← Chapters

အခန်း ၁၂၄၆

Vol. 84 Ch. 1246

အခန်း ၁၂၄၆

Vol. 84 Ch. 1246

အခန်း (၁၂၄၆) ချမ်းသာပေးလို့ရတယ်

လုယန် ယင်ထန်မသေမျိုးကိုဆဲပြီးနောက်တွင် မြူနက်မသေမျိုးလက်အောက်မှ အမြန်ထွက်ပြေးသည်။ ဝိညာဉ်နယ်မြေမှ စိုးရိမ်တကြီး မေးမြန်းသည့် နတ်မယ်အသံ ပဲ့တင်ထပ်၍ပေါ်လာသည်။

"ရှောင်ယွမ်၊ နင်ပြီးပြီလား"

"နည်းနည်းလေး စိတ်ရှည်ပါဦး အကြီးအကဲနတ်မယ်။ ကျွန်မတို့ အလျင်စလိုလှုပ်ရှားရင် အခြေအနေမကောင်းမှန်းသိပြီး ရန်သူက ထွက်ပြေးသွားနိုင်တယ်။ သိပ်မကြာခင် ကျွန်မအသင့်ဖြစ်မှာပါ"

....

ကောင်းကင်လျှပ်စီးက ကြည်လင်တောက်ပသည်။ ကျုန်းရှန်ပြည်နယ်က လျှပ်စီးပင်လယ်နှင့် မီးလောင်မြေဖြစ်လာသည်။ မိုးခြုန်းသံများ မိုင်တစ်သောင်းကောင်းကင်တလျှောက် ပဲ့တင်ထပ်နေသည်။

လေမုန်တိုင်းများကြောင့် သဲနှင့်ကျောက်တုံးများ လွင့်ပျံနေသည်။ မသေမျိုးအာရုံကို ဖြန့်ကြည့်လျှင် ချက်ချင်းလွင့်ပျောက်သွားလိမ့်မည်။ မြူနက်မသေမျိုး၏ အာရုံကို နှောက်ယှက်သလို ဖြစ်မည်။

စွမ်းအင်ဝတ်မှုန်များ ကျဆင်းလာပြီး ချီလင်၏ ဒဏ်ရာများကို ကုသသည်။

ယင်ထန်မသေမျိုးက လျှပ်စီးပင်လယ်ကြားတွင်ရပ်နေသည်။ သူ့ဦးခေါင်းထက်တွင် မသေမျိုးလျှပ်စီးသုံးထောင်ရှိသည်။ သူ့ခြေထောက်အောက်တွင် မြေ၊မီး၊လေနှင့်ရေ ဓာတ်လေးပါးရှိသည်။ သူသည် ကောင်းကင်လျှပ်စီး၏ အတုမဲ့သခင်ဖြစ်သည်။

"အထက်သန့်စင်မသေမျိုးလျှပ်စီး"

အဖျက်လျှပ်စီးလွှတ်လိုက်သည်က ကံစွန့်ကံစား တိုက်ကွက်ဖြစ်သည်။ အထက်သန့်စင်မသေမျိုးလျှပ်စီးက လျှပ်စီးစွမ်းအင်များ ပေါင်းထားခြင်းဖြစ်သည်။ ဘယ်အရာမှမယှဉ်နိုင်။

ကျယ်ပြန့်သည့် မသေမျိုးလျှပ်စီးက ရေစီးများလို မြူနက်မသေမျိုးဆီ ဆင်းလာသည်။

သူ့ဘေးပတ်လည်တွင် ဖုံးလွှမ်းနေသည့် မြူနက်များသည် လောကမှ အရာအားလုံးကို တားဆီးနိုင်စွမ်းရှိသည်ထင်သည်။ အထက်သို့ သူထိုးတက်သွားသည်။ သူ့ပစ်မှတ်က ယင်ထန်မဟုတ်။ ချီလင်မသေမျိုးဖြစ်သည်။

သူ့လှုပ်ရှားမှုက မြန်ဆန်သည်။ တိကျသည်။ ယင်ထန်မသေမျိုးရော ချီလင်ပါ အချိန်မီမတုံ့ပြန်နိုင်ကြ။

