← Chapters

အခန်း ၆၇၇

Vol. 65 Ch. 677

အခန်း ၆၇၇

Vol. 65 Ch. 677

အခန်း (၆၇၇)။

“ငါတို့ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မိုင်တစ်ထောင် မက်မွန်ဥယျာဉ် ကြီးတော့ ပျက်စီးသွားပါပြီ။ ဒီတစ်ခါ ငါတို့အရှုံးက တကယ်ကြီးလွန်းတယ်...”

အရာအားလုံးမှာ ပြန်လည်ငြိမ်သက်သွားခဲ့လေပြီ။ စစ်ဘက်ရေးရာဝန်ကြီးကို နှိမ်နင်းနိုင်ခဲ့ သလို ခုန်းကိုလည်း ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့သည်။ ဟုန်ယွိနှင့် ကျန်ရှိသူများ မှာ လင်ယွန်ဆောင်သို့ ပြန်လည်ရောက်ရှိလာကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်နေသော်လည်း၊ ကျယ်ပြောလှသော မိုင်ထောင်ချီ မက်မွန် ဥယျာဉ်မှာမူ နေရာအနှံ့ ပျက်စီးနေပြီး သက်သေအဖြစ် ကျန်ရစ်ခဲ့လေသည်။ အချို့နေရာ များတွင် မြေအောက်ရေများ ပွင့်ထွက်လာပြီး အိုင်ကြီးများပင် ဖြစ်ပေါ်နေခြင်းက စောစော က တိုက်ပွဲမှာ မည်မျှပြင်းထန်ခဲ့ကြောင်း ဖော်ပြနေတော့သည်။

ပျက်စီးသွားသော မက်မွန်ဥယျာဉ်ကို ကြည့်ရင်း လော်ယွန်က ထိုသို့ ညည်းညူလိုက်ခြင်း ဖြစ်ပါသည်။

“အသတ်ခံလိုက်ရတဲ့ စစ်ဘက်ရေးရာဝန်ကြီးနဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှ မပြောလောက် ပါဘူး” ဟုန်ယွိက ပြန်ပြောလိုက်သည်။ သူ စကားပြောနေစဉ် လော်ယွန်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ၊ သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်မှာ လှုပ်ခတ် သွားသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထူထပ်လှသော ‘သံယောဇဉ်အမျှင်’ များစွာ ဝန်းရံနေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ ယွမ်ရှန်းရှန်းထံမှ ထွက်ပေါ်လာသော သံယောဇဉ်အမျှင်များထက်ပင် ပို၍ များပြားနေသေးသည်။

သူ အံ့အားသင့်သွားရ၏။ လွန်ခဲ့သော ငါးနှစ်ခန့်က ပညာရှင်တစ်ဦးအသွင်ဖြင် ပေါ်လာခဲ့ သော ဤကျန်းနန်မင်းသမီး လော်ယွန်သည်ပင် သူ၏ဝိညာဉ်နှင့် မူလစိတ်ဝိညာဉ်ထံသို့ သံယောဇဉ်အမျှင်များ အမှန်တကယ်ပင် ရစ်ပတ်နေခဲ့သည်ကို သူ သိလိုက်ရသည်။

ထိုမျှမကသေး၊ ထိုနေရာရှိ အမျိုးသမီးများအနက် ချန်ယင်းရှာမှာ သူ၏ ဇနီးဖြစ်သဖြင့် သူမ၏ သံယောဇဉ်အမျှင်မှာ အဆုံးမရှိသော ကွန်ရက်တစ်ခုသဖွယ် ဖြစ်နေသည်။

နဂါးသမီးတော် အောင်းလွမ်တွင်မူ သံယောဇဉ်အမျှင် တစ်ခုမျှသာ ရှိသည်။ ယွမ်ရှန်းရှန်း ကဲ့သို့ပင် သူမသည်လည်း ဟုန်ယွိအပေါ် တစ်ခါတစ်ရံ စိတ်ကူးယဉ်တတ်သည့် ခံစားချက် မျိုး ရှိနေခြင်း ဖြစ်သည်။

ကျီရှန်းထျန်းကမူ ရိုးသားဖြူစင်ပြီး လှည့်ဖြားတတ်သည့် အမူအရာလေး ရှိသော်လည်း သူမတွင် မည်သည့် အချစ်ခံစားချက်မျှ မရှိပေ။

ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများမှာ နူးညံ့သည်ဟု ထင်ရသော်လည်း လှည့်ဖြားမှု များဖြင့် ပြည့်နှက်နေ၏။ သူမ၏ စိတ်ထဲတွင် အသုံးချခြင်း၊ အသုံးချခံရခြင်းနှင့် အကျိုး စီးပွားချင်း ဖလှယ်ခြင်းတို့သာ ရှိပြီး မည်သည့် အချစ်မေတ္တာမျှ မရှိချေ။

