← Chapters

အခန်း ၁၂၄၇

Vol. 84 Ch. 1247

အခန်း ၁၂၄၇

Vol. 84 Ch. 1247

အခန်း (၁၂၄၇) ရောက်ပြီးမှတော့ မပြန်နဲ့

ကိုးဆမသေမျိုး မြူနက်မသေမျိုးလက်မှ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ရန်သူ့စွမ်းအားကို သိထားပြီးဖြစ်၍ မယှဉ်နိုင်မှန်းလည်းသိသည်။

ထိုခဏမှာပင် သူ့ခန္ဓာကိုယ်က မြူနက်မသေမျိုး၏ တိုက်ခိုက်မှုကြောင့် အကြိမ်များစွာပေါက်ကွဲထွက်သွားသည်။

"ပြောင်းမယ်"

ကိုးဆမသေမျိုး စရိုက်ပြောင်းလိုက်သည်။ ပိုဒေါသကြီးသည့်စရိုက်ကွဲက နေရာယူလာသည်။

ထိုစရိုက်က ဝေ့ဝိုက်မနေ။ မြူနက်မသေမျိုးကို ထိပ်တိုက်ရင်မဆိုင်နိုင်သဖြင့် နည်းလမ်းပြောင်းသည်။ မြေထွက်ပြေးပညာကို ချက်ချင်းထုတ်သုံးပြီး မြေထဲသို့အောင်းသည်။ ယင်ထန်တို့နှစ်ယောက်နှင့် ပူးပေါင်းဖို့ ပြန်ပေါ်လာသည်။

"အပြင်မှာဘယ်လိုလဲ။ တိုက်ပွဲပြီးပြီလား"

မုန်ကျင်းကျိုး ဖုန်ဒူနယ်မြေတွင် ဂဏာမငြိမ်ဖြစ်နေသည်။ အစောပိုင်းက ချီလင်အရေးနိမ့်နေသည်ကို သူခဏမြင်လိုက်သည်။ ပြိုင်ဘက်က မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။

ယခု အပြင်ဘက်တွင် လောင်လု ဘယ်လိုအခြေအနေရှိသည်မသိ။

"နောက်တစ်ခါ သွားကြည့်တာပေါ့လေ"

ပြီးခဲ့သည့်တစ်ခေါက်က ကိုယ်တစ်ပိုင်းထွက်ခဲ့သည်။ ယခု ဦးခေါင်းသာထွက်၍ကြည့်သည်။

ဒေါသတကြီးတိုက်လိုက်နေသည့် မသေမျိုးလေးယောက်ကို မြင်လိုက်ရသည်။ ကောင်းကင်တစ်ခုလုံး သွေးစွန်းနေသည်။ မြေပြင်များအက်ကွဲ ကြေမွနေသည်။ ကမ္ဘာ့အဆုံးသတ်ဟု ထင်ရသည်။

တိုက်ပွဲက ဘာကြောင့်ပိုပြင်းထန်လာသည်မသိ။

သူတုန်လှုပ်သွားပြီး အမြန်ခေါင်းပြန်လျှိုသည်။

ပြန်မဝင်မီ မျက်လုံးထောင့်မှ လုယန်ခုန်ပေါက်ပြေးလွှားနေသည်ကိုမြင်လိုက်သည်။ ဒုက္ခရောက်နေဟန်ရှိသည်။

ရုတ်တရက် ချီလင်က ခွာနှစ်ဘက်ကိုမြှောက်၍ ယင်ထန်နှင့်ကိုးဆမသေမျိုးကို ပေါက်ချလိုက်သည်။ မသေမျိုးနှစ်ယောက် နောက်ဘက်သို့ ခြေလေးငါးလှမ်းရိုင်သွားပြီး ပြိုင်တူအော်ဟစ်ကြသည်။

"ငါအရှုံးပေးပါတယ်"

ရှင်သန်မှုအရိယဖလစည်းမျဉ်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ချီလင်၏ကျင့်စဉ်စွမ်းအား ပိုတိုးတက်လာသည်။ ရုပ်ခန္ဓာလည်း ပြိုင်ဘက်ကင်းလောက်အောင် သန်မာလာသည်။ ယခုသူသည် ရှေးဟောင်းမသေမျိုးလေးယောက်တွင် တကယ်အားအကြီးဆုံးဖြစ်သည်။