မြူနက်မသေမျိုးက လက်ဝါးဖြင့် ချီလင်၏ရင်ဘတ်ကို ရိုက်လိုက်သည်။ ချီလင်ရင်ဘတ်မှ လျှပ်စီးများ ပေါက်ကွဲထွက်လာသည်။ မသေမျိုးခန္ဓာတစ်ခုလုံး လျှပ်စီးအဖြစ်ပြောင်းသွားသည်။

လျှပ်စီးများပြန့်ကျဲသွားပြီးနောက် ချီလင်နှင့်တူသည့် လျှပ်စီးခန္ဓာတစ်ခု အဝေးတစ်နေရာတွင် ပြန်စုစည်းလာသည်။

လျှပ်စီးခန္ဓာပြောင်းလိုက်သဖြင့် လျှပ်စီးပင်လယ်ကြားတွင် သူလွတ်လပ်စွာ ဖြတ်သန်းနိုင်သည်။

ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ထိန်းညှိနိုင်သည်။ ရှင်သန်မှုသဘာဝအရိယဖလစွမ်းအား။

"လျှပ်စီးခန္ဓာလား"

မြူနက်မသေမျိုး ယန်ထန်ကို အရင်မတိုက်ခိုက်သည့်အကြောင်းရင်းမှာ လျှပ်စီးခန္ဓာက ရင်ဆိုင်ရခက်သောကြောင့်ဖြစ်သည်။ ချီလင်မသေမျိုးလည်း ထိုမျှမြန်မြန် လျှပ်စီးခန္ဓာပြောင်းသွားမည်ဟု သူထင်မထား။

သို့သော် နည်းနည်းအဆင်မပြေဖြစ်သွားရုံသာဖြစ်သည်။

"ထိုက်ချင်မသေမျိုးလျှပ်စီး"

"ယုချင်မသေမျိုးလျှပ်စီး"

ယင်ထန်မသေမျိုး လျှပ်စီးအရိယဖလကို အသက်သွင်း၍ အချိန်တိုအတွင်း သန့်စင်မသေမျိုးလျှပ်စီးသုံးပါး အားစိုက်ဖန်တီးလိုက်သည်။

အထက်သန့်စင်မသေမျိုးလျှပ်စီး၊ ထိုက်ချင်မသေမျိုးလျှပ်စီး၊ ယုချင်မသေမျိုးလျှပ်စီး။

ဤမသေမျိုးလျှပ်စီးသုံးပါးသည် မသေမျိုးများ နတ်ဆိုးများ သတ်ဖြတ်ရှင်းလင်းရာတွင်သုံးသည်။ ထုတ်လွှတ်လိုက်သည်နှင့် လောကကို အားအပြည့်ဖြင့်ဖိနှိပ်သည်။

ယင်ထန်ကိုယ်တိုင်ပင် ထိုလျှပ်စီးသုံးမျိုးကို မနည်းထိန်းချုပ်ရသည်။ ရှေးဟောင်းခေတ်တွင် ထိုတိုက်ခိုက်မှုမျိုးကို ထာဝရနတ်မယ်တစ်ယောက်သာ ခံနိုင်ရည်ရှိသည်။

အထက်သန့်စင်မသေမျိုးလျှပ်စီးက ရေစီးကြောင်းလို တိုက်ခိုက်သည်။ ထိုက်ချင်မသေမျိုးလျှပ်စီးက ပုဆိန်၊ ရဲတင်း၊ ဓားလှံများအဖြစ် တိုက်ခိုက်သည်။ ယုချင်မသေမျိုးလျှပ်စီး ကုဗပုံလှောင်အိမ်အဖြစ်ပြောင်း၍ ထိန်းချုပ်သည်။

မြူနက်မသေမျိုးကို ယုချင်လျှပ်စီးဖြင့် အလုံပိတ်ထိန်းချုပ်ပြီး အထက်သန့်စင်လျှပ်စီးနှင့် ထိုက်ချင်လျှပ်စီးက အတွင်းပိုင်းတွင် တိုက်ခိုက်ခြင်းဖြစ်သည်။

ကုဗပုံထိုက်ချင်လျှပ်စီးက စူးရှသည့်မသေမျိုးအလင်းများ‌ တောက်ပနေသည်။ လုယန် မော့ကြည့်မိသည်နှင့် မျက်လုံးထဲ သွေးခြေဥပြီး ကန်းမတတ်ဖြစ်သွားသည်။ အမြင်ကွယ်သွားသည်။

