← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) ပတက်ဖိလစ် Lucky Star

ထိပ်ပြောင်စပြုနေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပြုံးလိုက်ပြီး သူ၏လက်ထဲရှိ ဆုကြေးငွေ ယွမ်ခြောက်ရာကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် အောင်ပွဲခံခြင်းများနှင့် ပြည့်နှက်နေတော့၏။

လူတိုင်းက သူ့လောက် ကံကောင်းကြသည် မဟုတ်ပေ။

ယွမ်လေးရာ အရင်းပြု၍ အသားတင် ယွမ်ခြောက်ရာ အမြတ်ရခဲ့ခြင်းပင်။

ဤလူငယ်သည် ယခင်က ခြစ်ကတ်များကို မဆော့ဖူးကြောင်း သိသာထင်ရှားနေသည်။ ခြစ်ကတ်များဖြင့် ကံစမ်းရာတွင် အရေအတွက် များများဝယ်မှသာ အနိုင်ရနိုင်မည်ဖြစ်သည်။ တစ်စောင်ပြီးတစ်စောင် ဝယ်နေခြင်းက ငွေများကို လွှင့်ပစ်နေခြင်းနှင့် တူပေ၏။

ဤသည်ကို တွေးမိပြီးနောက် ဆံပင်ကျွတ်နေသော လူလတ်ပိုင်းသည် စုယွမ်အား လမ်းညွှန်မှုအချို့ပေးရန် ရည်ရွယ်ချက်ဖြင့် သူ၏အနီးသို့ လျှောက်သွားလိုက်သည်။

"လူငယ်လေး... ဒီနေရာကို ခြစ်လိုက်... ဟုတ်တယ်... ဟုတ်တယ်..."

လူလတ်ပိုင်းက အကြံပေးလိုက်သည်။

ဤလူကို စုယွမ် မစော်ကားလိုချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ယွမ်နှစ်ဆယ်ကြောင့် ယွမ်နှစ်သိန်းတန် ဆုကြီးကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရသူ ဖြစ်သည်။ နောက်ပိုင်းတွင် သူ ဆုကြီးပေါက်သွားသည်ကို မြင်တွေ့ရပါက ဤလူသည် သေချာပေါက် နောင်တများဖြင့် ပြည့်နှက်သွားမည် ဖြစ်ပေ၏။

"ရိုးရိုးသားသား ပြောရရင် Lucky 123 ခြစ်ကတ်တွေရဲ့ အနိုင်ရနှုန်းက သိပ်မမြင့်ဘူး... အစ်ကို့လို ကျွမ်းကျင်သူမှပဲ..."

စကားပြောနေဆဲမှာပင် ဆံပင်ကျွတ်နေသော လူလတ်ပိုင်းသည် ရုတ်တရက် စကားရပ်သွားပြီး သူ၏ မျက်လုံးများသည် လျှို့ဝှက်ချက် ပေါ်ပေါက်လာတော့မည့် ခြစ်ကတ်ပေါ်သို့ စိုက်ကြည့်နေမိလေသည်။

တတိယမြောက် နေရာကို ခြစ်လိုက်ချိန်တွင် သူ၏ မျက်စိရှေ့၌ ယွမ်နှစ်သိန်း ဟု ရေးသားထားသော ၀၇ ဂဏန်းတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။

ယွမ်နှစ်သိန်းပင်။

ဤခြစ်ကတ်တွင် ယွမ်နှစ်သိန်း ပါဝင်နေခဲ့သည်။

ဆံပင်ကျွတ်နေသော လူလတ်ပိုင်းသည် သူ၏ မျက်လုံးများကို အလျင်အမြန် ပွတ်သပ်လိုက်ပြီး ဤခြစ်ကတ်သည် ယွမ်နှစ်သိန်း အမှန်တကယ် ပေါက်သွားကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။

"မဆိုးဘူးပဲ... ယွမ်နှစ်သိန်း..."

စုယွမ်က ပြုံးလိုက်ပြီး ခြစ်ကတ်ကို သိမ်းဆည်းလိုက်သည်။

ထီဆိုင်က ယွမ်နှစ်သိန်းပမာဏကို ငွေသားထုတ်ပေးနိုင်စွမ်း မရှိသဖြင့် ထီဌာနချုပ်တွင်သာ သွားရောက်လဲလှယ်နိုင်ပေသည်။

"ဘာ... ယွမ်နှစ်သိန်း... သူက တစ်စောင်တည်း ဝယ်တာကို နှစ်သိန်းတောင် ပေါက်သွားတယ်..."

