← Chapters

ကောင်းကင်ဘုံနွားထီးကုန်းမြေကို သစ္စာဖောက်ခြင်း

Vol. 140 Ch. 1936

ကောင်းကင်ဘုံနွားထီးကုန်းမြေကို သစ္စာဖောက်ခြင်း

Vol. 140 Ch. 1936

“လူတိုင်းက ဆုလဒ်နှစ်ခု ရတဲ့အချိန်မှာ ဂျူနီယာက ဘာကြောင့် တစ်ခုပဲ ရတာကို နားမလည်နိုင်တာပါ…”

ဝမ်လင်းသည် တစ်စက်လေးမျှ ယဉ်ကျေးမနေပေ။ သူက အခုတွင် တကိုယ်တော် မဟုတ်တော့ပေ။ သူက မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်နေသည် မဟုတ်လား။

ထို့အတွက်ကြောင့် သူက ဒီကိစ္စကို သည်းမခံပေးခြင်းပင်။ တခြားသူက ကောက်ရီကလန်၏ ကလန်ခေါင်းဆောင် ဖြစ်နေလျှင်ပင် သူ့အနေဖြင့် မေးခွန်းပြန်ထုတ်ရမည်သာ။

“မင်းရဲ့ ကျင့်ကြံမှုအဆင့်က အနိမ့်ဆုံးပဲ။ ဒါ့ကြောင့် မီးချပ်ဝတ်တစ်ခုနဲ့တင် လုံလောက်ပြီ။ ဒီဆုံးဖြတ်ချက်ကို ကောက်ရီကလန်ကော၊ မဟာစိတ်ဝိညာဉ်ကလန်ကောက ချမှတ်ခဲ့တာ။ မင်း ဒါကို နားမလည်ရင်လည်း လက်ခံရမှာ ဖြစ်တယ်။ မင်း မီးချပ်ဝတ်ကို သဘောမကျရင် ဒီအဘိုးအိုက ပြန်ယူလိုက်မယ်…”

ထည်ဝါသောအသံ ထပ်မံ ထွက်ပေါ်လာ၏။

မီးချပ်ဝတ်သည် မီးပင်လယ်အဖြစ်သို့ ပြောင်းသွားကာ ပင်မခန်းမထံ ပြန်ရောက်ရှိသွားသည်။

ဝမ်လင်းက ပင်မခန်းမထံ လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “ဒါက ကလန်နှစ်ခုကြားက ဆုံးဖြတ်ချက်လို့ ဆိုမှတော့ သင့်မှာ ဘာသက်သေများ ရှိပါသလဲ…”

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် တစ္ဆေအလင်းတန်းတစ်ခုက ပင်မခန်းမထံမှ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းအတွင်း၌ ဆံဖြူအမျှင်တန်းတစ်ခု ရှိကာ ယင်းက ပေါက်ကွဲထွက်ပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်သည် ဘိုးဘေးကုန်းနျန်ပင်။

“ဒီမှာ ဆုချီးမြှင့်ပေးမှုဟာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိတယ်။ ဒီအဘိုးအိုကလည်း ဒါကို ပြောင်းလဲပစ်မှာ မဟုတ်ဘူး။ ဝမ်လင်း မင်း မြန်မြန် သဘောမတူရင် သက်သေဖြစ်တဲ့ ဒီအဘိုးအိုက အခု ထွက်သွားတော့မယ်…”

ဝမ်လင်းသည် ဘိုးဘေးကုန်းနျန်၏ပုံရိပ်ကို ကြည့်၏။ သူက ဤသည်မှာ ကိုယ်ပွားမဟုတ်ဘဲ နတ်ဘုရားအာရုံခပ်နှိပ်မှုတစ်ခုသာ ဖြစ်သည်ကို သိသည်။

“အခု ငါ မင်းကို သက်သေပြပြီးပြီး။ နောက်ပြန်ဆုတ်တော့…” ကောက်ရီကလန်ခေါင်းဆောင်၏ အေးစက်စက်အသံက ပင်မခန်းမထဲမှ ထွက်ပေါ်လာသည်။

