← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ကျင့်ကြံခြင်းက ရေသောက်ရသလို ရိုးရှင်းလွန်းတယ်

​မိုင်းတွင်းထဲကနေ ထွက်လာသည့် လူသုံးယောက်ကမူ ဇဝေဇဝါမျက်နှာထားများနှင့် ကိုယ်ပွား ချန်ဖန်ကို ကြည့်နေကြ၏။

​"ကဲပါ... ဆက်ကြည့်မနေကြနဲ့တော့၊ အခု မင်းတို့တွေ လွတ်လပ်သွားကြပြီ၊ မြန်မြန်သွားကြတော့၊ နောက်ခါ ဒီကို ပြန်မလာကြနဲ့"

​ပြောပြောဆိုဆိုနှင့် ကိုယ်ပွား ချန်ဖန်က ချင်းယွမ်ဓားကို ထုတ်ယူလိုက်ပြီး သုံးချက် ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။

​သူတို့ခြေထောက်များတွင် ခတ်ထားသည့် ခြေကျဉ်းများအားလုံး ချက်ချင်းပင် ပြတ်တောက်သွားခဲ့ရသည်။

​လူသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း သူတို့မှာ တကယ်ပင် ကယ်တင်ခြင်းခံလိုက်ရပြီဖြစ်ကြောင်း မှောင်မည်းပြီး နေ့ရက်မရှိသည့် မိုင်းတွင်းထဲတွင် သွားရောက် မိုင်းမတူးရတော့ဘူးဆိုသည်ကို သဘောပေါက်သွားကြ၏။

​သုံးယောက်စလုံး ချက်ချင်းပင် ဒူးထောက်ချလိုက်ကြပြီး "ကျေးဇူးရှင်ရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်ပါတယ်၊ ဒီလိုကြီးမားတဲ့ ကျေးဇူးတရားကို သေသည်အထိ မမေ့ ပါဘူး၊ ကျေးဇူးရှင်ရဲ့ အမည်ကို သိပါရစေ ၊ နောင်တစ်ချိန်မှာ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်"

​ကိုယ်ပွား ချန်ဖန်က လက်ကာပြလိုက်ပြီး "ကျေးဇူးဆပ်ဖို့ မလိုပါဘူး၊ ဟိုဘက်အရပ်အတိုင်း သွားရင် ဒီနေရာကနေ ထွက်သွားလို့ရတယ်၊ သွားပြီးရင် ပြန်မလာခဲ့ကြနဲ့တော့"

​ပြောပြီးသည်နှင့် ကိုယ်ပွား ချန်ဖန်က လမ်းညွှန်ပြသလိုက်ပြီး ခန္ဓာကိုယ် က ဖျတ်ကနဲ ပျောက်ကွယ်သွားခဲ့သည်။

​ကယ်တင်ခြင်းခံရသည့် လူသုံးယောက်က ချန်ဖန် ဘယ်ကို ပျောက်သွားသည်ကို လုံးဝ မမြင်လိုက်ရချေ၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးသောကြောင့် ဖြစ်သည်။

​"ထားလိုက်ပါတော့... အဲဒီမိုင်းတွင်းထဲကနေ ထွက်လာနိုင်တာတင်ပဲ ငါတို့ ကံကောင်းလှပြီ"

​"ဟုတ်တယ်... ကျေးဇူးရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့ကို ကယ်ထုတ်နိုင်တယ်ဆိုတော့ ငါတို့ဘက်က ကျေးဇူးပြန်ဆပ်ဖို့ဆိုတာ လုံးဝ မဖြစ် နိုင်ဘူး"

​"ဒါနဲ့... ငါတို့ကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်လိုက်လဲဆိုတာ မသိရသလို အခု ရောက်နေတဲ့နေရာကကော ဘယ်နေရာလဲ"

​"ဘာပဲဖြစ်ဖြစ်... အဲဒီမိုင်းတွင်းထဲမှာ မဟုတ်ရင် ဘယ်နေရာဖြစ်ဖြစ် ရပါတယ်"