ပရိသတ်ထဲမှ တစ်ဦးက ပြောလိုက်၏။

"လူငယ်လေး... မင်းရဲ့ ကံက တကယ်ကို ကောင်းလွန်းတယ်ကွာ..."

ဆိုင်ရှင်ကလည်း အံ့သြစွာဖြင့် ပြောလိုက်ပြီး သူ၏ မျက်လုံးများသည် မနာလိုမှုများဖြင့် ပြည့်နှက်နေပေ၏။

ထိုတစ်စောင်တည်းသော ကတ်ထဲတွင် ယွမ်နှစ်သိန်းတန် ဆုကြီး ပုန်းအောင်းနေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

ဤလူငယ်လေး စောစောစီးစီး ငွေရှင်းသွားသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက ဤယွမ်နှစ်သိန်း ဆုကြီးသည် သူ၏အပိုင် ဖြစ်လာမည်ဖြစ်သည်။ ဤသည်ကို တွေးမိချိန်တွင် ဆိုင်ရှင်သည်လည်း အနည်းငယ် နောင်တရမိသွားပြီး ဤလူငယ်လေး စောစောစီးစီး ငွေရှင်းခြင်းကို သူ တားဆီးခဲ့သင့်ပေ၏။

တစ်ချိန်တည်းမှာပင် ဆံပင်ကျွတ်နေသော လူလတ်ပိုင်းသည် အလွန်တရာ အနေရခက်နေပုံပေါ်သည်။ သူသည် အစောင်နှစ်ဆယ် ဝယ်ခဲ့သော်လည်း ဆုကြီး မပေါက်ခဲ့ဘဲ မပေါက်နိုင်ဟု သူ ထင်ထားခဲ့သော ထိုတစ်စောင်က အမှန်တကယ်ပင် ဆုကြီး ပေါက်သွားခဲ့လေပြီ။

ထိုဆုမှာလည်း ယွမ်နှစ်သိန်း ဖြစ်နေ၏။

သူ၏ လက်ထဲရှိ ယွမ်ခြောက်ရာကို ကြည့်ရင်း လူလတ်ပိုင်းသည် ဤငွေမှာ သိပ်အရေးမကြီးတော့သလို ခံစားလိုက်ရသည်။

တစ်စောင်တည်း လျှော့ခြစ်လိုက်မိရုံဖြင့် သူသည် ယွမ်နှစ်သိန်းတန် ဆုကြီးကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရလေပြီ။

စုယွမ် ထွက်သွားပြီးနောက် သူသည် ဒေါသတကြီးဖြင့် သူ၏ ဖုန်းကို လွှင့်ပစ်လိုက်သည်။ လွှင့်ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် စိတ်လိုက်မာပါ ဖြစ်သွားမှန်း သိလိုက်ရပြီး အလျင်အမြန် သွားကောက်လိုက်၏။

ထိုအချိန်မှသာ ဖုန်းမျက်နှာပြင် ကွဲသွားကြောင်း တွေ့ရှိလိုက်ရပြီး အသစ်လဲလှယ်ရန် ယွမ်နှစ်ထောင် ကုန်ကျမည်ဖြစ်သည်။ ယခုလေးတင် သူ ရရှိခဲ့သော ယွမ်ခြောက်ရာမှာ အလဟဿ ဖြစ်သွားသည့်အပြင် နောက်ထပ် ယွမ်တစ်ထောင်ကျော် ထပ်စိုက်ရပေတော့မည်။ သူ ရှုံးသွားပြီ။ အကြီးအကျယ် ရှုံးသွားခဲ့ရပြီ။

လူလတ်ပိုင်းသည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ကိုထုကာ ခြေဆောင့်နေပြီး မြေပြင်ပေါ်တွင် လိမ့်ကာ ငိုတော့မည့်အလား ဖြစ်နေပေ၏။

"ဘာလို့ ငါ့ကံက ဒီလောက်ဆိုးနေရတာလဲ... အဲဒီ ယွမ်နှစ်သိန်း ဆုကြီးက သိသိသာသာကို ငါ့အပိုင်ပဲဟာကို..."

လူလတ်ပိုင်းက အော်ဟစ်လိုက်သည်။

"အား... အား... အား..."

