အခန်း ၆၇၁
Vol. 65 Ch. 671
အခန်း (၆၇၁)။
“ဧကရာဇ်ရဲ့ ဘေးနားက မသူတော်တွေကို ရှင်းလင်းပြီး ဟုန်ရွှန်ကျိကို အပြစ်ပေးမယ် ဟုတ်လား။ ဆရာ... ဆရာက ဘုရင်ခံတွေအားလုံးကို ပုန်ကန်ဖို့ လှုံ့ဆော်မလို့လား။ ဒါက နည်းနည်းတော့ ကြောက်စရာမကောင်းလွန်းဘူးလား။”
ဟုန်ယွိသည် ထုံးစံအတိုင်း တည်ငြိမ်နေသော်လည်း နံနက်ခင်းက နန်းတွင်းညီလာခံ အစည်းအဝေး၌ ဖြစ်ပျက်ခဲ့သမျှကို မင်းသားယုထံမှ ကြားသိထားပြီး ဖြစ်သည်။ တော်ဝင် ချန် ဧကရာဇ် ယန်ဖန်က ဟုန်ရွှန်ကျိကို အကာအကွယ်ပေးကာ လီရှန်ကွမ်ကို ဝန်ကြီးအဖွဲ့ မှ ထုတ်ပယ်ခဲ့သဖြင့် လီရှန်ကွမ် တစ်ယောက် ရာထူးမှ နုတ်ထွက်ခဲ့ရသည်ကိုလည်း သူ သိရှိပြီး ဖြစ်သည်။
သို့သော်လည်း လီရှန်ကွမ်နှင့် တွေ့ဆုံချိန်တွင် ဆရာဖြစ်သူက လောကတစ်ခွင်၌ ဟောပြောပွဲများပြုလုပ်ရန်၊ ဟုန်ရွှန်ကျိ၏ ပြစ်မှုများကို ကြေညာချက်ထုတ်ပြန်ရန်နှင့် ဘုရင်ခံအားလုံးကို စုစည်းကာ "ဧကရာဇ်အနားက မသူတော်ကို ဖယ်ရှားပြီး ဟုန်ရွှန်ကျိကို အပြစ်ပေးရန်" အကြံပြုလာသောအခါ သူ အံ့အားသင့်သွားရသည်။ သူ၏ ဆရာမှာ မည်မျှ ခေါင်းမာသည်ကို သူ ကောင်းကောင်း နားလည်ထားသည်။
လီရှန်ကွမ်၏ တပည့်များမှာ လောကတစ်ခွင် ပျံ့နှံ့နေပြီး ပညာရှင်များကြားတွင် သူ၏ အရှိန်အဝါမှာ ရှဲ့ဝန်ယွမ်ထက်ပင် မနိမ့်ကျပေ။ အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း နန်းတွင်း၌ ဟုန်ရွှန်ကျိကို ပေါ်ပေါ်ထင်ထင် ဝေဖန်ရဲပြီး ဧကရာဇ်၏ အရှိန်အဝါကို တိုက်ရိုက် ရင်ဆိုင်ရဲသူမှာ သူတစ်ဦးတည်းသာ ရှိသည်။
သူ့တွင် တပည့်များစွာရှိသလို မိတ်ဆွေကောင်းများလည်း လောကတစ်ခွင်မှာ ရှိနေသည်။ အကယ်၍ သူကသာ ဟုန်ရွှန်ကျိ၏ ပြစ်မှုများကို ရှုတ်ချစာ ထုတ်ပြန်လိုက်မည်ဆိုပါက ဟုန်ရွှန်ကျိကို ရာထူးမှ အမှန်တကယ် ဖြုတ်ချနိုင်ရန် မသေချာသော်လည်း ဟုန်ရွှန်ကျိ၏ ဂုဏ်သိက္ခာကိုမူ ပြင်းထန်စွာ ထိုးနှက်နိုင်မည် ဖြစ်သည်။
“ငါ ဆုံးဖြတ်ပြီးပြီ၊ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက လူမိုက်တစ်ယောက်တော့ မဟုတ်ဘူး။ ဒီကိစ္စကို ဖြည်းဖြည်းချင်း လုပ်သွားရမယ်ဆိုတာ ငါသိပါတယ်။ ဟုန်ရွှန်ကျိက နှလုံးသားမရှိဘူး၊ မောက်မာတယ်၊ အာဏာရှင်ဆန်ပြီး ကောက်ကျစ်သူပဲ။ သူ့ကို ဖြုတ်ချဖို့ဆိုတာ တစ်ရက်တည်းနဲ့ မဖြစ်နိုင်ဘူး။”
လီရှန်ကွမ်က လက်ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်လုံးများထဲ၌ စူးရှသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ တစ်ခါတစ်ရံ သူ၏ မျက်စိသူငယ်အိမ်ထဲမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာတတ်သည်။ ပုံမှန်အားဖြင့် ဤသို့သော အဆင့်အတန်းမှာ ကျင့်ကြံမှု အလွန်နက်ရှိုင်းပြီး "ဟင်းလင်းပြင်၌ လျှပ်စီးစွမ်းအင် ဖန်တီးနိုင်ခြင်း" အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ("ဟင်းလင်းပြင်၌ လျှပ်စီးစွမ်းအင် ဖန်တီးနိုင်ခြင်း" ၎င်းသည် ပညာရှင်များ၏ အဆင့်ဖြစ်ဟန်တူပါသည်။)
တစ်နည်းအားဖြင့် ဆိုရသော် အကယ်၍ လီရှန်ကွမ်သာ သူ၏ အသိစိတ်ဝိညာဉ်ဖြင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်မည်ဆိုပါက အဆင့်သုံးဆင့်အထိ ကျော်ဖြတ်နိုင်ပြီး စိတ်ကူးရုံမျှဖြင့် လျှပ်စီးစွမ်းအင်ကို ဖန်တီးနိုင်ပေလိမ့်မည်။ ထို့အပြင် မည်သည့် အားနည်း သည့်ကာလမျှ ရှိမည်မဟုတ်ဘဲ အတွေးစတစ်ခုဖြင့် ကမ္ဘာတစ်ခု ဖန်တီးနိုင်သည့် အဆင့်သို့ ဦးတည်နေခြင်း ဖြစ်သည်။
ဤသို့သော ကျင့်ကြံမှုမျိုးမှာ မဟာပညာရှင်ကြီးများကြားတွင်ပင် အလွန် ရှားပါးလှသည်။
“ဆရာက အခု နန်းတွင်းမှာ မရှိတော့ဘဲ လူထုကြားထဲ ရောက်နေပြီ။ ဒီလို လုပ်မယ်ဆိုရင် ယုတ်မာတဲ့သူတွေကို သတိထားရမယ်” ဟုန်ယွိက စဉ်းစားပြီးမှ ပြောလိုက်သည်။ “ဟုန်ရွှန်ကျိက ဆရာ့ကို ထာဝရ နှုတ်ပိတ်ပစ်ချင်မှာပဲ။ ဒါကြောင့် ဆရာ့မှာ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ဖို့ စွမ်းအားတစ်ခုခု ရှိထားဖို့ လိုမယ်။”
“ဒါက ကိစ္စမရှိပါဘူး။ ငါက စာဖတ်နာသူမို့ တာအိုပညာရပ်တွေ အများကြီး သိပါတယ်။ ငါ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထုတ်ယူဖို့ဆိုတာ အခက်အခဲ မရှိပါဘူး။ နောက်ရက် အနည်းငယ်အတွင်းမှာ ရှေးခေတ် သူတော်စင် ပညာရှင်တွေရဲ့ လမ်းစဉ်ကို လိုက်နာပြီး မိုးကြိုးကပ်ဘေးကို ခံယူကာ မသေမျိုးလျှို့ဝှက်ချက်ကို ရှာဖွေတော့မယ်။ အောင်မြင်ရင် လောကကြီးကို ကူညီမယ်၊ မအောင်မြင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ရမှာပေါ့။ အခုလောလောဆယ်တော့ ငါ့ကိုယ်ငါပဲ စောင့်ရှောက်နိုင်ဦးမယ်” လီရှန်ကွမ်က ဆိုသည်။
“ဆရာ၊ ဟုန်မိသားစုရဲ့ တပည့်တွေကိုလည်း သတိထားရမယ်။ အခုဆိုရင် ဟုန်မိသားစု တပည့်တွေဟာ ကျွမ်းကျင်သူတစ်ယောက်ဆီက သင်ကြားမှုတွေ ရထားပြီး သူတို့အားလုံး ဟာ သိုင်းပညာမှာ အလွန်ထူးချွန်ကြသလို ကောင်းကင်မှာ ပျံသန်းနိုင်ပြီး မြေအောက်ကို လည်း ငုပ်လျှိုးနိုင်ကြတယ်။ သူတို့က နယ်ပယ်အသီးသီးကို သွားပြီး အင်အားစုစည်းကာ ဒေသခံ အာဏာရှင်တွေ ဖြစ်နေကြပြီ။ ဆရာ့အတွက် အန္တရာယ် ဖြစ်နိုင်တယ်” ဟုန်ယွိက လက်ကို ဆန့်လိုက်ရာ ရွှေရောင်အင်မော်တယ်ဝတ်ရုံတစ်ခု သူ၏ လက်ထဲ၌ ပေါ်လာပါ သည်။
ဤရွှေရောင်အင်မော်တယ်ဝတ်ရုံကို ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို သတ်ဖြတ်ပြီး ရရှိထားခြင်း ဖြစ်သည်။ ယခုအခါ သူက ယင်းကို လီရှန်ကွမ်ကို ပေးအပ် လိုက်သည်။ ဤဝတ်ရုံသည် ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပြီး ကောင်းကင်မှာ ပျံသန်းခြင်း၊ မြေအောက်ငုပ်လျှိုးခြင်းစသည့် အစွမ်းအားလုံးကို ပေးစွမ်းနိုင်သည်။
