← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) ယဲ့မိသားစု အစောင့်များထဲသို့ စိမ့်ဝင်ခြင်း

​ဒီအချိန်တွင် ဝမ်နန်မြို့ပြင်ရှိ ကိုယ်ပွား ချန်ဖန်က အနန္တ နေရာလွတ်ထဲကနေ အစောင့်၏ အလောင်းကို ထုတ်ယူလိုက်၏။

​မီးတောက်မန္တန်ကို နှိုးဆွ လိုက်ပြီး မီးလုံးတစ်လုံးကို အလောင်းပေါ်သို့ ပစ်ပေါက်လိုက်ရာ အလောင်းက ဖြည်းညှင်းစွာ ပြာအတိ ဖြစ်သွားခဲ့ရသည်။

​အရာအားလုံး ပြီးမြောက်သွားသည့်အခါ ကိုယ်ပွား ချန်ဖန်က အနန္တ နေရာလွတ်ထဲသို့ ဝင်ရောက်သွား၏။

​သူ ထပ်မံ ပေါ်ထွက်လာသည့်အချိန်တွင်မူ ချန်ကျီ၏ အိမ်တော် အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​"သခင်... အားလုံးကို ရှင်းလင်းပြီးပါပြီ"

​"အင်း... ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ အခုလောလောဆယ် ဒီနေရာမှာ မင်းကို သုံးဖို့ မလိုသေးဘူး။ မင်း ချင်းယွမ်ဂိုဏ်းကို သွားလိုက်တော့၊ အတော်ပဲ ချင်းယွမ်ဂိုဏ်းက တပည့်တွေ လက်ခံမယ့်အချိန်နဲ့ ကွက်တိကျနေတယ်"

​"သခင်... ကျွန်တော်က သခင်လေးရဲ့ နာမည်နဲ့ သွားရမှာလား၊ ဒါမှမဟုတ်"

​"မင်းရဲ့ ကိုယ်ပိုင်နာမည်ကိုပဲ သုံးလိုက်၊ ကျင့်ကြံခြင်းအဆင့်ကိုလည်း ဖုံးကွယ်ထားဖို့ မလိုဘူး။ မင်းက အဆင့်နိမ့် ဝိညာဉ်အမြစ် ဖြစ်နေပေမဲ့ ချီသန့်စင်ခြင်း အဆင့် ၇ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ချင်းယွမ်ဂိုဏ်းမှာ အပြင်စည်းတပည့်တစ်ယောက် ဖြစ်ဖို့ဆိုတာ ပြဿနာမရှိနိုင်ဘူး"

​"ဟုတ်ကဲ့ပါ"

​"ချင်းယွမ်ဂိုဏ်းကို ရောက်သွားရင် အဲဒီတာဝန်ခံကို ရှာကြည့်ဖို့ မမေ့နဲ့ဦး၊ သူ ဘယ်လို နေထိုင်ဖြတ်သန်းနေလဲဆိုတာကို ကြည့်ရမယ်"

​"သခင်... ကျွန်တော် ချင်းယွမ်ဂိုဏ်းကို သွားတဲ့အခါ တခြား ညွှန်ကြားချက်များ ရှိပါသေးသလား"

​"မင်း ချင်းယွမ်ဂိုဏ်းမှာ တပည့်ကောင်းတစ်ယောက်ပီပီ ကောင်းကောင်းမွန်မွန် နေထိုင်သွားရင် ရပါပြီ"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ဖန်ကို ချင်းယွမ်ဂိုဏ်းသို့ လွှတ်ရန်မှာ ချန်ကျီ အစောကတည်းက ကြိုတင် ဆုံးဖြတ်ထားသည့် အစီအစဉ် ဖြစ်သည်။

မူလ​ခန္ဓာကိုယ်ပိုင်ရှင်၏ နောက်ဆုံးဆန္ဒကိုလည်း သူ ဖြည့်ဆည်းပေးရဦးမည် မဟုတ်ပါလော။

​ထို့ပြင် ချင်းယွမ်ဂိုဏ်းက မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းဂိုဏ်းတစ်ခု ဖြစ်ခြင်းကြောင့် ကူးပြောင်းရောက်ရှိလာသည့် ချန်ကျီအနေဖြင့်လည်း သွားရောက် အကဲခတ်ချင်မိသည်။