မျက်စိတစ်မှိတ်အတွင်းမှာပင် လူလတ်ပိုင်းသည် တိုက်ရိုက် သတိလစ်မေ့မြောသွားတော့၏။

ပြီးခဲ့သည့်အကြိမ်က ဆုကြီးပေါက်ခဲ့ဖူးသောကြောင့် လုပ်ငန်းစဉ်များနှင့် ရင်းနှီးနေသော စုယွမ်သည် ဆုငွေထုတ်ယူရန်အတွက် ထီဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။

အတွင်းရှိ ဝန်ထမ်းများသည်လည်း စုယွမ်နှင့် အလွန်ရင်းနှီးနေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယွမ်သန်းသုံးဆယ် ဆုကြီးကို ယခုလေးတင် ထုတ်ယူသွားခဲ့သူ မဟုတ်ပါလော။

သူတို့ လုံးလုံးလျားလျား မထင်မှတ်ထားခဲ့သည်မှာ ဤလူ ထပ်မံ၍ ထီပေါက်လာခြင်းပင် ဖြစ်သည်။

ထို့အပြင် ၎င်းသည် ပမာဏအနည်းငယ် မဟုတ်ဘဲ ယွမ်နှစ်သိန်းတိတိ ဖြစ်နေချေ၏။

ဤသည်မှာ သာမန်လူတစ်ယောက်အတွက် နှစ်နှစ်စာ လစာနီးပါး ရှိပေသည်။

သူ၏ ကံကောင်းမှုကို မည်သူမျှ မအံ့သြဘဲ မနေနိုင်ကြချေ။

အကယ်၍ ဤကမ္ဘာကြီးသာ သိပ္ပံနည်းကျ ကမ္ဘာတစ်ခု မဟုတ်ခဲ့ပါက ဤလူ လိမ်လည်ထားသည်ဟု သူတို့ အမှန်တကယ် သံသယဝင်မိကြမည်ဖြစ်သည်။

လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီးနောက် စုယွမ်သည် တရုတ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သို့ သွားကာ ချက်လက်မှတ်တစ်ခု ထုတ်ယူလိုက်ပြီး အခွန်နှုတ်ပြီးသား ဆုကြေးငွေများကို သူ၏ ဘဏ်ကတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် သူက အငှားယာဉ်တစ်စီးကို အလျင်အမြန် တားလိုက်ပြီး ယီတဟတိုက်တန်းဆီသို့ ဦးတည်သွားလေ၏။

ယီတဟတိုက်တန်းသည် တရုတ်နိုင်ငံတွင် အလွန် နာမည်ကြီးသော တိုက်တန်းတစ်ခု ဖြစ်သော်လည်း မကြာသေးမီ နှစ်များအတွင်း စီးပွားရေးအခြေအနေ မကောင်းမွန်ခဲ့ဘဲ အများစုမှာ ရောင်းချခံခဲ့ရသည်ဟု သူ ကြားသိရသည်။

သို့သော် ကျန်းချန်မြို့တွင်မူ ဤဧရိယာသည် အလွန်ကောင်းမွန်နေဆဲ ဖြစ်ပေ၏။

အထူးသဖြင့် ပတက်ဖိလစ်ကဲ့သို့သော ဆိုင်များအတွက် ဖောက်သည်မရှိမည်ကို စိုးရိမ်ရန် မလိုအပ်ချေ။

အချိန် နှစ်မိနစ် သုံးမိနစ်ခန့် လိုသေးချိန်တွင် စုယွမ်သည် ပတက်ဖိလစ် ဆိုင်အနီးသို့ ရောက်ရှိလာခဲ့ပြီး အချိန်ကို သေချာစွာ စောင့်ကြည့်ကာ အဝင်အထွက်ရှိသော လူများကို အကဲခတ်နေခဲ့သည်။

ယနေ့ ပတက်ဖိလစ်သည် အခြားအချိန်များနှင့် အနည်းငယ် ကွာခြားနေပေသည်။ ဝင်လာသူတိုင်းကို ဆိုင်ဝန်ထမ်းများက မှတ်တမ်းတင်နေကြ၏။

အချိန်ပြည့်လုနီးပါး ဖြစ်လာချိန်တွင် စုယွမ်သည် ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။

မထင်မှတ်ထားဘဲ သူ၏အရှေ့ရှိ လူမှာ ယနေ့ အရောင်းရုံးတွင် သူ တွေ့ဆုံခဲ့ရသော ဝမ်ယန် ဖြစ်နေချေသည်။