ယင်ထန်နှင့်ကိုးဆအတူပေါင်း၍ အနန္တကောင်းကင်လျှပ်စီး၊ အဖျက်စွမ်းအား၊ ယင်နှင့်ယန် ဓာတ်ငါးမျိုး အားလုံးရောယှက်ဖန်တီးသည်။ သူတို့ကိုမြင်သည့် ဘယ်ကျင့်ကြံသူမဆို သွေးဆုတ်ဖြူရော်သွားမည်။ စွမ်းအင်အားလုံးရောယှက်နေသည့် လျှပ်စီးများက မယုံနိုင်စရာစွမ်းအားမျိုး ပါဝင်သည်။

မသေမျိုးတစ်ဝက်တစ်ယောက်သာ ထိုလျှပ်စီးကို မသေမျိုးဆင်းရဲအဖြစ်ဖြတ်ကျော်လျှင် ဘယ်သူမှအသက်ရှင်နိုင်မည်မဟုတ်။

ကောင်းကင်လျှမ်းများသည့် လေးဆယ့်ကိုးဆင့်ဖြတ်နိုင်ဖို့မလွယ်ဆိုသည့် စည်းမျဉ်းအမြဲရှိသည်။ သို့သော် ဤတစ်ကြိမ် လုံးဝအခွင့်အရေးမရှိနိုင်။ ရှေးဟောင်းခေတ်ကတည်းက တစ်ခါမှမရှိဖူးသည့် ကြောက်စရာကပ်ဆိုးဖြစ်သည်။

အနန္တကောင်းကင်လျှပ်စီးက ကျယ်ပြန့်လွန်းသည်။ ဘယ်သူမဆိုမြင်ရုံနှင့် ရူးမတတ်ဖြစ်သွားနိုင်သည်။

မြူနက်မသေမျိုးက မြေပြင်ကို ခြေတစ်ချက်ဆောင့်လိုက်သည်။ မြေပြင်အက်ကွဲပြီးနောက် မသေမျိုးစွမ်းအားပါသည့် တောင်တန်းများက ခိုင်မာသည့် အကာအကွယ်တစ်ခု ဖြစ်လာသည်။ သို့သော် ကောင်းကင်လျှပ်စီးကို အသက်သုံးရှူစာပင် မခံနိုင်ဘဲ ပြိုကျသွားသည်။

အရိယဖလနှစ်ခုစွမ်းအား အတူပေါင်းစည်းဖို့ဆိုသည်မှာ ရေရှည်လေ့ကျင့်မှုမရှိဘဲ ဖြစ်နိုင်မည်မဟုတ်။

"ငါ့ကိုအနိုင်ယူဖို့ မင်းတို့အတော်ကြိုးစားထားကြတာပဲ"

မြူနက်မသေမျိုးက တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ လျှပ်စီးရင်ဆိုင်နေသူနှင့်မတူ။ အထက်တွင်ထိုင်နေသည့် အကဲဖြတ်သူလေသံမျိုးဖြစ်သည်။

ယင်ထန်က တိုက်ပွဲကွင်းကို ထိန်းချုပ်သည်။ လောကကို မီးဖိုအဖြစ်၊ ဝိညာဉ်စွမ်းအင်ကို မီးစာအဖြစ်၊ အနန္တကောင်းကင်လျှပ်စီးကို မီးတောက်အဖြစ်သုံး၍ မြူနက်မသေမျိုးကို သန့်စင်ရန် ကြိုးစားသည်။

"ဪ မင်းတို့ကငါ့ကို မသေမျိုးပစ္စည်းအဖြစ် သန့်စင်မယ်ပေါ့။ နည်းလမ်းကမဆိုးပါဘူး"

မြူနက်မသေမျိုးဘေးပတ်လည်မှ မြူခိုးများ ပို၍နက်မှောင်သိပ်သည်းလာသည်။ သူသန့်စင်ထားသည့် မြူနက်များအပေါ် အနန္တလျှပ်စီးက တကယ်သက်ရောက်သည်။

ကောင်းကင်လျှပ်စီးက အဆုံးမရှိသလိုထင်ရသည်။ မြူနက်များကလည်း ထိုသို့ပင်ဖြစ်သည်။ ပြင်းထန်သည့်တိုက်ပွဲကွင်းက ထူးထူးခြားခြားလက်ရည်မျှနေသည်။

