← Chapters

အခန်း ၁၂၄၇

Vol. 108 Ch. 1247

အခန်း ၁၂၄၇

Vol. 108 Ch. 1247

အခန်း ၁၂၄၇

မကြာမီတွင် နှစ်ဖက်စလုံး၏ အကွာအဝေးမှာ ဒေသခံအမြောက်များ၏ ပစ်ခတ်မှုအပိုင်းအခြားထဲသို့ ရောက်ရှိသွားခဲ့သော်လည်း လေယာဉ်တင်သင်္ဘောသည် ၎င်း၏အမြောက်များကို အသုံးပြု၍ ပြန်လည်ပစ်ခတ်ခြင်း မရှိသေးချေ။

“ဟားဟားဟား... ငါထင်တဲ့အတိုင်းပဲ။ ငါတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဖျက်ဆီးတဲ့အရှိန်ကို သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ပြန်ပြင်တဲ့အရှိန်က လိုက်မီနိုင်မလား ကြည့်ကြသေးတာပေါ့။”

အော်ကုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကျန်ရှိသော အင်ပါယာဘုရင် သုံးပါးမှာလည်း ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။ သူတို့၏ စောင့်ကြည့်လေ့လာချက်များအရ ဤဧရာမသင်္ဘောကြီး၏ အရှိန်မှာ သူတို့၏ စစ်သင်္ဘောများကို လိုက်မမီနိုင်သလို ၎င်း၏ အမြောက်သည်လည်း သူတို့လောက် မဝေးချေ။ သူတို့အနေဖြင့် စွန်လွှတ်သကဲ့သို့ အကွာအဝေးတစ်ခုမှနေ၍ ကစားသည့် ဗျူဟာကို အပြည့်အဝ အသုံးပြုနိုင်သည်။

ထိုအခိုက်အတန့်တွင် ကင်းထောက်စစ်သားတစ်ဦးက အလောတကြီး ပြေးဝင်လာပြီး သတင်းပို့လာခဲ့လေသည်။

“အစီရင်ခံပါတယ်... ကျွန်တော်တို့ရဲ့ အနောက်မြောက်ဘက်နဲ့ အနောက်တောင်ဘက်တွေမှာ သင်္ဘောအုပ်စုအမြောက်အမြား ပေါ်လာပါတယ်။”

၎င်းကို ကြားရသောအခါ ချင်းကျူးအင်ပါယာဘုရင်က တည်ငြိမ်လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဒါက ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ တခြားကျွန်းခွဲတွေက လာတဲ့ စစ်ကူတွေ ဖြစ်ရမယ်။”

“ဘေးပတ်ပတ်လည်မှာရှိတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် ငါတို့က ပစ်ခတ်မှုအကွာအဝေးမှာ အသာစီးရထားတာပဲ။”

အော်ကုက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဟုတ်ကဲ့။”

တစ်ချိန်တည်းမှာပင် ဒေသခံစစ်သင်္ဘောများသည် လေယာဉ်တင်သင်္ဘောကို စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ရန်သူ့အမြောက်ကျည်များသည် လေယာဉ်တင်သင်္ဘောကို အဆက်မပြတ် ထိမှန်နေခဲ့ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့ရှိ စစ်သားမှာ ၎င်းကို မနားတမ်း ပြန်လည်ပြုပြင်နေရသည်။

“သေစမ်း... ငါတို့ရဲ့ အရှိန်သာ နှေးမနေရင် ဒီလေယာဉ်တင်သင်္ဘောကြီးကို သူတို့ဆီ တည့်တည့်မောင်းပြီး ကြိတ်ပစ်လိုက်ပြီကွ။”

ကျန်းယွင်ထျန်းက ကျိန်ဆဲလိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် ရုတ်တရက် ရှောင်းယီသည် ဒေသခံသင်္ဘောများကို ဝင်တိုက်ရန်အတွက် အပျော်သီးရွက်သင်္ဘောကို အသုံးပြုနိုင်သည်ဟူသော အကြံကို ရရှိသွားခဲ့သည်။

တွေးမိသည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်သည့်အနေဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရွက်သင်္ဘောကို လဲလှယ်ရယူလိုက်တော့သည်။

ရွက်သင်္ဘောကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အခုအချိန်မှာရော ရွက်သင်္ဘောက ရှေးဦး ဧရာမ သားရဲကြီးတွေကို ဆွဲဆောင်နေတုန်းပဲလား။”

