အခန်း ၁၂၅၁
Vol. 84 Ch. 1251
အခန်း (၁၂၅၁) တစ်ခြားခန္ဓာနှင့်ဖောက်ခွဲခြင်း
"မြက်တစ်ရာခြောက်သွေ့လက်သီး"
မြက်များ နွမ်းသွားမည်။ သစ်ပင်များခြောက်သွေ့သွားမည်။ ယော်စိန့်ခန္ဓာကိုယ်က လေလျှော့လိုက်သည့် ပူဖောင်းတစ်ခုလို ပြားချပ်သွားသည်။ အသက်ဓာတ်များ ထိုးကျသွားသည်။ သက်တမ်းအကန့်အသတ်မရှိဟုထင်ရသည့် မသေမျိုးတစ်ယောက်ပင် ထိုမျှလျင်မြန်သည့် အသက်ဓာတ်လျော့ပါးမှုကို ခံနိုင်ရည်မရှိ။ ထိုအတိုင်းဆက်သွားလျှင် ဆွေးမြေ့ပျက်စီးခြင်းငါးမျိုးကို ကြုံရတော့မည်။
"-အသက်ဓာတ်ထိန်းညှိမယ်"
ယော်စိန့် နောက်တစ်ကြိမ် စကားလုံးမှော်ပညာကိုသုံးသည်။ လျင်မြန်စွာလျှော့ပါးနေသည့် အသက်ဓာတ်များ ချက်ချင်းရပ်တန့်သွားသည်။ ဆုံးရှုံးသွားသည့်အားအင်များ ပြန်ပြည့်လာသည်။
အချိန်ပြန်လည် စီးဆင်းလာသည်။ ထို့နောက် ပုံမှန်ပြန်ဖြစ်လာသည်။
"အချိန်ရပ်သွားတာလား"
ယော်စိန့် အချိန်ရပ်ဖို့ စည်းမျဉ်းချပြီးနောက် လုယန် သိစိတ်ကင်းမဲ့သွားသည်။
နတ်မယ်နှင့် အမယွမ်ကတော့ အချိန်စီးဆင်းဆောင် ပြန်လုပ်နိုင်စွမ်းမရှိသည်မှာ သေချာသည်။
ယော်စိန့်သာ ထိုသို့လုပ်နိုင်သည်။ အချိန်ရပ်လိုလျှင် ဘာကြောင့်ပုံမှန်ပြန်စီးဆင်းခိုင်းသည်မသိ။
"နောက်ပြောတဲ့ စကားလုံးမှော်စည်းမျဉ်းက အရင်တစ်ခုကို ဖျက်လိုက်တာဖြစ်မယ်။ ဒါမှမဟုတ် စည်းမျဉ်းနှစ်ခုတစ်ပြိုင်တည်းချမှတ်တာက သူ့အတွက်ဝန်ထုပ်ဝန်ပိုးများလွန်းလို့ဖြစ်မယ်"
လုယန် အခြေအနေကိုသုံးသပ်ပြီး စကားလုံးမှော်အရိယဖလသည် ပြိုင်ဘက်ကင်းအရိယဖလမဟုတ်ကြောင်း ကောက်ချက်ချသည်။
ယော်စိန့်သည် '-နတ်မယ်ကိုအနိုင်ယူမယ်''အလုံပိတ်လောကကိုဖွင့်မယ်'ဆိုသည့် စည်းမျည်းမျိုးတော့ လုံးဝမချမှတ်နိုင်။
ထို့ပြင် စကားလုံးမှော်ပညာသည် တိုက်ရိုက်စည်းမျဉ်းချမှတ်၍မရဘဲ တစ်ခြားနည်းလမ်းများသုံး၍ ရည်ရွယ်ချက်ပြည့်အောင် လုပ်ရသည်။
နောက်ဆုံးတစ်ချက်က သတ်မှတ်ထားသည့် အချိန်တစ်ခုအတွင်း စည်းမျဉ်းတစ်ခုသာ ချမှတ်နိုင်သည်။
စကားလုံးမှော်အရိယဖလသည် သဘာဝလောကအစီအစဉ်နှင့် အံ့ဩစရာကောင်းလောက်အောင် ဆန့်ကျင်နေသည်။ ယော်စိန့်ချမှတ်ခဲ့သည့် စည်းမျဉ်းတစ်ချို့ကို စဉ်းစားကြည့်နိုင်သည်။
အရိယဖလမျိုးစုံ၏စွမ်းအားကို ရထားသလိုဖြစ်နေသည်။ ထို့ကြောင့် ရှေးဟောင်းမသေမျိုးလေးယောက်ပေါင်းလျှင်ပင် သူ့ကိုနိုင်မည်မဟုတ်။
