နတ်ဘုရားခန်းမ၊ ကောင်းကင်ကိုးလွှာရေစင်
Vol. 12 Ch. 166
အခန်း (၁၆၆) နတ်ဘုရားခန်းမ၊ ကောင်းကင်ကိုးလွှာရေစင်
[ကောင်းကင် လေအမတသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်နှစ်ပွင့်။]
[ရှန်စစ်သူကြီးသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[ရှန်သခင် ဝူတဲ့သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[တိထိုက်ပိုင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်တစ်ပွင့်။]
[လေမိုး အမတအရာရှိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
[မိုးကြိုးလွှဲ ကောင်းကင်သခင်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းတွေကြောင့် ပဟေဠိဖြစ်သွားပါတယ် ‘ဘာဖြစ်သွားတာလဲ... ဘာတွေ ဖြစ်ကုန်တာတုန်း’ ဟန်ကျွယ်ဟာ သေလောက်အောင် ကြောက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားပါတယ်။
ဒီလိုမျိုး သတိပေးချက်တွေ ဟန်ကျွယ်ရှေ့မှာ အများကြီးပေါ်လာတာက ပထမဆုံးပါပဲ။ ဒီကိစ္စက တော်တော်လေး ကြီးပါတယ်။ ဟန်ကျွယ်ဟာ မရေမတွက်နိုင်တဲ့ အမတတွေ သူ့ကို စိုက်ကြည့်နေတာ တွေးမိပြီး ကျောချမ်းသွားပါတယ်။ ဒီကိစ္စက တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။
‘အမတဘုံက သေမျိုးဘုံကို ထောက်လှမ်းနိုင်တာလား’
‘ဖြစ်နိုင်တယ်... သူတို့က အမတတွေပဲ’
‘ငါ ဘာလုပ်သင့်လဲ၊ အရှုံးပေးလိုက်ရမလား... ဒါမှမဟုတ် ဒီလမ်းကို ဆက်လျှောက်ရမလား’
ဂျိရှင်းရှန်ဟာ လက်သီးကို တင်းတင်းဆုပ်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကောင်းပြီ... ကျုပ်က တာအိုရောင်းရင်းကွမ်းကို အဖော်ပြုပြီး လောကတစ်ခုလုံးကို မြေလှန်ပစ်မယ်”
ဂျိရှင်းရှန်ရဲ့ စကားဆုံးတယ်ဆိုရင်ပဲ ဟန်ကျွယ်ရှေ့မှာ နောက်ထပ် သတိပေးချက်တွေ ပေါ်လာပါတယ်။ ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ပြန်သွားပြီး ကျင့်ကြံအားထုတ်တော့”
“အင်း... အစွမ်းကုန် အားထုတ်ရမယ်”
ဂျိရှင်းရှန်ဟာ လှည့်ထွက်သွားပါတယ်။ ဂျိရှင်းရှန်ဟာ အလာတုန်းကထက် ပိုပြီးတော့ စိတ်ဓာတ်တက်ကြွသွားပါတယ်။ ဂျိရှင်းရှန်ရဲ့ စိတ်အခြေအနေကလည်း လုံးဝ ပြောင်းလဲသွားပါတယ်။ အခုဆိုရင် ဂျိရှင်းရှန်ဟာ နံပါတစ်နေရာအတွက် မဟုတ်တော့ဘဲ ကောင်းကင်နဲ့ တိုက်ခိုက်တော့မှာပါ။
ဝီရိယတောင်ကို ဟန်ကျွယ် ပြန်ရောက်တဲ့အခါ ထောက်လှမ်းခံရတဲ့ ခံစားချက်က ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သားတွေ ချက်ချင်းကြီး စေလွှတ်မှာကိုတော့ စိုးရိမ်မကင်း ဖြစ်နေပါသေးတယ်။ ဒီအချိန်မှာ ကောင်းကင်စစ်သားတွေ ရောက်လာရင် ဟန်ကျွယ်မှာ ထွက်ပြေးရုံကလွဲပြီး တစ်ခြားနည်းလမ်း မရှိပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ သူ့စိတ်ထဲမှာ မေးလိုက်ပါတယ် ‘စနစ်ရဲ့ အရံအတားက အမတတွေ ထောက်လှမ်းတာကို တားမြစ်နိုင်လား’
