← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

Chapter 105

ရုံးခန်းထဲတွင် ထိုင်နေစဉ် ဘေးအန္တရာယ်က မိုးပေါ်ကကျလာသကဲ့သို့ ဖြစ်ပေါ်လာသည်။

ရုံးခန်းအတွင်း ထိုင်နေသော ဒေါက်တာ အားယွမ်သည် နှာချေလိုက်သည်။

သရဲပွဲတော် ရက်ပိုင်းအတွင်း ရာသီဥတုက အေးစိမ့်လှသဖြင့် ဒေါက်တာ အားယွမ်သည် အအေးမိပြီး ပြင်းထန်စွာ ဖျားနာနေကာ တစ်ကိုယ်လုံး မူးဝေနောက်ကျိနေပြီး အာသီးရောင်နေသဖြင့် စကားပြောလျှင်ပင် နာကျင်နေရသည်။

ဒေါက်တာ အားယွမ်သည် အံဆွဲကို ဆွဲဖွင့်ကာ ထိုအထဲမှ ဆေးဗူးနှစ်ဗူးကို ထုတ်ယူပြီး ဖောက်လိုက်ကာ ဆေးလုံးအချို့ကို ထုတ်လိုက်သည်။

ရေခွက်ကို လှမ်းယူလိုက်ရာ ရေခွက်မှာ အလွတ်ဖြစ်နေသည်။

ရေသန့်စက်ဆီသို့ သွားရန် ထရပ်လိုက်သော်လည်း ရေသန့်စက်ထဲတွင်လည်း ရေကုန်နေချေပြီ။

သူသည် ရုံးခန်းထဲမှ ထွက်ခွာကာ ရေခပ်ရန်အတွက် နာပြုစုသူများ တာဝန်ကျရာ အခန်းသို့ လျှောက်လှမ်းသွားသည်။

မနက်စာ စားသောက်ပြီးသော ချန်ကျိုးသည် ကိုယ်ပျောက်စောင်ကြီးကို ခြုံထားလျက် စိတ်ရောဂါကုဆေးရုံ၏ ရုံးအဆောက်အအုံအတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်လာခဲ့သည်။

အပေါ်ထပ်သို့ တက်လာသည်နှင့်တစ်ပြိုင်နက် ဒေါက်တာ အားယွမ် ရုံးခန်းထဲမှ ထွက်ခွာသွားသော နောက်ကျောပြင်ကို မြင်တွေ့လိုက်ရသည်။

"ဟွန်း၊ အဆင့်မရှိတဲ့ကောင်၊ ဒီချန်ကျိုးကြီးရဲ့ ကိုယ်ပျောက်အင်္ကျီကို အလကားဖြစ်အောင် လုပ်တယ်"

ချန်ကျိုးသည် ဒေါက်တာ အားယွမ်၏နောက်ကျောကို ကြည့်ကာ လက်ခလယ်ထောင်လိုက်ပြီး ရောဂါအားလုံးကို ပျောက်ကင်း စေနိုင်သော အဖြူရောင်ဆေးလုံးများကို ရှာဖွေရန် ဒေါက်တာ အားယွမ်၏ရုံးခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့သည်။

ချန်ကျိုး နောက်ကွယ်မှ လိုက်ပါလာသော ဟွမ်‌ရှောင်မော့ကမူ လူစုခွဲရန်နှင့် လူကြည့်ရန် တာဝန်ယူထားသည်။

ဘာကြောင့်မှန်းမသိဘဲ ချန်ကျိုး၏ယနေ့လုပ်ဆောင်ချက်သည် အထူးပင် အဆင်ပြေချောမွေ့လှသည်။ ရုံးခန်းထဲသို့ ဝင်ရောက်ကာ အံဆွဲကို ဆွဲဖွင့်လိုက်သည်နှင့် ဆေးဗူးကို တွေ့ရှိရသည်။

ဆေးဗူးတစ်ဗူးကို ဖွင့်လိုက်ရာ အထဲတွင် ဆေးတောင့်များ ဖြစ်နေသဖြင့် ချန်ကျိုး လိုအပ်သော အဖြူရောင်ဆေးလုံးများ မဟုတ်ချေ။