ယခု မသေမျိုးတစ်ဝက်အဆင့် စွမ်းအားရှိသော်လည်း တစ်ချက်ပင်မကြည့်နိုင်။ ထိုလျှပ်စီးသုံးပါးစွမ်းအားကို တိုက်ရိုက်ရင်ဆိုင်နေရသည့် မြူနက်မသေမျိုး၏အဖြစ်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။

ထာဝရအရိယဖလသန္ဓေစွမ်းအားဖြင့် လုယန် မျက်လုံးကိုကုသသည်။ တိုက်ပွဲနေရာနှင့် တတ်နိုင်သမျှဝေးဝေးရှောင်သည်။

လျှပ်စီးသုံးပါးအစွမ်းတစ်ခုတည်းဖြင့် မြူနက်မသေမျိုးကို အနိုင်ယူဖို့မလုံလောက်မှန်း သူသိသည်။ ထိုတိုက်ခိုက်မှုသာ ထိရောက်ခဲ့လျှင် မသေမျိုးလေးယောက်နှင့် မြူနက်မသေမျိုးတို့တိုက်ပွဲသည် ရှေးဟောင်းခေတ်ကတည်းက အဆုံးသတ်ခဲ့ပြီးဖြစ်မည်။

မှန်သည်။ ဝုန်းခနဲပေါက်ကွဲသံတစ်ခု ပေါ်လာသည်။ မြူနက်မသေမျိုးက ပညာရပ်တစ်ခုခုသုံးလိုက်သလား၊ ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် တိုက်ခိုက်သလားတော့မသိ။ ယုချင်လျှပ်စီးကုဗပုံတွင် အပေါက်တစ်ခုဖြစ်လာသည်။

မြူနက်များ၏လှုပ်ရှားပုံက မူမမှန်တော့။ အစောပိုင်းက ထိုအဖြစ်မျိုး မမြင်ခဲ့ရ။ မသေမျိုးလျှပ်စီးသုံးပါက ထိရောက်မှုရှိမှန်း သိသာသည်။

ထွက်ပေါက်ပေါ်လာသည်နှင့် ချီလင်မသေမျိုးက လျှပ်စီးအရှိန်ဖြင့် ပြေးဝင်သွားသည်။ အမြန်နှုန်းအရိယဖလပင် ထိုအမြန်နှုန်းမျိုးကို မမီလောက်။ သူ့တစ်ကိုယ်လုံး လျှပ်စီးခန္ဓာအဖြစ်ပြောင်းထားသည်။ ဦးချိုသာ မူလအတိုင်းကျန်သည်။

ချီလင်ဦးချိုက မြူနက်များကို ဝင်တိုက်သည်။ အထဲသို့ကျွံဝင်သွားသော်လည်း ထိုထက်ရှေ့ဆက်မတိုးနိုင်။

ယင်ထန်က ပုဆိန်တစ်လက်ကိုင် မြူခိုးစွမ်းအားရှင်၏ ဦးခေါင်းနောက်ဘက်ကို ဝင်ခုတ်သည်။

ထိုပုဆိန်သည် မသေမျိုးလက်နက်ဖြစ်သည်။ ချီလင်၏မှော်လက်စွပ်ထဲမှ ပစ္စည်းများဖြင့် အရေးပေါ်ဖန်တီးထားခြင်းဖြစ်သည်။ အမြန်ဖန်တီးရခြင်းဖြစ်၍ တစ်ချက်သာအသုံးပြုနိုင်သည်။

ထိုတစ်ချက်ဆိုလျှင် လုံလောက်သည်။

မြူနက်မသေမျိုးက ပုဆိန်ကိုလက်ဖြင့်ဖမ်း၍ အားဖြင့်ချိုးပစ်လိုက်သည်။

"ရှေးဟောင်းခေတ်ကထက် နည်းနည်းပိုပြီး အတွဲညီလာပုံပဲ"

ရှေးဟောင်းခေတ် မဟာစစ်ပွဲကြီးမဖြစ်ခင်က မသေမျိုးလေးယောက်သည် တစ်ယောက်ချင်းသာ တိုက်ခိုက်ခဲ့သည်။ အတူပူးပေါင်းတိုက်ခိုက်သည့် အတွေ့အကြုံမရှိ။ မီးနိုင်ငံတည်‌ထောင်ပြီးနောက် ကိုယ့်စရိုက်သဘာဝကိုယ်သုံးသပ်ကြသည်။ အမြင့်ဆုံးတိုက်ခိုက်စွမ်းအားရရန် အတူပူးပေါင်းတိုက်ခိုက်နည်းများ ကြံဆခဲ့သည်။