စုယွမ် မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားရ၏။ ဤလူမှာ ယခုအချိန်တွင် သူ အတွေ့ချင်ဆုံး လူပင် ဖြစ်ပေသည်။

သို့သော် ပတက်ဖိလစ်ကိုတော့ ရယူရပေဦးမည်။

ထို့ကြောင့် ဝမ်ယန် စာရင်းပေးသွင်းပြီးချိန်တွင် စုယွမ်လည်း ဝင်သွားလိုက်သည်။

"မင်္ဂလာပါ လူကြီးမင်း... ကျွန်မတို့ ဒီမှာ စာရင်းသွင်းနေပါတယ်... အဆင်ပြေပါ့မလားရှင့်..."

ဆိုင်ဝန်ထမ်းမလေးက မေးမြန်းလိုက်သည်။

"စာရင်းသွင်းတာလား... ရပါတယ်..."

အဘယ်ကြောင့် စာရင်းသွင်းရန် လိုအပ်သည်ကို စုယွမ် သဘာဝကျကျပင် သိရှိထားသော်လည်း သူက မသိဟန်ဆောင်နေလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အပြင်လူများသည် ၎င်းတို့၏ အစီအစဉ်အကြောင်းကို သိရှိထားခြင်း မရှိကြချေ။

စုယွမ်၏ အချက်အလက်များကို မေးမြန်းပြီးနောက် ဆိုင်ဝန်ထမ်းမလေးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မနာလိုဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ငါ အခု သွားလို့ရပြီ မဟုတ်လား..."

စုယွမ်က ထွက်သွားရန် ခြေလှမ်းပြင်ရင်း ပြောလိုက်သည်။

"ခဏနေပါဦး မစ္စတာစူး..."

ဆိုင်ဝန်ထမ်းမလေးက လှမ်းတားလိုက်၏။

"ကျွန်မတို့ရဲ့ ပတက်ဖိလစ်က လက်ရှိမှာ Lucky Star အစီအစဉ်တစ်ခု ပြုလုပ်နေပါတယ်... ရှင့်အနေနဲ့ ယနေ့ရဲ့ ၆၆၆ ယောက်မြောက် ဖောက်သည်ဖြစ်တဲ့အတွက် ရှင့်ကို တန်ဖိုး ယွမ် ရှစ်သိန်းရှိတဲ့ ပတက်ဖိလစ် Lucky Star နာရီတစ်လုံးကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာပါ..."

"မစ္စတာစူး... ဂုဏ်ပြုပါတယ်ရှင်..."

ဆိုင်ဝန်ထမ်းမလေးက စကားအဆုံးသတ်လိုက်ပြီး သူမ၏ စကားလုံးများသည် အားကျမှုများဖြင့် ပြည့်နှက်နေပေ၏။

ယွမ် ရှစ်သိန်းတောင်။ မည်သည့်အရာမှ မလုပ်ဘဲ ယွမ် ရှစ်သိန်း ရရှိခဲ့ခြင်းပင်။

ဤသည်မှာ တကယ်ကို ကံကောင်းလွန်းလှပေသည်။

ဆိုင်တွင်းရှိ လူတစ်ဒါဇင်ခန့်သည်လည်း ဝန်ထမ်းမလေး၏ စကားများကြောင့် အာရုံစိုက်သွားကြသည်။ သူတို့ထဲမှ အများစုမှာ ဝယ်ယူနိုင်စွမ်းမရှိဘဲ လာရောက်လေ့လာရုံမျှသာ ဖြစ်ကြပြီး ဤလူငယ်လေး Lucky Star ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား မထင်မှတ်ထားခဲ့ကြချေ။

"ဘုရားရေ... ကံကောင်းလိုက်တာ..."

ပရိသတ်ထဲမှ တစ်ဦးက ပြောလိုက်၏။

"အိုး... တကယ်လို့ ငါသာ နည်းနည်းလေး နောက်ကျပြီး လာခဲ့ရင် ကောင်းမှာပဲ... အဆင့်သတ်မှတ်ချက်အရဆို ငါက ၆၆၀ မြောက် ဖြစ်နေပြီ..."

အခြားတစ်ဦးက ညည်းတွားလိုက်သည်။

"အား... သူ့ကို ကြည့်စမ်း... ဘာမှ အားထုတ်စရာမလိုဘဲ ယွမ် ရှစ်သိန်းတန် နာရီတစ်လုံးကို ရသွားပြီ..."