ထိုအမြင်အတိုင်းတွေးကြည့်လျှင် အချိန်လမ်းကြောင်းပြောင်းလဲခြင်းသည်လည်း ယော်စိတ်က သူ့အရိယဖလစွမ်းအာကို သုံးခြင်းဖြစ်သည်။
"မင်းကို ဓာတ်ငါးမျိုးက စွန့်ပယ်စေ"
ယော်စိန့် နောက်ထပ်အမိန့်တစ်ခုထပ်ထုတ်သည်။ အောက်ဘက်မြေပြင်က ဆပွားမြေဆီအဖြစ် အသွင်ပြောင်းသွားသည်ကို လုယန်မြင်ရသည်။ ဂိုဏ်း၏ဆေးစိုက်ခင်းမှ ဆပွားမြေဆီထက်ပင် ပိုအဖိုးတန်သည်။
ကောင်းကင်ကိုးပါးဆပွားမြေဆီဖြစ်သည်။
ဆပွားမြေဆီ ပွယောင်းလာသည်။ သစ်ပင်ငယ်တစ်ပင် ပေါက်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ထိထိုးထွက်နေသည့် သစ်ပင်ကြီးတစ်ပင်ဖြစ်လာသည်။
"လောကသစ်ပင်လား"
ယင်ထန် တအံ့တဩရေရွတ်လိုက်သည်။ ထိုသစ်ပင်သည် အမှန်တကယ်ပင် အချိန်မသေမျိုး၏ ခန္ဓာဟောင်း လောကသစ်ပင်ဖြစ်သည်။
အချိန်မသေမျိုး၏ မူလခန္ဓာသည် ကောင်းကင်ထိထိုးထွက်နေသည့် လောကသစ်ပင်ဖြစ်သည်။ သိစိတ်ဖွံ့ဖြိုးသည့် သစ်ပင်များစွာထဲတွင် အချိန်မသေမျိုးက မသေမျိုးအဆင့်သို့ရောက်ပြီး အချိန်အရိယဖလကို နားလည်ခဲ့သည်။ ထိုကိစ္စသည် လောကသစ်ပင်နှင့်ဆက်စပ်နေသည်။
ထိုတစ်ချက်တည်းကပင် လောကသစ်ပင်၏အံ့ဖွံသဘာဝကို သက်သေပြနေသည်။ မသေမျိုးသစ်ပင်ဟုခေါ်လျှင် လွန်မည်မထင်။
ထို့ပြင် ဤလောကတွင် အချိန်မသေမျိုးပိုင်ဆိုင်သည့် လောကသစ်ပင်တစ်ခုတည်းသာရှိသည်။
ယခု ယော်စိန့်က စကားလုံးမှော်အစွမ်းဖြင့် နောက်ထပ်လောကသစ်ပင်တစ်ခု ဖန်တီးလိုက်သည်။
ထို့နောက် အမည်မသိမြစ်တစ်စင်း မြေပြင်ပေါ်တွင် ပေါ်လာသည်။ ရေပျော့မြစ်ဖြစ်သည်။ ဘယ်အရာမှမနစ်မြုပ်။ ချုပ်နှောင်လှောင်ပိတ်နိုင်သည့် သဘာဝရှိသည်။
လောကသစ်ပင်က ရှည်လျားစွာဆန့်ထွက်သွားပြီး နတ်မယ်ကို ရစ်ပတ်သည်။ နတ်မယ်ရုန်းထွက်ရန်ကြိုးစားနေစဉ် ကောင်းကင်ကိုးပါးဆပွားမြေကြီးက လောကသစ်ပင်မှတစ်ဆင့် အထက်သို့တွယ်တက်သွားပြီး နတ်မယ်ကိုချုပ်နှောင်သည်။ ဦးခေါင်းတစ်ခုသာ ပေါ်နေသည်။
နတ်မယ် အစွမ်းကုန်ရုန်းထွက်ရန်ကြိုးစားသော်လည်း သစ်ပင်နှင့်မြေကြီး၏ချုပ်နှောင်မှုက ခိုင်မာလွန်းသည်။ ရုန်းထွက်၍မရ။
ထို့နောက် အရာအားလုံးကို လောင်ကျွမ်းပြချနိုင်သည့် ကောင်းကင်မီးတောက်များ ကျဆင်းလာသည်။ ဓာတ်ငါးပါးစွမ်းအင်များ လေထဲတွင်ဆုံကြသည်။ မသေမျိုးလက်နက်မျိုးစုံအဖြစ် အသွင်ပြောင်းသွားသည်။
ကြေးအိုးများ၊ ဘူးသီးခြောက်များ၊ မှော်ယပ်တောင်များ၊ ကျောက်စိမ်းပုလွေများ၊...
ဓာတ်ငါးမျိုးစွန့်ပစ်ခံရသူများသည် ဓာတ်ငါးမျိုးက ဖျက်ဆီးခံရမည်။
ထိုမြင်ကွင်းကြောင့် ယင်ထန်တို့လည်း မျက်နှာအကြီးအကျယ်ပျက်သွားသည်။ နတ်မယ်က တိုက်ခိုက်မှုကို မရှောင်နိုင်။ ကောင်းကင်မီးတော်နှင့် ဓာတ်ငါးမျိုးလက်နက်များဓာတ်ကို ခုခံရသည်။
မသေမျိုးတစ်ယောက် ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ထိုတိုက်ခိုက်မှုကို ကာကွယ်ဖို့မဖြစ်နိုင်။
ယင်ထန်မသေမျိုးက ကောင်းကင်လျှပ်စီးကို မသေမျိုးလက်နက်များဆီ လမ်းညွှန်၍ ဖျက်ဆီးလိုက်သည်။ လက်နက်များက တစ်ခါသုံးသာဖြစ်သည်။ ထင်သလောက် မာကျောခြင်းမရှိ။
ကိုးဆမသေမျိုးက လောကကို ကျားခုံအဖြစ်ကစားသည်။ ကောင်းကင်မီးတောက်ကို 'ယန်'အဖြစ်သတ်မှတ်သည်။ 'ယင်'ကျားစေ့များကိုသုံး၍ ကောင်းကင်မီးတောက်ကို တန်ပြန်တိုက်ခိုက်သည်။
ချီလင်မသေမျိုးက မူလအသွင်ပြောင်း၍ ကောင်းကင်တွင်အော်ဟစ်ကြုံးဝါးပြီး လောကသစ်ပင်ကို တိုက်ခိုက်သည်။
မသေမျိုးလက်နက်များနှင့် ကောင်းက်မီးတောက်များ ပျက်စီးသွားသော်လည်း အဆက်မပြတ်ထပ်ပေါ်လာသည်။ အဆုံးမရှိသယောင်ထင်ရသည်။ လောကသစ်ပင်၏အမြစ်များကို ကောင်းကင်ကိုးပါးဆပွားမြေက ကာကွယ်ထားသည်။
ချီလင်က ဆပွားမြေကိုထိသည်နှင့် မြေကြီးနှင့်သစ်ပင်က သူ့ကိုချုပ်ေနှောင်သည်။
ကောင်းကင်မီးတောက်များဆင်းလာသည်။ မသေမျိုးလက်နက်များပေါက်ကွဲသည်။ မြည်ဟိန်းသံများ အဆက်မပြတ်ဖြစ်ပေါ်နေသည်။ မီးခိုးများ နေရာတိုင်းပြည့်နေသည်။
ရုတ်တရက် မီးခိုးများထဲမှ ပြင်းထန်သည့် အားလှိုင်းတစ်ခု ထိုးထွက်လာသည်။ မိးခိုးငွေ့များ လွင့်ပါးပျောက်ကွယ်သွားသည်။ လောကသစ်ပင်နှင့် ဆပွားမြေများ ပေါက်ကွဲ၍ အစိတ်အပိုင်းများ လွင့်ထွက်သွားသည်။
နတ်မယ် ခြေလက်များကိုလှုပ်သည်။ အရိုးအဆစ်မြည်သံများ ပေါ်လာသည်။ အတော်စိတ်ကျေနပ်နေဟန်ရှိသည်။
"အခုမှ နတ်မယ်ခန္ဓာကိုယ်ကို အပြည့်အဝ အသားကျတော့တယ်။ နင့်ခန္ဓာကိုယ်က တကယ်သုံးရခက်တာပဲ"
"ချီးကျူးလွန်းနေပါပြီး နတ်မယ်"
