← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

Chapter 109

ဟွမ်ရှောင်မော့သည် အခန်းငယ်လေးထဲသို့ ဝင်လာပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ရာ မျက်လုံးများက ချန်ကျိုးထံသို့ ကျရောက်သွားသည်။

ချန်ကျိုးသည် ကုတင်ပေါ်တွင် ထိုင်နေပြီး ပါးစပ်ကြီးကို ဖြဲလျက် ပြုံးနေသည်မှာ သိသာလှသည့်အပြင် မိမိ၏ အပြုံးကို အတတ်နိုင်ဆုံး ထိန်းချုပ်နေချေသည်။ မျက်စိရှိသောလူတိုင်းက သူ ရုပ်မြင်သံကြား ထဲတွင် ပါဝင်ချင်နေသည်ကို မြင်တွေ့နိုင်သည်။

ထိုလီခယ်ကို ချန်ကျိုး၏ဤမျက်နှာနှင့် ပေးမတွေ့လိုက်ရသည်မှာ တော်သေးသည်။ သို့မဟုတ်ပါက ဆွေးနွေးရ ခက်ခဲပေလိမ့်မည်။

"ကြောင်စုတ်လေး၊ ဆွေးနွေးတာ ဘယ်လိုလဲ"

ချန်ကျိုးသည် ဟွမ်ရှောင်မော့နှင့် လီခယ်တို့ ဆွေးနွေးပြီးသွားသည်ကို သိရှိသော်လည်း ဟွမ်ရှောင်မော့၏နှုတ်မှ ရလဒ်ကို ကိုယ်တိုင် ကြားချင်နေသေးသည်။

ဟွမ်ရှောင်မော့က ပြောသည်။

"ချန်ကျိုး၊ မင်းက ထိပ်သီးကျင့်ကြံသူ ပြိုင်ပွဲ အစီအစဉ်အဖွဲ့ရဲ့ ဖိတ်ကြားချက်ကို တရားဝင် လက်ခံလိုက်ပြီ၊ နောက်တစ်ပတ် အစီအစဉ် ရိုက်ကူးမှုမှာ ပါဝင်ရမယ်"

"အင်း၊ ဒီချန်ကျိုးကြီး သိပြီ"

ချန်ကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး ပျော်လွန်း၍ ခုန်ပေါက်ချင်နေသော်လည်း သူက အဆင့်မြင့် ပညာရှိကြီးတစ်ဦး ဖြစ်ရာ မိုက်မဲလှသော ကမ္ဘာမြေသားများ၏ အစီအစဉ်လေးတစ်ခုက သူ၏ ခံစားချက်များကို မည်ကဲ့သို့ လှုပ်ခတ်နိုင်ပါမည်နည်း။

ထို့ထက်ပို၍ ဘောလုံးလေးတို့က ဘေးမှ စိုက်ကြည့်နေကြချေသည်။

ချန်ကျိုးသည် ခြေထောက်များကို ချိတ်၍ တည်ငြိမ်စွာ ထိုင်လိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးများကို အတင်းအကျပ် ရုပ်သိမ်းလိုက်ရင်း

"ဒီချန်ကျိုးကြီးက ဝိညာဉ်ကမ္ဘာကနေ အောင်ပွဲခံပြီး ပြန်လာတာ ဖြစ်တဲ့အပြင် အားယွမ်မျောက်မိုက်ရဲ့ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာ ခံစားခဲ့ရတယ်၊ ဒါကြောင့် ဒီချန်တာကျိုး တရားထိုင်ပြီး ဒဏ်ရာကုသဖို့ လိုအပ်တယ်"

အတွင်းစိတ်ထဲတွင်မူ “မင်းတို့တွေ အမြန်သွားကြပါတော့၊ ဒီချန်ကျိုးကြီး ရုပ်မြင်သံကြားထဲ ပါဝင်ရမယ့် ပျော်ရွှင်မှုထဲမှာ နစ်မြောချင်ပြီ”

ထိုဧည့်သည်များကို နှင်ထုတ်လိုသော အဓိပ္ပာယ်မှာ အလွန်ပင် ထင်ရှားလှသည်။

"ဒါဆိုရင်တော့ ဆရာကြီးချန် ဒဏ်ရာကုသတာကို မနှောင့်ယှက်တော့ပါဘူး"

