← Chapters

နတ်ဆိုးမျိုးနွယ်စု စုစည်းခြင်း၊ ရှန်စစ်သူကြီးနှင့် အမတဧကရာဇ်

Vol. 12 Ch. 167

နတ်ဆိုးမျိုးနွယ်စု စုစည်းခြင်း၊ ရှန်စစ်သူကြီးနှင့် အမတဧကရာဇ်

Vol. 12 Ch. 167

အခန်း (၁၆၇) နတ်ဆိုးမျိုးနွယ်စု စုစည်းခြင်း၊ ရှန်စစ်သူကြီးနှင့် အမတဧကရာဇ်

ကျန်းကူရှင်းရဲ့ အံဩတကြီး ဖြစ်သွားတဲ့ အမူအရာ‌ကြောင့် ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ကြွားချင်တာကြောင့် သူ့ကျင့်ကြံမှုကို တမင်သက်သက် မဖုံးကွယ်ထားတာပါ။ တစ်ချိန်လုံး ဖုံးကွယ်ထားရတော့ ဟန်ကျွယ်ဟာ ကြွားလို့ရမဲ့လူ ရှာနေတာပါ။

ဟန်ကျွယ်ဟာ ကျန်းကူရှင်း အံဩသွားတာကို မြင်ချင်ပါတယ်။ ကျန်းကူရှင်း တအံတဩ ဖြစ်သွားရင် မျက်နှာသာ‌ပေးမှုက တိုးလာကောင်း တိုးလာနိုင်ပါတယ်။

[ကျန်းကူရှင်းသည် သင့်အပေါ်တွင် မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

‘ကြယ်လေးပွင့်တောင်လား... ဒါက တာအိုလက်... အဟွတ်... အဟွတ်...’ ဟန်ကျွယ်ဟာ မတွေးသင့်တာ တွေးမိနေပြီလို့ ချက်ချင်း ခံစားလိုက်ရပါတယ်။

ကျန်းကူရှင်းက သက်ပြင်းချလိုက်ပါတယ် “မင်း အဆင့်ထိုးဖောက်တာ မြန်လှချည်လား၊ သေမျိုးကမ္ဘာမှာ အမတချီရှိလို့လား” သာမန်အခြေအနေအရ သေမျိုးကမ္ဘာမှာ အမတချီ လုံးဝ မရှိပါဘူး။ ဒါကြောင့်လည်း အမတတွေဟာ သေမျိုးကမ္ဘာကို မဆင်းသက်ချင်ကြတာပါ။ သေမျိုးကမ္ဘာဆီ ဆင်းသက်တဲ့ အမတအများစုက စပ်စုချင်လို့ မဟုတ်ရင် ရန်သူကို ‌ရှောင်ရှားချင်ကြလို့ပါပဲ။

ဟန်ကျွယ်က ပြုံးပြီး မေးလိုက်ပါတယ် “ရှိတာ‌ပေါ့၊ ကျွန်တော်ရဲ့ ကျင့်ကြံမှုအလျင်က ဘယ်လိုနေလဲ၊ ကောင်းကင်ရုံးတော်ကို ဆွဲဆောင်နိုင်ပါမလား”

ကျန်းကူရှင်းက ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကို ဆွဲဆောင်နိုင်ရုံ မကဘူး၊ ဗုဒ္ဓဂိုဏ်းနဲ့ ရှန်နန်းတော်တောင် မနာလို ဖြစ်လိမ့်မယ်”

ဟန်ကျွယ်ဟာ ပိုပြီးတော့ ကျေနပ်သွားပါတယ်။ဒီဟာက ဟန်ကျွယ် နှစ်ကိုးရာတိုင်တိုင် ဂူအောင်းကျင့်ကြံမှုရဲ့ အသီးအပွင့်ပါပဲ။

“မင်း ကောင်းကင်တပ်ကို ခုခံဖို တကယ်ပဲ စီစဉ်နေတာလား” ကျန်းကူရှင်းက မေးလိုက်ပါတယ်။ ဟန်ကျွယ်က မတတ်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “အဲဒီလို မလုပ်ရင် ကျွန်တော် ဘာလုပ်ရမှာလဲ၊ ကျွန်တော်မှာ မှီခိုအားထားစရာလူ မရှိဘူး၊ ကျွန်တော်ရဲ့ ဘေးနားက လူတွေကို ကာကွယ်ဖို့အတွက် ကောင်းကင်ရုံးတော်ကို အံကြိတ်ပြီး တိုက်ခိုက်ရမှာပါ၊ သေလောက်အောင် ခါးရင်တောင် မြိုချရမှာပဲ”

