← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း(၁၇၉) တစ်ယောက်တည်း အထီးကျန်စွာ နေရခြင်း

နွေရာသီအပန်းဖြေနန်းတော် တွင် ရှိသော လန်ဖေးတွင်မှု ကြည့်ရသည်မှာ အရှင်မင်းကြီး၏ မျက်နှာသာ အပေးခံရသည့်ပုံ မပေါ်ပေ။

ဤသို့ဖြင့် သူမအနေဖြင့် ပြဿနာများစွာကို ရှောင်လွှဲသွားနိုင်မည် ဖြစ်သည်။

သို့သော်…

လင်ဝမ်ယိ မော့ကြည့်လိုက်ရာ အရှင်မင်းကြီး၏ မလိုလားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် အနေခက်စွာ ပြုံးလိုက်မိသည်။

သို့သော် အရှင်မင်းကြီးမှာတော့ တစ်ယောက်တည်း အထီးကျန်စွာ နေရတော့မည် ပင်။

လင်ဝမ်ယိ၏ ဤအဆိုပြုချက်မှာလည်း လက်ရှိအချိန်တွင် အသင့်တော်ဆုံး ဖြစ်နေခြင်းပင်။

လင်ဝမ်ယိ အပေါ် အလွန်အကျွံ မျက်နှာသာပေးပါက ဖြစ်လာမည့် အန္တရာယ်များကို ဖြေရှင်းနိုင်သလို နွေရာသီအပန်းဖြေနန်းတော် ထဲတွင် ကလေးနှစ်ယောက်ကို တရားဝင် ပြုစုစောင့်ရှောက်ခွင့်လည်း ရမည် ဖြစ်သည်။

မည်သည့်ဘက်က ကြည့်ကြည့် ဤအရာမှာ အလွန်ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်ပေသည်။

ဟွေ့ဖန်းယာခြံဝင်း မှာ အနည်းငယ် သေးငယ်သော်လည်း အနီးအနားတွင် ခြံဝင်း အများအပြား ရှိနေသေးသည်။

သူမအတွက် ပိုကြီးသော ခြံဝင်းတစ်ခုကို ရှင်းလင်းပေးလိုက်ပြီး ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးလေး နှစ်ဦးစလုံး အတူတူ နေနိုင်အောင် လုပ်ပေးရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။

သို့သော် အရှင်မင်းကြီး၏ မျက်နှာထားမှာ သိပ်မကောင်းလှချေ။

သူကိုယ်တိုင် နန်းတော်ထဲသို့ တစ်ယောက်တည်း ပြန်သွားရမည် ဖြစ်ပြီး အနားတွင် လင်ဝမ်ယိ မရှိကြောင်း တွေးမိလိုက်သည်နှင့် သူ၏ စိတ်များ ရှုပ်ထွေးသွားရသည်။

"မင်း ဘာသဘောလဲ… ကိုယ်တော့်ကို ချန်ပြီး ပျော်ပျော်ပါးပါး နေချင်နေတာလား"

လင်ဝမ်ယိ ဆွံ့အသွားရသည်။

ဘယ်လို ပျော်ပျော်ပါးပါး နေရမှာလဲ။

ဒုတိယမင်းသား ကြီးလာပြီ ဆိုသော်လည်း ဒုတိယမင်းသမီးလေးမှာ ရင်ခွင်ထဲတွင် ရှိနေဆဲပင်။

တုမားမားနှင့် နို့ထိန်းတို့ ကူညီပေးနေရသော်လည သူမကိုယ်တိုင်လည် ဂရုစိုက်ပေးနေရသည် မဟုတ်လား။

မဟုတ်လျှင် သူမ ဤရက်ပိုင်းအတွင်း မည်သို့ ဤမျှ အမြန် ပိန်သွားမည်နည်း။

သို့သော် အရှင်မင်းကြီး၏ ရှေ့တွင် သူမ ဒေါသထွက်နေလျှင်‌တောင် ပေါက်ကွဲပြ၍ မရပေ။

ထို့ကြောင့် လက်ကို ဖြန့်ကာ ပြောလိုက်လေသည်။

"ကျွန်တော်မျိုးမ နန်းတော်ထဲ ဝင်လာကတည်းက အခုချိန်ထိ အရှင်မင်းကြီးကို ခစားနေရတာပဲလေ… အဲဒီနောက် ဒုတိယမင်းသား ရောက်လာတယ်… ပြီးတော့ ဒုတိယမင်းသမီးလေး ထပ်ရောက်လာတယ်… ကျွန်တော်မျိုးမ ပျော်ပျော်ပါးပါး နေချင်ရင်တောင် အဲဒီ အခွင့်အရေးမှ မရှိတာကို"

ဤစကားကြောင့် အရှင်မင်းကြီး ဝမ်းနည်းမိသွားရသည်။

မင်ရည်ကဲ့သို့ နက်မှောင်သော မျက်ဝန်းများဖြင့် လင်ဝမ်ယိကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရာ မခွဲခွာချင်သည့်ပုံ ပေါ်နေသော်လည်း အကျိုးအပြစ်များကို ချိန်ဆနေမိသည်။

လင်ဝမ်ယိက အရှင်မင်းကြီးသည် ဤတောင်းဆိုမှုကို သဘောတူမည်ဟု ထင်မြင်မိသည်။

သူမအပေါ် သံယောဇဉ် ရှိသော်လည်း တိုင်းပြည်နှင့် ညီလာခံ၏ အရှေ့တွင် ဤသံယောဇဉ်မှာ အလွန် မဆိုသလောက် ရှိပါသေးသည်။

လင်ဝမ်ယိသည် အမြဲတမ်း သက်တောင့်သက်သာ ရှိမည့် ဘဝကိုသာ ဖြတ်သန်းချင်သူ ဖြစ်သည်။

အကယ်၍ သူမ နန်းတော်ထဲ ပြန်သွားပြီး လင်ဖင် ရာထူးကို ယူလိုက်မည် ဆိုပါက သူမ ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

အရှင်မင်းကြီးသည် သူမ၏ မျက်ဝန်းထဲမှ ပြတ်သားမှုကို မြင်လိုက်ရသဖြင့် ခဏအကြာမှ ပြန်ပြောလိုက်သည်။

"ကိုယ်တော် ရက် အနည်းငယ်လောက် စဉ်းစားလိုက်ဦးမယ်… ဘာပဲဖြစ်ဖြစ် ဆယ်လပိုင်းရောက်မှ ပြန်မှာဆိုတော့ အဲဒီအချိန်ကျမှ ဆက်ပြောကြတာပေါ့"

လင်ဝမ်ယိလည်း အတင်း မတိုက်တွန်းတော့ပေ။

အရှင်မင်းကြီး ပြောသလိုပင် အချိန် လိုသေးသည် မဟုတ်လား။

"အင်း" ဟု တစ်ခွန်းသာ ပြန်ဖြေပြီးနောက် မျက်လုံး မှိတ်လိုက်တော့သည်။

ယခုအချိန်တွင် သူမအတွက် အရေးအကြီးဆုံးမှာ ကောင်းကောင်း အိပ်ရေးဝအောင် အိပ်ရန်ပင် ဖြစ်သည်။

အရှင်မင်းကြီး၏ ရင်ခွင်က သက်တောင့်သက်သာ ရှိလွန်း၍လား၊ သို့မဟုတ် ကျိမားမား လာမည်ကို သိလိုက်ရ၍လားတော့ မသိပေ၊ လင်ဝမ်ယိ အိပ်လိုက်ရသည်မှာ အလွန် နှစ်ခြိုက်လှပေသည်။

သူမ နောက်တစ်ကြိမ် နိုးလာသောအခါ ဒုတိယနေ့သို့ ရောက်နေလေပြီ။

သူမ၏ အနားတွင်တော့ အရှင်မင်းကြီး၏ အရိပ်အယောင်ပင် မရှိတော့ပေ။

နားလည်စွာဖြင့် ပြုံးလိုက်ပြီးနောက် အပြင်ဘက်ရှိ ချွမ်ချီကို ခေါ်ကာ အဝတ်အစား လဲလှယ်ပေးရန် ပြောလိုက်သည်။

အရှင်မင်းကြီးသည် အလွန် အကဲဆတ်သူ တစ်ဦး ဖြစ်သည်။

သခင်မယွင် နွေရာသီအပန်းဖြေနန်းတော် သို့ ဝင်လာကတည်းက ဟွေ့ဖန်းယာခြံဝင်း တွင် ညအိပ်လေ့ မရှိတော့ဘဲ ချီချင်းဆောင် တွင်သာ နေထိုင်လေသည်။

ကောလဟာလများ မထွက်လာစေရန် ကိုယ်လုပ်တော် အချို့ကိုလည်း ခေါ်ယူ တွေ့ဆုံလေ့ ရှိသည်။

ဥပမာအားဖြင့် ယခု နာမည်အကြီးဆုံး ဖြစ်နေသော မင်ချန်ကျိုက်၊ သို့မဟုတ် မွေးဖွားရန် နီးကပ်နေပြီ ဖြစ်သော ယင်းကွေ့ဖင် တို့ပင် ဖြစ်သည်။

ယခုမှ သမီးလေး မွေးဖွားထားသော လန်ဖေးကိုတော့ လုံးဝ မေ့လျော့ထားလေသည်။

အပြင်လူများ အမြင်တွင်တော့ ဤလန်ဖေးမှာ ဒုတိယမင်းသမီးလေး၏ ကံကြမ္မာကြောင့် လွှမ်းမိုးခံလိုက်ရသဖြင့် အရှင်မင်းကြီးက အတော်လေး တွန့်ဆုတ်နေသည်ဟု ထင်မြင်ကြသည်။

မဟုတ်လျှင် သမီးလေး မွေးဖွားသည်မှာ တစ်လနီးပါး ရှိနေပြီကို အရှင်မင်းကြီးက သူမဆီသို့ တစ်ခေါက်မျှပင် သွားမကြည့်ဘဲ နေပါမည်လား။

သူမတို့မှာလည်း အရူးများ မဟုတ်သလို ပုံမှန်အချိန်များတွင်လည်း လန်ဖေးနှင့် သိပ်ပြီး အဆင်ပြေကြသည် မဟုတ်ပေ။

ထို့ကြောင့် အရှင်မင်းကြီးက လန်ဖေး အပေါ် တမင် အာရုံစိုက်မှု လျှော့ချထားရာ သူမ ရှိနေသော ခြံဝင်းသို့ သွားရောက် ကြည့်ရှုသူ တစ်ယောက်မျှပင် မရှိချေ။

အစပိုင်းတွင် လန်ဖေးက အရှင်မင်းကြီးမှာ ဒုတိယမင်းသမီးလေးကို ပြုစုဖို့ အလုပ်ရှုပ်နေသည်ဟု ဖြေသိမ့်ထားနိုင်သေးသည်။

သို့သော် တဖြည်းဖြည်းနှင့် မသင်္ကာစရာ ဖြစ်လာခဲ့သည်။

ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အချိန်နည်းနည်းလေးတောင် မပေးနိုင်လောက်အောင် ဖြစ်နေပါမည်လား။

အခြား ကိုယ်လုပ်တော်များ ဆိုလျှင်လည်း ယခုအခါ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

မင်းသမီးမှာ မင်းသားလောက် အရေးမပါသော်လည်း တော်ဝင်မိသားစု၏ သွေးသားပင် ဖြစ်ရာ တခြားကိစ္စ မပြောနှင့်ဦး၊ ဝမ်းသာကြောင်း လာပြောသင့်သည် မဟုတ်လား။

သို့သော် မည်သူ့ကိုမျှ မတွေ့ရချေ။

တွေးလေလေ ပိုပြီး စိုးရိမ်လာလေလေပင်။

နဂိုကတည်းက သိပ်မကောင်းလှသော ခန္ဓာကိုယ်မှာလည်း အားအင်ကုန်ခမ်းပြီး ညောင်းညာကိုက်ခဲသည့် လက္ခဏာများ ပေါ်လာတော့သည်။