​"ဒါပေမဲ့လည်း ငါတို့ ဒီအတိုင်းကြီးတော့ ပစ်ထားလိုက်လို့ မရဘူး၊ ဒီလို အကျင့်ပျက် နှိပ်စက်တဲ့မိုင်းတွင်းအကြောင်းကို သေချာပေါက် အပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းလွှင့်ပစ်ရမယ်၊ သူတို့ကို ဘယ်သူမှ အနိုင်မယူ နိုင်ဘူးဆိုတာ မယုံဘူး"

​"မှန်တယ်... အင်အားချင်းကတော့ ငါတို့က မယှဉ်နိုင်ပေမဲ့ ဒီသတင်းကို အပြင်ရောက်အောင် ဖြန့်ဖို့ဆိုတာတော့ ငါတို့ လုပ်နိုင်တယ်"

​"ဟုတ်တယ်... ဒီလောက်ကြီးတဲ့ သံနက်မိုင်းတွင်းကြီးကို စိတ်ဝင်စားမယ့်လူတွေက နည်းမှာမဟုတ်ဘူး၊ ဂိုဏ်းကြီးတွေထဲက လူတွေတောင် စိတ်လှုပ်ရှားသွားနိုင်တယ်"

​ဒီအချိန်မှာပင် လူတစ်ယောက်က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် အံ့ဩတုန်လှုပ်စွာ ပြောလိုက်၏။ "ဟင် နေပါဦး... ဘာလို့ ငါတို့ သုံးယောက်ထဲ ဒီကို ရောက်နေရတာလဲ၊ ဟိုအသစ်ရောက်တဲ့လူက ငါတို့နဲ့ အတူတူနေတာလေ၊ သူကော ဘာလို့ ကယ်တင်မခံရတာလဲ"

​ဒီသံသယကို ရုတ်တရက် ထုတ်ပြောလိုက်သည့်အခါ ကယ်တင်ခြင်းခံရသည့် လူသုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်မိကြသည်။

​သူတို့၏ စိတ်ထဲတွင် အတွေး တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

​"ဒါဆို... ငါတို့ကို ကယ်တဲ့လူကရော"

​ဒီအချိန်မှာ သံသယကို စတင်မေးမြန်းသည့်လူ၏ စကားက ချက်ချင်း ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ "မပြောနဲ့တော့... ငါတို့ ဘာမှမသိဘူး"

​မေးခွန်းမေးသည့်လူကလည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့ရသည်။

​သူတို့ကို အသံတိတ် တိတ်တဆိတ် ကယ်ထုတ်နိုင်ခဲ့ပြီး တစ်ခန်းတည်းနေသည့် အခြားတစ်ယောက်က ပေါ်မလာခဲ့ဘဲ မနေပေ။

​သူတို့၏ အတွေးထဲတွင်မူ ထိုလူက ကိုယ်ပွား ကျောက်ယွမ် ဖြစ်နိုင်ပြီး စွမ်းအားကြီး သည့် မာစတာ တစ်ဦး ဖြစ်ရမည်ဟု တွေးလိုက်ကြ၏။

​ဒီကိစ္စသည် သူတို့ ဝင်ပတ်သက်နိုင်သည့် ကိစ္စမဟုတ်တော့ချေ၊ သူတို့ကို ကယ်တင်သည့်လူက သေချာပေါက် သူတို့ကို ကယ်ဖို့သက်သက်တင် မဟုတ်နိုင်ချေ ။

​"ဟုတ်တယ်... ငါတို့ ဘာမှမသိဘူး၊ မိုင်းလုပ်သားလည်း မဟုတ်ခဲ့ဘူး"

​"ဟုတ်တယ်"

​"မှန်တယ်"

​ကယ်တင်ခြင်းခံရသည့် လူသုံးယောက်က ဒီအချိန်မှာ အားလုံး သဘောပေါက်သွားကြပြီး သူတို့အချင်းချင်းကြားတွင် ဘုံသဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြသည်။

