← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း ၂၁၇ - ကနဦးလက္ခဏာများ

ချင်ရှန့်က တည်းခိုခန်း၏ ဧည့်ကြိုခန်းထဲမှာ ချင်ဝူပင်းနှင့် ဆုံမိသွား၏။

သူတို့ နှစ်ယောက်စလုံးက တူညီသော မျိုးရိုးနာမည်ကို ယူထားသော်လည်း မိသားစုတစ်ခုတည်းက မဟုတ်ကြပေ။

ချင်ရှန့်က ခရိုင်မင်းသမီးဖြစ်ပြီး သူမ၏ အဖေက ပြည်နယ်မင်းသားတစ်ပါး ဖြစ်သည်။ ချင်ဝူပင်း၏ ဖခင်က ပြည်နယ်မင်းသားဘွဲ့ကို ယူထားသေးပြီး ချင်ဝူပင်းက ယခုအချိန်ထိ ထိုဘွဲ့ကို ဆက်ခံနိုင်ခြင်း မရှိသေးပေ။ သို့သော် လူအတော်များများက ချင်ဝူပင်းကို မင်းသားလေး သို့မဟုတ် အရှင်တော်ဝင်မင်းသားဟု မြှောက်ပင့်ခေါ်ဆိုနေကြပြီဖြစ်၏။

ချင်ဝူပင်းနှင့် ချင်ရှန့် နှစ်ဦးစလုံးက ပြည်နယ်မင်းသားများ၏ သားသမီးများဖြစ်ပြီး သူတို့မှာ တူညီသော အဆင့်အတန်း ရှိကြသည်။ ချင်ရှန့်ရှေ့မှာ ချင်ဝူပင်းက ဗိုလ်မှူးအဖြစ် သူ၏ စီးပိုးခြယ်လှယ်တတ်သော စိတ်နေစရိုက်ကို ဖယ်ရှားကာ ဆွေကြီးမျိုးကြီးမိသားစုမှ သခင်လေးတစ်ဦးလို ချင်ရှန့်ကို လေးစားသမှုဖြင့် ဆက်ဆံလေသည်။

တကယ်တော့ အထက်တန်းလွှာအသိုင်းအဝိုင်းက သိပ်ပြီးမကြီးမားပေ။ တော်ဝင်မိသားစုများနှင့် ဆွေကြီးမျိုးကြီးမိသားစုများအကြား အချင်းချင်း လက်ထပ်ထိမ်းမြားပေးခြင်းများက မကြာခဏ ရှိတတ်သည်။ နိုင်ငံရေးအခြေအနေများ တည်ငြိမ်နေသည်နှင့်အမျှ ဤမိသားစုများသည် သင့်မြတ်စွာဖြင့် အတူယှဉ်တွဲ ရှိနေကြပေလိမ့်မည်။

ငယ်ရွယ်သော ဆွေကြီးမျိုးကြီးသခင်လေးများက သူတို့၏ လက်အောက်ငယ်သားများရှေ့မှာ ဘယ်လိုပင် မာနထောင်လွှားနေကြသည်ဖြစ်စေ၊ သူတို့နှင့် အတန်းအလွှာတူ လူများရှေ့မှာတော့ ရင်းနှီးဖော်ရွေမှုနှင့် အပြင်ပန်းယဉ်ကျေးမှုကို ထိန်းထားကြပေလိမ့်မည်။

ခရိုင်မင်းသမီးတစ်ပါးက တည်းခိုခန်းကို ဘယ်လိုရောက်လာသလဲ ချင်ဝူပင်းက သိချင်နေမိ၏။ ချင်ရှန့်ကလည်း အရူးမဟုတ်ရာ အမှန်အတိုင်း ပြောပြလိမ့်မည် မဟုတ်ပေ။ မျိုးနွယ်ရှစ်စုမှ လူတစ်ယောက်၏ လှည့်စားမှုကြောင့် ဤနေရာကို ရောက်ရှိလာသည်ဟု သူမက ချင်ဝူပင်းကို ပြောမပြနိုင်ပေ။ အဲဒါသည် ရှက်စရာကောင်းရုံသာမက သူမသည် အင်ပါယာမျိုးနွယ်ခုံရုံးနှင့်လည်း ပြဿနာတက်နိုင်သည်။

အင်ပါယာမျိုးနွယ်ခုံရုံးသည် တော်ဝင်မိသားစုနှင့် ပတ်သက်ဆက်စပ်သော အရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးသည်။ ဤအင်ပါယာမျိုးနွယ်ခုံရုံးကို ဦးဆောင်နေသည့် ပထမအဆင့် အရာရှိသုံးဦးက အမည်အားဖြင့် ညွှန်ကြားရေးမှူး၊ လက်ဝဲညွှန်ကြားရေးမှူးနှင့် လက်ယာညွှန်ကြားရေးမှူးတို့ ဖြစ်သည်။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အင်ပါယာမျိုးနွယ်ခုံရုံး ညွှန်ကြားရေးမှူးများသည် အသက်အရွယ်လည်းရ၊ ရိုသေလေးစားခြင်းလည်းခံရသော အင်ပါယာမင်းသားများ ဖြစ်ကြသည်။