​၎င်းအပြင် ချင်းယွမ်ဂိုဏ်းအတွင်း၌ ယဲ့မိသားစုဝင် တပည့်များလည်း ရှိနေသဖြင့် သူတို့၏ အခြေအနေ အစစ်အမှန်ကိုပါ သွားရောက် စုံစမ်းရန် လိုအပ်သေး၏။

​အငြိုးအတေးကို လက်တုံ့မပြန်ဘဲ နေတတ်ခြင်းမှာ သူ ချန်ကျီ၏ အကျင့်စရိုက် မဟုတ်ချေ။

​အစပြုခဲ့သည်မှာ ဆိုင်ရှင် ထုံ ဆီက ဖြစ်သော်လည်း မြစ်ဖျားခံရာ အရင်းအမြစ်မှာမူ ယဲ့မိသားစုတစ်ခုလုံး ဖြစ်သည်။

​ထို့ပြင် ယဲ့မိသားစု၏ ရည်မှန်းချက်ကြီးမားမှုက နောက်ဆုံးတွင် ဘေးဒုက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။

​ချန်ကျီအနေဖြင့် ဝမ်နန်မြို့တွင် အေးအေးချမ်းချမ်းနှင့် ထာဝရ ဖြတ်သန်းသွားချင်ပါက ယဲ့မိသားစုကို ရှောင်ကွင်းသွား၍ မရနိုင်ချေ။

​ယဲ့မိသားစု၏ သံနက်မိုင်းတွင်းအတွင်း၌မူ...

​အစောင့်အသွင် ဖန်တီးထားသည့် ကိုယ်ပွားက ကိုယ်ပွား ကျောက်ယွမ်တို့ ရှိရာ မိုင်းတွင်းထဲကနေ လှမ်းထွက်လာခဲ့ရုံရှိသေးရာ အခြားအစောင့် အနည်းငယ်က လျှောက်လှမ်းလာကြသည်။

​ဦးဆောင်လာသူမှာ ကျင့်ကြံခြင်းအဆင့် ချီသန့်စင်ခြင်း အဆင့် ၈ ရှိသည့် အဖိုးကြီး တစ်ဦး ဖြစ်ပြီး သူက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။ "ဘာဖြစ်တာလဲ အစောက ဝိညာဉ်စွမ်းအား လှိုင်းကို ခံစားလိုက်ရတယ်"

​"ဘာမှမဖြစ်ပါဘူး၊ မိုင်းလုပ်သားတစ်ယောက်က နေမကောင်းချင်ယောင်ဆောင်ပြီး ပျင်းနေလို့ ရှင်းလင်းလိုက်တာပါ" ကိုယ်ပွား အစောင့်က ပြန်လည်ဖြေကြားလိုက်သည်။

​ထိုဦးဆောင်သည့် အဖိုးကြီး စကားပြောနေစဉ်မှာပင် အခြား ယဲ့မိသားစုဝင်များက မိုင်းတွင်းထဲသို့ ဝင်ရောက် စစ်ဆေးပြီး ဖြစ်နေကြပြီ ဖြစ်သည်။

​သို့သော် မိုင်းတွင်းထဲတွင်မူ တွန့်ဆုတ်ကြောက်ရွံ့နေကြသည့် ကျောက်ယွမ်တို့အဖွဲ့ကိုသာ မြင်တွေ့ရပြီး ကြည့်ရုံနှင့်ပင် ဆုံးမခြင်း ခံထားရသည့် ပုံစံမျိုး ဖြစ်နေသဖြင့် မည်သည့် ထူးခြားချက်ကိုမျှ ရှာမတွေ့ခဲ့ကြချေ။

​မိုင်းတွင်းထဲကနေ ထွက်လာသည့် စစ်ဆေးသူက အဖိုးကြီး ကို မျက်ရိပ်ပြလိုက်၏။

​"ဘာမှမဖြစ်ရင် ပြီးတာပါပဲ၊ ကျန်းဖျင်... မင်း မကြာခင်က ကျင့်ကြံခြင်းအဆင့် ဘယ်လိုလဲ၊ ဘယ်အချိန်မှာ အဆင့်တက်နိုင်မလဲ"

