ပလ္လင်
Vol. 010 Ch. 492
ဝမ်လင်းက တိတ်ဆိတ်လို့နေ၏။သူက မုရုံယွမ်ကို ကြည့်လိုက်သည်။
မုရုံယွမ်နှလုံးက တစ်ချက် ခုန်ပေါက်သွားသည်။
မုရုံယွမ်က ဖျော့တော့စွာ ပြုံး၍ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ဂျူနီယာ မုရုံယွမ်က စီနီယာကို နှုတ်ဆက်ပါတယ် …”
မုယွမ်ဟိုင်က ခေါင်းညိတ်ကာ မေးလိုက်သည်။ “မင်းက အုတ်ဂူအတွင်းပိုင်းကို ဘယ်လို ဝင်ရောက်ရမလဲ သိလား …”
မုရုံယွမ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “စီနီယာမု … ဂျူနီယာက ဝင်ရမဲ့နည်းလမ်းကို သိပါတယ်။ ဒါပေမဲ့ စီနီယာက ငါတို့ကိုပါ ခေါ်သွားဖို့ ကတိပေးရမယ်။ စီနီယာသဘောတူမယ် ဆိုရင် ငါက ငါသိသမျှအကုန် စီနီယာကို ပြောပြပါ့မယ် …”
မုယွမ်ဟိုင်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူကပြောလိုက်သည်။ “ပြောပါ … ဒီအဘိုးအိုက သဘောတူပါတယ် …”
မုရုံယွမ်မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်သွား၏။ “ဂျူနီယာက ဦးဆောင်သွားပါ့မယ်။ ငါတို့ရဲ့ပန်းတိုင်က ပလ္လင်ထံကိုပဲ။ ဒါက အတွင်းပိုင်းကို ဝင်တဲ့ လမ်းကြောင်းဖြစ်တယ် …”
မုယွမ်ဟိုင်က အလေးအနက် မေးလိုက်၏။ “အဲဒီနေရာမှာ အန္တရာယ်တစ်ခုခု ရှိနေလား …”
မုရုံယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။ “ရှိပါတယ် …။ ဂျူနီယာက အဲဒီနေရာမှာ သစ်ရွက်ရှစ်ရွက် နတ်ဆရာတွေ သေဆုံးသွားခဲ့တာကို မြင်ခဲ့တယ်။ သူတို့အားလုံးပေါင်းက ရှစ်ယောက်ရှိတယ်။ ဒါပေမဲ့ ပထမဆုံး ဝင်သွားထဲလူကတော့ ဘာအန္တရာယ်မှ မတွေ့ခဲ့ရဘူး …”
မုယွမ်ဟိုင်က မျက်မှောင်ကြုတ်သွားသည်။ သည့်နောက် သူက ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။ “ရောင်းရင်းစန် … သင်ရော ဘယ်လိုထင်လဲ …”
ဝမ်လင်းက မုရုံယွမ်ကို ပြုံး၍ ကြည့်လိုက်ပြီးနောက် မုယွမ်ဟိုင်အား ပြောလိုက်၏။ “ငါတို့နှစ်ယောက်အတူ လုပ်မယ်ဆိုရင် ငါတို့က မဖျက်ကျော်နိုင် ရင်တောင် အသက်တော့ မသေနိုင်လောက်ပါဘူး …”
မုယွမ်ဟိုင်က ရယ်မောလိုက်၏။ သည့်နောက် သူက ခေါင်းညိတ်ကာ မုရုံယွမ်ကို ပြောလိုက်သည်။ “ကောင်လေး … လမ်းပြတော့ …”
မုရုံယွမ်က ခပ်သွက်သွက် ခေါင်းညိတ်ပြပြီးနောက် ဝမ်လင်းကို ကြည့်ကာ ခါးသက်သက်ပြုံး၏။ “စီနီယာက တကယ်တော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် မဟုတ်ဖူးပဲ …။ ဂျူနီယာက အစတုန်းက မသိခဲ့တဲ့အတွက် ဂျူနီယာကို အပြစ်မတင်ဖို့ မျှော်လင့်မိပါတယ် …” ထိုသို့ပြောပြီးနောက် သူက ရှေ့ကနေ ပျံသန်းသွား၏။ မုယွမ်ဟိုင်ကလည်း ဝမ်လင်းကို အချက်ပြ၍ သူတို့နှစ်ယောက်က နောက်ကနေ လိုက်သွားကြသည်။
