဘိုးဘေးကြီးက ကျင့်ကြံခြင်းကနေ ထွက်လာပြီလား။ ဒါဆို ဘိုးဘေးကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က..." ဒုတိယအကြီးအကဲက အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။

​မိသားစုခေါင်းဆောင်က ပြန်မဖြေဘဲ ခပ်အေးအေးသာ ခေါင်းညိတ်ပြလိုက်၏။

​ဒုတိယအကြီးအကဲ စိတ်ထဲတွင် သဘောပေါက်သွားပြီး ယဲ့မိသားစုက ပိုမိုအင်အားကြီးမားလာပြီဖြစ်ကြောင်း သိလိုက်ရသည်။

​"ပဉ္စမအကြီးအကဲ ကိစ္စကတော့... သူ့သဘောအတိုင်း လွှတ်ထားလိုက်ပါ၊ သူ ဘယ်လောက်ပဲ ဝင့်ကြွားပါစေ ဘာလှိုင်းတံပိုးမှ ထမလာစေရဘူး။ အခုအချိန်မှာ ယဲ့ဖေးရန်နဲ့ မိသားစုကြား ဆက်ဆံရေး ကောင်းမွန်ဖို့ သူ့ကို အသုံးချရဦးမယ်။ ဘိုးဘေးကြီးမှာ ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက် အကွက်ကြီး ရှိတယ်၊ အစွမ်းထက်တဲ့ ကူညီသူတွေ လိုအပ်တယ်။ ဘိုးဘေးကြီး ရှိနေသရွေ့ ငါတို့ ယဲ့မိသားစုက နေ့စဉ်နဲ့အမျှ တောက်ပနေမှာဖြစ်ပြီး ပိုပြီးတော့တောင် အင်အားကြီးမားလာဦးမှာပဲ"

​ဒုတိယအကြီးအကဲက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်တော့သည်။

​ထို့နောက်တွင်... ဝမ်နန်မြို့အတွင်း၌ တိတ်ဆိတ်လှသည့် သွေးချောင်းစီး တိုက်ပွဲတစ်ခု စတင်ဖြစ်ပွားခဲ့လေသည်။

​ဆိုင်ရှင် ထုံ၏ လုပ်ငန်းများကို လုယူချင်သည့် မိသားစုမှာ ယဲ့မိသားစု တစ်စုတည်း မဟုတ်ချေ။ သို့သော်လည်း ယဲ့မိသားစုက လက်ဦးမှုရယူ လှုပ်ရှားလိုက်သည့်အခါ အခြားမိသားစုများအားလုံးက စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ကြရသည်။ ၎င်းတို့က ယဲ့မိသားစုကို မယှဉ်နိုင်ကြောင်း ကောင်းစွာ သိကြပြီး ဆက်လက် လုယူနေပါက ယဲ့မိသားစုကို အမျက်ဒေါသ ထွက်စေရုံသာ ရှိလိမ့်မည် ဖြစ်သည်။

​ဝမ်နန်မြို့၏ လျှို့ဝှက်အခန်းတစ်ခုအတွင်း၌ လူအချို့က တိတ်တဆိတ် ဆွေးနွေးနေကြ၏။

​"ယဲ့မိသားစုက ဘာလို့ ရုတ်တရက်ကြီး ဝင်ပါလာတာလဲ"

​"မသိဘူး၊ ဒါပေမဲ့ ယဲ့မိသားစုရဲ့ အနေအထားအရဆိုရင် ဒါကို မရရအောင် ယူမယ့်ပုံပဲ။ ငါတို့ ဆက်လုနေရင် ငါတို့ပဲ နစ်နာလိမ့်မယ်"

​"မြို့တော်သခင်အိမ်တော်ဘက်ကကော ဘာသဘောထားရှိလဲ"

​"မြို့တော်သခင်အိမ်တော်က လောလောဆယ် ဘာလှုပ်ရှားမှုမှ မရှိဘူး"

​"ထားလိုက်ပါတော့... ကြည့်ရတာ မြို့တော်သခင်အိမ်တော်လည်း အလျော့ပေးလိုက်တဲ့ပုံပဲ။ သူတို့ ဆိုင်ရှင် ထုံရဲ့ ကိစ္စကိုတောင် မစုံစမ်းတော့တာကို ကြည့်ရင် တစ်ခုခုကို ကြိုသိနေလို့ ဖြစ်လိမ့်မယ်။ ငါတို့ လီမိသားစု နုတ်ထွက်မယ်"

​"ငါတို့ ဝမ်မိသားစုလည်း နုတ်ထွက်တယ်"

