← Chapters

အခန်း ၁၂၅၇

Vol. 84 Ch. 1257

အခန်း ၁၂၅၇

Vol. 84 Ch. 1257

အခန်း (၁၂၅၇) အကိုတိုင်၏နာမကျန်းခွင့်

"နတ်မယ်၊ မင်းက တိုက်ပွဲတစ်ခု တိုက်ထားတာလေ။ အတော်ပင်ပန်းနေမှာပေါ့။ ဒီကိစ္စကို အရေးစိုက်မနေပါနဲ့"

"ဟမ်..ငါမပင်ပန်းသေးပါဘူး.."

"စေတနာနဲ့တင် ငါးကျေးဇူးတင်ပါတယ် နတ်မယ်။ အပင်ပန်းမခံပါနဲ့"

"ဘာပဲပြောပြော ဗုဒ္ဓနိုင်ငံက ငါ့နယ်မြေပဲလေ။ ဧည့်သည်တစ်ယောက်ကို ဘယ်ချက်ပြုတ်ခိုင်းလို့ဖြစ်မလဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ဒီမှာလှူဒါန်းထားတဲ့အစားအသောက်တွေ..."

ထိုသို့ပြောချိန်တွင် လုယန်က နောက်ဆုံးကျန်သည့်မုန်ကို ကောက်ကိုင်နေသည်။ သို့သော် အချိန်မသေမျိုးက လှည့်ကြည့်လာသဖြင့် မလုံမလဲဖြစ်လာပြီး ပြန်ချထားလိုက်သည်။

ခုနက မသေမျိုးသုံးယောက်တိုက်ပွဲကို လုယန် မုန့်စားရင်းကြည့်နေခဲ့ခြင်းဖြစ်သည်။

အချိန်မသေမျိုး "..."

မင်းကိုယ်မင်း အပြင်လူလို့ လုံးဝမတွေးမိဘူးလား...

"အစားအသောက်တွေ ငါအခုချက်ချင်းပြင်ခိုင်းလိုက်ပါမယ်"

အချိန်မသေမျိုးက မိန်ယုကို စိတ်အာရုံမှလှမ်းဆက်သွယ်သည်။

"ဧည့်သည်တွေကို ဧည့်ခံဖို့ ဝိညာဉ်အစားအသောက်ကောင်းလေးတွေ ပြင်ဆင်ခဲ့ပါ"

မကြာမီ ဆန်ပြုတ်ခွက်များစွာ သူတို့ရှေ့သို့ ရောက်လာသည်။ တစ်ပွက်ပွက်ဆူနေသည်။ လတ်လတ်ဆတ်ဆတ်ပြုတ်ထားခြင်းဖြစ်သည်။

ယင်ထန်တို့သုံးယောက်က အချိန်မသေမျိုးကို အသံတိတ်လှည့်ကြည့်သည်။

...မင်းဘယ်လိုအစားအသောက်မျိုး ငါတို့ကိုကျွေးနေတာလဲကွ...

အချိန်မသေမျိုး ရှက်သွားသဖြင့် ချောင်းနှစ်ချက်ဆိုးပြီး မိန်ယုကို ထပ်ဆက်သွယ်သည်။

"ငါမင်းကို ဝိညာဉ်သစ်သီးမုန့်တို့ဘာတို့ ယူခဲ့ဖို့ပြောတာကွာ။ ဒါတွေမဟုတ်ဘူး"

သို့သော် သူတို့ဆုံစည်းမှုကသာ အရေးကြီးဆုံးဖြစ်သည်။ အစားအသောက်က အရေးမကြီး။ ထို့ကြောင့် အခြေအနေက ချက်ချင်းပုံမှန်ပြန်ဖြစ်သွားသည်။

ရှေးဟောင်းမသေမျိုးငါးယောက် အတိတ်အကြောင်းများ စားမြုံ့ပြန်ကြသည်။ ရယ်မောသံများ အဆက်မပြတ်ပေါ်နေသည်။ စိတ်ကြည်နူးစရာလေထုက လွှမ်းမိုးနေသည်။

လုယန်လည်းရယ်သည်။ တစ်ခါတစ်လေ တစ်ခွန်းစနှစ်ခွန်းစ ဝင်ပြောသည်။

ကိုးဆမသေမျိုး တ‌ဖြေးဖြေးသံသယဝင်လာသည်။

"မိတ်ဆွေလေးလုက ရှေးဟောင်းခေတ်ကငါတို့အတွေ့အကြုံတွေကို အတော်သိထားပုံပဲ"