ဝမ်လင်း၏အမူအရာက မည်သို့မျှ မလှစ်ဟမဖော်ပြပေ။ သည်ကိစ္စကသာ ကောက်ရီကလန်နှင့် မဟာစိတ်ဝိညာဉ်ကလန်တို့ကြားက ဆုံးဖြတ်ချက်ဖြစ်ခဲ့လျှင် သည်လိုဆုံးဖြတ်ချက်မျိုးက မမျှတပေ။ ထိုသို့ဆိုပါက ဝမ်လင်းသည် အရှင်ဘိုးဘေးကုန်းနျန်နှင့် ပတ်သတ်၍ သူ့သဘောတူညီမှုကို စိတ်ပူနေဖို့ မလိုတော့ပေ။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက စကားမဆိုဘဲ နေရာတွင်သာ တည်ငြိမ်စွ ရပ်နေ၏။ သူက မည်သို့မျှ မဖြစ်လေသည့်အလား။ မီးချပ်ဝတ် ပြန်ယူဆောင်ခံရသည့်အပေါ်၌လည်း မည်သို့မျှ နှမြောတသ မဖြစ်သည့်ပုံ ပေါ်နေသည်။

“မင်းတို့လေးယောက်ကို အစိမ်းရောင်မိစ္ဆာကုန်းမြေဆီ စေလွှတ်နိုင်ဖို့ ဒီအဘိုးအိုက မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အကြာ မဖွင့်လှစ်ခဲ့တဲ့ အစီအရင်ကို အခု အသက်သွင်းတော့မယ်။ မင်းတို့လေးယောက် မထွက်ခွာခင် မင်းတို့ရဲ့ အသက်စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ချန်ထားခဲ့ရမယ်။ မင်းတို့ တာဝန်ပြီးမြောက်တာနဲ့ ဒီအဘိုးအိုက မင်းတို့အားလုံးကို တည်နေရာရွှေ့ပြောင်း ပြန်ခေါ်ပေးမယ်…”

အသက်စိတ်ဝိညာဉ်ကိစ္စကို ကြားသည့်နောက် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကြုံ့သွားလေ၏။ ယင်း၏ အကျိုးကျေးဇူးမှာ ပြန်လည်တည်နေရာရွှေ့ပြောင်းနိုင်ခြင်းပင်။ ဆိုးကျိုးကမူ သူသည် လွတ်လပ်မှု ရှိတော့မည် မဟုတ်ဘဲ တဖက်လူက သူ ရှိနေသောနေရာများကို အချိန်မရွေးသိနိုင်ခြင်းပင်။

ယွမ်ရီဖန်က ကောက်ရီကလန်၏ တပည့်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက တုံ့နှေးမနေပေ။ သူ၏ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ရာ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားလေသည်။ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု သူ့ထံမှ ထွက်ပေါ်လာကာ အလုံးတလုံးအသွင် ဖြစ်ပေါ်၍ ပင်မခန်းမထံ ပျံသန်းသွားတော့သည်။

အဘိုးအိုတိမ်စွန်းက ခဏတာ တွေဝေနေ၏။ သို့ပေမည့် သူက မငြင်းဆန်ပေ။ သူလည်း သူ့အသက်စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပင်မခန်းမထံ ၎င်းကို စေလွှတ်လိုက်သည်။

ထျန်ကျာက အနည်းငယ် စဉ်းစားပြီးနောက် အံတင်းတင်းကြိတ်၏။ သူမက သူမ၏ကလန်တိုးတက်ဖို့အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးစပ်ပေမည်။ သည်ကိစ္စကလည်း လိုအပ်တာ ဖြစ်နေသေး၏။ သို့မဟုတ်ပါက သူမသည် အစိမ်းရောင်မိစ္ဆာကုန်းမြေထံမှ တည်နေရာရွှေ့ပြောင်း ပြန်မလာနိုင်တာ ဖြစ်သွားနိုင်၏။

သူတို့သုံးယောက်က သူတို့၏အသက်စိတ်ဝိညာဉ်များကို ပို့လွှတ်ပေးပြီးနောက် ဝမ်လင်း တစ်ယောက်သာ ကျန်တော့လေသည်။

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ပင်မခန်းမထံသို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ငါ ဒါကို လုပ်ဖို့ ငြင်းဆန်တယ်။ ငါ့အနေနဲ့ ဆုံးဖြတ်ချက်မချခင် မဟာစိတ်ဝိညာဉ်ကလန်ကို ပြန်ပြီး ဘိုးဘေးနဲ့ တွေ့ရအုံးမယ်။ နှုတ်ဆက်ခဲ့ပါတယ်…”

ဝမ်လင်း ထိုသို့ ပြောလိုက်ပြီးနောက် သူက ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ဒီကွင်းပြင်ထံမှ ထွက်သွားရန် ဟန်ပြင်သည်။

“မင်း ထွက်သွားနိုင်တယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ချပ်ဝတ်ကို ထားခဲ့ပါ…” ထည်ဝါသောအသံသည် ပင်မခန်းမထံမှ ထွက်ပေါ်လာ၏။ အနက်ရောင်အခိုးငွေ့များဖြင့် ပြုလုပ်ထားသော ဧရာမလက်တစ်ဖက်က ဝမ်လင်းထံ ဆန့်တန်းလာချေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ မရေမတွက်နိုင်သော အတွေးများ သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူ့အတွက် အခုဖြစ်ပျက်သမျှ အခြေအနေက မြန်ဆန်လွန်းနေ၏။

ဘိုးဘေးကုန်းနျန်နှင့် ကောက်ရီကလန်တို့၏ ရည်ရွယ်ရင်း ပြောင်းလဲမှုက သူ့ကို ခက်ခဲစေသည်။ ဝမ်လင်းသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သတိမပြုနိုင် ဖြစ်နေ၏။

သူက စိတ်ဝိညာဉ်ချပ်ဝတ်ကို လက်လွှဲပေးလျှင်ပင် ကောက်ရီကလန်ကနေ ထွက်ဖို့ အလွန်ခက်လိမ့်မည်ဟု ခံစားမိနေသည်။ စိတ်ဝိညာဉ်ချပ်ဝတ်၏ ကျင့်ကြံမှုအဆင့် မြှင့်တင်ပေးခြင်း မရှိပါက သူသည် အန္တရာယ်အခြေအနေသို့ ကျရောက်သွားနိုင်သည်။

ထိုခံစားချက်က အလွန်အားကောင်းနေ၏။ အမှန်တော့ ဝမ်လင်းက စိတ်ဝိညာဉ်ချပ်ဝတ်ကို သူ့အတွက် မသိမ်းထားလိုပါ။ သူ၏မူလအစီအစဉ်က လက်ဆောင်သုံးခုအတွက် သူလုပ်ဆောင်ပေးမည့် အခြေအနေသုံးခုကို ပြီးမြောက်အောင် လုပ်ပေးရန်ပင်။ ထို့နောက်တွင် သူက စိတ်ဝိညာဉ်ချပ်ဝတ်ကို ထားခဲ့ကာ တကိုယ်တည်း ထွက်သွားရန် ဖြစ်၏။

တကယ်တော့ သည်ပစ္စည်းက သူတကိုယ်တည်း အပိုင် မဟုတ်ချေ။ ကောင်းကင်ဘုံနွားထီးကုန်းမြေတခုလုံး၏ အပိုင်တည်း။

သို့ရာတွင် သည်ထူးဆန်းနေသော အလှည့်အပြောင်းတို့က ဝမ်လင်းကို အလွန်အမင်း သတိထားသွားစေ၏။ သူက သူ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တွင် ရှိခဲ့သည့် အချိန်နှစ်ဝက်အတွင်း မည်သို့ ပြောင်းလဲမှုများ ဖြစ်ပွားခဲ့တာကိုလည်း မသိနေပေ။

ထိုသို့သော အခြေအနေ၌ သူသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ယူဆောင်သွားခွင့် ပြု၍ မဖြစ်ပေ။ စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့်ဆို သူ့ထံ၌ ရှင်သန်နိုင်မည့် စွမ်းအားအနည်းငယ် ပိုင်ဆိုင်ထားဦးမည် ဖြစ်၏။ သို့သော် ထိုချပ်ဝတ်မရှိသည်နှင့် သူသည် ချောက်နက်ထဲသို့ ကျဆင်းသလို ခံစားမိရလိမ့်မည်။

“ငါ ကောက်ရီကလန်ကို ရောက်လာခဲ့တဲ့ အချိန်မှာ ဒီကိစ္စဟာ စတင်ခဲ့တာ။ သူတို့ဟာ မမျှတတာ သိသာနေတာပဲ။ ငါ မမျှတကြောင်း ထပြောရင်လည်း သူတို့ရဲ့ ထောင်ချောက်ထဲ ကျသွားမယ်။ ငါ ငြိမ်နေပြန်ရင်လည်း အသက်စိတ်ဝိညာဉ်နဲ့ပတ်သတ်တဲ့ကိစ္စက ရှိနေပြန်တယ်။ သူတို့က ငါ့ကို အတင်းအကြပ် လုပ်နေကြာတာပဲ…”

“ဒီနေ့ ဖြစ်ပျက်သမျှက ငါ့ကို ပစ်မှတ်ထားနေကြတာ…”

“ဒီမှာ ပြဿနာတစ်ခုတော့ ရှိနေပြီ။ ကောက်ရီကလန်က ငါ လှိုဏ်ဂူလောကကနေ လာခဲ့တာ၊ မဟာအင်ပါယာရွှမ်လောနဲ့ ပတ်သတ်နေတာကိုလည်း သိထားကြမှာပဲ။ ဒါတောင်မှ သူတို့က ခုလို လုပ်ဆောင်နေတယ်…”  ဝမ်လင်းသည် နားမလည်ပေ။ သူ့ထံ၌ နားလည်နိုင်ဖို့လည်း အချိန်လောက်လောက်ငင ရှိမနေပြန်ချေ။ ချပ်ဝတ်ကို လက်လွှတ်ခြင်းနှင့် မည်သို့မှန်းမသိသော အန္တရာယ်ကို ရင်ဆိုင်ရခြင်း သို့မဟုတ် ချပ်ဝတ်ကို ထိန်းသိမ်းကာ တိုက်ခိုက်ခြင်းတို့ကြား၌ သူသည် ဒုတိယတစ်ခုကို တုံ့နှေးခြင်းမရှိ ရွေးချယ်လိုက်တော့သည်။

ထိုဧရာမလက် နီးကပ်လာသည့်အခါ ဝမ်လင်း၏မျက်နှာ ညာဘက်ခြမ်းပေါ်မှ ကောင်းကင်ဘုံနွားထီး အမှတ်အသားသည် အနက်ရောင်အလင်းကို ထုတ်လွှတ်လာကာ ယွမ်ရီဖန်၊ ထျန်ကျာ၊ တိမ်စွန်းတို့ကို တုန်လှုပ်သွားစေသည်။ ထိုအနက်ရောင်အလင်းက ဝမ်လင်းကို ချက်ခြင်း ခြုံလွှမ်းကာ မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းသည်။ ယင်းတို့က အနက်ရောင်ချပ်ဝတ်အဖြစ်သို့ ပြောင်းလဲလေ၏။ သူ၏မျက်လုံးနှင့် ဆံပင်ဖြူတို့သာ ချပ်ဝတ်ဖြင့် ဖုံးအုပ်မထားလေဘဲ ရှိသည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်ကနေ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ထိ တိုးတက်လာချေ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုလိုက်သည်။ လက်ခြောက်ချောင်းဖြင့် မိစ္ဆာလက်ဝါးချက် ပေါ်လာကာ ဆင်းသက်လာသော လက်ဝါးကြီးနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ကောက်ရီကလန်၏ ဒီရင်ပြင်တွင် ပဲ့တင်ထပ်ကာ လက်ခြောက်ချောင်းမိစ္ဆာလက်ဝါးက ပျက်စီးသွားချေ၏။ တိုးဝင်လာသော အနက်ရောင်လက်မှာလည်း ၎င်း၏တဝက်သည် ပျက်စီးသွားသော်ငြားလည်း ကျန်တဝက်ကမူ ဝမ်လင်းထံ ကျရောက်လာစမြဲပင်။

ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ထိုလက်ကျန်လက်ဝါးဖြင့် အရိုက်ခံရသည့်နောက် သူ၏မျက်နှာက ဖြူရောကာ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျ၏။ သူက နောက်သို့ အမြန်အဆန် ဆုတ်သည်။

“ဝမ်လင်းက ကောင်းကင်ဘုံနွားထီးကုန်းမြေကို သစ္စာဖောက်သွားပြီ။ စိတ်ဝိညာဉ်အမိန့်ကို ချမှတ်တယ်။ ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ ကျင့်ကြံသူအားလုံး သူ့ကို မြင်တာနဲ့ သတ်နိုင်တယ်။ သူ့ကို သတ်နိုင်တဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ် မီးဒြပ်စင်ချပ်ဝတ်၊ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဒုစရိုက်တစ္ဆေရွက်ဖျင်၊ ကောင်းကင်ဘုံနွားထီး ပုတီးစေ့တစေ့ကို ဆုချီးမြှင့် ခံရမယ်…”

ဝမ်လင်း နောက်သို့ ဆုတ်သွားချိန်၌ သူက ဤစကားကို ကြားသည်။ သူသည် အံတင်းတင်းကြိတ်ကာ ဖော်ပြ၍မစွမ်းသော စိတ်ခံစားချက် ဖြစ်မိ၏။ သူသည် ထိုပစ္စည်းသုံးခုက မူလတုန်းက သူ ဆုချီးမြှင့်ခံရမည့် အရာများဟု ဝိုးတဝါး ခံစားမိနေသည်။

ထိုစကားများကို ကြားသည့်နောက် အရှင်တိမ်စွန်း၏ အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူက မယုံကြည်နိုင် ဖြစ်ပေါ်သည်။ တုံ့နှေးမနေဘဲ သူ၏ညာဘက်ခြမ်းမျက်နှာပေါ်ရှိ  ကောင်းကင်ဘုံနွားထီး တက်တူးအမှတ်အသားက လင်းလက်ကာ သူ့တကိုယ်လုံးကို ခြုံလွှမ်းပြီး ဝမ်လင်းကဲ့သို့ပင် သူသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်လေသည်။ ထိုအခါ သူ၏ကျင့်ကြံမှုအဆင့်က များစွာ တိုးတက်လာကာ လေဟာနယ်အတိဒုက္ခအဆင့်ကို ချိုးဖျက်၍ နောက်ဆုံးအဆင့်ထိနီးပါး ရောက်ရှိသွားသည်။ ဖြတ်ခနဲ သူက ဝမ်လင်းနောက်သို့ လိုက်လံလေ၏။

သူ ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားရသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံနွားထီးပုတီးစေ့ကြောင့်ပင်။

ကောင်းကင်ဘုံနွားထီးပုတီးစေ့များကို ကောက်ရီကလန်နှင့် မဟာစိတ်ဝိညာဉ်ကလန်တို့က ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ စုစုပေါင်းမှ ထိုပုတီးစေ့မှာ ခုနစ်ခုသာ ရှိသည်။ ယင်းတို့က များစွာ အသုံးတည့်လှသည်။ ထိုပုတီးစေ့တို့က ရတနာများ ပြုလုပ်ခြင်း၊ အချိန်အပေါ် သက်ရောက် ပြောင်းလဲစေနိုင်ခြင်း၊ ကျင့်ကြံသူများ ၎င်းတို့အတွင်း၌ တံခါးပိတ်ကျင့်ကြံနိုင်ခြင်း စသဖြင့် အသုံးချနိုင်သည့် အရာများစွာ ပိုင်ဆိုင်ထားသည်။

သို့ပေမည့် ယင်းတို့က အရေးကြီးဆုံး အသုံးတည့်မှု မဟုတ်သေးပေ။ အရေးကြီးဆုံး အသုံးဝင်မှုက ထိုပုတီးစေ့များသည် ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်ကို သိုလှောင်ထားနိုင်ခြင်းပင်။ ဤသည်က စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် လူတစ်ယောက်ကို ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အဝေးသို့ ရောက်နေသည့်အချိန်တွင်ပင် စိတ်ဝိညာဉ်ချပ်ဝတ်ကို အသုံးပြုနိုင်စွမ်း ရှိစေလိမ့်မည် ဖြစ်၏။

ကောင်းကင်ဘုံနွားထီးပုတီးစေ့ဖြင့်ဆို လူတစ်ယောက်သည် စိတ်ဝိညာဉ်ချပ်ဝတ်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ နေရာတိုင်း၌ အသုံးပြုနိုင်မည် ဖြစ်၏။ ရှေးနိုင်ငံတွင်ပင် အသုံးပြုနိုင်လိမ့်မည်။ အကြောင်းကား ထိုပုတီးစေ့သည် ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ် ဖြစ်သောကြောင့်တည်း။

ဝမ်လင်းသည် အရင်တုန်းက ကောင်းကင်ဘုံနွားထီးပုတီးစေ့အကြောင်း လုံးဝ မကြားဖူးပေ။ မဟုတ်ပါက သူသည်လည်း အံ့အားတသင့် ဖြစ်ကာ တုန်လှုပ်မိပေလိမ့်မည်။

ကောင်းကင်ဘုံနွားထီးပုတီးစေ့ခုနစ်ခုတွင် ကောက်ရီကလန်က သုံးခု၊ မဟာစိတ်ဝိညာဉ်ကလန်က လေးခု ပိုင်ဆိုင်ထား၏။ လွန်ခဲ့သော မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာတည်းက ယင်းတို့ကို ဆုလဒ်အဖြစ် ထုတ်ယူအသုံးပြုခဲ့တာ မရှိပေ။ ကလန်ကြီးနှစ်ခု၏ တော်ဝင်ကျင့်ကြံခြင်းနယ်မြေအဖြစ် ဖန်တီးဖို့သာ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။

ထိုတော်ဝင်မြေသည် ပုတီးစေ့သုံးခု အတူတကွ ရှိသည့်အခါမှသာ ပြီးပြည့်စုံစွာ ဖြစ်ပေါ်တည်ရှိနိုင်မည် ဖြစ်၏။ ထို့အတွက်ကြောင့် အခု ဒီပုတီးစေ့ကို ဆုလဒ်အဖြစ် ထုတ်ပေးလာသော ကလန်မှာ ကောက်ရီကလန် မဖြစ်နိုင်တော့၊ မဟာစိတ်ဝိညာဉ်ကလန်သာ ဖြစ်ချေလိမ့်မည်။ အကြောင်းကား သူတို့ထံ၌ ပုတီးစေ့အပိုတစ်ခု ရှိနေသောကြောင့်ပင်။

မဟာစိတ်ဝိညာဉ်ကလန်၏ အကာအကွယ်တစ္ဆေရွက်ဖျင်မှာလည်း မဟာစိတ်ဝိညာဉ်ကလန်၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ ၎င်းကလန်၏ ဒုစရိုက်တစ္ဆေရွက်ဖျင်က အဝေးတွင် ရှိနေလျှင်ပင် ကြီးမားသောစွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