တစ်ဖက်တွင်မူ မုကလေးနှင့် ချန်ယင်းရှာတို့မှာ အတူတူပင် ဖြစ်သည်။ သူတို့၏ သံယောဇဉ်အမျှင်များမှာ ကွန်ရက်တစ်ခုကဲ့သို့ ထူထပ်စွာ ရစ်ပတ်နေကြ၏။

မြေခွေးမလေး သုံးဦးမှာမူ အလွန်ပြင်းထန်သော သံယောဇဉ်များဖြင့် ပြည့်နှက်နေသော် လည်း ယောက်ျားနှင့် မိန်းမကြားရှိသော အချစ်မျိုး မဟုတ်ပေ။

ရွှေပင့်ကူ၏ အကြည့်များတွင်မူ မိစ္ဆာစွမ်းအင်များသာ ရှိသည်။ သူမသည် စားသောက်၊ ပျော်ပါးပြီး ဆူဆူညံညံ လုပ်နေတတ်သူ ဖြစ်သည်။ သူသည် ကျီရှန်းထျန်းကို အနိုင်ကျင့် ချင်နေသော်လည်း မဝံ့မရဲ ဖြစ်နေကာ ယောက်ျားနှင့် မိန်းမကြားရှိသော ခံစားချက်ဆို သည်မှာ ဘာမှန်းပင် မသိသေးပေ။

“တာအိုဆိုတာ သံယောဇဉ် ကင်းမဲ့သလို သံယောဇဉ်လည်း ရှိတယ်... သံယောဇဉ်မျှင်တန်း များ... ချိပ်ပိတ်စမ်း”

အတွေးတစ်ချက်ဖြင့်ပင် သူသည် အမျိုးသမီးများထံမှ ထွက်ပေါ်နေသော သံယောဇဉ်မျှင် တန်းအားလုံးကို ချိပ်ပိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မူလစိတ်ဝိညာဉ်မှာ လောကီအညစ်အကြေးများ ကင်းစင်သွားပြီး ကြည်လင်သော ကောင်းကင်ယံရှိ တောက်ပ သော နေမင်းကြီးကဲ့သို့ အဆုံးမဲ့ သန့်စင်မှုကို ခံစားလိုက်ရသည်။

‘အစွန်းရောက် စိတ်ခံစားချက်မဲ့ခြင်း’ နယ်ပယ်က ဘာလို့ ဒီလောက် ဆွဲဆောင်မှု ရှိနေလဲ ဆိုတာ မဆန်းတော့ပါဘူး။ သံယောဇဉ်မျှင်တွေကို ချိပ်ပိတ်လိုက်တာဟာ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို ဆေးကြောသလိုပဲ၊ အနှောင်အဖွဲ့တွေ ကင်းစင်ပြီး စိတ်က လွတ်လပ်ပေါ့ပါးသွားကာ ကောင်းကင်တာအိုနဲ့ တစ်သားတည်း ဖြစ်သွားစေတာကိုး။”

ခဏတာအတွင်းမှာပင် ဟုန်ယွိသည် အမျိုးသမီးအားလုံး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ် အမျှင်တန်းများကို ထိုးထွင်းသိမြင်သွားခဲ့သည်။ ဟုန်ယွိသည် တိုင်ရှန်တာအို၏ ခံစားချက် ကင်းမဲ့သော သဘောတရားနှင့် ထာဝရအသက်တာအို၏ သံယောဇဉ်ကြီးမားသော သဘောတရားတို့ကို ပိုမိုနက်နဲစွာ နားလည်သွားခဲ့ရသည်။

သူ၏ ရင်ထဲတွင် ဖော်ပြရခဲသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုခံစားချက်မှာ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှ၏။ တစ်ခုခုကို နားလည်သွားသလို ရှိသော်လည်း မရေမရာ ဖြစ်နေဆဲပင်။

နောက်ဆုံးတွင် ဟုန်ယွိသည် ထိုအကြောင်းများကို ဆက်မစဉ်းစားတော့ဘဲ ထိုက်ကျိ မိုးကြိုးရေကန်ကို ပြန်လည်သန့်စင်ရန်သာ အာရုံစိုက်လိုက်တော့သည်။ ယခုတစ်ကြိမ်တွင် သူရရှိခဲ့သော အကျိုးကျေးဇူးများမှာ အလွန်ပင် များပြားလှသည်။ အမှန်တော့ အင်မော်တယ် ကျောက်စာတိုင်ကို ရရှိခဲ့ခြင်း၊ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် ကို သတ်ဖြတ်နိုင်ခဲ့ခြင်းနှင့် မုန့်ရှန်းကျီနှင့် တိုက်ခိုက်ခဲ့ခြင်းတို့ထက်ပင် ယခုရရှိသော အကျိုးကျေးဇူးများက ပို၍ ကြီးမားနေသေးသည်။