“အရင်တုန်းက ဆရာ နန်းတွင်းမှာ ရှိနေတုန်းက ကျွန်တော့်ဘက်က ပစ္စည်းတွေ ပေးဖို့ မသင့်တော်ခဲ့ဘူး။ အခုတော့ ဆရာက လူထုကြားထဲ ရောက်နေပြီဆိုတော့ ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး။” ဟုန်ယွိက လေထဲသို့ လှမ်းဖမ်းဆုပ်လိုက်ရာ ကောင်းကင် အနှစ်သာရရွှေဆေးလုံးတစ်လုံး ပေါ်လာပြီး ဆေးရနံ့များအဖြစ် ပြောင်းလဲကာ လီရှန်ကွမ် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
“ဒါက...” လီရှန်ကွမ်သည် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားသလို ခံစားလိုက်ရသည်။
“ဒါက ‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ ကောင်းကင်အနှစ်သာရ ရွှေဆေးလုံးပဲ။ ဆေးတစ်လုံး တည်းနဲ့တင် စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီး လူသားအင်မော်တယ် အဆင့်ကို ရောက်နိုင်ပါတယ်။ ဒီဆေးလုံးကို ကျွန်တော် ဆရာ့ကို ပေးပါတယ်။ ဆရာ့အနေနဲ့ ပညာရှင် အားလုံးကို စုစည်းပြီး ဟုန်ရွှန်ကျိကို တိုက်ခိုက်ကာ နန်းတွင်းက သစ္စာဖောက်တွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟုန်ယွိက အလေးအနက် ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းရဲ့ အကူအညီနဲ့ဆိုရင် သစ္စာဖောက်တွေကို ချေမှုန်းဖို့ဆိုတာ မခက်ခဲတော့ ပါဘူး” လီရှန်ကွမ်က မတ်တတ်ရပ်လိုက်သည်။
ထို့နောက် လီရှန်ကွမ်နှင့် ဟုန်ယွိတို့သည် အသေးစိတ် တန်ပြန်ဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးကြသည်။ သူတို့သည် ၆ နာရီမှ ၈ နာရီခန့်အထိ ကြာအောင် ဆွေးနွေးပြီးနောက် ညနေစောင်းမှသာ လူခွဲခဲ့ကြသည်။ နောက်ရက်အနည်းငယ်အကြာ တွင် လီရှန်ကွမ်နှင့် ဟုန်ရွှန်ကျိတို့ နန်းတွင်းညီလာခံ၌ အကြီးအကျယ် စကားများခဲ့ကြ သည်။ သူ နုတ်ထွက်ပြီး တကိုယ်တော် တောထွက်သွားသည့် ကိစ္စမှာ တော်ဝင်ချန် မင်းဆက် တစ်ခုလုံးတွင် မုန်တိုင်းတစ်ခုလို ဂယက်ထသွားစေခဲ့သည်။
ယင်းနောက်တွင် နန်းတွင်းသည် ‘ပြောင်းလဲခြင်းကျမ်း’ ကို စာမေးပွဲတွင် မဖြစ်မနေ ဖတ်ရှုရမည့် ကျမ်းစာအဖြစ် သတ်မှတ်လိုက်တော့သည်။ နောင်တွင် စာမေးပွဲမေးခွန်းများ၌ ဤကျမ်းမှ မေးခွန်းများ ပါဝင်လာတော့မည် ဖြစ်သည်။ ဤသည်မှာ နန်းတွင်းမှ အခြေအနေကို ငြိမ်သက်အောင် လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိ၏ ရုပ်တုတော်ကို သူတော်စင်တစ်ရာနှင့် တစ်တန်းတည်း ထားရှိ မည့် ကိစ္စတွင်မူ နန်းတွင်းက နှုတ်ဆိတ်နေခဲ့သည်။ ဧကရာဇ် ယန်ဖန်ကိုယ်တိုင်ကလည်း ထိုအကြောင်းကို မဟဘဲ ဤကိစ္စကို လုံးဝ ဖုံးကွယ်ထားချင်သည့် ပုံစံမျိုး ဖြစ်နေသည်။
မင်းသားယုသည်လည်း အစီအရင်ခံစာများတွင် ဤကိစ္စကို ထပ်မပြောတော့ပေ။ သို့သော် လည်း နန်းတွင်းညီလာခံ အစည်းအဝေး ပြီးကတည်းက မင်းသားယု၏ ဂုဏ်သိက္ခာမှာ တဖန် မြင့်တက်လာခဲ့သည်။ သူသည် နန်းတွင်း၌ ဧကရာဇ် ယန်ဖန်ကိုပင် အကြံပြုချက် များ ပေးရဲလာခဲ့သည်။ ဤသတ္တိမျိုးကပင် သူ၏ ကြီးမားသော ရည်မှန်းချက်ကို ပြသနေ ခြင်း ဖြစ်သည်။
ရုတ်တရက်ဆိုသလို တော်ဝင်ချန်မင်းဆက်၏ ပြည်နယ် ၉၉ ခုနှင့် ခရိုင် ၆၀၀ ကျော်မှ ဘုရင်ခံများက မင်းသားယုထံသို့ လက်ဆောင်များ တိတ်တဆိတ် ပေးပို့လာကြသည်။ ဤသည်မှာ သူတို့၏ သစ္စာရှိမှုကို ကြိုတင် ဖော်ပြခြင်းလည်း ဖြစ်သည်။
ဟုန်ယွိသည် ကျိုးယွိအကယ်ဒမီ၌သာ နေထိုင်ပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ခြေဦးပင် မလှည့်ပေ။ သို့သော်လည်း သူ၏ မျက်စိနှင့် နားမှ မည်သည့်အရာမျှ လွတ်ကင်းခြင်း မရှိပေ။
နန်းတွင်းအခြေအနေမှာ သူ၏ အစီအစဉ်အတိုင်း တစ်ဆင့်ချင်း ပြောင်းလဲလာခဲ့သည်။ သို့သော် နန်းတွင်းမှ အမိန့်တော်များ ထုတ်ပြန်ပြီးနောက်တွင် အခြေအနေမှာ ငြိမ်သက် သွားသလို ထင်ရသည်။
မူလက လူတိုင်း ဤကိစ္စမှာ ငြိမ်သက်သွားပြီဟု ထင်ခဲ့ကြသည်။ သို့သော် လဝက်ခန့် အကြာ အရာအားလုံး အေးဆေးသွားချိန်တွင်မူ လီရှန်ကွမ်သည် အရှေ့ဘက် ပြည်နယ် ၇ ခုရှိ လီမိသားစုကျောင်းတော်၌ ကွန်ဖြူးရှပ် ပညာရှင်များစွာကို စုစည်းကာ ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်တော့သည်။ ထိုကြေညာချက်တွင် ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိ၏ ကြီးမားသော ပြစ်မှု ၁၀ ချက်ကို ဖော်ပြထားပြီး၊ ဟုန်ရွှန်ကျိကို ရာထူးမှ ဖယ်ရှားကာ သစ္စာဖောက် အရာရှိများကို အပြစ်ပေးရန် နန်းတွင်းသို့ တောင်းဆိုထားသည်။
ဤကြေညာချက် ထွက်ပေါ်လာသောအခါ လောကတစ်ခွင်လုံး ချက်ချင်း တုန်လှုပ်သွား တော့သည်။
နန်းတွင်းလည်း တုန်လှုပ်သွားရသည်။
အရှေ့ဘက် ပြည်နယ် ၇ ခုမှာ မူလက ချန်ပီယံမြို့စား၏ နယ်မြေ ဖြစ်သည်။ ယခုအခါ တွင်မူ ၎င်းမှာ ဟုန်ယွိ၏ နယ်မြေ ဖြစ်နေပြီ ဖြစ်သည်။ သို့သော် လောကတွင် ဤလျှို့ဝှက် ချက်ကို သိသူ များများစားစား မရှိပေ။ ချန်ပီယံမြို့စားသည် အမြဲတမ်း မောက်မာသူဖြစ်ပြီး နန်းတွင်းကို အညံ့ခံသူ မဟုတ်ပေ။ ချန်ပီယံမြို့စားသည် လူဦးရေသန်းခေါင်စာရင်း လာရောက်စစ်ဆေးသော အိမ်ရှေ့စံမင်းသားကိုပင် ဖမ်းဆီးချုပ်နှောင်ထားရဲသည်အထိ သတ္တိရှိသူ ဖြစ်သည်။ ချန်ပီယံမြို့စားမှာ ဧကရာဇ် ယန်ဖန်၏ တရားမဝင် သားတော်တစ်ပါး ဖြစ်ကြောင်းကိုလည်း လောကရှိ လူအပေါင်းတို့က မရေမရာ ရိပ်မိထားကြသည်။
ယခုအခါ လီရှန်ကွမ်က အရှေ့ဘက် ပြည်နယ် ၇ ခု၌ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ချန်ပီယံမြို့စားနှင့် နန်းတွင်းတို့၏ ရှုပ်ထွေးသော ဆက်ဆံရေးကြောင့် အကဲခတ် နေသော ဘုရင်ခံများနှင့် မျိုးနွယ်စုကြီးအချို့က ချန်ပီယံမြို့စားသည် လီရှန်ကွမ်၏ ကြေညာချက်ကို အသုံးချကာ "မသူတော်များကို ရှင်းလင်းပြီး ဟုန်ရွှန်ကျိကို အပြစ်ပေး ရန်" ကြိုးစားနေသည်ဟု ယူဆလိုက်ကြပြန်သည်။
နန်းတွင်းအခြေအနေမှာ ဤကြေညာချက်ကြောင့် တစ်ဖန် ပြန်လည် လှုပ်ခတ်လာတော့ သည်။
...
