← Chapters

မြေခွေးနက် နတ်ဆိုးဧကရာဇ်၊ ရန်စန်း သေမျိုးကမ္ဘာသို့ ဆင်းသက်ခြင်း

Vol. 12 Ch. 168

မြေခွေးနက် နတ်ဆိုးဧကရာဇ်၊ ရန်စန်း သေမျိုးကမ္ဘာသို့ ဆင်းသက်ခြင်း

Vol. 12 Ch. 168

အခန်း (၁၆၈) မြေခွေးနက် နတ်ဆိုးဧကရာဇ်၊ ရန်စန်း သေမျိုးကမ္ဘာသို့ ဆင်းသက်ခြင်း

“ငါ နားလည်နိုင်ပါတယ်၊ မင်းတို့ပါရမီရှင်တွေက ဂျိရှင်းရှန်ကို ယှဉ်မှမယှဉ်နိုင်တာ” ဟန်ကျွယ်က လေသံအေးနဲ့ ပြောလိုက်ပေမဲ့ ထူလင်းအာကတော့ စိတ်ဓာတ်ကျသွားပါတယ်။

ကောင်းကင်အမတစံအိမ်ကို ပြန်ရောက်သွားတဲ့အခါ ထူလင်အား အကြားရဆုံးနာမည်က ဂျိရှင်းရှန်ပါ။ ဂျိရှင်းရှန်ရဲ့ မြင့်တက်လာမှုက စံအိမ်မှာရှိတဲ့ ပါရမီရှင်တွေကို ဖိအားကြီး ခံစားရစေပါတယ်။

ကောင်းကင်အမတစံအိမ်ကလည်း ရူးသွပ်သွားပုံပါပဲ။ အကောင်းဆုံး ကျင့်ကြံခြင်းရင်းမြစ်တွေကို ဂျိရှင်းရှန်ဆီ အကုန်လုံးပေးတာကြောင့် တစ်ခြားပါရမီရှင်တွေ ရရှိတဲ့ ကျင့်ကြံခြင်းရင်းမြစ်တွေဟာ တော်တော်လေး လျော့ကျသွားပါတယ်။

ထူလင်းအာဟာ ကောင်းကင်အမတစံအိမ်မှာ ကြီးပြင်းလာတယ်ဆိုပေမဲ့ သူ့ဆရာသခင်၊ သူ့မိတ်ဆွေတွေနဲ့ နက်နဲတဲ့ ဆက်ဆံရေး မရှိပါဘူး။ ဒါကြောင့် ထူလင်းအာ ထွက်သွားတာက ကောင်းကင်အမတစံအိမ်ကို နည်းနည်းလေးတောင် အနှောင့်အယှက် မဖြစ်စေပါတယ်။

လူတစ်ယောက်နည်းလေး ကျွေးရတဲ့ပါးစပ်လည်း နည်း‌လေပါပဲ။

ဟန်ကျွယ်ဟာ ထူလင်းအာရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကိုကြည့်ပြီး ပြုံးလိုက်ပါတယ် “ကြိုးစား အားထုတ်ချည်၊ ဂျိရှင်းရှန်က အခု အရမ်းအလုပ်များနေတယ်၊ ဒီဟာက မင်း သူ့ကို ဖိနှိပ်ဖို့ အခွင့်ကောင်းပဲ၊ မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားက ဂျိရှင်းရှန် အယောက်တစ်ရာ ပေါင်းရင်တောင် ယှဉ်နိုင်တဲ့ဟာ မဟုတ်ဘူး”

ထူလင်းအာရဲ့ မျက်လုံးတွေဟာ ချက်ချင်းကို တောက်ပသွားပါတယ်။

[မြေခွေးနက် နတ်ဆိုးဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

စာကြောင်းတစ်ကြောင်း ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ မြေခွေးနက် နတ်ဆိုးဧကရာဇ်ရဲ့ သတင်းအချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။

