အခန်း ၆၇၄
Vol. 65 Ch. 674
အခန်း (၆၇၄)။
မုကလေး၊ မြေခွေးမလေးများ၊ ရွှေပင့်ကူနှင့် အခြားသူများမှာ သူ၏ အားနည်းချက်များ ဖြစ်ကြသည်။ သူတို့သည် ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိကြသော်လည်း တကယ့် အစစ်အမှန် ပညာရှင်များနှင့် တွေ့ပါက တစ်ချက်တည်းနှင့် အသက်ပျောက်သွား နိုင်သူများ ဖြစ်ကြသည်။ ဟုန်ယွိသည် ဤအချက်ကို ကောင်းကောင်းသိသဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် သူက ပုံရိပ်ယောင်တံခါးကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်တံခါး၌ စိတ်ချင်း ဆက်သွယ်သတင်းပို့နိုင်သော စွမ်းရည် လည်း ရှိနေသည်။
ထိုသူများသည် အနည်းငယ်မျှသော အန္တရာယ်နှင့် ကြုံတွေ့ရသည်နှင့် သူတို့၏ ပုံရိပ်မှာ သူရဲကောင်းမှတ်တမ်း ပေါ်တွင် ချက်ချင်း ထွက်ပေါ်လာမည်ဖြစ်ပြီး သူတော်စင်ပေါင်းစုံ ခန်းမ တစ်ခုလုံးတွင် တောက်ပစွာ လင်းလက်လာမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပင်။
ဤသည်မှာ ရှေးဦးခေတ်၏ နံပါတ်တစ် မိစ္ဆာနတ်ဘုရား ဖြစ်သော ခုန်းကို ခုခံရန်အတွက် ပင်။
ယခင်က ခုန်း၏ ဆာဟာရတနာသစ်ပင်ကို ဟုန်ယွိက လုယူခဲ့စဉ်က ခုန်းသည် ဟုန်ယွိ၏ လက်အောက်ငယ်သားများနှင့် သူ၏ ပတ်ဝန်းကျင်ရှိ လူအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ အကယ်၍ ဟုန်ယွိသာ ကြိုတင်မကာကွယ်ထားပါက သူသည် လူအတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ဟုန်ယွိသည် မိမိ၏ အားနည်းချက်ကို သူတစ်ပါးက ခြိမ်းခြောက်လာမည်ကို မည်သည့် အခါမျှ အဖြစ်မခံပေ။
ထို့အပြင် သူသည် သူ၏လက်အောက်ငယ်သားများကို နတ်ဘုရားလေနိုင်ငံသို့ စေလွှတ် ကာ နိုင်ငံပေါင်းတစ်ရာနှင့် ဆက်သွယ်စေခဲ့ပြီး လော်ယွန်ကို မက်မွန်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်အောင် ကူညီခိုင်းခဲ့သည်။ ဤသည်မှာ ရန်သူကို အနက်ရှိုင်းဆုံးနေရာအထိ မျှားခေါ်ရန်နှင့် ခုန်းကို သူ၏လက်အောက်ငယ်သားများကို ဖမ်းဆီးစေကာ သူ့ကို ခြိမ်းခြောက်လာစေရန် အကွက်ဆင်ခြင်းလည်း ဖြစ်သည်။ ထိုအခါမှသာ ရန်သူကို ဒဏ်ရာရအောင်တိုက်ခိုက်ခြင်း၊ နှိမ်နင်းခြင်းနှင့် သူ၏ ရက်စက်မှုကို ချေဖျက်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကာ သူခိုးကို တစ်နေ့လုံး စောင့်ကြည့်နေရသည့် ဒုက္ခမှ ကင်းဝေးမည် ဖြစ်သည်။
သူခိုးခိုးသွားမှာကို မကြောက်သော်လည်း သူခိုးက ကိုယ့်ကို အမြဲမျက်စိကျနေမှာကိုတော့ ကြောက်ရသည်။
ဟုန်ယွိသည် ဤအချက်ကို အလွန်ပင် ရှင်းလင်းစွာ နားလည်ထားသည်။
မူလက သူသည် ယနေ့တွင် ကျွမ့်ယွမ်အသစ် လင်ဖန်းယွန်ကို သွားရောက်တွေ့ဆုံရန်နှင့် ယွမ်ရှင်းလန်ကို ကြည့်ရှုရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူတော်စင်ပေါင်းစုံခန်းမရှိ သူရဲကောင်းမှတ်တမ်းမှ ပုံရိပ်ယောင်လှိုင်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး စိတ်ချင်းဆက်သွယ်အချက်ပြမူ လှိုင်းများ ထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ ပေ။