ကျိုးအိုက်ကော်သည် အဓိပ္ပာယ်ကို နားလည်သဖြင့် လက်ဝါးချင်းထပ်၍ ဂါရဝပြုလိုက်သည်။

အခြားသူများသည်လည်း လိုက်လံ၍ ဂါရဝပြုကြသည်။

ချန်ကျိုးက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး လူတိုင်းကို အမြန်ဆုံး ထွက်သွားရန် အမူအရာ ပြသလိုက်သည်။

လူအချို့ အခန်းငယ်လေး၏ တံခါးဝမှ ထွက်လာသည်နှင့် လမ်းတွင် လူတစ်ဦးသည် လက်ဆောင်ပစ္စည်း များကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာသည်ကို ဆုံတွေ့လိုက်ရသည်။ မျက်နှာပေါ်ရှိ အညိုအမည်း စွဲနေသည်များမှာ မပျောက်ကွယ်သေးချေ။ ၎င်းမှာ လျိုပန်ချန်းမှတစ်ပါး အခြားသူ မဟုတ်ချေ။

လော့ယွီမင်သည် အံ့အားသင့်သွားပြီး။

"ဦးလေးလျို၊ မင်း ဘာလို့ လာတာလဲ"

"မင်း လာနိုင်ရင် ငါက ဘာလို့ မလာနိုင်ရမှာလဲ"

လျိုပန်ချန်းသည် မျက်နှာအိုကြီး နီမြန်းသွားပြီး လော့ယွီမင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

လျိုပန်ချန်းသည် အားယန်၏နှုတ်မှ ချန်ကျိုးက မိမိ၏ယင်ယန်ဓားတစ်စုံကို ရောင်းချလိုက်သည်ကို သိရှိရကတည်းက ဒေါသထွက် လွန်းသဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ချေ။

သို့သော် သူ့ မျက်နှာပြင်ပေါ်တွင်မူ တည်ငြိမ်အေးဆေးနေလျက် စိတ်ရောဂါဝေဒနာရှင်တစ်ဦးကို အရေးမစိုက်သော ပုံစံမျိုး ပြသနေသည်။

အဓိကမှာ ချန်ကျိုးကို မပြိုင်ဆိုင်နိုင်ခြင်းကြောင့် ဖြစ်သည်။

မနက်မိုးလင်းချိန်တွင် သူသည် နန်ရန်ဇီထံမှ ချန်ကျိုး၏ လုပ်ဆောင်ချက်များနှင့် ဝါသနာများကို တကူးတက စုံစမ်းမေးမြန်းခဲ့ပြီး လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်လျက် ချန်ကျိုးထံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ မိမိ၏ဓားကို ဝယ်ယူသွားသောလူ မည်သည့်ပုံသဏ္ဌာန် ရှိသည်ကို ချန်ကျိုး၏နှုတ်မှ သိရှိရန် မျှော်လင့်နေသည်။

မိမိ၏တူဖြစ်သူ ရှေ့တွင် မျက်နှာမပျက်စေရန် လော့ယွီမင် တာဝန်ထမ်းဆောင်နေသော အချိန်ကို တမင်တကာ ရွေးချယ်၍ လာခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် တိုက်တိုက်ဆိုင်ဆိုင်ပင် လမ်းတွင် ပက်ပင်း တိုးမိတော့သည်။

"ဦးလေးလျို"

လော့ယွီမင်သည် မည်ကဲ့သို့ နှုတ်ဆက်ရမည်ကို အမှန်တကယ် မသိတော့ချေ။

“တကယ့်ကို တိုက်ဆိုင်တာပဲ၊ မင်း ဘာလို့ လာတာလဲ၊ မင်းလည်း ဆရာကြီးချန်ကို လက်ဆောင်လာပေးတာလား”

ဤစကားများကို ပြောဆိုလိုက်ပါက မိမိအနေဖြင့် လာမည့် လဝက်ခန့်ကို ကုတင်ပေါ်တွင် လှဲလျောင်း၍ ကုန်ဆုံးရမည်ဟု ခန့်မှန်းမိသည်။

အခန်းထဲတွင် ပုန်းအောင်းနေသော ချန်ကျိုးသည် လူအချို့ ရုတ်တရက် ထွက်မသွားသည်ကို မြင်တွေ့ရသဖြင့် အံ့သြစွာဖြင့် တံခါးဝသို့ လျှောက်လှမ်းကာ စူးစမ်းကြည့်ရှုလိုက်သည်။

"ငှက်လူသား၊ မင်း ဒီချန်ကျိုးကြီးဆီကို ဘာလာလုပ်တာလဲ"

ချန်ကျိုးသည် လျိုပန်ချန်းကို အကဲခတ်ရင်း သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

“ဒီကောင်က ဒီချန်ကျိုးကြီးဆီကနေ ဓားကြီးကို လာတောင်းတာ မဟုတ်ပါဘူးနော်”

လျိုပန်ချန်းသည် လူအများအပြား ရှိနေသည်ကို မြင်တွေ့ရသဖြင့် ထိုဓားနှစ်စုံ၏ ကိစ္စကို ဆက်လက်မေးမြန်းရန် ရှက်ရွံ့နေပြီး စကားဆိုလိုက်သည်။

"ကျင်းဟိုင်မြို့ထဲက ဝိညာဉ်တံခါး မပွင့်သေးဘူး၊ အဲဒီထဲမှာ ထူးခြားတဲ့ အခြေအနေအချို့ ဖြစ်ပေါ်နေတယ်၊ ငါက အောက်ခြေကို စေလွှတ်လိုက်တဲ့ ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်၊ ငါ အခြေအနေတွေကို လာမေးတာပါ..."

လျိုပန်ချန်းသည် မိမိ၏ပုံရိပ်ကို အားနည်းစွာဖြင့် ကယ်တင်လိုက်သည်။

လူတိုင်းသည် ဆွံ့အသွားကြသည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနက အမှုအခင်းကို စုံစမ်းစစ်ဆေးတာကို စုံစမ်းစစ်ဆေးခံရသူကို လက်ဆောင်ပေးဖို့ လိုအပ်လို့လား။

အမြင်ရှိသောလူတိုင်းက လျိုပန်ချန်း ဘာလုပ်ချင်သည်ကို မြင်တွေ့နိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လျိုပန်ချန်း၏ ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။

ဤအရာသည် အမှန်တကယ်ပင် အသက်ကယ်သော မြည်သံ ဖြစ်သည်။

လျိုပန်ချန်းသည် ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်ရာ မိမိ၏ဂိုဏ်းတူညီလေး ဖြစ်နေသည်။

“အို၊ ချစ်လှစွာသော ဂိုဏ်းတူညီလေးပါလား၊ ဂိုဏ်းတူအစ်ကိုကြီးက မင်းကို ချစ်တယ်”

"ဒါနဲ့၊ ငါ့ရဲ့ ဂိုဏ်းတူညီလေးက ငါ့ကို အရေးကြီးကိစ္စနဲ့ ရှာနေလို့ အကြာကြီး မနေနိုင်တော့ဘူး၊ ဒီပစ္စည်းတွေကို ညီအစ်ကိုချန် လက်ခံပေးဖို့ တောင်းဆိုပါတယ်"

လျိုပန်ချန်းသည် ပစ္စည်းများကို ချန်ကျိုး၏ခြေရင်းတွင် ချထားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပြေးလွှားပျောက်ကွယ်သွား တော့သည်။

ချန်ကျိုး၏ စိတ်ထဲတွင် ရုပ်မြင်သံကြားထဲ ပါဝင်မည့် ကိစ္စများပြည့်နှက်နေသဖြင့် လျိုပန်ချန်းက သူ့ကို ညီအစ်ကိုဟု ခေါ်ဆိုသွား သည်ကို သတိမထားမိလိုက်ချေ။ သူသည် ဖိနပ်အသစ်ကို စီးထားသော ခြေထောက်ကို မြှောက်ကာ လက်ဆောင်ပစ္စည်းများကို တွန်းဆွတ်ကြည့်လိုက်ရင်း ဝေခွဲမရ ဖြစ်နေသည်။

"သူက ငါ့ကို ဘာလို့ ပစ္စည်းတွေ ပေးရတာလဲ"

