အခန်း ၆၇၅
Vol. 65 Ch. 675
အခန်း (၆၇၅)။
“ထိုက်ကျိ မူလစွမ်းအင်၊ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၊ ယင်ယန် ဖန်ဆင်းခြင်း၊ မှော်သင်္ကေတ သန်းပေါင်း ၄၈၀၊ ထာဝရရှင်သန်ခြင်း၊ ဖရိုဖရဲဖြစ်မူ၊ မူလစိတ်ဝိညာဉ် ဖျက်ဆီးခြင်း၊ ကောင်းကင်ဘုံကိုးခုနှင့် မြေကြီးကိုးသွဘ်၊ မူလအတိုင်း ပေါင်းစည်းခြင်း...”
အင်မော်တယ် ကျောက်စာတိုင်၏ မှော်သင်္ကေတများမှာ ပေါက်ကွဲသွားသော ‘ထိုက်ကျိ မိုးကြိုးရေကန်’ မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်များနှင့် အပြင်းအထန် ဒဏ်ရာရကာ သေလုမျောပါး ဖြစ်နေသော စစ်ဘက်ရေးရာဝန်ကြီး၏ မူလစွမ်းအင်များကို တင်းကျပ်စွာ ဝန်းရံထားလိုက်သည်။
မူလစွမ်းအင်လုံးကြီး နှစ်ခုမှာ မှော်သင်္ကေတများအတွင်း၌ အချင်းချင်း တိုက်ခိုက်နေကြပြီး စူးရှသော အော်ဟစ်သံများ၊ ငိုညည်းသံများနှင့်အတူ စစ်ပွဲ၊ ပရမ်းပတာဖြစ်မှု၊ သတ်ဖြတ် ခြင်း၊ အေးစက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ လှည့်ဖြားခြင်းနှင့် နက်နဲသိမ်မွေ့ခြင်း စသည့် အရှိန်အဝါများစွာ ထွက်ပေါ်နေသည်။
ဤသည်မှာ စစ်ဘက်ရေးရာဝန်ကြီး၏ ရူးသွပ်စွာ တုံ့ပြန်တိုက်ခိုက်မှုပင် ဖြစ်၏။ သေခါနီး အချိန်တွင် သူ၏ နောက်ဆုံး ရုန်းကန်မှုလည်း ဖြစ်သည်။
ခြေထောက်တစ်ဖက် ပြတ်နေသော ကင်းမြီးကောက်သည်ပင် နောက်ဆုံးအချိန်အထိ အဆိပ်ဖြင့် ထိုးသတ်တတ်သေးသည်။
ကောင်းကင်အပြင်ပနယ်မြေ၏ ထိပ်တန်းပညာရှင်ကြီး တစ်ဦးဖြစ်သော စစ်ဘက်ရေးရာ ဝန်ကြီးဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။
တရားမျှတစွာ ပြောရလျှင် သူ၏ အစွမ်းမှာ အမှန်တကယ်ပင် ထူးကဲလှပြီး လောကကြီးကို လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်မှာ ‘ခုန်း’ ၏ ခန္ဓာကိုယ်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည့် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီး ‘စစ်ပွဲ မူလ စိတ်ဝိညာဉ်’ ကိုပင် ကျင့်ကြံထားသူ ဖြစ်၏။
ဤကျင့်စဉ်အဆင့်မှာ ‘ခုန်း’ နှင့် အဆင့်တူနီးပါးပင်။ ‘ခုန်း’ ၏ သိုင်းဆန္ဒမှာ အထည်ကိုယ် ဒြပ်အသွင် စုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ထိုအဆင့်မှာ စိတ်ဝိညာဉ်ကို နတ်ဘုရားအဖြစ် သန့်စင်ပြီးသောအဆင့် ဖြစ်သည်။ အမှန်ဆို ‘ခုန်း’ သည် ‘ထာဝရအသက် တာအိုသစ်သီး’ ၏ တစ်ဝက်ကိုသာ စုပ်ယူထားရသေး၍ ဖြစ်သည်။ အကယ်၍ သူသာ ထိုတာအိုသစ်သီးတစ်ခုလုံးကို စုပ်ယူပြီး ‘ဆာဟာ ရတနာသစ်ပင်’ နှင့် ပေါင်းစပ်နိုင်ပါက ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်နှင့် ညီမျှသော ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွား ခြင်း’သို့ ရောက်ရှိသွားမည် ဖြစ်သည်။
