← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) ကျင့်ကြံခြင်းအဆင့် တက်ခြင်း၊ ရည်မှန်းချက်မှာ သံနက်မိုင်းတွင်းတစ်ခုလုံး

​"လင်းအာ... ကျောက်ယွမ်ဘက်က အစီအစဉ်အတိုင်း သံနက်မိုင်းတွင်းထဲကို ရောက်သွားပြီ"

​"ဒါဆိုရင် သခင်ရဲ့ အစီအစဉ်ကို စတင်လို့ရပါပြီ"

​ကျောက်ယွမ် အဖမ်းခံရသည့် အချိန်ကတည်းက သတင်းက ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

​"အင်း... သူ့ကို မိုင်းတွင်းထဲမှာ ခဏ စောင့်ဆိုင်းခိုင်းထားလိုက်ဦး၊ ယဲ့မိသားစုဘက်က ဆိုင်ရှင် ထုံ ချန်ထားခဲ့တဲ့လူတွေကို အရင် ရှင်းလင်းတာကို စောင့်နေတာနဲ့ ကွက်တိပဲ၊ ငါတို့ အစီအစဉ်က လောလောဆယ် မလောသေးဘူး"

​ကျောက်ယွမ်က သတိလစ်ချင်ယောင်ဆောင်ပြီး သံနက်မိုင်းတွင်းထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်မှာ ချန်ကျီ၏ အစီအစဉ်ထဲကအတိုင်း ကွက်တိပင် ဖြစ်သည်။

​ယဲ့မိသားစုဘက်က လူရှင်းလင်းရေးလုပ်နေသည့် ဤနှစ်ရက်အတွင်း ချန်ကျီကမူ အေးအေးဆေးဆေးဖြင့် သက်တောင့်သက်သာ နေ့ရက်များကို ဖြတ်သန်းနေခဲ့သည်။ ကျောက်လင်းအာ၏ အနား၌ ရှိနေပေးမှုကြောင့် နေ့ရက်များက ပျင်းရိဖွယ်ရာ လုံးဝမရှိချေ။

​ဤနှစ်ရက်အတွင်း ကိုယ်ပွား ချန်ဖန်ကလည်း နေ့စဉ် သတင်းအချို့ကို သယ်ဆောင်လာခဲ့သည်။

​မြို့တော်သခင်အိမ်တော်ဘက်က ဆိုင်ရှင် ထုံ၏ ကိစ္စကို စုံစမ်းစစ်ဆေးမှု လုံးဝ အဆုံးသတ်လိုက်ပြီ ဖြစ်ပြီး ယဲ့မိသားစု ပြုလုပ်သမျှ အရာအားလုံးကိုလည်း နှုတ်ဆိတ်ကာ ခွင့်ပြုပေးထားသည်။

​အခြား မိသားစုကြီးအချို့ကလည်း ထူးဆန်းလောက်အောင် တိတ်ဆိတ်နေကြ၏။

​လက်ရှိ ဝမ်နန်မြို့ကြီးမှာ အေးချမ်းသာယာလွန်းနေပြီး မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့ဖူးသည့်အတိုင်း လူအားလုံးက အချို့သော ကိစ္စများကို တမင်တကာပင် မေ့လျော့ထားရန် ရွေးချယ်လိုက်ကြသည့်အလား ထင်ရပေသည်။

​သို့သော်လည်း ချန်ကျီကမူ ဤအရာများကို စိတ်ထဲမထားချေ၊ မည်သူမျှ လာရောက်မစုံစမ်းလေ ပိုကောင်းလေဖြစ်ပြီး ဤသို့ဆိုလျှင် သူကိုယ်တိုင်လည်း ပိုမို ဘေးကင်းလုံခြုံနိုင်မည် ဖြစ်သည်။

