← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

Chapter 102

ချန်ကျိုး ပြန်ရောက်လာပြီး မကြာမီမှာပင် ကျန်းယိုယို၊ ကျိုးအိုက်ကော်၊ လော့ယွီမင်နှင့် သိပ်မရင်းနှီးသော လျိုပန်ချန်းတို့သည် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံသို့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ရောက်ရှိလာကြသည်။

ချန်ကျိုး တစ်ယောက် အိပ်ပျော်နေသဖြင့် မည်သူမှ သွားရောက်မနှောင့်ယှက်ရဲကြဘဲ လူနှင့် ဝိညာဉ်အုပ်စုသည် ဝိညာဉ်ကမ္ဘာတွင် ချန်ကျိုး ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို သိလိုစိတ်ပြင်းပြစွာဖြင့် စုဝေးနေကြသည်။

ဝိညာဉ်ကမ္ဘာသို့ တစ်ခေါက်သွားရုံဖြင့် ကျားဝိညာဉ်သည် အဆင့်ငါးသို့ ရောက်ရှိသွားပြီး ရှောင်ကွေ့ထိုသည် အဆင့်လေး နတ်ဆိုးဝိညာဉ်နှောင်းပိုင်းအဆင့်သို့ တိုးတက်သွားကာ အမြဲတမ်း လူရာမသွင်းခံရသော အားယန်ပင်လျှင် တတိယအဆင့် ကြမ်းကြုတ်သောသရဲ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဤအခြေအနေက လော့ယွီမင်တို့တစ်သိုက်ကို မနာလိုဝန်တိုစိတ်များ မည်သို့မျှ ထိန်းချုပ်မရအောင် ဖြစ်ပေါ်စေခဲ့သည်။

လျိုပန်ချန်းတစ်ယောက်သာလျှင် မိမိ၏ဓားနှစ်စင်း ရှိသေးရဲ့လားဆိုသည်ကို သိချင်ဇောဖြင့် အလောတကြီး ဖြစ်နေရှာသည်။

နှမြောစရာကောင်းသည်မှာ ရှောင်ကွေ့ထိုသည် ချန်ကျိုးမှလွဲ၍ ကျန်လူများကို အဖက်ပင်မလုပ်သဖြင့် ဝိညာဉ်ကမ္ဘာတွင် ချန်ကျိုး မည်သို့ကြုံခဲ့ရသည်ကို မေးမြန်း၍ မရနိုင်ချေ။

ထို့ကြောင့် မေးမြန်းစရာဆို၍ အားယန်တစ်ဦးတည်းသာ ရှိတော့သည်။

လူတိုင်းက အားယန်တစ်ယောက် ချန်ကျိုးကို မျက်နှာသစ်ပေးပြီးသည်အထိ စောင့်ဆိုင်းနေကြပြီး အားယန် ရေသွန်သည့်အချိန်ကို အခွင့်ကောင်းယူကာ တန်းလျားရှည်ကြီးအနီးသို့ ဆွဲခေါ်သွားကြသည်။

"ရှင်တို့ ဘာလုပ်တာလဲ၊ ကျွန်မ ဆရာကြီးချန်ကို ပြုစုရဦးမယ်လေ"

လော့ယွီမင်က မဆိုင်းမတွဘဲ အလောတကြီး မေးမြန်းတော့သည်။

"အားယန်၊ မင်းနဲ့ ချန်ကျိုး ဝိညာဉ်ကမ္ဘာကို သွားတုန်းက ဘာတွေ ကြုံခဲ့ရလဲ"

လျိုပန်ချန်းလည်း ဝင်မေးသည်။

"ချန်ကျိုး ဝိညာဉ်ကမ္ဘာထဲကို ဓားနှစ်စင်း ယူသွားတယ်မလား၊ အဲ့ဒီဓားတွေ ရှိသေးရဲ့လား"

အလှပြင်သရဲမကလည်း မေးပြန်သည်။

"မောင်ကြီးကျိုးရဲ့မျက်နှာပေါ်က ရောင်စုံတွေက ဘာဖြစ်တာလဲ"

အားယန်သည် စကားပြောနှေးကွေးသူဖြစ်ရာ ဤမေးခွန်းများကို တစ်ပြိုင်နက်တည်း ကြုံတွေ့လိုက်ရသောအခါ ကြောင်အမ်းသွားရသည်။

