အခန်း ၆၇၉
Vol. 65 Ch. 679
အခန်း (၆၇၉)။
မဟာကမ္ဘာလောက အတွင်း၌ ဧကရာဇ်ဖန်၏ ရုပ်တုများ ရှိနေကြသော်လည်း၊ ၎င်းတို့မှာ သူ၏ စစ်မှန်သော အရှိန်အဝါကို ဖော်ပြနိုင်ခြင်း မရှိကြပေ။ အချို့သော ရုပ်တုများမှာမူ အလွန်ပင် ခန့်ညားထည်ဝါလှသော်လည်း ၎င်းတို့မှာ ဘုရင်တစ်ပါး၏ အာဏာစက်၊ အမြင့်မြတ်ဆုံးသော တည်ရှိမှုနှင့် တော်ဝင်မိသားစု၏ မြင့်မြတ်မှုကို ကိုယ်စားပြုရန်သာ အသုံးချခံနေရခြင်း ဖြစ်သည်။
သို့သော်လည်း စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များအတွင်းရှိ ဧကရာဇ်ဖန်၏ ရုပ်တု မှာမူ အစစ်မှန် ဧကရာဇ်ဖန်ပင် ဖြစ်သည်။ သူသည် နှစ်ပေါင်းသောင်းချီတိုင်တိုင် လူသား မျိုးနွယ်၏ ပထမဆုံးသော အုပ်ချုပ်သူ ဖြစ်၏။ သူသည် ပေးဆပ်ခြင်းနှင့် စွန့်လွှတ်ခြင်းကို သာ ပြုလုပ်ပြီး မည်သည့်အရာကိုမျှ ပြန်လည်မတောင်းဆိုသော အမြင့်ဆုံးသော ဖြစ်တည်မှု ဖြစ်သည်။
ယခင်က ဟုန်ယွိသည် ဧကရာဇ်ဖန်ဆိုသည်မှာ မည်သို့သောသူမျိုး ဖြစ်ကြောင်း တစ်ခါမျှ နားမလည်ခဲ့ဖူးပေ။ ယခုမူ သူသည် လူသားမျိုးနွယ်၏ ဤသူတော်စင်ကြီး၏ စိတ်ဓာတ်နှင့် သူ၏ အလွန်နက်နဲလှသော တာအိုတရားကို နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။
“ဧကရာဇ်ဖန်... ဧကရာဇ်ဖန်... ကံမကောင်းတာက အသင်ဟာ အတ္တကင်းကင်းနဲ့ ဘာကိုမှ ပြန်မတောင်းဘဲ ပေးဆပ်ခဲ့ပေမဲ့၊ အသင် ဖန်တီးခဲ့တဲ့ ကမ္ဘာကြီးကတော့ အသင် မျှော်လင့် ထားတဲ့ လမ်းစဉ်ကနေ သွေဖည်သွားခဲ့ပြီထင်ပါတယ်။ ဒါဟာ အသင် မျှော်မှန်းခဲ့တဲ့ အနာဂတ် မဟုတ်ဘူး။ ဖန်ကြယ် ဗဟိုကမ္ဘာက အစွမ်းထက်ပြီး လူတိုင်းမှာ ခေါင်းဆောင်ကို ကန့်ကွက်ပိုင်ခွင့်နဲ့ ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုပေမဲ့ ဒီအစွမ်းက တခြားသူတွေကို လုယက် တိုက်ခိုက်ခြင်းပေါ်မှာပဲ အခြေခံနေတယ်။ ဒီရွေးချယ်မှုကလည်း ရွေးချယ်ခံ မိသားစု အနည်းငယ်ကြားမှာပဲ ကန့်သတ်ထားတာ။ လူတိုင်းက ခေါင်းဆောင် မဖြစ်နိုင်ဘူး... ‘ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်စု’ ဆိုတာမှ အလွန်ကြီးမားတဲ့ မဟာမင်္ဂလာပဲ။ လူတိုင်းဟာ အလွန်မြင့်မားတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို ရောက်သွားတဲ့အခါ ခေါင်းဆောင် ဒါမှမဟုတ် အကြီးအကဲဆိုတာ မလိုတော့ဘူး။ ခေါင်းဆောင်ဆိုတာ လောကရဲ့ စံပြအနေနဲ့ ပဲရှိတော့မှာ။ အသခင် ဖန်တီးခဲ့တဲ့ ကမ္ဘာကြီးဟာ မအောင်မြင်ခဲ့ဘူး။ အခုဆိုရင် အဲဒီကမ္ဘာ ဟာ မဟာကမ္ဘာလောကအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီ...”