[မြေခွေးနက် နတ်ဆိုးဧကရာဇ်: ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ရှိပြီး နတ်ဆိုးများ၏ ဧကရာဇ်ဖြစ်သည်။ သူသည် နတ်ဆိုးများ၏ ကံတရား အထောက်အပံ့ကို ရရှိထားပြီး သေမျိုးကမ္ဘာရှိ နတ်ဆိုးတစ်ဝက်ကို စုစည်းသိမ်းသွင်းနိုင်ခဲ့သည်။ သင့်မြေးတပည့် ဖန်းလျန်သည် သင်က ကျင့်ကြံခြင်းလောကတွင် နံပါတ်တစ်ဟု ပြောဆိုခဲ့သော စကားကိုကြားပြီး မြေခွေးနက် နတ်ဆိုးဧကရာဇ်သည် သင့်အား မုန်းတီးသွားခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်စုအား အနိုင်မယူခင် သင့်အား အနိုင်ယူချင်နေသည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

‘ကောင်းကင်ဘုံဝ အဋ္ဌမအဆင့်က ငါ့ကို စိန်ခေါ်ရဲတာလား’

‘တစ်ချက်တည်း သေချင်နေတာပဲ’

ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ခေါင်းထဲမထည့်ပါဘူး။ ဖန်းလျန်အတွက်ကတော့ ဟန်ကျွယ် လုံးဝ မစိုးရိမ်ပါဘူး။ မိုးမြေသားတော် သေဖို့ဆိုတာ လုံးဝလုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ သေမယ်ဆိုရင်တောင် တစ်ခြားကမ္ဘာ ဒါမှမဟုတ် တစ်ခြားဘုံမှာပဲ သေမှာပါ။

ဟန်ကျွယ်ဟာ ထူလင်းအာနဲ့ စကားအနည်းငယ်ပြောပြီး ထွက်သွားဖို့ ပြောလိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ ထူလင်းအာဟာ နည်းနည်း နောင်တရသွားပါတယ်။

‘ငါက ကြည့်မကောင်းဘူးလား’

ထူလင်းအာဟာ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး ကြေးမုံကို ထုတ်ယူလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ ထူလင်းအာကို တစ်ချက်သာကြည့်လိုက်ပြီး စိတ်ဝင်စားခြင်း လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ထျန်တုန်းက နှလုံးသားမဲ့ဓားသိုင်းကို လေ့ကျင့်ဖူးတာကြောင့် အချစ်စိတ် သိပ်မရှိပါဘူး။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်က ရယ်မောပြီး မေးလိုက်ပါတယ် “မိန်းကလေးထူ... ရည်စားရနေပြီလား”

ငရဲကြက်နက်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ တောင်ပေါ်မှာလေ... သူတို့ရဲ့ ရည်စားကို ကိုက်စားချင်တဲ့ မိန်းမတွေ အများကြီးပဲ”

ပဋိပက္ခကောင်းကင်ခွေးက စပ်စုလိုက်ပါတယ် “ဘယ်သူလဲ”

ရွှေကျီးကန်းလေးနှစ်ကောင်လည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။

ထူလင်းအာရဲ့ မျက်နှာဟာ နီမြန်းသွားပါတယ်။ ထူလင်းအာဟာ ငရဲကြက်နက်ကို ဝါးစာမတက် စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “ဘာလဲ၊ ဒီနှစ်ထဲမှာ မတိုက်ခိုက်ရလို့ လက်ယာပြီး တိုက်ခိုက်ချင်နေတာလား”

ငရဲကြက်နက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အာတ... သူနဲ့ တိုက်စမ်း” အာတဟာ ရွှေကျီးကန်းနှစ်ကောင်ထဲက အကြီးဖြစ်ပြီး အငယ်ကိုတော့ ရှောင်အာလို့ခေါ်ပါတယ်။

ထူလင်းအာ မျက်လုံးပင့်တင့်လိုက်ပြီး ငရဲကြက်နက်ကို စိုက်ကြည့်ကာ ဆဲလိုက်ပါတယ် “သူရဲဘောကြောင်လိုက်တာ”

“ငါ ဆရာကြီးကြက်က ဖီးနစ်ပဲ”

“ဖီးနစ်က သူ့ကိုယ်သူ ဆရာကြီးကြက်လို့ ခေါ်လို့လား”

“မင်း...”