ကျိုးအိုက်ကော်က ထိုသူများ၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းတို့ ဒီလိုကြီး မေးနေရင် သူ ဘယ်လိုဖြေမလဲ၊ အားယန်၊ သူတို့ကို ဂရုမစိုက်နဲ့၊ ဖြည်းဖြည်းချင်းပဲ ပြော၊ ဝိညာဉ်တံခါးထဲ ဝင်သွားကတည်းက စပြောပါ"

အားယန် တံတွေးတစ်ချက်မြိုချကာ စကားလုံးများကို စီစဉ်လိုက်သည်။

"ကျွန်မလည်း ဝိညာဉ်တံခါးထဲ ဘယ်လိုဝင်သွားလဲ မသိဘူး၊ ဆရာကြီးချန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့အချိန်မှာ အရှည်ကြီးပဲရှိတဲ့ လမ်းတစ်ခုပေါ် ရောက်နေပြီ၊ အင်း၊ လမ်းလို့ ပြောလို့တော့ မရဘူး၊ ဝိညာဉ်အငွေ့အသက်တွေပေါ်မှာ ဆောက်ထားတဲ့ လမ်းမျိုးပဲ”

“လမ်းမှာ လက်သီးဆုပ်လောက်ရှိတဲ့ ပုလဲတွေရှိတယ်၊ ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ ကျွန်မအတွက်တော့ သိပ်ကို သက်သောင့်သက်သာ ရှိလှတယ်၊ ပြီးတော့ အဲ့ဒီပုလဲတွေက တိုင်တွေမှာ ချိတ်ထားတာ၊ တိုင်တွေက ကျွန်မခြေထောက်လောက် မြင့်တယ်"

ဟွမ်‌ရှောင်မော့က ဆွံ့အသွားသည်။

ကျန်းယိုယိုလည်း ဆွံ့အသွားသည်။

လီချင်ရှန်းလည်း ဆွံ့အသွားသည်။

ကျိုးအိုက်ကော်လည်း ဆွံ့အသွားသည်။

ဝိညာဉ်အားလုံးလည်း ဆွံ့အသွားကြသည်။

လျိုပန်ချန်းက ပြောလိုက်ရသည်။

"မိန်းကလေး၊ အဓိကအချက်ကိုပဲ အသားပေးပြောပါ"

လော့ယွီမင်က စကားဖြတ်ပြောရန် ပြင်လိုက်သော်လည်း လျိုပန်ချန်း မေးနေခြင်းဖြစ်သောကြောင့် ပြန်လည်အောင့်အီးထား လိုက်သည်။

အားယန် စဉ်းစားပြီးနောက် ပြောပြသည်။

"ကျွန်မတို့ ဝိညာဉ်တံခါးထဲကို ဝင်သွားတယ်၊ တစ်ပတ်လောက် လျှောက်လည်ပြီးတော့ ပြန်ထွက်လာကြတယ်"

လျိုပန်ချန်းမှာ ဆွံ့အသွားရပြီး စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။

လော့ယွီမင်ကတော့ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ဤသရဲမလေးသည် မျက်စိမကောင်းရုံသာမက စကားဆယ်ခွန်းပြောလျှင် ကိုးခွန်းခွဲက အပို စကားများဖြစ်ပြီး အစီအစဉ်တကျမရှိလှချေ။

"ရပါတယ်၊ ဖြည်းဖြည်းချင်းပြောပါ၊ တို့တွေ မလောပါဘူး"

အားယန်က ဆက်ပြောသည်။

"အဲ့ဒီလမ်းက စိမ်းပုပ်ရောင် ကျောက်တုံးကြီးတွေနဲ့ ခင်းထားတာ၊ ကျွန်မ ခြေဆောင့်ကြည့်သေးတယ်၊ သိပ်ကို ခိုင်ခံ့တာပဲ၊ ရှင်တို့ ဝမ့်ချွမ်းမြစ်ကို သိကြလား၊ ချန်ကျိုးက ဝမ့်ချွမ်းမြစ်ကိုဖြတ်ဖို့ လုပ်တာတောင် ဖြတ်လို့မရဘူး၊ ပြီးတော့ လမ်းညွှန်ပန်းပွင့်တွေလေ၊ ကျွန်မ ဆီမှာလည်း တစ်ပွင့် ရှိသေးတယ်"