ထိုပစ္စည်းနှစ်ခုဖြင့်ပင် လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်နေသည်။ ထို့အတွက်ကြောင့် တိမ်စွန်းအနေဖြင့် ဝမ်လင်းနောက်သို့ နီရဲသောမျက်လုံးများဖြင့် ချက်ခြင်း လိုက်လံရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ထျန်ကျာလည်း တုန်ယင်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက အံတင်းတင်းကြိတ်သည်။ သူမ၏ပတ်လည်၌ အနက်ရောင်အလင်း ခြုံလွှမ်းလာ၏။ သူမ၏စိတ်ဝိညာဉ်ချပ်ဝတ် ပေါ်လာကာ သူမ၏ကျင့်ကြံမှုအဆင့်ကလည်း လေဟာနယ်အတိဒုက္ခအလယ်အဆင့်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူမလည်း နောက်ကနေ လိုက်လံတော့သည်။

ယွမ်ရီဖန်တစ်ယောက်သာ ငြိမ်နေ၏။ သူက သုန်မှုန်စွာ ရှိနေသည်။ သူက နောက်မှ မလိုက်ပေ။ သို့ပေမည့် ထျန်ကျာ ထိုးထွက်သွားချိန်၌ သူက ပါးစပ်ဟကာ သူမထံ နတ်ဘုရားအာရုံ သတင်းစကားတစ်ခုကို ပို့လွှတ်လိုက်သည်။

ထျန်ကျာသည် ယွမ်ရီဖန်ထံမှ သတင်းစကားကို ကြားသည့်နောက် သူမက တုန်ယင်သွားသည်။ သူမက ယွမ်ရီဖန်ထံ ရုတ်တရက် လှည့်ကြည့်သည်။

“ဒါ အမှန်ပဲလား…”

ယွမ်ရီဖန်က ထျန်ကျာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထျန်ကျာ၏ အမူအရာက ရှုပ်ထွေးသွားကာ သူမက နောက်ထပ် ထပ်မံလိုက်လံ၏။ သို့ပေမည့် သူမ၏စိတ်အတွေးကမူ အစောပိုင်းတုန်းကနှင့် လုံးဝ မတူတော့ဘဲ ပြောင်းလဲသွားသည်။

ထျန်ကျာ ထွက်သွားသည့်နောက် ယွမ်ရီဖန်က ပင်မခန်းမထံ ဒူးတဖက်ထောက်ကာ ပြောလာ၏။

“ကလန်ခေါင်းဆောင်၊ ဒီကိစ္စအနေနဲ့ သင် တပည့်ကို ရှင်းပြချက်တစ်ခု ပေးရပါလိမ့်မယ်။ တပည့်က ဝမ်လင်းရဲ့ နောက်ခံနဲ့ မဟာအင်ပါယာရွှမ်လောတို့ကြား ပတ်သတ်မှုကို အရင်တည်းက ကလန်ကို သတင်းပို့ အသိပေးထားပြီး ဖြစ်ပါတယ်…”

ပင်မခန်းမသည် အချိန်အတန်ကြာ ငြိမ်သက်တိတ်ဆိတ်နေပြီးနောက်မှ ပင်ပန်းစွာ သက်ပြင်းချသံ ပဲ့တင်ထပ်လာသည်။

ဝမ်လင်းသည် ကောက်ရီကလန်ကို မြန်ဆန်စွာ ဖြတ်သန်းနေ၏။ သူ၏အမူအရာက သုန်မှုန်နေကာ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ သို့ပေမည့် သူသည် မကြာမီတွင် တခုခု မှားနေပြီကို သတိပြုမိသည်။ ကောက်ရီကလန်တစ်ခုလုံးက တစပြင်အလား ငြိမ်သက်တိတ်ဆိတ်နေပြီး ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ ရှိမနေပေ။ ကလန်အကာအကွယ်အစီအရင်သည်ပင် ခုချိန်၌ အသက်မဝင်ဘဲ ရှိသည်။

All Chapters