“ကောင်းတယ်၊ ဆရာရဲ့ဒီကြေညာချက်က ဟုန်ရွှန်ကျိရဲ့ ပြစ်မှု ၁၀ ချက်ကို ထိထိမိမိ ဖော်ပြထားတာပဲ”
ဟုန်ယွိသည် လက်ထဲရှိ ကြေညာချက်ကို ကိုင်ထားသည်။ ယင်းတွင် ဟုန်ရွှန်ကျိ၏ ကြီးမားသော ပြစ်မှု ၁၀ ချက်ကို ရေးသားထားသည်။ အပျော်အပါး မက်ခြင်း၊ အာဏာကို လက်ဝါးကြီးအုပ်ခြင်း၊ မောက်မာရိုင်းစိုင်းခြင်း၊ ကိုယ်ကျိုးအတွက် အုပ်စုဖွဲ့ခြင်း၊ ဧကရာဇ် အပေါ် ရိုင်းစိုင်းခြင်း၊ ကိုယ်ပိုင်တပ်ဖွဲ့များ တိတ်တဆိတ် ထားရှိခြင်း စသည်တို့ ဖြစ်သည်။ ဤပြစ်မှု တစ်ခုချင်းစီမှာ သေဒဏ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ လီရှန်ကွမ်၏ အရေး အသားမှာ အလွန်စူးရှပြီး ပြင်းထန်လှသည်။ ထို့ပြင် သူသည် နန်းတွင်း၌ ကြာမြင့်စွာ နေခဲ့သူ ဖြစ်သဖြင့် ဟုန်ရွှန်ကျိအကြောင်းကို ကောင်းစွာ သိရှိနေသည်။ ဤရှုတ်ချစာသည် ဟုန်ရွှန်ကျိအား သစ္စာဖောက်၊ လူယုတ်မာ၊ အယောင်ဆောင်သူနှင့် သမိုင်းတစ်လျှောက် အဆိုးဆုံး သစ္စာဖောက်အရာရှိအဖြစ် ပုံဖော်ထားသည်။
“ဟုန်ရွှန်ကျိ ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ သိချင်မိတယ်။ ဒီကြေညာချက်ကို မြင်ရင် သူ သွေးအန်သွားနိုင်တာပဲ” မင်းသားယုက ဟုန်ယွိ၏ လက်ထဲမှ ကြေညာချက်ကို ကြည့်ရင်း ပြောလိုက်သည်။ “ဆရာလီရဲ့ အရေးအသားက ဒီလောက် စူးရှလိမ့်မယ်လို့ ငါ မထင်ထား ဘူး။ ဒီကြေညာချက် လောကတစ်ခွင် ပျံ့သွားတာနဲ့ ခေတ်အဆက်ဆက် သမိုင်းတွင် ကျန်ရစ်တော့မှာပဲ။ ခမည်းတော် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါ စောင့်ကြည့် ချင်သေးတယ်။ ဟုန်ရွှန်ကျိကို လွှတ်ထားမလား။ ဒါမှမဟုတ် ဆရာလီကို ဖမ်းဖို့ အမိန့်ထုတ် မလား။ အဲဒီလိုသာ လုပ်ရင်တော့ လောကက ပညာရှင်တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာမှာ သေချာတယ်။ ဆရာလီရဲ့ ဖြောင့်မတ်တဲ့ ဂုဏ်သတင်းက လောကမှာ ကျော်ကြားပြီးသားလေ။”
လီရှန်ကွမ်သည် နာမည်ကျော် ဖြောင့်မတ်သော အရာရှိတစ်ဦး ဖြစ်သည်။ သူသည် ရေလို ကြည်လင်သန့်ရှင်းပြီး အလွန်ပင် ဖြောင့်မတ်သူ ဖြစ်သည်။ သူသည် ဧကရာဇ် ယန်ဖန်၏ ချီးမွမ်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသူလည်း ဖြစ်သည်။ အကယ်၍ ဟုန်ရွှန်ကျိကို အကာ အကွယ် မပေးချင်ပါက ယန်ဖန်သည် လီရှန်ကွမ်ကို ရာထူးမှ ဖယ်ရှားမည် မဟုတ်ပေ။
အကယ်၍ ဤကြေညာချက်ကြောင့် သူ့ကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်မည်ဆိုပါက ဖြေရှင်း၍မရနိုင်သော ဆူပူမှုကြီး ဖြစ်လာပေလိမ့်မည်။ သို့သော် လျစ်လျူရှုထားပြီး ကြေညာချက်ကို ဆက်လက် ပျံ့နှံ့ခွင့်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။ ဤတစ်ကြိမ်တွင် နန်းတွင်းနှင့် ဟုန်ရွှန်ကျိတို့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
“ဟုန်ယွိ... မင်းရဲ့အထင်ရော ဟုန်ရွှန်ကျိက ဒါကို ဘယ်လို ကိုင်တွယ်မယ် ထင်လဲ။” မင်းသားယုက ပြုံးပြီး မေးလိုက်သည်။ “နန်းတွင်းတစ်ခုလုံးမှာ ဟုန်ရွှန်ကျိက အကြောက်ရ ဆုံးပဲ။ တကယ်လို့ သူသာ ပြုတ်ကျသွားရင် အိမ်ရှေ့စံမင်းသား၊ မင်းသားဟီးနဲ့ တခြား မင်းသားမီတို့ဆိုတာ ဘာမှ မဟုတ်တော့ဘူး။”
