← Chapters

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အခန်း (၁၂၆၀) ကောင်းကင်ဖွင့်ပွဲ အစည်းအဝေး

သမိုင်းမှတ်တမ်းအရ မဟာပဲဝါနိုင်ငံတည်ထောင်စတွင် နန်းတွင်းရုံးတော်၌ ပြဿနာရှာသည့် ဝန်ကြီးများရှိသော်လည်း ဉာဏ်ရည်မြင့်မားသည့် ပဲဝါအင်ပါယာ၏ဦးဆောင်မှုကြောင့် နိုင်ငံတစ်ဝှမ်းတိုးတက်စည်ပင်ခဲ့သည်။

သာမန်လူများလည်း ပဲဝါအင်ပါယာနှင့် လွတ်လပ်စွာ စကားပြောနိုင်သည်။ နန်းတွင်းအစည်းအဝေးပင် တက်ရောက်နိုင်သည်။ အကြံဉာဏ်ပေးနိုင်သည်။ ကိုယ့်အမြင်ကိုယ်တင်ပြနိုင်သည်။ ခေတ်သမိုင်းတလျှောက် တစ်ခါမှမရှိခဲ့ဖူးသည့် ဓလေ့ဖြစ်သည်။

နတ်မယ်စည်းရုံးမှုကြောင့် ရှေးဟောင်းမသေမျိုးလေးယောက်လည်း မဟာပဲဝါနိုင်ငံသို့ ဝင်လာကြသည်။

"ရော့၊ ဒါက ရှင်တို့အတွက်လို့ ခေါင်းဆောင်ကပြောတယ်"

ယွမ်မုန်မုန်က ယင်ထန်တို့လေးယောက်ကို ဘာမှရေးမထားသည့် ကတ်ပြားတစ်ခုစီပေးသည်။ 'သာမန်ပြည်သူ'အထောက်အထားကတ်ဖြစ်သည်။ လေးယောက်လုံး အင်္ကျီရင်ဘတ်ထဲ ထိုးထည့်ကြသည်။

"ဒါက မဟာပဲဝါနိုင်ငံကနေ ကြိုဆိုတဲ့ အထိမ်းအမှတ်လက်ဆောင်ပါ"

နောက်ထပ် စက္ကူအိတ်ငယ်တစ်လုံးစီပေးသည်။

"ကျေးဇူးပါမိတ်ဆွေလေး"

ယွမ်ကျိ၏ညီမ၊ ထာဝရမျိုးဆက်၏ တ-ခေါင်းဆောင်ကို မိတ်ဆွေလေးဟု ခေါ်သည်က တကယ်သင့်လျော်သည်။

မသေမျိုးလေးယောက် နည်းနည်းအံ့အားသင့်နေသည်။ ထိုကိစ္စများကို ကြိုတင်စီစဉ်ထားသလားဟု ထင်မိကြသည်။

စက္ကူအိတ်များကို သူတို့ဖွင့်ကြည့်သည်။ နေကြာစေ့များ သကြားလုံးများကို တွေ့ရသည်။

သူတို့သာမဟုတ်။ စည်းဝေးပွဲတက်သူအားလုံး စက္ကူအိတ်တစ်ထုပ်စီရကြသည်။ နေကြာစေ့အခွံခွာစားရင်း စကားပြောကြသည်။

ယွမ်မုန်မုန်ထွက်သွားပြီးနောက် ကျူးထန် လုယန်ကို ကျေးဇူးတင်စကားပြောဖို့ အခွင့်အရေးရလာသည်။

"အကိုလု၊ ရှောင်ကျူးဆီက အကူအညီလိုရင် အားမနာတမ်းသာပြောပါ။ ကောင်းကင်ကကြယ်တွေကို ယူပေးရမယ်ဆိုရင်တောင် ကျုပ်ယူပေးပါ့မယ်"

"ခင်ဗျားက ကြယ်တွေကိုယူပေးနိုင်တယ်ပေါ့"

လုယန်က အူတူတူမျက်နှာဖြင့်မေးသည်။ ထိုစကားက နတ်ဆိုးအင်ပါယာတစ်ယောက်၏ မဟာကတိကဝတ်မျိုးဟု သူယူဆသည်။

