← Chapters

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အခန်း (၁၂၄၈) မင်းဘယ်သူလဲ

ကျုန်းရှန်ပြည်နယ်အထက်တွင် လေထုက မှုန်မှိုင်းနေသည်။ အချိန်များ ရပ်တန့်နေသလိုရှိသည်။ ဘယ်သူမှမလှုပ်ရှားကြ။

လုယန် စိတ်သက်သာရာရသွားသည်။ အမယွမ်က မြူနက်စွမ်းအား သတိမထားမိခင် မှော်စက်ဝန်းတည်ဆောက်နိုင်ခဲ့သည်။

သူမသိလိုက်ဘဲ အင်ပါယာသခင် သူ့ဘေးတွင်ပေါ်လာသည်။ မှော်စက်ဝန်းတည်ဆောက်ရင်း ယွမ်ကျိက ထွက်ပြေးနေသည့် အင်ပါယာသခင်ကို ဖမ်းဆီးနိုင်ခဲ့သည်။ လုယန်ကို စောင့်ကြည့်ဖို့ အပ်နှံထားသည်။

သို့သော် အမယွမ်က သူ့ကိုအထင်ကြီးလွန်းနေသည်ဟု ခံစားရသည်။

"အင်ပါယာသခင်၊ ခင်ဗျား ထွက်ပြေးဖို့မစဉ်းစားပါနဲ့လို့ ကျုပ်အကြံပေးချင်တယ်"

လုယန်က ဖြေးညှင်းစွာပြောလိုက်သည်။

"ခင်ဗျားက လူဝင်စားအရိယဖလသန္ဓေကို ဝါးမျိုဖို့ ကြိုးစားခဲ့တယ်။ မြူနက်မသေမျိုးက အနားမှာရှိနေတော့အားလုံးကြားတယ်။ သူက ခင်ဗျားကိုအလွတ်ပေးမယ်ထင်နေတာလား"

အင်ပါယာသခင် မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေသည်။ လုယန်စကားမှန်သည်ဟု သူဝန်ခံရမည်။ မြူနက်မသေမျိုး၏ စွမ်းအားက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။

မှော်စက်ဝန်းကိုသာ သူချိုးဖျက်လျှင် သူသာလွတ်မြောက်မည်မဟုတ်။ မြူနက်စွမ်းအာရှင်လည်း လွတ်မြောက်သွားမည်။

မြူနက်မသေမျိုး သူ့ဆီလာရှာချိန်ရောက်လျှင် ပြေးလမ်းရှိတော့မည်မဟုတ်။

မြူနက်မသေမျိုးက ပြိုင်ဘက်ကိုကြည့်သည်။ ပထမဆုံးအကြိမ် သူ့လေသံလေးနက်တည်ကြည်လာသည်။ မြူနက်များက အဆုံးထိကျုံ့ဝင်သွားသည်။ သံချပ်ကာနှင့်တူသည့်အရာတစ်ခု ဖြစ်ပေါ်လာသည်။

ထိုနောက် ခပ်ညှင်းညှင်းရယ်လျက်

"ယွမ်ကျိ၊ လက်ရှိမင်းအခြေအနေနဲ့ မင်းဘယ်နှကြိမ်ထပ်ပြီး တိုက်ခိုက်နိုင်မှာလဲ။ အချိန်ကြာလာတာနဲ့အမျှ မင်းကတာအိုနဲ့ တဖြေးဖြေးပေါင်းစပ်သွားမှာမဟုတ်လား။ မင်းပိုတိုက်ခိုက်လေ ဒီဖြစ်စဉ်ပိုမြန်လေပဲ။

ပြီးရင် ဘာဖြစ်လာမလဲ။ မင်းတကယ် တာအိုနဲ့မြန်မြန်ပေါင်းစပ်ချင်တာလား"

ထိုစကားကြောင့် ယင်ထန်တို့သုံးယောက် အံ့အားသင့်သွားသည်။ တာအိုနှင့်ပေါင်းစပ်သည်ဆိုသည်က ဘာစကားမှန်းမသိ။

စိတ်အေးလက်အေးဖြစ်နေသည့် လုယန်လည်း စိုးရိမ်ပူပန်လာသည်။ ယင်ထန်တို့သုံးယောက်က အသေးစိတ်အကြောင်းများကို မသိသော်လည်း သူသိသည်။ အမယွမ်က တာအိုနှင့်ပေါင်းစပ်ခါနီးအခြေအနေ ဖြစ်လောက်သည်။

ပထမတစ်ကြိမ်နှင့်မတူ။ ယခုတစ်ကြိမ် ဤအခြေအနေမှ ရုန်းမထွက်နိုင်လောက်။

မြူနက်မသေမျိုးစကားကြားသော်လည်း ယွမ်ကျိမျက်နှာက အပြောင်းအလဲမရှိ။ တည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောသည်။

"ရှင်မှားတာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကျွန်မနောက်ထပ် အများကြီးတိုက်ခိုက်ချိန်ရှိသေးတယ်။ ဒုတိယတစ်ချက်က ရှင်ကကျွန်ပြိုင်ဘက်မဟုတ်ဘူး"

ယွမ်ကျိလေသံ သိသိသာသာပြောင်းလဲသွားသည်။ ပြင်းထန်သည့်ဒေါသရိပ်များပြည့်နေသည်။ ပုံမှန်ဟန်ပန်နှင့် များစွာကွဲလွဲနေသည်။

"နင့်ပြိုင်ဘက်က ငါပါ"

ရှိနေသည့်လူအားလုံး ထိုအသံရှင်ကို သိကြသည်။ အခြေအနေကို နားလည်သွားသည်။

"ထာဝရနတ်မယ်က ယွမ်ကျိခန္ဓာကိုယ်ကို ငှားထားတာလား"

ယင်ထန် အံ့အားသင့်သွားသည်။

မြူနက်မသေမျိုးနှင့် နတ်မယ်သည် ကမ္ဘာမကြေရန်သူများဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိက ထိုတိုက်ပွဲတွင် စည်းကျော်ပြီး ဝင်စွက်မည်မဟုတ်။

နတ်မယ်ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားသည်။ ရှောင်ယွမ်ခန္ဓာကိုယ်က အတော်အသုံးဝင်သည်။ သူအားပြည့်ခွန်ပြည့် သုံးနိုင်သည်။

"ဘုန်း"

နတ်မယ်က မြူနက်မသေမျိုးကို တုံ့ပြန်ချိန်မပေး။ သူ့မျက်လုံးများက ဓားသွားလိုအေးစိမ့်နေသည်။ တောက်ပသည့်လျှပ်စီးအသွင်ပြောင်း၍ ကောင်းကင်ကိုဖြတ်သွားပြီး မြူနက်မသေမျိုးကို ပြင်းထန်စွာထိုးပစ်လိုက်သည်။

မြူနက်မသေမျိုးကလည်း အကြောက်အရွံ့မရှိ ထိပ်တိုက်ရင်ဆိုင်သည်။

လက်သီးများ တိုက်မိသည်။ မြူနက်ရစ်ဆိုင်းနေသည့် လက်သီးက နတ်မယ်လက်သီးဒဏ်ကို မခံနိုင်ဘဲ ချက်ချင်းလွင့်ပြယ်သွားသည်။

"ဒီစွမ်းအားမျိုးက ယင်ထန်တို့သုံးယောက်ပေါင်းမှ ရနိုင်တာမျိုးပဲ"

မြူနက်များ ချက်ချင်းပြန်စုစည်းလာသည်။ မြူနက်မသေမျိုးမျက်လုံးများကလည်း အေးစက်တင်းမာနေသည်။

"မင်းရဲ့ခန္ဓာကိုယ်အသစ်က တကယ်အသုံးဝင်ပုံပဲ"

ယွမ်ကျိခန္ဓာကို ငှားထားသဖြင့် နတ်မယ်ကိုကျော်ဖြတ်ပြီး လူဝင်စားအရိယဖလကို လုယူမည်ဆိုလျှင် အတော်အထိနာလောက်သည်။

တစ်ခြားအခွင့်အလမ်းရှာမှဖြစ်မည်။

မြူနက်မသေမျိုး နတ်မယ်နှင့် ဆက်တိုက်ခိုက်သည်။ မသေမျိုးလက်သီးပညာက အလွန်ကြမ်းတမ်းသည်။ မြူနက်မသေမျိုး ဆက်တိုက်နောက်ဆုတ်နေရသည်။ မှော်စက်ဝန်းအစွန်းထိ ရောက်လာသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ မှော်စက်ဝန်းနံရံကို ထိုးလိုက်သည်။ သို့သော် သူထင်ထားသည်နှင့်မတူ။ ပွင့်ထွက်မသွားပဲ လှိုင်းတွန့်ထလာသည်။ လှိုင်းတွန့်များက နံရံတလျှောက် ပျံ့နှံ့သွားပြီး လက်သီးအားကိုစုပ်ယူသည်။

အချိန်သာရလျှင် ထိုနံရံမျိုးက သူ့ကိုမတားနိုင်။ သို့သော် နတ်မယ်က သူ့ကိုအချိန်မပေး။

"ထွက်ပြေးဖို့မစဉ်းစားနဲ့"

နတ်မယ် ရှေ့သို့တက်သွားသည်။ သူဟန်ပန်က လှပကျော့ရှင်းသည်။

နှစ်ယောက်သား အကြိမ်ကြိမ်တိုက်ခိုက်သည်။ လေဟာနယ်ကြေမွသွားသည်။ ဂယက်လှိုင်းများ တုန်ခါနေသည်။ ကောင်းကင်တလျှောက် တာအိုသံစဉ်များ ကောင်းကင်တလျှောက် ပဲ့တင်ထပ်နေသည်။

ရှေးဟောင်းမှော်သင်္ကေတများ ခဏတာလက်လက်သွားပြီးနောက် အလင်းမှုန်များအဖြစ်ပြောင်းလဲသွားသည်။

ယင်ထန်တို့သုံးယောက် နတ်မယ်ထိုမျှ ဒေါသထွက်နေသည်ကို မမြင်ဖူးကြ။ နတ်မယ်လမ်းကြောင်းတလျှောက်မှ အရာအားလုံး ပျက်စီးသွားသည်။

သူတို့လည်း ဝင်တိုက်ခိုက်ချင်သည်။ သို့သော် မဖြစ်နိုင်။ ထိုမျှပြင်းထန်သည့် တိုက်ပွဲမျိုးတွင် မြန်မြန်လှုပ်ရှားခြင်းသည် မြူနက်မသေမျိုးကိုမထိဘဲ နတ်မယ်ကိုထိသွားနိုင်သည်။

မြူနက်မသေမျိုးကို နတ်မယ်ဒေါသထွက်သည်က သူ့ကိုသတ်၍သာမဟုတ်။ သူ့သေဆုံးမှုကြောင့် မသေမျိုးလေးယောက် ဝမ်းနည်းနာကျင်ခဲ့ရသည်။ မှတ်ဉာဏ်ပျောက်နေသော်လည်း ချင်ဟဲ၊ ရှောင်လင်းနှင့် လျန်ယိတို့လည်း နှလုံကြေကွဲခဲ့ရသောကြောင့် ဖြစ်သည်။

ထို့နောက် သနားစရာ မုန်းတီးစရာ ပဲပြာအရှင်ပေါ်လာသည်။ မီးနိုင်ငံ ပျက်စီးသည်။ နှစ်သုံးသိန်းကြာအောင် မသေမျိုးလေးယောက် ပုန်းအောင်းနေရသည်။

ထိုအရာအားလုံး သူ့ဆီမှ မြစ်ဖျားခံသည်။ ထိုလူများအပေါ် သူ့အကြွေးတင်သည်ဟု ခံစားရသည်။

မသေမျိုးလက်သီးက အားပြင်းသည်။ ထည်ဝါသည်။ လွှမ်းမိုးနိုင်သည်။ ဘယ်ရန်သူမဆို ထိတ်လန့်တုန်လှုပ်ရသည်။

ရှေးဟောင်းမသေမျိုးငါးယောက်က အရိယဖလလမ်းစဉ်ကို တီထွင်ခဲ့သည်ဆိုသော်လည်း နတ်မယ်တစ်ယောက်တည်းလည်း လုပ်နိုင်သည်။ တစ်နည်းဆိုသော် ရှေးဟောင်းခေတ်တွင် မသေမျိုးတစ်ဝက်များ မှိုလိုပေါခဲ့သည်မှာ နတ်မယ်ကျေးဇူးကြောင့်ဖြစ်သည်။

နတ်မယ်၏လက်သီးပညာက အပြောင်းအလဲများသည်။ ခန့်မှန်းမရ။ တရားသေပုံစံမရှိ။ သို့သော် အားလုံးက မသေမျိုးလက်သီးပညာ၏ အပြောင်းအလဲများသာဖြစ်သည်။

ထိုလက်သီးပညာကိုမြင်သည်နှင့် ချီလင်တစ်ကိုယ်လုံး နာကျင်သလိုဖြစ်လာသည်။ ရှေးဟောင်းခေတ်မှအဖြစ်များကို ပြန်သတိရသည်။

မသေမျိုးလက်သီးပညာသည် ဆေးပင်များမှ အရင်းတည်လာသည်။ လက်သီးချက်တိုင်းက ဆေးအာနိသင်တစ်မျိုးကို ကိုယ်စားပြုသည်။ လက်သီးပညာတစ်မျိုးကို အကြိမ်ရေများများရင်ဆိုင်ပြီးလျှင် အကျွမ်းတဝင်ရှိလာတတ်သည်။

သို့သော် နတ်မယ်၏မသေမျိုးလက်သီးပညာက ဆေးမြစ်မျိုးစုံ၏ အာနိသင်များ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရင်းနှီးကျွမ်းဝင်ဖို့မလွယ်။

မြူနက်များ အဆက်မပြတ်စုစည်းနေသော်လည်း မြူနက်မသေမျိုးခန္ဓာကိုယ်ပေါ်မှ မြူခိုးများ တုန်ခါသွားသည်။ ထိုမြူနက်များကို ကြိုးစားထိန်းထားရသည့်သဘောဖြစ်သည်။

နတ်မယ် ဒေါသကိုထိန်းထားသည်။ မြူနက်မသေမျိုးက အရိယဖလမသုံးသေး။ ထို့ကြောင့် သူလည်းမသုံး။ ထိုလူကို တန်းတူအနေအထားဖြင့် အနိုင်ယူချင်သည်။

မျက်နှာကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း မြူနက်မသေမျိုး နားလည်လာသဖြင့် တိုက်စစ်မှ ခံစစ်အနေအထားသို့ ပြောင်းလိုက်သည်။

ယာယီထိန်းထားနိုင်သော်လည်း နတ်မယ်၏လက်သီးများက တဖြေးဖြေးပို၍ မြန်ဆန်ပြင်းထန်လာကြောင်း သူသတိထားမိသည်။

အမှန်တော့ တိုက်ပွဲစချိန်က နတ်မယ် စွမ်းအားမှန်ထုတ်မသုံးခဲ့၍မဟုတ်။ ကျင့်စဉ်စနစ်ချင်းကွဲပြားခြင်းနှင့် ယွမ်ကျိခန္ဓာကိုယ်ကို သူအသားမကျသေးခြင်းကြောင့်ဖြစ်သည်။

တိုက်ခိုက်နေရင်း ယခု တဖြေးဖြေးအသားကျလာသည်။

နတ်မယ်မျက်လုံးများ တောက်ပနေသည်။ လက်သီးများ အရောင်လက်နေသည်။ နောက်ဆုံးတွင် ကျယ်လောင်သည့် လက်သီးသံတစ်ချက် ထွက်လာသည်။ မြူနက်မသေမျိုး၏လက်မောင်းနှစ်ဘက်ကို ထိုးဖောက်ပြီး မျက်နှာကိုထိသွားသည်။

မြူနက်မသေမျိုးက တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းမှ မြူနက်များကို စုစည်းရန်ကြိုးစားသော်လည်း မရတော့။ ထိုလက်သီးချက်ကို မတားနိုင်။

"အရိပ်ထဲမှာ ပုန်းနေပြီး မျက်နှာမပြရဲတဲ့လူ။ နင်ဘယ်သူလဲဆိုတာ ငါကြည့်မယ်"

"ဘုန်း"

မြူနက်မသေမျိုးမျက်နှာ ပေါ်လာသည်။ နတ်မယ်ရော ယင်ထန်တို့သုံးယောက်ပါ ရင်းနှီးသည့်လူဖြစ်သည်။

"ယော်စိန့်"

ရှေးဟောင်းခေတ်တွင် မဟာနတ်စွမ်းအားပညာ သို့မဟုတ် စကားလုံးမှော်ပညာကို ကျွမ်းကျင်သည့် တစ်ဦးတည်းသောစွမ်းအားရှင်...ယော်စိန့်။

*******************************

All Chapters