သူ၏ မှတ်ဉာဏ်ထဲရှိ ဧကရာဇ်ဖန်ရုပ်တုကို ကြည့်ရင်း ဟုန်ယွိက သူ့ဘာသာ ရေရွတ်လိုက် သည်။ သူ၏ အတွေးများမှာ လူသားမျိုးနွယ်၏ ဤနံပါတ်တစ်ပုဂ္ဂိုလ်ကြီးနှင့် စကားပြော နေသကဲ့သို့ ရှိနေ၏။ သူတို့သည် ဟင်းလင်းပြင်နှင့်အချိန် အတားအဆီးများကို ဖြတ်ကျော် ကာ စကားပြောဆိုနေကြခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဧကရာဇ်ဖန်သည် ဟုန်ယွိ၏ စကားများကို မကြားနိုင်သလို၊ ဟုန်ယွိ၏ အတွေးများကိုလည်း မခံစားနိုင်ပေ။ သူသည် ဤလောကမှ အမှန်တကယ် ပျောက်ကွယ် သွားပြီလား သို့မဟုတ် ‘တဘက်ကမ်း’ သို့ ရောက်ရှိသွားပြီလား ဆိုသည်မှာ မသိနိုင်ချေ။
မှတ်ဉာဏ်ထဲရှိ ဧကရာဇ်ဖန် ရုပ်တုမှာမူ ကြင်နာစွာ ပြုံးနေဆဲပင်... ထာဝရ မပြောင်းလဲဘဲ ရှိနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တဖျပ်ဖျပ် လင်းလက်နေသော အပ်စိုက်မှတ်များက သိုင်းတာအို၏ လျှို့ဝှက်ချက် အားလုံးကို ဖော်ပြနေတော့သည်။
ဟုန်ယွိသည် မိမိကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်မိသည်။ ဤဧကရာဇ်ဖန် ရုပ်တုမှာ မှတ်ဉာဏ်တစ်ခုသာ ဖြစ်ကြောင်း သူ သိသည်။ သို့သော်လည်း လူသားမျိုးနွယ်၏ နံပါတ်တစ်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသောအခါ သူ ပြောချင်သည့် စကားအချို့ ရှိနေခဲ့ခြင်းပင်။
အကယ်၍ ဧကရာဇ်ဖန်သာ ဤနေရာတွင် ရှိနေသေးလျှင်၊ လူသားမျိုးနွယ်နှင့် သက်ရှိများ အကြောင်းကို သူနှင့် ဆွေးနွေးရသည်မှာ အလွန်ပင် နှစ်သက်ဖွယ် ကောင်းပေလိမ့်မည်။
“အပ်စိုက်မှတ်တွေ အများကြီးပဲ။ ၁,၂၉၆ ခု ရှိတာလား” ဟုန်ယွိသည် ရယ်မောပြီးနောက် စိတ်ကို တည်ငြိမ်အောင်းထားကာ အပ်စိုက်မှတ်များကို အာရုံစိုက် စစ်ဆေးလိုက်သည်။ ဧကရာဇ်ဖန်၏ သန့်ရှင်းသော ရုပ်တုပေါ်တွင် အပ်စိုက်မှတ်များစွာမှာ နားလည်ရန် ခက်ခဲသော ပိုးစုန်းကြူးလေးများကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေကြ၏။ ဟုန်ယွိသည် ၎င်းတို့ကို တစ်ခုချင်းစီ စစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သောအခါ၊ စုစုပေါင်း အပ်စိုက်မှတ် ၁,၁၉၇ ခု ရှိကြောင်း ရှာတွေ့ခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဧကရာဇ်ဖန် ရုပ်တုပေါ်ရှိ အပ်စိုက်မှတ်များမှာ မပြည့်စုံသေး ပေ။ ၉၉ ခု ကျန်ရှိနေသေးသည်။
ထိုသို့ သိလိုက်ရသောအခါ ဟုန်ယွိမှာ အနည်းငယ် စိတ်ပျက်သွားရ၏။
“အပ်စိုက်မှတ် ၁,၁၉၇ ခုလား။ ၉၉ ခု လိုနေသေးတာလား။ ဖြစ်နိုင်ပါ့မလား။ ကောင်းကင် အပြင်ပနယ်မြေရဲ့ အပ်စိုက်မှတ်တွေက မပြည့်စုံတာလား။ ဒါက မဖြစ်နိုင်ဘူးလေ။ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာဟာ မဟာကမ္ဘာလောကထက် အများကြီး ပိုပြီး နက်နဲတယ်။ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကို ရောက်ပြီး အပ်စိုက်မှတ်တွေကို အပြည့် အဝ နားလည်တဲ့ ပညာရှင်တစ်ယောက်မှ မရှိဘူးလား။ ဒါမှမဟုတ် စစ်ဘက်ရေးရာဝန်ကြီး ကပဲ ဖန်ကြယ်ကမ္ဘာရဲ့ အပ်စိုက်မှတ် လျှို့ဝှက်ချက် အားလုံးကို မသိသေးတာလား။” ဟုန်ယွိက တွေးတောနေမိသည်။
“၁,၂၉၆ ခုဆိုတဲ့ အပ်စိုက်မှတ်တွေဟာ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ရဲ့ အရင်းအမြစ် ဖြစ်သလို၊ ‘မူလတာအို’ (ဝမ်းယွမ်) ရဲ့ စစ်မှန်တဲ့ ပုံသဏ္ဌာန်လည်း ဖြစ်တယ်။ လူသား ခန္ဓာကိုယ်ရဲ့ နက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ ဗဟိုကမ္ဘာ ခေါင်းဆောင်ကြီးရဲ့ လက်ထဲမှာပဲ ရှိနေသင့်တယ်။ စစ်ဘက်ရေးရာဝန်ကြီးက ဒါကို အပြည့်အဝ နားမလည်တာ မဆန်းပါဘူး။”
ထိုသို့ တွေးတောပြီးနောက် ဟုန်ယွိသည် အခြားတစ်စုံတစ်ရာကို ရှာတွေ့နိုင်မလားဟု ဆက်လက်ကြည့်ရှုလိုက်သည်။ ရုတ်တရက်၊ မှတ်ဉာဏ်များမှာ ပိုမိုနက်နဲရာသို့ ရွေ့လျားသွားပြီး၊ ဧကရာဇ်ဖန်၏ သန့်ရှင်းသော ပုံရိပ်နောက်ကွယ်တွင် မြေပုံတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပထဝီဝင် မြေပုံတစ်ခု ပင် ဖြစ်၏။
ဤတောင်တန်းနှင့် မြစ်ချောင်းများ မြေပုံသည် ကောင်းကင်အပြင်ပနယ်မြေကို ပြသနေ ခြင်း မဟုတ်ပေ။ ၎င်းမှာ အမှန်စင်စစ် တော်ဝင်ချန်၏ မြေပုံ ဖြစ်နေသည်။
တော်ဝင်ချန်၏ ပြည်နယ် ၉၉ ခုကို မြေပုံပေါ်တွင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ၎င်းမှာ ရှေးဟောင်းမြေပုံတစ်ခုပင်။
ပြည်နယ်တစ်ခုချင်းစီ၏ မြေမျက်နှာနှင့် ပုံသဏ္ဌာန်များမှာ အလွန်နက်နဲသော သဘောတရားတစ်ခု ပါဝင်နေသကဲ့သို့ ရှိနေသည်။ ဟုန်ယွိသည် တော်ဝင်ချန်မြေပုံများနှင့် ပြည်နယ် ၉၉ ခု ၏ ပုံသဏ္ဌာန်များကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့ နက်နဲသော သဘောတရားမျိုး တစ်ခါမျှ မရရှိခဲ့ဖူးပေ။