လုယန်ဘာမှမပြောနိုင်မီ နတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။

"ဒါပေါ့၊ ရှေးဟောင်းခေတ်က ငါတို့အကြောင်းတွေအားလုံး ရှောင်ယန်ကို ပြောပြထားတယ်လေ။

ဥပမာ ကိုးဆ၊ နင်က ပထမဆုံးမသေမျိုးဖြစ်တယ်ဆိုတာ လူတွေမှတ်မိစေချင်လို့ မသေမျိုးလျှပ်စီးဖြတ်တဲ့အချိန်မှာ မသေမျိုးရတနာတွေအများကြီးသုံးပြီး ကောင်းကင်နိမိတ်ဆွေဖန်တီးခဲ့တာမျိုး။

ပြီးတော့ စွေ့ယွဲ့၊ လောကသူရဲကောင်းတွေထဲမှာ ဘယ်သူအရင်ဆုံးမသေမျိုးဖြစ်မလဲလို့ နင်ငါ့ကိုမေးတယ်။ ငါခန့်မှန်းတဲ့လူတိုင်းကို နင်ကဝေဖန်တယ်။ ပထမဆုံးမသေမျိုးဖြစ်မယ့်လူက နင်ပဲလို့ပြောတယ်။ အဲဒါကြောင့် နင်အရိုက်ခံရတယ်ဆိုတာမျိုး။

ပြီး‌တော့ ချီလင်၊ နင်ဒူးထောက်တဲ့ ဓားစက်ဝန်းက ထိလိုက်ရင်ပျော့နေအောင် ယင်ထန်က ဖန်တီးပေးခဲ့တာမျိုး...."

နတ်မယ်က လုယန်ကိုပြောခဲ့သမျှအကြောင်းအရာအားလုံးကို လက်ချိုးရေတွက်ပြနေသည်။ အဖြစ်အပျက်တစ်ခုပြောလိုက်တိုင်း လူတစ်ယောက် အကြီးအကျယ်မျက်နှာပျက်သွားသည်။

ယင်ထန်တစ်ယောက်သာ ဣန္ဒေမပျက်ရှိနေသည်။

ရုတ်တရက် ပျော်စရာလေထုက နည်းနည်းပြောင်းလဲလာသလို လုယန်ခံစားလိုက်ရသည်။

အချိန်မသေမျိုးထရပ်သည်။ ခပ်ညှင်းညှင်းရယ်လျက် လုယန်ဆီလျှောက်လာသည်။

"မိတ်ဆွေလေးလု၊ ထာဝရနတ်မယ်ကို အသက်သွင်းပေးခဲ့တာ ကြီးမားတဲ့စွမ်းဆောင်မှုပါပဲ။ ငါမင်းကို ဂုဏ်ပြုပါရစေ"

အနောက်မိုးပျံဘုံကျောင်းတွင် ဝိုင်မရှိ။ ထို့ကြောင့် အချိန်မသေမျိုးက ဆန်ပြုတ်တစ်ခွက်ကိုင်ထားသည်။

ကျေးဇူးတင်ဂုဏ်ပြုခြင်းဖြစ်သော်လည်း အချိန်မသေမျိုးအကြည့်က နည်းနည်းအေးစက်နေသလို လုယန်ခံစားရသည်။

"မိတ်ဆွေလေးလု၊ ငါလည်းမင်းကို ဂုဏ်ပြုပါတယ်"

"ငါလည်းဂုဏ်ပြုပါတယ်"

ကိုးဆမသေမျိုးနှင့် ချီလင်မသေမျိုးလည်း တစ်ယောက်ပြီးတစ်ယောက်ထရပ်လာသည်။ လုယန်ကို ဆန်ပြုတ်ဖြင့် ဂုဏ်ပြုကြသည်။ ကိုယ့်ပန်းကန်ကိုယ်ကိုင်ထားသည့် လုယန်၏လက်များ တုန်ရင်လာသည်။

ယင်ထန်က လုယန်နှင့် ရန်ကြွေးရှင်းပြီးဖြစ်၍ နောက်ထပ်အငြှိုးမထားတော့။ ထို့ကြောင့် စေတနာဖြင့် စကားလမ်းကြောင်းပြောင်းပေးသည်။

"ဒါနဲ့ မိတ်ဆွေလေးလု၊ ဒီလောကရဲ့ အပြင်ဘက်မှာ စိတ်ဝင်စားစရာတစ်ခုခုကြုံတွေ့ဖူးခဲ့လား"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ပြောပြပါဦး။ မင်းလာခဲ့တဲ့နေရာက ဘယ်လိုမျိုးလဲ"

တစ်ခြားလူများလည်း စိတ်ဝင်စားလာသည်။

လုယန်မျက်နှာ နည်းနည်းကြောင်တက်တက်ဖြစ်သွားသည်။

"ပျော်စရာမရှိပါဘူး။ အစပိုင်းမှာကျုပ်က ဆေးရုံကိုသွားပြီး ဆရာဝန်နဲ့ရောဂါပြနေတာ...ပြီးတော့ ဖုတ်ကောင်ကပ်ဆိုင်တာနဲ့ကြုံတယ်...နောက်တော့ ဒီကပ်ဆိုးကို ဖယောင်းကောင်းကင်ဂြိုလ်လို့ ခေါ်တဲ့နေရာတစ်ခုက ဖန်တီးခဲ့မှန်းသိရတယ်..."

လုယန်က အလုံပိတ်လောကသို့မရောက်မီက သူ့အတွေ့အကြုံများကို အမှန်အတိုင်းပြောပြသည်။ မသေမျိုးများက စိတ်ဝင်တစားနားထောင်နေသည်။ အပြင်လောကက သူတို့ထင်ထားသည်နှင့် အတော်ကွာခြားနေသည်။

"လောကမှော်စက်ဝန်းကို ပြန်ဖြည်ပြီး ဒီလောကကို ဖွင့်ကြတော့မလား"

ကိုးဆမသေမျိုးက အကြံပြုသည်။

နတ်မယ်ကို ပြန်အသက်သွင်းပြီး နောက်ကွယ်မှန်ရန်သူ ထွက်မပြေးနိုင်အောင် ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ် သူတို့သန့်စင်ခဲ့သည်။

ယခု နတ်မယ်ပြန်ရှင်သန်လာသည်။ ယော်စိန့်ကိုလည်း ရှင်းလင်းပြီးဖြစ်သည်။ ဤလောကကို ပိတ်ဆို့ထားစရာမလိုတော့။

ရှေးဟောင်းခေတ်မှလာသူများဖြစ်၍ ကြယ်ကောင်းကင်အကြောင်း သိကြပြီးဖြစ်သည်။ သို့သော် အလုံပိတ်လောကထဲမှလူများက မသိကြသေး။ သူတို့ကို ကောင်းကင်အစစ်ပြဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။

လောကမှော်စက်ဝန်းတည်ဆောက်ချိန်တွင် စကြာဝဠာထဲမှ သက်ရှိအားလုံးကို စုစည်းပြီးဖြစ်သည်ဟု သူတို့ယူဆခဲ့သည်။ ယခု လုယန်ပြောပုံအရ အပြင်လောကတွင် သက်ရှိများ ရှိနေဆဲဖြစ်သည်။ သူတို့စုစည်းခဲ့သည့် အဝိုင်းအဝန်းတွင်မပါသည့် ဝေးကွာသည့် နေရာများတွင်ရှိခြင်းဖြစ်မည်။

"ကောင်းပြီလေ၊ ငါတော့ ငြင်းစရာမရှိပါဘူး"

"ငါလည်း သဘောတူတယ်"

"ငါရောပဲ"

ရှေးဟောင်းမသေမျိုးလေးယောက် သူတို့အမြင်ကိုပြောကြသည်။

"သိပ်ကောင်းတာပေါ့။ ငါတို့အပြင်ကိုရောက်ရင် ရှောင်ယန်ရဲ့မူလဂြိုလ်ကိုကူရှာမယ်။ ပြီးရင် ငါ့ရဲ့မြောက်ပိုင်းကြယ်ကမ္ဘာကိုလည်းရှာမယ်"

အမှန်တော့ လောကမှော်စက်ဝန်းနှင့်ပတ်သက်၍ အင်ပါယာချန် အထင်မှားခဲ့သည်။ ထိုမှော်စက်ဝန်းကိုဖွင့်ဖို့ ရှေးဟောင်းမသေမျိုးလေးယောက်ရှိရုံဖြင့်မရ။ ငါးယောက်လုံးရှိမှရသည်။

လုယန်စိတ်ထဲ အတိတ်ကိုပြန်သတိရလာသည်။ သူလည်း အပြင်လောကကို ကြည့်ချင်ခဲ့သည်။ ကျင့်ကြံသူလောကသို့ စရောက်စဉ်က သူအတိတ်ဘဝကို ပြန်သွားခွင့်မရှိတော့ဟု ထင်ခဲ့သည်။

ရွေးစရာမရှိသဖြင့် အတိတ်ဘဝအကြောင်းမစဉ်းစားဘဲ ခက်ခက်ခဲခဲရလာသည့် ဤဘဝကိုသာ သာယာခဲ့ရသည်။

ဤလောကအပြင်ဘက်တွင် သူ့ကိုယ်ပိုင်လောကရှိကြောင်း မသိခဲ့။ သူဂရုစိုက်ရမည့် အရာများစွာရှိသေးသည်။ ကြယ်ပြာနှင့် ဖယောင်းကောင်းကင်ဂြိုလ် ဘယ်လိုအခြေအနေဖြစ်နေသည်မသိ။

"ဒါပေမယ့် လောကကို အပြီးဖွင့်မှာဆိုတော့ လောလောဆယ် အလျင်မလိုသေးပါဘူး။ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်"

လုယန် အလေးအနက်ပြောသည်။ အပြင်လောကသို့ သွားလည်ချင်သော်လည်း ထိုကိစ္စများကို စိတ်လော၍မရ။

မှော်စက်ဝန်းကိုဖြည်၍ အလုံပိတ်လောကကိုဖွင့်လျှင် ကျင့်ကြံမှုလောကတစ်ခုလုံးဗြောင်းဆန်သွားမည်။ အထူးသဖြင့် အာကာသသို့ ခရီးသွားနိုင်သည့် ကျင့်ကြံသူများ လှုပ်လှုပ်ရှားရှားဖြစ်လာမည်။

မဟာရှားကတော့ အုပ်ချုပ်စီမံနိုင်လောက်သည်။ အလယ်ပိုင်းတိုက်နယ်မှ ကျင့်ကြံသူများက စည်းမျဉ်းဥပဒေကို လိုက်နာရသည်။ သို့သော် ဗုဒ္ဓနိုင်ငံ၊ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်တို့တွင် ထိုဥပဒေမျိုးမရှိ။

နတ်ဆိုးများ ကျင့်ကြံသူများ ဤလောကပွင့်သည်နှင့် အစုလိုက်အပြုံလိုက် အပြင်ထွက်ကြမည်။

ထိန်းသိမ်းရေးစီမံချက်များ၊ တုံ့ပြန်မှုအစီအစဉ်များ၊ အပြုအမူစံနှုန်းများ စသဖြင့် အားလုံးစဉ်းစားရမည်။

ထိုကိစ္စများက ဝေးသေးသည်။ စိတ်ကူးပေါ်၍ ချက်ချင်းဆုံးဖြတ်ချက်ချပြီး အလုံပိတ်လောကကို ဖွင့်လိုက်၍မဖြစ်။

အနည်းဆုံးတော့ အမယွမ်၊ ကျန်းပင်ကန်း စသည့်လူများကို ကြိုတင်သတိပေးဖို့လိုသည်။

"ဟုတ်ပါတယ်။ တစ်ဆင့်ချင်းပဲ သွားကြတာပေါ့"

မသေမျိုးများက ရယ်မော၍ပြောသည်။ သူတို့အတွက် အချိန်ရှားပါးသည်မဟုတ်။

အားလုံးစားသောက်၍ ပြီးခါနီးတွင် နတ်မယ်ကမေးသည်။

"နင်တို့ဘာဆက်လုပ်မှာလဲ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို အလည်လိုက်ကြမလား"

"လိုက်မယ်လေ"

ယင်ထန်နှင့် ကိုးဆမသေမျိုးက ဂိုဏ်းသို့ရောက်ဖူးသည်။ အချိန်မသေမျိုးလည်း အချိန်လမ်းကြောင်းပြောင်းသည့်ကိစ္စဖြင့် ခဏရောက်ဖူးသည်။