သူသည် မျောက်ဝံကြီး ခုန်းကို ဖမ်းဆီးရန် ငါးစာချခဲ့ခြင်း ဖြစ်သော်လည်း ခုန်းကို မဖမ်းမိဘဲ ခုန်းထက်ပင် ပို၍ ကြီးမားသော ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဆီများလွန်း၍ အော့နှလုံးနာစရာ ကောင်းလောက်အောင် ကြီးမားလှသော ဝေလငါးကြီး တစ်ကောင်နှင့်ပင် တူလှတော့၏။

မသေမျိုး စစ်အလံသည် ဆာဟာရတနာသစ်ပင်၊ ဇမ္ဗူအစီအရင်နှင့် ဘိုးဘေးနဂါးတို့ကို လုံးဝ ကျော်လွန်နေပြီ။ မသေမျိုးစစ်အလံသည် ထိပ်တန်း လက်နက်ဘုရင် သုံးပါးမှလွဲလျှင် နံပါတ်တစ် ရတနာ ဖြစ်လာခဲ့လေပြီ။

ထိုလက်နက်ဘုရင် သုံးပါး၏ အောက်တွင် မသေမျိုး စစ်အလံသည် အသန်မာဆုံးပင်။

ယခုအခါ ဟုန်ယွိသည် ၎င်းကို အသုံးပြု၍ ထိုက်ကျိ မိုးကြိုးရေကန်ကို အပြီးသတ် သန့်စင် ရန် ကြံရွယ်ထားရာ၊ မည်မျှအထိ တုန်လှုပ်စရာကောင်းသော ရတနာကြီးတစ်ခု ထွက်ပေါ် လာမည်ကို သူ သိချင်နေမိသည်။ ထိုက်ကျိ မိုးကြိုးရေကန်နှင့် မသေမျိုး စစ်အလံတို့ ပေါင်းစပ်သွားပြီးနောက် မည်သို့သော ထူးခြားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဟုန်ယွိသည် သူ၏ စိတ်ကူးများကို တည်ငြိမ်စေလိုက်သည်။ သူတော်စင်ပေါင်းစုံခန်းမနှင့် အင်မော်တယ် ကျောက်စာတိုင်တို့ကို အသုံးပြု၍ မူလစွမ်းအင်လုံးကြီး နှစ်ခုကို ဝန်းရံကာ စတင်၍ သန့်စင်လိုက်လေတော့သည်။

“ဟင်းလင်းပြင်နဲ့ အချိန်တွေ ရွှေ့ပြောင်းစမ်း၊ ယင်နဲ့ယန် မညီမျှအောင် လုပ်စမ်း၊ အဋ္ဌဂံပုံရိပ်ပြ မြစ်မြေပုံ၊ တောင်တန်းနဲ့ မြစ်၊ နေနဲ့လ၊ ရေအိုင်နဲ့ ပင်လယ်၊ စစ်ပွဲနဲ့ ပရမ်းပတာဖြစ်မှု၊ စနစ်တကျရှိမှုနဲ့ ယဉ်ကျေးမှု၊... ဖျက်ဆီးခြင်းနဲ့ ထာဝရ တည်မြဲခြင်း၊ သေခြင်းရှင်ခြင်း ကင်းစင်ခြင်း... အဆုံးမဲ့ သေခြင်းနဲ့ ရှင်ခြင်း၊ ပြောင်းလဲစမ်း၊ ပြောင်းလဲ စမ်း၊ ပေါင်းစပ်စမ်း... အနန္တထိုက်ကျိ၊ ပေါင်းစပ်လိုက်စမ်း”

ဟုန်ယွိ၏ လက်ဟန်များနှင့် ပြင်းထန်သော အတွေးစများအောက်တွင် မူလစွမ်းအင်လုံး ကြီးများမှာ လူးလွန့်လာပြီး ထိုက်ကျိ မိုးကြိုးရေကန် တစ်ခုအဖြစ် တစ်ဖန် ပြန်လည် ပေါ်ထွက်လာတော့သည်။

သို့သော်လည်း ဤထိုက်ကျိ မိုးကြိုးရေကန်မှာမူ ယခင်တစ်ခုနှင့် အလွန်ပင် ကွာခြားခဲ့ပြီ။ ပုံသဏ္ဌာန်သာမက သဘောတရားအရပါ လုံးဝ ပြောင်းလဲသွားခြင်း ဖြစ်၏။

...

