← Chapters

လိုင်ဂျီ

Vol. 010 Ch. 484

လိုင်ဂျီ

Vol. 010 Ch. 484

သူက ရတနာဆိုသည့် စကားကို ကြားလိုက်ပြီးနောက်လည်း ဝမ်လင်းအသွင်က တည်ငြိမ်လို့နေ၏။ သူက ခုလက်ရှိ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို သတ်ပစ်ခဲ့သည့် အပြင် ကလန် အဖွဲ့ဝင်များကိုလည်း ချိပ်ပိတ်ထားခဲ့ဖူး၏။ ကလန် တည်ထောင်သူ ဘိုးဘေးကသာ လွတ်လပ် သွားမည်ဆိုပါက သည်အချင်းအရာကို ရှာတွေ့ သွားပေလိမ့်မည်။ ထိုအခါ သူအရင်ဆုံး လိုက်ရှာမည်သူက ဝမ်လင်း ဖြစ်လာပေလိမ့်မည်။ ဝမ်လင်းက မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာ မလိုသည့် အဆင့်သို့ မရောက်သေးချေ။

သည်အပြင် ဘီလူးနတ်ဆိုးကလန် တည်ထောင်သူ ဘိုးဘေးက ခုထိ မည်သည့်ရတနာ ဖြစ်သည်ကို မပြောခဲ့သေးချေ။

ဝမ်လင်းက သူ့ရင်ဘက်ပေါ်ရှိ အပင်များကို ကြည့်နေ၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲကနေ အတားအဆီး အလံကို ထုတ်ယူလိုက်၏။

သူက စိတ်ဝိညာဉ်အလံရရှိပြီးနောက် သည်အတားအဆီး အလံကို အသုံးမပြုသည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ ခုချိန်တွင် သည်အလံကို အသုံးပြုရန်အတွက် အချိန်ကောင်းပင် ဖြစ်၏။

ဝမ်လင်းက အတားအဆီးကို လှုပ်ရမ်းလိုက်ရာ အတားအဆီး အခိုးအငွေ့များက ထွက်ပေါ်လာ၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။ “ချိပ်ပိတ်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် အတားအဆီး အခိုးငွေ့များအားလုံးက အနက်ရောင် တောက်ပသော အတားအဆီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းအတားအဆီးများက တစ္ဆေများကဲ့သို့ ရွှေ့လျားလာခဲ့ပြီး ဧရာမ ခန္ဓာကိုယ်ကြီးပေါ်သို့ ကျရောက်သွား၏။ အတားအဆီး တစ်ခုစီက ရင်ဘတ်ပေါ်ရှိ အပင်များကို ချိပ်ပိတ်ထားသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်၏။

တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ ထိုးတက်သွားပြီး အပင်တစ်ပင်၏ အကိုင်းတစ်ခုကို ဖဲ့လိုက်၏။

ခုချိန်တွင် ဝမ်လင်း၌ ချိုးဖဲ့ထားသော အကိုင်းအခတ် နှစ်ခု ရှိနေပြီ ဖြစ်၏။

သူက လက်ထဲရှိ အပင်ကိုင်းကို ဧရာမ ခန္ဓာကိုယ်ကြီး၏ လည်ပင်းပေါ်သို့ နေရာ ချလိုက်၏။ သူက သူ့လက်နှင့် ဧရာမ ခန္ဓာကိုယ်ကြီး၏ လည်ပင်းကို ထိလိုက်သည့် အခါတွင် အားကောင်းသော အသက် စွမ်းအင်က သည်ခန္ဓာကိုယ်ကြီးကနေ ပျံ့နှံ့လာသည်ကို ခံစားမိလိုက်၏။

သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လည်းပင်ပေါ်ရှိ အပင်ကိုင်းကို အောက်သို့ ဖိချလိုက်ရာ သွေးများ စိမ့်ထွက်လာ၏။

“ငါ့ကို ကယ်ပါ…။ မင်းက ငါ့ကို ကယ်ဆို့ ဆန္ဒရှိမယ်ဆိုရင် ငါက မင်းရဲ့ ကျေးကျွန်အဖြစ်နဲ့ စီးတော်ယဉ် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ငါက မင်းကို ဘီလူးနတ်ဆိုးကလန်ရဲ့ ရတနာတစ်ခု ဖြစ်တဲ့ ကောင်းကင်ဘုံ ဖွင့်လှစ်ခြင်း သတ္တုကို ပေးပါ့မယ်…”