​ထိုအဖိုးကြီး က သူ့ကို နာမည်ခေါ်လိုက်သည့်အခါ ကိုယ်ပွားက ယခု သူ ဖန်တီးထားသည့် ယဲ့မိသားစုအစောင့်၏ နာမည်မှာ ယဲ့ကျန်းဖျင် ဖြစ်ရမည်ကို သိရှိသွားခဲ့သည်။

​ကိုယ်ပွား ယဲ့ကျန်းဖျင်က ပြန်ဖြေလိုက်၏။ "မကြာခင် အဆင့်တက်တော့မှာပါ၊ မကြာသေးခင်ကပဲ ကျင့်ကြံခြင်းအဆင့်က လှုပ်ခတ်မှု အရိပ်အယောင် ပြနေပါတယ်"

​"ကောင်းတယ်... နောက်နောင် မျှော်လင့်ချက်ရှိတာပဲ၊ ငါတို့ ယဲ့မိသားစုရဲ့ အနာဂတ်က မင်းတို့လို လူငယ်တွေအပေါ်မှာပဲ မူတည်တော့တယ်၊ ကဲ... ဒီမှာ ဘာမှမရှိတော့ရင် အားလုံးပဲ ပြန်ပြီး ကျင့်ကြံကြတော့။ အခုအချိန်က မိသားစုမှာ လူအင်အား လိုအပ်နေတဲ့အချိန်ပဲ၊ မိသားစုအကြီးအကဲက အမိန့်ချမှတ်ထားပြီးပြီ ဖြစ်လို့ လူတိုင်းရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို တိုးမြှင့်ပေးထားတယ်။ အားလုံးပဲ မိသားစုရဲ့ မျှော်လင့်ချက်ကို အပျက်အစီးမခံကြနဲ့"

​"ဟုတ်ကဲ့ပါ"

​ယဲ့မိသားစု အစောင့်များအားလုံး ထွက်သွားကြပြီး ကိုယ်ပွားသည်လည်း ယဲ့မိသားစုအတွင်းသို့ အောင်မြင်စွာ စိမ့်ဝင်နိုင်ခဲ့ပြီ ဖြစ်သည်။

​ကိုယ်ပွား ယဲ့ကျန်းဖျင်က သူ ပုံမှန်နားနေကျ နေရာသို့ ပြန်သွားကာ ကျင့်ကြံချင်ယောင်ဆောင်နေလိုက်၏။

​ဒါတွေအားလုံးက ကျောက်ယွမ်တို့အဖွဲ့ ဒီရက်ပိုင်းအတွင်း သေချာ သတိပြုမိထားခဲ့သည့် အချက်အလက်များ ဖြစ်သည်။

​ချန်ကျီ၏ အစီအစဉ်က အားလုံး ချောမွေ့နေပြီး နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ကိုယ်ပွား ယဲ့ကျန်းဖျင်အပေါ်တွင်သာ မူတည်တော့သည်။

​နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ကိုယ်ပွား ယဲ့ကျန်းဖျင်က တစ်ဖက်တွင် ကိုယ်ပွား ကျောက်ယွမ်တို့အဖွဲ့ကို စောင့်ကြပ်ချင်ယောင်ဆောင်ရင်း အခြားတစ်ဖက်တွင်မူ မိုင်းတွင်း အတွင်းရှိ အခြေအနေများကို အကဲခတ်နေခဲ့သည်။

​ရံဖန်ရံခါတွင် အခြား ယဲ့မိသားစုဝင်များနှင့် စကားစမြည်ပြောဆိုရင်း မသိသေးသည့် အခြေအနေများကို စုံစမ်းထောက်လှမ်းခဲ့၏။

​ပိုမိုသိရှိလာရလေလေ ကိုယ်ပွား ယဲ့ကျန်းဖျင်က သူ၏ သရုပ်မှန်အသစ်ကို ပိုမိုကျွမ်းကျင်လာလေလေ ဖြစ်သည်။

​ယဲ့မိသားစုက ဤသံနက်မိုင်းတွင်းပေါ်တွင် ချမှတ်ထားသည့် စီစဉ်မှုများကိုလည်း ပိုမို ရှင်းလင်းစွာ သိမြင်လာခဲ့ရသည်။

​ယခုအခါ သူက ယဲ့မိသားစုဝင်များကြားထဲသို့ လုံးဝ ဝင်ဆံ့သွားခဲ့ပြီဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို သံသယမဝင်ကြချေ။