ရုတ်တရက် နတ်ဆိုးဘုရင်အော်သံက ထိုမျှခြေကို ဖျက်လိုက်သည်။ ချီလင်ကအနန္တလျှပ်စီးကြားတွင် ပုန်းကွယ်ပြီး မြူနက်မသေမျိုး အာရုံလွင့်လာချိန်တွင် လျှပ်တစ်ပြက်ဝင်တိုက်သည်။

သို့သော် မြူနက်မသေမျိုးက ချီလင်ကိုရင်ဆိုင်ဖို့ သူ့အာရုံကို ခွဲထုတ်ထားနိုင်သည်။ ချီလင်ဆီ လက်သီးတစ်ချက်ထိုးလိုက်သည်။ ချီလင်ကသူ့ကို အရိပ်တစ်ခုလို ဖြတ်သွားသည်။ သူလက်သီးချက်လွဲသွားသည်။

"ပုံရိပ်ယောင်လား။ မဟုတ်ဘူး...ဒါက အရိပ်မဲ့ပညာပဲ"

မဟာနတ်စွမ်းအားပညာဖြစ်သည်။ လူတစ်ယောက်ကို ခဏတာပုံရိပ်အဖြစ်ပြောင်းနိုင်သည်။ ပုံရိပ်ဖြစ်နေချိန်တွင် ရန်သူက ကိုယ့်ကိုမတိုက်နိုင်သလို ကိုယ်ကလည်း ရန်သူကိုမတိုက်နိုင်။

ချီလင်က မြူနက်မသေမျိုးနောက်သို့ရောက်သွားသည်။ ဟာကွက်တစ်ခုပွင့်လာသည်။

စွမ်းအားကုန်စုစည်းပြီး ခွာနှစ်ဘက်ဖြင့် မြူနက်မသေမျိုး၏ကျောပြင်ကို ကန်ပစ်လိုက်သည်။

နောက်ကျောမှ မြူနက်များ ချက်ချင်းလျော့ပါးသွားသည်။

ထိုမျှဖြင့်မလုံလောက်သေး။

ချီလင် ပါးစပ်ကိုဟ၍ ကိုးဆမသေမျိုးယူလာသည့် မသေမျိုးပစ္စည်းများ ထွေးထုတ်လိုက်သည်။

ထိုပစ္စည်းများကို အရင်ကဘယ်လိုသုံးခဲ့သည်ဖြစ်စေ ယခု ရည်ရွယ်ချက် တစ်ခုသာရှိသည်။

ဖောက်ခွဲဖို့။

မသေမျိုးပစ္စည်းများ တစ်ပြိုင်တည်းပေါက်ကွဲသွားသည်။ အနန္တလျှပ်စီးကြားမှာပင် အရောင်တောက်နေဆဲဖြစ်သည်။ နေဝန်းထဲမှ ပိုးစုန်းကျူးများနှင့်တူသည်။

"ဘုန်း"

ပေါက်ကွဲအားက ပြင်းထန်သည်။ အနီးဆုံးတွင်ရှိနေသည့် ချီလင်လည်း ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်မတတ်ဖြစ်သွားသည်။ အရိုးများစွာ အရည်ပျော်နေသည်။

သို့သော် နာကျင်ဟန်မရှိဘဲ ရယ်မောနေသည်။

"ဟားဟားဟား၊ မင်းဒီလိုဖြစ်မယ် ထင်မထားဘူးမဟုတ်လား"

မြူနက်မသေမျိုးဘေးပတ်လည်မှ မြူနက်များ ပွင့်ထွက်သွားသည်။ သူ့နောက်ကျောလည်း ဒဏ်ရာရသွားသည်။

ကိုးဆမသေမျိုးပေါ်လာပြီးနောက်ပိုင်း ချီလင် ယခုမှစကားစပြောခြင်းဖြစ်သည်။

မသေမျိုးသုံးယောက် အသံတိတ်တိုက်ခိုက်ကြသည်။ ခေါင်းလည်းမငြိမ့် အကြည့်လည်းမဖလှယ်ခဲ့။ သို့သော် ဟာကွက်မရှိ ပူးပေါင်းတိုက်ခိုက်နိုင်သည်။ သူတို့စိတ်ထဲတွင် အကြိမ်ပေါင်းသန်းချီ လေ့ကျင့်ခဲ့သည့်ဗျူဟာဖြစ်သည်။

မြူနက်မသေမျိုးနောက်ကျောတွင် မြူနက်များ ပြန်စုစည်းလာသည်။ သူဖြေးညှင်းစွာနောက်လှည့်လာပြီး ချီလင်ကိုတိုက်ခိုက်ရန်ပြင်သည်။

ချီလင်က လျှပ်စီးခန္ဓာအသွင်ပြောင်း၍ ချက်ချင်းပေါက်ကွဲသွားသည်။ လျှပ်စီးမျှင်များအဖြစ်ပြောင်းလဲသွားပြီး အဝေးတစ်နေရာတွင် ပြန်စုစည်းသည်။ အနန္တလျှပ်စီးပင်လယ်တွင် နောက်တစ်ကြိမ် ဝင်ပုန်းသည်။

"အတော်စိတ်ရှုပ်စရာကောင်းတာပဲ"

သုံးယောက်လုံး အစီအစဉ်အောင်မြင်ပြီဟုတွေး၍ ဖိတိုက်ခိုက်ရန်ပြင်နေစဉ်မှာပင် မြူနက်မသေမျိုး နေရာမှ ရုတ်တရက် ပျောက်သွားသည်။

ကောင်းကင်လျှပ်စီးပင်လယ်က လှိုင်းထန်နေသည်။ မြူနက်မသေမျိုးသာမက ယင်ထန်တို့သုံးယောက်လည်း မသေမျိုးဝိညာဉ်အာရုံ ထုတ်သုံးမရ။

လျှပ်စီးကို ပြန်မရုတ်သိမ်းလျှင် မျက်လုံးဖြင့်ရှာရုံသာရှိသည်။

"သူကမင်းတို့နောက်မှာဟေ့"

မြူနက်မသေမျိုး နည်းလမ်းတစ်ခုသုံး၍ နေရာမှပျောက်သွားပြီး ယင်ထန်တို့နှစ်ယောက်နောက်တွင် ဖျတ်ခနဲပေါ်လာသည်ကို ချီလင်မြင်နေရသည်။

ယန်ထန်တို့နှစ်ယောက် အရိပ်မဲ့ပညာသုံး၍ ရှောင်ထွက်ရန်ကြိုးစားသည်။ သို့သော် မြူနက်မသေမျိုးကလည်း အရိပ်မဲ့ပညာကိုသုံးသည်။

အရိပ်မဲ့ပညာကို တစ်ပြိုင်တည်းသုံးလျှင် မသုံးသည်နှင့်မခြားတော့။ မြူနက်မသေမျိုးက သူတို့ကို ထိကိုင်နိုင်သည်။

မြူနက်မသေမျိုးက လက်ကိုဆန့်ထုတ်၍ သူတို့ဦးခေါင်းကို ဖမ်းချုပ်သည်။ ဦးခေါင်းရိုးကျိုးကြေတော့မည့် လက္ခဏာပြလာသည်။

သူ့လက်နှစ်ဘက်လုံးကို အားစိုက်၍ ခေါင်းနှစ်ခု အတူဆောင့်တိုက်ပစ်လိုက်သည်။ ခြောက်ခြားစရာကောင်းသည့် အရိုးရိုက်သံ ပေါ်လာသည်။ မခံမရပ်နိုင်အောင် နာကျင်သော်လည်း ဘယ်သူမှမအော်ကြ။

သူတို့မအော်သည်ကို မကျေနပ်သေးသဖြင့် မြူနက်မသေမျိုးက သစ်စေ့တစ်ချို့ အောက်သို့ချလိုက်သည်။ ဆူးချွန်များ ထိုးထွက်လာသည်။

ထို့နောက် နှစ်ယောက်လုံးကိုဆွဲ၍ အထက်သို့ပျံတက်သွားသည်။ ဆူးချွန်များပေါ် ရိုက်ချလိုခြင်းဖြစ်သည်။

သို့သော် ပျံတက်ရင်း လမ်းတစ်ဝက်အရောက်တွင် ဘုန်းခနဲအသံတစ်ခုထွက်လာသည်။ အထက်သို့ ဆက်တက်၍မရတော့။