နောက်ထပ် ဆေးဗူးတစ်ဗူးကို ထပ်မံဖွင့်လှစ်လိုက်ရာ အဖြူရောင်ဆေးလုံးအသေးလေးများသည် ပလတ်စတစ်ဆေးကတ်ပြားထဲတွင် ပိတ်လှောင်ထားပြီး ထိုဗူးပေါ်တွင် ပိုးသတ်ဆေး ဟု ရေးသားထားသည်။

"ဟဲဟဲ၊ မင်းပဲ ဖြစ်ရမယ်"

ချန်ကျိုးသည် အထဲရှိ ဆေးကတ်များအားလုံးကို ထုတ်ယူကာ ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ပြီး ဆေးဗူးကို မူလနေရာသို့ ပြန်ထားလိုက်သည်။

ဒေါက်တာ အားယွမ် ရေနွေးတစ်ခွက်ကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာချိန်တွင် ချန်ကျိုး၏ အရိပ်အယောင်ပင် မရှိတော့ချေ။

ချန်ကျိုးသည် ဆေးဝါးများကို လုယူပြီးနောက် ကိုယ်ပျောက်အင်္ကျီကို ခြုံကာ တစ်လမ်းလုံး ပုန်းလျှိုးကွယ်လျှိုးဖြင့် အခန်းငယ်လေးသို့ ပြန်ရောက်လာခဲ့သည်။

လမ်းတွင် ဖြတ်သန်းသွားသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အစဉ်အမြဲ မြင်တွေ့နေရသဖြင့် အသားကျနေပြီ ဖြစ်သည်။ ချန်ကျိုး တစ်နေ့နေ့တွင် သာမန်လူကဲ့သို့ ဖြစ်နေမှသာ ထူးဆန်းပေလိမ့်မည်။

ချန်ကျိုးသည် အခန်းငယ်လေးထဲတွင် ပုန်းအောင်းကာ လိုက်ကာကို ဆွဲပိတ်လိုက်ပြီး ပလတ်စတစ်အိတ်ထဲမှ ကိုကာကိုလာတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

လက်တစ်ဖက်တွင် အဖုံးဖွင့်ထားသော ကိုကာကိုလာကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်၏ လက်ဖဝါးပေါ်တွင် အဖြူရောင်ဆေးလုံးတစ်လုံး ရှိနေသည်။

ချန်ကျိုးသည် အသက်စွန့်တော့မည့် စစ်သည်တော်တစ်ဦးကဲ့သို့ နှလုံးသားထဲတွင် အပြင်းအထန် တိုက်ပွဲဝင်နေရသည်။

ဟွမ်‌ရှောင်မော့သည် ချန်ကျိုး ခိုးယူလာသော ဆေးကတ်နှစ်ကတ်ကို ကောက်ယူကြည့်ရှုလိုက်ရာ ပလတ်စတစ်ဆေးကတ်၏ နောက်ကျောဘက်ရှိ စာလုံးကြီးနှစ်လုံးမှာ အထူးပင် ထင်ရှားလှသည်။ ၎င်းမှာ ပဋိဇီဝဆေး ဖြစ်သည်။

ချန်ကျိုး၏ ကိုယ်ပေါ်တွင် ယခုတိုင် အရက်နံ့များ နံစော်နေဆဲ ဖြစ်သည်။

"ချန်ကျိုး၊ ဒါကို၊ ဒါကို မင်းသောက်လို့မဖြစ်ဘူး"

ဟွမ်‌ရှောင်မော့သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အားယွမ်က သောက်နိုင်ပြီးတော့ ဒီချန်ကျိုးကြီးကျတော့ ဘာလို့ မသောက်နိုင်ရမှာလဲ"

ချန်ကျိုးသည် လက်ကိုမြှောက်ကာ ပဋိဇီဝဆေးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် ကိုကာကိုလာကို ပုလင်းဝက်ခန့် အရှိန်ဖြင့် မော့သောက်လိုက်တော့သည်။

"အဲဒါက မတူဘူးလေ၊ အားယွမ်က အရက်မသောက်ထားလို့ သောက်လို့ရတာ၊ မင်းက အရက်သောက်ထားတယ်၊ ဒီဆေးကို သောက်လို့မရဘူး"

"မင်းရဲ့ ကြောင်စုတ်ပုံစံကို ကြည့်ရတာ အကောင်ကလည်း သေးသလို သတ္တိကလည်း နည်းလှတယ်၊ ဒီချန်ကျိုးကြီးက အရက်နှစ်ခွက်လောက် သောက်ထားရုံတင်ပဲကို ဘာလို့ သောက်လို့မရရမှာလဲ၊ မင်းက ဒီချန်ကျိုးကြီးကို အားယွမ်ထက် အသုံးမကျဘူးလို့ ထင်နေတာလား"