ချင်ရှန့်လို အဆင့်နိမ့် ခရိုင်မင်းသမီးတစ်ပါးအတွက်တော့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခြင်း၏ အပြစ်ဒဏ်က ကြီးမားနိုင်သည်။ သူမ၏ ဂုဏ်ထူးဘွဲ့ကိုပင် ဆုံးရှုံးရနိုင်သည်။ သူမသည် မျိုးနွယ်ရှစ်စုမှ အဖွဲ့ဝင်များနှင့် သွားရှုပ်နေသည်ဟု တခြားတစ်ယောက်ယောက်က ရှာတွေ့မည်ဆိုလျှင် အကျိုးဆက်က သေရေးရှင်ရေးပင် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ချင်ရှန့်က ချင်ဝူပင်းကို လိမ်ညာ၍ သူမ၏ အစောင့်တပ်သားများနှင့် လေ့လာရေးခရီးမျိုး လှည့်လည်သွားလာရင်း ဤတည်းခိုခန်းကို ရောက်လာသည်ဟုသာ ပြောလိုက်၏။

ချင်ဝူပင်းသည် ပြည်နယ်မင်းသား၏ သားတော်ဖြစ်သော်လည်း သူက တော်ဝင်မိသားစုမှ မဟုတ်ပေ။ သူ့ဘိုးဘေးသည် အင်ပါယာနန်းတော်အတွက် ကြီးမားစွာ အကျိုးဆောင်ပြီး မြင့်မြတ်ထည်ဝါသော အဆင့်အတန်းကို ရရှိလာခဲ့သည်။ ထို့ကြောင့် ချင်ဝူပင်းသည် အင်ပါယာမျိုးနွယ်ခုံရုံး၏ စည်းမျဉ်းစည်းကမ်းများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။

သူက ချင်ရှန့်ကို သံသယမဝင်မိပေ။ မည်သို့ပင်ဆိုစေ ကွန်ဖြူးရှပ်အမျိုးသမီးများ၏ ကျင့်ဝတ်ထုံးတမ်းများက လက်ရှိလူမှုအဖွဲ့အစည်းမှာ ဆက်လက်၍ သက်ရောက်မှုမရှိတော့ရာ အမျိုးသမီးများအနေဖြင့် နေအိမ်ကနေ ထွက်ခွာခြင်းက ပြဿနာတစ်ရပ် မဟုတ်တော့ပေ။

သို့သော် ချင်ရှန့်လို မိန်းကလေးတစ်ဦးအနေဖြင့် ဥပဒေမဲ့ အနောက်ဘက် ဂိုဘီကန္တာရသို့ မသွားသင့်ဘဲ တည်ငြိမ်အေးချမ်း၍ စည်ပင်ထွန်းကားသော ကျန်းနန်ကိုသာ အလည်အပတ်သွားသင့်ကြောင်း သူတွေးမိသည်။

ချင်ရှန့်၏ အစောင့်တပ်သားများက သူမကို တည်းခိုခန်းမှာ တစ်ယောက်တည်းထားပြီး ဘာကြောင့် ထွက်ခွာသွားသလဲဆိုတာကိုလည်း သူသိချင်နေမိ၏။

ချင်ရှန့်က ရှင်းပြလိုက်၏။

“ဆောဝမ်ပူရဲ့ ရှုခင်းတွေက သာယာလှပတယ်လို့ ကြားလို့ ကျွန်မ ဒီကိုရောက်လာတာ... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ လျှို့ဝှက်အသင်းအဖွဲ့က မိစ္ဆာတွေနဲ့ ကြုံတွေ့ပြီး ကျွန်မရဲ့ အစောင့်တပ်သားတွေ သတ်ဖြတ်ခံခဲ့ရတယ်... ခရီးသွားဓားသမားတစ်ဦးက ကျွန်မကို ကယ်တင်ပြီး ဒီကို ပို့ပေးခဲ့တာ... ပြီးတော့ သူလည်း ထွက်သွားတယ်... သူ ဘယ်သွားလဲ ဆိုတာကတော့…”

သူမက ဆိုင်ရှင်ကို လှည့်ကြည့်လိုက်၏။

ချင်ရှန့်အကြောင်းနှင့် ပတ်သက်၍ ဖီးနစ်စိမ်းတပ်ဖွဲ့ကို သတင်းပေးဖို့ သူ့ကို ချီရွှမ်းစုက ဘာကြောင့်မှာခဲ့သလဲ ဤအချိန်မှာ ဆိုင်ရှင်က နားလည်သဘောပေါက်သွား၏။ သူက အလောတကြီး ရှင်းပြလိုက်၏။

“တည်းခိုခန်းက အဲဒီခရီးသွားဓားသမားကို အလုပ်သဘောအရ ငှားရမ်းခဲ့တယ်... အခု သူက ထုတ်လုပ်ရေးရုံမှာ ရှိနေလိမ့်မယ်... သူ ပြန်မလာနိုင်ရင် မင်းသမီးကို ဖီးနစ်စိမ်းတပ်ဖွဲ့ဆီ အပ်နှံပေးဖို့လည်း သူ ကျုပ်ကို မှာခဲ့တယ်”

ဆိုင်ရှင်က ကျောက်စိမ်းဖြူခန်းမအကြောင်းကိုတော့ ချန်လှပ်ထားလေသည်။

ချင်ဝူပင်းက ပြုံးလိုက်၏။

“ခရီးသွားဓားသမားတွေက ပုံပြင်တွေ ဝတ္ထုတွေထဲမှာပဲ ရှိတယ်လို့ ငါထင်နေတာ... သူတို့က တကယ့်လက်တွေ့ဘဝမှာပါ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး... ခရိုင်မင်းသမီးကို ကယ်တင်ပေးခဲ့တဲ့ အဲဒီသူရဲကောင်းနဲ့ ငါဆုံမိချင်ရဲ့... ဒါပေမဲ့ တာအိုဂိုဏ်းတော်က အခုအချိန်မှာ ထုတ်လုပ်ရေးရုံကို ပိတ်ဆို့ထားတယ်... ဒါကြောင့် သူ အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလားဆိုတာ ငါလည်းမပြောတတ်ဘူး”