“အပ်စိုက်မှတ် ၉၉ ခု လိုနေသေးတယ်။ ဧကရာဇ်ဖန်ရဲ့ နောက်ကွယ်မှာတော့ တော်ဝင်ချန် ရဲ့ ပြည်နယ် ၉၉ ခု မြေပုံ ရှိနေတယ်။ ဒီကြားထဲမှာ ထူးခြားတဲ့ ဆက်နွှယ်မှုတစ်ခုခု ရှိနေတာလား၊ ဆက်နွှယ်မှုကတော့ ရှိမှာ သေချာတယ်... ဒါပေမဲ့ အဲဒါက ဘာဖြစ်မလဲ။ တော်ဝင်ချန် ပြည်နယ် ၉၉ ခုရဲ့ ပုံစံဟာ လူသားခန္ဓာကိုယ်ရဲ့ ကျန်ရှိနေတဲ့ အပ်စိုက်မှတ် ၉၉ ခုရဲ့ လျှို့ဝှက်ချက်များလား။ ဒါပေမဲ့ ကြည့်ရတာ အဲဒီလိုတော့ မဟုတ်ပြန်ဘူး။ ဒီထဲက လျှို့ဝှက်ချက်တွေကို ပေါ့ပေါ့ဆဆ နားလည်ဖို့ ကြိုးစားလို့ မရဘူး။ ‘ကျင့်စဉ်သွေဖည်’ ပြီး သိုင်းပညာတွေ အားလုံး ပျက်စီးသွားနိုင်တယ်။” အဲဒါဆိုရင်တော့ ကြောက်စရာပဲ။”
အပ်စိုက်မှတ် ၁,၁၉၇ ခုနှင့် ပြည်နယ် ၉၉ ခု၏ မြေပုံ။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်ပြီး၊ ခန့်မှန်းရခက်ကာ နားလည်ရ ခက်ခဲလှသော အမြင့်ဆုံး ကျမ်းစာအုပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားရာ၊ ကိုယ်တိုင် နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။
ဤအချိန်တွင် ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေ၏ သိုင်းတာအို လျှို့ဝှက်ချက်များ မှာ ဤဧကရာဇ်ဖန် ရုပ်တုပေါ်တွင် ရှိနေနိုင်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့လေ ပြီ။ စုစုပေါင်း အပ်စိုက်မှတ် ၁,၁၉၇ ခု ရှိသည်။ ကျန်ရှိနေသော အပ်စိုက်မှတ် ၉၉ ခုကိုမူ ပြည်နယ် ၉၉ ခုမှတစ်ဆင့် ကိုယ်တိုင် နားလည်အောင် ကြိုးစားရမည် ဖြစ်သည်။ မည်မျှအထိ နားလည်နိုင်မည်ဆိုသည်မှာ လူတစ်ဦး၏ သိမြင်မှုနှင့် ကံတရားအပေါ်တွင် သာ မူတည်ပေလိမ့်မည်။
“ကောင်းကင်အပြင်ပနယ်မြေမှာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်တဲ့ ပညာရှင်တစ်ယောက်မှ မရှိတာ မဆန်းတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလျှို့ဝှက်ချက်ကို ပြည်နယ် ၉၉ ခု မှာပဲ နားလည်နိုင်လို့ပဲ။ ကောင်းကင်အပြင်ပနယ်မြေက လူတွေက မဟာကမ္ဘာလောကကို လာချင်နေကြတာ မဆန်းတော့ဘူး။ ဒါဟာ မဟာကမ္ဘာလောက မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး လူဦးရေ နည်းပါးတာကြောင့်တင် မဟုတ်ဘူး...” ဒီလျှို့ဝှက်ချက်ကြောင့်လည်း ပါတာပဲ။”
ဤနေရာတွင် ဟုန်ယွိသည် ဧကရာဇ်ဖန် ရုပ်တုမှ အပ်စိုက်မှတ် ၁,၁၉၇ ခုနှင့် ပြည်နယ် ၉၉ ခု၏ မြေပုံကို အလွတ်မှတ်သားလိုက်သည်။ သူသည် ၎င်းတို့ကို အနာဂတ်တွင် လေ့လာရန် ဆုံးဖြတ်လိုက်ပြီးနောက် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များအတွင်းမှ ပြန်လည် ထွက်ခွာလိုက်တော့သည်။
...