မြူနက်မသေမျိုးက မသေမျိုးမီးတောက် လေးငါးမျိုးထုတ်လွှတ်လိုက်သည်။ ချီလင်တို့နှစ်ယောက်ကိုထိသည်နှင့် မိုးကြိုးခန္ဓာများ တစ်စစီပေါက်ကွဲထွက်သွားသည်။

မိုးကြိုးနှင့်မီးတောက် ပေါင်းစပ်လျှင် လောကတွင် အမြင့််ဆုံးပေါက်ကွဲပစ္စည်းဖြစ်လာသည်။ ထို့ကြောင့် ထိတွေ့သည်နှင့် ပေါက်ကွဲခြင်းဖြစ်သည်။

နှစ်ယောက်သား မိုးကြိုးခန္ဓာပြန်တည်ဆောက်ဖို့ ကြိုးစားသည်။ မသေမျိုးမီးတောက်က ဆက်ဝင်လာသည်။ နောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။

သူတို့ဝိညာဉ်သန္ဓေစွမ်းအားကို မထိခိုက်သော်လည်း မိုးကြိုးခန္ဓာတည်ဆောက်နေရလျှင် ဘာမှလုပ်နိုင်တော့မည်မဟုတ်။

"လူဝင်စားအရိယဖလသန္ဓေကို အသာတကြည်လွှဲပေးမယ်ဆိုရင် မင်းတို့အသက်ကိုချမ်းသာပေးမယ်လို့ ငါကျိန်ဆိုတယ်"

မြူနက်မသေမျိုးက ဖြေးညှင်းစွာပြောသည်။ ညှိနှိုင်းသည့်လေသံမျိုးဖြစ်သည်။

"ဘာပဲပြောပြော ငါကသွေးဆာနေတဲ့လူမဟုတ်ဘူး။ ငါ့လမ်းကိုသာမင်းတို့လာမပိတ်နဲ့။ မင်းတို့ဘာဖြစ်ဖြစ် ငါနဲ့ဘာမှမပတ်သက်ဘူး"

နှစ်ယောက်လုံး ဒေါသထွက်သွားသည်။ မြူနက်မသေမျိုးက သူတို့ကို လုံးဝအရေးမစိုက်သည့်သဘောဖြစ်သည်။

မြူနက်များဖုံးလွှမ်းနေသော်လည်း ထိုစွမ်းရှင် ခေါင်းကိုခါယမ်းနေကြောင်း သိသာသည်။ ချီလင်တို့နှစ်ယောက်လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေပုံရသည်။

"ပြီးတော့ ဘာလို့မင်းတို့အသက်တွေကို တစ်ခြားလူအတွက် အဆုံးရှုံးခံမှာလဲ"

ရှေးဟောင်းခေတ်အတွင်းက မသေမျိုးလေးယောက်သည် ကိုယ့်စွမ်းအားကိုနားမလည်၍ သူ့ကိုတိုက်ခိုက်ခဲ့သည်။ ထိုကိစ္စကို နားလည်နိုင်သည်။

သူ့စွမ်းအားကို နားလည်ပြီးမှ ယခုလိုတဇွတ်ထိုး တိုက်ခိုက်နေကြသည်မှာ အံ့ဩစရာကောင်းသည်။

ချီလင်မသေမျိုး ဒေါသတကြီးအော်ဟစ်၍ မိုးကြိုးခန္ဓာကိုစွန့်လွှတ်ပြီး မူလအသွင်ပြန်ပြောင်းသည်။ ထိုမသေမျိုးမီးတောက်များသည် သာမန်စွမ်းအားသာရှိသည်။

မိုးကြိုးခန္ဓာများကိုသာ ဒုက္ခပေးနိုင်သည်။ သူ့မသေမျိုးခန္ဓာက မီးတောက်ကို ခုခံနိုင်သည်။

ယင်ထန်ကလည်း ချီလင်၏မှော်လက်စွပ်ထဲမှ မသေမျိုးရွှေတစ်ချို့ဖြင့် သံချပ်ကာတစ်ခုယာယီဖန်တီးပြီး မသေမျိုးမီးတောက်ကို ကာကွယ်သည်။