ကျန်းကူရှင်းဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း ဘာမှ ဆက်မပြောတော့ဘဲ ရှေ့ကို ဆက်လျှောက်သွားပါတယ်။

ကျန်းကူရှင်းဟာ တစ်ဖက်လှည့်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ကျန်းကူရှင်း ဘာတွေးနေလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

အဲဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ သုံးလောကသန့်ရှင်းခြင်း၊ ပြန်လည်မွေးဖွားခြင်း ဓားငွေ့၊ မိုးကောင်းကင်ဓားချီတို့ကို အဆင့်မြှင့်တင်ဖို့အတွက် ဓားတာအိုမြစ်ကို နောက်ထပ်သုံးကြိမ် ထပ်လာပါတယ်။

အကြိမ်တိုင်းမှာ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို ခေါင်းညိတ်ပြရုံကလွဲပြီး မနှုတ်ဆက်ခဲ့ပါဘူး။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး သူ့ဘာသာ တွေးတောလိုက်ပါတယ်။

‘ငါရဲ့ အစ်ကိုက တကယ်ကြီး နောက်ခံမရှိဘူးလား’

‘ငါ့အရည်အချင်းကို တွေ့နေရဲ့သားနဲ့ ဘာလို့ မစည်းရုံးတာလဲ’

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး အတွေးစတွေကို ဖြတ်ထုတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။

သုံးနှစ်ကြာပြီးနောက် ဟန်ကျွယ်ဆီ တာအိုသခင်ကျိုးတိ အလည်ရောက်လာပါတယ်။ တာအိုသခင်ကျိုးတိ ဟန်ကျွယ်ဆီ အလည်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် ယွီဂျင်ဂိုဏ်းတော်ကြီးက အရမ်းအေးချမ်းနေတာဆိုတာ သိသာပါတယ်။

“မတွေ့ရတာ ကြာပြီနော် အကြီးအကဲဟန်၊ ဒီအတောအတွင်း ကျင့်ကြံရတာ ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား” တာအိုသခင်ကျိုးတိက အပြုံးနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အကြောင်းတစ်ချို့ကြောင့် လီချင်းဇဲ့ကို သတိရသွားပါတယ်။ တာအိုသခင်ကျိုးတိနေရာမှာ လီချင်းဇဲ့သာဆိုရင် ဒီလိုယဉ်ကျေးနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ပြေပါတယ်၊ ဒီကြားထဲ တစ်ခုခု ဖြစ်သေးလား”

တာအိုသခင်ကျိုးတိဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “တစ်ခုခုဖြစ်သွားတာ အမှန်ပဲ၊ ကိစ္စကိုမှ သေးသေးလေး မဟုတ်ဘူး၊ အကြီးကြီးပဲ၊ နတ်ဆိုးတွေ စုစည်းနေကြပြီ”

“သူတို့က ဘာလို့ စုစည်းနေကြတာလဲ၊ ဘာအတွက်လဲ”

“နတ်ဆိုးတွေထဲမှာ နတ်ဆိုးဧကရာဇ် ထွက်ပေါ်လာတယ်၊ သူက နတ်ဆိုးတွေကို အနာဂတ်ကောင်းဆီ ဦးဆောင်မယ်လို့ ကြော်ငြာခဲ့တယ်၊ ပြောကြတာတော့ နတ်ဆိုးဧကရာဇ်က အထက်ဘုံမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်စု အမတဧကရာဇ်ရဲ့ ထောက်ပံ့မှုကို ရရှိထားတယ်တဲ့၊ လက်ယာ-လက်ဝဲ မဟာစစ်ပွဲအပြီးမှာ လူသားမျိုးနွယ်စုက အားနည်းသွားပြီ၊ နတ်ဆိုးတွေသာ အောင်မြင်စွာ စုစည်းနိုင်သွားရင် လူသားမျိုးနွယ်စုက သူတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး”

“အဲဒီတော့ ယွီဂျင်ဂိုဏ်းတော်ကြီးက ဘာလုပ်ဖို့လိုလဲ”

“ကျုပ်လည်း ဒီကိစ္စကို မေးချင်လို့ အကြီးအကဲဟန်ဆီ ရောက်လာတာ၊ လူသားမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေတွေကတော့ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စပြီး ဆွေးနွေးနေကြပြီ၊ ဒါပေမဲ့ မျိုးနွယ်စုနှစ်ခုလုံးက နေရာတကာမှာ ပြန့်ကျဲနေကြတာဆိုတော့ တိုက်ပွဲစတာနဲ့ ကျိန်းသေပေါက် ဝရုန်းသုန်းကား ဖြစ်မှာပဲ၊ ဒီတိုက်ပွဲက လက်ယာ-လက်ဝဲ မဟာစစ်ပွဲထက် အများကြီး ပိုဆိုးလိမ့်မယ်”

“မကြောက်နဲ့၊ ကျုပ် ရှိနေသမျှ ကာလပတ်လုံး ယွီဂျင်ဂိုဏ်းတော်ကြီး ဘာမှဖြစ်မှာ မဟုတ်ဘူး၊ လောကအတွက်ကတော့ ကောင်းကင်အမတစံအိမ်နဲ့ ဂျိရှင်းရှန်ရှိနေတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး”

“အကြီးအကဲဟန် ဆိုလိုတာက ကျုပ်တို့တွေ ဘာမှလုပ်ဖို့ မလိုဘူးပေါ့”

“အင်း”

ဟန်ကျွယ်က အလေးအနက် ရှင်းပြလိုက်ပါတယ် “ကျုပ်တို့တွေ ကိုယ့်နေရာကို ခိုင်မြဲအောင် လုပ်ရမယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးက နဂါးကိုးကောင်းဂိုဏ်းကို ဝါးမြိုလိုက်တယ်ဆိုပေမဲ့ ပြည်နယ်ဆယ်ခုနဲ့ ကိုးပြည်ထောင်မှာ စွမ်းအားအကြီးဆုံးဂိုဏ်း မဟုတ်ဘူး”

တာအိုသခင်ကျိုးတိဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဒီအတောအတွင်း သူ စိတ်လောလာတာကို သတိပြုမိလိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီး အင်အားကြီးလာတာနဲ့အမျှ တစ်ချို့အကြီးအကဲတွေနဲ့ တပည့်တွေရဲ့ ရည်ရွယ်ချက်ကလည်း တဖြည်းဖြည်း ကြီးမားလာပါတယ်။ သူတို့ဟာ တာအိုသခင်ကျိုးတိက ယွီဂျင်ဂိုဏ်းကို ဦးဆောင်ပြီး ဆက်အင်အားချဲ့ထွင်ဖို့ မျှော်လင့်နေကြပါတယ်။

အာဏာလမ်းကို လျှောက်မိပြီဆိုရင် လက်လွှတ်ဖို့က အရမ်းခက်ပါတယ်။

တာအိုသခင်ကျိုးတိ ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒီကိစ္စကို ခေါင်းထဲကနေ ထုတ်လိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းမှာ ပြဿနာ ဘယ်လောက်ပဲတက်တက် ဟန်ကျွယ် ရှိနေသမျှကာလပတ်လုံး လုံးဝပျက်သုဉ်းမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးဘုရင်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၀၀၀၃

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် အခွင့်အရေးတစ်ခု ရရှိပြီး ဝိညာဉ်အဆင့် တိုးမြင့်သွား၏။]

[သင့်မြေးတပည့် ဖန်းလျန်သည် ဆန်းကြယ်စွမ်းအားတစ်ပါးကို တိုက်ပွဲအတွင်း၌ သိမြင်နားလည်သွားခဲ့သည်။]

[သင့်တပည့် ထူလင်းအာသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၅၄၉၂၈

[သင့်တပည့် ထူလင်းအာသည် မဟာမှောင်ဆရာအဖြစ်သို့ စတင်ပြောင်းလဲလာပါပြီ။]

[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၀၄၂၁၁

[သင့်တပည့် ရွှင်ချန်အန်းသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၄၂

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အမတဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

ကျင့်ကြံခြင်းလောကက ထပ်ပြီးတော့ လှိုင်းထန်လာပါပြီ။

ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးရဲ့ လှုပ်ရှားမှုတွေကို သတိထားမိသွားပါတယ်။

‘ဝိုး... အမတဧကရာဇ် တိုက်တာကို ခံရတာလား’

ပြီးခဲ့တဲ့တစ်ခေါက် ဟန်ကျွယ်ရဲ့ မောက်မာလွန်းတဲ့ စကားတွေဟာ မျက်နှာသာပေးမှုရော မုန်းတီးမှုရော ရရှိခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးရဲ့ ဒဏ္ဍာရီကို ကြားဖူးတာကြောင့် ရှန်စစ်သူကြီးကို အထူးဂရုစိုက်တဲ့စာရင်းထဲ ထည့်ထားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နှစ်အနည်းငယ်အတွင်းမှာပဲ ရှန်စစ်သူကြီးက အမတဧကရာဇ် တိုက်ခိုက်တာကို ခံရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကြည့်ရတာ ကောင်းကင်ရုံးတော်အတွက် အလုပ်လုပ်ပေးရတာက အထူးသဖြင့် ကောင်းကင်စစ်သူကြီး လုပ်ရတာက အရမ်းအန္တရာယ်များပြီး တော်တော်လေး ပင်ပန်းမဲ့ပုံပါပဲ။ ပြောစရာရှိတာကတော့ စနစ်ဟာ ရှန်စစ်သူကြီးရဲ့ ကျင့်ကြံမှုအဆင့်ကို သိဟုန်ယဲ့လို့ပဲ မသိဘူးပဲ ပြနေပါတယ်။

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းနဲ့ မုရုံချီတို့ကို နတ်ဆိုးသားရဲ အများကြီးက တိုက်ခိုက်တာကိုလည်း သတိထားမိသွားပါတယ်။ ရွှင်ချန်အန်းနဲ့ မုရုံချီတို့ တိုက်ခိုက်ခံရတဲ့ အရေအတွက်က မနည်းမနောပါပဲ။ အရေအတွက်နဲ့ ပြောရရင် ဒီနှစ်ထဲမှာ မုရုံချီကို တိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးသားရဲက ၂၀၀,၀၀၀ ကျော်ပါပြီ။ ဒီအထဲမှာ မုရုံချီသတ်လိုက်တဲ့ နတ်ဆိုးသားရဲတွေ မပါဝင်ပါဘူး။

ကြည့်ရတာ ရွှင်ချန်အန်းက ထန်စန်းလိုပဲ နတ်ဆိုးတွေကို အရမ်းဆွဲဆောင်မှု ရှိတယ်နဲ့ တူပါတယ်။

ဟန်ကျွယ်ဟာ ရွှင်ချန်အန်း အစားခံရမှကို နည်းနည်းမှာ စိတ်မပူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုရုံချီရှိနေလို့ပါ။ မုရုံချီက ဟင်းလင်းပြင်ပေါင်စပ်အဆင့်ကို ရောက်နေပြီမို့ သေမျိုးကမ္ဘာရဲ့ နတ်ဆိုးသူတော်စင်လိုပဲ စွမ်းအားကြီးမားပါတယ်။ သာမန်နတ်ဆိုးဘုရင်တွေ သူ့ကို သတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါ။

ဟန်ကျွယ်ဟာ အထူးဂရုစိုက်ရမဲ့စာရင်းထဲ မထည့်ထားတဲ့ သူ့မိတ်ဆွေတွေကို ဆက်ပြီးတော့ စစ်ဆေးပါတယ်။ အထူးသဖြင့် ကောင်းကင်ရုံးတော်က အမတတွေကိုပါ။ သူတို့အကုန်လုံးဟာ နတ်ဆိုးတွေ တိုက်ခိုက်တာကို ခံရပြီး တိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက်က ၃၀၀,၀၀၀ ကျော်ပါတယ်။

အဓိပ္ပာယ်မရှိချက်က စောက်ရမ်းကို အဓိပ္ပာယ်မရှိတာပါ။

ရုတ်ခြည်းဆိုသလို ကောင်းကင်ရုံးတော်က နေရာကောင်းတစ်ခု မဟုတ်ဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

ကောင်းကင်ရုံးတော်က အထက်ဘုံမှာ စွမ်းအားအကြီးဆုံး အင်အားစု မဟုတ်ပေမဲ့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ထိပ်သီးတွေက ကောင်းကင်ရုံးတော်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်။

‘အခြေအနေကို ကြည့်ရတာ ငါ အထက်ဘုံတက်ရင် ပုန်းကွယ်နေတဲ့ ဂိုဏ်းကိုရှာရမယ်နဲ့တူတယ်၊ ကောင်းကင်ရုံးတော်က ငါနဲ့ လုံးဝမသင့်တော်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

အတန်ကြာ ကြည့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်အားထုတ်ပါတယ်။

နှစ်နှစ်ကြာပြီးနောက်မှာတော့ ထူလင်းအာ ပြန်ရောက်လာပါတယ်။ ထူလင်းအာဟာ ပထမဆုံး ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ထူလင်းအာဟာ ဟန်ကျွယ်ရှေ့ ဒူးထောက်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်မ ပြန်လာတဲ့လမ်းမှာ နတ်ဆိုးသားရဲတွေ တိုက်ခိုက်တာကို ခံရပြီး ဆန်းကြယ်စွမ်းအားတစ်ပါးကို မတော်တဆ နိုးထမိလိုက်တယ်၊ ကျွန်မမှာ စွမ်းအားကြီး သွေးစည်းများ ရှိနေလားလို့ ကျွန်မခန္ဓာကို စစ်ဆေးပေးပါလား”

‘ခန္ဓာကိုယ်ကို စစ်ဆေးပေးရမယ်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဝူတောက်ကျန့်ကလည်း ထူလင်းအာကို မယုံသင်္ကာနဲ့ ကြည့်လိုက်ပါတယ်။

ထူလင်းအာဟာ သူ့စကားက တစ်ခုခုမှားသွားမှန်း ခံစားလိုက်ရတာကြောင့် ချက်ချင်း ရှင်းပြပါတယ် “အရင်တုန်းက ကောင်းကင်အမတစံအိမ်မှာ ကျွန်မရဲ့ အရည်အချင်းက ထူးချွန်ထက်မြက်တယ်ဆိုပေမဲ့ စွမ်းအားကြီးသွေးစည်းကို မစမ်းသပ်မိခဲ့ဘူး၊ အခု ကျွန်မရဲ့ ရုပ်စွမ်းအားက အလျင်အမြန်တိုးတက်နေတော့ အရမ်းထူးဆန်းနေလို့ပါ”

ဟန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “မင်းရဲ့ အရင်ဘဝက မရိုးရှင်းဘူး၊ ဒီကိစ္စကို တစ်ယောက်မှ မသိရင် အကောင်းဆုံးပဲ၊ မဟုတ်လိုရှိရင် ဒီကိစ္စက မင်းဆီကို ကပ်ဘေးကြီးတစ်ခု ဆောင်ယူလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတောင် မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်စကားကြောင့် ထူလင်းအာဟာ ထိတ်လန့်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ဆရာသခင်က အရင်ကတည်းက သိနေခဲ့တာလား”

“ငါက သုံးလောကကို သိမြင်နားလည်တယ်၊ ငါရဲ့ စိတ်ဝိညာဉ်ကောင်းကင်မျက်လုံးက ပြန်လည်မွေးဖွားရာ စက်ဝန်းကို ကြည့်ရှုနိုင်တယ်”

“ဆရာသခင်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ထူလင်းအာဟာ ကြောက်လန့်သွားပြီး ဟန်ကျွယ်ကို ပိုပြီးတော့ ရိုသေကျိုးနွံသွားပါတယ်။ ညာလက်ကို အသာဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ ထူလင်းအာလက်ထဲမှာ မှိုလိုမျိုးအရာဝတ္ထုတစ်ခု ပေါ်လာပါတယ်။

“ဆရာသခင်... ဒီဟာက ကောင်းကင်အမတစံအိမ်မှာ ကျွန်မမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးအားလုံးနဲ့ လဲလှယ်ခဲ့တဲ့ သဘာဝရတနာပဲ၊ ဒီရတနာက ကောင်းကင်အမစံအိမ်ရဲ့ ရတနာတိုက်မှာ နံပါတ်သုံးချိတ်တယ်” ထူလင်းအာက တခစ်ခစ် ရယ်မောရင်း ပြောလိုက်ပါတယ်။

ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မင်း ငါ့တပည့်ဖြစ်လာတာကို ကောင်းကင်အမတစံအိမ်က သိသွားပြီလား”

ထူလင်းအာ ပြန်ဖြေပါတယ် “ကျွန်မ ကောင်းကင်အမတစံအိမ်နဲ့ ကြိုးတွေအကုန်လုံး ဖြတ်ပြီးပြီ၊ ကျွန်မ ထွက်မလာခင်မှာ ပြန်ပေးဆပ်တဲ့အနေနဲ့ တာဝန်တွေ အများကြီး ထမ်းရွက်ပေးခဲ့တယ်၊ ကျွန်မရဲ့ အရင်ဆရာသခင်ကလည်း သဘောတူတယ်လေ၊ အခု ကောင်းကင်အမတတစံအိမ်က ဂျိရှင်းရှန်ကိုပဲ အာရုံစိုက်တော့တယ်၊ ရင်းမြစ်တွေအကုန်လုံးကိုလည်း ဂျိရှင်းရှန်ဆီ အရင်ပေးတာ၊ သူတို့က ကျွန်မ ထွက်လာတာကို မငြင်းပယ်တဲ့အပြင် စိတ်သက်သာရာတောင် ရသွားကြသေးတယ်”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters