အခန်း ၉၈
Vol. 10 Ch. 98
Chapter 98
ခန်းမဆောင်ကြီး၏အလယ်ဗဟို၌ ရှိနေသော အနီရောင်မင်္ဂလာစာလုံးကြီးသည် မည်သည့်အချိန်က ပြောင်းလဲသွားသည်မသိဘဲ အမည်းရောင် နာရေးစာလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဝူး”
“ဝူး”
မမြင်နိုင်သော အစွမ်းတစ်ခုသည် တစ်စတစ်စ စုစည်းလာနေသကဲ့သို့ ရှိနေသည်။
[စနစ်သတိပေးချက် : ယင်ယန်ကမ္ဘာမြေပြောင်းလဲခြင်း အစီအရင် စတင်အသက်ဝင်ပြီ]
ထိုအချိန်သို့ ရောက်မှသာ အမျိုးသမီးသည် သိသာစွာ သက်ပြင်းချနိုင်တော့ပြီး ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
"သခင်လေး၊ ရှင်က ဘယ်သူပဲဖြစ်ဖြစ်၊ ဘာအစွမ်းပဲရှိရှိ၊ သရဲဘုရင်အဆင့် ကျင့်ကြံသူဖြစ်နေရင်တောင် ဒီနေ့တော့ အတောင်ပံပေါက်ရင်တောင် လွတ်ဖို့မလွယ်တော့ဘူး"
"ငါက အတောင်ပံပေါက်ပြီး ထွက်ပြေးရမယ် ဟုတ်လား၊ ငါက ဘာလို့ အတောင်ပံတပ်ပြီး ပြေးရမှာလဲ"
ချန်ကျိုးသည် နှာခေါင်းနှိုက်ရင်း စင်ပေါ်ရှိ ဝိညာဉ်သပိတ်များကို ကြည့်ကာ စိတ်ထဲတွင် တစ်ခုခု အဆင်မပြေဖြစ်နေသကဲ့သို့ ခံစားနေရသည်။
ဒီချန်ကျိုးကြီးလို အလွန်အစွမ်းထက်တဲ့ လူစွမ်းကောင်းရဲ့ ကမ္ပည်းတိုင်က ဒီလိုအမှိုက်တွေနဲ့ အတူတူရှိနေရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
အမျိုးသမီးသည် ချန်ကျိုး၏ထူးဆန်းသော အမူအရာကို ဂရုမစိုက်ဘဲ စကားကို ဆက်လက်ပြောဆိုနေခဲ့ကာ သူမ စိတ်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော လျှို့ဝှက်ချက်များကို အကုန်အစင် ထုတ်ဖော်ပြောကြားလိုက်တော့သည်။
"သုံးရာ့ခြောက်ဆယ့်တစ်နှစ်၊ သုံးရာ့ခြောက်ဆယ့်တစ်နှစ် ရှိခဲ့ပြီ၊ ယင်ယန်ကမ္ဘာမြေပြောင်းလဲခြင်း အစီအရင်ကို နောက်ဆုံးတော့ ကျွန်မ ထန်ထိုက်မင်ယွဲ့က အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့ပြီ"
"ဒီအစီအရင်ကို ခင်းကျင်းဖို့အတွက် ကျွန်မ သုံးရာ့ခြောက်ဆယ့်တစ်နှစ်လုံးလုံး အချိန်ပေးခဲ့ရပြီး ကံကြမ္မာမတူညီတဲ့ သက်ရှိဝိညာဉ် သုံးရာ့ခြောက်ဆယ့်တစ်ယောက်ကို ရှာဖွေခဲ့ရတယ်၊ တစ်နှစ်ကို တစ်ကြိမ် လက်ထပ်ခဲ့တာဖြစ်ပြီး အပေါ်မှာရှိတဲ့ ကမ္ပည်းတိုင်တိုင်း က ကျွန်မရဲ့ ခင်ပွန်းဟောင်းတွေပေါ့၊ ရှင့်ရဲ့ စီနီယာတွေပေါ့"
"ဒီနှစ်က ကံကောင်းချင်တော့ သုံးရာ့ခြောက်ဆယ့်တစ်နှစ်မြောက်ပဲ၊ အစက ကျွန်မ စိတ်တိုင်းကျမယ့်သူကို ရှာဖွေထားပြီးသားပါ၊ ဒါပေမဲ့ ကောင်းကင်ကြီးက သခင်လေးကို ကျွန်မဆီ လွှတ်ပေးလိမ့်မယ်လို့ မထင်ထားမိဘူး၊ ရှင့်ရဲ့ ကံကြမ္မာနဲ့ သက်ရှိဝိညာဉ်ရဲ့ အရည်အသွေးက ကျွန်မကို အဆင့်ရှစ်သရဲဧကရာဇ်အဆင့် ရောက်ဖို့အတွက် နောက်ထပ် ဆယ်ရာခိုင်နှုန်း ပိုပြီးသေချာသွား စေတယ်"