ဟန်ကျွယ်ဟာ တစ်ခြားကိစ္စတွေကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါတယ်။

နွေဆောင်း အခါခါ လည်ပတ်လို့ အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

တစ်ချို့က အခက်အခဲတွေကို တွေ့ကြုံခဲ့ရပြီး တစ်ချိုက ပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်။ တစ်ချိုက ဘုံပျံတက်ကြပြီး တစ်ချို့ကတော့ ငရဲပြည် ဆင်းသွားကြပါတယ်။

ဟန်ကျွယ်ရဲ့ တပည့်တွေနဲ့ မိတ်ဆွေအများစုကည်း သေမျိုးကမ္ဘာမှာ အတွေ့အကြုံမျိုးစုံကို ခံစားခဲ့ကြရပါတယ်။ ဟန်ကျွယ် အတွက်ကတော့ တရားထိုင်ဖျာပေါ်မှာထိုင်ပြီး မဟာတာအိုကို သုံးသပ်ပါတယ်

အချိန်ကို မေ့ထားလိုက်တော့ နှစ်သုံးဆယ်က မျက်တောင်တစ်ခတ်ပါပဲ။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေအမတ အလယ်အဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ ပြန်လည်မွေးဖွားခြင်း လီလီပန်းနဲ့ ကောင်းကင်ကိုးလွှာရေစင်တို့ကို ထပ်ပေါင်းလိုက်တာကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ အမတချီဟာ အရင်ကထက် ပိုတိုးတက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအလျင်က နှေးကွေးတယ်လို့ ခံစားနေရတုန်းပါပဲ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ထုံးစံအတိုင်း အချစ်တော်လေးတွေကို လက်ဆောင်ပေးပါတယ်။ တစ်ယောက် ခြောက်ရက်က များလည်း မများသလို နည်းလည်း မနည်းပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

ကျင့်ကြံခြင်းလောကဟာ ပိုပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာပါတယ်။ ဒီထဲမှာ သေမျိုးကမ္ဘာသာ မဟုတ်ပါဘူး။ ကောင်းကင်ရုံးတော်လည်း ပါပါတယ်။ ကောင်းကင်ရုံးတော် ဖရိုဖရဲ ဖြစ်တာကတော့ ဟန်ကျွယ်အတွက် သတင်းကောင်းပါ။

ကောင်းကင်ရုံးတော် မတည်ငြိမ်ရင် ကောင်းကင်တပ်က သေမျိုးကမ္ဘာကို ဆင်းသက်မှာ မဟုတ်ပါဘူး။

အမတတွေ တိုက်ခိုက်ခံရတဲ့ အကြိမ်အရေတွေကနေ မှန်းဆရမယ်ဆိုရင် ဒီဝရုန်းသုန်းကား ဖြစ်တာက နှစ်အတော်ကြာမှာပါ။

အခုဆိုရင် ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ နတ်ဆိုးသူတော်စင်ကို ပိုပြီးတော့တောင် စိတ်ဝင်စားသွားပါတယ်။ ကောင်းကင်ရုံးတော်ကိုတောင် နှစ်လေးငါးရာ အလုပ်ရှုပ်စေတဲ့လူက စွန်းဝူခုန်းထက် ပိုပြီးတော့ ကြမ်းပါတယ်။

ဟန်ကျွယ်ဟာ နှစ်ဝက်ကြာအောင် ကျိန်စာတိုက်ပါတယ်။ ပြဒါးငှက်၊ ရန်စန်း၊ တာအိုသခင်တန်ချင်းအပြင် သူ့ကို မုန်းတဲ့ အမတအကုန်လုံးကို ဟန်ကျွယ်က ကျိန်စာတိုက်ပစ်တာပါ။ ရန်သူအားလုံးကို ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။

‘ငါ့ကို မုန်းရဲရင် ကျိန်စာတော့ တိုက်ခံရမှာပဲ’

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

ဒီလိုနဲ့ နှစ်နှစ်ကျော်သွားတဲ့အခါ ဟန်ကျွယ်ဆီ စုချီ ရောက်လာပါတယ်။ စုချီဟာ ပြန်ရောက်လာကတည်းက ဂူအောင်းကျင့်ကြံနေတာကြောင့် အခုဆိုရင် စုချီရဲ့ ကျင့်ကြံမှုက ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကိုတောင် ရောက်ရှိသွားပါြပီ။ နတ်စွမ်းအား နိုးထလာကတည်းက စုချီရဲ့ အရည်အချင်းကလည်း ပြောင်းလဲလာပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဝင်လာပြီးနောက် စုချီဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ထွက်သွားဖို့ မပြောပါဘူး။ သူတို့နှစ်ယောက် ဆက်ဆံမှုမရှိရင် ဝူတောက်ကျန့် ကံဆိုးမှာ မဟုတ်ပါဘူး။