“ဟုန်ယွိ၊ မင်းက ငါ့ကို တကယ်ကြီး မှော်ရတနာတစ်ခု သန့်စင်ချင်တာလား။”
“မင်းက လူပေါင်း ဆယ်ဘီလီယံရဲ့ စစ်ပွဲတွေကို ထိန်းချုပ်ပြီး လောကကြီးကို လွှမ်းမိုးထား တဲ့ ငါ့လိုလူမျိုးကို ရတနာတစ်ခုအဖြစ် သန့်စင်ချင်တယ်ပေါ့။”
“ဟုန်ယွိ... မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။”
စစ်ဘက်ရေးရာဝန်ကြီး၏ မူလစွမ်းအင်များမှာ ရုတ်တရက် စုစည်းလိုက်၊ ကွဲထွက်သွား လိုက် ဖြစ်နေပြီး သူ၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာကာ ဟုန်ယွိ၏ သန့်စင်မူကို ခုခံရင်း အပြင်သို့ ရုန်းထွက်ရန် ကြိုးစားနေတော့သည်။
သူကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ မူလစွမ်းအင် အနည်းငယ်မျှ လွတ်မြောက်သွားရုံဖြင့် ပြန်လည် ရှင်သန်နိုင်စွမ်း ရှိ၏။ သူသည် ယန်နတ်ဘုရား စိတ်ဝိညာဉ်ကဲ့သို့ပင် မသေနိုင်သော အခြေအနေမျိုး ရှိနေသည်။
“ဟုန်ယွိ... မင်း တကယ်ကြီး သူ့ကို ရတနာအဖြစ် သန့်စင်မလို့လား။ ဒီ... ဒီလူက အရမ်း ကြောက်ဖို့ကောင်းတာနော်။” ကျီရှန်းထျန်းက သူမ၏ လက်ချောင်းလေးများကို လှည့်ပတ်ရင်း မျက်လုံးလေးများကို ကလည်ကလည် ပုတ်ခတ်ကာ ပြောလိုက်ပါသည်။ ထို့နောက် သူမ၏ ရင်ဘတ်လေးကို လက်ဖြင့် ပုတ်လိုက်ရာ သူမ၏ ရင်သားလေးမှာ နှစ်ချက်ခန့် တုန်ခါသွားပြီး မျက်လုံးများထဲတွင်လည်း အကြောက်တရားများ ပြည့်နှက်နေ ၏။
ဤစကြဝဠာ၏ ထိပ်တန်းနေရာတွင် ရပ်တည်နေသော ပညာရှင်ကြီးတစ်ဦးကို ဟုန်ယွိက မှော်ရတနာတစ်ခု သို့မဟုတ် မှော်လက်နက်တစ်ခုအဖြစ် လုံးလုံးလျားလျား သန့်စင်ပစ်ရန် ကြိုးစားနေခြင်းမှာ မယုံနိုင်စရာပင်။ သာမန်အခြေအနေတွင် စစ်ဘက်ရေးရာဝန်ကြီးကို ဤသို့ ပြုလုပ်ရန် မဖြစ်နိုင်သလို သူ့ကို ဒဏ်ရာရအောင် လုပ်ရန်ပင် ခဲယဉ်းလှပေသည်။
“ငါ့ရဲ့ ထိုက်ကျိမိုးကြိုးရေကန်က မုန့်ရှန်းကျီနဲ့ တိုက်တုန်းက ပျက်စီးသွားခဲ့ပြီ။ စောစောက လည်း ပေါက်ကွဲပြီး အကုန် ပျက်စီးသွားပြီ။ တကယ်လို့ ငါသာ ဒီနေ့ သူ့ကို ရတနာအဖြစ် မသန့်စင်နိုင်ရင် ငါ့ရဲ့ ထိုက်ကျိမိုးကြိုးရေကန်ကို လုံးဝ ဆုံးရှုံးသွားရလိမ့်မယ်။ ငါ့ဘက်က လည်း ဆုံးရှုံးမူတွေ အများကြီး ရှိခဲ့တာပဲလေ။” ဟုန်ယွိက သူ၏ မူလစွမ်းအင်များကို ထိန်းညှိရန် အင်မော်တယ် ကျောက်စာတိုင်၏ မှော်သင်္ကတေများကို အစွမ်းကုန် အသုံးချ လိုက်သည်။ သူတော်စင်ပေါင်းစုံခန်းမမှ စွမ်းအင်များမှာ အဆုံးမရှိ စီးဆင်းလာပြီး တစ်ချိန် တည်းမှာပင် သူ၏ ပြင်းထန်သော စိတ်ဆန္ဒကိုလည်း အတွင်းသို့ ပို့လွှတ်လိုက်၏။