နှစ်ယောက်လုံး မြူနက်မသေမျိုး၏ မေးခွန်းကို ပြန်မဖြေကြ။ သူတို့ခံယူချက်က ရန်သူနှင့် လုံးဝကွဲလွဲနေသည်။ ပြန်ဖြေလည်း ဘာအကျိုးထူးမည်နည်း။

သူတို့အမြင်ကိုရော ထိုလူလက်ခံလာအောင် လုပ်နိုင်မည်လော။

"မင်းတို့က သေချင်နေကြတာပဲ"

မြူနက်မသေမျိုး အေးစက်စက်လေသံဖြင့် သူတို့ကံကြမ္မာကို ဆုံးဖြတ်သည်။ ချီလင်ရှေ့သို့ ဖျတ်ခနဲရောက်သွားသည်။ သူ့လှုပ်ရှားမှုက အစောပိုင်းကထက်ပင် ပိုမြန်သည်။

ချီလင် မျက်လုံးပြူးသွားသည်။

မြူနက်မသေမျိုးက ချီလင်လည်ပင်းကို ဖမ်းချုပ်၍ မျက်နှာကို ထိုးချလိုက်သည်။ ချီလင်၏ဦးခေါင်း ကွဲထွက်သွားသည်။

ချီလင်ဦးခေါင်း ဖြေးဖြေးချင်းပြန်တည်ဆောက်နေချိန်တွင် ယင်ထန်က လျှပ်စီးအရိယဖလဖြင့် ကောင်းကင်မှ စွမ်းအင်ဝတ်မှုန်များကို ဆင့်ခေါ်သည်။

မြူနက်မသေမျိုးက ဝတ်မှုန်တိမ်တိုက်များကို ဖျက်ဆီးသည်။

မြူနက်မသေမျိုး ယင်ထန်ဆီ ပြေးဝင်သွားသည်။ ယင်ထန်က ကောင်းကင်လျှပ်စီးသုံးဆယ့်သုံးလွှာဖြင့် အမြန်ကြားဖြတ်တိုက်ခိုက်သည်။ မြူနက်မသေမျိုးက ချီလင်ကို ဒိုင်းကာအဖြစ်သုံး၍ လျှပ်စီးအားလုံးကို ခုခံသည်။ နောက်လက်တစ်ဘက်ဖြင့် ယင်ထန်၏လည်ပင်းကို ဖမ်းချုပ်သည်။

"မင်းရဲ့လျှပ်စီးခန္ဓာကို ငါထိကိုင်လို့မရဘူးထင်နေလား"

လျှပ်စီးခန္ဓာအဖြစ်ရှိနေသော်လည်း ယင်ထန် သေမျိုးတစ်ယောက်ရေနစ်သလို အသက်ရှူကြပ်လာသည်။

ဘယ်လိုပညာမျိုးမှန်းမသိ။

ရုတ်တရက် ရေခဲနှင့်နှင်းများ မိုင်သန်းချီဖြန့်ကျက်သွားပြီး ကျုန်းရှန်တစ်ခုလုံးကို ချက်ချင်းဖုံးအုပ်သွားသည်။ အစွန်းရောက်အအေးဓာတ်က အချိန်ကိုပင် အေးခဲနိုင်သယောင်ထင်ရသည်။

လုယန်ကိုယ်ပေါ်တွင် ရေခဲလွှာများဖုံးအုပ်လာသည်။ စွမ်းအားစုံသုံး၍ ချိုးဖျက်ရသည်။

ထိုမြင်ကွင်းကိုကြည့်၍ ယင်ထန်က လျှပ်စီးအရိယကို ချက်ချင်းအသက်သွင်းပြီး ကောင်းကင်လျှပ်စီးကို နောက်တစ်ကြိမ်ဆင့်ခေါ်သည်။ ဤတစ်ကြိမ်တွင် လိမ့်ဆင်းလာသည့် လျှပ်စီးတန်းများက မသေမျိုးမီးတောက်များနှင့် အချိုးညီစွာ ပေါင်းစပ်သွားသည်။ ပေါက်ကွဲထွက်မသွားတော့။