ချင်ရှန့်၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွား၏။

“တာအိုဂိုဏ်းတော်လား…”

“ဒါက အင်ပါယာနန်းတော်နဲ့ တာအိုဂိုဏ်းတော်ရဲ့ ပူးပေါင်းစစ်ဆင်ရေးပဲ... ငါတို့တွေက မြေပြင်မှာ ကင်းလှည့်ပေးတယ်... တာအိုဂိုဏ်းတော်က ဝေဟင်ကို စိုးမိုးထားတယ်... အဲ့လိုနဲ့ ဘယ်မိစ္ဆာမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

ချင်ဝူပင်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

သူက ဆက်ပြောလိုက်သည်။

“ပြောရမယ်ဆိုရင် ဒါက ငါတို့တွေ ပထမဆုံးအကြိမ် လက်တွဲဆောင်ရွက်တာ မဟုတ်ဘူး... နယ်စပ်ဒေသမှာတုန်းက ငါတို့က ရွှေပြည်သစ်ရဲ့ မြင်းတပ်တွေကို ရင်ဆိုင်ပြီး တာအိုဂိုဏ်းတော်က နတ်ဆရာဂိုဏ်းက မှော်ဆရာတွေနဲ့ တိုက်ခိုက်ပေးကြတယ်... တာအိုဂိုဏ်းတော်က တပ်ဖြန့်ထားတဲ့ အမှုထမ်းတွေက အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတွေပဲ... သူတို့က ကျောက်စိမ်းနေပြည်တော်က ဟိုပန်းခင်းထဲက တာအိုဆရာတွေနဲ့ မတူဘူး”

ဤစကားကိုကြားပြီး ဆိုင်ရှင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူခေါ်ယူစုဆောင်းထားသော သူများနှင့် တည်းခိုခန်းမှ လက်ရွေးစင်များက ပြန်လာနိုင်တော့မည် မဟုတ်ဟု သူခံစားမိနေ၏။ တည်းခိုခန်းသည် အင်ပါယာနန်းတော်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိသော်လည်း တာအိုဂိုဏ်းတော်နှင့် မရှိပေ။ တာအိုဂိုဏ်းတော်နှင့် ပတ်သက်မှုရှိသည်မှာ ချင်းဖျင်အသင်းဖြစ်၏။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် တည်းခိုခန်းမှ အဖွဲ့ဝင်များကို ရှင်းလင်းသုတ်သင်ပစ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။

ဤအချိန်မှာ ချင်ဝူပင်းသည် သူဆောင်ထားသော မိခင်ကလေးအဆောင်မှ အနွေးဓာတ်ထွက်ပေါ်လာသည်ကို ခံစားမိလိုက်၏။ သူက ဆိုင်ရှင်ကို လက်ကာပြပြီး နောက်ကိုဆုတ်ခိုင်းလိုက်၏။ သို့သော် ချင်ရှန့်ကိုတော့ မရှောင်ခိုင်းပေ။

ချင်ဝူပင်းအတွက်တော့ ချင်ရှန့်သည် သူတို့လူပင်ဖြစ်ပြီး သူနှင့် အဆင့်အတန်းချင်း တူညီသည့်အတွက် လေးစားမှုတချို့ ပြရပေမည်။ တစ်ဖက်မှာတော့ ဆိုင်ရှင်သည် လျှို့ဝှက်အသင်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူအနေဖြင့် ယဉ်ကျေးမှုပြစရာမလိုပေ။

ချင်ဝူပင်းက ထောင့်တစ်နေရာကို လျှောက်သွားပြီး မိခင်ကလေးအဆောင်ကို ထုတ်ကာ မီးတောက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေ၏။ မီးတောက်ထဲတွင် ပေါ်ထွက်လာသည်မှာ ရှန့်ကွမ်ကျင့်၏ မျက်နှာဖြစ်၏။

“သူတော်စင်ရှန့်ကွမ်... မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ”

ချင်ဝူပင်းက သာမန်ကာလျှံကာ မေးလိုက်၏။

ရှန့်ကွမ်ကျင့်၏ အသံက ဝင်္ကပါကနေတစ်ဆင့် ဖြတ်လာပြီး အနည်းငယ် ပုံပျက်နေ၏။

“ကျောက်စိမ်းဖြူခန်းမက ကြွက်တချို့ကတော့ လွတ်သွားတယ်”

“ကျောက်စိမ်းဖြူခန်းမလား”

ချင်ဝူပင်းက အနည်းငယ် အံ့အားသင့်သွား၏။

“မင်းလည်း သူတို့ကို ကြားဖူးတာလား”

ချင်ဝူပင်းက မထင်မရှား ဤလျှို့ဝှက်အဖွဲ့အစည်းကို သိရှိနေပုံရသည့်အတွက် ရှန့်ကွမ်ကျင့်က အံ့အားသင့်သွား၏။

ချင်ဝူပင်းက ရှင်းပြလိုက်၏။

“ငါ အဲဒီအဖွဲ့ကို ကြားဖူးတယ်... နယ်ခြားစောင့်ကွပ်ကဲရေးရုံးမှာ အဲဒီအဖွဲ့ဝင်တစ်ဦးနဲ့တောင်မှ ဆုံမိဖူးတယ်... အမျိုးသမီးတစ်ဦးက ဗိုလ်မှူးချုပ်နဲ့ လာတွေ့ပြီး အတန်ကြာအောင် စကားပြောခဲ့တယ်... နောက်ပိုင်း အဲဒီအမျိုးသမီးက ကျောက်စိမ်းဖြူခန်းမက ဆိုတာကို ငါသိခဲ့ရတယ်... သူက ရွှေပြည်သစ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်နဲ့ အပေးအယူတစ်ခု ညှိနှိုင်းသွားခဲ့တယ်... အဲဒါပြီး သိပ်မကြာဘူး... ဗိုလ်မှူးချုပ်က စစ်ဆင်ရေးတစ်ခုကို ကိုယ်တိုင်ဦးဆောင်ပြီး ရန်သူနှစ်ထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့တယ်... အဲဒီနောက်ပိုင်း သူက အိမ်ရှေ့စံမင်းသားရဲ့ မဟာကာကွယ်စောင့်ရှောက်သူအဖြစ် ခန့်အပ်ခံခဲ့ရတယ်”

သူပြောနေသည့် ဗိုလ်မှူးချုပ်က ရှီကျိုးကာကွယ်ရေးမှူး ဖြစ်သည်။

ရှန့်ကွမ်ကျင့်က ခဏကြာ နှုတ်ဆိတ်နေပြီးနောက် ထပ်မေးလိုက်၏။

“ကျောက်စိမ်းဖြူခန်းမအကြောင်း မင်း ဘယ်လောက်သိထားလဲ”

ချင်ဝူပင်းနှင့် ရှန့်ကွမ်ကျင့်က အသိကျွမ်းဟောင်းများ ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ထိန်ချန်မထားကြပေ။

“အဲဒီဖြစ်ရပ်အပြီးမှာ ငါက အဆက်အသွယ်တချို့သုံးပြီး ကျောက်စိမ်းဖြူခန်းမကို စုံစမ်းခဲ့တယ်... အဲဒါက လျှို့ဝှက်အသင်းအဖွဲ့ကြီးတွေကြားက မဟာမိတ်ဖွဲ့ပူးပေါင်းမှုတစ်ခု ဆိုတာကို ရှာတွေ့ခဲ့တယ်... သူတို့တွေက တခြားလျှို့ဝှက်အသင်းအဖွဲ့တွေကနေပဲ လာခဲ့ကြတာ... အဲဒါက မတူညီတဲ့ တာအိုဂိုဏ်းတွေကို ကိုယ်စားပြုတဲ့ တာအိုဂိုဏ်းတော်ရဲ့ ရွှေနန်းမြင့်မျှော်စင်ကွပ်ကဲရေးအဖွဲ့နဲ့ ဆင်တူမယ်လို့ ထင်တယ်”

“မင်းစကားပြောတဲ့အခါ သတိထားဦး”

ရှန့်ကွမ်ကျင့်က သတိပေးလိုက်သော်လည်း ဤနှိုင်းယှဉ်ချက်ကို ငြင်းဆန်ခြင်း မရှိချေ။ တကယ်ဆို ထိုအဖွဲ့နှစ်ဖွဲ့ကြားမှာ တည်ဆောက်ပုံအရ သိသာထင်ရှားသော ကွာခြားမှုမရှိဘဲ ခွန်အားအရသာ ကွာခြားပေလိမ့်မည်။

ချင်ဝူပင်းက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဲဒီကျောက်စိမ်းဖြူခန်းမကို ငါ သိပ်ဂရုမစိုက်ပါဘူး... ဘာပဲပြောပြော လျှို့ဝှက်အသင်းအဖွဲ့တွေကို ကိုင်တွယ်ရမှာက မင်းတို့ရဲ့ တာဝန်ပဲ... အဲဒါက ငါနဲ့မှ မဆိုင်တာ... ငါက ဟိုအမျိုးသမီးအကြောင်းကိုပဲ သိချင်မိတာ... သူ့ကို ဘယ်သူကျောထောက်နောက်ခံပေးထားသလဲ မသိဘူး”

“မင်းပြောတာက ဗိုလ်မှူးချုပ်နဲ့ အပေးအယူလုပ်ခဲ့တဲ့ အမျိုးသမီးလား”

ရှန့်ကွမ်ကျင့်က မေးလိုက်၏။

“ဟုတ်တယ်လေ”

ချင်ဝူပင်းက ခေါင်းညိတ်ပြလိုက်၏။

“ငါ အဲဒီအကြောင်း ဗိုလ်မှူးချုပ်နဲ့ ပြောခဲ့သေးတယ်... ဗိုလ်မှူးချုပ်က ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်း ငါ့ကို အကုန်ပြန်ပြောပြလို့ ငါတောင် အံ့ဩသွားရတယ်... အဲဒီမိန်းမက ‘သခင်မချီ’ ‘အစ်မချီ’ဆိုတဲ့ နာမည်တုနဲ့ လူသိများတဲ့ ချင်းဖျင်အသင်းဝင်တစ်ဦးပဲ... သူက စီးပွားရေးကိစ္စအတော်များများမှာ ကြားခံအဖြစ်လည်း ပတ်သက်နေတယ်... ဒါပေမဲ့ အဓိကကတော့ သတင်းအချက်အလက်ပေးတာမျိုးပဲ... သူက ဗိုလ်မှူးချုပ်နဲ့ ရွှေပြည်သစ်က လူတစ်ယောက်ကို အပေးအယူလုပ်နိုင်အောင် ကြားခံအဖြစ် ဆောင်ရွက်ပေးခဲ့တယ်... အဲ့လိုနဲ့ ဗိုလ်မှူးချုပ်က ရွှေပြည်သစ်ရဲ့ စစ်ရေးသတင်းအချက်အလက်ကို ရပြီး တိုက်ပွဲကို အောင်နိုင်ခဲ့တာ”

“ပြောရမယ်ဆိုရင် အဲဒီသခင်မချီက ကျောက်စိမ်းဖြူခန်းမမှာ ချင်းဖျင်အသင်းကို ကိုယ်စားပြုတဲ့ တစ်ယောက်လား”

ရှန့်ကွမ်ကျင့်က တွေးတွေးဆဆဖြင့် မေးလိုက်၏။

ချင်ဝူပင်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“အဲဒီ သတင်းအချက်အလက်က တိကျမှု ရှိ မရှိ ဘယ်သူသိမှာလဲ... သေချာအောင် မင်းဘာသာ ထပ်ပြီး စုံစမ်းကြည့်သင့်တယ်”

အခန်း ၂၁၈ - သံချပ်ကာတပ်

ချီရွှမ်းစုသည် တပ်ဖွဲ့ခေါင်းဆောင်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ပြီး သူ့ကို မြင်းအောက်ကနေ ဆွဲထုတ်သွား၏။ သူက တပ်ဖွဲ့ခေါင်းဆောင်၏ ကိုယ်ကို ဒိုင်းကာအဖြစ် အသုံးချရင်း ပြောလိုက်၏။

“မင်း သူတို့ကို ရပ်ခိုင်းလိုက်”

သို့သော်လည်း တပ်ဖွဲ့ခေါင်းဆောင်က တုံ့ဆိုင်းနေ၏။ ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက တပ်ဖွဲ့ခေါင်းဆောင်၏ လည်ပင်းကို အားထည့်ကာ ညှစ်လိုက်၏။ သူက မွန်းကျပ်ဖွယ်ရာ ခံစားသွားရပြီး အလောတကြီး အမိန့်ပေးလိုက်၏။

“အားလုံးပဲ ရပ်လိုက်ကြ”

ဝတ်ရုံနက်များက ခဏကြာအောင် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး ချီရွှမ်းစုထံ အတင်းဝင်ရောက်မလာတော့ပေ။ သို့သော်လည်း သူတို့၏ လက်နက်များကိုတော့ မချပေ။

ဤမြင်းတပ်အုပ်စု ပေါ်ထွက်လာခြင်းက အနီးအနားမှာ ဝတ်ရုံနက်တပ်ရင်းတစ်ရင်း ရှိနေသည်ဟု ဆိုလိုသည်။ ချီရွှမ်းစုက ဤမြင်းတပ်သားများကို တစ်ခါတည်း ရှင်းမပစ်နိုင်လျှင် ထွက်လမ်းမရှိဘဲ နောက်ထပ်ဝတ်ရုံနက်များစွာ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံရနိုင်သည်။ ထိုအခြေအနေကနေ ကောင်းကင်သက်ရှိတစ်ဦးသာ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ချီရွှမ်းစုက လှည့်ကွက်တချို့ကို အသုံးပြုရ၏။ အရင်ဆုံး သူက အားနည်းသယောင် ဟန်ဆောင်၍ ထိုတပ်သားများကို သတိလျော့ကျသွားစေ၏။ ထို့နောက် လူတိုင်း မထင်မှတ်ထားစဉ် သူတို့၏ ခေါင်းဆောင်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။

ချန်မုံက ချီရွှမ်းစုကို လွှတ်ပေးခဲ့မည်ဆိုလျှင် ချီရွှမ်းစုက ယခုကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အားလုံးလွယ်ကူအဆင်ပြေအောင်လုပ်ဖို့ သူက ချန့်မုံကို ထပ်တလဲလဲ သတိပေးခဲ့ခြင်းဖြစ်သည်။

ချီရွှမ်းစုက ရေရွတ်ပြောဆိုလိုက်၏။

“ငါ ဝတ်ရုံနက်တွေကို ရန်မစချင်ဘူး... ဒါပေမဲ့ မင်းတို့တွေက အနိုင်ကျင့်ချင်ကြတယ်... ငါ့ကို အင်ပါယာနန်းတော်နဲ့ မင်းတို့ရဲ့ စစ်အမိန့်ကို သုံးပြီး ထပ်ပြီး ခြောက်လှန့်ဖို့ မကြိုးစားနဲ့... ငါ မင်းတို့ထဲက တစ်ယောက်ကို သတ်ပြီးသွားပြီ... ဒါကြောင့် နောက်ထပ် ထပ်သတ်ဖို့ ဝန်မလေးဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါက တစ်ခါပဲ သေရမှာ... ငါမသေခင် မင်းတို့ကိုပါ ရသလောက် ဆွဲခေါ်သွားမယ်”

တပ်ဖွဲ့ခေါင်းဆောင်က ထိတ်လန့်တကြား ဖြစ်သွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်၏။

“ညီကို စိတ်ကိုလျှော့... ငါတို့ အေးအေးဆေးဆေး စကားပြောရအောင်... စောစောက ဖြစ်ပျက်ခဲ့တာကို ငါမြင်တယ်... အရင်ဆုံး စပြီး စည်းကျော်ခဲ့တာက ချန်မုံ့ပဲ... မင်းအမှားမဟုတ်ဘူး”

“အဲဒါကို အခုမှ လာပြောနေတာလား”

ချီရွှမ်းစုက လှောင်ရယ်လိုက်၏။

“ဒါပေမဲ့ သူက သေသွားခဲ့ပြီ... မင်းတို့က သူ့ကို အချည်းနှီးသေခိုင်းပြီး ငါ့ကို တကယ်လွှတ်ပေးမှာမို့လို့လား”

တပ်ဖွဲ့ခေါင်းဆောင်က ပြောစရာစကား ပျောက်ဆုံးသွား၏။

ချီရွှမ်းစုက သူ့ကို ဓားစာခံလုပ်ရင်း နောက်ကို ဖြည်းဖြည်းချင်းဆုတ်သွား၏။ ကျန်ရှိနေသော ဝတ်ရုံနက်များက ဆယ်ပေခန့် အကွာအဝေးကို ထိန်းကာ ဖြည်းဖြည်းချင်း လိုက်လာကြ၏။ ဤကဲ့သို့သော အကွာအဝေးမှာ ချီရွှမ်းစုအနေဖြင့် လှည့်ထွက်ပြေးဖို့ မဖြစ်နိုင်သလို မြင်းတပ်ကလည်း ဒုန်းစိုင်းပြေးဝင်ဖို့ ခက်ခဲလေသည်။

ရုတ်တရက် ချီရွှမ်းစုက မျှခြေကို ချိုးဖျက်လိုက်၏။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ဓားစာခံလုပ်ထားရင်း သူက ထိုမျှမြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်လိမ့်မည်ဟု မည်သူကမှ တွက်ဆမထားမိပေ။ သူက ရှေ့ကိုခုန်တက်ပြီး တပ်သားတစ်ဦးကို မြင်းပေါ်ကနေ တွန်းချကာ မြင်းကို နောက်ပြန်စီးသွား၏။ ထိုသို့ပြုလုပ်ခဲ့စဉ် တပ်ဖွဲ့ခေါင်းဆောင်ကို တစ်ချိန်လုံး ဒိုင်းအဖြစ် ကာထားဆဲဖြစ်၏။ ဝတ်ရုံနက်များသည် သူတို့၏ တပ်ဖွဲ့ခေါင်းဆောင်ကို မတော်တဆ ထိခိုက်ဒဏ်ရာရစေမည်စိုး၍ တိုက်ခိုက်ဖို့ကို တွေဝေနေကြ၏။

ချီရွှမ်းစုက မြင်းဗိုက်ကို ခြေနှစ်ဖက်ဖြင့် ညှပ်ပြီး အပြင်းနှင်လိုက်၏။

ဝမ်ရှန်းတာအိုနန်းတော်မှာ ခဲယမ်းလက်နက်များ အသုံးပြုပုံနှင့် မြင်းစီးခြင်းကို မဖြစ်မနေ သင်ကြားရသည်။ ထို့ကြောင့် ချီရွှမ်းစုသည် ဤမြင်းစီးတပ်သားများထက် မနိမ့်ကျပေ။ သူ၏ သန်မာသော ကိုယ်ကာယအရ လက်နှစ်ဖက်ကို မသုံးလျှင်တောင် မြင်းပေါ်မှာ ကောင်းကောင်းထိုင်နိုင်သည်။ သူက ကိုယ်အောက်ပိုင်းနှင့် မြင်းကုန်းနှီးကိုလည်း ထိန်းချုပ်နိုင်လေသည်။

ကျန်ရှိနေသော မြင်းတပ်သားများက ချီရွှမ်းစုနောက်ကို ဆက်လိုက်ချင်သော်လည်း ဓားသွားများ လေခွင်းလာသည့်အသံကို ကြားလိုက်ကြရ၏။ သူပစ်ထုတ်လိုက်သော ပေါက်ဓားများက မြင်းခြေထောက်များကို လှီးဖြတ်သွား၏။ ဤမျှ နီးကပ်သော အကွာအဝေးမှာ ပေါက်ဓားများသည် မြင်းခြေထောက်များကို တိတိရိရိ မဖြတ်နိုင်လျှင်တောင် အင်အားကြီးမားနေဆဲဖြစ်သည်။ မြင်းတချို့က ထိတ်လန့်ကာ ပတတ်ရပ်လိုက်ကြပြီး မြင်းတချို့ကတော့ ရှေ့ဒူးထောက်ကျသွား၏။ စစ်သားများက သူတို့၏ မြင်းများကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ဖရိုဖရဲဖြစ်ကုန်ကြ၏။

ဤအခြေအနေကို အခွင့်ကောင်းယူကာ ချီရွှမ်းစုက မြင်းတပ်သားများထံကနေ ထွက်ပြေးလိုက်၏။

သုံးမိုင်ခန့်သွားပြီးနောက် ချီရွှမ်းစုသည် ဝတ်ရုံနက်များ၏ လိုက်လံဖမ်းဆီးမှုကနေ အောင်အောင်မြင်မြင် လွတ်မြောက်လာခဲ့သည်။

ဤအချိန်မှာ ဓားစာခံဖြစ်နေဆဲ တပ်ဖွဲ့ခေါင်းဆောင်က ပြောစရာစကားမရှိအောင် တုန်လှုပ်နေ၏။ ချီရွှမ်းစုသည် ကျင့်ကြံမှုဖြင့် မဟုတ်ဘဲ နည်းဗျူဟာသက်သက်ပေါ် အခြေခံ၍ ယခုကဲ့သို့ ထွက်ပြေးလာနိုင်ခဲ့ခြင်းဖြစ်၏။ ဤလူ၏ ဗျူဟာမြောက် တွေးခေါ်ပုံနှင့် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းက သာမန်လူများထက် များစွာသာလွန်နေပြီး သူက သာမန်ခရီးသွားတစ်ဦး မဟုတ်ကြောင်း ညွှန်ပြနေသည်။

တပ်ဖွဲ့ခေါင်းဆောင်က အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရ၏။ သူက ချီရွှမ်းစုကို ထွက်ပြေးလွတ်မြောက်ခွင့်ပေးလိုက်လျှင် သူက အသက်ရှင်မည်ဆိုလျှင်တောင် တပ်ဖွဲ့ခေါင်းဆောင်အဖြစ် သူ့ရာထူးကို ထိန်းထားချင်မှ ထိန်းထားနိုင်ပေမည်။

တပ်ဖွဲ့ခေါင်းဆောင်က သူ့အနာဂတ်အကြောင်း တွေးပူနေစဉ် မြင်းက ရုတ်တရက် အရှိန်လျှော့သွားသည်ကို သတိထားမိလိုက်၏။ သူက မြင်းပေါ်မှာ နောက်ပြန်ထိုင်နေရပြီး ရှေ့မှာ ဖြစ်နေသည်ကို မမြင်ရပေ။

ခဏနေပြီးနောက် မြင်းက ရပ်တန့်သွား၏။

တပ်ဖွဲ့ခေါင်းဆောင်သည် မြင်းပေါ်ကနေ တွန်းချခံလိုက်ရပြီး နောက်ဆုံးမှာ သူ့ရှေ့တွင် ဖြစ်နေသည့်အရာကို တွေ့မြင်သွား၏။

မဟူရာ ချပ်ဝတ်တန်ဆာအပြည့် မြင်းစီးတပ်သား ၅၀၀ကျော်ပါသည့် တပ်ရင်းတစ်ရင်းကို တပ်စခန်းမှူးတစ်ဦးက ဦးဆောင်လာသည်။ တပ်စခန်းစနစ်သည် ဝေမင်းဆက်ကနေ ဆင်းသက်လာပြီး မဟာရွှမ်မင်းဆက်၏ ဝတ်ရုံနက်များအထိ ဆက်ရှိနေခဲ့သည်။

ရှီကျိုးနယ်ခြားစောင့်စစ်တပ်မှာ ရှီကျိုးကာကွယ်ရေးမှူး၏ ရာထူးသည် မဟာစစ်သေနာပတိထက် အနည်းငယ် ပိုမြင့်ပြီး လက်ထောက်ကာကွယ်ရေးမှူးသည် စစ်ဦးစီးချုပ်ထက် အနည်းငယ် ပိုမိုသာလွန်သည်။ သူတို့၏ လက်အောက်မှာ ဒုစစ်ဦးစီးချုပ်၊ တိုင်းမှူးဗိုလ်၊ ရွေ့လျားတပ်မဗိုလ်နှင့် အဆင့် ၅ အရာရှိဖြစ်သော တပ်စခန်းမှူးတို့ ရှိသည်။ တပ်စခန်းမှူး၏ အောက်မှာ တပ်ခွဲမှူး ရှိလေသည်။

အဆင့်အရ ဝတ်ရုံနက်များ၏ တပ်စခန်းမှူးသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲတစ်ဦးနှင့် အဆင့်တူဖြစ်သည်။ လက်ရွေးစင် မြင်းစီးတပ်သား ၅၀၀ ကျော် အင်အားသည် ဒုစစ်ကဲရုံးတစ်ရုံးထက် မနိမ့်ကျပေ။

ချီရွှမ်းစုက တာအိုဂိုဏ်းတော်မှာ ရှိနေဦးမည်ဆိုလျှင် သူက အဆင့် ၅ တာအိုဆရာတစ်ဦး၏ ခံစားခွင့်နှင့် အဆင့် ၆ တာအိုဆရာတစ်ဦး ဖြစ်နေပေလိမ့်မည်။ ထိုအခါ သူတို့က အဆင့်တူဟု ဆိုနိုင်သည့်အတွက် သူက ဤတပ်စခန်းမှူးနှင့် မိတ်ဆွေပင် ဖွဲ့နိုင်သည်။

ယခု ချီရွှမ်းစုက တာအိုဆရာတစ်ဦး မဟုတ်တော့သည်မှာ နှမြောစရာပင်။ ဤအချိန်မှာ ဝတ်ရုံနက်များက သူ့ကို လျှို့ဝှက်အသင်းအဖွဲ့မှ အယူဝါဒမိစ္ဆာတစ်ဦးအဖြစ် သတ်မှတ်ထားကြ၏။

ချီရွှမ်းစုသည် မြင်းတပ်သား ၅၀၀ နှင့် ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် မရူးမိုက်ဘဲ မြင်းပေါ်ကနေ ဆင်းလိုက်၏။

ဤမြင်းစီးတပ်သား ၅၀၀ က သာမန်လူများသာ ဖြစ်မည်ဆိုလျှင်ပင် ချီရွှမ်းစုက တိုက်ခိုက်ခြင်းဖြင့် ဖောက်ထွက်နိုင်မည် မဟုတ်ပေ။ ဝတ်ရုံနက်များ၏ ကျင့်ကြံမှုအဆင့်သည် တာအိုဂိုဏ်းတော်မှ တာအိုဆရာများနှင့် ယှဉ်နိုင်သည်။ ဒါ့အပြင် ဤတပ်ရင်းသည် နယ်ခြားစောင့်စစ်တပ်မှဖြစ်ပြီး သူတို့အားလုံးက လက်ရွေးစင်စစ်သည်များဖြစ်သည်ဟု ဆိုလိုသည်။

ဥပမာအားဖြင့် ချန်မုံ့နှင့် ဤတပ်ဖွဲ့ခေါင်းဆောင်သည် တစ်ခါက ချီရွှမ်းစုလက်ထဲမှာ သေဆုံးခဲ့ရသော ဖီးနစ်စိမ်းလက်ထောက်တပ်မှူး ကျိုးဖေးလုံနှင့် မတိမ်းမယိမ်း ရှန်းထျန်သက်ရှိနီးပါးများ ဖြစ်ကြ၏။ တပ်ခွဲမှူးနှင့် တပ်စခန်းမှူးက ခွန်လွင်အဆင့်မှာ ရှိနိုင်ပြီး တိုင်းမှူးဗိုလ်နှင့် ရွေ့လျားတပ်မဗိုလ်တို့က ယွီရှုအဆင့်မှာ ရှိပေလိမ့်မည်။ ဒုစစ်ဦးစီးအရာရှိက ကွေ့ကျန်းအဆင့်မှာ ရှိလိမ့်မည်ဖြစ်ပြီး စစ်ဦးစီးကတော့ ကောင်းကင်သက်ရှိတစ်ဦး ဖြစ်ပေလိမ့်မည်။

ဤသည်မှာ တစ်ဦးချင်း တိုက်ခိုက်ရည်ခွန်အားကို ခန့်မှန်းပြရုံသာဖြစ်၏။ သို့သော် ဝတ်ရုံနက်များသည် တစ်ဦးချင်း လှုပ်ရှားလေ့မရှိဘဲ သူတို့က အစုအဖွဲ့ဖြင့် တိုက်ခိုက်ဖို့ လေ့ကျင့်ပေးခံထားရသည်။

ဤအချိန်မှာ ချီရွှမ်းစုက တပ်ရင်းတစ်ရင်းကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ရူးမိုက်လိမ့်မည် မဟုတ်ပေ။ သူက ထွက်လမ်းကို ကြံဆရင်း သူ့စိတ်က ဟိုဟိုသည်သည် ပြေးလွှားနေ၏။

တပ်စခန်းမှူးက ချီရွှမ်းစုကို အကဲခတ်ကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

“ခင်ဗျားက ခရိုင်မင်းသမီးကို ကယ်တင်ခဲ့တဲ့ ဓားသမားလား”

ချီရွှမ်းစုက ကြားရသော စကားမှ ခဏမျှ မှင်တက်သွား၏။

“ခရိုင်မင်းသမီး ဆိုတာက... ချင်ရှန့်လား”

“ဟုတ်တယ်”

တပ်စခန်းမှူးက မြင်းဇက်ကြိုးကိုဆွဲပြီး သတိပေးလိုက်၏။

“ခရိုင်မင်းသမီးကို နာမည်တပ်ပြီး ခေါ်ခွင့်မရှိဘူး”

ချီရွှမ်းစုက ဝတ်ရုံနက်များနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘဲ ဤနေရာကနေ အသက်ရှင်လျက် ထွက်သွားချင်စိတ်သာရှိကာ သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ချီရွှမ်းစု၏ သရုပ်သကန်ကို အတည်ပြုပြီးနောက် တပ်စခန်းမှူးက ကြေညာလိုက်၏။

“ဗိုလ်မှူးက ခရိုင်မင်းသမီးကို ကယ်တင်ပေးခဲ့တဲ့ ခင်ဗျားကို တွေ့ချင်နေတယ်... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပါ”

ဤဗိုလ်မှူးက ဘယ်သူဖြစ်သည်ကို ချီရွှမ်းစု မသိသော်လည်း စောစောက ပြန်ဖော်မြေမှာ တွေ့မြင်ခဲ့ရသည့် တာအိုဂိုဏ်းတော် ဝေဟင်ပျံသင်္ဘောကို အမှတ်ရသွားပြီး သူ့မှာ ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရှိလာကာ မေးလိုက်၏။

“ခင်ဗျားပြောနေတာ ဘယ်ဗိုလ်မှူးလဲ ကျုပ် သိပါရစေ”

“ကျုပ်ပြောတဲ့ ဗိုလ်မှူးက ရှီကျိုးနယ်ခြားစောင့်ကာကွယ်ရေးရုံးက လိုလန်ရဲ့ လက်ထောက်ကာကွယ်ရေးမှူးပဲ... သူက ကာကွယ်ရေးမှူးရဲ့ စစ်အမိန့်နဲ့ ယုံကျိုးမှာ ရှိတဲ့ မိစ္ဆာတွေကို ချေမှုန်းသုတ်သင်ဖို့ စစ်တပ်တစ်တပ်ကို ဦးဆောင်လာတယ်”

တပ်စခန်းမှူးက တည်တံ့သော မျက်နှာထားဖြင့် ဖြေပေးလိုက်၏။

ချီရွှမ်းစုက စိတ်ထဲမှာ အကျိုးအပြစ်ကို ချိန်ဆကြည့်နေ၏။ သူတို့တွေ့ဆုံသည့်အခါ မည်ကဲ့သို့သော ရလဒ်ထွက်လာမည်ကို ကြိုတင်ခန့်မှန်းရန် ခက်လေသည်။ သူက ကင်းတပ်ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သော်လည်း ခရိုင်မင်းသမီးတစ်ပါးကိုလည်း ကယ်တင်ပေးခဲ့သည်။ သူတို့နှစ်ယောက်ထဲ ဘယ်သူက ဗိုလ်မှူးအတွက် ပိုပြီးအရေးပါမလဲ။

ခဏမျှ စဉ်းစားပြီးနောက် ခရိုင်မင်းသမီးကို ကယ်တင်ပေးခြင်းက ပို၍အလေးသာမည်ဟု ခံစားမိရာ သူက ခေါင်းညိတ်၍ နာခံလိုက်၏။

“ကောင်းပါပြီ... ကျုပ် ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်”

တပ်စခန်းမှူးက နောက်လိုက်တစ်ဦးဖြင့် ချီရွှမ်းစုအတွက် မြင်းအသစ်တစ်ကောင် ထုတ်ပေးခိုင်းလိုက်၏။ ထို့နောက် ချီရွှမ်းစု ဓားစာခံလုပ်လာသည့် တပ်ဖွဲ့ခေါင်းဆောင်ကို သူ့တာဝန်ကျရာနေရာသို့ မြင်းစီးကာ ပြန်သွားဖို့ အမိန့်ပေးလိုက်လေသည်။

All Chapters