လုယန်၏သံသယစကားကြောင့် ကျူးထန်ဆက်ပြောသည်။

"ဒါပေါ့၊ ကျုပ်ကြွားပြောတာမဟုတ်ပါဘူး။ ကျုပ်တို့ရှေးဟောင်းကျင့်ကြံသူတွေက ညစာစားပြီးတဲ့အချိန်မှာ ကြယ်တွေဆွတ်ပြီး လတွေဖမ်းကြတာ ပုံမှန်ဓလေ့တစ်ခုပါ။

ကျုပ်ပြောတာ အကိုလုမယုံရင် စည်းဝေးပွဲပြီးတဲ့အထိစောင့်ပါ။ ကျုပ်ကြယ်တစ်လုံးသွားယူပေးမယ်"

"နေပါစေ နေပါစေ၊ မလုပ်ပါနဲ့။ ကြယ်တွေဆွတ်တာကို ကျုပ်စိတ်မဝင်စားပါဘူး"

လုယန်က ကျူးထန်လက်ကို အမြန်ဆွဲသည်။ ကျားမျိုးနွယ်ပင် ကျူးထန်လောက်မရဲတင်းလောက်ဟု သူယူဆသည်။ ကျူးထန်သာ ကြယ်တစ်လုံးသွားယူလျှင် ပွဲအတော်ဆူသွားလိမ့်မည်။

(**ယွမ်ကျိ၏ ရွှေသန္ဓေများဖြစ်ကြောင်း ကျူးထန်မသိ)

"နိုင်ငံ့သခင်ကျူးအချိန်ရရင် သစ်သားလက်ဖက်ရည်အသုံးအဆောင်တစ်စုံ လုပ်ပေးလို့ရပါတယ်"

"လက်ဖက်ရည်အသုံးအဆောင်"

ကျူးထန်စိတ်ထဲ လက်ဖက်ရည်အသုံးအဆောင်မျိုးစုံ ဖျတ်ခနဲပြေးမြင်သည်။

"ကိစ္စမရှိပါဘူး"

ပြန်ရောက်ရောက်ချင်းစလုပ်မည်ဟု သူဆုံးဖြတ်လိုက်သည်။

"ကဲ ဒါဆို အကိုလုကို ဆက်ပြီးမနှောက်ယှက်တော့ပါဘူး။ တစ်ခုခုလိုအပ်ရင် ကျုပ်ကိုခေါ်လိုက်ပါ"

ကျူးထန် စိတ်အားထက်သန်စွာ နှုတ်ဆက်သည်။ သူနှင့်လုယန်သည် ထိုမျှမရင်းနှီးသေး။ ထို့ကြောင့် ဆက်ဆံရေးတိုးတက်ဖို့ ခဏစကားပြောပြီး မြန်မြန်လက်စသပ်ဖို့လိုသည်။ အချိန်ဆွဲနေလျှင် ဆန့်ကျင်ဘက်အကျိုး သက်ရောက်နိုင်သည်။

ကျူးထန် စည်းဝေးပွဲ၏ နောက်ထပ်ပစ်မှတ်ကို ချက်ချင်းတွေ့သည်။

"အင်ပါယာကျန်း၊ မတွေ့ရတာကြာပြီနော်"

အင်ပါယာရှားဆီ သူချဉ်းကပ်သည်။

အမှန်တော့ အင်ပါယာရှားနှင့် ဘာလုပ်ငန်းကိစ္စမှ ဆွေးနွေးစရာမရှိ။ စည်းဝေးပွဲတက်လာသူများထဲတွင် အဆင့်အတန်းနှင့် ကျင့်စဉ်စွမ်းအားအရ အင်ပါယာရှားသည့် အနိမ့်ဆုံးဖြစ်ပြီး သူသည် ဒုတိယအနိမ့်ဆုံးဖြစ်သည်။

ရှေးဟောင်းခေတ်ကတည်းက မပြောဘဲနားလည်သည့်စည်းမျဉ်းအရ အောက်ခြေမှလူချင်း အတူတကွ ရင်းနှီးမှုယူကြရသည်။

