← Chapters

အခန်း ၁၂၄၄

Vol. 108 Ch. 1244

အခန်း ၁၂၄၄

Vol. 108 Ch. 1244

အခန်း ၁၂၄၄

အခြားမဟာမိတ်အဖွဲ့များမှ အသက်ရှင်ကျန်ရစ်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် တောင်းဆိုမှုများ ပြုလုပ်လာကြတော့သည်။

ယီရန်ပင်း ကိုယ်တိုင်ကပင် ယခုတစ်ကြိမ်တွင် အတော်လေး လက်ဝင်သည်ဟု ပြောထားသောကြောင့် ရန်သူ၏အင်အားမှာ သာမန်မဟုတ်သည်မှာ သေချာသည်။ အင်အားကြီးအဖွဲ့အစည်းနှစ်ခုကြားမှ တိုက်ပွဲကို လာရောက်လေ့လာခွင့်ရမည့် အလားအလာကြောင့် လူတိုင်း စိတ်ဝင်တစား ရှိနေကြလေသည်။

“ရပါတယ်။ ဒါပေမဲ့ မဟာမိတ်အဖွဲ့တစ်ခုကို အများဆုံး သုံးယောက်ပဲ လာခွင့်ရှိမယ်။ ပြီးတော့ ကျုပ် ထပ်ပြောပါရစေ...။ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုတော့ ကျုပ်တို့ အာမမခံဘူး။”

ရှောင်းယီက ထပ်ပြောလိုက်၏။

“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် သူဌေး။”

လူတိုင်းက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

ရှားနိုင်ငံ မဟာမိတ်အဖွဲ့အားလုံးသည် တည်နေရာကူးပြောင်းခြင်း အစီအရင်ဖြင့် လူသုံးယောက်စီ စေလွှတ်ခဲ့ကြပြီး အဝေးမှ အမြောက်သံတဟုန်းဟုန်း မြည်ဟီးနေသည်ကို ကြားလိုက်ရချိန်တွင် ထိုလူများအားလုံး တုန်လှုပ်သွားကြသည်။

သူတို့အားလုံး ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ချက်ချင်း ဖွင့်လိုက်ကြ၏။

“မိုက်လိုက်တာ...တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ အစီအရင်ထဲက ထွက်လာကတည်းက အမြောက်သံတွေဆိုတာ တစ်စက္ကန့်မှမနားဘူး။ ဒီလိုဗုံးကြဲမှုမျိုးသာ ငါတို့မဟာမိတ်အဖွဲ့ဆီ ဦးတည်လာရင် မိနစ်ပိုင်းလောက်ပဲ ခံပြီး လက်နက်ချရလိမ့်မယ်။”

“သူတို့က သူဌေးရဲ့မဟာမိတ်အဖွဲ့က ကျွန်းကိုတောင် တိုက်ခိုက်နေပြီလား။”

“ဟုတ်တယ်။ သူဌေးက ဘာလို့ သူတို့ကို ပင်လယ်ထဲမှာတင် မရှင်းပစ်တာလဲ။”

“ငါသိတယ်။ အဲ့ဒါ စွမ်းအားမြှင့်တင်တဲ့ စည်းမျဉ်းကြောင့်ပဲ။”

“မဖြစ်နိုင်တာ...။ ဒေသခံအဖွဲ့အစည်းတွေရရှိထားတဲ့ ပစ္စည်းတွေကို ကမ္ဘာ့စည်းမျဉ်းတွေက မြှင့်တင်ပေးဦးမှာလား။ အဲ့ဒီစည်းမျဉ်းက အခုထိ အသက်ဝင်နေတုန်းပဲလား။”

“အသက်ဝင်နေတုန်းပဲ ဖြစ်ရမယ်။ သူဌေးက ဘာလို့ လက်ဝင်တယ်လို့ ပြောလဲဆိုတာ မဆန်းတော့ပါဘူး။ သူဌေးက အဆင့်မြင့်ပစ္စည်း အချို့ကို ထုတ်ပြပြီး နောက်တစ်နေ့မှာပဲ ဒေသခံအဖွဲ့အစည်းက လာတိုက်တာလေ။ ဒါက သိသာလွန်းနေတာပဲ မဟုတ်ဘူးလား။ ဒေသခံအဖွဲ့အစည်းက လမ်းကြောင်းတစ်ခုခုကနေ သူဌေးရဲ့ လက်နက်နဲ့ ကိရိယာတွေကို ဝယ်ယူသွားတာပဲ ဖြစ်ရမယ်။”

“ဒါက သူဌေးက ကျောက်တုံးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ပစ်ချလိုက်မိသလို ဖြစ်သွားတာလား။”

“ရယ်ရမလား၊ ငိုရမလားပဲ။ တကယ်ပဲ အဲ့ဒီလို ဖြစ်နေပုံရတယ်။”

တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပြောလိုက်သည်။

“အားလုံးပဲ ရှေ့တန်းကို သွားကြည့်ချင်ကြလား။ ကြည့်ချင်ရင် ‘၁’ လို့ ရိုက်ခဲ့ကြ။”

ချက်ချင်းပင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် “၁၁၁” ဟူသော စာတိုများ လျှံထွက်သွားတော့သည်။

“ကောင်းပြီ။ ဒါဆိုရင် ရှေ့တန်းမှာ အခြေအနေတွေ ဘယ်လိုဖြစ်ပျက်နေလဲဆိုတာကို ကျုပ်ရဲ့ အသက်အိုကြီးကို ရင်းပြီး ပြပေးမယ်။”

“ဟေးဘရို မင်း အသက်ကို မနှမြောတော့ဘူးလား။”

“ဟုတ်တယ်။ အမြောက်ဒဏ်က အရမ်း သိပ်သည်းနေတာ။ အဲ့ဒီကို သွားတာက သေကြောင်းကြံတာ မဟုတ်ဘူးလား။”

“အား..သူ တကယ်သွားနေပြီဟ။”

ထို တိုက်ရိုက်ထုတ်လွှင့်သူသည် အမြောက်ဒဏ်သင့်ရာဇုန်၏ အစွန်းပိုင်းကို ရှာဖွေပြီး ကမ်းခြေဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။ လူတိုင်း၏ ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှုနေမှုအောက်တွင် ထိုသူသည် ပင်လယ်နားရှိ တောအုပ်တစ်ခုထဲသို့ အောင်မြင်စွာ ခိုးဝင်နိုင်ခဲ့၏။

“ညီအစ်ကိုတို့ ငါ ကမ်းခြေကို ရောက်ပြီ။”

ထုတ်လွှင့်သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ပြောလိုက်သည်။

“လက်ဆောင်လေးတွေ ပေးကြဦး။ ဒါမှ ပင်လယ်ပြင်က အခြေအနေကို ပြပေးမှာနော်။”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ငါးဆုပ်လုံးများ၊ ဒုံးပျံများ၊ လေယာဉ်ပျံများနှင့် ရွက်လှေများကဲ့သို့သော ဆုလာဘ်များဖြင့် ချက်ချင်း ပြည့်လျှံသွားတော့သည်။

“အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အခု ကင်မရာကို ပင်လယ်ဘက် လှည့်လိုက်ပါပြီ။ လူတိုင်း မေးစေ့ကို မြဲမြဲကိုင်ထားကြနော်။”

ထုတ်လွှင့်သူက ပြောလိုက်၏။

“ဘာ... ‘မေးစေ့ကို မြဲမြဲကိုင်ထားရမယ်’ ဟုတ်လား။ ငါ့မေးစေ့က ပြုတ်ကျသွားမှာမလို့လား။”

“ဟေး မြန်မြန်ပြပါဦး။ ပင်လယ်ထဲက မြင်ကွင်းက တကယ်ပဲ အဲ့လောက်တောင် ထိတ်လန့်ဖို့ကောင်းလားဆိုတာ ငါ ကြည့်ချင်နေပြီ။”

“မြန်မြန်လုပ်စမ်းပါ။ အချိန်ဆွဲမနေနဲ့။”

ထိုစဥ် ထုတ်လွှင့်သူသည် ကင်မရာကို ပင်လယ်ပြင်ဘက်သို့ ချက်ချင်းလှည့်လိုက်၏။ ထိုစဉ် စိပ်စိပ်ပိတ်ပိတ် တည်ရှိနေသော အာကာသသင်္ဘောများမှာ ကင်မရာမြင်ကွင်းထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။

“အားလုံးပဲ မလောကြပါနဲ့။ ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ ငါ စစ်သင်္ဘောအုပ်စုတစ်ခုလုံးကို လှည့်ပြမယ်။”

ထိုသို့ပြောပြီးနောက် ထုတ်လွှင့်သူသည် သူ၏မိုဘိုင်းဖုန်းကို နေရာရွှေ့လိုက်၏။

ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ကြည့်ရှုသူ တစ်ယောက်မှ မရှိတော့သကဲ့သို့ ငြိမ်သက်သွားခဲ့သည်။ မှတ်ချက်တစ်ခုမျှ ပေါ်မလာသလို စာတိုတစ်စောင်မျှလည်း မရှိချေ။

ထုတ်လွှင့်သူတစ်ယောက် စစ်သင်္ဘောအားလုံးကို ရိုက်ကူးပြီးသွားသည့် အချိန်ကျမှသာ သူက မေးလိုက်သည်။

“ဘယ်လိုခံစားရလဲ။ ထိတ်လန့်ဖို့ကောင်းရဲ့လား။ မေးစေ့ကို မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ် ပြုတ်ကျကုန်ကြပြီလား။”

ထုတ်လွှင့်သူ၏ စကားကို ကြားလိုက်ရတော့မှသာ လူတိုင်း သတိပြန်ဝင်လာကြတော့သည်။

“သေစမ်း... ဒါ ဘယ်လိုဒေသခံအဖွဲ့အစည်းလဲကွာ။ သင်္ဘောတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။”

“သင်္ဘောတွေ ဒီလောက်အများကြီးကို သူဌေးက ‘အတော်လေး လက်ဝင်တယ်’ လို့ပဲ ပြောတာလား။ သောက်ကျိုးနည်း... ဒီလိုအဖွဲ့အစည်းမျိုးသာ ငါတို့မဟာမိတ်အဖွဲ့ကို လာတိုက်ရင် ငါတို့တော့ ချက်ချင်း လက်နက်ချလိုက်မှာပဲ။”

“ပေါက်ကရတွေ...ဒီလောက်များတဲ့ သင်္ဘောတွေက တစ်ပြိုင်နက်တည်း လာတိုက်နေတာရော၊ ပြီးတော့ အားလုံးက ငါတို့ထက် ပိုအဆင့်မြင့်တဲ့ ကိရိယာတွေ တပ်ဆင်ထားတာရော ဆိုရင် တိုက်ဖို့ လုံးဝလမ်းမရှိဘူးနော်...ဟုတ်ပြီလား။”

“အားလုံးပဲ... သူဌေးက ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ချင်ကြလား။”

ထုတ်လွှင့်သူက အချိန်ကိုက် မေးလိုက်သည်။

“ကြည့်ချင်တာပေါ့။ သေချာပေါက် ကြည့်ရမယ်။ မဟုတ်ရင် မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါတို့ ဘာလို့ကြည့်နေမှာလဲ။”

“ဟုတ်တယ်။ သူဌေး ဒါကို ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြပေးနိုင်ရင် မင်းကို ရွက်လှေ ဆယ်စင်း လက်ဆောင်ပေးမယ်။”

“ငါ ဒုံးပျံ ဆယ်စင်း ပေးမယ်။”

လူတိုင်း ထိုသို့ပြောနေကြသည်ကို မြင်သောအခါ ထုတ်လွှင့်သူမှာ လုံးဝစိတ်လှုပ်ရှားသွားတော့လေသည်။

“ကတိတည်ကြကြေးနော်...”

ထိုစဉ်

“ဘုန်း...”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ လူများသည် ကင်မရာမှာ အကြိမ်အနည်းငယ် လည်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ငြိမ်သက်သွားသည်ကိုသာ ခံစားလိုက်ရသည်။

“ထုတ်လွှင့်သူတစ်ယောက် ဘဝကူးသွားပြီ ထင်တယ်...။”

“အင်း... မျှော်လင့်ထားတဲ့အတိုင်းပဲ။ ရှေ့တန်းက အရမ်းအန္တရာယ်များလွန်းတယ်။ သူ လမ်းလွဲလာတဲ့ အမြောက်ကျည်တစ်ခုနဲ့ မတော်တဆ တိုးသွားတာ ဖြစ်နိုင်တယ်။”

“ဟူး... ထုတ်လွှင့်သူအတွက် သုံးစက္ကန့်လောက် ငြိမ်သက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပေးလိုက်ကြရအောင်။ ပြီးရင် တခြား ထုတ်လွှင့်သူတစ်ယောက်ဆီ ပြောင်းကြည့်ကြမယ်။”

ထိုအခိုက်အတန့်တွင် ကင်မရာမှာ လှုပ်ခါသွားပြီး သွေးချင်းချင်းနီနေသော လူတစ်ယောက် ပေါ်လာခဲ့လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် လူအများစုမှာ လန့်ဖျပ်သွားကြ၏။

“အမလေး... ဘာကြီးလဲကွာ။ ငါ့ဖုန်းကိုတောင် လွှတ်ချမိသွားတယ်။”

“သေစမ်း... ငါက သွေးလန့်တတ်ကွ။ မကြည့်ရဲဘူး။ ဒီမြင်ကွင်း ပြီးသွားရင် ငါ့ကို လှမ်းခေါ်ဖို့ မမေ့နဲ့နော်။”

“မျက်နှာကို ကြည့်ရတာတော့ ထုတ်လွှင့်သူထင်တယ်...။”

“အဟွတ်...အဟွတ်... အားလုံးပဲ မင်္ဂလာပါ။ စောစောက အမြောက်ကျည်တစ်လုံး ငါ့ဘေးနားကို ကျလာလို့ပါ။ အချိန်မီ မရှောင်နိုင်ဘဲ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်ထွက်သွားခဲ့တယ်။ အပိုင်းအစတစ်ခုက နဖူးကို ကပ်ထိသွားလို့ပါ။”

ထုတ်လွှင့်သူက သူ၏ အင်္ကျီလက်မောင်းဖြင့် မျက်နှာမှ သွေးများကို သုတ်ရင်း ပြောလိုက်သည်။

“အာ... ထုတ်လွှင့်သူ တကယ်ပဲ မင်းကိုး။ မင်း အသက်က တကယ် ခံနိုင်ရည်ရှိတာပဲ။”

“မင်းတို့ဆီက ဆုလာဘ်တွေ မရသေးဘဲ ငါ ဘယ်လိုလုပ် သေလို့ရမှာလဲ။”

ထုတ်လွှင့်သူက ဖြဲစပ်စပ်ဖြင့် ပြောလိုက်သည်။

“‌ချီးပဲ... ထုတ်လွှင့်သူ မင်း ငါ့ဖုန်းအတွက် လျော်ကြေးပေးရမယ်။ စောစောက မင်းရုပ်ကြီးကြောင့် ငါ့ဖုန်းကို လွှတ်ချလိုက်မိတယ်ကွ။”

ထုတ်လွှင့်သူက ဆက်ပြောလိုက်သည်။

“ဒီကိစ္စအတွက်နဲ့ မင်းရဲ့ဖုန်းကို လျော်ခိုင်းနေတာလား။ ဒါက သူဌေးဆီက ဖုန်းရဲ့ အရည်အသွေးကို စော်ကားနေတာပဲ။ ငါ့ဖုန်းဆိုရင် အမြောက်ဒဏ် မိပြီးတာတောင် အခုထိ တိုက်ရိုက်ထုတ်လွှင့်လို့ ရနေသေးတယ်။ မင်းရဲ့ဖုန်းက လွှတ်ချလိုက်ရုံနဲ့ ပျက်သွားပြီလား။”

“မပျက်ပါဘူး။ ဒါပေမဲ့ စောစောက မင်း ငါ့ကို လန့်အောင်လုပ်လိုက်တယ်လေ။ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးတော့ ပေးရမယ်။”

“ဒါဆို မင်းက ငါ့ကို ရုပ်ပိုင်းဆိုင်ရာ နစ်နာကြေး အရင်ပေးလေ။ ငါက ဒီလောက်ဒဏ်ရာရထားတာကို မင်းက ငါ့ဆီက စိတ်ပိုင်းဆိုင်ရာ နစ်နာကြေး တောင်းနေသေးတယ် ဟုတ်လား။”

ထုတ်လွှင့်သူသည် ပင်လယ်ပြင် အခြေအနေကို စောင့်ကြည့်ရင်း အင်တာနက်အသုံးပြုသူများနှင့် ပြက်လုံးထုတ်နေခဲ့သည်။

“ချီး... စကားအပိုတွေ ပြောမနေနဲ့တော့။ မြန်မြန် ပင်လယ်ပြင်က အခြေအနေကို တိုက်ရိုက်ထုတ်လွှင့်ပေးစမ်းပါ။”

အင်တာနက်အသုံးပြုသူတစ်ဦးက လောဆော်လိုက်သည်။ ထုတ်လွှင့်သူက ပြုံးလိုက်၏။

“မလောကြပါနဲ့။ ပင်လယ်ပြင်မှာ တခြား ထူးခြားတဲ့ အခြေအနေတွေ မရှိသေးဘူး။ ဒေသခံအဖွဲ့အစည်းရဲ့ သင်္ဘောတွေက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေတုန်းပဲ။ ငါ အရင်ဆုံး ဘေးကင်းမယ့်နေရာတစ်ခု ရှာလိုက်ဦးမယ်။”

ပြောပြောဆိုဆိုဖြင့် ထုတ်လွှင့်သူသည် စတင်ရွှေ့လျားသွာစပြီး အဝေးကြီး မသွားလိုက်ရဘဲ ပြန်ရပ်လိုက်သည်။

“ငါပြောဦးမယ် ထုတ်လွှင့်သူ မင်းက ခြေလှမ်းအနည်းငယ်ပဲ လျှောက်သေးရတယ်လေ။ ဘေးကင်းတာ သေချာလို့လား။”

အင်တာနက်အသုံးပြုသူတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မေးလိုက်သည်။

ထုတ်လွှင့်သူသည် ကင်မရာကို နောက်ကျောဘက်သို့ ချက်ချင်းပြောင်းလိုက်၏။

“အားလုံးပဲ ငါ ဘယ်မှာလဲဆိုတာ ကြည့်လိုက်ကြပါဦး။ မှန်အောင်ခန့်မှန်းနိုင်ရင် ဆုရှိတယ်နော်။”

“ဒါက မြေကျင်းတစ်ခုနဲ့ တူသလိုပဲ ဟုတ်တယ်မလား။”

“မှန်တယ်...မြေကျင်းပဲ။ ဒါကို ဘာခန့်မှန်းနေစရာ လိုလဲ။”

“မဟုတ်ဘူး။ ဒါက စောစောက အမြောက်ကျည် ကျသွားတဲ့ တွင်းကြီး မဟုတ်ဘူးလား။”

တစ်ယောက်ယောက် ခန့်မှန်းမိသွားသည်ကို မြင်သောအခါ ထုတ်လွှင့်သူက ပြုံးလိုက်သည်။

“ ‘တူတူ သေနတ်ထမ်းခဲ့ဖူးသူ’ ဆိုတဲ့ ID နဲ့ သူငယ်ချင်း... မင်းရဲ့ အဖြေ မှန်တယ်။ မင်းကို ဆုအနေနဲ့ လေထဲကနေ အာဘွားပေးလိုက်တယ်နော်။”

ပြောပြောဆိုဆိုဖြင့် ထုတ်လွှင့်သူသည် ကင်မရာကို ကြည့်ကာ အနမ်းတစ်ခု ပေးလိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ လူအားလုံး ပျို့အန်ချင်စိတ်ပင် ပေါက်ကုန်ကြတော့သည်။

“ချီးပဲ... ဟေ့ကောင် မင်း အဲ့လောထိက်အော့နှလုံးမနာအောင် မလုပ်လို့မရဘူးလား။”

“ငါ အခုတင် စားထားတဲ့ သားရဲကြီးအသားတွေ အကုန်အန်ထွက်ကုန်ပြီကွ။ မင်း အဲ့ဒီ သားရဲကြီးအသားတွေကို ပြန်လျော်ပေး။”

“နောက်တစ်နပ် ပြန်စားဖို့ အချိန်ကွက်တိပဲပေါ့။”

“အော့...”

မျက်နှာပြင်ပေါ်ရှိ အင်တာနက်အသုံးပြုသူများ၏ ကန့်ကွက်မှုများကို ကြည့်ရင်း ထုတ်လွှင့်သူက ပြုံးလိုက်သည်။

“ငါ အားလုံးကို စစ်မြေပြင်အတွက် အသက်ရှင်ကျန်ရစ်စေမယ့် ဗဟုသုတသေးသေးလေးတစ်ခု ပြောပြမယ်။ စစ်မြေပြင်မှာ အသက်ရှင်နှုန်းကို မြှင့်တင်ချင်ရင် အမြောက်ကျင်းတစ်ခုကို ရှာပြီး အဲ့ဒီထဲမှာ ပုန်းနေလိုက်။”

“ဟင်...”

All Chapters