ကျယ်ပြောလှသော မိုးကြိုးရေကန်ကြီးမှာ စတင်၍ ပုံပေါ်လာပြီး ‘စစ်ပွဲ’ နှင့် ‘ပရမ်းပတာ ဖြစ်မှု’ အရှိန်အဝါများမှာ နေရာအနှံ့ ပျံ့နှံ့သွားပါသည်။ မူလက တည်ငြိမ်နေသော မိုးကြိုး ရေကန်အတွင်း၌ တိုက်ပွဲအမျိုးမျိုးမှာ အချိန်တိုင်း နေရာတိုင်း ဖြစ်ပွားနေပြီး၊ ကမ္ဘာဦးက တည်းက ရှိနေခဲ့သော အဆုံးမဲ့ တိုက်ပွဲအနှစ်သာရများကို ပြသနေတော့သည်။

ထိုက်ကျိ မိုးကြိုးရေကန်၏ မူလစွမ်းအင်များသည် မသေမျိုးစစ်အလံနှင့် ပေါင်းစပ်သွားပြီး မိုးကြိုးလှိုင်းများကြားတွင် ပြိုင်ဘက်ကင်း နတ်ဘုရား သန္ဓေသားတစ်ခုကို ပြန်လည် ဖန်တီးနေသကဲ့သို့ ရှိနေသည်။

မူလက ထိုက်ကျိ မိုးကြိုးရေကန်သည် မုန့်ရှန်းကျီဖန်တီးခဲ့သည့် ‘ထိုက်ကျိ မိုးကြိုးနဂါး’ မျိုး သက်ရှိများကိုသာ မွေးဖွားပေးနိုင်ခဲ့သော်လည်း ယခုမူ စစ်အလံ၏ အရှိန်အဝါကြောင့် ထိုက်ကျိ မိုးကြိုးနဂါးများကို ထပ်မံ၍ မွေးဖွားလာနိုင်တော့မည် မဟုတ်ပေ။ မသေမျိုး စစ်အလံပေါ်ရှိ စစ်ပွဲအရှိန်အဝါများက ထိုက်ကျိမိုးကြိုးနဂါးများ ဖြစ်တည်မှုကို လုံးလုံး လျားလျား ချေဖျက်လိုက်ခြင်းပင် ဖြစ်သည်။

ထိုက်ကျိမိုးကြိုးရေကန်သည် ထိုက်ကျိမိုးကြိုးနဂါးများထက်ပင် ပို၍ အစွမ်းထက်သော တည်ရှိမူတစ်ခုကို မွေးဖွားပေးလိုခြင်း ဖြစ်သည်။

ယခု မွေးဖွားလာမည့် မိုးကြိုးရေကန်၏ အစောင့်အရှောက်မှာ ထိုက်ကျိ မိုးကြိုးနဂါးထက် အဆပေါင်းများစွာ ပိုမိုသန်မာပေလိမ့်မည်။ ရုပ်သေးရုပ်များအကြောင်း ပြောရလျှင် သခင်လေးရှူ ဖန်တီးခဲ့သော ပျက်သုဉ်းခြင်းနတ်ဘုရားမှာ အသန်မာဆုံးပင်။ ထိုပျက်သုဉ်း ခြင်းနတ်ဘုရားမှာ ဖန်ဆင်းရှင်များထက်ပင် ပို၍ အစွမ်းထက်သည့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ မုန့်ရှန်းကျီ၏ မီးလျှံနဂါးကိုးကောင်နှင့် ဟုန်ယွိ၏ ထိုက်ကျိ မိုးကြိုးနဂါး တို့ ပူးပေါင်းလျှင်ပင် ပျက်သုဉ်းခြင်းနတ်ဘုရားကို ယှဉ်နိုင်မည် မဟုတ်ပေ။ အမှန်တကယ် ဆို ၎င်းတို့ကို လက်သီးတစ်ချက်တည်းနှင့်ပင် သတ်ပစ်နိုင်သည်။

သို့သော် ယခုအခါ ပြိုင်ဘက်ကင်း စစ်အလံနှင့် ထိုက်ကျိ မိုးကြိုးရေကန်တို့ ပေါင်းစပ်သွားခဲ့ ပြီဖြစ်ရာ၊ ရေကန်အတွင်း၌ အစောင့်အရှောက် တစ်ဦး မွေးဖွားလာတော့မည် ဖြစ်သည်။ ထိုအစောင့်အရှောက်၏ အရှိန်အဝါမှာ ပျက်သုဉ်းခြင်းနတ်ဘုရားထက်ပင် ပို၍ သန်မာပြီး၊ ကြောက်စရာ ကောင်းလှသည်။ ၎င်းမှာ အင်မော်တယ် ကျောက်စာတိုင် အတွင်း၌ ချိပ်ပိတ် ခံထားရသော ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ နှင့်ပင် အဆင့်တူလောက် ရှိနေ၏။

မသေမျိုး စစ်အလံ၊ စစ်ဘက်ရေးရာဝန်ကြီး၏ စွမ်းအားများနှင့် ထိုက်ကျိ မိုးကြိုးရေကန်တို့ ပေါင်းစပ်ထားသော မူလစွမ်းအင်မှာ မည်မျှ အစွမ်းထက်မည်နည်း။

ကျယ်ပြောခြင်း..၊ ကြီးမားခြင်း...