"အရှင်မ၊ အားလုံးရောက်လာပါပြီ။ စည်းဝေးပွဲစီစဉ်ဖို့ ဘယ်သူ့ကိုလွှတ်ရင်ကောင်းမလဲ"

ယွမ်ကျိက နတ်မယ်ဆီလျှောက်လာပြီးမေးသည်။ အစက သူကိုယ်တိုင်စီစဉ်ဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် သူသည် ပဲဝါနိုင်ငံမှလူဖြစ်၍ နတ်မယ်ကိုဆုံးဖြတ်ခိုင်းသည်က ပိုသင့်တော်သည်။

"ရှောင်ယန်ပဲလုပ်ရမှာပေါ့"

"ဘယ်လို...ကျုပ်လား"

ထိုမျှအရေးပါသည့်တာဝန်မျိုး သူ့အပေါ်ကျလာမည်ဟု လုယန်ထင်မထား။ သူသည် ကူးဖြတ်ခြင်းအခြေခံအဆင့်သာရှိသည်။ သူ့ထက်ကျင့်စဉ်အဆင့်နိမ့်သူဆို၍ အင်ပါယာရှားသာရှိသည်။

ယခု သူစည်းဝေးပွဲတက်သည်ကလည်း အဆက်အသွယ်ကြောင့်သာဖြစ်သည်။

"နင်က နိုင်ငံ့ဒေါက်တိုင်ပဲလေ။ အမြင့်ဆုံးအရာရှိပဲ။ ဒီတော့ နင်ပဲစီစဉ်ရမှာပေါ့"

"ဟုတ်တယ်။ ကျွန်မလည်း ရှောင်လုစီစဉ်သင့်တယ်လို့ ယူဆတယ်။ အရှင်မက စွမ်းဆောင်ရည်ကောင်းတဲ့လူကို ရွေးချယ်တတ်တယ်။ တကယ်ဉာဏ်ရည်ထက်မြက်တဲ့ အုပ်ချုပ်သူပါပဲ"

ယွမ်ကျိက သံယောင်လိုက်သည်။

"ဒါပေါ့၊ ငါက တစ်ခြားလူတွေနဲ့ ဘယ်တူပါ့မလဲ"

လုယန် "..."

ယွမ်ကျိနှင့်နတ်မယ်က ပူးတွဲဆုံးဖြတ်ချက်ချသည်ကို လုယန် ပြောင်းလဲနိုင်စွမ်းမရှိ။ စိတ်ကိုတင်း၍ ဘိုးဘေးဘုံကျောင်းရှေ့တွင် ရပ်သည်။ ခံတွင်းတစ်ချက်ရှင်း၍ စည်းဝေးပွဲစတင်ကြောင်းကြေညာသည်။

"ဒီစည်းဝေးပွဲရဲ့ရည်ရွယ်ချက်ကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ ရှေးဟောင်းမှော်စက်ဝန်းကိုဖွင့်ပြီး လောကသားတွေကို တကယ့်ကောင်းကင်အစစ်ပြသဖို့ကိစ္စပါ။

ဒါကြောင့် ဒီစည်းဝေးပွဲကို ကောင်းကင်ဖွင့်စည်းဝေးပွဲလို့ ကျုပ်နာမည်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်လေးသိန်းက စကားလုံးမှော်စွမ်းအားရှင်ယော်စိန့်ဟာ အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ ထာဝရနတ်မယ်ကို လုပ်ကြံခဲ့တယ်။

မသေမျိုးလေးယောက်က သူနဲ့ တိုက်ကွက်ပေါင်းထောင်ချီရင်ဆိုင်ခဲ့ပေမယ့် အနိုင်အရှုံးမပေါ်ခဲ့ဘူး။ ယော်စိန့်က အသက်ကိုဖက်ရွက်လိုသဘောထားတယ်။ သေခြင်းရှင်ခြင်းကို စိတ်ထင်ရာဆုံးဖြတ်တယ်။ သူ့ကိုရှင်းမထုတ်နိုင်ရင် သေချာပေါက် ကပ်ဆိုးသင့်မှာပဲ။