သူသည် ခုန်းတစ်ယောက် မအောင့်နိုင်တော့ဘဲ ငါးစာကို ဟပ်လိုက်ပြီဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရောက်လာသူမှာ ခုန်း မဟုတ်ဘဲ ကောင်းကင်အပြင်ပနယ်မြေရှိ ဗဟိုကမ္ဘာမှ အခြားသော အကြီးစားပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေသည်။ ထို့အပြင် ထိုသူမှာ ခုန်းထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ပုံရပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် အဆုံးမရှိသော စစ်ပွဲအရှိန်အဝါများ ကိန်းအောင်းနေ၏။
ဤပုဂ္ဂိုလ်ကြီးမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ စစ်ပွဲအားလုံးကို ထိန်းချုပ်ထားနိုင်သော အရှိန်အဝါမျိုး ရှိနေသည်။
သူသည် ထိုအရှိန်အဝါမျိုးကို မည်သို့ ကျင့်ကြံခဲ့သည်မှာ မသိနိုင်ပေ။ ကျယ်ပြောလှသော ဤမဟာကမ္ဘာလောကအတွင်း၌ နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ပြီး စစ်အင်အားကို လက်ဝါး ကြီးအုပ်ထားသော ဟုန်ရွှန်ကျိတောင်မှ စစ်ပွဲအားလုံးကို ထိန်းချုပ်ကာ စစ်ပွဲ၏ မြစ်ဖျားခံ ရာဟု ဆိုရမည့် ဤသို့သော အရှိန်အဝါမျိုး မရှိပေ။
ဟုန်ယွိ သံသယဖြစ်မိသည်မှာ လူသန်းပေါင်း ရာနှင့်ချီကို ဦးဆောင်ကာ စစ်ပွဲများစွာ မတိုက်ခဲ့ပါက ဤမျှ ပြင်းထန်သော အရှိန်အဝါမျိုး ရှိရန် မဖြစ်နိုင်ဟုပင်။
ယခင်က အနောက်ဘက်ဒေသ မြေစစ်ပွဲတွင် လူသန်းပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်ကို ဟုန်ယွိ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ယခု ထိုသူ၏ စစ်ပွဲအရှိန်အဝါနှင့် ယှဉ်လိုက်ပါက ထိုစစ်ပွဲမှာ ပြောပလောက်စရာပင် မရှိတော့ပေ။
“ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာကပဲ တခြားနယ်မြေတွေကို စစ်တိုက်တဲ့အခါ ဒီလောက် ကျယ်ပြောတဲ့ စစ်ပွဲအရှိန်အဝါမျိုး ရှိနိုင်တာ။ ဒီမဟာကမ္ဘာလောကမှာတော့ ဒီလောက်အထိ လူဦးရေ မများဘူးလေ။”
ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရသည့် ခဏမှာပင် ရန်သူ၏ အင်အားအချို့ကို သဘောပေါက်သွားခဲ့သည်။
စစ်ဘက်ရေးရာဝန်ကြီး ဝတ်ဆင်ထားသော အနီတောက်တောက် ဝတ်စုံမှာ ပြိုင်ဘက်ကင်း ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်သည်။ ၎င်းမှာ ရွှေရောင်အင်မော်တယ်ဝတ်ရုံ သို့မဟုတ် အခြားသော နတ်ဘုရားချပ်ဝတ်များထက် အဆင့်အတန်း ပိုမြင့်မားသည်။
၎င်းမှာ ဗုဒ္ဓသင်္ကန်းနှင့်ပင် နှိုင်းယှဉ်နိုင်သော ‘စစ်ဝတ်ရုံ’ ဖြစ်၏။
စစ်ပွဲ၏ မြစ်ဖျားခံရာကို အုပ်ချုပ်ကာ စစ်ပွဲ၏ စီးဆင်းမှုကို ဆုပ်ကိုင်ထားနိုင်သည့်အပြင် လက်တစ်ဖက်ကို လှန်လိုက်ရုံဖြင့် မိုးသက်မုန်တိုင်းများကို ဆင့်ခေါ်နိုင်သော ဤပုဂ္ဂိုလ်ကြီး ၏ အရှိန်အဝါမှာ ဗုဒ္ဓသင်္ကန်းနှင့် မသိမသာ နှိုင်းယှဉ်နိုင်နေပြီ။