“နောက်ရက်အနည်းငယ်အတွင်း နန်းတွင်းညီလာခံမှာ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ကြ တာပေါ့။ ဟုန်ရွှန်ကျိက ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကြီးခဲ့ပေမဲ့ ဘုရင်ခံအများအပြား ကလည်း သူ အာဏာကြီးထွားနေတာကို မကျေမနပ် ဖြစ်နေကြတာ။ နောက်ရက် အနည်းငယ်အတွင်းမှာ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုကြမယ့် ဘုရင်ခံတွေ အများ ကြီး ထွက်လာမှာ သေချာတယ်။” ဟုန်ယွိက ဆိုသည်။
“ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့” မင်းသားယုက ခေါင်းညိတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း တစ်လအကြာတွင် လီရှန်ကွမ်၏ ကြေညာချက်မှာ လောက တစ်ခွင် ပျံ့နှံ့သွားတော့သည်။ နန်းတွင်းညီလာခံ အစည်းအဝေးနှင့် ဝန်ကြီးအဖွဲ့ထံသို့ ဘုရင်ခံများထံမှ အသနားခံစာများမှာ နေ့စဉ်နှင့်အမျှ နှင်းပွင့်များသဖွယ် တဖွဲဖွဲ ကျရောက် လာတော့သည်။ အများစုမှာ ဟုန်ရွှန်ကျိ၏ ကိစ္စအပေါ် သူတို့၏ အမြင်များကို ဖော်ပြထား ကြခြင်း ဖြစ်သည်။
သို့သော် ဧကရာဇ်သည် ထိုအသနားခံစာများကိုသာ သိမ်းဆည်းထားပြီး ပြန်လည် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ သူ၏ သဘောထားကိုလည်း မည်သို့မျှ ထုတ်ဖော်မပြခဲ့ချေ။
ထိုအချိန်အတွင်း ဟုန်ရွှန်ကျိသည်လည်း ဘာမှမဖြစ်ခဲ့သလိုမျိုး နန်းတွင်းသို့ ပုံမှန်အတိုင်း အဝင်အထွက် ပြုလုပ်နေခဲ့သည်။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် ၇လပိုင်းသို့ ရောက်ရှိလာခဲ့ပြီ။
နန်းတွင်းတစ်ခုလုံးမှာ ၇လပိုင်း၏ နွေလယ်ခေါင် အပူဒဏ်အောက်တွင် ရှိနေသကဲ့သို့ပင်။ တောက်လောင်နေသော နေမင်းကြီဂမှာ အချိန်မရွေး မီးဟုန်းဟုန်းတောက်သွားနိုင်သည့် မီးပုံကြီးတစ်ခုကဲ့သို့ ရှိနေသည်။
ထိုနေ့တွင် နန်းတွင်းညီလာခံ အစည်းအဝေးကို ထုံးစံအတိုင်း ကျင်းပခဲ့သည်။
ဟုန်ရွှန်ကျိက ရုတ်တရက် ဆိုလာသည် "ကျွန်တော်မျိုးမှာ တင်ပြစရာ အသနားခံစာ တစ်စောင် ရှိပါတယ်။"
"တင်ပြစေ" ဧကရာဇ် ယန်ဖန်က ခေါင်းညိတ်ပြပြီး ဟုန်ရွှန်ကျိကို ပြောခွင့်ပြုလိုက်သည်။
"ကျွန်တော်မျိုးဟာ ဧကရာဇ်အကြံပေးအဖြစ် ယင်နဲ့ယန်ကို တာဝန်ယူရသူ၊ နန်းတွင်း အခြေအနေကို ထိန်းညှိပေးရသူ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း နန်းတွင်းမှာ ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့တယ်။ ဒါက ကျွန်တော်မျိုးရဲ့ အမှားသာ ဖြစ်ပါတယ်" ဟုန်ရွှန်ကျိက တင်ပြသည်။
"နောက်ဆုံးတော့ လာပြီပဲ..." ဟုန်ရွှန်ကျိ၏ အသနားခံစာကို ကြားရသောအခါ နန်းတွင်းရှိ လူအများမှာ တုန်လှုပ်သွားကြသည်။
"ဟုန်ရွှန်ကျိတစ်ယောက် ဧကရာဇ်အကြံပေး ရာထူးကနေ နုတ်ထွက်တော့မလို့လား။"