​ကျောက်ယွမ်ဘက်ကလည်း သတင်း ပြန်လည်ရောက်ရှိလာခဲ့သည်။

​မနေ့ညက သံနက်မိုင်းတွင်းအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

​ယနေ့ သူ မိုင်းတူးရန် ထသောအခါ သံနက်မိုင်းတွင်းအတွင်း၌ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်ပျက်နေသော်လည်း မိုင်းလုပ်သားအသစ်အချို့ ထပ်မံတိုးပွားလာသည်ကို တွေ့ရသည်။

​ယခုအခါ သံနက်မိုင်းတွင်းအတွင်း၌ မိုင်းလုပ်သား ရာဂဏန်းခန့် ရှိနေပြီး အားလုံးက ခေါင်းငုံ့ကာ မိုင်းတူးနေကြရသည်၊ အနည်းငယ်မျှ ပျင်းရိဟန်ပြသည်နှင့် ရိုက်နှက် ဆဲဆိုခြင်းကို ခံကြရလေသည်။

​"ကြည့်ရတာ ယဲ့မိသားစုရဲ့ လူရှင်းလင်းရေး အရှိန်အဟုန်က တော်တော် မြန်တာပဲ။ ယဲ့မိသားစုရဲ့ အင်အားက ဒီလောက်အထိ တောင့်တင်းလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဝမ်နန်မြို့တစ်ခုလုံးကို ဒီမိသားစုရဲ့ အရှိန်အဝါက လွှမ်းမိုးထားသလိုပဲ"

​ဒီရက်ပိုင်းအတွင်း ရရှိသမျှ သတင်းအချက်အလက်မျိုးစုံကို ပေါင်းစပ်ပြီးနောက် ချန်ကျီက ဤကောက်ချက်ကို ဆွဲလိုက်ခြင်း ဖြစ်သည်။

​သို့သော်လည်း အတွေးတစ်ချက်အပြောင်းတွင် ချန်ကျီက တိုးတိုးလေး လှောင်ပြုံးပြုံးလိုက်ကာ "ဟဲဟဲ... ဒါပေမဲ့လည်း ယဲ့မိသားစုရဲ့ ဒီကိတ်မုန့်ကြီးကိုတော့ ငါကပဲ တစ်ဖဲ့ အပိုင်လှီးဖြတ်ယူရတော့မှာပဲ"

​သံနက်မိုင်းတွင်းအတွင်း၌မူ ကိုယ်ပွား ကျောက်ယွမ်က ချန်ကျီ၏ ညွှန်ကြားချက်အတိုင်း ထိုနေရာ၌ ပုန်းအောင်းကာ အရည်အချင်းပြည့်မီသည့် မိုင်းလုပ်သားတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့သည်။

​ဤနှစ်ရက်တာ အချိန်အတွင်း ကျောက်ယွမ်က ဤမိုင်းတွင်း၏ လည်ပတ်ပုံ အခြေအနေကို အကုန်အစင် စုံစမ်းသိရှိသွားခဲ့ပြီ ဖြစ်သည်။

​ဤသံနက်မိုင်းတွင်းအတွင်းရှိ မိုင်းလုပ်သားအားလုံးမှာ လှည့်စားခေါ်ဆောင်ခြင်း ခံရသူများ သို့မဟုတ် တိုက်ရိုက် ဖမ်းဆီးခြင်း ခံရသူများသာ ဖြစ်ကြသည်။ မိမိသဘောဆန္ဒအလျောက် လာရောက်သူဟူ၍ တစ်ဦးမျှ မရှိချေ။

​ဤနေရာရှိ မိုင်းလုပ်သားတိုင်း၏ ခြေထောက်တွင် ခြေကျဉ်းများ ခတ်ထားပြီး လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။

​မိုင်းလုပ်သားတိုင်းအတွက် နေ့စဉ် မိုင်းတူးရမည့် တာဝန် သတ်မှတ်ချက်တစ်ခု ရှိသည်။

​ဤတာဝန်သတ်မှတ်ချက်မှာ တစ်ဦးချင်းစီ၏ ကျင့်ကြံခြင်းအဆင့်အပေါ် မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။