​သူတို့ ဘာမှမသိကြချေ၊ ဒီနေရာသို့လည်း ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးကြပေ။

​လူသုံးယောက်သည် ချန်ဖန် အစောက ညွှန်ပြခဲ့သည့် အရပ်မျက်နှာအတိုင်း ဒီနေရာကနေ ထွက်ခွာရန် အလျင်အမြန် ပြေးထွက်သွားကြတော့သည်။

​အမှောင်ထုထဲတွင်မူ ကိုယ်ပွား ချန်ဖန်က ထွက်မသွားသေးဘဲ အသက်ရှူသံဖျောက် မန္တန်ကို ခေတ္တအသုံးပြုပြီး အော်ရာ များကို ရုပ်သိမ်းကာ ကယ်တင်ခြင်းခံရသည့် လူသုံးယောက်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

​တစ်ပြိုင်နက်တည်းမှာပင် သူ မြင်တွေ့လိုက်ရသည့် အခြေအနေများကို ချန်ကျီထံ ချက်ချင်း ပေးပို့လိုက်သည်။

​ကယ်တင်ခြင်းခံရသည့် လူသုံးယောက်၏ စကားဝိုင်းကို ကြားလိုက်ရသည့်အခါ ချန်ကျီက ပြုံး လိုက်မိရင်း "ဟမ်... ဒီသုံးယောက်က တော်တော်လေး လိမ္မာပါးနပ်တာပဲ၊ ဒါကိုတောင် ချက်ချင်း ရိပ်မိသွားကြတယ်"

​"ဒါပေမဲ့လည်း ဘာမှမဖြစ်ပါဘူး၊ ကြည့်ရတာ သူတို့ ပြန်လာကြတော့မှာ မဟုတ်သလို ငါ့ရဲ့ အစီအစဉ်ကိုလည်း နှောင့်ယှက်မှာမဟုတ်ဘူး"

​ဒီအချိန်မှာ ကျောက်လင်းအာက မျက်မှောင်ကြုတ်ရင်း ပြောလာသည်။ "သခင်... အမှတ်တွေက ထပ်ပြီး ကုန်သွားပြန်ပြီ၊ နောက်ထပ် ကိုယ်ပွားတစ်ခု ဝယ်ဖို့ဆိုရင် အချိန်တစ်ခု ထပ်စောင့်ရဦးမယ်၊ ဒီလို ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်က မမျှတသလိုပဲ"

​"ဘာမှမဖြစ်ဘူး... အမှတ်တွေ၊ ဝိညာဉ်ကျောက်တုံးတွေဆိုတာ မရှိရင် ပြန်ရှာလို့ရတယ်၊ ကိုယ်ပွားကတော့ မတူဘူး၊ ကိုယ်ပွားက ထာဝရ တည်ရှိနေနိုင်တာလေ။ အဲဒီအပြင် ကိုယ်ပွားတွေ များလာရင် ငါလည်း ပိုပြီး ဘေးကင်းသလို ပိုပြီးတော့လည်း သက်တောင့်သက်သာ ရှိတာပေါ့၊ ကိစ္စအဝဝကို ကိုယ်ပွားတွေကိုပဲ လွှဲပေးလိုက်ရင် ပြီးတာပဲ"

​"သခင် ပြောတာ မှန်ပါတယ်၊ ကျွန်မ အမြင်ကျဉ်းပြီး လျှောက်တွေးမိသွားတယ်"

​"လင်းအာ... ငါ နည်းနည်း ဗိုက်ဆာလာပြီ"

​"ဟုတ်ကဲ့ပါ သခင်၊ အခုပဲ သွားပြင်ဆင်ပေးပါ့မယ်" ပြောရင်း ကိုယ်ပွား ကျောက်လင်းအာက စားစရာများ ပြင်ဆင်ရန် ထွက်သွားခဲ့သည်။