“ဟွန့်၊ ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားရဲ့ ကျင့်စဉ်က ရှစ်ကြိမ် မြောက် မိုးကြိုးကပ်ဘေးအဆင့်ပဲ ရှိသေးတာ။ ကျုပ်ခန္ဓာကိုယ်ကတော့ ‘‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းနယ်ပယ်’ အထိ ရောက်နေပြီ၊ ကျုပ်က ‘ထိုက်ကျိမူလစိတ်ဝိညာဉ်’ ကို တောင် ပုံဖော်ထားပြီးသား။ ခင်ဗျားရဲ့ စစ်ဝတ်ရုံက ကျုပ်ရဲ့ သူတော်စင်ပေါင်းစုံခန်းမကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။” ဟုန်ယွိ၏ စိတ်ဆန္ဒမှာ စစ်ဘက်ရေးရာဝန်ကြီးကို အပြင်းအထန် တုံ့ပြန်လိုက်ပြီး သူ၏အစွမ်းကို ထုတ်ဖော်လိုက်ပါသည်။ သူသည် ရန်သူ၏ စိတ်ဓာတ်ကို အမြစ်ကနေ ရိုက်ချိုးပစ်ချင်ခြင်း ဖြစ်သည်။
“ကျုပ်ကျင့်စဉ်အဆင့်က ခင်ဗျားထက် မြင့်တယ်၊ ကျုပ်နယ်ပယ်ကလည်း ခင်ဗျားထက် မြင့်တယ်။ ကျုပ်ရတနာကလည်း ခင်ဗျားထက် ဆယ်ဆလောက် ပိုအစွမ်းထက်တယ်။ အခု ခင်ဗျားကလည်း အပြင်းအထန် ဒဏ်ရာရထားပြီလေ။ ကျုပ်လက်ထဲက လွတ်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား။ လိမ္မာလိမ္မာနဲ့ ခင်ဗျားရဲ့ စွမ်းအင်အားလုံးကို ကျုပ်ကို ပေးလိုက် စမ်းပါ... အဲဒီဆိုရင် ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကိုတော့ ကျုပ် ချန်ထားပေးဦးမှာပါ။”
…
“ဟုန်ယွိ၊ မင်း အိပ်မက်ယောင်မနေနဲ့။”
“ဖရိုဖရဲစစ်ပွဲ။ ကောင်းကင်နဲ့မြေကြီး ပြိုလဲပျက်စီးခြင်း။ စစ်ပွဲအရှင်သခင်။ ကျုပ် အသွင် ပြောင်းတော့မယ်။ ကျုပ်ခန္ဓာကိုယ်ကို ကျုပ် အသွင်ပြောင်းလဲပစ်မယ်။ လေဟာနယ်နဲ့ အချိန်ကို ချေဖျက်စမ်း။ လောကမှာ ပြိုင်ဘက်ကင်းဖြစ်စမ်း။ ကိုးကိုးလုံး အထွက်အထိပ် စကြဝဠာသွေးဝိညာဉ်။”
ဟုန်ယွိ၏ စကားများကို ကြားရသောအခါ စစ်ဘက်ရေးရာဝန်ကြီးမှာ စိတ်ဓာတ်ကျမသွား သည့်အပြင် သူ၏ နောက်ဆုံး တိုက်ပွဲဝင်လိုစိတ်က ပို၍ပင် တောက်လောင်လာတော့ သည်။
ကောင်းကင်အပြင်ပနယ်မြေ၏ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သည့် သူသည် သူ့ဘဝတွင် အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက်လေပြီ။
သူ၏မူလစွမ်းအင်များ၊ ကျန်ရှိနေသော ရတနာများ၊ မူလစိတ်ဝိညာဉ်၊ သူ၏နယ်ပယ်နှင့် သူ၏ကမ္ဘာငယ်လေး အားလုံးမှာ အလံတစ်ခု၊ စစ်တပ်သုံး အလံကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားပါတော့သည်။
စစ်ဘက်ရေးရာဝန်ကြီးသည် မိမိကိုယ်ကို အလံတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ ၎င်းမှာ ဟုန်ယွိ၏ ‘ရွှေရောင် ပါရမီတာတံတား’ နှင့် ဆင်တူသော စစ်အလံကြီး ဖြစ်၏။ ထိုအလံထဲတွင် သူ၏ အစွမ်းများသာမက စစ်ပွဲနှင့် ပရမ်းပတာဖြစ်မှုတို့အပေါ် သူ၏ နားလည်သဘောပေါက်မှုများလည်း ကိန်းအောင်းနေသည်။
ထိုစစ်အလံကြီး ထွက်ပေါ်လာသည်နှင့်….