…
ဖောက်
သူ့ရှေ့တွင် ရှိနေသော စစ်ဝတ်ရုံမှာ အလွန်အစွမ်းထက်လှသော်လည်း သူတော်စင်ပေါင်း စုံခန်းမ၏ စွမ်းအားများကို သယ်ဆောင်ထားသော ဟုန်ယွိ၏ ဆက်တိုက်တိုက်ခိုက်မှုများ ကိုမူ ယှဉ်နိုင်ရန် ခဲယဉ်းနေသည်။
ဝတ်ရုံပေါ်တွင် အက်ကြောင်းသေးသေးလေးတစ်ခု ပွင့်သွားသည်နှင့် ဟုန်ယွိက ‘ကံကြမ္မာ ပြောင်းပြန်လှန်’ ဓားစွမ်းအင်ကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
ဓားစွမ်းအင် နှစ်ခုမှာ ‘ဖီ’ ဟေက်စ်ဇာဂရမ်နှင့် ‘ထိုက်’ ဟေက်စ်ဇာဂရမ်အဖြစ် ပေါင်းစပ် သွားရာ ၎င်းမှာ မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
“ဝိုး”
တောက်ပသော ဓားစွမ်းအင်မှာ စစ်ဝတ်ရုံ၏ အပေါက်ငယ်လေးထဲသို့ တိုးဝင်သွားပြီး အတွင်း၌ မီးတောင် ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲသွား တော့သည်။
အတွင်းရှိ မရေမတွက်နိုင်သော အစီအရင်များနှင့် စွမ်းအင်များ ပျက်စီးသွားပြီး စစ်ဘက် ရေးရာဝန်ကြီး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ ထိခိုက်သွားလေသည်။
ဘန်း...၊ စစ်ဘက်ရေးရာဝန်ကြီးသည် ထိုပေါက်ကွဲမှုနှင့် သောင်းကျန်းနေသော ဓားစွမ်းအင် များကို အစွမ်းကုန် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လတ်ဆတ်သော သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ လေထဲသို့ ပန်းထွက်သွားတော့၏။ သွေးစက်တိုင်းမှာ ကြည်လင်တောက်ပနေပြီး ကမ္ဘာပေါ်တွင် အလှပဆုံးသော သွေးပုလဲများကဲ့သို့ပင်။
သို့သော် ထိုသွေးစက်များမှာ အဆက်မပြတ် လှုပ်ရှားနေခြင်းမျိုး မရှိသေးရာ သူ၏ ခန္ဓာကိုယ်မှာ ‘သွေးတစ်စက်မှပြန်လည်မွေးဖွားနယ်ပယ်’ သို့ ရောက်ရန် ခြေတစ်လှမ်း လိုသေးပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အမြင့်ဆုံးအဆင့်သို့ မရောက်သေးခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသွေးများကို မြင်လိုက်သည်နှင့် ဤလူ၏ သိုင်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်အဆင့်မှာ ခုန်းနှင့် အဆင့်တူလောက် ရှိနိုင်ကြောင်း ဟုန်ယွိ သိလိုက်သည်။
“ဟုန်ယွိ၊ မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။”
စစ်ဘက်ရေးရာဝန်ကြီးသည် ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ဖြတ်ကျော်ကာ ဒေါသတကြီး ခုန်တက်လာသည်။ “ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ မရှိတာ ကြာပြီ။ ဒဏ်ရာရတဲ့ ခံစားချက်က တကယ်ကို ထူးဆန်းတာပဲ။”
လေးထောင့်ပုံစံ မျက်နှာပေါ်တွင် စစ်ဘက်ရေးရာဝန်ကြီး၏ မျက်လုံးများတွင် ရှေးခေတ်မှ ယနေ့အထိ နတ်ဘုရားများ၏ စစ်ပွဲများ၊ လူသားများ၏ စစ်ပွဲများ စသည့် စစ်ပွဲပေါင်းစုံ၏ ပုံရိပ်များ ပေါ်လွင်နေသည်။