ချန်ကျိုးသည် စူးရှသော မျက်ဝန်းများဖြင့် ဟွမ်‌ရှောင်မော့ကို စိုက်ကြည့်လိုက်သည်။

ဟွမ်‌ရှောင်မော့သည် တံတွေးကို မျိုချလိုက်မိသည်။ ၎င်းသည် ချန်ကျိုး၏ မျက်ဝန်းထဲတွင် ကြွက်ငယ်တစ်ကောင်ကဲ့သို့ အဆင့်မရှိလှချေ။ ဆက်လက်ပြောဆိုနေပါက အရိုက်ခံရနိုင်ခြေ ရှိသည်။

“ထားလိုက်ပါတော့”

ချန်ကျိုး ဆေးသောက်ရန် ခဲယဉ်းနေသည့် ပုံစံကို ကြည့်ရသည်မှာ တစ်လုံးတည်းနှင့်ပင် အကန့်အသတ် ဖြစ်နေလောက်သည်။ သူ နောက်ထပ်တစ်လုံး ထပ်မံသောက်ရန် သတ္တိရှိမည် မဟုတ်ချေ။

တစ်လုံးတည်းဆိုလျှင်တော့ ပြဿနာရှိမည် မဟုတ်ပေ။

ဟွမ်‌ရှောင်မော့သည် ဆေးသောက်သည့် ကိစ္စကို ဆက်လက်၍ အငြင်းမပွားတော့ချေ။

ဆေးသောက်ပြီးနောက် ချန်ကျိုးသည် ကုတင်ပေါ်တွင် လှဲလျော်ကာ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း မအီမသာ ဖြစ်နေရသည်။

ချန်ကျိုး မေ့လျော့နေခဲ့သော လက်ကိုင်ဖုန်းသည် ဆိုဖာပေါ်တွင် တုန်ခါလျက် အသံမြည်လာခဲ့သည်။

"ဖုန်းမြည်နေတာလား"

ချန်ကျိုးက ကုတင်ပေါ်မှ မေးမြန်းလိုက်သည်။

ဟွမ်‌ရှောင်မော့သည် ချက်ချင်းပင် ဆိုဖာဆီသို့ ပြေးသွားကာ ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် စိမ်းသက်သော ဖုန်းနံပါတ်တစ်ခု ပေါ်နေသည်။ သို့သော် ဟွမ်‌ရှောင်မော့၏ မျက်ဝန်းထဲတွင်မူ ထိုအရာက စိမ်းသက်မနေချေ။

"ကျင့်ကြံသူတွေရဲ့ စခန်းက အလုပ်အပ်တဲ့ ဖုန်းဖြစ်ရမယ်၊ ငါသွားကြည့်လိုက်ဦးမယ်"

ဟွမ်‌ရှောင်မော့သည် စိတ်မချမ်းမြေ့စွာဖြင့် ဖုန်းကို ပွေ့ပိုက်ကာ အခန်းငယ်လေးထဲမှ ထွက်ခွာသွားခဲ့သည်။

၎င်းသည် ဖုန်းကို မကိုင်ရဲသဖြင့် စိတ်ရောဂါကုဆေးရုံ၏ တံခါးဝသို့ တိုက်ရိုက်သွားခဲ့ရာ တံခါးဝတွင် ပါဆယ်ပို့ဆောင်သူ လူငယ်တစ်ဦးသည် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေချေပြီ။

ချန်ကျိုးသည် အခန်းငယ်လေးထဲတွင် လှဲလျော်နေရင်း မိမိ၏ ဦးနှောက်မှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ဟု ခံစားနေရသည်။ သူ အလွန်ပင် နေရထိုင်ရ ခက်ခဲနေသည်။ ခက်ခဲလွန်းသဖြင့် ဦးနှောက်ကို ထုတ်ယူကာ ရေထဲတွင် ဆေးကြောပစ်ချင်စိတ်ပင် ပေါ်ပေါက်နေရသည်။

“မဖြစ်ဘူး”