ကြီးမားသော တုန်ခါမှုလှိုင်းကြီး တစ်ခု ထွက်ပေါ်လာသည်။
အင်မော်တယ်ကျောက်စာတိုင်၏ တံဆိပ်များမှာလည်း မရပ်မနား တုန်ခါနေတော့၏။
“ဒုက္ခပဲ”
ကျီရှန်းထျန်း၊ နဂါးသမီးတော်၊ ချန်ယင်းရှာ၊ ကောင်းကင်မြွေဘုရင်မနှင့် လော်ယွန် တို့သည် စစ်အလံကြီး ပုံပေါ်လာသည်နှင့် ဟုန်ယွိမှာ အတော်လေး ရုန်းကန်နေရသည်ကို မြင်လိုက် ကြရသည်။ သူတော်စင်ပေါင်းစုံခန်းမမှ ထွက်ပေါ်နေသော အစစ်မှန် စွမ်းအင်များပင် တုန်ခါလာပြီး ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ချိပ်ပိတ်ထားသော အစီအရင်အတွင်းမှ စစ်အလံကြီးမှာ အလွန်တရာ ကြီးမားထင်ရှားလာပြီး စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်အလား ရှိနေသည်။
“ဒါ ဘယ်လို စစ်အလံကြီးလဲ။”
အားလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့၏ စွမ်းအင်အားလုံးကို စုစည်းကာ မမျှော်လင့်ဘဲ ဖြစ်လာနိုင်သည့် အခြေအနေကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုစစ်အလံကြီးမှာ နီရဲနေပြီး၊ အလံပေါ်တွင် ချိတ်၊ တူ၊ ဓားရှည်၊ ဆေဘာ၊ လှံ၊ ပုဆိန်၊ စစ်ရထားတို့နှင့် ဆင်တူသလိုလို ရှိသော်လည်း မည်သည့်လက်နက်နှင့်မျှ တိတိကျကျ မတူညီသော လက်နက်တစ်ခု၏ ပုံရိပ်ကို ရေးဆွဲထားသည်။ ဟုန်ယွိသည်ပင် ဤကဲ့သို့ သော လက်နက်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
ထိုစစ်အလံကို မြင်လိုက်ရသူ မည်သူမဆို စစ်ပွဲ၏ သဘောတရားကို အကုန်အစင် နားလည်သွားသကဲ့သို့ ခံစားလိုက်ရလိမ့်မည်။
တစ်ချိန်တည်းမှာပင် ထိုစစ်အလံပေါ်တွင် ရုန်းရင်းဆန်ခတ်မှု၊ စနစ်တကျရှိမှုနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကို ရှေ့သို့ တွန်းပို့နေသော ဘီးလုံးကြီးများ ပါဝင်နေသည်။
“စစ်ပွဲဆိုတာ လူသားမျိုးနွယ်ကို ဆင့်ကဲပြောင်းလဲမူကို ဖြစ်ပေါ်စေတယ်။ ရုန်းရင်းဆန်ခတ် မှု ရှိတဲ့နေရာတိုင်းမှာ စနစ်တကျရှိမှု ဆိုတာ ရှိလာတယ်။ ကောင်းကင်နဲ့ မြေကြီးကြားမှာ စစ်ပွဲကပဲ မသေမျိုး ဖြစ်တယ်။ မသေမျိုး စစ်အလံတော်... ချိုးဖျက်စမ်း”
စစ်ဘက်ရေးရာဝန်ကြီး၏ အသံမှာ ထိုစစ်အလံအတွင်းမှ ထွက်ပေါ်လာပါသည်။
ဝုန်း ဝုန်း
ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး မသေမျိုးသော စစ်ပွဲဘီးလုံးကြီးများ၏ လည်ပတ်သံမှာ ရပ်တန့်၍ မရသော သမိုင်းရေစီးကြောင်း ဘီးလုံးကြီးများကဲ့သို့ လူတိုင်း၏ နားထဲတွင် ဟိန်းဟောက်နေသည်။