"ငါတော့ အရမ်း အားကျတာပဲ..."

လူအုပ်ကြားထဲတွင် ဝမ်ယန်၏ ပုံရိပ်သည်လည်း ထင်ရှားစွာ ရှိနေပေ၏။ သူမသည် ၆၆၅ ယောက်မြောက်လူ ဖြစ်ပြီး ဝန်ထမ်းမလေး၏ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေသည်။

ယွမ် ရှစ်သိန်းတောင်။ ယွမ် ရှစ်သိန်း ရရှိရန်အတွက် ဖောက်သည်မည်မျှကို သူမ ဝန်ဆောင်မှု ပေးရမည်နည်း။

ထိုလူမှာလည်း စုယွမ် ဖြစ်နေချေ၏။ သူက အဘယ်ကြောင့် ဤမျှလောက် ကံကောင်းနေရသနည်း။ အကယ်၍ သူမသာ တစ်လှမ်း နောက်ကျပြီး ရောက်လာခဲ့ပါက ဤနာရီသည် သူမအပိုင် ဖြစ်သွားမည်ဖြစ်သည်။

အခိုက်အတန့်မျှ ဝမ်ယန်၏ နှလုံးသားသည် နောင်တနှင့် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ မျက်လုံးများသည် စုယွမ်ကို စိုက်ကြည့်ကာ သူ ဘာတွေ တွေးနေမည်ကို သိချင်နေမိသည်။

"အိုး... တကယ်လား..."

စုယွမ်က အံ့အားသင့်ဟန်ဆောင်ကာ ပြောလိုက်၏။

"ဟုတ်ပါတယ် လူကြီးမင်း... ရှင် ကြားတာ မမှားပါဘူး... ပတက်ဖိလစ် Lucky Star က ယွမ် ရှစ်သိန်း တန်ဖိုးရှိပြီး အခုဆို ရှင့်အပိုင် ဖြစ်သွားပါပြီ..."

ဆိုင်ဝန်ထမ်းမလေးက ပြုံးလျက် လှပစွာ ထုပ်ပိုးထားသော နာရီကို စုယွမ်၏ လက်ဖဝါးထဲသို့ ကမ်းပေးလိုက်ရာ စောင့်ကြည့်နေသူများထံမှ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကင်မရာများစွာမှ ဓာတ်ပုံရိုက်သံများ ထွက်ပေါ်လာခဲ့ပြီး ပတက်ဖိလစ်၏ ကြော်ငြာဝန်ထမ်းများ ဖြစ်နိုင်ချေရှိပေသည်။

စုယွမ်ကလည်း ဓာတ်ပုံရိုက်ခံရန် မငြင်းဆန်ခဲ့ချေ။ တစ်စုံတစ်ရာ ပေးအပ်သည်ဖြစ်ရာ တစ်စုံတစ်ရာ ပြန်လည်မျှော်လင့်မည်မှာ သေချာပေ၏။

"ကျေးဇူးတင်ပါတယ်... ယွမ် ရှစ်သိန်းတန် နာရီတစ်လုံးကို ရဖို့ ဒီလောက်တောင် ကံကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး... တကယ်လို့ အနာဂတ်မှာ အခွင့်အရေးရရင် ဒီဆိုင်မှာ သေချာပေါက် လာဝယ်ပါ့မယ်..."

နာရီကို ကိုင်ထားရင်း စုယွမ်က ယဉ်ကျေးစွာ ပြောလိုက်သည်။

"နောက်နောင်လည်း လာရောက်အားပေးဖို့ ကြိုဆိုပါတယ်ရှင်..."

ဆိုင်ဝန်ထမ်းမလေးကလည်း ပြောလိုက်၏။

လူအုပ်ကြီး၏ မနာလိုသော အကြည့်များအောက်တွင် နာရီကို ကိုင်ဆောင်ထားသော စုယွမ်သည် ထွက်ခွာရန် ပြင်လိုက်သည်။

"နေဦး... ငါမှာ ပြောစရာရှိတယ်..."

ရုတ်တရက် ဝမ်ယန်က ရှေ့သို့ ထွက်လာကာ ခြေလှမ်းကျဲကြီးများဖြင့် စုယွမ်၏ အရှေ့တွင် ရပ်လိုက်ပြီး သူမ၏ မျက်လုံးများသည် နာရီထုပ်ပိုးမှုကို လောဘတကြီး စိုက်ကြည့်နေလေသည်။

All Chapters