ဤနေ့တွင် ကျွေ့ယွဲ့ က ဆေးလာတိုက်လေသည်။

သူမမှာ ထထိုင်ရန်ပင် အားမရှိဘဲ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်မှာ အားပျော့သွားသကဲ့သို့ နုံးခွေသွားရသည်။

"ဒီအရှင်မ သမီးလေး မွေးထားတာ ဘယ်နှစ်ရက် ရှိနေပြီလဲ… ဘာလို့ သွေးဆင်းတာ မရပ်သေးတာလဲ… ပြီးတော့ ပိုများလာသလိုပဲ… တော်ဝင်သမားတော်ချန် ရော… သူ့ကို ခေါ်လိုက်… ဒီအရှင်မ မေးစရာ ရှိတယ်"

ပြောရင်းနှင့် ဆေးပန်းကန်ကို တွန်းဖယ်လိုက်လေသည်။

အကြောင်းရင်းကို အတိအကျ မသိဘဲ ဤဆေးများ သောက်နေလည်း အလကားသာ ဖြစ်ပေလိမ့်မည်။

လုံးဝ အဓိပ္ပါယ် မရှိပေ။

သူမ ဤနှစ်ရက်အတွင်း ကုတင်ပေါ်တွင် လှဲနေရင်း သေချာ စောင့်ကြည့်ခဲ့ပြီးဖြစ်ရာ ယခင်ကလို လန်းဆန်းတက်ကြွမှုမျိုး လုံးဝ မရှိတော့ပေ။

မျက်နှာမှာလည်း သွေးရောင် မရှိတော့ဘဲ တစ်ခါတစ်ရံတွင် ဖြူဖျော့လွန်းနေတတ်သည်။

သူမက ကလေးမွေးပြီး သွေးသားစင်ကြယ်အောင် နားနေရသည့် အမျိုးသမီးများကို မမြင်ဖူးသူ မဟုတ်ရာ မည်သူကများ သူမလို အားနည်းနေမည်နည်း။

ကျွေ့ယွဲ့ သည် လန်ဖေး၏ စကားကို ကြားသောအခါ ရင်ထဲတွင် ဗုံတီးနေသကဲ့သို့ စိတ်လှုပ်ရှားသွားရသည်။

သူမ စကားမှားသွားပြီး သခင်မ ပူပန်မှုတွေ ပိုများလာမည်ကို စိုးရိမ်နေမိသည်၊ ထိုသို့ဆိုလျှင် အသက်တိုစေမည့် အရာတစ်ခု ထပ်တိုးလိုက်သလို ဖြစ်သွားမည် မဟုတ်လား။

ထို့ကြောင့် နှစ်သိမ့်ကာ ပြောလိုက်လေသည်။

"မယ်မယ် အရမ်းကြီး မတွေးပါနဲ့… မယ်မယ် မွေးဖွားတုန်းက အများကြီး ဒုက္ခခံခဲ့ရတာလေ… တော်ဝင်သမားတော်ချန် ပြောဖူးတယ်… နာလန်ပြန်ထူဖို့ဆိုရင် နှစ်ဝက်လောက် ကောင်းကောင်း အနားယူရမယ်တဲ့… အခုမှ ဘယ်နှစ်ရက် ရှိသေးလို့လဲ"

"ဒီစကားတွေ ဒီအရှင်မ ကြားရတာ နားငြီးနေပြီ… ကျွေ့ယာ ရော ဘယ်ရောက်နေတာလဲ… အပြင်ထွက်ပြီး အိမ်ကလူတွေကို သွားကန်တော့ပြီးရင် ပြန်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား… အခု မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ … သူသာ ရှိနေရင် ကောင်းမှာပဲ… သူက ဒီအရှင်မ ခန္ဓာကိုယ်ကို သေချာ ပြုစုပေးလိုက်ရင် နောက်တစ်ခါကျရင် သေချာပေါက် မင်းသားလေး တစ်ပါး မွေးနိုင်မှာ"