“မဖြစ်နိုင်တာ”

သူက ဒီငှက်လူသားရဲ့ ဓားကြီးကို လုယူခဲ့တာ ဖြစ်သည်။

ဒီငှက်လူသားက သူ့ကို လက်ဆောင်လာပေးနေသည်။

ထိုသူက ကျပ်မပြည့်တာပဲ ဖြစ်ရမယ်။

ချန်ကျိုးသည် လော့ယွီမင်ထံသို့ သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျိုးအိုက်ကော်သည် လော့ယွီမင်ထံသို့ သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျန်းယိုယိုသည် လော့ယွီမင်ထံသို့ သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လီချင်ရှန်းသည် လော့ယွီမင်ထံသို့ သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဝူပေါ်ထုံသည် လော့ယွီမင်ထံသို့ သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မင်းတို့ ငါ့ကို ကြည့်လည်း အပိုပဲ၊ ငါလည်း ဘာအခြေအနေလဲဆိုတာ မသိဘူး"

လော့ယွီမင်သည် လက်နှစ်ဖက်ကို ဖြန့်လျက် ပုခုံးတွန့်ပြလိုက်သည်။

လီချင်ရှန်းမှတစ်ပါး အခြားသူများသည် သံသယများဖြင့် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ခွာသွားကြသည်။

လျိုပန်ချန်းသည် မိမိ၏ကားထဲသို့ ထွက်ပြေးရသကဲ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုခံစားချက်မှာ မိမိ မျက်နှာကို မြေပြင်ပေါ်တွင်ချ၍ ပွတ်တိုက်လိုက်ပြီး မိမိကိုယ်တိုင်လည်း တက်နင်းလိုက်သကဲ့သို့ ဖြစ်သည်။

ဂိုဏ်းတူညီလေး၏ ဖုန်းကို လက်ခံလိုက်ရာ "ဟယ်လို၊ ဂိုဏ်းတူအစ်ကိုကြီး၊ ကျင်းဟိုင်မြို့ထဲက ဝိညာဉ်တံခါး မပွင့်ဘူးလို့ ငါ ကြားတယ်"

"မပွင့်ဘူး"

လျိုပန်ချန်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းရဲ့ ယင်ယန်ဓားတစ်စုံကော"

"ငါ့ကိုယ်ပေါ်မှာ ရှိတာပေါ့၊ ဘာဖြစ်လို့လဲ"

လျိုပန်ချန်းသည် မျက်နှာအပျက်မခံဘဲ မာန်တင်း၍ပြောလိုက်သည်။ သူက သိက္ခာကို အလွန်အမင်းအလေးထားသူ ဖြစ်သည်။

"ဒါဆိုရင်တော့ တော်တော်ထူးဆန်းတာပဲ၊ ငါ ဝိညာဉ်ဈေးမှာ ယင်ယန်ဓားတစ်စုံကို ဝယ်ယူခဲ့တယ်၊ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ယင်ယန်ဓားနဲ့ တစ်ပုံစံတည်းပဲ၊ အဓိကအချက်က အပေါ်က စာလုံးတွေကအစ တူညီနေတာပဲ"

လျိုပန်ချန်း၏နှလုံးသားထဲတွင် ထိတ်ခန့်သွားရပြီး "မင်း ဝိညာဉ်ဈေးမှာ ငါ့ရဲ့ ယင်ယန်ဓားကို ဝယ်ယူခဲ့တယ်လို့ ပြောတာလား"

"ဟုတ်တယ်၊ ငါ ဝိညာဉ်ဒင်္ဂါး ငါးသိန်းပေးပြီး ဝယ်ခဲ့တာ၊ ဂိုဏ်းတူအစ်ကိုကြီးရဲ့ဓားလို့ ထင်မှတ်ခဲ့တာ၊ အတုအပ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒါပေမဲ့ သူ့ရဲ့ ကုန်ကြမ်းပစ္စည်းကို ကြည့်ရတာ မင်းရဲ့ ဓားထက် မညံ့ပါဘူး၊ ငါ ပြန်ရောက်ရင် သွန်းလုပ်ရေးဌာနကို ငါ့အတွက် အဆင်ပြေမယ့် လက်နက်တစ်ခုအဖြစ် ပြန်လည်သွန်းလုပ်ခိုင်းရမယ်"