ဒါကြောင့် မသေမျိုးလေးယောက်က ဒီမကောင်းဆိုးဝါးကိုရှင်းလင်းဖို့ အလုံပိတ်လောကတစ်ခု ဖန်တီးခဲ့တယ်။ သိပ်မကြာသေးခင်က ယော်စိန့်ကို သေလမ်းပို့နိုင်ခဲ့တယ်။ မကောင်းဆိုးဝါးကို ရှင်းလင်းနိုင်ခဲ့တယ်။ လောကမှော်စက်ဝန်းကို နောက်ထပ်မလိုအပ်တော့ဘူး။

ဒါကြောင့် မှော်စက်ဝန်းဖွင့်တာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆွေးနွေးဖို့ ဒီနေ့လို ကျုပ်တို့စုစည်းနေကြတာဖြစ်ပါတယ်။ ပြန်ရောက်တဲ့အခါ ဒီစည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကို သေချာဆောင်ရွက်ကြပါ"

ကျန်းပင်ကန်းက လက်မြှောက်၍မေးသည်။

"ကျုပ်မေးချင်ပါတယ် မိတ်ဆွေလု။ အပြင်လောကဆိုတာ ဘယ်လိုပုံစံမျိုးလဲ"

"အပြင်လောကရဲ့ ကြယ်တွေက ကောင်းကင်တစ်ခွင် ပျံ့ကျဲနေတယ်။ ကြယ်တွေအများကြီးရှိပေမယ့် သက်ရှိနေထိုင်တယ်လို့ သိထားတဲ့ကြယ်ကမ္ဘာတွေ နည်းနည်းပဲရှိတယ်။ အဲဒီ့သက်ရှိအများစုကလည်း တစ်ခြားကြယ်တွေမှာ သက်ရှိတွေနေထိုင်တယ်ဆိုတာ မသိကြဘူး။

ကြယ်ကမ္ဘာတစ်ချို့ပဲ တိုးတက်မှုမြန်ဆန်လို့ စကြာဝဠာကို ခရီးဆန့်နိုင်စွမ်းရှိတယ်။ တခြားကြယ်ကမ္ဘာတွေကို သွားနိုင်ကြတယ်။ စကြာဝဠာထဲမှာ သူတို့လို တစ်ခြားဖြစ်တည်မှုတွေ ရှိသေးတယ်ဆိုတာ သိကြတယ်"

"ဒါဆို သူတို့ရဲ့ကျင့်စဉ်အဆင့်က ဘယ်လိုလဲ"

"အပြင်လောကမှာ ကျင့်ကြံမှုအကြောင်း မပြောကြလောက်ဘူး။ သူတို့ရဲ့အမြင့်ဆုံး တိုက်ခိုက်စွမ်းအားက ကူးဖြတ်ခြင်းအဆင့်ထက် မပိုနိုင်ဘူး။ အဲဒီကြယ်ကမ္ဘာတွေပေါ်က သက်ရှိအများစုက စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ဖို့နည်းလမ်းတောင် မရှိကြဘူး"

ကျန်းပင်ကန်း အံ့အားသင့်သွားသည်။ အပြင်ကမ္ဘာသားများ ထိုမျှအားနည်းသလော...

အစည်းဝေးလုပ်ရသည်မှာ အံ့ဩစရာမရှိတော့။ လောကဖွင့်သည့်ကိစ္စကို သေချာစီမံရမည်ဟုကြားစဉ်က ကျင့်ကြံသူများနှင့်သေမျိုးများ စိတ်လှုပ်ရှားမှုမလွန်ကဲအောင် သို့မဟုတ် ပြဿနာမဖြစ်အောင် ထိန်းချုပ်ဖို့ဟုသာ သူယူဆခဲ့သည်။

ယခုကြည့်ရသည်မှာ ထိုကိစ္စများက လုံးဝပြဿနာမရှိတော့။

ကျင့်ကြံမှုလောကတွင် စုစည်းခြင်းအဆင့်များသည် နည်းနည်းနောနောမဟုတ်။ လောကပွင့်သည်နှင့် ထိုလူများက သက်ရှိဂြိုလ်များသို့ ပျံသန်းသွားပြီး ထိုဂြိုလ်များကို အလွယ်တကူလွှမ်းမိုးနိုင်စွမ်းရှိသည်။ လက်ချောင်းတစ်ချက်လှုပ်ရုံဖြင့် ထိုဂြိုလ်မှ သက်ရှိအားလုံးသေသွားနိုင်သည်။