အင်မော်တယ် ကျောက်စာတိုင်၏ မှော်သင်္ကေတများမှာ ကျယ်ပြန့်လာပြီး အက်ကြောင်း များ ထွက်ပေါ်လာရာ ချိပ်ပိတ်ထားသော အစီအရင်မှာ ပျက်စီးတော့မည့်အလား ရှိနေပါ သည်။ အင်မော်တယ် ကျောက်စာတိုင်မှာ ဧကရာဇ်ချန်ရှန်း ဖန်တီးခဲ့သော ရတနာတစ်ခု ဖြစ်သော်လည်း ငါးခုအနက် တစ်ခုတည်းသာ ရှိနေသောကြောင့် အစွမ်းမှာ များစွာ လျော့နည်းနေခြင်း ဖြစ်သည်။
ယခုအခါ စစ်ဘက်ရေးရာဝန်ကြီးသည် သူ၏ မူလစိတ်ဝိညာဉ်၊ ခန္ဓာကိုယ်၊ စစ်ဝတ်ရုံနှင့် သူ၏ ရတနာအားလုံးကို ‘မသေမျိုးစစ်အလံ’ အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ လူသားမျိုးနွယ်ကို ရှေ့သို့ တွန်းပို့နေသော စစ်ပွဲကြီးကို ကိုယ်စားပြုပြီး ပရမ်းပတာဖြစ်မှုမှ စနစ်တကျဖြစ်မူအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ရာ ထိုစစ်အလံသည် အင်မော်တယ် ကျောက်စာတိုင်၏ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ပေသည်။
မှန်ပါသည်... ဤ ‘မသေမျိုးစစ်အလံ’ ကို ဖန်တီးကာ အသည်းအသန် တိုက်ခိုက်လိုက်ပြီး နောက် စစ်ဘက်ရေးရာဝန်ကြီး၏ ကျင့်စဉ်အဆင့်မှာ အများကြီး ကျဆင်းသွားမည် ဖြစ်သ လို သူ၏ အစွမ်းမှာလည်း အလွန်အမင်း အားနည်းသွားလိမ့်မည်။ သို့သော် ဤသည်မှာ ရှင်ခြင်းသေခြင်းအတွက် အသက်လုနေရသည့် အချိန်ဖြစ်သဖြင့် ဟုန်ယွိ၏ ရတနာအဖြစ် သန့်စင်ခံရန် သူ မည်သို့မျှ အဖြစ်မခံလိုပေ။
“ဘယ်သူမှ... ဘယ်သူမှ ငါ့ကို ဒီလောက်အထိ မတွန်းအားပေးဖူးဘူး။”
ဖျစ်.. ဖျစ်…
စစ်ဘက်ရေးရာဝန်ကြီး၏ အသံကျယ်ကြီး ထွက်ပေါ်လာစဉ်မှာပင် အင်မော်တယ် ကျောက်စာတိုင်၏ ချိပ်ပိတ်မှုမှာ အက်ကွဲသွားပြီး မြေပြင်ပေါ်ရှိ ကြွေပန်းကန်များကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတော့သည်။
စစ်ဘက်ရေးရာဝန်ကြီးမှာ လွတ်မြောက်တော့မည်။
အကယ်၍ သူသာ လွတ်မြောက်သွားပါက ကောင်းကင်ယံမှာ ပျံသန်းပြီး ပင်လယ်ထဲမှာ ကူးခတ်သလို လွတ်လပ်သွားပေလိမ့်မည်။ ဟုန်ယွိသည်လည်း ပြိုင်ဘက်ကင်း ရတနာ တစ်ခုဖြစ်သော ‘ထိုက်ကျိမိုးကြိုးရေကန်’ ကို အလဟဿ ဆုံးရှုံးလိုက်ရပေတော့မည်။
ဤအရေးကြီးသော အချိန်တွင်…
ဟုန်ယွိ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ ပြတ်သားကာ တည်ငြိမ်အေးဆေးသွားပါသည်။ အလွန် တည်ငြိမ်နေခြင်းပင်။ သူသည် မြက်ခင်းလွင်ပြင်ကို ဖြတ်တိုက်သွားသော လေညင်း လေးကဲ့သို့၊ လှိုင်းလုံးများကို လှုပ်ခတ်စေသော ပင်လယ်လေပြည်ကဲ့သို့ပင်။ မည်သည့် သဲလွန်စမှ မကျန်သော နွေဦးအိပ်မက်တစ်ခုကဲ့နှင့်လည်း ဆင်တူလှသည်။
မုန့်ရှန်းကျီနှင့် တိုက်ခိုက်စဉ်က သူရရှိခဲ့သော နားလည်မှုများနှင့် ကျင့်စဉ်များမှာ ယခုအခါ အသုံးဝင်လာလေပြီ။
ကောင်းကင်အပြင်ပနယ်မြေမှ ထိုပညာရှင်ကြီးသည် သူ၏ အကွက်ထဲသို့ ကျဆင်းသွား သည့်ရတိုင် ဤမျှ ပြင်းထန်သော ပေါက်ကွဲအားကို ပိုင်ဆိုင်နေဦးမည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။ ထို့အပြင် စစ်ပွဲအပေါ် သူ၏ နားလည်မှုအရ ဖန်တီးလိုက်သော ‘မသေမျိုး စစ်အလံ’ မှာ ချိပ်ပိတ်မှုကို ချက်ချင်း ချိုးဖျက်နိုင်ခဲ့သည်။
သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သော်လည်း ဟုန်ယွိ၏ လက်ရှိစိတ်အခြေအနေ မှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူသည် ခံစားချက်အားလုံး ကင်းမဲ့နေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ အရာအားလုံးကို အေးအေးဆေးဆေးနှင့် စေ့စေ့စပ်စပ် ရင်ဆိုင်နေပါ သည်။
သူ၏ စိတ်အာရုံများက တွက်ချက်လိုက်ပြီး ကြီးမားသော မူလစွမ်းအင်များကို လှုံ့ဆော်လိုက်သည်။
“ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဖန်ဟွမ်ဟင်းလင်းပြင်ဓား၊ ဖန်ဟွမ်အချိန်ဓား၊ မြင့်မြတ်သော ကောင်းကင်ဘုံဆန္ဒ၊ စကြာဝဠာ၊ အချိန်၊ ဆေဘာသုံးလက်၊ ဓားသုံးလက်... ဖျက်ဆီးစမ်း” အတွေးတစ်ချက်ဖြင့်ပင် ထိုက်ကျိမိုးကြိုးရေကန်၏ ပေါက်ကွဲထွက်လာသော စွမ်းအင်များ မှာ မြင့်မြတ်သော နတ်ဘုရားဓားသုံးလက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်မှ သူတော်စင်ပေါင်းစုံခန်းမမှာ အပြင်သို့ ပြန်လည်ထွက်ပေါ်လာပြီး မုန့်ရှန်းကျီ အသုံးပြုခဲ့သော ‘ကောင်းကင်ဆန္ဒ’၊ ‘အချိန်’ နှင့် ‘စကြဝဠာ’ ဟူသည့် မြင့်မြတ်သော နတ်ဘုရားဆေဘာသုံးလက်အဖြစ် ပြောင်းလဲသွား တော့သည်။
မိုးကြိုးရေကန်၏ စွမ်းအင်များထဲတွင် မူလက ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ‘ဖန်ဟွမ် ဟင်းလင်းပြင်ဓား’ တို့ ပါဝင်သော်လည်း ‘အချိန်ဓား’ မှာမူ မပါဝင်ပေ။ သို့သော် ဟုန်ယွိ သည် အချိန်ဓားနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ၎င်းကို အကြမ်းဖျင်း ပုံဖော်နိုင်ပေသည်။
သူတော်စင်ပေါင်းစုံခန်းမမှ ပြောင်းလဲသွားသော ဆေဘာသုံးလက်မှာမူ ‘တိုင်ရှန်တာအို ဂိုဏ်း’ ၏ ဆေဘာများထက်ပင် ပို၍ အစွမ်းထက်လှသည်။
ဓားသုံးလက်နှင့် ဆေဘာသုံးလက်မှာ လေထုကို ဖြတ်သန်းကာ...
စစ်ဘက်ရေးရာဝန်ကြီး ပြောင်းလဲထားသော ‘မသေမျိုးစစ်အလံ’ ဆီသို့ ဦးတည် တိုက်ခိုက် လိုက်တော့သည်။
ထိုဓားသုံးလက်နှင့် ဆေဘာသုံးလက်မှာ ရှေးဦးခေတ်၏ အထင်ရှားဆုံးသော အဖွဲ့အစည်း နှစ်ခုကို ကိုယ်စားပြုနေသည်။ ‘တိုင်ရှန်တာအိုဂိုဏ်း’ နှင့် ဧကရာဇ်ချန်ရှန်း၏ ‘ထာဝရ အသက်တာအိုဂိုဏ်း’ တို့သည် ကမ္ဘာကြီးနှင့် ဟင်းလင်းပြင်နှင့် အချိန်တို့အပေါ် အနက်ရှိုင်း ဆုံး နားလည်ထားကြသူများ ဖြစ်သည်။ ထို့ပြင် ထိုအဖွဲ့အစည်းနှစ်ခုမှာ မီးနှင့်ရေကဲ့သို့ မတည့်ကြသူများလည်း ဖြစ်၏။
သို့သော် ယခုအခါ ဟုန်ယွိက ‘ပြောင်းလဲခြင်းကျမ်း’ ကို အသုံးပြု၍ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်းပင်။
သူ တိုက်ခိုက်လိုက်ပြီ။
ဝှူး... ဝှူး
စကြဝဠာတစ်ခုလုံးမှာ အရောင်များ ပြောင်းလဲသွားပြီး ထိုဓားများ၊ ဆေဘာများနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
“ကျုပ်ဆေဘာက လေဟာနယ်နဲ့ အချိန်ကို ဖြတ်တောက်တယ်။ ကျုပ်ဓားတွေက ဖြောင့်မတ်ခြင်း လမ်းစဉ်ကို ထိန်းချုပ်တယ်။”
ထိုခဏ၌ ကောင်းကင်နှင့် မြေကြီးကြားတွင် ဟုန်ယွိ၏ အသံထက် ပိုကျယ်သော အသံ မရှိတော့ပေ။
သို့သော်လည်း ဟုန်ယွိက စစ်ဘက်ရေးရာဝန်ကြီးကို အစွမ်းကုန် ဖိနှိပ်နေစဉ်မှာပင်၊ သူ၏ နောက်ကျောဘက်၌ ရှေးဦးခေတ်၏ ကြမ်းကြုတ်သော မျောက်ဝံကြီးတစ်ကောင်၏ ပုံရိပ်မှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက် လေတော့သည်။
ဟုန်ယွိ အကျပ်အတည်းဆုံး ဖြစ်နေသော ဤအရေးကြီးသည့် အချိန်တွင် ခုန်း ပေါ်လာလိမ့် မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ ဤနတ်ဘုရားသူခိုးမျောက်ဝံကြီးသည် ဟုန်ယွိ၏ လက်အောက်ငယ်သားများကို ပစ်မှတ်ထားရန် အချိန်အတော်ကြာကတည်းက ကြံစည် ထားပုံရသည်။
သို့သော်လည်း သူသည် အလွန်ပင် ကောက်ကျစ်သူ ဖြစ်၏။ ဟုန်ယွိသည် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သလို ချုံခိုတိုက်ခိုက်ရန်ပင် အကွက်ဆင်ထားသည်ကို သူသိ သဖြင့်၊ သူသည် အချိန်အတော်ကြာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး တိုက်ခိုက်ရန် အခွင့်ကောင်းကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ရှေးဦးခေတ်၏ နံပါတ်တစ် မိစ္ဆာနှင့် နတ်ဘုရားသူခိုးမျောက်ဝံကြီးမှာ အလွန်ပင် စိတ်ရှည် သည်းခံနိုင်စွမ်း ရှိပေသည်။
ယခုမူ သူသည် အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဟုန်ယွိက စစ်ဘက်ရေးရာ ဝန်ကြီးကို ဖိနှိပ်ပြီး ရတနာအဖြစ် သန့်စင်ရန် ကြိုးစားနေသည့် ဤအရေးကြီးသော အချိန် တွင်၊ သူသည် ဟုန်ယွိ၏ ဘေးနား၌ ရုတ်တရက် ပေါ်လာပြီး ဟုန်ယွိကို သတ်ဖြတ်ရန်နှင့် ဆာဟာရတနာသစ်ပင်ကို လုယူသွားခဲ့သည့်အတွက် ကလဲ့စားချေရန် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်။
ဤကဲ့သို့သော အကွက်ချမှု၊ ဤကဲ့သို့သော သည်းခံနိုင်စွမ်း၊ ဤကဲ့သို့သော နည်းပရိယာယ်နှင့် အချိန်အခါကို အတိအကျ ဆုပ်ကိုင်နိုင်မှုတို့မှာ တစ်လောကလုံးတွင် ဤ ‘မျောက်ဝံကြီး’ တစ်ကောင်တည်းသာ ရှိပေလိမ့်မည်။
အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာနေပါပြီ။
အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးလှပေသည်။
နှောင့်နှေးနေရန် အချိန်မရှိတော့ပေ။
ရှေးဦးခေတ် ကြမ်းကြုတ်သော မျောက်ဝံကြီး ခုန်းသည် ဟုန်ယွိ၏ နောက်ကျောဘက်တွင် ပေါ်လာပြီး လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်သောအခါ၊ ဟုန်ယွိသည်လည်း သူ၏ ဘဝတွင် တစ်ခါမျှ မကြုံဖူးသေးသော ကြီးမားသည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ဤအန္တရာယ် မှာ သူသည် ကြီးမြတ်သော ဖန်ဆင်းရှင် ခုနစ်ဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်က ထက်ပင် မလျော့နည်းပေ။
သို့သော်လည်း သူ၏ စိတ်ခံစားချက်မှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
သူ၏ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ပျက်စီးသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ သော်လည်း သူသည် လုံးဝ တည်ငြိမ်နေဆဲပင်။ ဤခဏ၌ စကြဝဠာတစ်ခုလုံးတွင် ခံစားချက်များ ရှိနေနိုင်သော်လည်း သူတစ်ဦးတည်းသာ ခံစားချက် ကင်းမဲ့နေသကဲ့သို့ ရှိနေ၏။
“ဆေဘာသုံးလက်၊ ဓားသုံးလက်၊ ငါ့ရဲ့ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်တွေ ဖြစ်လာစမ်း။ စကြဝဠာကို လှည့်ပတ်၊ စကြဝဠာကို ရွှေ့ပြောင်း၊ ပျက်စီးခြင်းထဲကို ဝင်ရောက်စမ်း။”
ဝှူး…
‘မသေမျိုး စစ်အလံ’ ကို တိုက်ခိုက်နေသော ဆေဘာ သုံးလက်နှင့် ဓားရှည်သုံးလက်တို့ သည် ဟုန်ယွိ၏ ခန္ဓာကိုယ်၊ အင်မော်တယ် ကျောက်တိုင် တို့နှင့်အတူ လုံးဝ ပျောက်ကွယ် သွားတော့သည်။ သူတို့၏ စွမ်းအားအားလုံးမှာ ဖုံးကွယ်သွားပြီး ဟုန်ယွိသည် ထိုနေရာတွင် တစ်ခါမျှ ရှိမနေခဲ့သည့်အလား ဖြစ်သွား၏။
ဘုန်း….
ချိပ်ပိတ်မှုမှ လွတ်မြောက်သွားသော စစ်ဘက်ရေးရာဝန်ကြီး ၏ ‘မသေမျိုး စစ်အလံ’ မှာ ဟုန်ယွိ ရှိခဲ့သော နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ခုန်း၏ ရုတ်တရက် တိုက်ခိုက်မှုမှာလည်း သူ၏ စွမ်းအင်များ၊ သိုင်းဆန္ဒများနှင့် ရုပ်ပိုင်းဆိုင်ရာ အစွမ်းအားလုံးကို စုစည်းကာ ဟုန်ယွိ ရှိခဲ့သည့် နေရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
စကြဝဠာ၏ ထိပ်တန်းပညာရှင်ကြီး နှစ်ဦး၊ နတ်ဘုရားကြီးများ၊ အင်မော်တယ်များ၊ သူတော်စင်ကြီးများ၊ သူတို့နှစ်ဦးလုံးမှာ တစ်ချိန်တည်းမှာပင် ဟုန်ယွိကို သတ်ရန် ကြိုးစား ခဲ့ကြသော်လည်း ဟုန်ယွိမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့၏ အစွမ်းအားလုံးမှာ ဟုန်ယွိ ပျောက်ကွယ်သွားသည့် နေရာ၌ တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကြလေတော့သည်။
ယခုအခါတွင် အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားလေပြီ။ ၎င်းမှာ ခုန်းနှင့် စစ်ဘက် ရေးရာဝန်ကြီးတို့ အချင်းချင်း အစွမ်းကုန် တိုက်ခိုက်မိကြခြင်းပင်။ သေခြင်းရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲကြီးသဖွယ် ဖြစ်သွားတော့သည်။
ပြင်းထန်လှသော ထိတွေ့မှုနှင့်အတူ သူတို့နှစ်ဦးလုံး၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများမှာ ပေါက်ကွဲထွက်လာ၏။ ထိမိလိုက်သည့် ခဏမှာပင် သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် “ဒုက္ခပဲ” ဟူသော စကားလုံးကို တစ်ပြိုင်နက် ခံစားလိုက်ရ၏။
သို့သော်လည်း အလွန်ပင် နောက်ကျသွားခဲ့လေပြီ။
ဤအခြေအနေသို့ ရောက်ရှိနေချိန်တွင် သူတို့၏ အစွမ်းများကို ပြန်လည်ရုပ်သိမ်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။