ချီလင်တစ်ယောက်သာ မရောက်ဖူးသေးခြင်းဖြစ်သည်။

မိုးပျံဘုံကျောင်းမှ ထွက်မသွားမီ လုယန်က ရှင်းတင်းဆီသွားလည်သည်။ ရှင်းတင်းသည့် ဗုဒ္ဓလမ်းစဉ်နှင့် တကယ်သင့်တော်သည်။ ကျင့်စဉ်တစ်ဆင့်ချင်း တိုးတက်နေသည်။

ဗုဒ္ဓနိုင်ငံတွင် နာမည်ကျော်နေပြီဖြစ်သည်။ ရှင်းတင်းပါရမီအရ အချိန်တန်လျှင် ကျောင်းထိုင်သစ်ဖြစ်လာလိမ့်မည်ဟု ယူဆသည်။

ထို့ကြောင့် စိတ်အေးချမ်းသာစွာ သူထွက်လာခဲ့သည်။

လူခြောက်ယောက်။ မသေမျိုးငါးယောက်နှင့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်။ အကြမ်းဖျင်းပြောရလျှင် မသေမျိုးခြောက်ယောက် ပြိုင်ဘက်အမြန်နှုန်းဖြင့် အတူခရီးထွက်လာသည်။

သိပ်မကြာမီ တာအိုလမ်းစဉ်ဂိုဏ်းသို့ရောက်သည်။

"အကိုတိုင်၊ ဧည့်သည်တစ်ချို့ ကျုပ်အလည်ခေါ်လာတယ်..."

လုယန် ယုံကြည်ချက်အပြည့်ဖြင့် မစ်ရှင်ခန်းမသို့သွားသည်။ တိုင်ပုဖန်၏ အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ သို့သော် လူတစ်ယောက်မှမရှိ။

မေးမြန်စုံစမ်းကြည့်သည်။ တိုင်ပုဖန် နာမကျန်းခွင့်ယူထားကြောင်းသိရသည်။ လုယန် စိတ်မကောင်းဖြစ်သွားသည်။ ရှေးဟောင်းမသေမျိုးငါးယောက် ဂိုဏ်းသို့လာလည်ခြင်းသည် ဂုဏ်ယူစရာအခွင့်ထူးဖြစ်သည်။

ထိုအချိန်မျိုးကျမှ အကိုတိုင် ဘာကြောင့်မရှိသည်မသိ။

မတတ်သာတော့သဖြင့် မသေမျိုးငါးယောက်ကို ယွမ်ကျိနှင့်တွေ့ပေးရန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ခေါ်သွားသည်။

"အမယွမ်၊ အကိုတိုင်က ခွင့်ယူထားတယ်လို့ကြားတယ်။ သူဘာဖြစ်တာလဲ။ ကျုပ်သူ့ကို သွားတွေ့ချင်တယ်"

ယွမ်ကျိလည်း နားမလည်ဟန်ဖြင့် မျက်ခွံလှန်ကြည့်သည်။

"သူနေမကောင်းဘူးတဲ့လား။ ခုနက ငါနဲ့စကားပြောနေတုန်းကတောင် အကောင်းပါ"

"သူနဲ့ဘာအကြောင်းတွေပြောကြတာလဲ"

"ဘာရယ်မဟုတ်ပါဘူး။ ကိုးငရဲဂိုဏ်းနဲ့ နေမင်းဂိုဏ်းက မောင်လေးအရိုးရိုင်းဆီ အညံ့ခံကြတဲ့အကြောင်း။ အင်ပါယာချန်ကို ငါဖမ်းခဲ့တဲ့အကြောင်း။

ရှေးဟောင်းမသေမျိုးလေးယောက် ယော်စိန့်နဲ့ရင်ဆိုင်တော့ သူတို့ကိုကူညီပြီး ယော်စိန့်ကို ငါရှင်းပေးခဲ့တဲ့အကြောင်းတွေပါ။

ပြီးတော့ ရှေးဟောင်းမသေမျိုးလေးယောက် မကြာခင်ဂိုဏ်းကိုလာလည်ကြမယ်ထင်လို့ သူ့ကိုကြိုတင်ပြင်ဆင်ထားပါလို့ ပြောလိုက်တယ်"

ယွမ်ကျိခဏစကားရပ်၍ စဉ်းစားသည်။

"အဲဒါပါပဲ။ တစ်ခြားဘာမှမပြောပါဘူး"

***********************************

All Chapters