ခေါင်းက အလွန်ကိုက်ခဲနေပြီး ခွန်အားများပင် ဆုတ်ယုတ်နေချေပြီ။

ဒီချန်ကျိုးကြီးကတော့ အားယွမ်ရဲ့ လုပ်ကြံမှုကြောင့် ဧကန်မုချ သေရတော့မှာပဲ။

ဒီချန်ကျိုးကြီးက ဖြေဆေးကို သောက်ရမည်။ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သော အဖြူရောင်ဆေးလုံးများကို သောက်ရမည်။

ချန်ကျိုးသည် ထရပ်လိုက်ပြီး ထိုပဋိဇီဝဆေးကတ် နှစ်ကတ်စလုံးကို လက်ထဲသို့ အကုန်သွန်ချလိုက်ရာ စုစုပေါင်း ဆယ်လုံးခန့် ရှိနေသည်။

[စနစ်သတိပေးချက် - ပဋိဇီဝဆေးနှင့် အရက် ချက်ချင်းအသက်ထွက်သွားနိုင်သည်၊ ပဋိဇီဝဆေးများကို အလွန်အကျွံ သောက်သုံးခြင်းသည် Host ၏ ခန္ဓာကိုယ်အပေါ် သေစေနိုင်လောက်သော သက်ရောက်မှုများ ရှိနိုင်သည်၊ Host အနေဖြင့် သေချာစွာ စဉ်းစားဆင်ခြင်ပါရန်]

"ကောင်းလိုက်တဲ့ အားယွမ်၊ ငါ့ဦးနှောက်ထဲက အရာတွေနဲ့ ပူးပေါင်းပြီး ဒီချန်ကျိုးကြီးကို လိမ်ညာရဲတယ်ပေါ့"

ချန်ကျိုးသည် မူလက သောက်ရမည်လား မသောက်ရဘူးလား ဝေခွဲမရ ဖြစ်နေသော်လည်း ယခုအချိန်တွင်မူ မည်သည်ကိုမျှ မစဉ်းစားတော့ဘဲ ဆေးလုံး ဆယ်ဂဏန်းကို ပါးစပ်ထဲသို့ တစ်ပြိုင်နက် သွတ်သွင်းလိုက်တော့သည်။

အလွန်ခါးလှသည်။

“ဒါဟာ ဖြေဆေးပဲ၊ တောင့်ခံထားရမယ် ချန်ကျိုးကြီး၊ အားယွမ်က အခုအချိန်မှာ မင်းကို တိတ်တဆိတ် ရယ်မောနေလိမ့်မယ်၊ မင်း အညံ့ခံလို့မဖြစ်ဘူး”

ကိုကာကိုလာနှင့်အတူ ချန်ကျိုးသည် ဆေးဝါးများကို အတင်းအကျပ် မျိုချလိုက်တော့သည်။

ခဏမျှ ကြာပြီးနောက် ချန်ကျိုး၏ မျက်ဝန်းအစုံသည် ပြူးကျယ်သွားရပြီး ပျို့အန်ခြင်း အနည်းငယ် ဖြစ်ပေါ်လာကာ မျက်လုံးအိမ်များ လန်တက်လျက် မည်သည့်အသံမျှ မထွက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“ဟူး၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ”

[စနစ်က Host ရဲ့ အသက်အန္တရာယ် ကင်းရှင်းရေးကိုပဲ အာမခံနိုင်တာ၊ ဘေးထွက်ဆိုးကျိုးတွေကတော့ ဒီစနစ်ရဲ့ သန့်စင်ခြင်း ထဲမှာ မရှိဘူး]

နာရီဝက် ကြာမြင့်ပြီးနောက်။

ဟွမ်‌ရှောင်မော့သည် တံခါးဝရှိ လုံခြုံရေးဝန်ထမ်းအား ဗူးအများအပြားကို အခန်းငယ်လေး၏ တံခါးပြင်ပသို့ ချထားရန် စီစဉ်လိုက်သည်။ ၎င်းသည် ချန်ကျိုးအား မည်သို့ ပြောဆိုရမည်ကို အပြင်းအထန် စဉ်းစားနေရသည်။ သို့မှသာ အရိုက်ခံရလျှင် အနည်းငယ် သက်သာပေလိမ့်မည်။

ဟွမ်‌ရှောင်မော့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ပြီးနောက် အခန်းငယ်လေး၏ တံခါးကို တွန်းဖွင့်ကာ ကိုယ်လုံးလေးဖြင့် တိုးဝင်သွားခဲ့သည်။