ကောင်းကင်လျှပ်စီးက မြေပြင်မှမီးတောက်များကို ဖြစ်ပေါ်စေသည်။ ကမ္ဘာဦးကပ်ဆိုးတစ်ခုနှင့်တူသည်။ ပြိုင်ဘက်ကင်းစွမ်းအားရှိသည်။ မသေမျိုးသုံးပါးကောင်းကင်လျှပ်စီးထက် ပိုကြောက်စရာကောင်းသည်။ မြနက်များ တစ်မျှင်ခြင်းပျောက်ကွယ်သွားသည်။ မြူနက်မသေမျိုး ယင်ထန်တို့နှစ်ယောက်ကို ယာယီလွှတ်ပေးလိုက်ရသည်။

မသေမျိုးမီးတောက်နှင့်မှော်ရေခဲများနှင့်အတူ ကိုးဆမသေမျိုးရောက်လာသည်။ မြူနက်မသေမျိုးကို အံတင်းတင်းကြိတ်၍စိုက်ကြည့်သည်။

ဓာတ်ငါးမျိုးဂိုဏ်းမှ သခင်ထန်ခွေ့နှင့် တာအိုဆွေးနွေးနေစဉ် အနောက်ဘက်ဆီမှ မသေမျိုးတိုက်ပွဲစွမ်းအင်လှုပ်ရှားမှုကို သူအာရုံခံမိသည်။ စွမ်းအင်လှိုင်းက ပြင်းထန်လွန်းသဖြင့် အဝေးမှပင် အာရုံခံနိုင်သည်။

စွမ်းအင်လှုပ်ရှားမှုကို အာရုံခံ၍ အရိုင်းနယ်မြေသို့ အမြန်လိုက်လာသည်။ လမ်းတစ်ဝက်တွင် စွမ်းအင်လှုပ်ရှားမှုပျောက်သွားသည်။ တိုက်ပွဲအဆုံးသတ်သွားသည့်သဘောဖြစ်သည်။ ပိုစိတ်ဝင်စားလာသဖြင့် သူဆက်လိုက်ခဲ့သည်။

အရိုင်းနယ်မြေနားသို့ရောက်ချိတ်တွင် ပိုပြင်းထန်သည့် စွမ်းအင်လှိုင်းများနှင့်ကြုံရသည်။ တိုက်ပွဲပြင်းအားက အစောပိုင်းမသေမျိုးတိုက်ပွဲထက် များစွာသာလွန်သည်။

ကျန်းရှန်ပြည်နယ်သို့ရောက်ချိန်တွင် မြူနက်မသေမျိုးက ချီလင်နှင့်ယန်ထန်ကို တစ်ပြိုင်တည်းထိန်းချုပ်ထားသည်ကို မြင်လိုက်ရသည်။ နောက်ထပ်ဆက်မတွေးအား‌တော့ဘဲ သူဝင်ပါရသည်။

အဆုံးစွန်အေးခဲနယ်မြေဖြင့် အချိန််စီးကြောင်းကိုနှေးလိုက်သည်။ မသေမျိုးမီးတောက်ကိုဆင့်ခေါ်၍ မြူနက်မသေမျိုးကို တိုက်ခိုက်သည်။

သို့သော် မသေမျိုးမီးတောက်တစ်ခုတည်းဖြင့် မြူနက်မသေမျိုးကို မထိန်းချုပ်နိုင်။

ထို့ကြောင့် ယန်ထန်က ကိုးဆသေမျိုး၏ရည်ရွယ်ချက်ကို နားလည်သဖြင့် ကောင်းကင်လျှပ်စီးဖြင့် အတူတွဲဖက်တိုက်ခိုက်ခြင်းဖြစ်သည်။

"ခြောက်ယောက်မြောက်မသေမျိုး..."

ကိုးဆမသေမျိုး၏ ဒေါသတကြီးအော်သံက မပြည့်စုံသေးမီ မြူနက်မသေမျိုးက လက်တစ်ချက်လှုပ်ရှားလိုက်သည်။ မြေပြင်မှ တောင်တန်းကိုးဆယ့်ကိုးခု ထိုးတက်လာပြီး ကိုးဆမသေမျိုးဆီ လွင့်ပျံသွားသည်။ တောင်တန်းများက သူ့ကိုထိရိုက်သည်။

တစ်တောင်ပြီးတစ်တောင် ပြိုကျသွားပြီး နောက်ဆုံးတောင်တန်းကျမှ အရှိန်ရပ်တန့်သွားသည်။

**************************

All Chapters