​ချန်ကျီက ကိုယ်ပွား ကျောက်လင်းအာ၏ ကျောပြင်ကို ကြည့်ရင်း "သူတို့က ကိုယ်ပွားတွေနဲ့ လုံးဝမတူဘဲ အပြင်မှာ တကယ် တည်ရှိနေတဲ့ လူသားတွေအတိုင်းပဲလို့ ဘာလို့ ခံစားနေရတာပါလိမ့်"

​ဒီလို အတွေးတစ်ချက်က ချန်ကျီ၏ စိတ်ထဲတွင် ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

​သို့သော်လည်း ချန်ကျီက ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက အရေးမကြီးသောကြောင့် ဖြစ်သည်။

​ဝိညာဉ်ကျောက်တုံးများနှင့် အမှတ်များ ကုန်ဆုံးသွားသည့်အပေါ်တွင်လည်း ချန်ကျီက ယခုအချိန်တွင် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိတော့ချေ။

​အနန္တ နေရာလွတ်ထဲတွင် အချိန် အဆတစ်ထောင် မြန် သည့် ဆေးစိုက်ခင်း ရှိနေပြီး ၁၀ နှစ် သက်တမ်းရှိသည့် ဆေးပင်များဆိုလျှင် သုံးလေးရက်အတွင်းမှာ တစ်သုတ် ခူးဆွတ်နိုင်ခြင်း ဖြစ်သည်။

​အပြင်ဘက်တွင်မူ ယဲ့မိသားစု တူးဖော်နေသည့် သံနက်မိုင်းတွင်းက ချန်ကျီ၏ ခန့်မှန်းချက်အရ ပြောင်သလင်းခါအောင် တူးလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းဂဏန်းလောက် တန်ဖိုးရှိသည်။

​ဒါတွေအားလုံးက ယခုအချိန်တွင် ချန်ကျီ၏ ဝင်ငွေများဖြစ်ပြီး အချိန်အနည်းငယ်သာ လိုအပ်တော့ခြင်း ဖြစ်သည်။

​သံနက်မိုင်းတွင်းထဲတွင် အစောင့်များ ရှိနေသေးသောကြောင့် ကျောက်ယွမ်တို့ ကိုယ်ပွား လေးယောက်ကမူ အရမ်းကြီး ထင်ထင်ရှားရှား လှုပ်ရှား၍ မရသေးချေ။

​ဒါပေမဲ့လည်း မကြာခင်ပါပဲ၊ ချန်ကျီ နောက်တစ်ဆင့် ရှင်းလင်းရမည်မှာ အစောင့်များ၏ ပြဿနာပင် ဖြစ်သည်။

​အလားတူပင် အချိန်တော့ လိုအပ်ပါသည်၊ ဒါပေမဲ့ ချန်ကျီက ယခု မလောတော့ချေ၊ သူ လိုသလောက်ရှိသည်မှာ အချိန်သာ ဖြစ်သည်။

​နောက်ထပ် လေးရက် ဆက်တိုက် ကုန်ဆုံးသွားခဲ့ရသည်။

​ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်က ထပ်မံ တက် သွားပြန်ပြီ ဖြစ်ရာ "ချီသန့်စင်ခြင်း အဆင့် ၇ ကို ရောက်ပြီ၊ ဒီကျင့်ကြံခြင်းအမြန်နှုန်း က တကယ်ကို မြန်တာပဲ၊ ရေသောက်ရသလို ရိုးရှင်းလွန်းတယ်"

​"သခင်... ဆေးပင်တွေ ထပ်ပြီး ရင့်မှည့်လာပြန်ပြီ၊နှစ် ၃၀ သက်တမ်းရှိတဲ့ ဆေးပင်တွေလည်း ရင့်မှည့်လာပြီ"

​"ကောင်းပြီ... ဒီဆေးပင်တစ်သုတ်ကို သိမ်းဆည်းပြီးရင် သံနက်မိုင်းတွင်းဘက်မှာ ကိုယ်ပွားတွေ ထပ်တိုးလို့ရပြီ၊ နောက်တစ်ဆင့်ကို စတင်ဖို့ အချိန်တန်ပြီ"