ချန်ကျိုးသည် ထန်မင်မင်ယွဲ့ကို အဖက်မလုပ်ဘဲ ရှေ့သို့လျှောက်လှမ်းသွားကာ မိမိ၏ကမ္ပည်းတိုင်ကို ယူရန် ပြင်လိုက်သည်။
"ဒီချန်ကျိုးကြီးက တခြားလူတွေနဲ့ ဘယ်လိုလုပ်တူနိုင်မှာလဲ၊ ဒီချန်ကျိုးကြီးက နတ်ဘုရားတွေထဲက နဂါးနဲ့ ဖီးနစ်ပဲ၊ အမြင့်ဆုံးနေရာမှာ ရှိနေမှသာ ဒီချန်ကျိုးကြီးရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီမှာပေါ့"
ထန်ထိုက်မင်ယွဲ့က ရယ်မောလိုက်သည် "သခင်လေး၊ အခုမှ ဒါကိုလုပ်ဖို့ မနောက်ကျလွန်းဘူးလား၊ ယင်ယန်ကမ္ဘာမြေပြောင်း လဲခြင်း အစီအရင်က စတင်နေပြီဖြစ်လို့ ဒီကမ္ပည်းတိုင်တွေက သေချာချုပ်နှောင်ထားပြီးသားပဲ၊ ရှင်က ဘယ်လိုလုပ်ပြီး ရွှေ့လို့ရမှာလဲ"
ထန်ထိုက်မင်ယွဲ့သည် ရုတ်တရက် လည်ပင်းညှစ်ခံလိုက်ရသည့် ဘဲတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။
ချန်ကျိုးသည် မိမိ၏ကမ္ပည်းတိုင်ကို အလွယ်တကူပင် မလိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် ခြေဖျားထောက်ကာ မိမိ၏ ကမ္ပည်းတိုင်ကို စင်၏အမြင့်ဆုံးနေရာတွင် ထားရှိလိုက်ပြီး အမြင့်ဆုံးနေရာတွင် ရှိနေသော အခြားကမ္ပည်းတိုင်များကိုမူ အောက်သို့ချကာ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ထို့နောက်တွင် ချန်ကျိုးသည် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မိမိ၏ကမ္ပည်းတိုင်ကို စိုက်ကြည့်ကာ တစ်ခုခု လိုအပ်နေသေး သည်ဟု ခံစားရပြန်သည်။
ထို့ကြောင့် ကမ္ပည်းတိုင်အားလုံးကို မိမိ၏ကမ္ပည်းတိုင်ဆီသို့ ဦးညွှတ်စေသည့် ပုံစံဖြင့် မှောက်ချထားလိုက်ရာ အရိုအသေပြုသည့် သဘောကို သက်ရောက်စေသည်။
နောက်ဆုံးတွင် ချန်ကျိုး၏ကမ္ပည်းတိုင်သည် အရိုအသေပြုနေကြသော ကမ္ပည်းတိုင်အများအပြား၏အထက်တွင် ထူးထူးခြားခြား မတ်တတ်ရပ်နေခဲ့တော့သည်။
ပြီးမှ အရှေ့ဘက်သို့ ပြန်ပြေးကာ သေသေချာချာ စူးစမ်းကြည့်ရှုလိုက်သည်။
အချိန်အတော်ကြာမှ
"အင်း၊ ဒါမှ တော်ကာကျတာပေါ့၊ သူတို့က ဘယ်လိုလုပ်ပြီး ဒီချန်ကျိုးကြီးနဲ့ တစ်တန်းတည်း ရှိနေဖို့ ထိုက်တန်မှာလဲ"
ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏အပြုအမူကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ သူမ သေသေချာချာ ခင်းကျင်းထားသော အစီအရင်သည် ဤချန်ကျိုးကြီးကြောင့် အလွယ်တကူပင် အစီအစဉ် ပျက်စီးသွားရသည် ဟုတ်လား။