မြူနက်မသေမျိုးက မမြင်ရသည်နံရံကို လက်သီးဖြင့် ထိုးချသည်။ သို့သော် လှိုင်းတွန့်သွားရုံသာဖြစ်သည်။

ပျံ့ထွက်သွားသည့်လှိုင်းတွ့န်များကြောင့် မှော်စက်ဝန်းက မြင်သာထင်သာဖြစ်လာသည်။

မှော်စက်ဝန်းအကွေးအဝိုက်အရ ကျုန်းရှန်ပြည်နယ်တစ်ခုလုံး အလုံပိတ်ထားခြင်းဖြစ်သည်။

သူတိုက်ခိုက်နေချိန်တွင် လူတစ်ယောက်က မှော်စက်ဝန်းတစ်ခု တည်ဆောက်ခဲ့သည်။ သူလုံးဝသတိမထားမိခဲ့။

"ဘယ်သူလဲကွ"

ယင်ထန်နှင့်ကိုးဆမသေမျိုးကို သူလွှတ်ချလိုက်သည်။ ထိုနှစ်ယောက်သည် ယခု ဘာမှအရေးမပါတော့။

"ရောက်လာပြီးမှတော့ ထွက်သွားဖို့မစဉ်းစားနဲ့"

လေဟာနယ်တွင် လှိုင်းတွန့်များဖြစ်လာပြီးနောက် ယွမ်ကျိပေါ်လာသည်။ သူ့မျက်နှာက အပြုံးအရယ်မရှိ။

ဘာစွမ်းအင်ရောင်မှ မထုတ်လွှတ်ဘဲ ထိုအတိုင်းရပ်နေရုံဖြင့် တိုက်ပွဲကွင်း၏ အာရုံစုစည်းရာဖြစ်လာသည်။ နှိုင်းယှဉ်မရသည့် မျှော်လင့်ချက်မျိုး ပေးစွမ်းနိုင်သည်။

အမှန်တော့ ချီလင်နှင့် အင်ပါယာသခင် တိုက်ပွဲဖြစ်ကတည်းက အခြေအနေမကောင်းမှန်း လုယန်သိသည်။ ပဲဝါနတ်မယ်ကလည်း မလှုပ်ရှားနိုင်။ ထို့ကြောင့် အမယွမ်ကို သူချက်ချင်းခေါ်လိုက်သည်။

သို့သော် ချီလင်က အင်ပါယာသခင်ကို အနိုင်ယူပြီးနောက် ယွမ်ကျိ လူလုံးထွက်ပြဖို့မလိုတော့။ ချီလင်ပြောသည့် အတိတ်ဇာတ်ကြောင်းကို အသံတိတ်ိနားထောင်နေခဲ့သည်။

ထို့နောက် နောက်ကွယ်မှရန်သူ ပေါ်လာသည်။ လူဝင်စားအရိယဖလကို လုယူဖို့ကြိုးစားသည်။ ယွမ်ကျိ လှုပ်ရှားရသည်။

အရှေ့ပင်လယ်တိုက်ပွဲတွင် ပဲပြာအရှင်က ယွမ်ကျိကို မနိုင်သဖြင့် နည်းလမ်းစုံသုံး၍ ထွက်ပြေးခဲ့ဖူးသည်။

မြူနက်မသေမျိုးက ပဲပြာအရှင်ထက် ပိုစွမ်းအားကြီးမှန်း ယွမ်ကျိသိသည်။ မြူနက်မသေမျိုး ထွက်ပြေးလျှင် သူနှင့်နတ်မယ်ပင် တားနိုင်မည်မဟုတ်။

ထိုသို့ထွက်မပြေးနိုင်အောင် မဟာရှား၏နိုင်ငံ့စွမ်းအားကိုသုံး၍ ကျုန်းရှန်ပြည်နယ်တွင် မှော်စက်ဝန်းတစ်ခု ဖန်တီးခဲ့သည်။

ယင်ထန်မသေမျိုး အော်ရယ်မိမတတ်ဖြစ်သွားသည်။ လုယန်ရှိနေလျှင် ယွမ်ကျိ သေချာပေါက်ပေါ်လာမည်မှန်း သူသိသည်။

ယခုချိန်ထိ သူတို့ကြိုးစားတောင့်ခံနိုင်ခဲ့ကြသည်။

***************************************

All Chapters