← Chapters

ခုနစ်ရောင်စုံ၏ တတိယမြောက်အသွင်ပြောင်းခြင်း

Vol. 140 Ch. 1929

ခုနစ်ရောင်စုံ၏ တတိယမြောက်အသွင်ပြောင်းခြင်း

Vol. 140 Ch. 1929

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် ပေါ်တွင် ကျန်းတောက်ကျုံးနှင့် အဘိုးအိုကျိုးတို့က မြေပြင်ထက်သို့ သိချင်စိတ်ဖြင့် ကြည့်နေ၏။ သူတို့က မြေအောက်အတွင်းနက်ပိုင်းမှ အစွမ်းထက်အော်ရာတစ်ခု ထိုးထွက်လာသည်ကို ရှင်းလင်းစွာ ခံစားမိကြသည်။

သူတို့သည် ထိုအော်ရာကို အနည်းငယ်မျှသာ ခံစားမိသည် ဖြစ်သော်လည်း သူတို့၏စိတ်နှလုံးများက တချက်ခုန်ပေါက်သွားစေဖို့ လုံလောက်၏။

သူတို့နှစ်ယောက်ပင် ထိုသို့ ခံစားမိသည် မဟုတ်။ အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်လည်း မြေပြင်ထက်သို့ စူးစိုက်ကြည့်နေပြီး သူတို့၏ အမူအရာများက အလေးအနက်ဖြစ်နေသည်။

သူတို့လေးယောက်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ဘိုးဘေးသုံးယောက်က မရေမတွက်နိုင်သော ကလေးများကြားကနေ ရွေးချယ်ခံထားရသူများ ဖြစ်၏။ သူတို့က အလွန်ပါရမီပါကာ ကျင့်ကြံမှုအဆင့်တစ်ခု ရောက်သည်နှင့် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ကျောင်းတော်ထံ စေလွှတ်ခြင်း ခံရပြီး အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ အစေခံများ ဖြစ်လာခဲ့ကြသည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တလျှောက် သူတို့ကဲ့သို့ တမန်တော်များစွာ ရှိကြ၏။ သို့ပေမည့် အမျိုးမျိုးအဖုံဖုံ အခက်အခဲများနှင့် သေခြင်းတရားတို့ကို ဖြတ်သန်းတွေ့ကြုံပြီးနောက် အဆုံးသပ်၌ အစိမ်းရောင်မိစ္ဆာ၏ အသိအမှတ်ပြုခံရသူမှာ ကိုးယောက်သာ ရှိခဲ့၏။

ထိုကိုးယောက်လုံးက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အစိမ်းရောင်မိစ္ဆာတမန်တော်များပင်။ သူတို့က အစိမ်းရောင်မိစ္ဆာကုန်းမြေအောက်၌ ဖိနှိပ်ထားသော အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ အမွေဆက်ခံသူများလည်း ဟုတ်သည်။

ထို့ကြောင့် ကျန်းတောက်ကျုံးနှင့် တခြားသူများထက် သူတို့၏ ခံစားမှုက များစွာ ပိုရှင်းနေ၏။ သူတို့က မြေအောက်မှ ထွက်ပေါ်လာသော အော်ရာသည် ကောင်းကင်ဘုံနွားထီး၏ အသိအမှတ်ပြုခြင်း ခံရသော ကောင်းကင်ဘုံနွားထီးတမန်တော်ထံမှ ဖြစ်သည်ကို ကောင်းကောင်း သိ၏။

မြေပြင်ထုက ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ခပ်အုတ်အုတ်အသံများလည်း ပဲ့တင်ထပ်သည်။ မြက်ပင်များ ပျက်စိးကုန်ပြီး အစိမ်းရောင်အမှုန့်များအဖြစ်သို့ ပြောင်း၏။ လေက ထိုအစိမ်းရောင်အမှုန့်တို့ကို ကောင်းကင်ထက်သို့ ပင့်တင်သယ်ဆောင်ကာ ပတ်ဝန်းကျင်ဧရိယာအား မြူလွှာစုတစ်ခုကဲ့သို့ ဖုံးလွှမ်းသည်။