အပ်စိုက်မှတ် အားလုံးကို မရရှိခဲ့သော်လည်း၊ အပ်စိုက်မှတ် ၁,၀၀၀ ကျော်ကို ရရှိလိုက်ခြင်း မှာ အလွန်ပင် ကြီးမားသော အောင်မြင်မှု ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူသည် အမြတ်စွန်းများစွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ကောင်းကင်အပြင်ပနယ်မြေကော၊ ဖန်ကြယ်ကော နှစ်ခုစလုံးမှာ အလွန်ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရလေပြီ။
“အပ်စိုက်မှတ် တစ်ထောင်... ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စုစည်းစမ်း။ အထွတ်အထိပ် ယင်နဲ့ အထွတ်အထိပ် ယန်... ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်စမ်း။”
စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များမှ ထွက်လိုက်သည်နှင့် ဟုန်ယွိသည် အပ်စိုက် မှတ် ၁,၀၀၀ ကျော်၏ လျှို့ဝှက်ချက်များကို ချက်ချင်း စတင်၍ စုစည်းလိုက်တော့သည်။
ယခုအခါ သူသည် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့်၊ သိုင်းပညာအားလုံးမှာ သူ့အတွက် သဘာဝအလျောက် ဖြစ်တည်လာခဲ့သည်။ မည်သည့် အဟန့်အတားမျှ မရှိချေ။ အဆုံးမရှိသော အစစ်မှန်စွမ်းအင်များမှာ မိုးကြိုးရေကန်အတွင်း၌ စုစည်းလာကြသည်။ မိုးကြိုးများသည် အသက်စွမ်းအားများ အဖြစ် ပြောင်းလဲသွားပြီး၊ ထိုစွမ်းအားများမှာ ကောင်းကင်ဆီးနှင်းအနှစ် များအဖြစ် အများအပြား ငွေ့ရည်ဖွဲ့လာကြသည်။ ကောင်းကင်ဆီးနှင်းအနှစ် တစ်စက်ပြီးတစ်စက်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ အပ်စိုက်မှတ်များအတွင်းသို့ ပေါင်းစပ်သွား ပြီး၊ ၎င်းတို့အတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်ကို အာဟာရ ဖြည့်တင်းပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စွမ်းအင်သစ်များဖြင့် တစ်ဖန် ပြန်လည် ပြည့်ဝလာတော့ သည်။
ဝမ်း... ဝမ်း... ဝမ်း...
ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အပ်စိုက်မှတ် ၁,၁၉၇ ခုကို စုစည်းပြီးနောက်၊ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား၏ စွမ်းရည်များမှာ နောက်တစ်ကြိမ် ထပ်မံ ပွင့်လင်းလာခဲ့သည်။ ပျားအုံတစ်ခုအတွင်းမှ ပျားများ၏ အသံကဲ့ သို့သော မြည်ဟည်းသံမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေခြင်း ဖြစ်၏။ သူ၏ ခန္ဓာကိုယ်မှာ ပျားအုံတစ်ခုနှင့်ပင် တူနေတော့သည်။
ဘုန်း
ထိုမြည်ဟည်းသံမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ရုတ်တရက်ဆိုသလိုပင် ဟုန်ယွိ၏ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား ခန္ဓာကိုယ်မှာ အသေးငယ်ဆုံးသော အမှုန်အမွှားများအဖြစ် လုံးလုံးလျားလျား ကွဲအက်သွားတော့သည်။ ထိုအမှုန်အမွှားများမှာ စုစုပေါင်း သန်း ၄၈၀ ရှိပြီး အင်မော်တယ် ကျောက်စာတိုင် ပေါ်ရှိ မှော်သင်္ကေတများကဲ့သို့ ပင် ဖြစ်သည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ မယုံနိုင်စရာကောင်းသော နည်းလမ်းဖြင့် ကွဲအက်သွားခြင်းပင်။
အမှုန်အမွှား တစ်ခုချင်းစီတိုင်းတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ပတ်သက်သော အချက်အလက်အားလုံးနှင့် သိုင်းပညာ၏ အနှစ်သာရများ ပါဝင်နေသည်။ ယခင် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်သည်ပင် သူ၏ အသွေးအသားများကို ခွဲထုတ်ပြီး သီးခြားခန္ဓာကိုယ်တစ်ခုအဖြစ် ဖန်တီးနိုင်ရုံသာ ရှိခဲ့သော်လည်း၊ ယခုကဲ့သို့ အသေးငယ်ဆုံးနှင့် အခြေခံအကျဆုံးသော အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲနိုင်ခြင်း မျိုး မဖြစ်နိုင်ခဲ့ပေ။
ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသော အမှုန်အမွှား သန်း ၄၈၀ ကို သေသေ ချာချာ ခံစားကြည့်လိုက်သည်။ ၎င်းတို့မှာ အလွန်ပင် ဆန်းကြယ်လှ၏။ ခဏမျှ သူသည် သူ၏ ခန္ဓာကိုယ်ကို အင်မော်တယ် ကျောက်စာတိုင် တစ်ခုအဖြစ် ကျင့်ကြံမိလိုက်သလား ဟုပင် တွေးတောမိသွားသည်။
‘အနန္တကိုယ်ပွား’ နယ်ပယ်။
ဟုန်ယွိသည် ရုတ်တရက် အသိဉာဏ် ပွင့်လင်းသွားပြီး၊ ခန္ဓာကိုယ်၏ အသွင်ပြောင်းလဲခြင်း လျှို့ဝှက်ချက်များကို နားလည်သွားခဲ့ပုံရသည်။
ထိုအမှုန်အမွှားများမှာ ရုတ်တရက် ပြန်လည် ပေါင်းစည်းသွားသော်လည်း လူသားပုံစံမျိုး မဟုတ်တော့ဘဲ ‘ဉသျှောင်နဂါး’ နှင့် ဆင်တူသော ကောင်းကင်နဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားကြသည်။
ချန်ယင်းရှာ၊ လော်ယွန်၊ ကောင်းကင်မြွေဘုရင်မ၊ နဂါးသမီးတော်၊ ကျီရှန်းထျန်းနှင့် အခြား သူများသည် မိုးကြိုးရေကန်အတွင်း၌ ကျင့်ကြံနေကြပြီး ကောင်းကင်ဆီးနှင်းအနှစ်များကို စုပ်ယူနေကြစဉ်၊ နဂါးတစ်ကောင်၏ ဟိန်းသံကြောင့် လန့်နိုးသွားကြသည်။ သူတို့သည် မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရ၏။
ဟုန်ယွိ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ရုတ်တရက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွား ခြင်းပင်။