“ဆရာသခင်... ကျွန်တော် ဂူအောင်းကျင့်ကြံနေတာ အတော်ကြာပြီ၊ ကျွန်တော်ရဲ့အစွမ်းက တောင်အောက်ဆင်းပြီး လေ့ကျင့်ဖို့ လုံလောက်ပြီလို့ ခံစားရတယ်၊ ဒါကြောင့် ဆရာသခင်ဆီမှာ ကျွန်တော်အတွက် တာဝန်များ မရှိဘူးလား” စုချီက မျှော်လင့်ချက်နဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စုချီရဲ့ တောင်းဆိုချက်ကို မငြင်းပယ်ပါဘူး။ စုချီ ဂူအောင်းကျင့်ကြံနေတာ အတော်ကြာပြီမို့ အပြင်ဘက်ကို ထွက်လည်သင့်နေပါပြီ။ စုချီကို တစ်သက်လုံး ဂူအောင်းကျင့်ကြံခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို သူ့ကို အမုန်းကြီးမုန်းနေတဲ့ မြေခွေးနက် နတ်ဆိုးဧကရာဇ်ကို သတိရသွားပါတယ် “မြေခွေးနက် နတ်ဆိုးဧကရာဇ်ကို သွားရှာချည်၊ သူ့ဘေးနားမှာနေပြီး လူယုံဖြစ်လာအောင် ကြိုးစား၊ အလျင်စလို မလုပ်နဲ့” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။

စုချီရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွားပြီး ဟန်ကျွယ်ပေးအပ်တဲ့ တာဝန်ကို ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။ စုချီဟာ မြေခွေးနက် နတ်ဆိုးဧကရာဇ်က ဘယ်သူလဲဆိုတာ မမေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေခွေးနက် နတ်ဆိုးဧကရာဇ်ကို သူရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး စုချီကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တပည့်တိုင်းနဲ့ မြေးတပည့်တိုင်းဟာ ဖိတ်ခေါ်ပညာရပ်ကို တတ်မြောက်တာကြောင့် စုချီတစ်ခုခုဖြစ်မှာကို ဟန်ကျွယ် မစိုးရိမ်ပါဘူး။

ရိုးရိုးသားသား ပြောရရင် စုချီက မိုးမြေသားတော် ဖန်းလျန်ထက်တောင် သတ်ဖို့ခက်တဲ့ တည်ရှိမှုပါ။

စုချီထွက်သွားတဲ့အခါမှာတော့ ဝူတောက်ကျန့်က မေးလိုက်ပါတယ် “မြေခွေးနက် နတ်ဆိုးဧကရာဇ်က ဘယ်သူလဲ”

“ဘာလဲ... မင်းလဲ သွားချင်လို့လား”

“သခင်က သွားစေချင်ရင် သွားမှာ‌ပေါ့”

“ဒီကိစ္စကို မေ့ထားလိုက်၊ မင်းက တော်တော်လေး အားနည်းနေသေးတယ်၊ မြေခွေးနတ် နတ်ဆိုးဧကရာဇ်က မင်းကို ဖမ်းမိသွားရင် သူ့ကိုယ်လုပ်တောင် လုပ်ခိုင်းလိမ့်မယ်”

“ဟမ်... အဲဒါဆိုရင် ကျွန်မ သခင်ဘေးနားမှာနေပြီး ကျင့်ကြံအားထုတ်မယ်၊ မကြာခင်မှာ ကျွန်မက မြေခွေးနက် နတ်ဆိုးဧကရာဇ်ထက် စွမ်းအားပိုကြီးလာမှာပဲ၊ အဲဒီအချိန်ကျရင် ကျွန်မ သူ့ကို အရေခွံခွာပြီး သခင်အတွက် အဝတ်ချုပ်ပေးမယ်”

“မင်းမှာ သတ်ဖြတ်ငွေ့ ဒီလောက်များနေရင် ဘာတစ်ခုမှာ အောင်မြင်မှာ မဟုတ်ဘူး”

“ဟင်...”