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ထိုက်ကျိ မိုးကြိုးရေကန် အတွင်းမှ ရှေးဦးလှိုင်းလုံး များနှင့် ရိုက်ခတ်အသံများ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် လူသား၊ နတ်ဘုရား၊ မိစ္ဆာ၊ ဗုဒ္ဓ၊ သူတော်စင်တစ်ပါးနှင့် တူသော တည်ရှိမူတစ်ခုမှာ တဖြည်းဖြည်းချင်း မြင့်တက်လာ တော့သည်။

ဤနတ်ဘုရား၊ ကောင်းကင်ဘုံအရှင်နှင့် သူတော်စင်၏ ခန္ဓာကိုယ်ထဲတွင် ဗေရောစနဗုဒ္ဓ၊ အမိတ္တဘာ၊ ပစ္စုပ္ပန်ဗုဒ္ဓ၊ စစ်နတ်ဘုရား၊ နတ်ဘုရားမိုးကြိုးတာအိုသခင်၊ ပျက်သုဉ်းခြင်း နတ်ဘုရား၊ ရွှမ်ထျန်းတာအိုသခင်၊ မူလယန်တာအိုသခင်၊ အမှန်တရားတာအိုသခင်၊ အနန္တ တန်ခိုးရှင်နတ်ဘုရား၊ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် စသည်ဖြင့်... ဟုန်ယွိ မြင်ဖူး သမျှသော နတ်ဘုရားအားလုံး၏ ပေါင်းစပ်မှု ဖြစ်နေသည်။ ထိုနတ်ဘုရားအားလုံးကို ပေါင်းစည်းထားသော်လည်း အလွန်ပင် ဟန်ချက်ညီလှ၏။

ထိုအမည်မသိ ဖြစ်တည်မှုကြီးသည် မိုးကြိုးရေကန်အတွင်း၌ ပေါ်လာလေသည်။ သူသည် ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရတနာတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုရတနာမှာ ဓားရှည်၊ ပုဆိန်၊ ချိတ်၊ စစ်ရထားနှင့် တရားစက်ဝန်းဘီးတို့နှင့် ဆင်တူနေပြီး၊ မသေမျိုး စစ်အလံပေါ်ရှိ စစ်ပွဲ၏ အစစ်မှန် အနှစ်သာရကို ကိုယ်စားပြုသော ထူးဆန်းသည့် လက်နက်ပင် ဖြစ်သည်။

ထိုအမည်မသိ တည်ရှိမှုကြီး ပေါ်လာသည်နှင့် မိုးကြိုးရေကန် တစ်ခုလုံးမှာ တုန်ခါသွား တော့၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်မြွေဘုရင်မ၊ ချန်ယင်းရှာ၊ လော်ယွန်၊ မြေခွေးမလေး၊ ရွှေပင့်ကူနှင့် အခြားသူများမှာ အလွန်ကြီးမားသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားကို ခုခံရန် နည်းလမ်းဟူ၍ လုံးဝ မရှိပေ။

ဤအမည်မသိ တည်ရှိမူကြီး၏ ရှေ့တွင် ထိုစွမ်းအားကို ရင်ဆိုင်လိုသော မည်သည့်စွမ်းအား မဆို ပင်လယ်ပြင်ကြီးကို ရင်ဆိုင်နေရသော ပုရွက်ဆိတ်ကလေးများကဲ့သို့ လှိုင်းလုံး တစ်ချက်ကပင် အရာရာကို အဆုံးသတ်သွားစေနိုင်သည့် ပျက်စီးခြင်း ကပ်ဘေးဒုက္ခမျိုး ဖြစ်နေပါသည်။

သို့သော် ထိုစွမ်းအားမှာ သူတို့အတွက် အန္တရာယ်မရှိဘဲ အလွန်ပင် လုံခြုံစိတ်ချရသော ခံစားချက်ကို ပေးစွမ်းနေသည်။ ၎င်းမှာ ကာကွယ်စောင့်ရှောက်မှု ခံနေရသည့် ခံစားချက် ပင်။

အတိုချုပ်ဆိုရလျှင် ထိုက်ကျိ မိုးကြိုးရေကန်သည် မသေမျိုး စစ်အလံနှင့် ပေါင်းစပ်သွားခဲ့ လေပြီ။ မိုးကြိုးရေကန်ကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့ရုံသာမက၊ အစွမ်းထက်လှသော မိုးကြိုးရေကန် ဝိညာဉ် သို့မဟုတ် မိုးကြိုးရေကန်၏ အစောင့်အရှောက်ကိုပါ မွေးဖွားပေး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအစောင့်ရှောက်မှာ ထိုက်ကျိမိုးကြိုးနဂါးကဲ့သို့ အားနည်းသော တည်ရှိမှုမျိုး မဟုတ် တော့ဘဲ၊ ပျက်သုဉ်းခြင်းနတ်ဘုရားထက်ပင် ပိုမိုသန်မာသော အရာတစ်ခု ဖြစ်လာခဲ့လေပြီ။

သို့သော်လည်း ၎င်းတွင် ကိုယ်ပိုင်သိစိတ် မရှိပေ။ ၎င်းမှာ စစ်ပွဲ၊ မိုးကြိုးနှင့် ထိုက်ကျိတို့မှ မွေးဖွားလာခြင်းဖြစ်ပြီး ဟုန်ယွိနှင့် အလွန်နီးကပ်စွာ ဆက်နွှယ်နေ၏။ အမှန်စင်စစ် ၎င်းမှာ ဟုန်ယွိ၏ စိတ်ဆန္ဒ ရုပ်လုံးပေါ်လာခြင်း ဖြစ်၏။ ၎င်းမှာ ဟုန်ယွိ၏ ကိုယ်ပွား သို့မဟုတ် ဒုတိယမြောက် မူလစိတ်ဝိညာဉ်ပင် ဖြစ်တော့သည်။

ဂျိဂျိ... ဂျိဂျိ...

ထိုတည်ရှိမှုကြီးက မျက်လုံးများကို ဖွင့်လိုက်သောအခါ မိုးကြိုးရေကန်၏ အထက်တွင် လမ်းကြောင်းတစ်ခု ပွင့်လာသည်။ မိုးကြိုးလှိုင်းများစွာမှာ ဟင်းလင်းပြင်ကို ဖောက်ထွက် လာပြီး မိုးကြိုးရေကန်အတွင်းသို့ ကျဆင်းလာတော့၏။

မိုးကြိုးရေကန်၏ စုပ်ယူနိုင်စွမ်းမှာ ယခင်ကထက် နှစ်ဆမျှ ပိုမိုကြီးမားလာခဲ့သည်။

ကြီးမားကျယ်ပြောသော အသက်စွမ်းအင်များသည် မိုးကြိုးရေကန်အတွင်းမှ ပျံ့နှံ့ထွက်ပေါ် လာသည်။ ၎င်းတို့မှာ ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ကဲ့သို့သော ကောင်းကင်ပြာ ရောင် မြူခိုးများအဖြစ် စုစည်းသွားတော့၏။ ထိုမြူခိုးများသည် သူတော်စင်ပေါင်းစုံ ခန်းမ အတွင်း၌ ဆီးနှင်းစက်များအဖြစ် ငွေ့ရည်ဖွဲ့လာကြသည်။

“ကောင်းကင် ဆီးနှင်းအနှစ်သာရ”

ကျီရှန်းထျန်းက အော်ဟစ်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ထိုဆီးနှင်းစက်များကို အကုန်အစင် စုပ်ယူလိုက်တော့သည်။

“မြေကြီးမှာ နို့ရည်အနှစ်ရှိသလို၊ ကောင်းကင်မှာလည်း ဆီးနှင်းအနှစ်ရှိတယ်။ နို့ရည်အနှစ် ကိုရဖို့ ခက်ခဲသလို၊ ကောင်းကင်ဆီးနှင်းအနှစ်ကို ရဖို့က ပိုပြီးတော့တောင် ခက်သေးတယ်။ ကောင်းကင်ဆီးနှင်းအနှစ်ဆိုတာ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးစွမ်းအင်ကို ပေါင်းစပ် ပြီးပဲ ဖြစ်ပေါ်လာတာ၊ အသက်စွမ်းအင်တွေက စိမ့်ထွက်လာပြီး တခဏအတွင်း အငွေ့ပျံ သွားတတ်တဲ့ ဆီးနှင်းတွေပေါ့။ သူတော်စင်ကြီးတွေနဲ့ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ပညာရှင်တွေလောက်ပဲ ဒါကို ရိတ်သိမ်းနိုင်ကြတာ။ ကောင်းကင် အနှစ်သာရ ရွှေဆေးလုံးရဲ့ ဆေးအနှစ်ကို ဒီဆီးနှင်းတွေနဲ့ပဲ ဖော်စပ်ရတာ၊ ဒါမပါဘဲ အဲဒီဆေးလုံးကို ဖော်စပ်လို့ မရနိုင်ဘူး။”

“မသေမျိုး စစ်အလံနဲ့ ထိုက်ကျိ မိုးကြိုးရေကန်တို့ရဲ့ အနှစ်သာရတွေ ပေါင်းစပ်ပြီး အသစ် ဖြစ်လာတဲ့ ထိုက်ကျိ မိုးကြိုးရေကန်ပဲ။ အစောင့်အရှောက်ဝိညာဉ် မွေးဖွားလာတာနဲ့အတူ သူ့ရဲ့စွမ်းအားက အဆမတန် မြင့်တက်လာပြီး ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးကပ်ဘေး ကိုးကြိမ်စလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိလာပြီ။ ဒါကြောင့်လည်း မိုးကြိုးအသက်စွမ်းအင်တွေ ကို ကောင်းကင်ဆီးနှင်းအနှစ်တွေအဖြစ် ငွေ့ရည်ဖွဲ့ပေးနိုင်တာပေါ့”

ဟုန်ယွိသည် ဤမိုးကြိုးရေကန်ကို ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သဖြင့် ၎င်းအကြောင်းကို အလွန်ပင် ရင်းနှီးနားလည်ထားသည်။ အမှန်တကယ်တော့ မိုးကြိုးရေကန်တစ်ခုလုံးမှာ သူ၏ ခန္ဓာကိုယ်နှင့်ပင် တူလှပေသည်။

“အခုဆိုရင် ငါ့ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ဒီမိုးကြိုးရေကန်ကို အခြေခံပြီး ငါ ပြန်ရှင် လာနိုင်ပြီ။ မိုးကြိုးရေကန်ဝိညာဉ်က ငါ့ခန္ဓာကိုယ်အသစ်ပဲ။ ငါ မမှားဘူးဆိုရင် မုန့်ရှန်းကျီရဲ့ ‘နေလစကြဝဠာ ဆေးပေါင်းအိုး’ ဆိုတာ တကယ်တော့ ဆေးပေါင်းအိုး မဟုတ်ဘဲ သူကိုယ်တိုင်အတွက် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်အသစ်ပဲ ဖြစ်ရမယ်။ သူက ‘သွေးတစ်စက် မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီ။ ကောင်းကင်အပြင်ပနယ်မြေရဲ့ အပ်စိုက်မှတ် လျှို့ဝှက်ချက်အားလုံးကို ရရှိခဲ့ပြီးပြီဆိုတော့၊ နေလစကြဝဠာဆေးပေါင်းအိုး ကို သန့်စင်တာက သူ့ခန္ဓာကိုယ်ကို ဆေးပေါင်းအိုးတစ်ခုအဖြစ် အသုံးချခဲ့လို့ပဲ ဖြစ်ရမယ်။ ဆေးပေါင်းအိုး... ဆေးပေါင်းအိုး... လူက လူ၊ လူက ဆေးပေါင်းအိုး။ အသက်ရှည်ခြင်း ဆေးလုံးကို သန့်စင်ဖို့ဆိုတာ... ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ။”

ဟုန်ယွိသည် မုန့်ရှန်းကျီ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အဘယ်ကြောင့် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်းနယ်ပယ်’ အထိ ရောက်ရှိနေရကြောင်းကို ရုတ်တရက် နားလည် သွားခဲ့သည်။

သူသည် နေလစကြဝဠာဆေးပေါင်းအိုးကို သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် အသုံးချပြီး ၎င်းနှင့် ပေါင်းစပ်ခဲ့ခြင်း ဖြစ်ရမည်။ နေလစကြဝဠာ ဆေးပေါင်းအိုးတွင် အပ်စိုက်မှတ်များ ၏ လျှို့ဝှက်ချက်များ ပါဝင်နေပြီး လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် အလွန်တူလှသည်ကို သိထား ရပေမည်။

မဟုတ်ပါက မုန့်ရှန်းကျီ မည်မျှပင် သန်မာစေကာမူ သူ၏ ခန္ဓာကိုယ်မှာ နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား မဟုတ်ဘဲနှင့် မည်သို့လျှင် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’နယ်ပယ်သို့ ရောက်နိုင်မည်နည်း။ သူသည် အထွက်အထိပ် လူသားအင်မော် တယ်အဆင့်သို့ပင် ရောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

“ဒီမိုးကြိုးရေကန်ရဲ့ အစောင့်အရှောက်က မင်းရဲ့ ခန္ဓာကိုယ်လည်း ဖြစ်တယ်ပေါ့။ ဒါပေမဲ့ မင်းက အပ်စိုက်မှတ် လျှို့ဝှက်ချက်တွေကို အကုန်အစင် နားမလည်သေးဘူးလေ။ မင်းရဲ့ ခန္ဓာကိုယ်က သန်မာတယ်ဆိုပေမဲ့ အားနည်းချက်တော့ ရှိနေသေးတယ်” ကျီရှန်းထျန်းက ပြောလိုက်သည်။

“ငါ စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေကို ရထားပြီလေ။ သူက စစ်ပွဲနဲ့ သိုင်းပညာ တွေရဲ့ အရှင်သခင်ဆိုတော့ သူ့ဆီမှာ အပ်စိုက်မှတ်တွေ အများကြီး ရှိမှာ သေချာတယ်။ စုစုပေါင်း ၁၂၉၆ ခုလောက် ရှိနိုင်မယ် ထင်တယ်” ဟုန်ယွိက ပြုံးလျက် ပြန်ပြောလိုက် သည်။ “ငါ့မှာ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား ရှိတယ်၊ ဒီမိုးကြိုးရေကန်ရဲ့ အစောင့်အရှောက်ကတော့ အစွမ်းထက်တဲ့ ‘အစောင့်ရှောက်နတ်ဘုရား’ တစ်ပါးပဲပေါ့”

“ဒီအစောင့်ရှောက် နတ်ဘုရားကို ဘယ်လို ခေါ်ကြမလဲ။ မသေမျိုး စစ်အလံ၊ ထိုက်ကျိ မိုးကြိုးရေကန်ရဲ့ အစောင့်အရှောက်... ‘မသေမျိုးမိုးကြိုး’ လို့ ခေါ်မလား” ကျီရှန်းထျန်းက မိုးကြိုးရေကန်၏ အထက်မှ အမည်မသိ တည်ရှိမှုကြီးကို ကြည့်ကာ မေးလိုက်သည်။

“မသေမျိုးမိုးကြိုး’ ဆိုတာကြီးက အရမ်း ကြမ်းတမ်းလွန်းနေသလိုပဲ၊ ‘ထိုက်ကျိဧကရာဇ်’ လို့ ခေါ်ရင်ရော မကောင်းဘူးလား” ချန်ယင်းရှာက ဝင်ပြောလိုက်သည်။

“ရှေးဦးခေတ်မှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ ဧကရာဇ်ချန်ရှန်း ရှိသလို၊ ဒီမိုးကြိုးရေကန်ရဲ့ အစောင့် အရှောက် နတ်ဘုရားကို ‘ထိုက်ကျိဧကရာဇ်’ လို့ ခေါ်တာလည်း နာမည်ကောင်းတစ်ခုပါပဲ” နဂါးသမီးတော် အောင်းလွမ်ကလည်း ထောက်ခံလေသည်။

“ထိုက်ကျိဧကရာဇ်’... ဧကရာဇ်... ဧကရာဇ်... ဒီနာမည်က လူသားတာအိုနဲ့ မကိုက်ညီဘူး။ တာအိုဆိုတာ အမြင့်ဆုံးပဲ၊ ‘သခင်’ ဆိုတာမှ မြင့်မြတ်တဲ့ တာအိုကို ကိုယ်စားပြုတာ။ သူ့ကို ‘တာအိုသခင်’ လို့ ခေါ်တာ ပိုကောင်းမယ်။ ထိုက်ကျိဆိုတာ ‘ဝမ်းယွမ်’ ရဲ့ အစပဲ၊ အရာခပ်သိမ်းရဲ့ အစပေါ့။ ဒါကြောင့် ဒီမိုးကြိုးရေကန်ရဲ့ အစောင့်အရှောက်ကို ‘မူလတာအိုသခင်’ လို့ပဲ ခေါ်ကြရအောင်” ဟုန်ယွိက ဆုံးဖြတ်လိုက်လေသည်။

“မူလတာအိုသခင်...” အားလုံးက မိုးကြိုးရေကန်၏ အစောင့်အရှောက်ကို ကြည့်ရင်း ခေင်းညိတ် ထောက်ခံလိုက်ကြတော့သည်။

“မုန့်ရှန်းကျီ... မုန့်ရှန်းကျီ... ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ကြတဲ့အခါကျရင် ငါ အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ ထိုက်ကျိ မိုးကြိုးရေကန်နဲ့ အစောင့်အရှောက် နတ်ဘုရား မူလတာအိုသခင်က ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ ခင်ဗျားကို ပြရသေးတာ ပေါ့။”

ဟုန်ယွိသည် တာအိုပညာရပ်ကို အသုံးပြု၍ မိုးကြိုးရေကန်တစ်ခုလုံးကို သူတော်စင် ပေါင်းစုံခန်းမ၏ အစီအရင်ဗဟိုချက်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်သည်။ အနည်းငယ် တုန်ခါသွားပြီးနောက် ခန်းမဆောင်ကြီးတစ်ခုလုံးမှာ လုံးဝဥဿုံ ခိုင်မာ တောင့်တင်းသွားတော့၏။

မူလတာအိုသခင်သည် မိုးကြိုးရေကန်အတွင်း၌ပင် ပုန်းကွယ်နေပြီး ပြင်ပသို့ ထွက်မလာခဲ့ ပေ။ သို့သော်လည်း ဤတာအိုသခင် ထွက်ပေါ်လာမည့် အချိန်တွင် ကမ္ဘာမြေကို တုန်လှုပ် စေမည့် နည်းလမ်းများကို ထုတ်ဖော်လိမ့်မည်ဖြစ်ကြောင်း လူတိုင်း သိနားလည်ထားကြ သည်။

“နောက်ဆုံးတော့ ဒီမိုးကြိုးရေကန်ကို စုစည်းနိုင်ခဲ့ပြီ။ အရင်ထက်လည်း တစ်ဆင့် ပိုမြင့် သွားပြီပဲ” ဟုန်ယွိက သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။ “နောက်တစ်ဆင့် အနေနဲ့ စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေထဲမှာ အပ်စိုက်မှတ် ဘယ်နှစ်ခု ရှိမလဲဆို တာ ကြည့်ရအောင်။ ငါသာ အပ်စိုက်မှတ် ၁၂၉၆ ခုစလုံးကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်အထိ အစွမ်းထက်လာမှာ သေချာ တယ်...”

All Chapters