​ဒီနေ့တွင်မူ ကျင့်ကြံချင်ယောင်ဆောင်နေသည့် ကိုယ်ပွား ယဲ့ကျန်းဖျင်သည် တစ်စုံတစ်ဦးက သူ့ကို လှမ်းခေါ်နေသည့်အသံကို ကြားလိုက်ရသည်။

​"ကျန်းဖျင်... မင်းတို့အဖွဲ့ကို ခေါ်ပြီး အပြင်မှာ ကင်းလှည့်ဖို့ သွားတော့၊ ကင်းလှည့်တဲ့အခါ သေချာ ဂရုစိုက်ကြ"

​စကားပြောလာသူမှာ အခြားမဟုတ်ဘဲ ရှေ့ညက လာရောက်စစ်ဆေးခဲ့သည့် ဦးဆောင်သူ အဖိုးကြီး ပင် ဖြစ်သည်။

​"ဟုတ်ကဲ့ပါ" ယဲ့ကျန်းဖျင်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်၏။

​မိုင်းတွင်းထဲရှိ ယဲ့မိသားစု အစောင့်များက နေ့စဉ် မိုင်းတွင်းအပြင်တွင် အလှည့်ကျ ကင်းလှည့်ရသည့် စည်းကမ်းချက် ရှိသည်။

​ယဲ့မိသားစု အစောင့်များ၏ ကင်းလှည့်အဖွဲ့က တစ်ကြိမ်လျှင် သုံးယောက်တစ်တွဲ ဖြစ်သည်။

​တစ်ခါစီတွင် လူအင်အား စီစဉ်ပြီး အပြင်ဘက်သို့ သွားရောက် ကင်းလှည့်ခိုင်းရသည့် ရည်ရွယ်ချက်မှာလည်း ဤသံနက်မိုင်းတွင်းကြီးကို သူတစ်ပါး ရှာမတွေ့စေရန်အတွက် ဖြစ်သည်။

​ကိုယ်ပွား ယဲ့ကျန်းဖျင်နှင့်အတူ လိုက်ပါကင်းလှည့်သူ နှစ်ယောက်မှာလည်း သူ ဒီရက်ပိုင်းအတွင်း အတော်အတန် ရင်းနှီးသွားခဲ့သည့် လူနှစ်ယောက် ဖြစ်သည်။

​တစ်ယောက်က ယဲ့ကျန်း ဖြစ်ပြီး အခြားတစ်ယောက်ကမူ ယဲ့ထုံ ဖြစ်သည်။

​သုံးယောက်စလုံး၏ ကျင့်ကြံခြင်းအဆင့်က တူညီကြပြီး ချီသန့်စင်ခြင်း အဆင့် ၆ များ ဖြစ်ကြ၏။

​လူသုံးယောက်က လမ်းတစ်လျှောက် စကားတပြောပြောနှင့် မိသားစုအတွင်းရှိ လက်ရှိအခြေအနေများကို လာမည့်အကြောင်းအရာအဖြစ် ဆွေးနွေးခဲ့ကြပြီး ယဲ့မိသားစုတွင် လက်ရှိ အရေးအပါဆုံးဖြစ်သည့် ပါရမီရှင် ယဲ့ဖေးရန် အကြောင်းကိုပါ ပြောဆိုခဲ့ကြသည်။

​စကားပြောနေစဉ်အတွင်း အခြားလူနှစ်ယောက်၏ မျက်နှာပေါ်တွင် ရံဖန်ရံခါ မနာလို အားကျသည့် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။

​သို့သော် ထိုအားကျမှုထဲတွင်မူ မနာလိုဝန်တိုမှု အငွေ့အသက်အချို့ ကိန်းအောင်းနေပုံရ၏။

​"ယဲ့ဖေးရန်က ဒီရက်ပိုင်း နည်းနည်း လွန်လာပြီ၊ မိသားစုခေါင်းဆောင် ရဲ့ အမိန့်ကိုတောင် မနာခံချင်တော့ဘူး"

​"ဟုတ်ပ... ကြားရသလောက်တော့ ပြီးခဲ့တဲ့အကြိမ်က မိသားစု အစည်းအဝေးခေါ်တာတောင် သူက ပြန်မလာချင်ဘူးတဲ့"