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ဝူတောက်ကျန့်ဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ မကျေနပ်ပုံ ပေါ်နေပေမဲ့ မျက်လုံးထဲမှာတော့ ပြုံးယောင်သမ်းနေပါတယ်။

နန်းတော်တစ်ခုအတွင်း။

ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားတဲ့ ရန်စန်းဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတုန်း ရုတ်ခြည်းဆိုသလို မျက်နှာပျက်သွားပါတယ်။ ရန်စန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အံကြိတ်လိုက်ပါတယ် “မရဘူး၊ ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး”

ရန်စန်းဟာ မတ်တတ်ရပ်လိုက်ပြီး ခန်းမအပြင်ဘက်ကို ကောင်းကင်ကို ကြည့်လိုက်ပါတယ်။

“စစ်သူကြီး... စစ်သူကြီးကိ ဘာကို သည်းမခံနိုင်တော့တာလဲ”

အစိမ်းရောင်မီးခိုးငွေ့ဟာ ရန်စန်းဘေးနားက မီးအိမ်ထဲက ထွက်ပေါ်လာပြီး ချောမောလှပတဲ့ မိန်းမပျိုအသွင် ခဲသွားပါတယ်။ မိန်းမပျိုဟာ လေထဲမှာ ဝဲပျံနေပြီး ရန်စန်းကို ညင်သာစွာ စိုက်ကြည့်လိုက်ပါတယ်။

ရန်စန်းဟာ လက်သီးဆုပ်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးသူတော်စင်ရဲ့ တိုက်ပွဲက မပြီးသေးဘူး၊ တော်တော်နဲ့လည်း ဆုံးမှာ မဟုတ်ဘူး၊ အခုငါက ညီမလေး ဘယ်လိုသေခဲ့ရတယ်ဆိုတာကို နေ့တိုင်းသတိရနေတယ်၊ နောက်ပြီး ငါ့ကို ဒုက္ခပေးနေတဲ့ ကျိန်စာလည်း ရှိသေးတယ်၊ ဒီကျိန်စာက သေမျိုးကမ္ဘာမှာရှိတဲ့ အဲဒီကောင်စုတ်လေးနဲ့ ဆက်နွှယ်နေမှာပဲ၊ ငါ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး သူ့ကို သွားသတ်တော့မယ်”

မိန်းမပျိုဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကောင်းကင်နိယာမအရ စစ်သူကြီးရဲ့ ကျင့်ကြံမှုက မြေလျှောက်အမတအဆင့်အထိ ဖိနှိပ်ခံရလိမ့်မယ်၊ ဒါက အရမ်းအန္တရာယ်များတယ်”

ရန်စန်းရဲ့ မျက်လုံးတွေဟာ မီးရောင်လို လင်းလက်သွားပါတယ် “ငါ အမတနတ်ဘုရားတစ်ဦးဆီက ကောင်းတာအိုကျောက်တုံး ငှားလိုက်မယ်”

“မဖြစ်ဘူး၊ ဒီကိစ္စက ဥပဒေနဲ့ မညီဘူး”

“ငါ အမြန်လုပ်ရှားဖို့ပဲ လိုတာပါ၊ ငါ အဲဒီကောင်စုတ်လေးကို သတ်ပြီးတာနဲ့ ပြန်လာခဲ့ရုံပဲ”

“ဒါပေမဲ့...”

“မစိုးရိမ်ပါနဲ့၊ ငါက မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့် ကျင့်ကြံသူပါ၊ မြေလျှောက်အမတ ငါ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ နှစ်တွေ ဘယ်လောက်ကြာသေးလို့ ဒီကောင်စုတ်လေးက မြေအမတအဆင့်ကို ထိုးဖောက်နိုင်မှာလဲ၊ သူ ထိုးဖောက်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား”

“ဒီကိစ္စက မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဥပဒေကို ချိုးဖောက်တာက မကောင်းဘူး၊ ကောင်းကင်ဧကရာဇ်က ဒီလိုကိစ္စမျိုးကို အရမ်းဂရုစိုက်တယ်”

“ငါ ဆုံးဖြတ်ပြီးပြီ”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters