← Chapters

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အခန်း (၁၂၅၃) အရိုးရိုင်းအဖြစ်

"အခုမှပဲ ပြီးသွားတော့တယ်"

ယော်စိန့်ခန္ဓာကိုယ်ပေါက်ကွဲ၍ မီးခိုမြူအဖြစ်ပျောက်ကွယ်သွားမှ ကိုယ်တိုင်မထမ်းပိုးရသည့်အထုပ်တစ်ခု ကျသွားသကဲ့သို့ သက်ပြင်းကိုယ်စီချကြသည်။

ယော်စိန့်သည် အားလုံးကို ပြင်းထန်သည့်ဖိအားမျိုး ပေးနိုင်ခဲ့သည်။ ရုပ်ခန္ဓာက မယုံနိုင်လောက်အောင် သန်မာသည်။ စကားလုံးမှော်အရိယဖလက ထူးခြားဆန်းကျယ်သည်။

ခန့်မှန်း၍မရ။ ယန်ထန်တို့သုံးယောက်တည်းသာ တိုက်ခိုက်မှ တစ်ကြိမ်သာ ဒဏ်ရာရအောင်လုပ်နိုင်ခဲ့သည်။

နတ်မယ်နှင့်ယွမ်ကျိသာ ပူးပေါင်းမတိုက်ခိုက်လျှင် သူတို့ငါးယောက် ယော်စိန့်ကို နိုင်မည်မဟုတ်။

"အကြီးအကဲကျန်းရဲ့ ထိုက်ရှန်းဓားရှိလို့ တော်သေးတာပေါ့"

လုယန် မှတ်ချက်ပေးသည်။

အရိယဖလထိန်းချုပ်သည့် ထိုက်ရှန်းဓားသာမရှိလျှင် သေဟန်ဆောင်၍ဖြစ်စေ အချိန်စီးကြောင်းပြောင်း၍ဖြစ်စေ ယော်စိန့် သေချာပေါက်ထွက်ပြေးနိုင်ခဲ့လောက်သည်။

သို့သော် လုယန် နောင်တလည်းရသည်။ ယော်စိန့်နှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်သည့် ပုစ္ဆာများစွာ ကျန်ခဲ့သောကြောင့်ဖြစ်သည်။ ယခု ယော်စိန့်သေသွားပြီဖြစ်၍ ပုစ္ဆာများအတွက် အဖြေရှာမရတော့မည်ကို စိုရိမ်မိသည်။

ယော်စိန့်သည် အရာအားလုံးကို ကြိုးကိုင်နေသည့် နောက်ကွယ်မှလူ တကယ်ဟုတ်သလော။

"အားလုံးရှင်းသွားပြီ"

ယွမ်ကျိက နတ်မယ်စကားသံဖြင့်ပြောသည်။ ဆန့်ကျင့်ဘက်မြင်ကွင်းကြောင့် လုယန်မျက်ခုံးတစ်ချက်လှုပ်သွားသည်။ အမယွမ်၏ အပြောင်းအလဲက တကယ်နည်းနည်းတော့ ကြောက်စရာကောင်းသည်။

နတ်မယ်က ယွမ်ကျိကိုယ်ထဲမှထွက်လာပြီးနောက် အခွင့်ကောင်းယူ၍ စောင့်ကြပ်ကာကွယ်ပေးနေသူကို ဆုချီးမြှင့်သည်။

"ဘေးကင်းအောင်စောင့်ကြပ်ပေးနေတဲ့ နင့်ရဲ့အကျိုးဆောင်မှုအတွက် နင့်ကို မဟာပဲဝါနိုင်ငံရဲ့ စစ်ရေးဝန်ကြီးအဖြစ်ခန့်အပ်တယ်"

စေတနာဖြင့် ခန္ဓာကိုယ်ငှားလိုက်သည့်ကိစ္စက ကျေးဇူးတင်မခံရဘဲ ထိုသို့ထိခိုက်နစ်နာစရာဖြစ်လာမည်ဟု ယွမ်ကျိလုံးဝထင်မထား။

ဘယ်လိုဖြစ်ဖြစ် မဟာပဲဝါနိုင်မှ သူမလွတ်။

"ကျေးဇူးတင်ပါတယ် အရှင်မ"

"ဘယ်လိုလဲ ရှောင်ယန်။ ငါတော်တယ်မဟုတ်လား"

နတ်မယ်က မစောင့်နိုင်တော့ဘဲ လုယန်ဘေးပတ်လည်တွင် လှည့်ပတ်နေသည်။ သူဟန်ရေးပြ၍ ချီးကျူးမှုခံယူရတော့မည့် အချိန်ဖြစ်သည်။

"တကယ်တော်ပါတယ် နတ်မယ်"

လုယန် လက်မထောင်ပြ၍ ချီးကျူးသည်။ ဤတစ်ကြိမ် ဟန်ဆောင်ပန်ဆောင်ပြောခြင်းမဟုတ်။

"ငါတော်မှန်းသိရင် ပြီးတာပဲ။ ဒါက ငါ့စွမ်းအားအစစ်ပဲ"

နတ်မယ် ဝင့်ကြွားစွာပြောသည်။

ယွမ်ကျိက အဓိပဓိပေါက်ပြားကို ကျန်းပင်ကန်းဆီ ပြန်ပေးသည်။

ကျန်းပင်ကန်း ပေါက်ပြားကိုသိမ်းပြီးနောက် မှော်စက်ဝန်းနံရံကို စိတ်ပျက်လက်ပျက် ပွတ်သပ်ကြည့်နေသည်။

သူ့မှော်စက်ဝန်းသည် ခိုင်ခံရုံသာမဟုတ်။ အရိယဖလကို ထိန်းချုပ်နိုင်သည့် စွမ်းအားလည်းရှိသည်။ ယော်စိန့်က 'မှောက်စက်ဝန်းထဲကထွက်မယ်'ဟု စည်းမျဉ်းမသတ်မှတ်ခြင်းမှာ ဤနံရံကြောင့်ဖြစ်သည်။

နှစ်တစ်သိန်းကျော်စုစည်းခဲ့သည့် နိုင်ငံ့ကြမ္မာစွမ်းအားက တစ်ဝက်ကျော်ကုန်သွားသည်။ သို့သော် ယော်စိန့်ကို သတ်နိုင်ခဲ့၍ တော်သေးသည်။

မဟုတ်လျှင် အကြီးအကျယ် ဆုံးရှုံးနစ်နာသွားပေလိမ့်မည်။

"မင်းက အင်ပါယာချန်လား"

ယင်ထန်တို့သုံးယောက်က မျက်နှာတင်းတင်းဖြင့် ရောက်လာသည်။

"မင်းငါတို့ကိုရှာနေတာလို့ကြားတယ်။ ငါတို့ဘက်က မပူးပေါင်းရင် ငါတို့ကိုသတ်ပြီး မင်းနတ်သခင်တွေကို မသေမျိုးဖြစ်အောင်လုပ်ပေးမယ် ပြောတယ်တဲ့"

အင်ပါယာချန် ကြောက်ချွေးပြန်လာသည်။ မသေမျိုးလေးယောက်ကို ရှာနေခဲ့သည်ကမှန်သည်။ သို့သော် ဤအခြေအနေမျိုးဖြင့် တွေ့ရမည်ဟု မျှော်လင့်မထား။

သို့သော် နိုင်ငံတည်အင်ပါယာဖြစ်၍ အဆင့်တူသုံးယောက်ကို ရင်ဆိုင်ရသော်လည်း လုံးဝအောက်မကျို့။

"ငါ့ကိုကောင်းကောင်းဆက်ဆံပါ။ ငါ့မှာနောက်ခံအထောက်အပံ့တွေရှိတယ်။ မင်းတို့ငါ့ကို ထိရဲလို့လား"

"နောက်ခံတဲ့လား"

အံ့ဩသွားဟန်ဖြင့် ယင်ထန် လှောင်ပြုံးပြုံးသည်။

သူ့အမူအရာကိုကြည့်၍ အင်ပါယာချန်က ချက်ချင်းအကူအညီလှမ်းတောင်းသည်။

"မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းဝင်တွေအားလုံး အကျဉ်းသားကို ကာကွယ်ရမယ့်တာဝန် ရှိတယ်မဟုတ်လား။ ငါအဖမ်းခံပါတယ်"

တာအိုလမ်းစဉ်ဂိုဏ်း၏ အကျဉ်းသားများကို ဂိုဏ်းအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ကိုးဆမသေမျိုး၏ ကြမ်းတမ်းသည့်စရိုက်ကွဲက ချီလင်ကို တံတောင်ဖြင့်တို့၍

"ချီလင်၊ ဒီနှစ်တွေအတွင်း မင်းဘယ်ရောက်နေတာလဲ။ ဘာလို့အခုမှပေါ်လာတာလဲ"

ယော်စိန့်ကိုအနိုင်ရ၍ ပျော်နေသည့် ချီလင်၏အပြုံးများ တဖြေးဖြေးမှေးမှိန်သွားသည်။ သူ့ဘေးပတ်လည်လေထုလည်း ထိုင်းမှိုင်းလာသည်။

"မင်း...မင်းဘာလို့ အဲလိုမျက်နှာဖြစ်သွားတာလဲ"

ချီလင်အတော်ကြာအောင် အသံတိတ်နေပြီးနောက် ခပ်လေးလေးပြောသည်။

"အရင်တုန်းက အချိန်မသေမျိုးကိုသတ်ခဲ့တဲ့လူက ငါပဲ"

ယင်ထန်နှင့်ကိုးဆမသေမျိုး မျက်နှာအကြီးအကျယ်ပျက်သွားကြသည်။

"ချီလင်၊ ဒါနောက်စရာမဟုတ်ဘူးနော်"

ချီလင် ခေါင်းငုံ့၍ သက်ပြင်းချသည်။ သူ့မိတ်ဆွေနှစ်ယောက်ကိုပြောဖို့ စကားလုံးရှာနေသည်။

သူ့မျက်နှာကိုကြည့်၍ အမှန်ပြောနေခြင်းဖြစ်ကြောင်း ကျန်နှစ်ယောက်က နားလည်သွားသည်။

ယင်ထန်နှင့်ကိုးဆမသေမျိုးတို့ ဒေါသများအလိပ်လိုက်ထလာသည်။ ချီလင်၏အင်္ကျီကော်လာကိုဆွဲ၍ မျက်နှာကိုလက်သီးဖြင့်ထိုးသည်။

"ခွေးမသား၊ မင်းဘယ်လိုလုပ်လိုက်တာလဲကွ"

အပြစ်ရှိနေသူဖြစ်၍ ချီလင်က မခုခံ။ လက်သီးချက်ကြောင့် မြေပေါ်သို့ လဲကျသွားသည်။

ယင်ထန်နှင့်ကိုးဆတို့က ဒေါသမပြေသေးဘဲ သူ့ကိုမြေပေါ်မှဆွဲထူ၍ နောက်တစ်ချက်ထပ်ထိုးသည်။

"သူက မင်းအပေါ် ဘာအမှားလုပ်ခဲ့လို့လဲကွ"

ချီလင်မသေမျိုး ဘယ်လိုရှင်းပြရမှန်းမသိတော့။ နတ်မယ်ကို လှည့်မေးသည်။

"နတ်မယ်၊ အခု အချိန်မသေမျိုး ဘယ်မှာလဲ။ ငါသူနဲ့တွေ့ချင်တယ်"

သူ့အမှားဖြစ်၍ ရှင်းလင်းချက်ပေးရမည့်တာဝန်ရှိသည်။

သူစိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ အချိန်မသေမျိုး သူ့ကိုရိုက်ရိုက်ဆဲဆဲ သတ်ပင်သတ်သတ် သူရန်ညှိုးထားမည်မဟုတ်။

"ဗုဒ္ဓနိုင်ငံက အနောက်မိုးပျံဘုံကျောင်းမှာပါ"

ယင်ထန်နှင့်ကိုးဆတို့ အကြီးအကျယ်အံ့အားသင့်သွားသည်။

"အချိန်မသေမျိုး အသက်ရှင်နေသေးတယ်ပေါ့"

သူတို့မိတ်ဆွေ သေသွားပြီဟုသာ အမြဲထင်ထားခဲ့သည်။

"အင်း...တကယ်တော့ သူမသေပါဘူး။ သူ့ဝိညာဉ်က လွတ်မြောက်ခဲ့တယ်"

အချိန်မသေမျိုး အသက်ရှင်နေသေးကြောင်းသိရသဖြင့် ယင်ထန် ကိုးဆမသေမျိုးနှင့် နတ်မယ်တို့ မျက်နှာတွင် ရှားရှားပါးပါး ရှက်ရွံ့သည့်အမူအရာမျိုးပေါ်လာသည်။

သို့သော် နတ်မယ်စိတ်ထဲ ထိုကိစ္စ သူ့ကိုအပြစ်တင်၍မရဟု ယူဆသည်။ အချိန်မသေမျိုးကိုယ်တိုင်က ဘယ်သူ့ကိုမှ မတွေ့လိုခြင်းဖြစ်သည်။

သတင်းကောင်းကြားလိုက်ရသဖြင့် ယင်ထန်နှင့်ကိုးဆမသေမျိုးတို့ ဝမ်းသာလုံးဆို့၍ လက်သီးတင်းတင်းဆုပ်ပြီး တုန်ရင်နေကြသည်။ သူတို့မိတ်ဆွေ အသက်ရှင်နေသေးသည်။

ချီလင်ကို တစ်ယောက်တစ်ဘက် ဆွဲထူကြသည်။

"လာပါ၊ ဗုဒ္ဓနိုင်ငံကိုသွားပြီး သူ့ကို အတူသွားတွေ့ရအောင်"

"နေဦး၊ ရှောင်ယန်နဲ့ငါလည်း လိုက်ခဲ့မယ်"

နတ်မယ်က အော်ပြောသည်။

"နတ်မယ်၊ ကျန်းရှန်ပြည်နယ်ကိစ္စတွေ မဖြေရှင်းရသေးဘူးလေ"

လုယန် ခေါင်းကုတ်နေသည်။ စထားသည့်ကိစ္စကို ပြီးစီးအောင်လုပ်ရမည်ဟု သူယူဆသည်။

"ဒါဆို မြန်မြန်လုပ်ပါ"

"ဟုတ်ကဲ့"

လုယန် ကိစ္စများမြန်မြန်အပြီးသပ်ရန် ကြိုးစားသည်။ သို့သော် သူလုပ်ရမည့်အလုပ်လည်း ဘာမှရှိသည်မထင်။ သူသည် ကင်းလှည့်တပ်သားတစ်ယောက်သာဖြစ်သည်။

ကိစ္စကြီးများကို ဆုံးဖြတ်ရမည့်လူမဟုတ်။

"ဖုန်ဒူဂိတ်တံခါးက ဒီနားမှာဖြစ်မယ်ထင်တယ်"

မသေမျိုးတိုက်ပွဲဖြစ်နေချိန်တွင် မုန်ကျင်းကျိုး နှစ်ကြိမ်သုံးကြိမ် ခေါင်းပြူထွက်လာသည်ကို လုယန်မှတ်မိသည်။

ဂိတ်တံခါးကိုဖွင့်၍ ဖုန်ဒူနယ်မြေသို့ဝင်သည်။

"လောင်လု၊ အဆင်ပြေသွားပြီပေါ့"

လုယန်ဝင်လာသည်ကို မြင်ရသဖြင့် မုန်ကျင်းကျိုး စိတ်သက်သာရာရသွားသည်။ အပြင်ဘက်တွင် တိုက်ပွဲဖြစ်နေစဉ်က ဘယ်လောက်သတ္တိကောင်းသည်ဆိုစေ သူနောက်ထပ်မကြည့်ရဲတော့။

ကိစ္စအားလုံးပြီးစီး၍ လုယန်ရောက်အလာကိုသာ စောင့်ခဲ့သည်။

"ပြီးသွားပြီလား"

နတ်သခင်နှစ်ယောက်နှင့်အတူ မြေပေါ်ထိုင်နေသည့် သူခိုးဘုရင်လည်း ထရပ်လာသည်။

စီဟန်၊ စီရှီနှင့် အရိုးရိုင်းတို့လည်း စိုးရိမ်နေကြသည်။

"ပြီးသွားပါပြီ"

လုယန်ခေါင်းငြိမ့်သည်။

"ဒါဆို ကျုန်းရှန်က ဘယ်လိုအခြေအနေရှိလဲ။ အကိုမုန်ပြောတာတော့ အိမ်တွေပြိုကျပြီး မီးလောင်မြေ ဖြစ်နေပြီတဲ့"

ထိုမေးခွန်းကိုဖြေဖို့ လုယန်အခက်တွေ့သွားသည်။

"တကယ့်အခြေအနေက နည်းနည်းကွဲပြားတယ်။ မင်းကိုယ်တိုင်ထွက်ကြည့်တာ အကောင်းဆုံးပါပဲ ညီလေးအရိုးရိုင်း"

"ဟုတ်ပါတယ်လေ"

အရိုးရိုင်း ဖုန်ဒူနယ်မြေမှထွက်လိုက်သည်။ ခြေချစရာပျောက်နေသဖြင့် အပျက်အစီပုံများကြားသို့ လဲကျသွားသည်။

တွင်းနက်ကြီးတစ်ခုထဲ ကျခဲ့ခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။ ဘေးပတ်လည်တွင် ဘာမှမရှိ။

...ငါ့ကျုန်းရှန်ပြည်နယ် ဘယ်ရောက်သွားတာလဲ။ မီးလာင်မြေတောင်မရှိဘူး။ တွင်းနက်ကြီးတစ်ခုပဲကျန်တာလား...

လုယန် အောက်သို့ပျံဆင်း၍ အရိုးရိုင်းကို ဆွဲထူပြီး နှုတ်ဆက်သည်။

"ညီလေး၊ ငါဒီကိုလာတာ သရဲဖမ်းဖို့ပါ။ အခုဒီကိစ္စ ဖြေရှင်းပြီးသလောက်ရှိပြီဆိုတော့ ငါသွားတော့မယ်"

ယခုမှ အရိုးရိုင်းပြန်သတိရလာသည်။ သူ့အကိုနှစ်ယောက်ကို ဖိတ်ခေါ်ခဲ့သည်မှာ သရဲဖမ်းဖို့သာဖြစ်သည်။

***************************

All Chapters