ဟုန်ယွိ၏ ဆက်တိုက်တိုက်ကွက်များကြောင့် အငိုက်မိသွားပြီးနောက်၊ ယခု ဓားစွမ်းအင် ကြောင့် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာရသွားသောအခါ စစ်ဘက်ရေးရာဝန်ကြီးမှာ အဆုံး တွင် အကြီးအကျယ် ဒေါသထွက်သွားလေတော့သည်။
“ဒီနေ့ ကျုပ် ခင်ဗျားကို ဒဏ်ရာရအောင်ပဲ လုပ်မှာ မဟုတ်ဘူး... သတ်ပါ သတ်ပစ်ဦးမှာ။ ‘ထိုက်ကျိမူလစိတ်ဝိညာဉ်’၊ ‘ကံတရားမူလစိတ်ဝိညာဉ်’၊ ‘ထာဝရအမှောင်ည မူလ စိတ်ဝိညာဉ်’၊ ထိုက်ရှန်း မူလစိတ်ဝိညာဉ်၊ ထိုက်ရှီး မူလစိတ်ဝိညာဉ်၊ ထိုက်ချူ မူလ စိတ်ဝိညာဉ်၊ မူလစိတ်ဝိညာဉ်ကြီး ခြောက်ပါး စုစည်းပြီး ပုံဖော်စမ်း။”
ဟုန်ယွိသည် အခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင် ခြောက်သွယ်ကို ထုတ်ဖော်ကာ ကြီးကျယ်သော မူလစိတ်ဝိညာဉ် ခြောက်ပါးအဖြစ် ပြောင်းလဲလိုက်သည်။
သူ၏ ကိုယ်ပိုင်မူလစိတ်ဝိညာဉ်အပြင် သူတော်စင်ပေါင်းစုံ ခန်းမဆောင်၏ စွမ်းအားကို အသုံးပြု၍ မုန့်ရှန်းကျီ၏ မူလစိတ်ဝိညာဉ် ငါးပါးကိုပါ အတုယူ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဟုန်ယွိသည် မုန့်ရှန်းကျီနှင့် တိုက်ခိုက်စဉ်က အနည်းငယ် အထိနာခဲ့သော်လည်း သူရရှိခဲ့ သော အကျိုးကျေးဇူးများမှာမူ အလွန်ပင် ကြီးမားပါသည်။
ထို့အပြင် မုန့်ရှန်းကျီနှင့် တိုက်ခိုက်စဉ်ကလည်း နားလည်သဘောပေါက်မှုအပိုင်းတွင် အရှုံးပေးခဲ့ရသဖြင့် ယခုအခါ ၎င်းတို့ကို ပြန်လည်စုဆောင်းနေခြင်း ဖြစ်သည်။ သူသည် မုန့်ရှန်းကျီကို ပြန်လည်စိန်ခေါ်ရန် စောင့်ဆိုင်းနေစဉ် ယခု စစ်ဘက်ရေးရာဝန်ကြီးမှာ သူ၏ ဓားသွားကို စမ်းသပ်ရန် ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ဟုန်ယွိသည် မုန့်ရှန်းကျီနှင့် တိုက်ခိုက်ပြီးနောက် နားလည်လာခဲ့သမျှကို ယခုတစ်ကြိမ် တည်းတွင် အကုန်ထုတ်ပြလိုက်သည်။
သူတော်စင်ပေါင်းစုံခန်းမကို အခြေပြုထားသဖြင့် သူ၏ စွမ်းအင်များမှာ မည်သည့်အခါမျှ ခန်းခြောက်သွားမည် မဟုတ်ပေ။
“မူလစိတ်ဝိညာဉ် ခြောက်ခုတောင် ရှိတာလား။”
စစ်ဘက်ရေးရာဝန်ကြီးသည် ဟုန်ယွိကို သတ်ဖြတ်ပြီး သူ၏ အရှက်တရားကို ဆေးကြော ရန် ပြင်လိုက်သော်လည်း၊ ဟုန်ယွိ၏ မူလစိတ်ဝိညာဉ် ခြောက်ခုကို မြင်လိုက်ရသောအခါ သူ အလွန်ပင် ထိတ်လန့်သွားရသည်။ ထိုစိတ်ဝိညာဉ်များမှာ ကောင်းကင်ဘုံ၏ အလိုဆန္ဒ ကို ကိုယ်စားပြုနေသကဲ့သို့ မြေပြင်နှင့် ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
မူလစိတ်ဝိညာဉ် ခြောက်ခု... ဤလောကတွင် မည်သူမျှ ဤသို့ မဖန်တီးနိုင်ပေ။
“ဖရိုဖရဲ နတ်ဘုရားတူ။ မူလစိတ်ဝိညာဉ်တွေကို ဖျက်ဆီးပစ်စမ်း။ သူ့ကို သတ်ဖြတ်စမ်း” ထိုအချိန်တွင် စစ်ဘက်ရေးရာဝန်ကြီးသည် ဆုတ်ခွာရန် မဖြစ်နိုင်တော့သဖြင့် သူ၏ အစွမ်းကို အကုန် ထုတ်သုံးလိုက်ရတော့သည်။