"ဧကရာဇ်အကြံပေးမှာ ဘာအမှားများရှိလို့လဲ။ ဒါတွေက ကောလာဟလတွေပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ငါကိုယ်တော် အားလုံးကို စုံစမ်းစစ်ဆေးပြီးပြီ။ ကဲ... အမတ်မင်း တို့.. ငါ့ရဲ့ အမိန့်တော်ကို ကြေညာစေ။ လီရှန်ကွမ်ဟာ ငါတို့နန်းတွင်းရဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး 'ရှန်ချင်းလျူ' လို့ အမည်ကျော်ကြားသူ ဖြစ်တယ်။ ဒါပေမဲ့ ဧကရာဇ်အကြံပေးနဲ့ နိုင်ငံရေး အရ သဘောထားမတိုက်ဆိုင်မှုကြောင့် သူ့အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တယ်။ သူလုပ်တာ မှားယွင်းနေပေမယ့် သူ့ကို ငါကိုယ်တော် အပြစ်မဆိုဘူး။ ဒါတင်မကဘဲ သူ့ရဲ့ တိုက်ရိုက် ပြတ်ပြတ်သားသား အကြံပြုချက်ကိုလည်း ငါကိုယ်တော် လေးစားပါတယ်။ အမိန့်တော် ပြန်ကြားလိုက်ကြ။ တကယ်လို့ သူသာ အမှုထမ်းချင်တယ်ဆိုရင် သူ့ကို ပြန်ခေါ်ပြီး ဝန်ကြီးအဖွဲ့မှာ ခန့်ထားမယ်။ တကယ်လို့ သူ ငြင်းဆန်မယ်ဆိုရင်လည်း သူ့ကို ရွှေတုံးတစ်ထောင်နဲ့ စာအုပ်အစီးရေ ဆယ်လှည်းစာ ဆုလာဘ်ချီးမြှင့်မယ်။ သူ့ကို တံခါးပိတ် ကျင့်ကြံရင်း စာအုပ်တွေ ရေးသားခွင့်ပြုမယ်။ ဘုရင်ခံအချို့ကတော့ ဧကရာဇ် အကြံပေးကို အပြုသဘော အကြံပြုလိုစိတ် မရှိကြဘူး။ အဲဒီအစား သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိပြီး နန်းတွင်းက မငြိမ်မသက်မှုတွေကို အခွင့်ကောင်းယူချင်နေကြတာ။ ဒါဟာ ကြီးမားတဲ့ သစ္စာဖောက်မှုပဲ။ ရွှမ်ပြည်နယ် ဘုရင်ခံ၊ ကျိုးပြည်နယ် ဘုရင်ခံ...”
ဧကရာဇ် ယန်ဖန်သည် ဟုန်ရွှန်ကျိကို တိုက်ခိုက်ခဲ့သော ဘုရင်ခံ ဆယ်ဦးကျော်နှင့် ဝန်ကြီး ဌာန ခြောက်ခုမှ အရာရှိများစွာ၏ အမည်များကို ထုတ်ဖော်ပြောကြားလိုက်သည်။ သူ၏ စကားလုံးများမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အလွန်ပင် ပြင်းထန်လှသည်။
ဘုန်း…
အရာရှိတစ်ဦးမှာ ဧကရာဇ် ယန်ဖန်၏ ဒေါသတကြီး ခေါ်ယူလိုက်သော အမည်များကို ကြားလိုက်ရချိန်တွင် မျက်စိများ ပြာသွားကာ ခန်းမဆောင်ကြီးအတွင်း၌ပင် မေ့လဲသွား တော့သည်။
ယန်ဖန်က ဂရုမစိုက်ဘဲ အေးစက်စွာ ဆက်ပြောလိုက်သည် - "ဒီအရာရှိတွေ အားလုံးကို ဖမ်းဆီးကြ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စစ်ဆေးသိမ်းယူကြ။"
"နားလည်ပါပြီ"
နန်းတွင်း အစောင့်တပ်သားများ ဝင်ရောက်လာပြီး သူ အမည်ခေါ်လိုက်သော အရာရှိများ ကို အပြင်သို့ ဆွဲထုတ်သွားကြသည်။ ဟုန်ရွှန်ကျိကို တိုက်ခိုက်ခဲ့သော နယ်ဝေးက ဘုရင်ခံ များကို ဖမ်းဆီးရန်အတွက်လည်း တော်ဝင်သံတမန်များကို အင်ပါယာ၏ အရပ်ရပ်သို့ စေလွှတ်လိုက်သည်။
ဧကရာဇ် ယန်ဖန်၏ ပြင်းထန်သော ကိုင်တွယ်ပုံက လူတိုင်းကို တုန်လှုပ်သွားစေသည်။ မင်းသားယုပင်လျှင် မှင်တက်သွားရသည်။ ဟုန်ရွှန်ကျိကို ကာကွယ်ရန်အတွက် ယန်ဖန်က ဘုရင်ခံ ဆယ်ဂဏန်း၊ ဝန်ကြီးဌာန ခြောက်ခုမှ အရာရှိရာချီနှင့် တော်ဝင်စစ်ဆေးရေးမှူး များကိုပါ ဖမ်းဆီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အထူးသဖြင့် ဧကရာဇ်၏ လုပ်ရပ်မှာ လီရှန်ကွမ်ကို မထိခိုက်စေဘဲ သူ၏ အကြံပေးချက် အတွက် ဆုပင် ချီးမြှင့်ခဲ့သေးသည်။ ထို့နောက် ပြင်းထန်သော နည်းလမ်းများကို သုံးကာ ဘုရင်ခံများကို နှိမ်နင်းလိုက်ခြင်းဖြင့် ဟုန်ရွှန်ကျိအပေါ် ကျရောက်နေသော ပြင်းထန်သည့် တိုက်ခိုက်မှုများကို လုံးဝ ဖြိုခွဲပစ်လိုက်ခြင်း ဖြစ်သည်။
"ကောင်းလိုက်တဲ့ နည်းလမ်း၊ တကယ်ကို ကောင်းမွန်တဲ့ နည်းလမ်းပဲ..."