အားယန်က မိမိသိမ်းဆည်းထားသော မရဏပန်းပွင့်တစ်ပွင့်ကို ထုတ်ပြလိုက်ရာ နီရဲပြီး ဆွဲဆောင်မှုရှိသော ပန်းပွင့်လေးတစ်ပွင့် လက်ဖဝါးပေါ်တွင် ပွင့်လန်းလာသည်။

လူနှင့် ဝိညာဉ်များကို တစ်ချက်ပြပြီးနောက် အားယန်က ပန်းပွင့်ကို ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက် ပြန်လည်သိမ်းဆည်းလိုက်သည်။

"ကျွန်မ စထွက်လာတဲ့ လမ်းပေါ်မှာ မည်းမှောင်နေတဲ့ သရဲတွေ အပြည့်ပဲ၊ ချန်ကျိုးက သူတို့နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ နည်းနည်းလေးတောင် မကြောက်ဘူး၊ အဲ့ဒီသရဲတွေက ချန်ကျိုးကိုမြင်တော့ ကြောက်လန့်တကြား ဖြစ်ကုန်ကြတယ်၊ ချန်ကျိုးက ဓားအကြီးကြီးနှစ်စင်းကို ကိုင်ပြီးတော့..."

လျိုပန်ချန်းသည် ယင်ယန်ဓားအကြောင်းကို ကြားလိုက်ရသဖြင့် အလောတကြီး မေးမြန်းရန်ပြင်လိုက်သော်လည်း လော့ယွီမင်က မျက်ရိပ်ပြ၍ တားဆီးလိုက်သည်။ သို့မဟုတ်ပါက အားယန်တစ်ယောက် ဘယ်ဆီသို့ ရောက်သွားမည်ကို မသိနိုင်တော့ချေ။

...

ဝိညာဉ်ကမ္ဘာ၊ ဝမ့်ချွမ်းမြစ်ကမ်းနားရှိ မရဏပန်းခင်းကြီးထဲတွင် ဖြစ်သည်။

လျိုဝမ်ရှားနှင့် ဝူကျန်းတို့သည် ရှန့်စစ်ပေ့၏ရိုက်ချက်ကြောင့် ဝေဝေဝါးဝါးဖြစ်နေရာမှ သတိအနည်းငယ် ပြန်လည်ရရှိလာကြသည်။

သုံးယောက်သားသည် လက်နှစ်ဖက်ဖြင့် မည်းမှောင်နေသော ရွှံ့နွံများကို ကုပ်တွယ်ကာ မိမိတို့ထင်မှတ်ထားသော လမ်းဘေးသို့ ရုန်းကန်လှုပ်ရှား၍ တွားသွားနေကြသည်။

"မအိပ်...နဲ့၊ အံကို...ခဲထား၊ စိတ်...စိတ်ဓာတ်ခွန်အားနဲ့ ရှေ့ကို တွားသွား၊ မဟုတ်ရင် ငါ...ငါတို့တွေ မရဏပန်းပွင့် သုံးပွင့်... ဖြစ်သွားလိမ့်မယ်"

ရှန့်စစ်ပေ့က ထိုနှစ်ဦးကို သတိပေးလိုက်သည်။

သို့သော် သူတို့သည် လားရာဘက်ကို လုံးဝမသိတော့ဘဲ ပိုမိုဝေးကွာသော ပန်းခင်းထဲသို့ တွားသွားမိကြရာ လမ်းတစ်ဖက်မှနေ၍ ပန်းခင်းကို ဖြတ်ကျော်ကာ အခြားလမ်းတစ်ဖက်သို့ ရောက်ရှိသွားကြသည်။

မည်မျှကြာအောင် တွားသွားခဲ့ရသည်မသိ။ သုံးယောက်သားသည် ဟိုဘက်ကမ်းပန်းခင်းထဲမှ လွတ်မြောက်လာခဲ့ကြသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် တွဲကူကာ ဝိညာဉ်စျေးသို့ ဦးတည်ရာလမ်းအတိုင်း လျှောက်လှမ်းလာခဲ့ကြသည်။

လျိုဝမ်ရှားက မေးသည်။

"ငါတို့ သတိမေ့သွားတာ ဘယ်လောက်ကြာပြီလဲ"

ဝူကျန်းက ပြန်ဖြေသည်။

"တစ်နာရီ၊ နှစ်နာရီလောက်တော့ ရှိပြီထင်တယ်"

ရှန့်စစ်ပေ့က ဆိုသည်။

"သိပ်မကြာလောက်သေးပါဘူး၊ ဝိညာဉ်စျေးကို အမှီသွားလို့ရသေးတယ်၊ ဝိညာဉ်စျေးမှာ ငါတို့လူတွေ စောင့်နေကြတယ်"

သုံးယောက်သားသည် လမ်းတစ်လျှောက် ယိမ်းထိုးလျက် ဝိညာဉ်စျေးတံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။

ကြီးမားလှသော ဝိညာဉ်စျေးမြို့တံခါးကြီးသည် ပိတ်ထားပြီး တံခါးဝတွင် ဝိညာဉ်အချို့က တစ်ခုခုကို ထုဆစ်နေကြသည်။

လျိုဝမ်ရှား၏ စိတ်ထဲတွင် ရုတ်တရက် အထိတ်တလန့်ဖြစ်ကာ မကောင်းသော အတွေးတစ်ခု ဝင်လာသော်လည်း ထုတ်မပြောရဲချေ။

"ဆရာကြီးရှန့်၊ ငါတို့ စောရောက်နေတာလား၊ ဝိညာဉ်စျေးတံခါးကြီး မဖွင့်သေးဘူး ထင်တယ်"

ဝူကျန်း၏မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့သွားသည်။ သရဲပွဲတော်ကြီး ပြီးဆုံးသွားပြီလားမသိ။ သူတို့၏ ဝိညာဉ်များသည် ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိနေပြီး ခန္ဓာကိုယ်ကမူ လူ့လောကတွင် ကျန်ရစ်ခဲ့သည်။

ဝိညာဉ်စျေးတံခါးဝတွင် ဝိညာဉ်စာသားဖြင့် ရေးသားထားသော ကြေညာချက်နှစ်စောင်ကို ချိတ်ဆွဲထားရာ ဝူကျန်းနှင့် လျိုဝမ်ရှားတို့သည် ထိုစာသားများကို မြင်တွေ့ရသော်လည်း အနည်းငယ်မျှသာ နားလည်ကြသည်။

ဝူကျန်းက ထိုကြေညာချက်နှစ်စောင်ကို ညွှန်ပြကာ ရှန့်စစ်ပေ့ကို မေးလိုက်သည်။

"ဆရာကြီးရှန့်၊ ဒီအပေါ်မှာ ဘာရေးထားတာလဲ"

ရှန့်စစ်ပေ့သည် ကြေညာချက်နှစ်စောင်ကို ကြည့်ကာ တစ်ကိုယ်လုံး ကြက်သေ သေသွားရသည်။

ပထမကြေညာချက်မှာ ချန်ကျိုးကြီးကြောင့် ဆိုင်ခန်းပိုင်ရှင်များ ခံစားခဲ့ရသော ဆုံးရှုံးမှုအားလုံးကို ဝိညာဉ်စျေးမှ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်သည်။

ဒုတိယကြေညာချက်မှာ ချန်ကျိုးကြီး၏ဝရမ်းပြေးအမိန့်စာဖြစ်သည်။ ချန်ကျိုးကြီးကို အရှင်ဖမ်းမိသူအား သရဲဘုရင်အိမ်တော်မှ ဝိညာဉ်ဒင်္ဂါး တစ်သန်း ဆုလာဘ်ချီးမြှင့်မည်ဖြစ်ပြီး ချန်ကျိုးကြီးကို သတ်ဖြတ်သူအား သရဲဘုရင်အိမ်တော်မှ ဝိညာဉ်ဒင်္ဂါး ငါးသိန်း ဆုလာဘ်ချီးမြှင့်မည်ဖြစ်သည်။

ချန်ကျိုးကြီး၏သတင်းအချက်အလက်ကို ပေးစွမ်းနိုင်သူအား သတင်းတန်ဖိုးအပေါ် မူတည်၍ ဝိညာဉ်ဒင်္ဂါး တစ်သိန်းမှ တစ်သန်းအထိ ဆုလာဘ်ချီးမြှင့်မည်ဖြစ်သည်။

ပထမကြေညာချက်၏အဓိပ္ပာယ်မှာ သရဲပွဲတော်အတွင်း ဝိညာဉ်စျေး၌ ကိစ္စအချို့ ဖြစ်ပွားခဲ့ခြင်းပင်။

အဓိက စကားလုံး နှစ်လုံးရှိသည်။

သရဲပွဲတော်…

အတွင်း…

ဆိုလိုသည်မှာ သရဲပွဲတော်သည် လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။

လျိုဝမ်ရှားက ပျာပျာသလဲ ဖြစ်သွားပြီး ယဉ်ကျေးသော စကားလုံးများကိုပင် ဂရုမစိုက်နိုင်တော့ချေ။

"ရှန့်စစ်ပေ့၊ မင်း စကားပြောဦးလေ"

ရှန့်စစ်ပေ့က ငိုမဲ့မဲ့မျက်နှာဖြင့် ပြောရှာသည်။

"သရဲပွဲတော်... ပြီးသွားပြီ"

"သရဲပွဲတော် ပြီးသွားပြီ ဟုတ်လား၊ ဒါဆိုရင် ဝိညာဉ်တံခါးက..."

လျိုဝမ်ရှား ဆက်မမေးတော့ချေ။ ပွဲတော်ပြီးသွားပြီဖြစ်ရာ ဝိညာဉ်တံခါးသည် အသေအချာ ပိတ်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်တံခါး ပိတ်သွားသည်နှင့် ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိနေသော သူတို့၏ ဝိညာဉ်များသည် ချက်ချင်းပင်သေဆုံးသွားသော ဝိညာဉ်များ ဖြစ်သွားကြရသည်။

လူ့လောကရှိ ခန္ဓာကိုယ်များသည်လည်း အပြီးတိုင် အလောင်းကောင်များအဖြစ် အပြီးတိုင်ပြောင်းလဲသွားချေပြီ။

ဝူကျန်းက လက်နှစ်ဖက်ဖြင့် အစီအရင်လုပ်ကာ မိမိပခုံးပေါ်ရှိ မီးသုံးဆင့်ကို အပြေးအလွှား စစ်ဆေးကြည့်သည်။

သူသည် ထပ်ဖန်တလဲလဲ ကြိုးစားသော်လည်း မိမိ၏အသက်ဓာတ်မီးအိမ် သုံးလုံးကို လုံးဝ မီးမညှိနိုင်တော့ချေ။

လျိုဝမ်ရှားကလည်း နှစ်ကြိမ်မျှ ကြိုးစားကြည့်သော်လည်း မအောင်မြင်သဖြင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်သည်။

"ငါ... ငါ... ငါ သေပြီ"

လက်တစ်ဖက်ဖြင့် မျက်လုံးကိုအုပ်ကာ ထွားကြိုင်းလှသော ယောက်ျားကြီးတစ်ယောက်သည် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ဝူကျန်းလည်း ဆက်လက်မကြိုးစားတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်နေမိသည်။

"ငါ မိန်းမရတာ မကြာသေးဘူးလေ၊ ပျားရည်ဆမ်းခရီးတောင်မသွားရသေးဘူး၊ ငါ ပိုက်ဆံ စုထားတာ၊ သုံးတောင်မသုံးရသေးဘူး၊ ငါ ဘယ်လိုလုပ် သေနိုင်မှာလဲ၊ ငါ မသေချင်ဘူး"

ရှန့်စစ်ပေ့၏မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာသည်။ ဝိညာဉ်ကမ္ဘာသို့ တက်ကြွစွာ ဝင်ရောက်လာပြီး အနာဂတ်တွင် တောက်ပသော လမ်းစဉ်ကို မျှော်လင့်ခဲ့သော်လည်း အဆုံးသတ်တွင် ဤမျှ သနားစရာကောင်းလှသည်။ စိတ်အခြေအနေက ရိုလာကိုစတာစီးရသလို နိမ့်ချည်မြင့်ချည် ခံစားလိုက်ရသည်။

ဝမ်းနည်းပူဆွေးမှုကို ထိန်းချုပ်လိုက်ရင်း ရှန့်စစ်ပေ့၏အကြည့်သည် ကြေညာချက်နှစ်စောင်ပေါ်ရှိ နာမည်တစ်ခုတည်းဆီသို့ ထပ်မံကျရောက်သွားသည်။

"ငါတို့ကို သေအောင် လုပ်ခဲ့တဲ့သူက ဒီချန်ကျိုးကြီး ဖြစ်ရမယ်"

"သူ့နာမည် ချန်ကျိုးကြီးဆိုတာ သိတော့ ဘာထူးမှာလဲ၊ ငါတို့လည်း သေ..."

လျိုဝမ်ရှားက မိမိ၏ ဒေါသကို ပေါက်ကွဲနေစဉ် ချန်ကျိုးကြီးဟူသော နာမည်ကို ပြောလိုက်မိရာ ဤနာမည်က မိမိ၏ ရန်သူ ချန်ကျိုးနှင့် ဘာပတ်သက်မှု ရှိနေသလဲဟု တွေးမိသွားသည်။

"မင်း ယောက်ျားတစ်ယောက်လို မနေနိုင်ဘူးလား၊ ကိစ္စတစ်ခုခုရှိရင် ညည်းညူမနေနဲ့"

ရှန့်စစ်ပေ့ကလည်း မကျေမနပ် ပြန်လည်အော်ဟစ်လိုက်သည်။

လျိုဝမ်ရှားက ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးကာ တွေးတောလိုက်သည်။

“ချန်ကျိုး၊ ချန်ကျိုးကြီး၊ ဤလူနှစ်ယောက်သည် တစ်ယောက်တည်း ဖြစ်မနေနိုင်ဘူးလား၊ လောကကြီးမှာ ဤမျှ တိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား”

လျိုဝမ်ရှားက ဝေခွဲမရဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။

"ဒီချန်ကျိုးကြီးဆိုတာ ချန်ကျိုး ဖြစ်နေမလား"

"မင်း သိလား"

ရှန့်စစ်ပေ့က ပြန်မေးသည်။

"ငါ ချန်ကျိုးကို သိတယ်၊ ပြီးတော့ ဒီလိုကိစ္စမျိုးကို ချန်ကျိုးက လုပ်တတ်တယ်၊ ငါတို့ကို လုပ်ကြံခဲ့တာလည်း အဲ့ဒီချန်ကျိုးပဲလို့ ငါ သံသယဝင်မိတယ်"

လျိုဝမ်ရှား၏ လေသံက ပိုမိုပြတ်သားလာသည်။

ရှန့်စစ်ပေ့နှင့် ဝူကျန်းတို့ စကားမဆိုကြဘဲ သူတို့၏ ဦးနှောက်ထဲတွင် တစ်ခုခုကို တွက်ချက်နေကြသည်။

ချန်ကျိုးအကြောင်း ပြောလိုက်သည်နှင့် လျိုဝမ်ရှား ဒေါသတကြီး ဖြစ်လာသည်။

"ချီးပဲ၊ သေတာလည်း သေပြီးပြီ၊ ငါတို့ ဒီစာကို ဖြုတ်ပြီး သရဲဘုရင်အိမ်တော်ကို သွားပြီး ဆုလာဘ် သွားတောင်းကြစို့၊ သရဲဘုရင်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကို ရရင် သရဲဖြစ်ရတာလည်း မရှုံးပါဘူး"

သုံးယောက်သားသည် ဝိညာဉ်စျေးတံခါးဝတွင် အတော်ကြာအောင် တိုင်ပင်ပြီးနောက် အမိန့်စာကို ဖြုတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

အမိန့်စာကို ဖြုတ်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ မြို့တံခါးဝတွင် စာလုံးထုဆစ်နေသော ဝိညာဉ်သည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း မြင်တွေ့ရသည်။ ခွေးတစ်ကောင်၏ ဝိညာဉ်သည် ထိုစာလုံးများ၏ အောက်တွင် အနံ့ခံနေပြီးနောက် စာလုံးများပေါ်သို့ ဆီးတစ်ပေါက် စွန့်ကာ ထွက်ခွာသွားခဲ့သည်။

ဝိညာဉ်သုံးကောင် လှမ်းကြည့်လိုက်သောအခါ မြို့ရိုးပေါ်တွင် အထင်အရှား ထုဆစ်ထားသော စာကြောင်းတစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။

'ချန်ကျိုးကြီးနှင့် ခွေးများ ဝင်ခွင့်မပြု'

All Chapters