“ငါလည်း မသိဘူး။”

ရှောင်းယီက ပုခုံးတွန့်ပြလိုက်သည်။

ယခင်က ရွက်သင်္ဘောအသုံးပြုမှုကို ကန့်သတ်ထားခဲ့ပြီး သတ်မှတ်ထားသော ရေကြောင်းလမ်းများတွင်သာ နေထိုင်ရသည်။ မဟုတ်ပါက ရှေးဦးဧရာမ သားရဲကြီးများ၏ တိုက်ခိုက်မှုကို ဆွဲဆောင်မိနိုင်၏။

ယခုအခါ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပင် ပေါ်ပေါက်လာပြီဖြစ်ရာ ဤကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်နိုင်သည်။

ရုပ်မသိမ်းရသေးလျှင်ပင် ရှောင်းယီက ၎င်းကို အသုံးပြုရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ရှေးဦးဧရာမ သားရဲကြီးတစ်ကောင်ကို ဆွဲဆောင်မိလျှင်ပင် ပိုတောင်ကောင်းသေးသည်...။ စစ်မြေပြင်ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်လိုက်ခြင်းက သူတို့အတွက် တစ်နည်းတစ်ဖုံ အကျိုးရှိစေမည် မဟုတ်ပါလော။

ရွက်သင်္ဘောကို လဲလှယ်ပြီးနောက် လေယာဉ်တင်သင်္ဘောဘေးတွင် ချထားလိုက်ပြီးနောက် ရှောင်းယီက အနားသို့ လျှောက်သွားကာ အမိန့်ပေးလိုက်သည်။

“ရှောင်ယောက်... ဟိုက ဒေသခံသင်္ဘောတွေကို မင်းစိတ်ကြိုက် သွားပြီး တိုက်ပစ်လိုက်စမ်း။”

“ဖျက်ဆီးမှုဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့အတွက် လက်နဲ့ကိုယ်တိုင် ထိန်းချုပ်မောင်းနှင်မှု လိုအပ်ပါတယ်။”

ရှောင်ယောင်က ပြန်ဖြေလာခဲ့သည်။ ထိုအခါ ရှောင်းယီသည်လည်း လေယာဉ်တင်သင်္ဘောပေါ်မှ ဆင်းကာ ရွက်သင်္ဘောပေါ် တက်ရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“ကျွန်းပိုင်ရှင်... သတိထားပါ။”

ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။

“အင်း။”

ရှောင်ယီက ခေါင်းငြိမ့်ပြကာ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ပြီး ထိုင်ခုံခါးပတ်ကို ပတ်၍ ဒေသခံသင်္ဘောများဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားတော့သည်။

“အစီရင်ခံပါတယ်... လှေငယ်တစ်စင်း ကျွန်တော်တို့ဆီကို အရှိန်အဟုန်နဲ့ မောင်းနှင်လာနေပါတယ်။”

ကင်းထောက်စစ်သားက ထပ်မံသတင်းပို့လိုက်ပြန်သည်။

“လှေငယ်တစ်စင်း ဟုတ်လား။”

ချင်းကျူးအင်ပါယာဘုရင်နှင့် အခြားသုံးဦးစလုံးမှာ လုံးဝ ဆွံ့အသွားကြသည်။ အော်ကုက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“သူ့ကို မှုတ်ထုတ်ပစ်လိုက်စမ်း။”

ချင်းကျူးအင်ပါယာဘုရင်၏ မျက်နှာအမူအရာမှာမူ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“အဲ့ဒီလှေငယ်က မိုးပြာရောင်လား။”

“ဟုတ်ပါတယ်။”

“မကောင်းတော့ဘူး...။ အဲ့ဒါ ဟိုရွက်သင်္ဘောပဲ။”

ချင်းကျူးအင်ပါယာဘုရင်က လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့ ဒါကို ချက်ချင်း တားဆီးရမယ်။ ငါတို့ရဲ့ စစ်သင်္ဘောတွေနားကို လုံးဝ အကပ်မခံနဲ့။”

“ကြည့်ရတာ... နောက်ကျ... သွားပြီ ထင်တယ်...။”

မြင့်တက်နေမင်းသည် ရွက်သင်္ဘော၏ နောက်တွင် ဖြူဖွေးသော ရေလှိုင်းလိုင်းတစ်ခု စီတန်းနေသည်ကို မြင်တွေ့လိုက်ရပြီး ဖြစ်သည်။

ရွက်သင်္ဘောသည် စစ်သင်္ဘောတစ်စင်းဆီသို့ တည့်တည့် ဝင်ဆောင့်လိုက်ရာ ၎င်း၏ သင်္ဘောကိုယ်ထည်မှာ ချိုင့်ဝင်သွားပြီး စစ်သားအချို့ ပင်လယ်ထဲသို့ ပြုတ်ကျကုန်ကြသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုချိုင့်ဝင်သွားသော စစ်သင်္ဘော၏ ကိုယ်ထည်မှာ ချက်ချင်းပင် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။

မဟာအင်ပါယာကြီး လေးခုတွင်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ရှိနေကြသည် မဟုတ်ပါလော။

“အခုချက်ချင်း တိုက်ခိုက်ကြစမ်း။”

ချင်းကျူးအင်ပါယာဘုရင်က အော်ဟစ်လိုက်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

စစ်သင်္ဘောပေါ်ရှိ လက်နက်အားလုံးသည် ရွက်သင်္ဘောဆီသို့ ဦးတည်ချိန်ရွယ်လိုက်ကြပြီး ကျည်ဆန်များမှာ ရွက်သင်္ဘော၏ မျက်နှာပြင်ကို တဝုန်းဝုန်း တဒိုင်းဒိုင်း ထိမှန်နေခဲ့သည်။

သို့သော်လည်း စစ်သားများ ထိတ်လန့်သွားရသည်မှာ သူတို့၏ ပစ်ခတ်မှုများက ရွက်သင်္ဘောပေါ်တွင် ခြစ်ရာတစ်ကြောင်းမျှပင် မထင်ကျန်စေနိုင်ခြင်းကြောင့် ဖြစ်သည်။

“အမြောက်တွေကို သုံးစမ်း။”

အော်ကုက ချက်ချင်း အမိန့်ပေးလိုက်၏။

သင်္ဘောအမြောက်အမြား၏ အမြောက်များသည် ဒေသခံစစ်သင်္ဘောတပ်စု ကြားထဲတွင် လူးလာတုံ့ပြန် ပြေးလွှားနေသော ရွက်သင်္ဘောဆီသို့ ချိန်ရွယ်လိုက်ကြသဖြင့် လေယာဉ်တင်သင်္ဘောပေါ်သို့ ကျရောက်နေသော ဖိအားမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

ရံဖန်ရံခါတွင် ကံကောင်းသော အမြောက်ကျည်တစ်ခုက ရွက်သင်္ဘောကို ထိမှန်တတ်သော်လည်း ၎င်းက မည်သည့်ပျက်စီးမှုကိုမျှ မဖြစ်စေနိုင်ပေ။

ရွက်သင်္ဘောသည် ရှေ့တိုးနောက်ဆုတ်ဖြင့် အဆက်မပြတ် ဝင်တိုက်နေခဲ့သည်။ ချိုင့်ဝင်သွားသော စစ်သင်္ဘောများသည် ချက်ချင်း ပြန်လည်ကောင်းမွန်လာနိုင်သည် ဆိုသော်လည်း ထိုသို့တိုက်မိသည့် အရှိန်ကြောင့် စစ်သားအမြောက်အမြား အသက်ဆုံးရှုံးခဲ့ရသည်။

ခဏမျှ ပတ်တိုက်ပြီးနောက် ပြန်ကန်ထွက်လာသည့် တုန်ခါမှုအရှိန်ကြောင့် ရှောင်းယီ၏ သွေးလေများပင် ဗြုန်းဆန်းကြွတက်လာခဲ့ရသည်။

ယခုအချိန်တွင်မူ ဒေသခံလူမျိုးများ၏ ဘေးပတ်ပတ်လည်မှ စစ်သင်္ဘောအုပ်စုများသည် မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းနှင့် မြောက်ဘက်ကျွန်း စစ်သင်္ဘောတပ်စုများကို သွားရောက်ရင်ဆိုင်နေရသဖြင့် နေရာအချို့ ပွင့်ထွက်သွားခဲ့ရာ ထုတ်လွှင့်သူအနေဖြင့် လေယာဉ်တင်သင်္ဘော၏ တကယ့်ရုပ်သွင် အစစ်အမှန်ကို နောက်ဆုံးတွင် ဗီဒီယိုရိုက်ကူးနိုင်ခဲ့တော့သည်။

“ဟုတ်တယ်ဟ။ ဒါက လေယာဉ်တင်သင်္ဘော စစ်စစ်ပဲ။”

ထုတ်လွှင့်သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“သူဌေးက တကယ် အံ့ဩဖို့ကောင်းတာပဲ။ သူက လေယာဉ်တင်သင်္ဘောတစ်စင်းကိုတောင် တကယ်ကြီး ရထားတာပဲ။”

“သောက်ကျိုးနည်း... ဒီသင်္ဘောက ဧရာမကြီးဟ။”

“ဒါက ရေပေါ်ကျွန်းတစ်ကျွန်း မျောနေသလိုပဲ။”

“ဒါပေမဲ့ သူဌေးရဲ့ လေယာဉ်တင်သင်္ဘောက ဘာလို့ ဝိုင်းရံပိတ်ဆို့ခံထားရသလို ခံစားနေရတာလဲ။”

“ဟုတ်တယ်။ ပုရွက်ဆိတ်အများကြီး စုကိုက်ရင် ဆင်ပြောင်ကြီးလည်း သေနိုင်တာပဲလေ။ ဒီလိုဆိုရင် သူဌေးတော့ တော်တော် အန္တရာယ်များနေပြီ မဟုတ်ဘူးလား။”

“ဟိုမှာ ဘာကြီးလဲ။ ထုတ်လွှင့်သူ... ညာဘက်ကို နည်းနည်းလောက် လှည့်ပြပါဦး။”

တစ်ယောက်ယောက်က ဗီဒီယိုမျက်နှာပြင်၏ ညာဘက်တွင် ကောင်းကင်ပြာရောင် အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

တောင်းဆိုချက်အရ ထုတ်လွှင့်သူသည် ကင်မရာကို ညာဘက်သို့ လှည့်လိုက်ရာ လူတိုင်းက သောင်းကျန်းနေသော ရွက်သင်္ဘောကို မြင်တွေ့လိုက်ကြရတော့သည်။

“ဒါက သူဌေးရဲ့ ရွက်သင်္ဘော မဟုတ်ဘူးလား။”

“ဟုတ်တယ်။ သူဌေးရဲ့ ရွက်သင်္ဘောက ကာကွယ်ရေးစွမ်းအား အလွန်အမင်း မြင့်မားတယ်လို့ ငါ ကြားဖူးတယ်။”

“ဒီရွက်သင်္ဘောကို တိုက်ခိုက်ရေးလက်နက်တစ်ခုအနေနဲ့ တိုက်ရိုက်အသုံးပြုနိုင်တယ်လို့ ငါ ကြားဖူးတာ ကြာပြီ။ ဒီနေ့မှပဲ မျက်ဝါးထင်ထင် တွေ့ရတော့တယ်။”

“ဟို ဒေသခံသင်္ဘောတွေက တစ်ချက်တိုက်မိတာနဲ့တင် စုတ်ပြတ်သွားတာပဲ။ သူဌေးရဲ့ ရွက်သင်္ဘောကတော့ ဘာဒဏ်ရာမှမရဘူး။ လုံးဝ အကောင်းအတိုင်းပဲ။ တကယ်ကို အင်အားကြီးလွန်းတယ်။”

“ခဏလေး... သူဌေးရဲ့ ရွက်သင်္ဘောကို သုံးစွဲဖို့အတွက် ကန့်သတ်ချက်တွေ ရှိတယ်လို့ မပြောခဲ့ကြဘူးလား။”

“ဟုတ်တယ်။ အဲ့ဒါက ရှေးဦးဧရာမ သားရဲကြီးတွေကို ဆွဲဆောင်နိုင်တယ်လေ။”

“အဲ့ဒါက အရင်ကလေဗျာ။ အဲ့ဒီအချိန်တုန်းက ရွက်သင်္ဘောက အရမ်းအဆင့်မြင့်လွန်းနေလို့ပဲ။ အခုဆို လေယာဉ်တင်သင်္ဘောတွေတောင် ပေါ်နေပြီလေ။ ရွက်သင်္ဘောပေါ်က ကန့်သတ်ချက်တွေလည်း ကွယ်ပျောက်သွားလောက်ပါပြီ။”

“အဲ့ဒါလည်း အဓိပ္ပာယ်ရှိသားပဲ။”

“ထုတ်လွှင့်သူ... သင်္ဘောတစ်စင်းလောက် ရှာပြီး အနားကို ပိုတိုးလို့မရဘူးလား။ ဒါက အရမ်းဝေးလွန်းတော့ ငါ မျက်စိညောင်းလာပြီ။”

“ဒါကတော့ ငါ တကယ် မလုပ်နိုင်ပါဘူး။”

ထုတ်လွှင့်သူက ပြန်ဖြေသည်။

“ထုတ်လွှင့်သူ မင်း ဒရုန်းတစ်စင်းလောက် သုံးပြီး အနားကို ပျံသန်းသွားပြီး တိုက်ရိုက်ထုတ်လွှင့်ရင်ရော ဘယ်လိုလဲ။”

“မင်း အတွေးလွန်နေပြီ။ အနားမှာရှိတဲ့ တခြား ထုတ်လွှင့်သူတစ်ယောက်က ဒါကို စမ်းကြည့်ပြီးပြီ။ အနားမကပ်နိုင်သေးခင်မှာပဲ ဒေသခံလူမျိုးတွေရဲ့ ပစ်ချခြင်းကို ခံလိုက်ရတယ်။”

“ဟူး... ဒါဆိုရင်လည်း ဒီအတိုင်းပဲ ကြည့်ရတော့မှာပေါ့။”

ရှောင်းယီသည် ရွက်သင်္ဘောအတွင်း၌ စစ်ဆေးကြည့်လိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း မည်သည့်သားရဲကြီးမျှ ရောက်ရှိလာခြင်း မရှိသေးပေ။

ထိုအတွေး မဆုံးသေးခင်မှာပင် ကျန်းယွင်ထျန်းက သူ့ထံသို့ ချက်ချင်း ဖုန်းဆက်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... လေယာဉ်တင်သင်္ဘောတပ်စုရဲ့ မြောက်ဘက်ခြမ်းမှာ ရှေးဦးဧရာမသားရဲကြီးတစ်ကောင် ပေါ်လာပြီ။ သူ့ရဲ့ ဦးတည်ချက်အရ ဆိုရင် ပစ်မှတ်က ရွက်သင်္ဘော ဖြစ်ဖို့များတယ်။ သတိထားပါ။”

“ဟမ်... အခုချိန်ထိ ဒီကန့်သတ်ချက်က ရှိနေတုန်းပဲလား။”

ရှောင်းယီ အနည်းငယ် ဆွံ့အသွားခဲ့သည်။

ဒီရွက်သင်္ဘောက တကယ်ကို အဆင့်မြင့်လွန်းနေသေးပုံပဲ။

“ကောင်းပြီ။”

ရှောင်းယီက ဖုန်းထဲမှ ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်...ငါတို့ အဲ့ကောင်ကို တိုက်ရိုက် သုတ်သင်ပစ်လိုက်ရမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။

“မလိုဘူး။ သူက ငါတို့ရဲ့ လေယာဉ်တင်သင်္ဘောကို မတိုက်ခိုက်သရွေ့တော့ သူ့ကို လာခွင့်ပြုလိုက်။”

ကျန်းယွင်ထျန်းမှာ အနည်းငယ် ကြောင်သွားပြီးနောက် ပြုံးလိုက်သည်။

“နားလည်ပါပြီ။”

ရှေးဦးဧရာမ သားရဲကြီးသည် မြောက်ဘက်မှ ချဉ်းကပ်လာခဲ့ပြီး လေယာဉ်တင်သင်္ဘောနှင့် သုံးကီလိုမီတာခန့် အကွာအဝေးမှ ဖြတ်ကျော်ကာ ရွက်သင်္ဘောရှိရာဆီသို့ တည့်တည့် ရေကူးလာခဲ့သည်။

“ကျွန်းပိုင်ရှင်... အဲ့ကောင်က လေယာဉ်တင်သင်္ဘောကို တကယ် စိတ်မဝင်စားဘူး။ ကျွန်းပိုင်ရှင် ရှိတဲ့ဘက်ကိုပဲ ဦးတည်လာနေတယ်။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ကောင်းတယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြန်ဖြေလိုက်တော့သည်။

All Chapters