ကျန်းတောက်ကျန်းက တမျိုးတမည် ခံစားရကာ သူက လေထဲသို့ အရင်ဆုံး ပျံတက်လိုက်၏။ သူ၏နောက်တွင် အဘိုးအိုကျိုးဆိုသူ လိုက်ပါလာသည်။

အစိမ်းရောင်မိစ္ဆာတမန်တော်များကလည်း အလေးအနက်အမူအရာများ ဖြစ်ပေါ်နေ၏။ သို့သော် သူတို့က လေထဲသို့ ပျံမတက်ကြပေ။ သူတို့က မြန်ဆန်စွာပင် လူခွဲ၍ မတူညီသော အရပ်လေးမျက်နှာ၌ ထိုင်ချ၏။ သူတို့၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ မာန်သွင်းသံ ပြုသည်။

သူတို့ မာန်သွင်းအော်ဟစ်စဉ် အစိမ်းရောင်အခိုးအငွေ့ မြောက်များစွာက သူတို့၏နောက်၌ ပေါ်လာ၏။ ထိုအစိမ်းရောင်မြူက တဝီဝီ မြန်မြန်ဆန်ဆန် လှည့်လည်ကာ အစိမ်းရောင်ကင်းမြှီးကောက်လေးကောင်း ဖြစ်ပေါ်သည်။

ထိုကင်းမြှီးကောက်တို့က အလွန်တရာ ကြမ်းကြုတ်မည့်ပုံ ပေါ်၏။ ယင်းတို့ ပေါ်လာသည့်နောက် စူးစူးရှရှ အော်မြည်သံ ပြုကာ မြေပြင်ထံ ဦးတည်၏။

ထို့နောက်တွင် တမန်တော်လေးယောက်က သူတို့၏ လျှာထိပ်များကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ သူတို့၏လက်များဖြင့် မြေပြင်ထက်သို့ ဖိချ၏။ ထို့နောက် သူတို့က မျက်လုံးမှိတ်သည်။ လက်မောင်းလုံးခန့် အထူရှိသည့် အစိမ်းရောင်အခိုးအငွေ့အမျှင်တန်းလေးခုက သူတို့၏နောက်မှ အရှိန်နှင့် ထိုးထွက်၏။ ထိုအခိုးအငွေ့တို့က ကောင်းကင်ထက်တွင် စုဝေးကာ အစိမ်းရောင်ကြေးမံတချပ်အသွင် ဖွဲ့စည်းသည်။

ထိုကြေးမုံက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းထံမှ ပြင်းထန်သောမိစ္ဆာဆန်သည့် အော်ရာကို ပေးစွမ်းသည်။ ကျန်းတောက်ကျုံးနှင့် အဘိုးအိုကျိုးတို့က ထိုကြေးမုံကို တွေ့မြင်သည့်အခါ သူတို့၏မျက်လုံးထဲ၌ လေးစားမှုတို့ ပြည့်လာ၏။

အစိမ်းရောင်အခိုးအငွေ့က ထိုကြေးမုံအနှံ့ သိမ်းကြုံး ပျံ့နှံ့လေရင်း ကုန်းမြေတစ်ခု ပေါ်လာသည်။ ထိုကုန်းမြေပေါ်၌ တောင်တန်းများ ရှိမနေ၊ ရွှံ့နွံချိုင့်ဝှမ်းသာ များပြား၏။ တချို့သေမျိုးမြို့များသည်ပင် ထိုရွှံ့နွံ့ချိုင့်ဝှမ်းများပေါ်၌ တည်ဆောက်ထားကြသည်။ ၎င်းက ထူးခြားလှသည်။