စုစည်းခြင်းအဆင့်၏အထက်တွင် ကူးဖြတ်ခြင်းအဆင့်နှင့် မသေမျိုးများရှိသည်။ သို့သော် အပြင်လောကတွင် ထိုသို့မဟုတ်။ ငါးများခုန်ဖို့ ပင်လယ်ပြင်ကျယ်ရသည်။ ငှက်များပျံဖို့ ကောင်းကင်မြင့်ရသည်။ စုစည်းခြင်းကျင့်ကြံသူများ သူတို့စိတ်ကြိုက် လုပ်ချင်ရာလုပ်နိုင်သည်။

သူတို့ထဲတွင် ကောင်းကင်ဆန့်ကျင်လိုသူများ သေချာပေါက် ရှိလိမ့်မည်။

မဟာယုခေတ်နှောင်းပိုင်းကို ဖြတ်ကျော်ခဲ့သူဖြစ်၍ ဥပဒေမဲ့ကျင့်ကြံသူများ ကျူးလွန်နိုင်သည့် ဆိုးဝါးသည့်လုပ်ရပ်များကို ကျန်းပင်ကန်းသိသည်။ ထိုအချိန်က လူသားများကြောင့် ဖြစ်လာသည့်ကပ်ဆိုးသည် သဘာဝအန္တရာယ်များထက် ပို၍ဆိုးဝါးသည်။

မဟာရှားကို သူတည်ထောင်၍ ဥပဒေပြဌာန်းခဲ့သည်။ လူအားလုံး ဥပဒေလိုက်နာပြီး ကျင့်ကြံသူများက သေမျိုးများအပေါ် ဖိနှိပ်ခြင်းမျိုး ဖြစ်မလာအောင် ထိန်းသိမ်းခြင်းဖြစ်သည်။

"တင်းကြပ်တဲ့ဥပဒေစည်းမျဉ်းတွေ ပြဌာန်းပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေသတ်မှတ်ဖို့ ကျုပ်အဆိုပြုပါတယ်။ လိုအပ်ရင် တစ်ယောက်ယောက်ကို စံနမူနာပြဖို့ အသင့်ပြင်ထားရမယ်"

ကျန်းပင်ကန်းက အလေးအနက်ပြောသည်။ သူ့စကားအဆုံးတွင် လူသတ်ရိပ်နည်းနည်းပါလာသည်။

ဆိုးဝါးသည့် ကျင့်ကြံသူများက သွေးမမြင်လျှင် ကြောက်ကြမည်မဟုတ်။

"ဗုဒ္ဓနိုင်ငံက တာအိုရှင်ကျန်းရဲ့အမြင်ကို ထောက်ခံပါတယ်"

"အရှေ့ပင်လယ်ကလည်း ထောက်ခံပါတယ်"

"နတ်ဆိုးနယ်မြေကလည်း သဘောတူပါတယ်"

လုယန် ခေါင်းငြိမ့်သည်။ ကျန်းပင်ကန်းအဆိုပြုချက်က သူတွေးထားသည်နှင့်ထပ်တူကျသည်။

"ဒါဆို အကြီးအကဲတို့က စည်းဝေးပွဲပြီးရင် ဥပဒေသတ်မှတ်ဖို့ကိစ္စ ဆွေးနွေးကြပါ။ လောကကိုသတင်းဖြန့်ဖို့ကတော့ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့တာဝန်ထားပါ။

ကျုပ်တို့ရဲ့ သက်ရှိလူသားပုံနှိပ်ထုတ်ဝေမှုပညာက အကုန်အကျသက်သာတယ်။ စွမ်းဆောင်ရည်မြင့်တယ်။ ကျင့်ကြံသူလစဉ်ကို 'ကျင့်ကြံသူနေ့စဉ်'သတင်းစာအဖြစ် ပြောင်းလဲမယ်ဆိုရင်တောင် ပြဿနာမရှိနိုင်ပါဘူး"

****************************

All Chapters