“စီးတော်ယဉ်…” ဝမ်လင်းက တုန်ယင်သွားပြီး သူ့လက်ထဲရှိ အပင်ကိုင်းပင် ခဏတာ တုံ့ဆိုင်းသွား၏။

“မှန်ပါတယ်...။ ငါက မင်းရဲ့ စီးတော်ယာဉ် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးမှာ စွမ်းအားကောင်းတဲ့ ကျင့်ကြံသူတွေက ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်တွေကို စီးတော်ယဉ် အဖြစ် အသုံးပြုတက်ကြတယ်။ မင်းက ငါ့ကို ကယ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါက မင်းရဲ့ စီးတော်ယဉ် ဖြစ်လာချင်ပါတယ်…” သည်အသံထဲ၌ စိတ်အားထက်သန်မှုများ ပြည့်လို့နေ၏။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။ သည့်နောက် သူက ဧရာမ ခန္ဓာကိုယ်ကြီး၏ လည်ပင်းပေါ်သို့ အပင်ကိုင်းကို ထပ်မံဖိချ လိုက်ပြန်သည်။ သည်ခန္ဓာကိုယ်ကြီး၏ အရေပြားပေါ်တွင် အနက်ရောင် အဝိုင်းတစ်ခု ပေါ်ပေါက်လာပြီး သည်အပင်ကိုင်းက သွေးကြောထဲသို့ ထိုးစိုက်၍ ပျောက်ကွယ် သွားတော့သည်။

တစ်ချိန်တည်းမှာပင် သွေးများက ပန်းထွက်လာ၏။ ဝမ်လင်းက လျင်မြန်စွာဖြင့် ကျောက်စိမ်းပုလင်းနှင့် သည်သွေးများကို ပိတ်ဆို့ကာ သွေးတစ်စက်မှ မလွတ်ထွက်သွားအောင် စုဆောင်းလိုက်၏။

သည်စုဆောင်းမှုနှုန်းက ပြီးခဲ့သော အချိန်နှင့် နှိုင်း၍ မရအောင် မြန်ဆန်လွန်းလှသည်။

သွေးများစွာက ခန္ဓာကိုယ်တွန့်လိမ် သွားသည့်အထိ ကျောက်စိမ်းပုလင်ဖြင့် စုဆောင်းခြင်း ခံလိုက်ရသည်။ အားကောင်းသော အသက်စွမ်းအင်ကလည်း သွေးများနှင့် အတူ ကျောက်စိမ်း ပုလင်းထဲသို့ လိုက်ပါဝင်လာခဲ့သည်။

“ငါက မင်းရဲ့ စီးတော်ယဉ် ဖြစ်လာဖို့ ဆန္ဒရှိတာတောင်မှ မင်းက ငါ့ကို ကယ်ဖို့ ဘာလို့ ဆန္ဒမရှိ ရတာလဲ…”

ဝမ်လင်းအသံက တည်ငြိမ်နေပြီး သူက သွေးများကို စုဆောင်းကာ မေးလိုက်သည်။ “မင်း…ဘယ်သူလဲ…”

ငါက ဘီလူးနတ်ဆိုး ကလန်ခွဲ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လိုင်ဂျီပါ…။ ထိုအသံထဲ၌ အားကောင်းသော ဂုဏ်ယူမှုတို့နှင့် ပြည့်လို့နေ၏။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “လိုင်ဂျီ… မင်းက ဘာလို့ ဒီနေရာမှာ ချိပ်ပိတ် ခံရတာလဲ…”

အလောင်းကောင် ကလန်ကြောင့်ပေါ့။ စွန့်ပစ်ခံ မသေမျိုးကလန်နဲ့ တိုက်ပွဲမှာတုန်းက ငါက သစ်ရွက်ဆယ့်တစ်ရွက် နတ်ဆရာ နှစ်ယောက်ရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရပြီးမှ လွတ်မြောက်နိုင်ခဲ့တယ်။ အလောင်းကောင် ကလန်က ဒီအခွင့်အရေးကို မြင်ပြီး သူတို့က အခြားဂြိုဟ်ကနေ အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ခေါ်ပြီး ငါ့ကို ဖမ်းဆီးခဲ့တယ်။ အဲ့နောက် ငါ ဒဏ်ရာ အပြင်းအထန်ရတဲ့ အချိန်အတွင်းမှာပဲ ဒီနေရာမှာ ချိပ်ပိတ် ထားခဲ့ကြတာ…”

ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ သူ့ကျောက်စိမ်း ပုလင်းထဲ၌ သွေးပမာဏများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

“သင်က ငါ့ကို ကယ်ပါ။ ငါက သင့်ရဲ့ စီးတော်ယဉ် ဖြစ်လာပါ့မယ်။ ဘီလူးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင်တွေက လူတစ်ယောက်ရဲ့ စီးတော်ယဉ် အလွယ်တကူ ဖြစ်လာကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့က သဘောတူ ပြီးသွားရင်တော့ ငါတို့ သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တော့ဘူး…”

ဝမ်လင်းက မေးလိုက်သည်။ “စီးတော်ယဉ်…။ ဘီလူးနတ်ဆိုး ကလန်အဖွဲ့ဝင် တစ်ယောက်ကို စီးတော်ယဉ် ဖြစ်စေမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူး ရှိနိုင်မှာလဲ…”

ထိုအခိုက်တွင် ဒဏ်ရာမှ ထွက်ပေါ်လာနေသော သွေးစီးကြောင်းက သေးငယ်သွားပြီး ဒဏ်ရာကလည်း ကုသပြီးသွားပြီဟု ထင်မှတ်ရသည်။ ဝမ်လင်းက ဧရာမ ခန္ဓာကိုယ်ကြီး၏ လည်ပင်းကို ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နေသည့် လက်ညွှန်လိုက်ရာ ၎င်းလည်ပင်း ပေါ်သို့ ထိမှန်သွား၏။ သွေးများက နောက်ထပ်တစ်ကြိမ် ပန်းထွက်လာပြီး ကျောက်စိမ်း ပုလင်းက စုဆောင်း လိုက်ပြန်သည်။

“ကြယ်သံလိုက် အိမ်မြှောင်ကို မင်း သိလို့လား…။ ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်ရဲ့ ခန္ဓာကိုယ်က ကြယ်သံလိုက် အိမ်မြှောင်နဲ့ နှိုင်းယှဉ်လို့ရတယ်။ အဲ့ထက်တောင် ပိုသန်မာသေးတယ်။ ငါတို့ ခန္ဓာကိုယ်တွေက ကြယ်တွေကြားမှာ ခရီးသွားဖို့အတွက် အကောင်းဆုံး ပစ္စည်းတွေပဲ။ အဲ့အပြင် ဘီလူးနတ်ဆိုး ကလန်အဖွဲ့ဝင်ရဲ့ ခန္ဓာကိုယ်တွေက ကျင့်ကြံသူတွေ သွားလို့မရတဲ့ အချို့နေရာတွေနဲ့ ပတ်သက် ပြီးတော့လည်း သက်ရောက်မှု မရှိဘူး။ ဒါ့ကြောင့်ပဲ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ အားကောင်းတဲ့ ကျင့်ကြံသူတွေက ငါတို့ကလန် အဖွဲ့ဝင်တွေကို သူတိုရဲ့ စီးတော်ယဉ် ဖြစ်လာဖို့ တန်ဖိုးအများကြီး ပေးအပ်ကြတယ်…”

“ထူးဆန်းလိုက်တာ…” ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ ဘီလူးနတ်ဆိုး ကလန်ဘိုးဘေး အသံက စိတ်ပူပန်နေမှုများ ရှိနေသော်လည်း သူ့အဖြေကတော့ အသေးစိတ် အချက်များ ပါဝင်နေ၏။

သည်အချက်က အလွန်ထူးဆန်း၏။ အလွန်စိုးရိမ် ပူပန်နေသည့် လူတစ်ယောက်က အရာအားလုံးကို ခုလိုမျိုး လုပ်ဆောင် နိုင်လိမ့်မည် မဟုတ်ချေ။