ထိုကုန်းမြေသည် ကောင်းကင်ဘုံနွားထီးကုန်းမြေထက် သေးငယ်ပုံ ပေါ်သည်။

ထိုကြေးမုံအတွင်းရှိ လောကမှာ အစိမ်းရောင်မိစ္ဆာကုန်းမြေပင်။

အစိမ်းရောင်မိစ္ဆာတမန်တော်များသည် မာန်သွင်းအော်ဟစ်နေစဉ် ထိုကြေးမုံက တဖြည်းဖြည်း ကြုံ့လာပြီး သူတို့လေးယောက်ကြားရှိ မြေပြင်ကို ခြုံလွှမ်းသည်။

မြေအောက်အတွင်းနက်ပိုင်း၌ ဝမ်လင်းက သူ၏နောက်ရှိ ကောင်းကင်ဘုံနွားထီးနှင့် ပေါင်းစပ်ကာ တရကြမ်း ထိုးထွက်လာ၏။ သူ၏နောက်တွင် မြေအောက်နန်းတော် ရှိပေသည်။ သူက ဒီနေရာ၌ သူရဲကောင်းတစ်ယောက် ဖြစ်လာချင်တာ မဟုတ်ပေ။ သူက ထိုသို့ ပြုမူနေခြင်းမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေအတွက် မဟုတ်၊ သူ လက်ခံထားသော အခြေအနေသုံးခုအတွက်ကြောင့်သာ ဖြစ်သည်။

သို့ပေမည့်လည်း ဝမ်လင်းက အကြောင်းရင်းကို နားလည်သူ ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်ချပ်ဝတ်၌ မြေအောက်နန်းတော်အတွင်းမှ ကျင့်ကြံသူတစ်ထောင်ကျော်၏ သွေးနှင့် ကျင့်ကြံခြင်းတို့ ပါဝင်နေသည်။ သူက တကိုယ်တည်း မထွက်သွားနိုင်ပေ။ အနည်းဆုံးတော့ သူသည် ထိုသူတို့ ဘေးကင်းအောင် လုပ်ပေးပြီး သေချာစေမှ ထွက်သွားနိုင်မည်။

ခုချိန်၌ လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအို သုံးယောက်ကို သတ်ဖို့၊ ဘိုးဘေးအရှင်ကုန်းနျန် သူ့ကို ပေးခဲ့သော ဒုတိယမြောက်တာဝန်ကို အပြီးသပ်နိုင်ဖို့အတွက် သူသည် မြေအောက်ကနေ တရကြမ်း ထိုးထွက်လာနေသည်။

ရှေ့သို့ ဦးတည်လာစဉ် ဝမ်လင်း၏မျက်နှာ၌ အနက်ရောင်ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားပေသည်။ သူ့အေးစက်စက်မျက်လုံးနှင့် သူ့ဆံပင်ဖြူတို့သာ လှစ်ဟပေါ်သည်။ သူက အလွန်မြန်သည်။ သူသည် ချက်ခြင်းလိုလို မြေမျက်နှာပြင်ထက်သို့ ရောက်ရှိလာသည်။

သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက အော်ရာလေးခုက သူ့ထံ တိုးဝင်လာနေသည်ကို ကောင်းစွာ ခံစားမိသည်။

သူက သူ့ထံ တိုးဝင်လာနေသော အစိမ်းရောင်ကင်းမြှီးကောက်လေးကောင်ကိုလည်း ဝိုးတဝါး လှမ်းမြင်သည်။

ဝမ်လင်းသည် ထိုအစိမ်းရောင်ကင်းမြှီးကောက်လေးကောင်အပေါ် သူ့စိတ်နှလုံးတွင်းမှ စက်ဆုပ်မှုနှင့် အမုန်းတရားကို ခံစားမိသည်။ သူက ထိုခံစားချက်သည် သူကိုယ်တိုင်မှ ဖြစ်ပေါ်လာခြင်း မဟုတ်၊ ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်မှ ဖြစ်ပေါ်သည်ကို သိသည်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်က ကောင်းကင်ဘုံနွားထီးနှင့် ကင်းမြှီးကောက်တို့မှာ ကောင်းကင်ဘုံအင်ပါယာ၏ ဖိနှိပ်ခြင်း မခံခဲ့ရခင် တစ်ကောင်နှင့်တစ်ကောင် သိခဲ့ကြတာ ထင်ရှားနေသည်။

ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရုတ်တရက် ရပ်သည်။ သူ၏ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံနွားထီးအရိပ်က သိပ်သည်းနေပြီး သဲလွန်စမရှိ ပျောက်ကွယ်နေသည်။ ဝမ်လင်းတစ်ယောက်သာ ဒီနေရာတွင် ဆက်ကျန်ရှိနေသည်။

ဝမ်လင်းက နှေးကွေးမနေဘဲ သူ့ခြေကို ပင့်မြှောက်လိုက်၏။ သူက အထက်သို့ ဆက်တက်ခြင်း မဟုတ်ပေ။ ထိုအစား အနောက်ဘက်သို့ ဦးတည်သည်။ ခြေတလှမ်းဖြင့်ပင် သူသည် လျှပ်စီးတန်းအလား ရွှေ့လျားကာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် အစိမ်းရောင်အခိုးအငွေ့ရှေ့၌ ပြန်ပေါ်လာ၏။ အစိမ်းရောင်ကင်းမြှီးကောက်တစ်ကောင်က သူ့ထံ တိုးဝင်လာ၏။

ထိုကင်းမြှီးကောက် နီးကပ်မလာခင်မှာပင် ၎င်းက အမြှီးကို ဝေ့ယမ်းလာ၏။ ထိုအမြှီးက ဝမ်လင်းထံ ကျာပွတ်အလား ရိုက်ချလာသည်။ ဝမ်လင်းက အေးစက်စက်အကြည့်ကို ထုတ်ဖော်ကာ သူ့ထံ တိုးဝင်လာသော အမြှီးကို လုံးဝလစ်လျူရှုထားသည်။ သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ သူ၏ရှေ့ရှိ မြေပြင်ထုထံ ဖမ်းဆုပ်သည်။

“ကောင်းကင်ဘုံ ဆုတ်ဖြဲခြင်း…”  သူ၏ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံခြင်းနှင့် သူသည် ရှေးတောက်စွမ်းအားဖြင့် ပေါင်းစပ်ထားကာ ရှေးတောက်မန္တာန် မဟုတ်တော့လေသော အနှီမန္တာန်ကို ထုတ်ဖော်သည်။

ဝမ်လင်း၏လက်နှစ်ဖက်က ရုတ်တရက် မြေပြင်ကို ဆုတ်ဖြဲရာ ဧရာမအက်ကြောင်းတစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။ ထိုအက်ကြောင်းက တိုးဝင်လာသော ကင်းမြှီးကောင်ထံ ချဲ့ကားသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ဟိန်းခနဲ ထွက်ပေါ်သည်။ ထိုအက်ကြောင်းက ချက်ခြင်းပင် ကင်းမြှီးကောက်၏ အမြှီးနှင့် ထိပ်တိုက်တွေ့သည်။ ယင်းအမြှီး တဆတ်ဆတ် တုန်ယင်သွားကာ ချက်ခြင်း ပျက်စီးသွားသည်။ တချိန်တည်းမှာ ဧရာမအက်ကြောင်းက အစိမ်းရောင်ကင်းမြှီးကောက်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး မျက်နှာပြင်ထံ ဦးတည်သည်။

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်မှာ တုန်ခါလေ၏။ အနောက်ဘက်ခြမ်းရှိ မြေပြင်ထုမှာ ရုတ်တရက် ပွင့်ထွက်ကာ ပေတစ်သိန်းကျော် ကျယ်ပြောသော အက်ကြောင်းကြီးတစ်ခုအသွင် လှစ်ဟပေါ်လာသည်။

မြေပြင်ထု တုန်ခါသည်။ ထိုအက်ကြောင်း ပေါ်လာသည့်အခါ အစိမ်းရောင်အခိုးငွေ့များ ထွက်လာသည်။ ၎င်းအခိုးအငွေ့ လွင့်ပြယ်နေလျက် နာကျင်ထိတ်လန့်စွာ အော်ဟစ်သံတသံ ဖြစ်ပေါ်သည်။

အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်ထဲမှ တစ်ယောက်သည် ဖြူရောသွားကာ သွေးအန်ထုတ်လိုက်ရသည်။

ကောင်းကင်ဘုံဆုတ်ဖြဲခြင်း မန္တာန်တစ်ခုတည်းဖြင့် သူသည် အစိမ်းရောင်ကင်းမြှီးကောက် စိတ်ဝိညာဉ်တစ်ခုကို သတ်နိုင်ခဲ့သည်။ ထို့နောက် သူက လှည့်၍ သူ့ထံ တိုးဝင်လာသော အစိမ်းရောင်အခိုအးငွေ့အစုအဝေးသုံးခုထံ ကြည့်သည်။ ယင်းတို့ကလည်း ကင်းမြှီးကောက်အသွင် လှစ်ဟပေါ်ကာ သူ့ထံ အကြမ်းပတမ်း တိုးဝင်လာနေသည်။

“ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ငါသာ ခုနစ်ရောင်စုံလှံမန္တာန်ကိုအသုံးပြုလိုက်ရင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အသုံးပြုခဲ့တုန်းကလို စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မလား သိချင်မိတယ်…”

ဝမ်လင်းသည် တိုးဝင်လာသော ကင်းမြှီးကောက်သုံးကောင်ထံ သတ်ဖြတ်လိုစိတ်ဖြင့် လှမ်းကြည့်သည်။

သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ ခြေလှမ်းလိုက်သည့်အခိုက်တွင် မြေပြင်သည်ပါ တုန်ခါရသည်။ သူ့ညာလက်ကို မြန်ဆန်စွာ လှုပ်ရှားပြီး ခုနစ်ရောင်စုံလှံကို အသုံးပြုသည်။

သူ၏အမြန်နှုန်းက ချပ်ဝတ်မဝင်ခင်ကထက် များစွာ ပိုမမြန်သွားပေ။ သို့သော် သူက သာမန်ကျင့်ကြံသူများထက်တော့ အဆများစွာ ပိုမြန်ဆန်သည်။

သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံအလင်းက လောက၌ ပြည့်လာ၏။ မကြာမီတွင် ခုနစ်ရောင်စုံလှံ ပေါ်လာသည်။ ထိုလှံက အဖျက်အစီးအော်ရာတစ်ခုကို ပေးစွမ်းသည်။ ၎င်းက အလွန်မတည်မငြိမ် ဖြစ်နေ၏။ အချိန်မရွေး ပျက်စီးမည့်အလား။

ထိုလှံပေါ်ရှိ ခုနစ်ရောင်စုံအလင်းက မြန်ဆန်စွာ ပြောင်းလဲပြီး အနက်ရောင်တမျိုးတည်းအဖြစ် သိပ်သည်းသည်။

ခုချိန်၌ ခုနစ်ရောင်စုံလှံက အလွန်အမင်း နက်မှောင်ကာ သတ်ဖြတ်လိုစိတ်တို့ဖြင့်သာ ပြည့်နေ၏။ ယင်းကား  အစစ်အမှန် ခုနစ်ရောင်စုံလှံ မည်၏။ လူတစ်ယောက်သည် ကျင့်ကြံမှုအဆင့်တစ်ခု ရောက်သည်နှင့် ခုနစ်ရောင်စုံလှံက ၎င်း၏ ပထမအသွင်ပြောင်းခြင်းကို ရောက်ရှိလေမည် ဖြစ်သည်။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ပထမအသွင်ပြောင်းခြင်း ခုနစ်ရောင်စုံလှံကို ဆုပ်ကိုင်သည်။ သူ ထိုလှံကို ဆုပ်ကိုင်လိုက်သည့်အခါ၌ ၎င်းက တုန်ခါကာ အနက်ရောင်အလင်းက အဖြူရောင်သို့ ထပ်မံ ပြောင်းသည်။ ဤသည်မှာ ခုနစ်ရောင်စုံလှံ၏ ဒုတိယအကြိမ်အသွင်ပြောင်းခြင်း မည်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နေကာ သူက ထိုလှံကို ကိုင်၍ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ကျယ်လောင်စွာ တုန်ဟိန်းသံ ပဲ့တင်ထပ်ပြီး ဒုတိယအကြိမ်အသွင်ပြောင်းခြင်း ခုနစ်ရောင်စုံလှံက ကင်းမြှီးကောက်သုံးကောင်ထဲမှ တစ်ကောင်ထံသို့ ဦးတည်ပျံသန်းသည်။