စာလုံတစ်လုံး ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။
[တားမြစ်နိုင်သည်။]
ဟန်ကျွယ်ဟာ ချက်ချင်းကို စိတ်သက်သာရာ ရသွားပါတယ်။
ကောင်းကင်ကိုးလွှာအထက်မှာတော့ ကြီးမားကျယ်ပြန့်တဲ့ နန်းတော်ကြီးတစ်ခု တိမ်တွေပေါ်မှာ တည်ရှိနေပါတယ်။ ပေထောင်ချီမြင့်မားတဲ့ တံခါးရဲ့ အထက်မှာတော့ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပါတယ်။
နတ်ဘုရားခန်းမ။
ကောင်းကင်နန်းတော်ရဲ့ ညီလာခံခန်းမဟာ အလွန်ကျယ်ဝန်းပြီး ကျက်သရေရှိလှပါတယ်။ အလွန်မြင့်မားတဲ့ ငွေရောင်တိုင်တွေကိုတော့ နဂါးနဲ့ဖီးနစ်က ရစ်ခွေထားပါတယ်။ စွမ်းအားကြီးအမတတွေဟာ နှစ်တန်းခွဲ ရပ်နေကြပြီး သလွန်ပေါ်က စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ကို မျက်နှာမူထားကြပါတယ်။
ကောင်းကင်ဧကရာဇ်။
ကောင်းကင်ဧကရာဇ်ဟာ နဂါးပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ပေတစ်ထောင်နီးပါး မြင့်မားတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ဘက်ကနေ ရွှေရောင်တလက်လက် တောက်နေတာကြောင့် တစ်ချက်ကြည့်ရုံနဲ့ ထိုင်ရှိခိုးချင်စိတ် ပေါက်သွားလောက်တဲ့အထိ ကျက်သရေရှိလှပါတယ်။
ခန်းမထဲက အမတတွေဟာ ကောင်းကင်ဧကရာဇ်လို အရပ်မမြင့်ကြပါဘူး။ ဩဇာအာဏာ အပြည့်ရှိလှတဲ့ ကောင်းကင်ဧကရာဇ်ဟာ ပုလဲသရဖူကို ဆောင်းထားပြီး စူးရှတဲ့အကြည့်နဲ့ အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။
“အဲဒီသေမျိုး ပြောသွားတဲ့စကားကို မင်းတို့ ဘယ်လိုထင်လဲ” ကောင်းကင်ဧကရာဇ်က မိုးခြိမ်းသံလို ကျယ်လောင်တဲ့အသံနဲ့ မေးလိုက်ပါတယ်။
တာအိုဝတ်ရုံနဲ့ အဘိုးအိုတစ်ဦးဟာ ရှေ့ထွက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ပါတယ် “သေမျိုးတစ်ယောက်က ဒီလောက်ထိ မာနမကြီးသင့်ပါဘူး၊ သူ့စကားတွေက ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်၊ ဒါကြောင့် ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သူကြီးလွှတ်ပြီး အဲဒီသေမျိုးကို သတ်ပစ်သင့်ပါတယ်”
တာအိုဝတ်ရုံနဲ့ အဘိုးအိုရဲ့ စကားအဆုံးမှာပဲ မြွေနဂါးကို လက်မှာပတ်ထားပြီး သံမျှော်စင်ပမာ မြင့်မားလှတဲ့ စစ်သူကြီးတစ်ဦး ရှေ့ထွက်လာပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး... ကောင်းကင်ရုံးတော်က အခုအချိန်မှာ လူတော်တွေ လိုအပ်နေတာပါ၊ ဒီလူမှာ အရည်အချင်း တကယ်ရှိတယ်ဆိုရင် ကျွန်တော်တို့တွေ သူ့ကို လက်ခံသင့်ပါတယ်၊ ကောင်းကင်ရုံးတော်က စည်းမျဉ်းစည်းကမ်းတွေကို အလေးထားတယ်ဆိုပေမဲ့ ကမ္ဘာအသီးသီးက ပါရမီရှင်တွေကို ဆွဲဆောင်ဖို့ သဘောထားကြီးပြီး ရက်ရောသင့်ပါတယ်”