​"ငါတို့ လျိုမိသားစုလည်း နုတ်ထွက်တယ်"

​"ဒါပေမဲ့ ယဲ့မိသားစုရဲ့ မကြာသေးခင်က လှုပ်ရှားမှုတွေက နည်းနည်း အဓိပ္ပာယ် နက်နဲနေတယ်။ အားလုံးပဲ သတိထားကြတာ ပိုကောင်းလိမ့်မယ်"

​"ဟုတ်တယ်... ငါတို့ မိသားစုတွေအချင်းချင်း စည်းလုံးထားမှ တော်ကာကျမယ်"

​"ဟူး... နောက်မှပဲ ဆက်ပြောကြတာပေါ့"

​ဤနှစ်ရက်အတွင်း ချန်ကျီကမူ အေးအေးဆေးဆေး သက်တောင့်သက်သာ ဖြတ်သန်းနေခဲ့သည်။ ကိုယ်ပွား ကျောက်လင်းအာနှင့် အစီအစဉ်များ ဆွေးနွေးခြင်းအပြင်... ​စိတ်ပါဝင်စားသည့် အချိန်တွင် 'ကြယ်ရွေ့ ဓားတစ်ဆယ့်သုံးလက်' နှင့် 'ကောင်းကင်ကိုးခု နဂါးဟိန်းသံလှံသိုင်း' တို့ကို လေ့ကျင့်ပြီး ​စိတ်မပါသည့် အချိန်တွင်မူ ပက်လက်လှဲကာ အနားယူနေလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ နေ့စဉ် ကျင့်ကြံချိန်မှာ နှစ်နာရီထက် မပိုချေ။

​သူ့ထံရှိ 'ချီစုစည်းဆေးလုံး' နှစ်ပုလင်းမှာလည်း လွန်စွာ နှေးကွေးစွာ ကုန်ဆုံးနေပြီး ချန်ကျီက တစ်နေ့လျှင် အများဆုံး နှစ်လုံးသာ သောက်သုံးသည်။

​သို့သော်လည်း ဤနှစ်ရက်အတွင်း ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်က အမှန်တကယ်ပင် ကြီးမားစွာ တိုးတက်လာခဲ့၏။

​အမည် - ချန်ကျီ

​ကျင့်ကြံခြင်းအဆင့် - ချီသန့်စင်ခြင်း အဆင့် ၅ (၂၀/၁၀၀)

​ပါရမီ - မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်

​ကျင့်စဉ် - ရွှမ်ထျန်းလု (အသေးစားအောင်မြင်မှု ) ( ၁၃၀/၄၀၀)

​မန္တန် များ -

​မြေကြီး ဒိုင်းကာမန္တန် (ဂရန်းမာစတာ ) ၂၂၅၀/၅००၀

​နှလုံးဖောက် တိုက်ခိုက်မှု (ကျွမ်းကျင်) ၁/၂၀၀

​ဝိညာဉ်ရှာဖွေခြင်း မန္တန် (ကျွမ်းကျင်) ၂/၂၀၀

​ကြယ်ရွေ့ပြောင်းခြင်း ဓား ဆယ့်သုံးလက် (အခြေခံ) ၁၀/၁၀၀

​ကောင်းကင်ကိုးခု နဂါးဟိန်းလှံသိုင်း (အခြေခံ) ၁၀/၁၀၀

​ကြိုးကြာ ပျံခြေလှမ်း (အခြေခံ) ၁/၁၀၀

​မီးတောက် မန္တန် (ဒဏ္ဍာရီ)

​အသက်ရှူသံဖျောက် မန္တန် (ဒဏ္ဍာရီ)

​စကြဝဠာနေရာလွတ် အဆင့် ၂

​"မဆိုးဘူး... ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်း အဆင့် ၅ ကို ရောက်သွားပြီ၊ အုတ်မြစ်ချခြင်း အဆင့်ကို ရောက်ဖို့က အိမ်မက်မဟုတ်တော့ဘူးပဲ"

​ချန်ကျီက စနစ် ၏ မျက်နှာပြင်ကို ကြည့်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ရေရွတ်လိုက်မိသည်။

​"လင်းအာ... ချက်ပြုတ် ဖို့ အချိန်တန်ပြီ"

​"ဟုတ်ကဲ့ပါ သခင်"

​"ဒီလိုမျိုး နတ်သက်ကြွေတဲ့အလား အေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရတာ... လူ့ဘဝမှာ ဘာထပ်လိုချင်သေးလဲ၊ အမြဲတမ်း ဒီလိုပဲ ဖြတ်သန်းသွားရရင် တကယ့်ကို ပျော်စရာကြီးပဲ"

All Chapters