​"မတတ်နိုင်ဘူးလေ... ဘာပဲဖြစ်ဖြစ် သူ့မှာ အဖေကောင်းရှိနေတာကိုး၊ မိသားစုရဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အတော်များများကို သုံးစွဲထားရလို့သာ အဲဒီလောက် မြန်မြန် ကျင့်ကြံနိုင်တာ နေမှာပါ"

​"မှန်တယ်... အရင်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်း က ဒီလောက်အထိ မမြန်ပါဘူး"

​သူတို့ ပြောဆိုနေကြသည့် စကားများကို နားထောင်ရင်း ကိုယ်ပွား ယဲ့ကျန်းဖျင်က ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သောကြောင့် သိပ်မသိလှသဖြင့် လိုက်ပါ ထောက်ခံနေရုံသာ ပြုလုပ်နိုင်ခဲ့သည်။

​ဤကဲ့သို့သော စကားမျိုးကို ထိုလူများက မိုင်းတွင်းအတွင်း၌မူ မပြောရဲကြချေ။

​ယဲ့ဖေးရန်သည် ယဲ့မိသားစုက လက်ရှိအချိန်တွင် အလေးအနက်ဆုံး ထားရှိသည့် မျိုးဆက်သစ်ဖြစ်ရာ အကယ်၍ အခြားသူများက သူတို့၏ ဝေဖန်ပြောဆိုမှုကို သိရှိသွားပါက အပြစ်ပေးခြင်း ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

​သို့သော် ယခုအခါ အပြင်သို့ ရောက်ရှိနေခြင်းကြောင့် သူတို့က အတားအဆီးမဲ့စွာ ပြောဆိုနေကြခြင်း ဖြစ်သည်။

​၎င်းအပြင် မိုင်းတွင်းနှင့်လည်း ပိုမို ဝေးကွာလာခဲ့ပြီဖြစ်ရာ တစ်စုံတစ်ဦးက ချောင်းမြောင်းနားထောင်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။

​"ကျန်းဖျင်... မင်း ဒီနေ့ ဘာလို့ စကားမပြောတာလဲ၊ အရင်တုန်းကဆို ယဲ့ဖေးရန်ကို မင်း အများဆုံး ဆဲဆိုနေကျလေ"

​"ဟုတ်တယ်... မိုင်းတွင်းနဲ့ ဒီလောက်တောင် ဝေးနေပြီပဲ၊ ဘာကို ကြောက်နေတာလဲ"

​ကိုယ်ပွား ယဲ့ကျန်းဖျင်က ခပ်ပြုံးပြုံးဖြင့် "ဟမ့်... ဟုတ်လို့လား"

​ယဲ့ကျန်းနှင့် ယဲ့ထုံတို့က ယဲ့ကျန်းဖျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး သူ ယနေ့တွင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

​"ကျန်းဖျင်... မင်း ဘာဖြစ်နေတာလဲ"

​"ဟဲဟဲ..." ယဲ့ကျန့်ဖျင်က စကားမပြောဘဲ ရယ်ရုံသာ ရယ်နေလိုက်၏။

​သူ ရယ်မောရခြင်းအကြောင်းမှာ ဤလူနှစ်ယောက်က သေလူ ဖြစ်တော့မည်ကို သူတို့ကိုယ်သူတို့ မသိရှိသေးသောကြောင့် ဖြစ်သည်။

​"မလှုပ်ရှား ရတာ ကြာပြီပဲ၊ ငါတို့တွေ လေ့ကျင့်ကြည့်ကြမလား" ပြောရင်း ယဲ့ကျန်းဖျင်၏ လက်ထဲတွင် လှံရှည်တစ်စင်း ပေါ်ထွက်လာခဲ့ရာ ၎င်းမှာ ရိုလုံ လှံ ဖြစ်သည်။

​ယဲ့ကျန်းနှင့် ယဲ့ထုံတို့က ကိုယ်ပွား ယဲ့ကျန်းဖျင်၏ လုပ်ရပ်ကြောင့် ကြောင်အသွားကြပြီး နေရာတွင်ပင် ဆွံ့အသွားခဲ့ကြရသည်။

​ရိုလုံလှံ ပေါ်ထွက်လာသည့်အချိန်မှာပင် သူတို့က ရိုလုံလှံ၏ အော်ရာ ကို ခံစားလိုက်ရပြီး ဖြစ်သည်။