​ဒီရက်ပိုင်းအတွင်း ၁၀ နှစ် သက်တမ်းရှိ ဆေးပင်များ တစ်ကြိမ် ရင့်မှည့်ခဲ့သော်လည်း ဝင်ငွေက ချန်ကျီအတွက် ကိုယ်ပွား တစ်ခုသာ ဝယ်ရန် လောက်ငသဖြင့် သူက လောလောဆယ် မဝယ်သေးဘဲ ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

​ယခုတစ်ခေါက် ဆေးပင်များ ရင့်မှည့်လာသည့် ဝင်ငွေကမူ နောက်ထပ် ကိုယ်ပွား သုံးခုကိုပါ ဝယ်ယူရန် လုံလောက်သွားခဲ့ပြီ ဖြစ်သည်။

​ကျောက်ယွမ်တို့ ကိုယ်ပွား သုံးခုကလည်း ဒီရက်ပိုင်းအတွင်း ချန်ကျီအတွက် ဝင်ငွေအချို့ သယ်ဆောင်လာပေးခဲ့သည်၊ တူးဆွရရှိသည့် သံနက်သတ္တုများကို အနန္တစျေးဆိုင်သို့ ပြန်ရောင်းချလိုက်သည့်အခါ အမှတ် ၁၂၀ ရရှိခဲ့သည်။

​အများကြီးမဟုတ်သော်လည်း ဘာမှမရှိတာထက်စာလျှင် တော်သေးသည်ဟု ဆိုရမည်၊ အနည်းဆုံးတော့ ကိုယ်ပွားများက သူ့အတွက် ပိုက်ဆံစရှာပေးနေပြီ ဖြစ်သည်။

​သံနက်မိုင်းတွင်းအတွင်း၌မူ...

​ကျောက်ယွမ်တို့ ကိုယ်ပွား လေးယောက်က ချန်ကျီ၏ အမိန့်ကို လက်ခံရရှိထားပြီးပြီဖြစ်ရာ ဒီနေ့မှာပင် အစောင့်များကို စတင် လှုပ်ရှားတော့မည် ဖြစ်သည်။

​မိုင်းတူးလို့ ပြီးခါစဖြစ်သည့် ကျောက်ယွမ်တို့ ကိုယ်ပွား လေးယောက်က မိုင်းတွင်းထဲတွင် နားနေကြ၏။

​ဒီအချိန်မှာ ကိုယ်ပွားတစ်ခုက ရုတ်တရက် နာကျင်စွာဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

​သူတို့ကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ယဲ့မိသားစုဝင် အစောင့်က ဒီအော်ဟစ်သံကို ကြားရသည်နှင့် စစ်ဆေးရန် ချက်ချင်း ရောက်လာခဲ့သည်။

​အစောင့်က ကျောက်ယွမ်တို့ရှိရာ မိုင်းတွင်းထဲသို့ လှမ်းဝင်လာသည့်အခါ မြေပြင်ပေါ်တွင် လူးလိမ့်ပြီး အော်ဟစ်နေသည့် ကိုယ်ပွားတစ်ခုကို မြင်လိုက်ရ၏။

​ကျောက်ယွမ်တို့ သုံးယောက်ကမူ ဘေးတစ်ဖက်သို့ ကပ်သွားကြပြီး ဝင်လာသည့် အစောင့်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။

​အစောင့်က မျက်မှောင်ကြုတ်ရင်း မြေပြင်ပေါ်က ကိုယ်ပွားကို ကြည့်လိုက်ပြီး လက်ထဲက ကြာပွတ်နဲ့ သူ့ခန္ဓာကိုယ်ပေါ်ကို ရိုက်နှက်လိုက်ကာ "ဘာလို့ အော်နေတာလဲ၊ ငြိမ်ငြိမ်နေစမ်း"

​ဒီကြာပွတ်ချက်က ကိုယ်ပွား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ကိုယ်ပွားကမူ ဘာမှ မခံစားရချေ၊ ဒါပေမဲ့လည်း ဆက်ပြီး နာကျင်ဟန်ဆောင်ကာ အော်ဟစ်နေတုန်းပင် ဖြစ်သည်။

​ဒီအော်သံက အစောင့်ကို စိတ်ရှုပ်ထွေးစေသဖြင့် အမြန်နှုန်း ကို မြှင့်တင်ပြီး နောက်ထပ် ကြာပွတ်ရိုက်ချက် အနည်းငယ်ကို ဆက်တိုက် ရိုက်နှက်လိုက်ပြန်သည်။

​ကိုယ်ပွားက ဒီအချိန်မှာ အော်ဟစ်သံကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်တွင် ငြိမ်သက်သွားကာ မည်သည့် အသက်ရှူသံမျှ မရှိတော့ချေ။

​အစောင့်၏ စိတ်ထဲတွင် သံသယဝင်သွားရင်း "သေသွားပြီလား"

​အစောင့်က ကိုယ်ပွား၏ အခြေအနေကို သွားရောက်စစ်ဆေးရန် ပြုလုပ်လိုက်သည်၊ ဒီမိုင်းလုပ်သားများက ယဲ့မိသားစုအတွက် တော်တော်လေး အရေးကြီးခြင်း ဖြစ်သည်၊ မိုင်းလုပ်သားတိုင်းက ဝိညာဉ်ကျောက်တုံး ရှာဖွေပေးသည့် ကိရိယာများသာ မဟုတ်ပါလော။

​မိုင်းလုပ်သား တစ်ယောက် လျော့သွားလျှင် မိုင်းတူးမည့်လူ တစ်ယောက် လျော့သွားခြင်း ဖြစ်သည်။

​ထို့ပြင် ဤနေရာရှိ အစောင့်အားလုံးက ယဲ့မိသားစုဝင်များ ဖြစ်သောကြောင့် သူက မည်သည့် သတိမမူမှုမျှမရှိဘဲ မြေပြင်ပေါ်က ကိုယ်ပွား၏ ဘေးနားသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

​အစောင့်၏ ကျောပြင်တစ်ခုလုံးက ကျောက်ယွမ်တို့ ကိုယ်ပွား သုံးခု၏ မျက်စိရှေ့တွင် လုံးဝ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ယွမ်၏ လက်ထဲတွင် ချင်းယွမ်ဓား ပေါ်ထွက်လာပြီး ဓားတစ်ချက်တည်းနှင့် အစောင့်၏ ဦးခေါင်းကို တိုက်ရိုက် ပိုင်းဖြတ်လိုက်တော့သည်။

​အစောက မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့် ကိုယ်ပွားကလည်း တစ်ပြိုင်နက်တည်း မျက်စိဖွင့်လာခဲ့ပြီး ကိုယ်ပွားများအားလုံး အတူတူ ပူးပေါင်းကာ အစောင့်၏ ခန္ဓာကိုယ်ပေါ်က ပစ္စည်းမှန်သမျှကို လျင်မြန်စွာ ချွတ်ယူလိုက်ကြပြီး အလောင်းကိုမူ အနန္တ နေရာလွတ်ထဲ သိမ်းဆည်းလိုက်ကြ၏။

​တစ်ပြိုင်နက်တည်းမှာပင် အစောင့်နှင့် တစ်ပုံစံတည်း တူညီသည့် ကိုယ်ပွားတစ်ယောက် ပေါ်ထွက်လာခဲ့သည်။

​မိုင်းတွင်းထဲရှိ ကိုယ်ပွား ငါးယောက် စလုံးက တစ်ဦးကိုတစ်ဦး ကြည့်ပြီး ပြုံးလိုက်ကြသည်။

​သူတို့၏ တာဝန် ပြီးမြောက် သွားခဲ့ပြီဖြစ်ရာ အရာအားလုံးကို အသံတိတ် တိတ်တဆိတ် လုပ်ဆောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

All Chapters