ထိုအဖြူရောင်လှံ ပျံသန်းလာသည့်အခါ ၎င်းပေါ်ရှိ အရောင်က အဖြူရောင်ကနေ မီးခိုးရောင်သို့ ထပ်မံ ပြောင်းသည်။

ဤသည်မှာ ခုနစ်ရောင်စုံလှံ၏ တတိယအသွင်ပြောင်းခြင်းပင်။ ၎င်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အသုံးပြုနိုင်ခဲ့သော အစွမ်းထက်ဆုံး အသွင်ပြောင်းမှုလည်း ဟုတ်သည်။

ယင်းလှံက ကင်းမြှီးကောက်တကောင်ထံ နီးကပ်လာသည်။ ထိုကင်းမြှီးကောက်က စူးစူးဝါးဝါးအော်သံ ပြုကာ အစိမ်းရောင်အခိုးအငွေ့ မြောက်များစွာကို ထွေးထုတ်လိုက်သဖြင့် လှံနှင့် ထိပ်တိုက်တွေ့သည်။

မြေပြင်ထုသည် ဆက်လက် တုန်ယင်ကာ ပေါက်ကွဲမှုသည် မြေအောက်ကနေ အထက်သို့ ထိုးတက်သည်။ ထိုဖိသိပ်အားကြောင့် မြက်ခင်းပြင်၏ ဧရိယာအများစု ပျက်စီးသွားသည်။ မြက်များနှင့် အမှုန့်အမွှားများစွာ ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။

“ကံမကောင်းစွာနဲ့ ဒီစိတ်ဝိညာဉ်ချပ်ဝတ်က ငါ့ကျင့်ကြံမှုအဆင့်ကိုပဲ တိုးမြှင့်ပေးနိုင်တာ။ ဒါက ငါ့ခန္ဓာကိုယ်အခြေခံထားတဲ့ ငါ့ကျင့်ကြံမှုကိုတော့ မတိုးတက်လာစေဘူး။ ဒါက ကောင်းကင်ဘုံနွားထီးရဲ့ အော်ရာကိုသာ အခြေတည်ထားတာပဲ။ ငါသာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကို ရောက်ခဲ့ရင် ငါ့မှာ အနှစ်သာရကိုးခု ပြည့်စုံသွားလိမ့်မယ်။ ပြီးတော့ ငါ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကိုးခုနဲ့ဆိုရင် လှံကိုးစင်း ပေါ်လာလိမ့်မယ်။ ဒါဆိုရင် ဒီကင်းမြှီးကောက်သုံးကောင်ကို တခါတည်း ဖျက်စီးပစ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်ချက် ရှိတယ်…”

ဝမ်လင်းက တိတ်တဆိတ် ခေါင်းယမ်းလိုက်၏။ တကယ်တော့ ဒီစိတ်ဝိညာဉ်ချပ်ဝတ်က ပြင်ပအကူတစ်ခုသာ ဖြစ်၏။ အစွမ်းထက်သော်လည်း သူ၏ကိုယ်ပိုင် မဟုတ်လေပေ။

“နောက်ထပ် ကင်းမြှီးကောက်နှစ်ကောင် ကျန်သေးတယ်။ ဒီနှစ်ကောင်အပေါ် ငါ့ရဲ့ တခြားမန္တာန်ကိုလည်း စမ်းသပ်ကြည့်ရမယ်…”

All Chapters