ရုပ်ဆိုးအမျိုးသမီး ကတော့ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူတို့နောက်ကနေ လိုက်ပါသွား၏။
မုရုံယွမ်၏ အမြန်နှုန်းက အလွန် မြန်ဆန်လှသော်လည်း မုယွမ်ဟိုင်၏ မျက်လုံးထဲ၌ နှေးလွန်းနေ၏။ နာရီဝက်ခန့် ကြာပြီးနောက် မုယွမ်ဟိုင်က နှာခေါင်းရှုံ့ကာ လှုပ်ရှားလိုက်ပြီး မုရုံယွမ်ကို ဆွဲခေါင်၍ ဝမ်လင်းထံသို့ လှည့်ကာ ပြောလိုက်သည်။ “ရောင်းရင်းစန် … မင်းနဲ့ငါက သူတို့တစ်ယောက်စီကို တွဲခေါ်သွားကြမယ်။ ဒါဆိုငါတို့က ပလ္လင်စီကို ပိုမြန်မြန် သွားလို့ရမယ် …။ ငါတို့က နှေးနေမယ်ဆိုရင် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ပြိုကွဲသွားရင် ငါတို့အားလုံး ဒီနေရာမှာပဲ သေရလိမ့်မယ် …”
ထိုသို့ပြောပြီးသည်နှင့် သူက မုရုံယွမ်ကို ကိုင်ကာ အရှိန်မြှင့်၍ အကွာအဝေး တစ်ခုထံသို့ ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ အမျိုးသမီး ပတ်လည်၌ ထူးဆန်းသော အားတစ်ခုက ဝန်းရံသွားသည်။ ဝမ်လင်းကလည်း သူမကို ခေါ်၍ အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားတော့သည်။
“စီနီယာက စန်နူးလား …” ဝမ်လင်းနောက်ရှိ အမျိုးသမီးက မေးလိုက်၏။ သူမ၏ ကိုယ်သင်းရနံ့က ဝမ်လင်းနှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် …”
အမျိုးသမီးက ခေါင်းအနည်းငယ် ညိတ်ပြကာ ရုတ်တရက် ထပြောလိုက်၏။ “စီနီယာ … မုရုံယွမ်ကို သတိထားပါ …” သည့်နောက် သူမက တိတ်ဆိတ်သွားတော့သည်။
ဝမ်လင်းနှင့် မုယွမ်ဟိုင်တို့က အလွန်မြန်ဆန်လှ၏။ မုရုံယွမ်က သူတို့ကို လမ်းပြမှုနှင့်အတူ သူတို့က ကွင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းနေကြသည်။
သုံးရက်ကြာပြီးနောက် သူတို့အောက်၌ အဆုံးမရှိဟန်ရသည့် တောင်တန်းများ ပေါ်လာခဲ့သည်။ သည်တောင်တန်းများ၏ အထက်၌ သိပ်သည်းသော အနက်ရောင်တိမ်များ ရှိနေသည်။ သည်တိမ်က ကျောချမ်းဖွယ် အော်ရာကို ပေးစွမ်းနေ၏။
တောင်တန်း၏ အနောက်ဘက်ခြမ်းတွင် အလွန်မြင့်မားသည့် တောင်ထိပ်တစ်ခု ရှိနေသည်။ သည်တောင်ထိပ်က အနက်ရောင်တိမ်ထဲ၌ ဖုံးလွှမ်းနေ၏။ သည့်အတွက်ကြောင့် အပြင်ဘက်မှကြည့်လျှင် ယင်းတောင်ထိပ်ကို တစ်ဝက်ခန့်သာ မြင်ရပေသည်။
မုရုံယွမ်၏ လမ်းညွှန်မှုအောက်၌ မုယွမ်ဟိုင်က အနက်ရောင် တိမ်ထံသို့ တိုးဝင်သွားသည်။ ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သူတို့နောက်ကနေ နီးကပ်စွာ လိုက်ပါနေသည်။
အနက်ရောင်တိမ်ထဲ၌ ဝမ်လင်းက ပါးစဟကာ အနက်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သည်အနက်ရောင် အလင်းတန်းက အနက်ရောင်တိမ်ထဲ၌ ပျောက်ကွယ်သွားလေ၏။
သည့်နောက် သူက သိုလှောင်အိတ်ထဲကနေ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၍ တစ်ချက်လှုပ်ယမ်းလိုက်ရာ ၎င်းသည်လည်း တိမ်နက်များထဲ၌ ပျောက်ကွယ်လို့ သွားသည်။ သူက သည်အရာများကို အနက်ရောင်တိမ်များ ဖုံးနေသောနေရာတွင် လျှပ်တစ်ပြတ် ပြုလုပ်ခဲ့သည့်အတွက် မည်သူကမှ သူ့ကို သတိမထားမိ လိုက်ကြချေ။ သူ့ဘေးရှိ အမျိုးသမီးပင် သတိမထားမိချေ။ အကြောင်းကတော့ သူတို့နှစ်ယောက်ကြားရှိ ကျင့်ကြံမှုအဆင့်က အလွန် ကွာခြားသောကြောင့် ဖြစ်၏။
အနက်ရောင်တိမ်ထဲရှိ တောင်က အနည်းငယ် မှုန်ဝါးလာ၏။ သည်တောင်ထိပ် ပတ်လည်၌ တစ်စုံတစ်ခုက ပတ်ခြုံဝန်းရံထားမည် ဆိုပါက ၎င်းက အလွန်သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းနေမည် ဖြစ်သည်။ တောင်ထိပ်၌ ကြီးမားသည့် ကွက်လပ်ကြီးတစ်ခု ရှိနေပြီး သည်ကွက်လပ်ကြီး၏ အလယ်၌ အနက်ရောင် ပလ္လင်တစ်ခု ရှိလို့နေသည်။
သည်ပလ္လင်က လှေကားထစ်များပါသော မျှော်စင်တစ်ခုကဲ့သို့ အထက်သို့ ဦးတည်ထားသည်။ သည်ပလ္လင်မျှော်စင်၏ ထိပ်ဖျား၌ အချိုင့်အခွက် တစ်ခု ရှိနေသည်။
မုယွမ်ဟိုင်က မုရုံယွမ်ကို ကိုင်ထားရင်း ပလ္လင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဝမ်လင်းကလည်း သူတို့နောက်ကနေ ဆင်းသက်လိုက်သည်။
သူတို့က ပလ္လင်ပေါ်ရှိ ခြောက်သွေ့နေသော သွေးကွက်များကို တွေ့လိုက်ရပြီး သွေးညှီနံ့များက ခုထိ ရနေတုန်းပင်။ သူတို့က တစ်ချက်တစ်ချက် အနက်ရောင် တိမ်ထုထဲကနေ တစ္ဆေညည်းသံလို အသံမျိုးကိုပင် ကြားနေရသည်။
ဝမ်လင်းက ခြေချပြီးနောက် သူက အမျိုးသမီးကို လွှတ်ပေးလိုက်ပြီး သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် စစ်ထူနန်ပြောပြခဲ့သည့် နေရာနှင့် သည်နေရာက အလွန် ခြားနားနေကြောင်း တွေ့မြင်လိုက်သည်။
စစ်ထူနန် သူ့ကို ပြောပြခဲ့သည့် ပလ္လင်က တောင်များ ဝန်းရံထားသည့် တောင်ကြားတစ်ခုတွင် ရှိနေပြီး တောင်ထိပ်တစ်ခု မဟုတ်ချေ။ သူ့မျက်လုံးများက လျင်မြန်စွာ အေးစက်လာသည်။
မုယွမ်ဟိုင်က နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ သူ့ပတ်လည်ကို ကြည့်လိုက်သည်။ သည့်နောက် သူက ပြောလိုက်၏။ “ဂျူနီယာ … မုရုံယွမ် … ဒါက မင်းပြောခဲ့တဲ့ ပလ္လင်လား …”
မုရုံယွမ်က ခပ်သွက်သွက် ခေါင်းညိတ်ပြကာ ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။ “စီနီယာ … ဒီနေရာပါပဲ …။ ဒါပေမဲ့ … စီနီယာက ဂရုစိုက်သင့်တယ်။ ပထမဆုံး သစ်ရွက်ရှစ်ရွက် နတ်ဆရာကလွဲလို့ သူ့နောက်က ကျန်တဲ့လူတွေ အားလုံးက ဒီနေရာမှာ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ရတယ် …”
မုယွမ်ဟိုင်က မုရုံယွမ်ကို ကြည့်ပြီးနောက် လျင်မြန်စွာဖြင့် မုရုံယွမ်ကို ဖမ်းကိုင်လိုက်ကာ သူ့လက်ကို မုရုံယွမ်နှဖူးပေါ်သို့ ဖိချလိုက်သည်။ မုယွမ်ဟိုင်မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “စိတ်ဝိညာဉ် ရှာဖွေခြင်း …”
မုရုံယွမ်က နာကျင်ထိတ်လန့်စွာ ညည်းညူ လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။ မုယွမ်ဟိုင်မျက်လုံးက ပို၍ လင်းလက်လာပြီး သူက မုရုံယွမ်ကို ခဏအကြာတွင် လွှတ်ပေးလိုက်သည်။
မုရုံယွမ်က ရွှံ့ပုံကြီးတစ်ခုထဲသို့ ဇောက်ထိုးကျသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က သေခြင်းအော်ရာကို ပေးစွမ်းနေပြီး လှုပ်ရှားမှု ကင်းမဲ့နေ၏။
“ရောင်းရင်းစန် … ဒီလူက မလိမ်ဘူး...” ထိုသို့ပြောပြီးနောက် သူက ပလ္လင်ထံသို့ ခုန်တက်လိုက်သည်။ “ရောင်းရင်းစန်နူး … ငါ အရင်ထောက်လှမ်း ကြည့်လိုက်ဦးမယ် …။ ကျေးဇူးပြုပြီး ငါ့ကို စောင့်ကြည့်ပေးပါ …”
“ကောင်းပြီ …” ဝမ်လင်းမျက်လုံးထဲ၌ လှောင်ပြောင်သည့်ဟန်များ ဖြစ်ပေါ်သွားသည်။
မုရုံယွမ်က ပလ္လင်ထိပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေ၏။ သူက သည်နေရာတွင် ခဏတာ ရပ်နေပြီးနောက် သူ့အသွင်က ထူးဆန်းလို့သွားသည်။ သူက ပလ္လင်ထိပ်ရှိ ချိုင့်ခွက်ကို ကြည့်ကာ သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။
သိပ်မကြာခင်တွင် သူ့မျက်လုံးထဲ၌ ပျော်ရွှင်ဟန်များ ပေါ်ထွက်လာပြီး သူက ရယ်မောလိုက်သည်။ “ဒီနေရာပဲ ... ရောင်းရင်းစန်နူး …။ ငါ့ ရှေ့က သွားလိမ့်မယ် …” ထိုသို့ပြောပြီးနောက် သူက ပလ္လင်အလယ်သို့ လျှောက်လှမ်းသွားကာ ပျောက်ကွယ်လို့ သွားသည်။
ရုပ်ဆိုးအမျိုးသမီးက အနည်းငယ် တုံ့ဆိုင်းနေ၏။ သူမက ဝမ်လင်းကို ကြည့်ပြီးနောက် မုရုံယွမ်ကိုပါ ကြည့်လိုက်သည်။ သည့်နောက် သူမက တွေးတောလို့နေ၏။
ဝမ်လင်းက နှာခေါင်းရှုံ့ကာ ပလ္လင်ထံသို့ မကြည့်ဘဲ ထိုအစား မုရုံယွမ်ကိုသာ ကြည့်လိုက်ရာ မန္တန်တစ်ခုက သူ့နဖူးထံသို့ ဖျတ်ခနဲလင်းလာကာ တိုးဝင်သွားသည်။
သည်မန္တန် ကျရောက်လာသည်နှင့် မုရုံယွမ်က ရုတ်တရက် မျက်လုံးဖွင့်လာကာ ယင်းမန္တန်ကို ဆွဲယူကာ ချေမွပစ်လိုက်၏။ သည့်နောက် သူက မတ်တတ်ရပ်ကာ ဝမ်လင်းကို ကြည့်သည်။ အနက်ရောင် အခိုးငွေ့များက ရုတ်တရက်ပေါ်လာပြီး သူ့မျက်နှာကို ဖုံးလွှမ်းသွား၏။ မူလက ချောမောသည့် သူ့မျက်နှာက ကြမ်းကြုတ်လို့သွား၏။
“မင်းက ဒါကို ဘယ်လိုလုပ် ရှာတွေ့ခဲ့တာလဲ …” သူ့အသံထဲ၌ ထူးဆန်းသည့် စွမ်းအားများ ပါဝင်နေသည်။
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ငါ မင်းကို ပြောပြနိုင်ပါတယ် …။ ဒါပေမဲ့ … မင်းက ငါ့မေးခွန်း အနည်းငယ်ကို ဖြေဖို့လိုတယ် …”
မုရုံယွမ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ … မင်းအရင်ဆုံး ငါမေးတာ ဖြေပါ …”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျင့်ကြံသူတွေ အားလုံးက သူတို့ကိုယ်သူတို့ သန့်ရှင်းအောင် နေကြတယ်။ ဒါကြောင့် သူတို့က သိုလှောင်အိတ်ထဲမှာ အဝတ်အစားပိုတွေ ရှိကြတယ်။ မင်းလိုမျိုး ဖရိုဖရဲနဲ့လူက ရှားလွန်းလှတယ် …”
မုရုံယွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဒါကြောင့်လေးပဲပေါ့ …”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက မုရုံယွမ်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “တကယ်တော့ အခြားပြောစရာတွေလည်း ရှိပါသေးတယ် …။ ဒါပေမဲ့ ခုချိန်မှာတော့ မင်းဘယ်သူလဲဆိုတာ ငါသိချင်တယ် …”
မုရုံယွမ်က နှာခေါင်းရှုံ့လိုက်၏။ “ငါက စိတ်ဝိညာဉ် အပိုင်းအစတွေကနေ ဖြစ်တည်လာတာပဲ …”
ဝမ်လင်းက ပြောလိုက်သည်။ “မင်း ဝတ်စုံက ဟောင်းနွမ်းလွန်းနေပြီး ဒီထဲကို ဝင်လာတဲ့ ဘယ်ကျင့်ကြံသူကမှ ဒီလိုမျိုး မဝတ်လာဘူး …။ မင်းရည်ရွယ်ချက်က ဘာလဲ …”
“ငါ့မှာ ရည်ရွယ်ချက် မရှိဘူး။ ငါက မင်းတို့ကောင်တွေကို ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် မရစေချင်ရုံပဲ …။ ဒီနှစ်ချက်ကြောင့်ပဲလား …” မုရုံယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်လင်းက သက်ပြင်းချကာ ခေါင်းယမ်းသည်။ “နောက်ဆုံး အကြောင်းပြချက်ကတော့ မင်းဝတ်စုံပေါ်က သင်္ကေတတွေကြောင့်ပဲ …” ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းကာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်သော မန္တန်တစ်ခုက ရုတ်တရက် သူ့ရှေ့၌ ပေါ်လာခဲ့သည်။ သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် ကောင်းကင်ဘုံမန္တန်က မုရုံယွမ်ထံသို့ တိုးဝင်သွားတော့သည်။
မုရုံယွမ်က နှာခေါင်းရှုံ့ကာ လှုပ်ရှားခြင်း မပြုချေ။ သို့သော် ကောင်းကင်ဘုံမန္တန် ကျရောက်လာသည့် အခိုက်တွင် သူ့ခန္ဓာကိုယ်က အနက်ရောင် အမျှင်တန်းများအဖြစ်သို့ ပြောင်း၍ ပတ်ဝန်းကျင်ရှိ အနက်ရောင်တိမ်များထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက နောက်ကနေ လိုက်လံခြင်း မရှိချေ။ သူ့မျက်လုံးထဲ၌ လှောင်ပြောင်မှုများ ရှိနေ၏။ သိပ်မကြာခင်တွင် အနက်ရောင် တိမ်ထုအတွင်းကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင် အမျှင်တန်းများ ပြန်ထွက်လာပြီး မုရုံယွမ်အဖြစ်သို့ ပြန်သိပ်သည်း သွားတော့သည်။ သူ့အသွင်က အလွန်အမင်း ရုပ်ဆိုးလို့နေသည်။ သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ပုံမှန်စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး …”
ပေသုံးဆယ်ခန့်ရှည်သည့် စိတ်ဝိညာဉ်အလံတစ်ခုက အနက်ရောင် တိမ်များထဲကနေ ထွက်ပေါ်လာလေ၏။ သည်အလံက အနက်ရောင်တိမ်ထဲ၌ လှိုင်းတစ်ခုကဲ့သို့ လှုပ်ရှားလို့နေသည်။ သည်အလံထဲကနေ များစွာသော စိတ်ဝိညာဉ် အပိုင်းအစများက ထွက်ပေါ်လာနေ ကြသည်။ သည်အနက်ရောင် တိမ်ထဲ၌ မူလစိတ်ဝိညာဉ် အပိုင်းအစဆယ်ခုက မုရုံယွမ်ထံသို့ ကြည့်နေကြ၏။
သည်မူလစိတ်ဝိညာဉ် ဆယ်ခုထဲတွင် ခရမ်းရွှေရောင် ချီလင်စိတ်ဝိညာဉ်တစ်ခု ပါဝင်နေ၏။ ၎င်း၏မျက်လုံးများက ကြမ်းကြုတ်မှုကို ဖော်ထုတ်ပြနေသည်။
ဝမ်လင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို သည်နေရာသို့လာသည့် လမ်းတစ်လျှောက်တွင် စစ်ထူနန်နှင့်အတူ သန့်စင်နေခဲ့၏။ သူက သူ့အခြားအလံ နှစ်ခုကိုပါ ၎င်းအလံထဲသို့ သူ့စိတ်ဝိညာဉ်အလံ နှစ်ခုကိုပါ ပေါင်းစပ်ထား၏။ ထို့ကြောင့် ချီလင်သားရဲ စိတ်ဝိညာဉ်နှင့် လီယွမ်ဖန်တို့၏ စိတ်ဝိညာဉ်တို့ကလည်း စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ မူလစိတ်ဝိညာဉ်များ အဖြစ် တည်ရှိနေကြပြီ ဖြစ်သည်။
ခုချိန်၌ သည်စိတ်ဝိညာဉ် ဆယ်သန်းအလံထဲ၌ မူလစိတ်ဝိညာဉ် နှစ်ဆယ့်ရှစ်ကောင် ရှိနေပြီ ဖြစ်၏။
“မင်းက ငါ့ကို ဒီထဲမှာ ပိတ်လှောင် ထားနိုင်မယ်လို့ ထင်နေတာလား …” မုရုံယွမ်က နှာခေါင်းရှုံ့ကာ နောက်တစ်ကြိမ် တိုးဝင်လာ၏။ သူက အနက်ရောင် အခိုးငွေ့များ အဖြစ်သို့ နောက်တစ်ကြိမ် ပြောင်းကာ ဝမ်လင်း၏ ဒွာရပေါက်များထံသို့ ပျံသန်းလာလေ၏။
ဝမ်လင်းကနောက်သို့ ဆုတ်လိုက်ကာ သူ့မျက်လုံးက အေးစက်လာ၏။ သူက လက်ကို မြှောက်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း …”
သည်အခိုက်တွင် အနက်ရောင်တိမ်ထဲက နောက်ထပ် အလံတစ်ခုက ပျံသန်းထွက်လာလေ၏။ ၎င်းက ပေါ်ထွက်လာပြီးပြီးချင်း အတားအဆီးများစွာကို ထုတ်လွှတ်လာသည်။ အလွန်မြန်ဆန်လှသည့် နှုန်းဖြင့် သည်အတားအဆီးများက နီးကပ်သွားပြီး လူတစ်ယောက်အရွယ် လှောင်ချိုင့်တစ်ခု ဖြစ်သွားကာ အနက်ရောင် အခိုးငွေ့များကို ပိတ်လှောင်ပစ်လိုက်၏။ သည်လှောင်ချိုင့်က လျင်မြန်စွာ ကျုံ့လာပြီးနောက် လက်သီးစုပ်ခန့် အရွယ်သို့ ရောက်ရှိသွားတော့သည်။
သည်လက်သီးစုပ်ခန့် အလုံးအဝိုင်းက အတားအဆီးများနှင့် ပြုလုပ်ထားခြင်းပင်။ အတားအဆီးများက အနက်ရောင် အခိုးငွေ့များကို ၎င်းအထဲ၌ ပိတ်လှောင်ပစ်လိုက်၏။
***