← Chapters

အခန်း ၁၂၄၁

Vol. 108 Ch. 1241

အခန်း ၁၂၄၁

Vol. 108 Ch. 1241

အခန်း ၁၂၄၁

“ဘာလဲ...။ မင်းလက်တွေက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မြန်နေရတာလဲ။”

ထိုလူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဟူကျဲထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ပြောလိုက်သည်။

“မင်္ဂလာပါ လူကြီးမင်း...ခင်ဗျားနဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလား။”

ဟူကျဲတစ်ယောက် ထိုလူ့ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ တစ်ဖက်လူ ဘာပြောနေသည်ကို သူ လုံးဝနားမလည်ပေ။

ဟူကျဲ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ထိုလူက လက်ဟန်ခြေဟန်ဖြင့် စတင်ရှင်းပြလိုက်တော့သည်။ နောက်ဆုံးတွင်တော့ ဟူကျဲလည်း သူဆိုလိုသည်ကို နားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

ဟူကျဲ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ထိုလူသည် ဘီလူးကြီးနှင့် ဘေးချင်းယှဉ်ကာ ဆဲလ်ဖီရိုက်ပြီး အွန်လိုင်းဖိုရမ်ပေါ်၌ ချက်ချင်းတင်လိုက်တော့သည်။

ဘီလူးကြီး၏ ဓာတ်ပုံပါဝင်သော ထိုပို့စ်သည် အက်ဒမင်၏ ပင်နံပါတ်တပ်ခြင်းကို လျင်မြန်စွာ ခံလိုက်ရတော့သည်။

“ပို့စ်တင်တဲ့လူကတော့ လန်းတယ်ဟေ့...။ သူက ဘီလူးကြီးနဲ့ပါ ဓာတ်ပုံတွဲရိုက်ခွင့်ရခဲ့တာပဲ။”

“ဒါက ဘာဆန်းလို့လဲ။ ဒီဘီလူးကြီးက လက်ရှိ ယီရန်ပင်း မဟာမိတ် အပန်းဖြေစခန်းမှာ ရှိနေတာလေ။ အဲ့ဒီကို သွားရုံနဲ့ ဘယ်သူမဆို သူ့နဲ့ ဓာတ်ပုံတွဲရိုက်လို့ ရတယ်။”

“တကယ်ကြီးလား။ အပန်းဖြေစခန်းက ဘယ်တုန်းက ဘီလူးကြီးတစ်ကောင်ကို မိတ်ဆက်ပေးလိုက်တာလဲ။”

“မဖြစ်နိုင်တာ... ငါ ဒီဘက်က သားရဲကြီးတွေရဲ့ကိစ္စ ရှင်းလို့ပြီးတာနဲ့ သွားကြည့်ဦးမှပဲ။ ဒါက ဘီလူးကြီးတစ်ကောင်နဲ့ အနီးကပ် ထိတွေ့ခွင့်ရမယ့် အခွင့်အရေးပဲ။”

“ဟုတ်တယ်... ပြီးခဲ့တဲ့ မသေမျိုးမျိုးနွယ်စုနဲ့ တိုက်ပွဲတုန်းက ငါတို့ သူတို့ကို အဝေးကနေပဲ လှမ်းမြင်ခဲ့ရတာ။”

ထိုဓာတ်ပုံများ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာသည်နှင့်အမျှ လူအများအပြားသည် ဘီလူးကြီးကို ကြည့်ရှုရန်အတွက် အပန်းဖြေစခန်းသို့သွားရန် ရွေးချယ်ခဲ့ကြသည်။

ရှောင်းယီသည်လည်း အွန်လိုင်းပေါ်တွင် ဟူကျဲနှင့် အခြားကမ္ဘာလှည့်ခရီးသွားများ၏ ဓာတ်ပုံများကို မြင်တွေ့သွားပြီး ပြုံးလိုက်မိသည်။

“ဟူကျဲတစ်ယောက် အင်တာနက်ဆယ်လီ ဖြစ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။”

“ဟုတ်တယ်။ အဖေပြောတာတော့ ဟူကျဲက အပန်းဖြေစခန်းမှာ ဆက်နေဖို့အတွက် အလုပ်တစ်ခု သီးသန့်ရှာနေတယ်တဲ့။ သူက အပြင်ဘက်က ဖျော်ဖြေရေးကစားကွင်း အကြီးစားတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူထားတာလေ။”

အန်းရန်က ပြုံးကာ ပြောလိုက်သည်။

“ဒီဟူကျဲကတော့ ခေါင်းဆောင်ကျား က သူ့ကို အပန်းဖြေစခန်းမှာ လာကစားခွင့် မပေးမှာ စိုးရိမ်လို့ ဒီအကြံကို ထုတ်လိုက်တာ နေမယ်။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီက အန်းရန်ကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။

“ရန်ရန်... မင်း အခုတလော အရမ်းပင်ပန်းနေတာလား။”

အန်းရန်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသော်လည်း ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။

“ဖြစ်နိုင်ပါတယ်။”

“ဒါဆိုလည်း ကောင်းကောင်း အနားယူလိုက်ပါ။ လက်ရှိအလုပ်တွေကို တခြားလူတွေကိုပဲ လွှဲပေးလိုက်တော့။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။

“အင်းပါ... ငါ သိပါတယ်။”

အန်းရန်က ပြုံးလိုက်သည်။ ထိုစဉ် ဓာတ်ခွဲခန်းမှ ဖုန်းဝင်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... နျူကလီးယား လေယာဉ်တင်သင်္ဘောမှာ သုံးမယ့် နျူကလီးယားဓာတ်ပေါင်းဖိုအတွက် ကုန်ကြမ်းပစ္စည်းတွေ အဆင်သင့်ဖြစ်ပါပြီ။”

“ကောင်းပြီ... ငါ အခုချက်ချင်း နျူကလီးယား လေယာဉ်တင်သင်္ဘောကို ထုတ်လုပ်လိုက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အိပ်ခန်းဆီသို့ လျှောက်သွားခဲ့သည်။

ရှောင်းယီ ထွက်ခွာသွားပြီးနောက် ဆုဝမ်က အန်းရန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“နင် ဒါကို သူ့ကို တကယ် မပြောတော့ဘူးလား။”

“မလောပါဘူး...။ နောက်ထပ် ခဏလောက် စောင့်ကြည့်ရအောင်။”

အန်းရန်က ပြုံးက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်လာပြီး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို ချက်ချင်း စတင်ထုတ်လုပ်လိုက်တော့သည်။

ကုန်ကြမ်းပစ္စည်းများ အားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သောကြောင့် ရှောင်းယီသည် လေယာဉ်တင်သင်္ဘော ငါးစင်းကို တိုက်ရိုက်ထုတ်လုပ်ပြီး ရေတပ်စခန်းတွင် နေရာချလိုက်သည်။

အနီးအနားတွင် တာဝန်ကျနေသော ရေတပ်ကင်းလှည့်စစ်သားများသည်လည်း စစ်ဆိပ်ကမ်းတွင် ရုတ်တရက် ပေါ်လာသော ဧရာမသင်္ဘောကြီး ငါးစင်းကို မြင်လိုက်ရတော့သည်။

၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်များလည်း ဘဲဥတစ်လုံးဝင်လောက်သည်အထိ အံ့သြတုန်လှုပ်စွာ ဟောင်းလောင်းဖြစ်သွားကြတော့သည်။

ထိုစဉ် ကင်းလှည့်အရာရှိသည် လျင်မြန်စွာ သတိဝင်လာပြီး သူ့ဖုန်းကို ထုတ်ကာ ကျန်းယွင်ထျန်းထံသို့ ဖုန်းခေါ်လိုက်တော့သည်။

“သတင်းပို့ပါတယ် နည်းပြ... ကျုပ်တို့ စစ်ဆိပ်ကမ်းမှာ ဧရာမသင်္ဘောကြီး ငါးစင်း ပေါ်လာပါတယ်။ ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သိပါရစေ ခင်ဗျ။”

သူ့လက်အောက်ငယ်သား၏ သတင်းပို့မှုကို ကြားရလျှင် ကျန်းယွင်ထျန်းသည် နျူကလီးယား လေယာဉ်တင်သင်္ဘောများ ထုတ်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ချက်ချင်း သိရှိသွားခဲ့သည်။

“အဲ့ဒါတွေက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ သင်္ဘောတွေပဲ...။ စိတ်မပူနဲ့။ ငါ အခု လာခဲ့မယ်။”

“ဟုတ်ကဲ့ပါ။”

ကင်းလှည့်အရာရှိက ပြန်လည်ဖြေကြားပြီးနောက် ဖုန်းချလိုက်ကာ အမိန့်ပေးလိုက်သည်။

“ငေးမောမနေကြနဲ့... ကင်းဆက်လှည့်။”

“ဟုတ်ကဲ့ပါ။”

ကင်းလှည့်အဖွဲ့သည် ၎င်းတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ကြသော်လည်း အဖွဲ့ထဲမှ စစ်သားများသည် စပ်စုလိုစိတ်ကြောင့် မနေနိုင်ဘဲ မေးလိုက်ကြသည်။

“ဗိုလ်ကြီး... ဟိုသင်္ဘောကြီးတွေက ဘယ်လိုအခြေအနေလဲ။”

“မမေးသင့်တာကို မမေးနဲ့။ သိရမယ့် အချိန်ကျရင် မင်းတို့ကို ပြောပြလိမ့်မယ်။”

ကင်းလှည့်အရာရှိက ဟောက်လိုက်၏။

“ဟုတ်ကဲ့။”

အမှန်တကယ်တော့ အရေးကြီးဆုံးအချက်မှာ ထိုကင်းလှည့်အရာရှိကိုယ်တိုင်လည်း အခြေအနေကို မသိရှိသဖြင့် ဟန်ကိုယ်ရန်သာ လှည့်ပတ်ပြောဆိုလိုက်ရခြင်း ဖြစ်သည်။

မကြာမီမှာပင် ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ရောက်ရှိလာပြီး နောက်တစ်စက္ကန့်တွင် ရှောင်းယီသည်လည်း သူ့ဘေး၌ ရုတ်တရက် ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင်...မင်း ဘယ်တုန်းက ကုန်ကြမ်းပစ္စည်းတွေကို ဒီလောက်အများကြီး စုဆောင်းလိုက်နိုင်တာလဲ။”

ကျန်းယွင်ထျန်းက ပြုံးကာ နှုတ်ဆက်လိုက်သည်။

“ဓာတ်ခွဲခန်းက ဓာတ်ပေါင်းဖိုအတွက် ကုန်ကြမ်းတွေကို အခုလေးတင် အချောသတ်လိုက်လို့ ငါလည်း ချက်ချင်း ထုတ်လုပ်လိုက်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြီးတော့ ငါကိုယ်တိုင်လည်း နျူကလီးယား လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်ချင်လို့လေ။”

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် စစ်ဆိပ်ကမ်းသို့ လျှောက်သွားပြီး ထိုဧရာမ လေယာဉ်တင်သင်္ဘောကြီးများကို မြင်လိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။

နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော (SSS အဆင့်): နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ဖြစ်သည်။ သင်္ဘောကိုယ်ထည်နှင့် လေယာဉ်တင် ကုန်းပတ်နှစ်ခုစလုံးသည် အလျား မီတာ ၄၀၀ နှင့် အနံ မီတာ ၁၀၀ ရှိပြီး ရေစူးအနက်မှာ ၁၈ မီတာခန့် ရှိသည်။ စက်သုံးဆီ တစ်ကြိမ်ဖြည့်ရုံဖြင့် အခြားအခြေစိုက်စခန်းများမှ ထောက်ပံ့ကူညီမှု မလိုဘဲ ရေမိုင် တစ်သန်းကျော်အထိ အဆက်မပြတ် ခရီးနှင်နိုင်သည်။ နျူကလီးယားစွမ်းအင်ကို အသုံးပြုထားသောကြောင့် သင်္ဘောတွင် နေရာလွတ်နှင့် ဝန်တင်ဆောင်နိုင်မှု ပိုမိုများပြားသည်။...

စနစ်၏ သတိပေးချက်မှ အချက်အလက်များကို မြင်လိုက်ရသောအခါ ရှောင်းယီသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရ၏။ ဤကမ္ဘာတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေသရွေ့ ခရီးအကွာအဝေးမှာ ပြဿနာမဟုတ်ပေ။ သို့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အပြင်လူများ နောက်သို့သာ လိုက်သွားရမည်ဖြစ်သည်။

နောင်အနာဂတ်တွင် သင်္ဘောများ၏ ခရီးစဉ်အကွာအဝေးသည် ၎င်းတို့ကိုယ်ပိုင် စက်သုံးဆီအပေါ်တွင်သာ မှီခိုရတော့မည် ဖြစ်သည်။

ကျန်းယွင်ထျန်းက သင်္ဘောပေါ်သို့ တန်းတန်းမတ်မတ် တက်သွားပြီး ရှောင်းယီကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။

“ဒီအရွယ်အစားက အရင်ကမ္ဘာက လေယာဉ်တင်သင်္ဘောတွေထက်တောင် ပိုကြီးနေသလိုပဲ။”

ကျန်းယွင်ထျန်းက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အရင်ကမ္ဘာက လေယာဉ်တင်သင်္ဘောတွေရဲ့ အရွယ်အစားက ဘယ်လောက်ရှိလို့လဲ။”

ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ဥပမာပြောရရင် အရင်ကမ္ဘာက နီမစ်ဇ်အဆင့် (Nimitz-class) စူပါလေယာဉ်တင်သင်္ဘောတွေရဲ့ ကိုယ်ထည်နဲ့ ပြေးလမ်းက မီတာ ၃၃၀ ကျော်၊ အနံက ၇၅ မီတာကျော်ရှိပြီး ရေစူးက ၁၁ မီတာလောက် ရှိတယ်။ ငါတို့ ရှားနိုင်ငံရဲ့ လေယာဉ်တင်သင်္ဘောတွေက အဲ့ဒါထက် နည်းနည်းပိုသေးတယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“မင်းက တော်တော်မျက်စိစူးရှတာပဲ။ ငါတို့ရှေ့က ဒီလေယာဉ်တင်သင်္ဘောက မင်းပြောတဲ့ နီမစ်ဇ်အဆင့် စူပါလေယာဉ်တင်သင်္ဘောထက် တကယ် ပိုကြီးတယ်။”

ရှောင်းယီသည် ထိုနျူကလီးယား လေယာဉ်တင်သင်္ဘော၏ အတိုင်းအတာများကို ပြောပြပြီး ၎င်း၏ ခရီးရှည်ခံနိုင်ရည်ကိုလည်း မိတ်ဆက်ပေးလိုက်သည်။ ကျန်းယွင်ထျန်းတစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။

“အဆင့်မြှင့်တင်မှုရဲ့ ဘောနပ်စ်က တကယ့်ကို အထင်ကြီးစရာပဲ။ အရင်ကမ္ဘာက လေယာဉ်တင်သင်္ဘောတွေက ရေမိုင် ငါးသိန်းလောက်ပဲ ခံနိုင်ရည်ရှိတာ။ ဒါက အဲ့ဒီထက် နှစ်ဆတောင် ပိုများလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။”

“မိုက်တယ်ကွာ...။ မင်းက တကယ့်ကို စစ်ရေးစွယ်စုံကျမ်းကြီးပဲ။”

ရှောင်းယီက လက်မထောင်ပြလိုက်ပြီးနောက် ဗလာဖြစ်နေသော ပြေးလမ်းကုန်းပတ်ကို ကြည့်ကာ မေးလိုက်သည်။

“ငါတို့ရဲ့ တိုက်လေယာဉ်တွေက ဒီသင်္ဘောပေါ်ကနေ ပျံတက်၊ ဆင်းသက်နိုင်ပါ့မလား။”

“လုံးဝ ပြဿနာမရှိဘူး။”

ကျန်းယွင်ထျန်းက အသေအချာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီ။ လူတွေ စီစဉ်ပြီး လက်နက်မျိုးစုံနဲ့ စက်ကိရိယာတွေကို တပ်ဆင်ခိုင်းလိုက်တော့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အင်း။ ငါ အခုချက်ချင်း စီစဉ်လိုက်မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် စစ်သားတစ်ဦးကို ခေါ်ကာ ညွှန်ကြားချက်များ ပေးလိုက်သည်။

ရေတပ်ဆိပ်ကမ်းသည် ချက်ချင်းပင် အလုပ်ရှုပ်သွားပြီး တိုက်လေယာဉ် အများအပြားပင် ထိုနေရာဆီသို့ စတင်ပျံသန်းလာကြသည်။

“နောက်ထပ် စစ်ပွဲတစ်ခု ထပ်ဖြစ်ပြန်ပြီလား မသိဘူး။”

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ တိုက်လေယာဉ်တွေ မလှုပ်ရှားတာ တော်တော်ကြာပြီ ထင်တယ်။”

“ဟုတ်တယ်...။ ဒီလိုမျိုး လှုပ်ရှားမှုတွေ မကြာခဏရှိနေတာဆိုတော့ အရမ်းအင်အားကြီးတဲ့ ရန်သူတစ်ယောက်ယောက် ပေါ်လာတာ ဖြစ်ရမယ်။”

တိုက်လေယာဉ်များ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေသည်ကို မြင်ရသောအခါ မဟာမိတ်အဖွဲ့အတွင်းရှိ အရပ်သားများမှာ အမျိုးမျိုး ခန့်မှန်းတွေးတောနေကြသည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်း၏ မိုဘိုင်းလ်ဖုန်းဆီသို့ ဖုန်းတစ်ကော ဝင်လာခဲ့လေသည်။

“သတင်းပို့ပါတယ် နည်းပြ... မဟာမိတ်အဖွဲ့ရဲ့ အရှေ့မြောက်ဘက်မှာ သင်္ဘောအုပ်စုအမြောက်အမြားကို တွေ့ရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်အရတော့ ဒါက ဒေသခံရေတပ်ပဲ ဖြစ်ရမယ်။”

ထိုသတင်းကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း ပြုံးလိုက်သည်။

“ဒါဆို အတော်ပဲပေါ့...။ လေယာဉ်တင်သင်္ဘောရဲ့ စွမ်းပကားကို စမ်းသပ်ဖို့ ကူညီပေးမယ့်လူတွေက ကွက်တိကို ရောက်ချလာတာပဲ။”

All Chapters