ဤချန်ကျိုးကြီးသည် ရူးကြောင်ကြောင်နှင့် မောက်မာလွန်းလှပြီး ရူးနေသကဲ့သို့ ရှိသော်လည်း တကယ်ရူးနေခြင်း မဟုတ်ခြေ။ လူ့လောကနှင့် ဝိညာဉ်လောကတွင်လည်း ဤကဲ့သို့သော လူမျိုး ရှိသည်ဟု မကြားမိဖူးပါချေ။
သူ့ အပြုအမူများသည် ဤမျှအထိ သိသာထင်ရှားလှရာ လူ့လောကနှင့် ဝိညာဉ်လောကက မည်သို့လျှင် သတိမထားမိဘဲ ရှိပါမည်နည်း။
သို့သော်လည်း အစီအစဉ် ပျက်စီးသွားရုံဖြင့် ဘာတတ်နိုင်ဦးမည်နည်း။
ယင်ယန်ကမ္ဘာမြေပြောင်းလဲခြင်း အစီအရင်က စတင်နေပြီဖြစ်ရာ ဤကမ္ပည်းတိုင်များ နေရာလွဲသွားသော်လည်း အစီအရင် လည်ပတ်မှုကို မထိခိုက်နိုင်ပါချေ။
ထန်ထိုက်မင်ယွဲ့သည် စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရက်အိုးဆီသို့ အကြည့်ရောက်ရှိသွားသည်။
“ချန်ကျိုး ရှင့်မှာ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ကျင့်စဉ်ရှိရှိ၊ ဒီဝိညာဉ်ခေါ်အရက်ကို သောက်သုံးပြီးရင်တော့ ရှင့်မှာ လက်ခြောက်ဖက်နဲ့ ခေါင်းသုံးလုံး ရှိနေရင်တောင် အရည်ပျော်သွားမယ့် ကံကြမ္မာကနေ လွတ်ဖို့ မလွယ်ပါဘူး”
ထန်ထိုက်မင်ယွဲ့သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး အရက်အိုးကို မကာ ဖြူစင်သော ကြွေခွက်နှစ်ခွက်ထဲသို့ ပြည့်လျှံအောင် လောင်းထည့်လိုက်သည်။
"သခင်လေး၊ ဒီနေ့က ရှင်နဲ့ ကျွန်မတို့ရဲ့ မင်္ဂလာနေ့မြတ် ဖြစ်တာမို့ ရာသက်ပန် ပေါင်းဖက်နိုင်ဖို့အတွက် မင်္ဂလာအရက်ကို အတူတူ သောက်သုံးသင့်ပါတယ်"
ထန်ထိုက်မင်ယွဲ့သည် ဖြူစင်သော ကြွေခွက်တစ်ခွက်ကို ချန်ကျိုး၏ ရှေ့မှောက်သို့ ကမ်းပေးလိုက်သည်။
“အော်၊ အရက်လည်း ရှိသေးတာပဲ”
ချန်ကျိုးသည် စိတ်ကျန်းမာရေးဆေးရုံတွင် ရှိစဉ်က ဟွမ်ရှောင်မော့နှင့်အတူ ကိုကာကိုလာကို အရက်အဖြစ် သဘောထားကာ မကြာခဏ သောက်သုံးလေ့ရှိပြီး ကြုံးဝါးစကားများကို ပြောဆိုလေ့ရှိရာ ထိုနေ့ရက်များသည် အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။
ချန်ကျိုးသည် ရဲရင့်စွာဖြင့် အရက်ခွက်ကို လှမ်းယူလိုက်ပြီး ဘီလူးမျက်ဖုံးကို ချွတ်ကာ မျက်ဖုံးအောက်ရှိ မိမိ၏ ရုပ်ရည်အစစ်အမှန်ကို ဖော်ထုတ်လျက် ထိုအရက်ခွက်ကို တစ်ငုံတည်းဖြင့် သောက်ချလိုက်သည်။
ဤအပြုအမူသည် ထန်ထိုက်မင်ယွဲ့ကို တစ်ဖန် ကြောင်အမ်းသွားစေပြန်သည်။ တစ်ခုခုတော့ မှားနေသည်ဟု ခံစားရသော်လည်း မည်သည့်အရာ မှားနေသည်ကိုမူ ပြောရခက်လှသည်။
ဘဝတွင် ပထမဆုံးအကြိမ် အရက်သောက်ဖူးသော ချန်ကျိုးသည် အရက် လည်ချောင်းထဲသို့ ရောက်ရှိသွားသောအခါ စပ်ရှားရှားနှင့် ခါးသက်လှသဖြင့် ထိုအနံ့သည် ချန်ကျိုး၏ နှာခေါင်းထဲသို့ ပြည့်နှက်သွားခဲ့သည်။
“ဒီအရာက တကယ်ကို သောက်ရတာ ဆိုးလွန်းတာပဲ”
ချန်ကျိုးသည် အောင့်ထားလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့ပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလည်လာခဲ့သည်။
သူ ပြန်အန်ထုတ်ချင်မိသည်။
“မရဘူး”
သူက ချန်ကျိုးကြီးပဲ၊ လောကအလယ်မှာ အရက်သောက်တဲ့အခါ ရဲရင့်ပြတ်သားရမယ် မဟုတ်ပါလော။
မျက်မှောင်ကြုတ်လျက် အတင်းအကျပ် မျိုချလိုက်သည်။
ထို့နောက်တွင် ကြုံတွေ့ရသည်ကား ကိုယ်ခန္ဓာ၏သဘာဝအရ ငြင်းပယ်မှုဖြစ်ပြီး ပြင်းထန်စွာ ချောင်းဆိုးတော့ရာ မျက်ရည်များနှင့် နှာရည်များပါ ထွက်ကျလာခဲ့သည်။
ထန်ထိုက်မင်ယွဲ့သည် စကားမဲ့သွားခဲ့ရသည်။
ချန်ကျိုးသည် လက်မောင်းကို မြှောက်ကာ တစ်ချက်သုတ်လိုက်ပြီး မျက်ရည်များကြားမှ ခေါင်းကိုမော့၍ ဆိုလိုက်သည်။
"တကယ့်ကို အရက်ကောင်းပဲ၊ ဒီချန်ကျိုးကြီးရဲ့ စိတ်တိုင်းကျပဲ"
[စနစ် : အရက်ထဲရှိ ဝိညာဉ်ခေါ်မှော်အတတ်ကို ဖျက်ဆီးလိုက်ပြီ]
“ရှင် ဒီလောက်တောင် ချောင်းဆိုးနေတာကို ဟိတ်ဟန်ထုတ်မနေပါနဲ့တော့”
ယခင်က သက်ရှိဝိညာဉ် သုံးရာ့ခြောက်ဆယ်တို့သည် ဝိညာဉ်ခေါ်အရက်ကို အတင်းအကျပ် တိုက်ကျွေးခံရပြီးနောက် ခေတ္တမျှအတွင်းမှာပင် လဲကျသွားခဲ့ကြသည်။
ချန်ကျိုး အချိန်ကြာမြင့်စွာ တောင့်ခံနိုင်လေလေ ထန်ထိုက်မင်ယွဲ့စိတ်ထဲတွင် ပိုမိုပျော်ရွှင်လာလေလေဖြစ်ပြီး ဤသည်က ချန်ကျိုး၏ အစွမ်းသည် သာမန်မဟုတ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ် အရက်သောက်ဖူးသော ချန်ကျိုးသည် အရက်ရှိန်တက်လာခဲ့ပြီး ကတုံးပြောင်ကြီးမှာ ရဲရဲတောက်လာကာ လည်ပင်း၊ ပါးပြင်နှင့် နှာခေါင်းထိပ်အထိနီမြန်းလာခဲ့သည်။
ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး လဲကျမသွားသည်ကို မြင်သောအခါ အရက်အိုးကို မ၍ ချန်ကျိုး၏အရက်ခွက်ထဲသို့ ထပ်မံဖြည့်တင်းပေးလိုက်ပြန်သည်။
"သခင်လေး၊ မင်္ဂလာအရက်ကို လက်ချင်းချိတ်ပြီး သောက်ရတယ်၊ လင်မယားနှစ်ယောက် လက်ချင်းချိတ်ပြီး သောက်ရတာမျိုးပေါ့"
ချန်ကျိုးသည် အရက်၏ခါးသက်မှုကို မြည်းစမ်းဖူးသွားပြီဖြစ်ရာ တုံ့ဆိုင်းသွားခဲ့သည်။
နှုတ်ခမ်းကို စေ့လိုက်သည်။
အကယ်၍ မသောက်ဘူးဆိုရင် ဒီမိန်းမက သူ့ကို လှောင်ပြောင်နေပေလိမ့်မည်။
အံကိုကြိတ်ကာ အရက်ခွက်ကို လှမ်းယူလိုက်သည်။
ချန်ကျိုးနှင့် ထန်ထိုက်မင်ယွဲ့တို့သည် လက်ချင်းချိတ်ကာ မင်္ဂလာအရက်ကို သောက်သုံးလိုက်ကြသည်။
ပထမတစ်ခွက်နှင့် နှိုင်းယှဉ်ပါက ချန်ကျိုးတွင် ပြင်ဆင်မှု ရှိနေပြီဖြစ်ရာ ပါးစပ်ထဲတွင် အချိန်မဆွဲဘဲ အသက်ရှူအောင့်လျက် တစ်ငုံတည်းဖြင့် မျိုချလိုက်သည်။ လည်ချောင်းထဲတွင် ပူလောင်သွား သည်မှအပ စပ်ရှားရှားအရသာသည် များစွာလျော့နည်း သွားခဲ့ပြီး ချိုမြိန်သော အရသာပင် အနည်းငယ်ထွက်ပေါ်လာခဲ့သည်။
ပြင်းထန်သော အရက်နှစ်ခွက် ဗိုက်ထဲသို့ ရောက်ရှိသွားပြီးနောက် ချန်ကျိုးသည် တကယ်ပင် မူးနောက်သွားခဲ့ရသည်။
မင်္ဂလာသရဖူ ဆောင်းထားသော ခေါင်းကြီးကို ရွှတ်ခနဲလှုပ်ခါလိုက်ပြီး မျက်စိရှေ့မှောက်ရှိ မိန်းမငယ်လေးသည် ရုတ်တရက် နှစ်ယောက်ဖြစ်သွားကာ ထို့နောက်တွင် သုံးယောက် ပြောင်းလဲသွားသည်ကို စိုက်ကြည့်နေမိသည်။
ချန်ကျိုးသည် နှုတ်ခမ်းကို ဆူလိုက်ပြီး လက်ညှိုးဖြင့် မိန်းမငယ်လေး၏ နှာခေါင်းကို သွားရောက်တို့ထိရန် ပြင်လိုက်သည်။
ထန်ထိုက်မင်ယွဲ့က ရှောင်တိမ်းလိုက်သည်။
“အမလေး၊ လွဲသွားပြီ”
"ဟဲဟဲ၊ ဟဲဟဲ၊ ဟဲဟဲဟဲဟဲဟဲ"
ချန်ကျိုးသည် မည်သူ့ကိုမျှ ဂရုမစိုက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေခဲ့ပြီး လျှာပင်လိပ်နေခဲ့သည်။
"ဒီချန်ကျိုးကြီးရဲ့ ဇနီးလေးက တကယ့်ကို မဆိုးဘူးပဲ"
ထန်ထိုက်မင်ယွဲ့သည် ရှောင်တိမ်းရင်း ချန်ကျိုးကို အကဲခတ်နေမိသည်။
“သူက ဝိညာဉ်ခေါ်အရက်ကိုသောက်ပြီး မူးသွားတာတော့ မဟုတ်ပါဘူးနော်”
ဝိညာဉ်ခေါ်အရက်ကို သောက်သုံးပြီးနောက် သူမ၏ သရဲဘုရင်အဆင့် အစွမ်းဖြင့်တောင် အရက်ထဲရှိ ဝိညာဉ်မှော်အတတ်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန် မလွယ်ကူပါချေ။
ဝိညာဉ်ခေါ်အရက်ကို သောက်ပြီး မူးသွားတဲ့သူ ရှိနိုင်ပါ့မလား။
ဒါမှမဟုတ် အရက်ရဲ့အာနိသင်က မပြင်းထန်လို့လား။
ထန်ထိုက်မင်ယွဲ့၏လက်ချောင်းထိပ်မှ ဝိညာဉ်အငွေ့အသက်တစ်စုသည် ကြိုးမျှင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကျိုးကို ချည်နှောင်ရန် ပြင်လိုက်သည်။
ကြိုးမျှင်သည် ချန်ကျိုး၏ကိုယ်ခန္ဓာနှင့် ထိတွေ့မိသည့် ခဏတွင်ပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်ကျိုးသည် ပျော်ရွှင်စရာ ကိစ္စတစ်ခုခုကို သတိရသွားသည်လား မသိဘဲ ဝိညာဉ်ခေါ်အရက် တစ်အိုးလုံးကို လှမ်းယူလိုက်ပြီး ပါးစပ်ကို အစွမ်းကုန်ဟလျက် အခန်းထဲတွင် ယိမ်းထိုးကာ ရူးသွပ်စွာပြေးလွှားနေခဲ့သည်။
"ဒီချန်ကျိုးကြီးက သောက်နိုင်သေးတယ်၊ သောက်နိုင်သေးတယ်"
စကားပြောရန်ပင် ခက်ခဲနေသော်လည်း မိမိ၏ပါးစပ်ထဲသို့ ဝိညာဉ်ခေါ်အရက်ကို မရပ်မနား လောင်းထည့်နေခဲ့သည်။
ထန်ထိုက်မင်ယွဲ့မှာမူ လုံးဝ ဘေးထွက်ကြည့်ရှုသူတစ်ယောက် ဖြစ်သွားခဲ့ရပြီး စိတ်ထဲတွင် အနည်းငယ် နောင်တရသည့် စိတ်ကူးများပင် ပေါ်ပေါက်လာခဲ့သည်။
ချန်ကျိုးသည် အရက်တစ်အိုးလုံးကို သောက်သုံးပြီးနောက် အရက်ရှိန်က ပိုမိုပြင်းထန်လာခဲ့ပြီး အိမ်တော်ဝင်းထဲသို့ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။
"ငါ့ကို အရက် ထပ်ပေးဦး"
အစပိုင်းတွင် ပြောဆိုသော စကားများသည် အဓိပ္ပာယ်ဖော်၍ ရသေးသော်လည်း နောက်ပိုင်းတွင်မူ မည်သည့်အရာကို ပြောဆိုနေသည်ကို တစ်လုံးမျှ နားမလည်နိုင်တော့ချေ။
ဝိညာဉ်မှော်အတတ်များကို အသုံးပြုသော်လည်း ချန်ကျိုးကို လုံးဝ ဒဏ်ရာမရစေနိုင်သဖြင့် အိမ်တော်ဝင်းထဲရှိ ဝိညာဉ်အစေခံများကိုသာ အင်အားသုံး၍ ချန်ကျိုးကို ဖမ်းဆီးခိုင်းရတော့သည်။
မူးနေသော ချန်ကျိုးတွင် မည်သည့်နေရာမှ အားအင်များ ရောက်ရှိလာသည်မသိဘဲ ဝိညာဉ်အစေခံ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကပင် သူ့ကို မထိန်းချုပ်နိုင်ဘဲ ရှိနေသည်။
ချန်ကျိုး၏ အမြင်တွင်မူ သူ့ကို ဖမ်းဆီးနေသော ဝိညာဉ်အစေခံအားလုံးသည် စိတ်ကျန်းမာရေးဆေးရုံရှိ လုံခြုံရေးဝန်ထမ်း များအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ခွေးကောင်တွေ၊ ငါ့ကို လာဖမ်းကြတာလား"
ချန်ကျိုး ဆဲဆိုကြိမ်းမောင်းလိုက်ပြီး ခြေလှမ်းမမြဲဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လုံးဝ ပြဿနာမရှိပါချေ။ ပြန်လည်ထထိုင်ကာ ဆက်လက်ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။
[စနစ် - ဗူး ဟားဟား၊ ဒီအတိုင်းပဲ၊ ဆက်ပြီး ဆူညံအောင် လုပ်လိုက်စမ်း]
လမ်းနှစ်ခုကို ဖြတ်သန်းပြီးနောက် ချန်ကျိုးသည် အမျိုးသမီး၏နောက်ကွယ်မှ သရဲဘုရင်အိမ်တော်၏ အဓိကခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။
ခန်းမဆောင်၏အကျယ်အဝန်းသည် စတုရန်းမီတာနှစ်ရာကျော် ရှိပြီး ပျော်ရွှင်စရာ အနီရောင်မီးအိမ်ကြီးများအောက်တွင် ကြီးမားသော အနီရောင် မင်္ဂလာစာလုံးကြီးကို အလယ်ဗဟို၌ မြင့်မားစွာ ချိတ်ဆွဲထားသည်။
မင်္ဂလာစာလုံး၏အရှေ့တွင်မူ ကြီးမားသော စင်တစ်ခု ရှိနေပြီး စင်၏ အမြင့်သည် မညီညာဘဲ အမည်းရောင်နောက်ခံတွင် စာလုံးဖြူများ ရေးထိုးထားသည့် ကမ္ပည်းပြား သုံးရာကျော်ကို သေသပ်စွာ စီရီထားသည်။
အပေါ်တွင်မူ ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ မည်သူမည်ဝါ၏ကမ္ပည်းပြား ဟု ရေးသားထားသည်။
ချန်ကျိုးသည် မျက်လုံးများ ပြူးကျယ်သွားပြီး စင်ကို ပတ်၍ တစ်ပတ်လှည့်ကြည့်လိုက်သည်။
"အမလေး၊ မင်းတို့အိမ်မှာ သေတဲ့လူက တကယ်မနည်းဘူးပဲ၊ သေစရာ လူတောင် မရှိတော့ဘူး ထင်တယ်"
အမျိုးသမီးက ပြုံးလိုက်သည်။
"နောင်ကျရင် နေရာမရှိမှာကို စိတ်ပူစရာ မလိုတော့ပါဘူး၊ ရှင်ပါဆိုရင် ပြည့်စုံသွားပြီ"
"ငါ့ကို ထည့်ရမယ် ဟုတ်လား"
ချန်ကျိုးသည် မိမိကိုယ်ကိုယ် ညွှန်ပြလျက် ရိုးသားစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
"မှန်တယ်၊ ရှင်ပါဆိုရင် သုံးရာ့ခြောက်ဆယ့်တစ်ယောက် တိတိပဲ"
ချန်ကျိုးသည် စင်ကို ဆွဲကိုင်လျက် ဝိညာဉ်သပိတ်များကို တစ်ခုချင်းစီ စိုက်ကြည့်လိုက်သည်။
"ဒါဆို ငါ့ဟာက ဘယ်မှာလဲ"
ထိုအချိန်တွင် အခန်းအပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သရဲဧကရီ၏အေးစက်လှသော လေသံထဲတွင် စိတ်လှုပ်ရှားမှုအချို့ ပြည့်နှက်နေသည်။
"ဝင်ခဲ့"
ဝိညာဉ်မလေးတစ်ကောင်သည် သစ်သားလင်ပန်းတစ်ခုကို ပင့်မလျက် ဝင်ရောက်လာခဲ့ရာ လင်ပန်းပေါ်တွင် ရှိနေသည်ကား ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ ချန်ကျိုးကြီး၏ ကမ္ပည်းပြား ဟူ၍ ဖြစ်ပြီး ၎င်းနှင့်အတူ အရက်အိုးတစ်အိုးနှင့် ဖြူစင်သော ကြွေခွက်နှစ်ခွက် ပါရှိသည်။
ကမ္ပည်းပြားပေါ်ရှိ ရွှေဆေးများသည်ပင် ခြောက်သွေ့ခြင်း မရှိသေးရာ ၎င်းသည် အလျင်အစလို ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။
"ငါ ရောက်ပြီလေ"
ချန်ကျိုးသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အလျင်အမြန် လျှောက်လှမ်းသွားခဲ့သည်။
သရဲဧကရီသည် ချန်ကျိုး၏ကမ္ပည်းပြားကို ယူဆောင်ကာ စင်အရှေ့သို့ လျှောက်လှမ်းသွားပြီး အလယ်ဗဟိုရှိ အလွတ်နေရာတွင် ထားရှိလိုက်သည်။
ထို့နောက်တွင် သရဲဧကရီသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်လေပြင်းတစ်စု ဖြတ်သန်းသွားပြီး မူလက ရှိနေသော ဖယောင်းတိုင်နီ၊ မီးအိမ်နီနှင့် ပိတ်စနီများ အားလုံးသည် အဖြူရောင်ဖယောင်းတိုင်၊ အဖြူရောင်မီးအိမ်နှင့် ပိတ်စဖြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။