သူသည် လက်ကို တူတစ်လက်ကဲ့သို့ ဆုပ်ကိုင်လိုက်ရာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် တူကြီးတစ်လက် ပေါ်လာပါသည်။ တူကြီးမှာ ကြယ်တာရာပေါင်းစုံ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ဖွဲ့စည်းထားသည်။
ဤသည်မှာ သူ၏ ပြိုင်ဘက်ကင်း ပညာရပ်ဖြစ်သော ‘“ဖရိုဖရဲ နတ်ဘုရားတူ’ ကြီးပင် ဖြစ်သည်။
ကြီးမားပြင်းထန်သော အရှိန်အဝါဖြင့် ထိုတူကြီးမှာ ဟုန်ယွိ၏ မူလစိတ်ဝိညာဉ် ခြောက်ခု ကို အပြင်းအထန် ရိုက်ချလိုက်တော့သည်။
“ထိုက်ရှန်း၊ ထိုက်ရှီး၊ ထိုက်ချူ၊ မူလစိတ်ဝိညာဉ် သုံးပါး၊ တစ်ခုတည်း ပေါင်းစပ်စမ်း။ ချိုးဖျက်လိုက်စမ်း။”
ဟုန်ယွိသည် ထိုတူကြီးကို ဂရုမစိုက်ဘဲ မူလစိတ်ဝိညာဉ် သုံးခုကို ပေါင်းစည်းပြီး၊ ပြန်လည် တိုက်ခိုက်လိုက်လေသည်။ ၎င်းမှာ မုန့်ရှန်းကျီက သူတော်စင်ပေါင်းစုံခန်းမ၏ အကာကွယ် ကို ချိုးဖျက်ရန် သုံးခဲ့သည့် နည်းလမ်းပင် ဖြစ်သည်။
ဘုန်း
မူလစိတ်ဝိညာဉ် သုံးခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး တစ်ချက်တည်းနှင့်ပင် ဖရိုဖရဲနတ်ဘုရားတူကြီးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ထိုက်ကျိမူလစိတ်ဝိညာဉ် မှာ စစ်ဘက်ရေးရာဝန်ကြီး ရှေ့သို့ ပြေးဝင်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
“ဟင်းလင်းပြင်၊ သူတော်စင်ပေါင်းစုံ၊ ကိုယ်ကျင့်တရား၊ ထာဝရတည်မြဲခြင်း။”
ထိုလက်ဝါးရိုက်ချက်တွင် စွမ်းအင်လေးမျိုး ပေါင်းစပ်ပါဝင်နေ၏။
“ကိုယ်ကျင့်တရားစွမ်းအင်တောင် ပါနေတာလား။ မင်းက...” စစ်ဘက်ရေးရာဝန်ကြီးသည် ကြီးမားသော ကိုယ့်ကျင့်တရားစွမ်းအင်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဤစွမ်းအင်မှာ ခေါင်းဆောင်ကြီး၏ အမြင့်ဆုံး စွမ်းရည်ဖြစ်သည်ကို သူသိသဖြင့် ဟုန်ယွိ မည်သို့ တတ်မြောက်နေသည်ကို သူ အံ့ဩသွားခြင်း ဖြစ်သည်။
သို့သော်လည်း ဤသည်မှာ သူ စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ သူ၏ လက်များကို လှုပ်ရှားလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာစေသည်။ “ဖရိုဖရဲ ကောင်းကင်ဘုံကိုးခု”
စစ်ဘက်ရေးရာဝန်ကြီး၏ ထူးခြားသော စွမ်းအင်မှာ လှိုင်းကိုးခုအဖြစ် ကွဲထွက်သွားပြီး ဟုန်ယွိ၏ လက်ဝါးရိုက်ချက်ကို ဆီးကြို တိုက်ခိုက်လိုက်သည်။
ထိပ်တန်းပညာရှင် နှစ်ဦး၏ လက်ဝါးချင်း တွေ့ဆုံလိုက်သောအခါ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် နတ်ပြည်နှင့် ငရဲပြည်သို့ သွားရာ လမ်းကြောင်းများ ပွင့်သွားသကဲ့သို့ အမည်းရောင် ဉမင်လမ်းကြောင်းကြီးများ ပေါ်လာတော့သည်။
ပြင်းထန်သော လေဟာနယ်မုန်တိုင်းကြီးမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားလေ သည်။
ဟုန်ယွိနှင့် စစ်ဘက်ရေးရာဝန်ကြီးတို့ တိုက်ခိုက်နေသော နေရာမှာ မက်မွန်တောကြီး၏ ဗဟိုချက် ဖြစ်သည်။ သူတို့နှစ်ဦးမှာ လေဟာနယ်အလွှာများအတွင်း၌ တိုက်ခိုက်နေကြ သော်လည်း ပြင်းထန်သော လေလှိုင်းကြီးများမှာ ဆူနာမီလှိုင်းကြီးကဲ့သို့ ထွက်ပေါ်လာကာ လူတစ်ရပ်စာမျှ ထူသော မက်မွန်ပင်များကို မြစ်ဖျားကအစ ဆွဲနှုတ်ပြီး ကောင်းကင်သို့ လွင့်စင်သွားစေသည်။