တစ်ခြားအမတတွေကလည်း ရှေ့ထွက်ပြီး သူတို့အမြင်ကို လျှောက်တင်ကြပါတယ်။
“နတ်ဆိုးသူတော်စင်က အညံမခံချင်ဘူး၊ အခု သေမျိုးကတောင် ကောင်းကင်ရုံးတော်ကို စော်ကားရဲတယ်၊ ဒီသေမျိုးကို အပြစ်မပေးဘူးဆိုရင် ကျွန်တော်တို့ မျက်နှာတွေ ဘယ်နား သွားထားရမလဲ”
“မျက်နှာက ကောင်းကင်ရုံးတော်ရဲ့ အနာဂတ်ထက် ပိုပြီးတော့ အရေးကြီးတာလား”
“ဗုဒ္ဓဂိုဏ်း၊ ရှန်နန်းတော်၊ နတ်ဆိုးရုံးတော်၊ တာအိုဂိုဏ်းနဲ့ တစ်ခြားအင်အားစုတွေက သေမျိုးဘုံကို ဘယ်လိုဝင်ရမလဲ အကြံထုတ်နေကြတာ၊ မိစ္ဆာတွေလည်း အတူတူပဲ၊ ကျုပ်တို့ ကောင်းကင်ရုံးတော်က သေမျိုးဘုံကို ရှင်းလင်းဖို့ပဲ စည်းစားနေမယ်ဆိုရင် ယေဘုယျအခြေအနေကို ဆန့်ကျင်သလို ဖြစ်မနေဘူးလား”
“ကောင်းကင်ရုံးတော်က အမတနဲ့ နတ်ဘုရားတွေရဲ့ နယ်မြေပဲ၊ အင်အားလုတဲ့ ရှုထောင့်ကနေ ကြည့်လို့ရမလား”
“ဟီးဟီး... ဒါဆိုရင် မင်းတို့ အုပ်ချုပ်ရေး အမတတွေ နတ်ဆိုးသူတော်စင်ကို သွားသတ်ပါလား”
အုပ်ချုပ်ရေး အမတတွေနဲ့ ကောင်းကင်စစ်သူကြီးတွေဟာ အုပ်စုနှစ်စု ကွဲသွားကြပါတယ်။ ကောင်းကင်စစ်သူကြီး အများစုက ဟန်ကျွယ်ကို လေးစားကြပြီး အုပ်ချုပ်ရေး အမတတွေကတော့ ဟန်ကျွယ်ကို မကြိုက်ကြပါဘူး။
အမတနတ်ဘုရားခန်းမက သားငါးဈေးလို ဆူညံလာတာကြောင့် ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
အတန်ကြာတဲ့အခါမှတော့...။
အမတတွေ အကုန်လုံး ပါးစပ် ပိတ်သွားကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အမတဧကရာဇ်က သူတို့ကို မျက်နှာသေနဲ့ စိုက်ကြည့်နေလို့ပါ။ အမတတွေဟာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကြောင့် သေလောက်အောင် ကြောက်သွားပြီး ကိုယ်နေရာ ကိုယ်ပြန်ကာ ခေါင်းငုံ့သွားကြပါတယ်။
“နတ်ဆိုးသူတော်စင်ကိစ္စကို ဖြေရှင်းပြီးရင် သေမျိုးတွေကို ရှင်းလင်းဖို့ သေမျိုးကမ္ဘာဆီ ကောင်းကင်တပ် စေလွှတ်မယ်၊ ဒီသေမျိုးနှစ်ယောက်က ကောင်းကင်တပ်ကို ဟန့်တားနိုင်မယ်ဆိုရင် သူတို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်၊ မဟန့်တားနိုင်ရင်တော့ သူတို့နှစ်ယောက်လုံး ကျန်တဲ့သေမျိုးတွေနဲ့အတူ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရလိမ့်မယ်”
ကောင်းကင်ဧကရာဇ်ဟာ ဘယ်သူမှ မေးခွန်းမထုတ်ရဲတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
အမတတွေ အကုန်လုံး ဦးညွှတ်လိုက်ကြပါတယ်။
“ဗုဒ္ဓဂိုဏ်းရဲ့ တောင်းဆိုချက်ကို မင်းတို့တွေ ဘယ်လိုထင်လဲ” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။
နတ်ဘုရားခန်းမတစ်ခုလုံး ရုတ်ခြည်းဆိုသလို ဖိနှိပ်ခံရတဲ့အငွေ့အသက်တွေ လွှမ်းမိုးသွားပါတယ်။
.....
ဟန်ကျွယ်ဟာ အမတတွေက သူ့ကို ကြည့်နေမှန်း သိလိုက်ရတဲ့အချိန်ကစပြီး အပြင်မထွက်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ ပုန်းနေပါတယ်။
ဟန်ကျွယ် ပထမဆုံး လုပ်တာကတော့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ကျင့်ကြံတာပါ။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ်အမှတ်၊ လမ်းခြောက်သွယ် စုပ်ယူခြင်း၊ ပြန်လည်မွေးဖွားခြင်းတံခါး၊ ယင်-ယန် ခရီးနှင်ခြင်းနဲ့ တစ်ခြား ဆန်းကြယ်စွမ်းအားတွေကို ပိုပိုပြီးတော့ ကျွမ်းကျင်နိုင်နင်းလာပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၉၀၀ ပြည့်ပြီ ဖြစ်သည့်အတွက် ဘဝ၌ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်း ဘုံပျံတက်၍ အမတနတ်ဘုရားအဖြစ် ခံယူပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာကို ရရှိမည်။]
[၂။ သေမျိုးကမ္ဘာ၌ ဆက်နေထိုင်ပါ။ ဆုလာဘ်အဖြစ် ကျပမ်း သဘာဝရတနာတစ်ပါးကို ရရှိမည်။]
ဟန်ကျွယ်ဟာ နှစ်ခါမတွေးဘဲ နံပါတစ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သေမျိုးကမ္ဘာ၌ ဆက်နေထိုင်မည်ကို ရွေးချယ်ခဲ့သောကြောင့် ကျပမ်းသဘာဝရတနာ တစ်ပါးကို ရရှိပါသည်။]
[ကောင်းကင်ကိုးလွှာ ရေစင်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ကိုးလွှာရေစင်: ကောင်းကင်ရေစင်များထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး အမတချီနှင့် မိုးမြေတစ်ခွင်ရှိ စိတ်ဝိညာဉ်ချီတို့အား ထုတ်လွှတ်နိုင်သည်။ ကောင်းကင်ကိုးလွှာရေစင်သည် တစ်ငုံစာဖြင့် ရုပ်ဒဏ်ရာများအား ကုသနိုင်ပြီး ပန်းကန်လုံးတစ်လုံးစာဆိုလျှင် ပဓာနဝိညာဉ်၏ ဒဏ်ရာများအား ကုသနိုင်သည်။]
‘အား... တော်တော်စွမ်းအားကြီပုံပဲ’
‘ဒဏ်ရာတွေကို ကုသနိုင်ရုံမဟုတ်ဘူး၊ အမတချီကိုလည်း ထုတ်လွှတ်နိုင်တယ်’
ဟန်ကျွယ်ဟာ ချက်ချင်း ထုတ်ကြည့်လိုက်တဲ့အခါ လက်သီးဆုပ်လောက်ရှိတဲ့ ငွေရောင်ရေစင် ဖြစ်နေပါတယ်။
‘ဒါလေးပဲလား.... ဒါက ပန်းကန်လုံးတစ်လုံးစာတောင် မရှိဘူး’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ ထောင့်တွေကို ကြည့်လိုက်ပါတယ် ‘ငါ ဘယ်နားထားသင့်လဲ’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ ထောင့်တစ်နေရာကို လျှောက်သွားပြီး တွင်းတစ်ခုလုပ်ကာ ကောင်းကင်ကိုးလွှာရေစင်ကို အထဲမှာ ထည့်လိုက်ပါတယ်။ ကောင်းကင်ကိုးလွှာရေစင်ကာ မြေကြီးထဲ မြုပ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
ဝူတောက်ကျန့်က ဟန်ကျွယ်ကို စပ်စုပါတော့တယ် “အဲဒါဘာရေလဲ၊ စိတ်ဝိညာဉ်ချီက သိပ်သည်းလှချည်လား”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ငါရဲ့ ရတနာရေစင်ကို မသောက်ရဘူးနော်”
“ကျွန်မ ခိုးသောက်ရင်ရော...” ဝူတောက်ကျန့်ဟာ လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အိပ်ရာပေါ်မှာ ပြန်ထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုက ခပ်စိတ်စိတ်ဖြစ်လာတာကို ရှာတွေ့သွားပါတယ်။ ဒါက သတင်းကောင်း လုံးဝ မဟုတ်ပါဘူး။
‘နတ်ဆိုးတွေက လူသားတွေ အချင်းချင်း တိုက်ခိုက်နေတာကို အခွင့်ကောင်းယူချင်တာလား’
‘ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တွေးလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဝင်မပါပါဘူး။ ဂျိရှင်းရှန် ရှိနေတဲ့အတွက် နတ်ဆိုးတွေ လုပ်ချင်ရာလုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။
ဟန်ကျွယ်ဟာ အရင်တုန်းက အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ဂျိရှင်းရှန်ရဲ့ စွမ်းအားကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ဟန်ကျွယ်ဟာ စမတိုက်ပဲ ဂျိရှင်းရှန်တိုက်တာကို စောင့်နေခဲ့ပါတယ်။ ဂျိရှင်းရှန်ရဲ့ စွမ်းအားက မြေလျှောက်အမတ ပထမအဆင့်နဲ့ ညီမျှနေပါပြီ။ သေမျိုးကမ္ဘာမှာ ဒီလိုစွမ်အားမျိုးရှိတဲ့သူက လုံးဝ ဆရာကြီးပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို တွေးမိလိုက်ပြန်ပါတယ်။ နှစ်တွေ ဒီလောက်ကြာတာတောင် ဘာလှုပ်ရှားမှုမှ မရှိသေးတဲ့အတွက် ကောင်းကင်ရုံးတော်က နတ်ဆိုးသူတော်စင်ကိစ္စကို မဖြေရှင်းရသေးဘူးလို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။
‘ကောင်းကင်ရုံးတော်က ကောင်းကင်တပ်ကို စေလွှတ်ပြီး ဘာလို့ ငါ့ကို မရှင်းတာလဲ’
‘ဒီလိုလုပ်ဖို့က တန်ဖိုးတစ်ခု လိုအပ်လို့လား’
ဟန်ကျွယ်သာ အမတနတ်ဘုရားဆိုရင် သူ့ကို ကျိန်းသေပေါက် ချက်ချင်း သတ်မှာပါ။ ဒါပေမဲ့ အမတတွေရဲ့ အမြင်နဲ့ကြည့်မယ်ဆိုရင် နားလည်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွမ်အားခြင်းက မိုးနဲမြေလို ကွာခြားလွန်းတာကို။
ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ချီသန့်စင်ခြင်း ပါရမီရှင်တစ်ယောက်က အပြင်ဂိုဏ်းကို မရှင်းလင်းဖို့ ဟန်ကျွယ်ကို ခြိမ်းခြောက်မယ်ဆိုရင် ဟန်ကျွယ်က အဲဒီတပည့်ကို မသတ်ဘဲ အပြုံးမပျက် ထိုင်ကြည့်နေမှာပါ။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်မှာ အချိန်မှာ ရှိနေပါသေးတယ်။ ဒီအချိန်အတွင်းမှာ ဟန်ကျွယ်ဟာ အမြန်ဆုံး စွမ်းအားကြီးမားလာဖို့ လိုအပ်ပါတယ်။
တစ်လကြာပြီးနောက်။
ဟန်ကျွယ် သူ့ရဲ့ ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ဖို့အတွက် မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို စတင်သုံးသပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ထပ်ရောက်သွားတဲ့အခါ ကျန်းကူရှင်းကို တွေ့လိုက်ရပါတယ်။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း... ဟမ်... မြေအမတအဆင့်၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကျန်းကူရှင်ရဲ့ လေသံဟာ အံဩတကြီး ဖြစ်သွားမှန်း သိသာထင်ရှားလှပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။