​"ဆန်းကြယ် အဆင့် လက်နက်လား"

​"ဟားဟား... မင်းတို့ မျက်စိရှိသေးတာပဲ"

​ကိုယ်ပွား ယဲ့ကျန်းဖျင်က အပိုစကားများ ဆက်မပြောတော့ချေ၊ ကောင်းကင်ကိုးခု နဂါးဟိန်းသံလှံသိုင်းကို သူလည်း တတ်ကျွမ်းထားသည် မဟုတ်ပါလော။

​လှံကို မြှောက်ကာ ချိန်ရွယ်လိုက်ပြီး "နဂါးဟိန်း ကောင်းကင်ကိုးခု" ဟူသော သိုင်းကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ လှံသွားက နဂါး ဟိန်း လိုက်သကဲ့သို့ ကောင်းကင်တုန်ဟည်းမတတ် အသံကြီး ထွက်ပေါ်လာပြီး လှံကိုယ်ထည်မှ ပြင်းထန်လှသည့် နဂါးဟိန်းသံများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

​လှံသွားက အလွန်မြန်ဆန်သော အမြန်နှုန်း ဖြင့် ယဲ့ကျန်းနှင့် ယဲ့ထုံ နှစ်ဦးထံသို့ ထိုးနှက်သွားခဲ့ရာ ပြင်းထန်ထက်မြလှသည့် တိုက်ခိုက်မှုက လျင်မြန်သလို တိကျလွန်းလှပြီး သောင်းကျန်းနေသည့် နဂါးကြီးတစ်ကောင်ကဲ့သို့ လူနှစ်ဦးကို ကိုက်ခဲရန် ပြေးဝင်သွားတော့သည်။

​"ယဲ့ကျန်းဖျင်... မင်း ရူးသွားပြီလား"

​ယဲ့ကျန်းနှင့် ယဲ့ထုံတို့က ဤလှံချက် ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့ လုံးဝ ခုခံနိုင်မည်မဟုတ်ကြောင်း သိရှိသွားကြသည်။

​သူတို့သည် အသက်ဘေးက ကာကွယ်မည့် နည်းလမ်းမှန်သမျှကို ရူးသွပ်စွာ ထုတ်ဖော် ခုခံရင်း တစ်ပြိုင်နက်တည်းမှာပင် အော်ဟစ်နေကြ၏။

​သူတို့ မည်သို့မျှ စဉ်းစား၍မရနိုင်သည်မှာ မိသားစုဝင်အချင်းချင်း ဖြစ်သည့် ယဲ့ကျန်းဖျင်က ဘာကြောင့် ရုတ်တရက် တိုက်ခိုက်လာရသလဲ ဆိုတာပင် ဖြစ်သည်။

​ထို့ပြင် အသုံးပြုထားသည်မှာလည်း ဆန်းကြယ် အဆင့် လက်နက် ဖြစ်သလို ဤသိုင်းကွက်ကိုလည်း သူတို့ တစ်ခါမျှ မမြင်ဖူးကြချေ။

​ခဏချင်းအတွင်းမှာပင် ကိုယ်ပွား ယဲ့ကျန်းဖျင်က "နဂါးဟိန်းသံ ကောင်းကင်ကိုးခု" အကွက်ကို ဆက်တိုက် ထိုးနှက်လိုက်သည်။

​ယဲ့ကျန်းနှင့် ယဲ့ထုံတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လှံဒဏ်ရာ အပေါက်များစွာ ဗြန်းဗြန်းတောက် ဖြစ်သွားခဲ့ရပြီး သူတို့၏ ခုခံမှုက မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

​အကျိုးသက်ရောက်မှု မရှိသည်မှာ သဘာဝပင် ဖြစ်သည်၊ ကျင့်ကြံခြင်းအဆင့်အရ ကိုယ်ပွား ယဲ့ကျန်းဖျင်က သူတို့ထက် နှစ်ဆင့်မျှ မြင့်မားနေသည်ကို ထားဦးတော့။

​ဂရန်းမာစတာ အဆင့် ကျွမ်းကျင်မှုရှိသည့် ကောင်းကင်ကိုးခု နဂါးဟိန်းသံလှံသိုင်းကို ချီသန့်စင်ခြင်း အဆင့် ၅ မျှသာ ရှိသည့် သူတို့က ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။

All Chapters