လွန်ခဲ့သော လအနည်းငယ်အတွင်း ဟုန်ယွိသည် သူ၏ တာအိုပညာကို ကျင့်ကြံကာ ထိုက်ကျိ မိုးကြိုးရေကန်ကို ပြုပြင်ရင်း နန်းတွင်းအခြေအနေကို စောင့်ကြည့်နေခဲ့သည်။ ဧကရာဇ် ယန်ဖန်က ဘုရင်ခံများကို ဖမ်းဆီးကာ လီရှန်ကွမ်ကို ဆုချီးမြှင့်ရန် အမိန့်ထုတ် လိုက်ချိန်တွင် သူ နောက်ဆုံး၌ ခေါင်းညိတ်လိုက်မိသည်။
ဟုန်ရွှန်ကျိ၏ အကျပ်အတည်းမှာ ယန်ဖန်၏ နည်းလမ်းများကြောင့် ပြေလည်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ ယန်ဖန်၏ နိုင်ငံရေး လှည့်ကွက်များကိုလည်း သူ အမှန်တကယ် မြင်တွေ့လိုက်ရပါသည်။
"ငါ့အနေနဲ့ အင်အားတွေကို ထပ်စုဆောင်းဖို့နဲ့ နန်းတွင်းအရာရှိတွေကို ပိုပြီး စည်းရုံးဖို့ လိုအပ်နေသေးပုံရတယ်" မင်းသားယုက သက်ပြင်းချရင်း ဆိုသည်။
"ဒါက အလကားပါပဲ။ အခုလောလောဆယ် နန်းတွင်းက ဖြောင့်မတ်နေဆဲပဲ။ အခြေအနေ တွေ ငြိမ်သက်သွားတယ်ဆိုပေမဲ့ ဟုန်ရွှန်ကျိရဲ့ အရှိန်အဝါကတော့ အများကြီး ကျဆင်း သွားပါပြီ။ နန်းတွင်းမှာ သူ့ကို မကြောက်တော့တဲ့လူတွေ ပိုများလာတာကို ငါ ရှင်းရှင်း လင်းလင်း ခံစားမိတယ်။ ဒါက အကြီးမားဆုံး အမြတ်ပဲ..." ဟုန်ယွိက ပြောသည်။
"ဒါပေမဲ့ ဒီကိစ္စကနေ အမြတ်အများဆုံး ထွက်သွားတာက ငါတို့ မဟုတ်ဘူး။ ဒီနှစ်ရဲ့ စာမေးပွဲ ပထမ၊ ဒုတိယနဲ့ တတိယရတဲ့ သူတွေပဲ" မင်းသားယုက ရုတ်တရက် ဆိုလာသည် “ပထမရတဲ့ လင်ဖန်းယွင်က ရွှမ်ပြည်နယ် ဘုရင်ခံ ဖြစ်လာတယ်၊ ဒုတိယရတဲ့ ယွမ်ရှင်းလန် က ကျိုးပြည်နယ် ဘုရင်ခံ ဖြစ်လာပြီး၊ တတိယရတဲ့ ယဲ့ထောင်းက ဝှိုက်ပြည်နယ် ဘုရင်ခံ ဖြစ်လာတယ်။ ဒါ့အပြင် တောင်ဘက်ပြည်နယ်က ကျောက်မိသားစုဝင် အများအပြား လည်း ရာထူးတက်လာပြီး အာဏာရလာကြတယ်လေ။”
"ဟင်..၊ သူတို့ကို ရုတ်တရက်ကြီး ဘုရင်ခံ ခန့်လိုက်တာလား။ ဒါက မကြုံစဖူးပဲ။ အဲဒီအပေါ် ဘယ်သူမှ ဘာမှ မကန့်ကွက်ကြဘူးလား။" ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်မိပါသည်။
နန်းတွင်းစာမေးပွဲတွင် ပထမရရှိသူပင် ဖြစ်လင့်ကစား၊ ဘုရင်ခံ သို့မဟုတ် စစ်ဆေးရေးမှူး တစ်ဦးအဖြစ် တိုက်ရိုက်ခန့်အပ်ခံရခြင်းမှာ မည်သည့်အခါကမျှ မရှိခဲ့ဖူးသော အစဉ်အလာ တစ်ခု ဖြစ်သည်။
မင်းသားယုက ခေါင်းခါရင်း ဆိုသည် "ခမည်းတော်က အရာရှိအားလုံးကို တစ်ချက်တည်းနဲ့ နှိမ်နင်းလိုက်တာလေ။ ဘယ်သူက ကန့်ကွက်ရဲမှာလဲ။"
"နန်းတွင်းမှာ ကန့်ကွက်သူ မရှိတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ သူတို့ကို ဖျက်ဆီးချင် တယ်ဆိုရင် အရင်ဆုံး သူတို့ကို ရူးသွပ်သွားအောင် လုပ်ရမယ်" ဟုန်ယွိ ခေါင်းညိတ်လိုက် သည်။ "အဲဒီ လင်ဖန်းယွမ်နဲ့ ယွမ်ရှင်းလန်တို့မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ ဒီကိစ္စကို ငါကိုယ်တိုင် စုံစမ်းရမယ်။"