လန်ဖေးမှာ ယခုအခါ အဝေးကြီးထိ တွေးတောနေလေပြီ။

ဒုတိယမင်းသမီးလေးမှာ အာမခံချက် တစ်ခုမျှသာ ဖြစ်ပြီး သူမအနေဖြင့် ဤနန်းတော်ထဲတွင် နေရာတစ်ခု ရချင်သေးလျှင် မင်းသား တစ်ပါး၏ အားကိုးမှု လိုအပ်ပေသည်။

သို့သော် ယခုအချိန်တွင် သွေးဆင်း မရပ်သေးရာ အရှင်မင်းကြီးကို မည်သို့ ခစားနိုင်မည်နည်း။

မခစားရဘဲနှင့် ဘယ်လိုလုပ်ပြီး ကိုယ်ဝန် ရနိုင်မည်နည်း။

ထို့ကြောင့် စိတ်ထဲတွင် အလွန် အလောတကြီး ဖြစ်နေရသည်။

ကျွေ့ယာ ၏ ကိစ္စမှာ ပို၍ပင် ရှုပ်ထွေးနေရာ ကျွေ့ယွဲ့ မှာ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။

သူမ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်ကို မြင်သောအခါ လန်ဖေး ချက်ချင်းပင် မသင်္ကာ ဖြစ်သွားတော့သည်။

"ဘာဖြစ်လို့လဲ… သူ ဘာဖြစ်သွားလို့လဲ"

"မယ်မယ်… ဘာမှ… ဘာမှ မဖြစ်ပါဘူး… ကျွေ့ယာ ကို သခင်မကြီးက အိမ်မှာ နှစ်ရက်လောက် ခေါ်ထားလိုက်လို့ပါ… နောက်ရက် အနည်းငယ်နေမှ ပြန်လာမှာပါ…"

ကျွေ့ယွဲ့ စကားပင် မဆုံးသေးခင် လန်ဖေးက ဖြတ်ပြောလိုက်သည်။

မျက်လုံးပြူးကြီးများဖြင့် ကျွေ့ယွဲ့ကို ကြည့်ကာ အော်ငေါက်လိုက်လေသည်။

"နင်က ဒီအရှင်မကို အရူးလို့ ထင်နေတာလား… ကျွေ့ယာ ရဲ့ ရုပ်ရည်မျိုးနဲ့သာ အိမ်မှာ အစ်ကိုတွေ လုတာ ခံရတော့မှာပေါ့… အမေက သူ့ကို အိမ်မှာ ခေါ်ထားပြီး ဘာလုပ်မှာလဲ… ဒုက္ခပေးမလို့လား"

သူမလည်း မအချေ၊ အရှင်မင်းကြီး ရောက်လာတိုင်း ဤကျွေ့ယာ ကို အမြဲတမ်း ဖွက်ထားလေ့ ရှိသည်။

လန်ဖေးက သူမအပေါ် ဤမျှ ယုံကြည်ရခြင်းမှာ တစ်ချက်က သူမ၏ ဆေးပညာက အလွန် ထူးချွန်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာမူ စကားနားထောင်ပြီး အရှင်မင်းကြီးကို လုံးဝ ဆွဲဆောင်ခြင်း မပြုသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယနေ့အချိန်ထိ သူမကို ခေါ်ထားခဲ့ခြင်း ဖြစ်သည်။

ကျွေ့ယွဲ့ သည် လန်ဖေး ရိပ်မိသွားသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း လန့်ဖျပ်ပြီး မြေကြီးပေါ် ဒူးထောက်ကျသွားတော့သည်။

စကားပင် ရှင်းအောင် မပြောနိုင်တော့ချေ။

"ဒီအစေခံက… အဲဒီ သဘော ပြောတာ မဟုတ်ပါဘူး… ဒီအစေခံ တမင် လုပ်တာ မဟုတ်ပါဘူး… တကယ်က…"

"တကယ်က ဘာလဲ… ပြောလေ"

လန်ဖေးမှာ စိတ်မရှည်တော့သော်လည်း သူမ ဤသို့ တစ်ချက် အော်လိုက်သည်နှင့် အသက်ရှူပင် မဝတော့သလို ခံစားလိုက်ရသည်။

---

All Chapters