"နေဦး၊ နေဦး၊ ဂိုဏ်းတူညီလေး ခဏစောင့်ပါဦး၊ ငါ့ရဲ့ဓားက တစ်ခုခု မှားယွင်းနေသလိုပဲ"

လျိုပန်ချန်းသည် ပျောက်ဆုံးသွားခဲ့သော ဓားနှစ်စုံကို ရှာဖွေဟန် ဆောင်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး၊ မင်းရဲ့ ဓားက သူများ ခိုးယူသွားတာ မဟုတ်ပါဘူးနော်"

"အို၊ တကယ်ပဲ ဖြစ်နိုင်တယ်၊ ငါ နေ့တိုင်း ကျောပိုးထားတဲ့ ဓားနှစ်စုံက သူများ ခိုးယူသွားတာ ဖြစ်ရမယ်၊ ငါ အခုချက်ချင်း ဌာနချုပ်ကို ပြန်လာခဲ့မယ်"

"မလိုပါဘူး၊ မလိုပါဘူး၊ ဌာနက ငါ့ကို ကျင်းဟိုင်မြို့ရဲ့ ဝိညာဉ်တံခါး အခြေအနေကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တာ၊ ငါ နောက်ထပ် တစ်နာရီကြာရင် ရောက်လာတော့မယ်"

လျိုပန်ချန်းသည် ကားထဲတွင် ထိုင်နေရင်း စိတ်အာရုံများ ထွေပြားကာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ချေ။

ဒီနေ့ ပြက္ခဒိန်ကို မကြည့်ခဲ့မိလို့လား။ ဘေးဒုက္ခတွေက တစ်ခုပြီးတစ်ခု ရောက်လာချေပြီ။

ကားထဲရှိ နောက်ကြည့်မှန်မှတစ်ဆင့် ထိုမျက်နှာအိုကြီးကို ကြည့်လိုက်မိသည်။

သွားပါပြီ။

မြေပြင်ပေါ်က အက်ကွဲကြောင်းထဲကိုသာ တိုးဝင်လိုက်ချေချင်တော့သည်၊ ဤမျက်နှာအိုကြီးမှာ သိက္ခာကျလှချေပြီ။

စိတ်ရောဂါဆေးရုံထဲတွင်မူ ချန်ကျိုးသည် ထိုမျှလောက်အထိ ဆက်လက်မစဉ်းစားတော့ချေ။ အလကားရရှိသော လက်ဆောင်ပစ္စည်းများကို ဘာလို့ မယူဘဲ နေရပါမည်နည်း။

သူသည် လက်တစ်ဖက်လျှင် အထုပ်တစ်ထုပ်စီ ကိုင်ဆောင်ကာ မိမိ၏အခန်းငယ်လေးထဲသို့ သယ်ဆောင်လာခဲ့သည်။

ဟွမ်ရှောင်မော့သည် ဖုန်းထဲမှ ထိပ်သီးကျင့်ကြံသူပြိုင်ပွဲ၏ ပြီးခဲ့သော အပတ်က အစီအစဉ်များကို ရှာဖွေကာ စားပွဲပေါ်တွင် ဖွင့်ပြလိုက်သည်။

ချန်ကျိုးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကျန်းယိုယို ပေးပို့ထားသော ဝက်ခြေထောက်ပြုတ်ကို ကိုင်ဆောင်လျက် လက်တစ်ဖက်တွင် တစ်ခုစီဖြင့် နူးညံ့အိစက်နေသော အရသာကို မြိန်ယှက်စွာ စားသောက်နေသည်။

ဟွမ်ရှောင်မော့သည် မိမိ၏ခွက်ကို ကိုင်ဆောင်ကာ ချန်ကျိုး လက်အနားတွင် ချထားလိုက်သည်။

"ချန်ကျိုး၊ ငါ့အမြင်အရတော့ မင်းလိုမျိုး အဆင့်အတန်းရှိတဲ့လူက အဆင့်အတန်းရှိတဲ့ ဝတ်စုံကို ဝတ်ဆင်သင့်တယ်၊ မင်း ငါ့ကို ဝက်ခြေထောက်တစ်တုံး ကျွေးရင် မင်းရဲ့ အဆင့်အတန်းနဲ့ တကယ်ကို ကိုက်ညီမယ့် ဝတ်စုံတစ်ခုကို ငါ ရှာပေးမယ်"

ချန်ကျိုးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သေးငယ်သော ဝက်ခြေထောက်တစ်တုံးကို ယူ၍ ဟွမ်ရှောင်မော့၏ ခွက်ထဲသို့ ထည့်ပေးလိုက်သည်။

ဟွမ်ရှောင်မော့သည် ဝမ်းမြောက်ဝမ်းသာဖြင့် ဝက်ခြေထောက်ကို တစ်ကိုက် ကိုက်လိုက်ရင်း

"ချန်ကျိုး၊ ငါ မင်းကို ပြောပြမယ်၊ မင်းက ပထမဆုကို ရယူမယ့်လူ ဖြစ်တဲ့အတွက် ထိပ်သီးကျင့်ကြံသူပြိုင်ပွဲ အစီအစဉ်ကို အကြိမ်အများကြီး ရိုက်ကူးရလိမ့်မယ်၊ အပတ်တိုင်းရဲ့ ဝတ်စုံတွေက မတူညီရဘူး၊ ဒါ့အပြင် စွမ်းအားချင်း နှိပ်ကွပ်ရမှာတင်မကဘူး၊ စင်ပေါ်တက်တဲ့ ပုံစံကအစ ပြိုင်ဘက်တွေကို နှိပ်ကွပ်ထားရမယ်၊ သူတို့ကို ပြန်လည်ခုခံနိုင်စွမ်း မရှိအောင် လုပ်ရမယ်"

"ဒီချန်ကျိုးကြီး ထင်တာကတော့၊ ကြောင်စုတ်လေး ပြောတာ မှန်ပေတယ်"

ချန်ကျိုးသည် သေးငယ်သော ဝက်ခြေထောက်တစ်တုံးကို ဟွမ်ရှောင်မော့၏ခွက်ထဲသို့ ထပ်မံထည့်ပေးလိုက်ပြန်သည်။

ဟွမ်ရှောင်မော့သည် စားပွဲပေါ်မှ ခုန်ဆင်းကာ ကိုကာကိုလာအသစ်တစ်ဘူးကို ယူ၍ ချန်ကျိုးထံသို့ ကမ်းပေးလိုက်ပြီး သေးငယ်သော ခွက်လေးတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။

ချန်ကျိုးသည် ကိုကာကိုလာကို ဖွင့်လိုက်ပြီး ဂလုဂလုဖြင့် နှစ်ငုံခန့် သောက်လိုက်ကာ ဟွမ်ရှောင်မော့၏ ခွက်ထဲသို့ အနည်းငယ် ငှဲ့ပေးလိုက်သည်။

ဟွမ်ရှောင်မော့သည် လက်သည်းဖြင့် ဖုန်းမျက်နှာပြင်ကို ထောက်ပြလိုက်ရင်း

"မင်း သူ့ကို ကြည့်လိုက်ဦး၊ ရုပ်ကလည်း ချန်ကျိုးလောက် မချောဘဲနဲ့၊ ဝိညာဉ်မိစ္ဆာနဲ့ တိုက်ခိုက်တာ လိပ်တစ်ကောင်လိုမျိုး အရိုက်ခံနေရတယ်၊ ဒီလိုလူမျိုးကလည်း အဆင့်တက်နိုင်တယ် ဟုတ်လား၊ ချန်ကျိုး၊ ငါ့ကို ထမင်းတစ်လုတ် ကျွေးပါဦး"

"ဒီလူတွေက ဒီချန်ကျိုးကြီးရဲ့ မျက်လုံးထဲမှာတော့ အမှိုက်တွေပဲ၊ မင်း ကြည့်လိုက်ဦး၊ ဒီကောင်က ဝိညာဉ်မိစ္ဆာ ဘယ်မှာရှိမှန်း တောင် ရှာမတွေ့ဘူး၊ တကယ့်ကို မိုက်မဲလွန်းလို့ ကယ်တင်လို့တောင် မရတော့ဘူး"

All Chapters