"ချန်ကျိုး၊ အမှန်တော့ ကိစ္စတစ်ခု ရှိတယ်၊ ငါ မင်းကို ဝန်ခံချင်လို့"

ဟွမ်‌ရှောင်မော့၏ပဲစေ့ခန့်ရှိသော မျက်လုံးအစုံသည် ချက်ချင်းပင် ပြူးထွက်သွားရသည်။ ချန်ကျိုးသည် မြေပြင်ပေါ်တွင် ပက်လက်လှန် လဲကျနေပြီး ပါးစပ်မှ အမြှုပ်များ ထွက်နေကာ ခြေလက်များမှာလည်း တုန်ရီနေသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ဟွမ်‌ရှောင်မော့သည် အလွန်အမင်း ထိတ်လန့်သွားကာ ချန်ကျိုး၏ ဘေးသို့ ပြေးသွားခဲ့သည်။

"ချန်ကျိုး၊ မင်း ဘာဖြစ်တာလဲ"

မျက်လုံးအသေးလေးများသည် အလွတ်ဖြစ်နေသော ပဋိဇီဝဆေးကတ်ပြားများကို မြင်တွေ့လိုက်ရသည်။

“သွားပြီ”

“ဆေးသောက်ရမှာကို အဲဒီလောက်ကြောက်တဲ့ ချန်ကျိုးက ပဋိဇီဝဆေးတစ်ကတ်လုံးကို အကုန်သောက်ချလိုက်တယ်ပေါ့”

“ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ”

“လီချင်ရှန်းက ဆေးရုံမှာ မရှိဘူး”

“ဒါဆိုရင် ဆရာဝန်အားယွမ်ပဲ ရှိတော့တယ်”

“ချန်ကျိုးနဲ့ ဆရာဝန်အားယွမ်က အဆင်မပြေကြဘူး၊ ဒါပေမဲ့ ချန်ကျိုးက ဒီလိုပုံစံ ဖြစ်နေပြီ”

ဟွမ်‌ရှောင်မော့သည် သွားလေးများကို အသံမြည်အောင်ကိုက်လိုက်ရင်း အခန်းငယ်လေးထဲမှ ပြေးထွက်ကာ အားယွမ် ရှိရာ အထပ်ဆီသို့ အပြေးအလွှား သွားခဲ့တော့သည်။

ဒေါက်တာ အားယွမ်သည် အအေးမိဆေး သောက်ထားသဖြင့် အနည်းငယ် အိပ်ငိုက်နေကာ စားပွဲပေါ်တွင် မှောက်၍ ခဏမျှ အိပ်စက်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။

တံခါးခေါက်သံများ ဒုန်းဒုန်းဒုန်း မြည်ဟည်းလာခဲ့သည်။

ဒေါက်တာအားယွမ် ထရပ်ကာ တံခါးဖွင့်လိုက်ရာ တံခါးဝရှိ ဟွမ်‌ရှောင်မော့ကို မြင်တွေ့လိုက်ရသဖြင့် ပထမဆုံးအကြိမ်အဖြစ် မိမိ လတ်တလောတွင် ချန်ကျိုးကို ပြစ်မှားမိခြင်း ရှိ၊ မရှိ အမြန်ပြန်လည် စဉ်းစားလိုက်မိသည်။

"အားယွမ်၊ မဟုတ်ဘူး၊ ဒေါက်တာ အားယွမ်၊ ချန်ကျိုးက ဝိညာဉ်ကမ္ဘာမှာ အရက်သောက်လာတယ်၊ ပြီးတော့ ခုနတင် ပဋိဇီဝဆေးတစ်ဗူးလုံးကို သောက်လိုက်လို့ အခု လူက တုန်နေပြီ"

ဒေါက်တာအားယွမ်သည် ဟွမ်‌ရှောင်မော့ ရှိနေသည်ကို သိရှိသော်လည်း ဟွမ်‌ရှောင်မော့နှင့် တစ်ကြိမ်မျှ ဆက်ဆံဖူးခြင်း မရှိချေ။ သူ၏ သိရှိမှုသည် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဟွမ်‌ရှောင်မော့ကို မည်သို့ သတိထားရမည်ဆိုသည့် စကားများသာ ဖြစ်သည်။

ဟွမ်‌ရှောင်မော့သည် ဒေါက်တာ အားယွမ် လှုပ်ရှားမှုမရှိသည်ကို မြင်တွေ့ရသဖြင့် ပျာပျာသလဲ ပြောလိုက်ပြန်သည်။

"ပဋိဇီဝဆေးတွေက မင်းရဲ့ အံဆွဲထဲကပဲ၊ မင်းရဲ့ အံဆွဲထဲက ပဋိဇီဝဆေးတွေ ပျောက်နေလား ကြည့်လိုက်ဦး"

ဒေါက်တာ အားယွမ်သည် မယုံကြည်နိုင်စွာဖြင့် အံဆွဲကို ဆွဲဖွင့်လိုက်ရာ အံဆွဲထဲရှိ ပဋိဇီဝဆေးဗူးမှာ ရှိနေသော်လည်း အထဲတွင် အလွတ်ဖြစ်နေချေပြီ။

"ဘာလို့ ကြောင်ကြည့်နေသေးတာလဲ၊ မြန်မြန်သွားပြီး ချန်ကျိုးကို ကယ်ပါဦး၊ ချန်ကျိုး သေတော့မယ်"

"အော်၊ အော်"

ဒေါက်တာ အားယွမ်သည်လည်း ပြာယာခတ်သွားခဲ့သည်။ အကယ်၍ ချန်ကျိုးသာ ပဋိဇီဝဆေးကြောင့် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက သူသည်လည်း တာဝန်မှ ကင်းလွတ်နိုင်မည် မဟုတ်ချေ။

ဒေါက်တာ အားယွမ်သည် ပျာပျာသလဲဖြင့် ထရပ်ကာ ဟွမ်‌ရှောင်မော့၏ နောက်မှ လိုက်ပါ၍ အပြင်သို့ အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

လမ်းတစ်ဝက်သို့ ရောက်ရှိချိန်တွင် ဒေါက်တာ အားယွမ်သည် တစ်စုံတစ်ရာကို သတိရမိသွားသဖြင့် ဟွမ်‌ရှောင်မော့အား လုံခြုံရေးဝန်ထမ်းအချို့ကို ခေါ်ယူ၍ ချန်ကျိုး၏ အခန်းငယ်လေးသို့ သွားရန် မိန့်မှာလိုက်ပြီး သူကိုယ်တိုင်မူ အခြားလမ်းကြောင်းတစ်ခုသို့ ပြေးသွားခဲ့သည်။

ဟွမ်‌ရှောင်မော့သည် အကြောင်းရင်းကို မသိရှိသော်လည်း အသေးစိတ် မမေးမြန်းတော့ဘဲ အားယွမ် မိန့်မှာခဲ့သည့်အတိုင်း လုံခြုံရေးဝန်ထမ်း လေးဦးကို သွားရောက်ခေါ်ယူခဲ့သည်။

မကြာမီအချိန်တွင် ဒေါက်တာ အားယွမ်သည် ဆေးဗူးတစ်ဗူးကို ကိုင်ဆောင်ကာ ချန်ကျိုး၏ အခန်းငယ်လေးသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

ဒေါက်တာ အားယွမ်၏ စီစဉ်မှုအောက်တွင် လုံခြုံရေးဝန်ထမ်း လေးဦးသည် အခန်းငယ်လေးထဲသို့ ဝင်ရောက်သွားကြပြီး မည်သည့်စကားမျှ မပြောဘဲ ချန်ကျိုး၏ ခြေလက်လေးဖက်ကို ချုပ်ကိုင်လိုက်ကြသည်။

ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို စနစ်က သန့်စင်ပြီးစီးသွားပြီ ဖြစ်သည်။ ယခုအချိန်တွင် ချန်ကျိုးသည် ပဋိဇီဝဆေးနှင့် အရက်တို့၏ ဘေးထွက်ဆိုးကျိုးများကို ခံစားနေရခြင်း ဖြစ်သည်။ ရုတ်တရက် အခြားသူများ၏ ခြေလက်ချုပ်ကိုင်ခြင်းကို ခံလိုက်ရသဖြင့် ချက်ချင်းပင် နိုးထလာခဲ့သည်။

မျက်လုံးပွင့်လာသည်နှင့်တစ်ပြိုင်နက် ဒေါက်တာ အားယွမ်၏ မျက်နှာကို မြင်တွေ့လိုက်ရတော့သည်။

All Chapters