သူပြန်ရှင်သန်လာကတည်းက ယခုအချိန်လောက် တစ်ခါမှသက်တောင့်သက်သာမခံစားဖူး။ ပဲပြာအရှင်နှင့်တိုက်ခိုက်ဖို့ မသေမျိုးခန္ဓာတည်ဆောက်စဉ်ကပင် ယွမ်ကျိခန္ဓာကိုယ်လောက် သက်တောင့်သက်သာမရှိခဲ့။
ယခု သူစွမ်းအားပြည့်ထုတ်သုံးနိုင်ပြီဖြစ်သည်။
"-သူပြောတာမမှန်စေနဲ့"
စကားလုံးမှော်စွမ်းအား အသက်သွင်းလိုက်သည်။ နတ်မယ် ဘာအပြောင်းအလဲမှမရှိ။
ယော်စိန့်မျက်နှာ နည်းနည်းပျက်သွားသည်။
"ယော်စိန့်၊ နင့်စကားလုံးမှော်ပညာကို ငါ့အပေါ်တိုက်ရိုက်သုံးလို့မရတဲ့ပုံပဲ။ ထပ်တိုက်ကြတာပေါ့"
"ကိုယ့်ကိုယ်ကို သေကြောင်းကြံရတာကို အားမရသေးဘူးဆိုတော့ ငါမင်းကို အသေရိုက်သတ်ပေးရမှာပေါ့်"
ခန္ဓာအသစ်နှင့် အသားကျသွားပြီဖြစ်၍ နတ်မယ်စိတ်ဓာတ်များ တက်ကြွလာသည်။ သွေးချီစွမ်းအားများ ကောင်းကင်ထိ ထိုးတက်သွားသည်။ တစ်ကိုယ်လုံး တောက်ပနေသည်။ နက်မှောင်သွယ်လျသည့် ဆံပင်များက စွမ်းအင်ရောင် တဖျတ်ဖျတ်တောက်နေသည်။
ရဲဝံ့သည့် စစ်နတ်ဘုရားမအသွင်ပေါက်နေသည်။ ကိုယ့်အလှကိုယ် ယုံကြည်မှုရှိသည့် မိုးမြေ၏ ပြိုင်ဘက်ကင်းသူရဲကောင်းမအဖြစ် ကြေညာနေသရောင်ရှိသည်။
လုယန် ခဏတာစိတ်လှုပ်ရှားသွားသည်။
ရွှေမသေမျိုးလက်သီးက မုန်တိုင်းတစ်ခုလို ကျလာသည်။ အထိန်းအကွပ်မရှိ ပြင်းထန်သည်။ လက်သီးချက်တိုင်း လူသတ်ရိပ်များပြည့်နေသည်။ ယော်စိန့်လည်း ကြောက်စရာစွမ်းအင်တစ်မျိုး ပေါက်ကွဲထွက်လာသည်။ သူ့စွမ်းအားက လေထုထဲတွင် ပျံ့နှံ့သွားသည်။ နတ်မယ်၏စွမ်းအားနှင့် တန်းတူရှိသည်။
သွေးချီနှင့် မသေမျိုးစွမ်းအားများကြားတွင် တိုက်ပွဲက ခွဲခြားဖို့ခက်လာသည်။
ကောင်းကင်တုန်ခါ၍ မြေပြင်အက်ကွဲသွားသည်။
နတ်မယ်က တိုက်စစ်သာဖွင့်သည်။ ခံစစ်လုံးဝမရှိ။ ယော်စိန့် အထပ်ထပ်နောက်ဆုတ်နေရသည်။ စကားလုံးမှော်ပညာပင် ရေရွတ်ချိန်မရ။
ယော်စိန့် နောက်တစ်ချိန်တိုက်စစ်ဖွင့်ဖို့ တွေးမိသည်။ သို့သော် သူ့ကိုဆီးကြိုနေသည်က ပိုပြင်းထန်သည့် နတ်မယ်၏ လက်သီးချက်များဖြစ်သည်။
ထာဝရနတ်မယ်။ ပြိုင်ဘက်ကင်းအဓိပဓိဖြစ်သည်။
သူ့တစ်ကိုယ်လုံး အလင်းရောင်များ တောက်ပနေသည်။ ရှေးဟောင်းဒဏ္ဍာရီထဲမှ အလှနတ်သမီးနှင့်တူသည်။
အသက်ကိုဝအောင်ရှူ၍ အပြင်းထန်ဆုံး လက်သီးချက်ကို သူထုတ်သုံးလိုက်သည်။
"ဘုန်း"
"ဖျောက်"
ယော်စိန့်၏ကျောရိုး တစ်လက်မချင်း ပေါက်ကွဲထွက်သွားသည်။ ကျိုးသွားသည့်အရိုးများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သည်။ မခံမရပ်နိုင်သည့် ဝေဒနာကို ခံစားရသည်။
"အခုမှ ပိုခံစားလို့ကောင်းသွားတယ်"
နတ်မယ် ပင့်သက်ရှည်တစ်ချက်ရှိုက်၍ နဖူးမှချွေးကိုသုတ်သည်။ ယော်စိန့်အပေါ် နာကျည်းချက်များအားလုံးကို သူ့လက်သီးဖြင့်ဖွင့်ထုတ်ခဲ့သည်။
သူပြုံး၍ ဆက်ပြောသည်။
"ကဲ အခု၊ တကယ်တိုက်ခိုက်ရမယ့် အချိန်ကျပြီ"
နတ်မယ်တစ်ကိုယ်လုံး အရောင်တောက်လာသည်။ သို့မဟုတ်...ယွမ်ကျိတစ်ကိုယ်လုံး အရောင်တောက်လာသည်။ တောက်ပသည့်နေတစ်စင်းနှင့်တူသည်။
ကျန်းပင်ကန်းနှင့် အင်ပါယာသခင်မှလွဲလျှင် ကျန်သည့်လူအားလုံး နတ်မယ်၏ထိုအခြေအနေကို ကောင်းကောင်းနားလည်ကြသည်။
ခန္ဓာကိုယ်ဖောက်ခွဲတော့မည်။
"မင်းဘာဖြစ်နေတာလဲ"
လုယန်ဘာကြောင့် မျက်နှာအကြီးအကျယ်ပျက်နေသည်ကို ကျန်းပင်ကန်း နားမလည်။
လုယန် ရှည်ရှည်ဝေးဝေး ရှင်းပြနေချိန်မရှိ။ ကျန်းပင်ကန်းနှင့် အင်ပါယာသခင်ကို ချင်ဖုန်းဓားကမ္ဘာငယ်ထဲ အမြန်ဆွဲခေါ်သွားသည်။
ယင်ထန်တို့သုံးယောက်လည်း ဓားကမ္ဘာထဲသို့ တစ်ရှိန်ထိုးဝင်လာသည်။
အထဲသို့ရောက်ပြီးနောက်မှာပင် ယင်ထန်က လေဟာနယ်ပါဝင်သည့် မသေမျိုးရတနာများထုတ်၍ ကျောက်စိမ်းဓားအပြင်ဘက်သို့ ပစ်လွှင့်ပြီး ဓားကိုအထပ်ထပ်ရစ်ပတ်လိုက်သည်။
အကြောင်းသိသူအားလုံး ထိုအချိန်ကျမှ သက်ပြင်းချနိုင်သည်။
ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယော်စိန့်မျက်နှာတွင် မယုံနိုင်သည့်အမူအရာမျိုးပေါ်လာသည်။
တစ်ခြားလူခန္ဓာကိုယ်ဖြင့် ဖောက်ခွဲ၍ရသလော...
သူ့ကိုစောင့်ကြိုနေသည်က သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးပေါက်ကွဲမှုဖြစ်သည်။
"ဘုန်း"
********************************