သည်လူက ပထမအကြိမ်၌ သူ့ကိုယ်သူ စီးတော်ယဉ်အဖြစ် ကမ်းလှမ်းခဲ့ပြီး ဘီလူးနတ်ဆိုး ကလန်၏ ရတနာကိုပါ ပေးခဲ့လေသည်။ ထို့နောက် သူက ဝမ်လင်းအမေးကို တိတိပပ ပြန်ဖြေ ခဲ့သေး၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သည်ခန္ဓာကိုယ်ကြီး၏ လည်ပင်းကို လက်ဖြင့် ဖိချ လိုက်ပြန်သည်။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုထားသဖင့် သွေးများက ပို၍ မြန်ဆန်စွာ စီးကျလာသည်။

“ငါ့ကလန်ရတနာ ကောင်းကင်ဘုံ ဖွင့်လှစ်ခြင်း သတ္တု…။ မင်းက ငါ့ကို ကယ်မယ်ဆိုရင် ငါက ဒါကို မင်းကို ပေးမယ်။ ဒါက ကောင်းကင်ဘုံ ရတနာထက်တောင် ပိုပြီး စွမ်းအား ကောင်းသေးတယ်…” သူ့အသံက ဆွဲဆောင်မှုတို့နှင့် ပြည့်နေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံ ဖွင့်လှစ်ခြင်း သတ္တုက ဘယ်လိုဟာမျိုးလဲ…”

“ဒါက ငါ့ဘီလူး နတ်ဆိုးကလန်ရဲ့ ပထမဆုံးဘိုးဘေး ချန်ထားခဲ့တဲ့ အရာပဲ။ ဒါက စုစုပေါင်း အပိုင်း (၉၉)ခု ရှိတယ်။ ဒီအစိတ်အပိုင်း အားလုံးကို စုဆောင်းနိုင်မယ် ဆိုရင် ရှေးဟောင်း နတ်ဘုရား တိုက်ပွဲဒိုင်းကို ဖန်တီးနိုင်လိမ့်မယ်။ ဒီဒိုင်းကာကို ဝတ်ဆင်ထားရင် မင်းက ဒဏ္ဌာရီထဲက ရှေးဟောင်း နတ်ဘုရားတွေရဲ့ စွမ်းအားကို ရရှိနိုင်လိမ့်မယ်။ မင်း ငါ့ကို ကယ်ရင် ငါကမင်းကို ဒီအပိုင်းအစ တစ်ခု ရှိတဲ့ တည်နေရာကို ပြောပြမယ်…” သွေးများက ပို၍ စီးကျလာနေသဖြင့် အသံက တဖြည်းဖြည်း အားပျော့လာခဲ့၏။ သို့သော် သည်အသံထဲ၌ တိတိကျကျ အချက်အလက် များတော့ ပါဝင်နေဆဲပင်။

ဝမ်လင်းအပြုံးက ပို၍ အေးစက်လာ၏။ သူက ခုချိန်တွင် ဒီဘီလူး နတ်ဆိုးဘိုးဘေးက သူ့ကို အချိန်ဆွဲ နေသည်ဟု ယုံကြည်နေ၏။ သည်ဘီလူးဧရာမ ခန္ဓာကိုယ်ကြီးက တစ်ခုခုလုပ်ရန် ကြိုးစားနေသည်မှာ ဖြစ်နိုင်ပေ၏။ ဝမ်လင်းက ပိုပြီး သွေးများ ထုတ်ယူလေလေ သည်ခန္ဓာကိုယ်ကြီး အတွက်ပိုပြီး အကျိုးရှိနေစေတာ ဖြစ်နိုင်၏။

သည်လို တွေးမိပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကျောက်စိမ်းပုလင်းကို ပြန်ဆွဲယူပြီး သည်ခန္ဓာကိုယ်ကြီးပေါ်က‌နေ ခုန်ဆင်းလိုက်၏။

တစ်ချိန်တည်းမှာပင် သူက လက်ဝှေ့ယမ်း လိုက်ရာ အပင်များကို ချိပ်ပိတ်ထားသော အတားအဆီးများက အတားအဆီး အလံထဲသို့ ပြန်ဝင်သွားကြ၏။

အတားအဆီးများက မရှိတော့သည်နှင့် အပင်များက စတင်၍ လှုပ်ရှား လာကြပြန်၏။ ၎င်းအပင်များထဲက အနည်းငယ်က ဧရာမခန္ဓာကိုယ်ကြီး၏ လည်ပင်းပေါ်ရှိ ဒဏ်ရာနားသို့ ရောက်ရှိလာကာ အထဲသို့ ထိုးစိုက်၍ စတင် လှည့်ပတ်လေ၏။

“မင်း…ငါ့ကို ကယ်ပါ…။ မင်း ငါ့ကို ကယ်ရင် ငါက ဟင်္သာပြဒါး ဂြိုဟ်ပေါ်က ဘီလူးနတ်ဆိုး ကလန်အဖွဲ့ဝင်တွေက မင်းကို သူတို့ရဲ့ အရှင်အဖြစ် သတ်မှတ်ဖို့ ငါလုပ်ပေးနိုင်တယ်…”

လေထဲ၌ မြောလွင့်နေရင်း ဝမ်လင်းမျက်လုံးက အေးစက်လာပြီး သူက ခပ်တိုးတိုး ရေရွတ် လိုက်သည်။ “ငါက မင်းကို မကယ်တင်နိုင်ဘူး။ မင်းကို ကယ်တင်တာက ငါ့အတွက် အကျိုးမရှိဘူး။ ငါက မင်း ပြောတဲ့ ရတနာတွေထဲက တစ်ခုကိုမှ စိတ်ဝင်မှု မရှိတဲ့အပြင် ငါက မင်းကို ဒီနေရာမှာပဲ ထားခဲ့တာက ငါလိုချိန်တဲ့အချိန်တိုင်း မင်းသွေးတွေကို လာစုဆောင်း နိုင်လိမ့်မယ်။ ဒါက အကောင်းဆုံးပဲ…”

ထိုအခါ အသံကလျင်မြန်စွာ ပျံ့နှံ့လာ၏။ “မင်းက ငါ့သွေးတွေကို ကြီးကြီးမားမား အသုံးပြုဖို့ ရှိလိမ့်မယ်။ ငါ့မှာ ရိုးတွင်းခြင်ဆီလည်း ရှိသေးတယ်။ ဒီဟာက ငါ့သွေးထက်ပိုပြီး စွမ်းအား ကောင်းတယ်။ မင်းလိုချင်တယ်ဆိုရင် ငါ မင်းကို ပေးနိုင်တယ်။ မင်းက ငါ့ကို ကယ်ဖို့ မလိုဘူး။ ဘီလူးနတ်ဆိုးကလန် ဒါမှမဟုတ် ဟင်္သာပြဒါးနိုင်ငံကို ငါ ဒီမှာ ရှိနေတဲ့အကြောင်း ပြောပေးရုံပဲ…”

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက အေးစက်စွာ ရယ်မောလိုက်ပြီး သည်လူနှင့်ဆက်ပြီး အချိန်မဖြုန်းတော့ချေ။ သူက အစိမ်းရောင် အခိုးငွေ့အဖြစ်သို့ ပြောင်းသွားပြီး သည်နေရာကနေ ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းထွက်ခွာသွားပြီးနောက် ဧရာမခန္ဓာကိုယ်ကြီးက တုန်ခါသွားပြီး အော်ဟစ်လိုက်၏။

“နောက်ထပ် အမွှေးတိုင်ထွန်းစာ တစ်ဝက်လောက်ပဲ လိုတော့တယ်။ ဒီလူက ငါ့ သွေးတွေကို နောက်ထပ် သုံးပုံတစ်ပုံ လောက်ထပ်ပြီး ထုတ်ယူမယ်ဆိုရင် ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဓိက အမြစ်ကို သေချာပေါက် စွဲဆောင်နိုင်မှာပဲ။ ဒါဆိုရင် ငါက ငါ့စိတ်ဝိညာဉ်ကို ဒီခန္ဓာကိုယ်ကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခုခု ရှိလောက်တယ်…”

ထိုလူ၏ အော်သံထဲ၌ မချင့်မရဲ ဖြစ်သံများနှင့် ပြည့်နေ၏။ သူက ရုတ်တရက် မျက်လုံး ပြန်ပိတ် လိုက်တော့သည်။

သူက အော်ဟစ်လိုက်စဉ်တွင် သူ့အသွင်က နာကျင်သွားဟန်ရပြီး သူ့နောက်ကျောရိုးမကို ဖုံးလွှမ်းထားသော အရေပြားက စတင်လှုပ်ရှားလာ၏။ သိပ်မကြာခင်တွင် ခရမ်းပြာရောင် ဆူးများက သူ့ကျောရိုးကနေ ထိုးထွက်လာ၏။

ခရမ်းပြာရောင်ဆူးတန်းများက သူ့ကျောဘက်တွင် ပေါ်လာခဲ့သည်။ ဧရာမ ခန္ဓာကိုယ်ကြီး၏ ကျောရိုးထိပ်တွင် သည်ခန္ဓာကိုယ်ကြီး၏ တစ်ဝက်ခန့်ရှိသော ခရမ်းရောင် အပင်တစ်ခုက ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ၎င်းက မရေမတွက်နိုင်သော အကိုင်းအခတ်များအဖြစ် ချဲ့ထွင်လာပြီး သည်ခန္ဓာကိုယ်ကြီးကို ဖုံးလွှမ်းသွားလေသည်။

ဧရာမခန္ဓာကိုယ်ကြီး၏ သုံးပုံတစ်ပုံခန့်ရှိသော ခရမ်းရောင်ပန်း တစ်ပွင့် ပွင့်လို့လာသည်။ ၎င်းက သည်ခန္ဓာကိုယ်ကြီးထဲက အသက်စွမ်းအင်ကို စုပ်ယူ၍ ကြီးထွားလာ၏။

ဧရာမခန္ဓာကိုယ်ကြီးက ခါးသီးစွာ အော်ပြောလိုက်သည်။ အလောင်းကောင်ကလန်…။ ငါ… လိုင်ဂျီက တစ်နေ့ လွတ်မြောက်လာခဲ့ရင် ငါ့ကို ခုလို လုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး…။

ဝမ်လင်းခန္ဓာကိုယ်က အလောင်းကောင်ကလန်၌ ပေါ်လာခဲ့သည်။ သူက လေထဲသို့ လက်ညွှန်လိုက်ပြီး စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ဖြစ်ပေါ် စေလိုက်သည်။ သည်စိတ်ဝိညာဉ် အပိုင်းအစက အခြေအနေကို စစ်ဆေးရန် သူလိုဏ်ဂူနောက်၌ ချန်ထားခဲ့သည့် စိတ်ဝိညာဉ်ဖြစ်သည်။

သည်လှိုဏ်ရှိ ထူးဆန်းသော အားတစ်ခုက နတ်ဘုရားအာရုံကို တားဆီးထား၏။ သို့သော် စိတ်ဝိညာဉ် အပိုင်းအစများ ပေါ်တွင်တော့ သည်အားက သက်ရောက်ခြင်း မရှိချေ။

ဝမ်လင်းက စိတ်ဝိညာဉ်အပိုင်းအစကို လက်ညွှန်လိုက်သည့် အချိန်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြုံးလိုက်၏။ သည့်နောက် သူက လှုပ်ရှားလိုက်ရာ အလောင်းကောင် ကလန်အတွင်းကနေ ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းက အလောင်းကောင်ကလန်၏ အပြင်ဘက်အထက် နေရာတွင် ပေါ်လာခဲ့သည်။ သူက ရုတ်တရက် မြောက်အရပ်သို့ ကြည့်လိုက်ရာ ကြီးမားသည့် အပြာရောင် အခိုးငွေလှိုင်းတစ်ခုက ဆူနာမီကဲ့သို့ သူ့ထံသို့ တိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။

သည်အပြာရောင် အခိုးငွေ့ဆူနာမီလှိုင်းထဲကနေ အနီရောင်ဝတ်စုံနှင့် ကောင်လေး တစ်ယောက်က လှမ်းလျှောက်ကာ ထွက်လာသည်။

သည်ကောင်လေးက အလွန်ချောမောလှ၏။ သူ့မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူနေပြီး အလွန်လည်း ချစ်စရာ ကောင်းလှသည်။ သို့ရာတွင် သူ့မျက်လုံးထဲတွင်တော့ ကြမ်းကြုတ်မှုတို့ ပုန်းအောင်းနေခဲ့၏။

သူက တစ်လှမ်းချင်း လှမ်းလာသည်။ ကောင်းကင်ဘုံနှင့် မြေကြီးပင် သူ့ခြေလှမ်းများ အောက်၌ တုန်ခါသွားသလား မှတ်ရသည်။

“ဟားဟား…ဝမ်လင်း…ဒီအဘိုးအိုက ခန္ဓာကိုယ် အသစ်ရသွားတာကို မင်း တွေးနေတာလား…”

***

All Chapters