​ချီသန့်စင်ခြင်း အဆင့် ၁ ရှိသော ကျင့်ကြံသူက နေ့စဉ် သံနက်သတ္တု ၁၀ ကီလိုဂရမ် အပ်နှံရမည်။

​ချီသန့်စင်ခြင်း အဆင့် ၂ ရှိသော ကျင့်ကြံသူက နေ့စဉ် သံနက်သတ္တု ၂၀ ကီလိုဂရမ် အပ်နှံရမည်ဖြစ်ပြီး ဤအတိုင်း အဆင့်အလိုက် တိုးသွားခြင်း ဖြစ်သည်။

​နေ့စဉ် သတ်မှတ်ထားသည့် သံနက်သတ္တု ပမာဏမှာ လူတစ်ယောက်၏ နေ့စဉ် မိုင်းတူးနိုင်စွမ်း ပမာဏ အကန့်အသတ်နှင့် ကွက်တိပင် ဖြစ်သည်။

​ယဲ့မိသားစုက ကြိုတင်တွက်ချက်ထားပြီး ဖြစ်ရာ နားနေချိန်ကို ဖယ်လိုက်လျှင် ဤနေရာရှိ မိုင်းလုပ်သားတိုင်းက မရပ်မနား မိုင်းတူးနေမှသာ တာဝန်ပြီးမြောက် နိုင်မည် ဖြစ်သည်။

​နေ့စဉ် တာဝန်မပြီးမြောက် နိုင်သည့် လူများအတွက်မူ အပေါ့စား ပြစ်ဒဏ်အနေဖြင့် ထမင်းငတ်ခြင်းကို ခံရမည်။

​အပြစ်ဒဏ် ကြီးလေးပါက ထမင်းငတ်ရုံသာမက ရိုက်နှက်ခြင်းကို ခံရပြီး လူအများရှေ့တွင် ချိတ်ဆွဲကာ အရှက်ခွဲခြင်း ခံရမည် ဖြစ်သည်။

​ဤမျှနှင့်တင် မပြီးသေးဘဲ တာဝန်မပြီးမြောက် ၍ လိုအပ်နေသေးသည့် ပမာဏကို နောက်တစ်နေ့၏ တာဝန်ထဲသို့ ပေါင်းထည့်လိုက်သည်။

​ဤသို့ဖြင့် နေ့စဉ် တာဝန်ပြီးမြောက် သည်အထိ ဤသံသရာက ဆက်လက်လည်ပတ်နေခြင်း ဖြစ်သည်။

​ဤနေရာရှိ မိုင်းလုပ်သား ရာဂဏန်းခန့်မှာ ခုခံချင်စိတ်များ လုံးဝ ပျောက်ဆုံးနေခဲ့ကြပြီ ဖြစ်သည်။

​ယခုအခါ ၎င်းတို့မှာ အသက်မပါသည့် လူသေကောင်များကဲ့သို့ ဝိညာဉ်စွမ်းအားများကို နှိုးဆွကာ ပေါက်ပြားများကို လွှဲယမ်းပြီး ခေါင်းငုံ့ကာ မိုင်းတူးနေကြရတော့သည်။ ၎င်းတို့တွင် ခုခံရန် မည်သည့် အခွင့်အရေးမျှ မရှိချေ။

​၎င်းတို့မှာ သေချင်လျှင်ပင် သေခွင့်မရှိဘဲ မိုင်းတူးချိန်တွင်ဖြစ်စေ၊ နားနေချိန်တွင်ဖြစ်စေ ၎င်းတို့ကို အမြဲတမ်း စောင့်ကြည့်နေသူများ ရှိသည်။

​၎င်းတို့ တစ်ခုတည်းသော ပြုလုပ်နိုင်သည့်အရာမှာ ရှင်သန်နေထိုင်သွားရန်သာ ဖြစ်ပြီး ၎င်းတို့၏ သက်တမ်းကုန်ဆုံးချိန်အထိ သို့မဟုတ် ဤမိုင်းတွင်းတစ်ခုလုံး ပြောင်သလင်းခါသွားသည့်အချိန်အထိ ဖြစ်သည်။

​မိုင်းတူးနေသည့် ကျောက်ယွမ်က သံနက်သတ္တုတစ်တုံးကို အသံတိတ်ကာ အနန္တ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်စဉ် ရုတ်တရက် နာကျင်စွာ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

​မိုင်းလုပ်သားတစ်ဦးက လှုပ်ရှားမှု အနည်းငယ် နှေးကွေးသွားသဖြင့် အစောင့်၏ ကြာပွတ် ဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

​ထို့နောက်တွင် အစောင့်၏ အော်ဟစ်သံ ထွက်ပေါ်လာသည် ။ "မြန်မြန်လုပ်စမ်း"

​ကိုယ်ပွား ကျောက်ယွမ်မှာမူ နေ့စဉ် ဘာမှမရဘဲ မနေချေ၊ သူ လက်ရှိ ပြသထားသည့် ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်း အဆင့် ၃ ဖြစ်သဖြင့် နေ့စဉ် တာဝန်မှာ သံနက်သတ္တု ၃၀ ကီလိုဂရမ် ဖြစ်သည်။

​အမှန်တကယ်တွင်မူ နေ့စဉ် ကျောက်ယွမ်က သံနက်သတ္တု ၄၀ ကီလိုဂရမ်ကျော်အထိ တူးဆွနိုင်သည်။

​ထို့ပြင် သူက ကိုယ်ပွားတစ်ခု ဖြစ်သည့်အတွက်ကြောင့် မရပ်မနား မိုင်းတူးနေလျှင်ပင် မည်သည့် မောပန်းမှုကိုမျှ ခံစားရမည်မဟုတ်ဘဲ ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်တင်း မှုသာ အနည်းငယ် နှေးကွေးခြင်း ဖြစ်သည်။

​၎င်းအပြင် ကျောက်ယွမ်က အနန္တ နေရာလွတ်ကို အသုံးပြုနိုင်သဖြင့် တူးဆွရရှိသမျှ သတ္တုများထဲမှ အချို့ကို အမြဲတမ်း ချန်လှပ်ထားလေ့ရှိသည်။

​သူက နေ့စဉ် ၃၀ ကီလိုဂရမ် တာဝန်ပြီးမြောက် အောင် အပ်နှံရုံသာ ပြုလုပ်ပြီး ကျန်ရှိသည့် အပိုများကိုမူ အနန္တ နေရာလွတ်ထဲသို့ သိမ်းဆည်းထားလိုက်သည်။

​ဝမ်နန်မြို့၊ ချန်ကျီ၏ အိမ်တော်အတွင်း၌မူ...

​"သခင်... ဒီသံနက်သတ္တု ၁၀ ကီလိုဂရမ်ကို အနန္တစျေးဆိုင်ဆီ ပြန်ရောင်းရင် အမှတ် ၂ မှတ်ပဲ ရတာဆိုတော့ ဝင်ငွေက နည်းလွန်းမနေဘူးလား။ ကျောက်ယွမ်ရဲ့ စွမ်းအားနဲ့ဆိုရင် လက်ရှိ တစ်ရက်ကို သံနက်သတ္တု ၂၀ ကီလိုဂရမ်ပဲ ပိုပြီး သိမ်းဆည်းနိုင်တာလေ"

​ကျောက်လင်းအာက အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်၊ သူမက လိမ္မာပါးနပ်ပြီး ဤအစီအစဉ်ကိုလည်း ချန်ကျီနှင့်အတူ ပူးတွဲတိုင်ပင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ဤသို့ပြုလုပ်ခြင်းက အမှန်တကယ် အသုံးဝင်ပါ့မလားဆိုသည်ကို မရေမရာ ဖြစ်နေမိသည်။

​"ဘာမှမဖြစ်ဘူး... ငါ့ရဲ့ ရည်မှန်းချက်က ဒီလောက်အနည်းငယ်တင် မဟုတ်ဘူး၊ ဒါက အစပဲ ရှိသေးတာ၊ ငါအလိုရှိတာက ယဲ့မိသားစုရဲ့ ဒီသံနက်မိုင်းတွင်းတစ်ခုလုံးပဲ"

​"ဒီနေ့ညမှာပဲ... အစီအစဉ်ကို စတင်လို့ရပြီ"

​"ဟုတ်ကဲ့ပါ"

​ညဉ့်နက်ပိုင်း ရောက်သော်...

​ချန်ကျီက ရုတ်တရက် စိတ်အာရုံများ နိုးကြားတက်ကြွလာသည်ကို ခံစားလိုက်ရပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။

​"အာ... ကျင့်ကြံခြင်းအဆင့်က ထပ်ပြီး တက် သွားပြန်ပြီ၊ ချီသန့်စင်ခြင်း အဆင့် ၆ ကို ရောက်သွားပြီပဲ"

​"လက်ရှိ စွမ်းအားနဲ့ဆိုရင် ချီသန့်စင်ခြင်းနယ်ပယ် ထဲမှာ ပြိုင်ဘက်မရှိသလောက် ဖြစ်သွားပြီ၊ အုတ်မြစ်ချခြင်း အဆင့် အစောပိုင်း အဆင့်နဲ့ တွေ့ရင်တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ တကယ်လို့ တွေ့ခဲ့ရင်တောင် ကိုယ်ပွားတွေအားလုံး အတူတူ ဝိုင်းတိုက်ရင် ဘယ်သူနိုင်မလဲဆိုတာ မပြောနိုင်သေးဘူး"

​"အခုက ဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး၊ ကျောက်ယွမ်ဘက်က စတင် လှုပ်ရှားနေလောက်ပြီ"

​ယဲ့မိသားစု၏ သံနက်မိုင်းတွင်းအတွင်း၌မူ...

​တစ်နေ့တာ တာဝန်များကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးသွားသည့် ကိုယ်ပွား ကျောက်ယွမ်က အိပ်ချင်ယောင်ဆောင်နေခဲ့သည်။

​ထိုစဉ် ကိုယ်ပွား ကျောက်ယွမ်က သူနှင့်အတူ မိုင်းတွင်းတစ်ခုတည်းတွင် အတူနေထိုင်သည့် အခြားလူသုံးဦးမှာ အိပ်ပျော်သွားခဲ့ပြီဖြစ်ကြောင်း အာရုံခံသိလိုက်သည်။

​ဤသုံးဦး၏ ကျင့်ကြံခြင်းအဆင့်မှာ ကိုယ်ပွား ကျောက်ယွမ် လက်ရှိ ပြသထားသည့်အတိုင်း ချီသန့်စင်ခြင်း အဆင့် ၃ ချည်းပဲ ဖြစ်ကြသည်။

​ကျောက်ယွမ်က အသက်ရှူသံဖျောက် မန္တန်ကို နှိုးဆွလိုက်ရာ တစ်ကိုယ်လုံးရှိ အော်ရာ များ ကွယ်ပျောက်သွားပြီး ခန္ဓာကိုယ် က သရဲတစ္ဆေတစ်ကောင်ကဲ့သို့ မိုင်းတွင်းထဲရှိ လူသုံးဦး၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ တို့ထိလိုက်သည်။

​ထိုလူသုံးဦးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့၏ ခန္ဓာကိုယ် က ပြန်လည် ထွက်ပေါ်လာခဲ့ပြန်သည်။

​ပြန်လည် ထွက်ပေါ်လာသည့် လူသုံးဦးက ကျောက်ယွမ်နှင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြ၏။

​ထို့နောက်တွင် ဤမိုင်းတွင်းထဲရှိ လူလေးဦးစလုံးက တစ်ပြိုင်နက်တည်း မျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်ကြတော့သည်။

​ယခုအခါ ဤမိုင်းတွင်းထဲရှိ လူလေးဦးစလုံးမှာ ချန်ကျီ ဝယ်ယူထားသည့် ကိုယ်ပွားများသာ ဖြစ်ကြတော့သည်။

​မိုင်းတွင်းထဲသို့ စတင်ဝင်ရောက်သည့် ပထမဆုံးနေ့ကတည်းက ကျောက်ယွမ်သည် ဤလူသုံးဦး၏ ရုပ်ရည်သွင်ပြင်၊ ပုံပန်းသဏ္ဌာန်များကို မှတ်သားထားခဲ့ပြီး ၎င်းတို့၏ အမည်များကိုပါ မေးမြန်းကာ ချန်ကျီထံသို့ အကုန် ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

​ချန်ကျီက ဤအချက်အလက်များကို လက်ခံရရှိသည်နှင့် တိုက်ရိုက်ပင် အနန္တစျေးဆိုင်အတွင်း၌ ကိုယ်ပွား သုံးခုကို ဝယ်ယူလိုက်တော့သည်။

​ကိုယ်ပွား ကျောက်ယွမ်က ထိုလူသုံးဦးကို ပျောက်ကွယ်သွားစေသည့် နည်းလမ်းမှာ အမှန်စင်စစ် ၎င်းတို့ကို အနန္တ နေရာလွတ်ထဲသို့ ခေတ္တမျှ သိမ်းဆည်းလိုက်ခြင်းသာ ဖြစ်သည်။

​တစ်ပြိုင်နက်တည်းမှာပင် ဝမ်နန်မြို့နှင့် မိုင်ပေါင်းထောင်ချီ ကွာဝေးသော တောအုပ်တစ်ခုအတွင်း၌ ကိုယ်ပွား ချန်ဖန်ကလည်း ထိုနေရာတွင် ကြိုတင် စောင့်ဆိုင်းနေခဲ့သည်။

​လူသုံးဦးကို အနန္တ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည့် အချိန်၌ပင် သူက ဤလူသုံးဦးကို အပြင်သို့ ပြန် ထုတ်လိုက်ခြင်း ဖြစ်သည်။

​ချန်ကျီ ဤသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အနန္တ နေရာလွတ်ကို လူသိမခံရစေရန်အတွက်သာ ဖြစ်ပြီး အမှတ် ၃ မှတ် ကုန်ဆုံးသွားခြင်းမှာ ဘာမှ ပြောပလောက်စရာ မဟုတ်ချေ။

​ယခုအခါ အနန္တ နေရာလွတ်ထဲသို့ ရောက်ရှိသွားခဲ့သည့် လူသုံးဦးစလုံးမှာ ၎င်းတို့ အနန္တ နေရာလွတ်သို့ ရောက်ရှိခဲ့ဖူးသည်ကို လုံးဝ သတိမပြုမိကြချေ။

​၎င်းတို့သည် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသည်ဟုသာ ခံစားလိုက်ရပြီး လန့်နိုးလာခဲ့ကြသည်။

​မျက်စိ ဖွင့်ကြည့်လိုက်သောအခါ မြင်တွေ့လိုက်ရသည်မှာ ဝတ်စုံနက် ဝတ်ဆင်ကာ သူ့ကိုယ်သူ လုံခြုံစွာ ဖုံးကွယ်ထားသည့် ကိုယ်ပွား ချန်ဖန်သာ ဖြစ်သည်။

​သို့သော်လည်း ၎င်းတို့က မတူညီသည့် အချက်တစ်ခုကို ခံစားမိလိုက်ကြသည်၊ ၎င်းတို့ လက်ရှိ ရောက်ရှိနေသည့် ပတ်ဝန်းကျင်မှာ မှောင်မည်းနေသည့် မိုင်းတွင်းထဲတွင် မဟုတ်တော့ချေ။

All Chapters