… …
“ဒီစစ်ဘက်ရေးရာဝန်ကြီးရဲ့ စွမ်းအင်က တကယ်ကို နက်နဲတာပဲ။ သူစွမ်းအင်ထဲမှာ စစ်ဘုရင်တစ်ပါးရဲ့ ဖရိုဖရဲအစွမ်းတွေ ပါနေတယ်။ ငါ့ရဲ့ ထိုက်ကျိမူလစိတ်ဝိညာဉ်တောင် ဒါကို မချိုးဖျက်နိုင်ဘူး။ ဒါဆိုရင်တော့ ခင်ဗျားကို အပြီးအပိုင် ချိပ်ပိတ်ရတော့မှာပဲ။”
ဟုန်ယွိ၏ စွမ်းအင်လေးမျိုးမှာ ရန်သူနှင့် တွေ့ဆုံလိုက်သည်နှင့် သူ၏ ထိုက်ကျိမူလ စိတ်ဝိညာဉ်မှာ တုန်ခါသွားသည်။ စစ်ဘက်ရေးရာဝန်ကြီး၏ စွမ်းအင်မှာ အမှန်တကယ် ထူးခြားသည်ကို သူ သိလိုက်ရ၏။
သို့သော် ဟုန်ယွိသည် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဤတိုက်ပွဲမှာ ရုတ်တရက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သူက တစ်ဆက်တည်း အဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။ မုန့်ရှန်းကျီကြောင့် သူခံစားခဲ့ရသော အရှုံးများကို ယခု စစ်ဘက်ရေးရာဝန်ကြီး၏ ခေါင်းပေါ် သို့ ပုံချနိုင်ရန် သူ အသင့်ပြင်ထား၏။ သူက ရန်သူကို မည်သို့ သောင်းကျန်းခွင့် ပေးမည် နည်း။
စစ်ဘက်ရေးရာဝန်ကြီးမှာ သန်မာသော်လည်း မုန့်ရှန်းကျီနှင့် ယှဉ်လျှင်မူ အဆင့်နှစ်ဆင့်မျှ နိမ့်ကျနေသေးသည်။ ထို့အပြင် သူ၏ ဝတ်ရုံမှာ သန်မာသော်လည်း ‘အင်မော်တယ် ကျောက်စာတိုင်’ နှင့် ယှဉ်နိုင်ရန် ဝေးစွပင်။
ရန်သူကို အသက်ရှူချိန် မပေးသရွေ့ သူ့အနေဖြင့် ရန်သူကို ချိပ်ပိတ်နိုင်မည်ဟု ဟုန်ယွိ ယုံကြည်ထားသည်။
“ထာဝရအမှောင်ည မူလစိတ်ဝိညာဉ်၊ ကံတရား မူလစိတ်ဝိညာဉ်၊ အလင်းနဲ့အမှောင် မန္တလာ... ချိပ်ပိတ်စမ်း”
ဂျိန်း…
အလင်းနှင့် အမှောင် မန္တလာ အစီအရင်မှာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ကျဆင်းလာ ပြီး စစ်ဘက်ရေးရာဝန်ကြီးကို ဝန်းရံသွားတော့သည်။ အစီအရင်မှာ တဖြည်းဖြည်း ကျုံ့ဝင် သထက် ကျုံ့ဝင်သွားလေတော့သည်။
စစ်ဘက်ရေးရာဝန်ကြီး၏ အစစ်မှန် စွမ်းအင်များအားလုံးမှာ အတွင်း၌ အေးခဲသွားပြီး သူသည် လှုပ်ရှား၍ပင် မရတော့သည့်အလား ဖြစ်နေသည်။ ပရမ်းပတာ ဖြစ်နေသမျှ အရာအားလုံးမှာလည်း ငြိမ်သက်သွားရ၏။
ကောင်းကင်အပြင်ပနယ်မြေ၏ အကြီးအကဲတစ်ဦးဖြစ်သော စစ်ဘက်ရေးရာဝန်ကြီးချုပ် ကို ဟုန်ယွိက အပြီးအပိုင် ချိပ်ပိတ်လိုက်နိုင်ပြီဟု ထင်ရပေသည်။
“ငါ့ကို ချိပ်ပိတ်မယ် ဟုတ်လား။ ဖန်ဆင်းအပေါင်း၊ အနန္တစကြဝဠာ၊ အသေးစား စကြာဝဠာ၊ အလယ်လတ် စကြာဝဠာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ဘယ်သူမှ ငါ့ကို မချိပ်ပိတ်ရဲဘူး”
ချိပ်ပိတ်ခံလိုက်ရသောအခါ စစ်ဘက်ရေးရာဝန်ကြီးမှာ အမှန်တကယ်ပင် အကြီးအကျယ် ဒေါသထွက်သွားလေတော့သည်။ သူသည် ဟုန်ယွိ၏ လက်အောက်ငယ်သားများနှင့် ဇနီးသည်ကို ဖမ်းဆီးပြီး ဟုန်ယွိကို ခြိမ်းခြောက်ရန် ဤမဟာကမ္ဘာလောကသို့ လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုမူ ဟုန်ယွိ၏ ချိပ်ပိတ်ခြင်းကို ခံလိုက်ရသည်။ ထို့အပြင် ဟုန်ယွိ၏ ပြင်းထန်သော တိုက်ကွက်များကြောင့် သူသည် အငိုက်မိသွားခဲ့ရရာ သူ၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်သွားရရှာသည်။
နောက်ဆုံးတွင် သူသည် သူ၏ အမြင့်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်လေပြီ။
ချိပ်ပိတ်ထားသော အစီအရင်အတွင်း၌ သူ၏ ခန္ဓာကိုယ်မှာ ဖောင်းကြွလာပြီး သူ၏ မျက်လုံးများအတွင်း၌ ဖရိုဖရဲ အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်နေ၏။ ရုတ်တရက် ဆိုသလိုပင် သာမန်အသေးစားကမ္ဘာများ၏ အကန့်အသတ်ကို ကျော်လွန်နေသည့် အလွန်ပင် အစွမ်းထက်သည့် အကန့််သတ်မဲ့ ကမ္ဘာငယ်လေးတစ်ခု ထွက်ပေါ်လာတော့ သည်။
“ဖရိုဖရဲစစ်ပွဲကမ္ဘာ၊ ဟင်းလင်းပြင်ထဲ ဆင်းသက်စမ်း။ ရန်သူကို သတ်ဖြတ်စမ်း”
ရုတ်တရက်ပင် ကျီရှန်းထျန်း၊ နဂါးသမီးတော်၊ ကောင်းကင်မြွေဘုရင်မနှင့် အခြားသူများမှာ သူတို့ရှေ့တွင် အရာအားလုံး ဖရိုဖရဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကြယ်တာရာများမှာ ဟင်းလင်းပြင်ထဲ၌ ရှိနေသကဲ့သို့ တဖျတ်ဖျတ် လင်းလက်လာ၏။ သို့သော် ထိုကြယ်ရောင်ကောင်းကင်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ပင် ဖရိုဖရဲ ဖြစ်နေ၏။ ထူးဆန်းသော လူ့ဘီလူးကြီးများစွာ ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော ထိုလူ့ဘီလူးကြီးများမှာ ကြယ်တာရာများကို တစ်လုံးပြီးတစ်လုံး ကောက်ယူကာ သူတို့၏ ရန်သူများကို ပစ်ပေါက် တိုက်ခိုက်နေကြသည်။ ထိုကြယ်ရောင်ကောင်းကင်ထဲတွင် အဆုံးမရှိသော စစ်ပွဲကြီးမှာ ဆက်လက်ဖြစ်ပွားနေတော့သည်။
အားလုံးမှာ ထိုတိုက်ကွက်၏ ပြင်းထန်လှသော စွမ်းအားကြောင့် တုန်လှုပ်သွားကြရသည်။
ဘုန်း…
ဟုန်ယွိ၏ ချိပ်ပိတ်ထားသော အစီအရင်မှာ တိုက်ရိုက် ပေါက်ကွဲပျက်စီးသွားတော့၏။
ဟုန်ယွိသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားပြီး သူ၏ စိတ်ဝိညာဉ်ကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ ‘အလင်းအမှောင် မန္တလာ’ မှာ လည်း မကြုံစဖူး ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း စစ်ဘက်ရေး ရာဝန်ကြီးက သူ၏ စွမ်းအင်များ၊ စိတ်ဆန္ဒများနှင့် ရတနာများကို ပေါင်းစပ်ကာ ‘ဖရိုဖရဲစစ်ပွဲကမ္ဘာ’ ကို ထုတ်ဖော်လိုက်သောအခါ ၎င်းမှာ အလွန်ပြင်းထန်သော ကမ္ဘာ တစ်ခု ဖြစ်သွားတော့သည်။
ထိုစစ်ပွဲကမ္ဘာမှာ စစ်ဘက်ရေးရာဝန်ကြီး၏ မူလစိတ်ဝိညာဉ်၊ စစ်ဝတ်ရုံတို့နှင့် ပေါင်းစပ် ထားခြင်းဖြစ်ပြီး ၎င်းမှာ ဟင်းလင်းပြင်အတွင်းရှိ ကမ္ဘာတစ်ခု၊ စကြဝဠာတစ်ခုသဖွယ်ပင်။
သို့သော် ‘ဖရိုဖရဲစစ်ပွဲကမ္ဘာ’ က သူ၏ အစီအရင်ကို ဖျက်ဆီးလိုက်သည့်တိုင် ဟုန်ယွိမှာ သူ၏ အစီအစဉ် အောင်မြင်သွားသည့်အလား သူ၏ မျက်လုံးများထဲတွင် မသိမသာ အပြုံး တစ်ခု ထွက်ပေါ်လာပါသည်။
သူသည် တုန်လှုပ်စရာကောင်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။
သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်ခွာသွားပြီး သူ၏ နဖူးအလယ်မှ တံဆိပ်ခတ်ထားသော ‘မိုးကြိုးရေကန်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ပျက်စီးနေသော ‘ထိုက်ကျိ မိုးကြိုး ရေကန်’ ပင် ဖြစ်လေသည်။
ထို‘ထိုက်ကျိ မိုးကြိုးရေကန်’ ကို အင်မော်တယ်ကျောက်စာတိုင်၏ တံဆိပ်များဖြင့် ချိပ်ပိတ် ထားခဲ့သော်လည်း ၎င်းမှာ အပြင်သို့ ထွက်လာသည်နှင့် တံဆိပ်များမှာ ကွာကျသွားပြီး ‘ထိုက်ကျိ မိုးကြိုး ရေကန်’ မှာ စတင်၍ ပြိုကွဲပျက်စီးလာတော့သည်။
ပြိုကွဲနေသော ‘ထိုက်ကျိမိုးကြိုး ရေကန်’ မှာ စစ်ဘက်ရေးရာဝန်ကြီးနှင့် တည့်တည့် မတ်မတ် သွားရောက် တိုးမိလေတော့သည်။
“ဒါ ဘာရတနာကြီးလဲ။” စစ်ဘက်ရေးရာဝန်ကြီးမှာ သူ၏ ‘ဖရိုဖရဲစစ်ပွဲကမ္ဘာ’ နှင့်အတူ ရှေ့သို့ တိုးဝင်လာရာမှ ပြိုကွဲနေသော ‘ထိုက်ကျိ မိုးကြိုးရေကန်’ နှင့် တိုက်ရိုက် တိုးမိသွားခြင်းပင်။
ဝုန်း…
သူ သတိမဝင်နိုင်သေးခင်မှာပင် ထိုအရာနှစ်ခုလုံးမှာ ပေါက်ကွဲသွားတော့သည်။
“မဟုတ်ဘူး”
ဖျက်ဆီးအား ပြင်းထန်လှသော ထိုပေါက်ကွဲမှုမှာ စစ်ဘက်ရေးရာဝန်ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝါးမြိုသွားပြီး သူသည် အသည်းယားဖွယ်ရာ အော်ဟစ်လိုက်ရရှာသည်။ ‘ထိုက်ကျိ မိုးကြိုးရေကန်’ ၏ ပေါက်ကွဲမှုမှာ သူ့ကိုပါ အမှုန့်ဖြစ်အောင် ချေမွဖျက်လိုက် ခြင်းပင်။
ဧရာမ ‘ဖရိုဖရဲစစ်ပွဲကမ္ဘာ’ မှာ သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ သူ၏ အသွေးအသား၊ စိတ်ဝိညာဉ်နှင့် မူလဝိညာဉ်များအားလုံး အရည်ပျော်သွားပြီး ‘ထိုက်ကျိ မိုးကြိုးရေကန်’ မှ ထွက်ပေါ်လာသော စွမ်းအင်များနှင့် ပေါင်းစပ်သွားတော့သည်။
သူ၏ စိတ်ဝိညာဉ်အစအနလေး တစ်ခုသာ ကျန်ရစ်တော့၏။
“ကောင်းတယ်၊ ဖရိုဖရဲစစ်ပွဲကမ္ဘာ... စစ်ပွဲတွေရဲ့ မြစ်ဖျားခံရာပေါ့။ ဒါဟာ ငါ့ရဲ့ ‘ထိုက်ကျိ မိုးကြိုးရေကန်’ ကို ပြန်လည်ပြုပြင်ဖို့အတွက် အကောင်းဆုံးပဲ။”
‘ထိုက်ကျိ မိုးကြိုး ရေကန်’ ပေါက်ကွဲမှုကြောင့် စစ်ဘက်ရေးရာဝန်ကြီးမှာ အပြင်းအထန် ဒဏ်ရာရသွားသည်။ ကြီးမားပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်တော့မည့် ဆဲဆဲ မှာပင် အင်မော်တယ်ကျောက်စာတိုင်၏ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ မှာ စက်လုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ‘ထိုက်ကျိမိုးကြိုး ရေကန်’ ပေါက်ကွဲမှုနှင့် စစ်ဘက်ရေးရာ ဝန်ကြီး၏ စွမ်းအင်များကို အတင်းအကျပ် ဝန်းရံကာ ချိပ်ပိတ်လိုက်လေသည်။
ထိုစွမ်းအင်လုံးကြီး နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေတော့သည်။