အခန်း ၆၈၃
Vol. 66 Ch. 683
အခန်း (၆၈၃)။
“ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စစ်ဘက်ရေးရာဝန်ကြီးဆီက သတင်းဘာမှ မကြားရ တော့ပါလား၊ သူ ဘာဖြစ်သွားပြီလဲမသိဘူး။ သူက ‘မဟာအကြီးအကဲ ကိုးဦး’ ထဲက တစ်ယောက်ပဲလေ။ ဟုန်ယွိနဲ့ ရင်ဆိုင်တဲ့အခါ ဘယ်သူက အသာစီးရသွားလဲ ငါ တကယ် သိချင်မိတယ်။”
သခင်လေးရှူသည် ဆိပ်ကမ်းတစ်ခုပေါ်တွင် ရပ်နေရင်း သူ၏လက်ထဲမှ ကျောက်စိမ်းနက် အဆောင်ကို ကိုင်ထားသည်။
ဤဆိပ်ကမ်းမှာ အသစ်စက်စက် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း လူများဖြင့် စည်ကားလှ၏။ နေရာတိုင်းတွင် ဆိုင်ခန်းများနှင့် အိမ်ခြေများ ရှိနေပြီး ဆိပ်ကမ်း၏ နောက်ကွယ်တွင်မူ မြို့ကြီးတစ်မြို့ ရှိနေသည်။ မြို့ထဲ၌ စစ်သည် တော်များက စနစ်တကျ ကင်းလှည့်နေကြသလို ပင်လယ်ပြင်တွင်လည်း သင်္ဘောများစွာ ဟိုမှသည်မှ ကူးသန်းသွားလာနေကြရာ အလွန်ပင် လှုပ်ရှားသက်ဝင်နေသော မြင်ကွင်း တစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုခဏ၌ ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေသော ဧရာမသင်္ဘောကြီး အနည်းငယ်က လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ထိုသင်္ဘောကြီးများမှာ သံမဏိဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ကြီးမားကာ ဖိအားပေး နိုင်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သင်္ဘောကြီးများမှာ ရေပေါ်တွင် ပေါ်နေသည့် ရှေးဦးပင်လယ်သားရဲကြီးများနှင့်ပင် တူလှ၏။ သင်္ဘောများပေါ်တွင် စစ်သည်တော်များနှင့် သိုင်းပညာရှင်များစွာမှာ စနစ်တကျ ရပ်နေကြ၏။
ထို့နောက် သင်္ဘောများပေါ်မှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုသင်္ဘော ကြီးများမှာ လေလှိုင်းများကို ဖြတ်ကျော်ကာ ရွက်လွှင့်ထွက်ခွာသွားကြသည်။ ထိုသင်္ဘော များကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ လူ ၁၀ ယောက်စာခန့် မြင့်မားပြီး ကမ်းခြေကို ရိုက်ခတ်သွားကြသည်။
လူရာချီ တင်ဆောင်နိုင်သော သစ်သားသင်္ဘောများစွာမှာလည်း ထိုလှိုင်းလုံးများကြောင့် တိမ်းမှောက်ကုန်ကြ၏။
သင်္ဘောများ၏ အပေါ်ပိုင်းရှိ ထူထဲသော မီးတိုင်များမှ မီးတောက်များ ပန်းထွက်လာကာ လေထုကို လောင်ကျွမ်းစေပြီး ကောင်းကင်ယံကိုပင် ပုံပျက်သွားစေသည်။
“သခင်လေးရှူ... ခင်ဗျား သန့်စင်ထားတဲ့ ဒီ ‘ဒေါသမာန် ဝရဇိန်စစ်သင်္ဘော’ က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ လူ ရှစ်ထောင်ကနေ ကိုးထောင်အထိ တင်ဆောင်နိုင်ပြီး တစ်နေ့ကို လီ ငါးထောင်ကနေ ခြောက်ထောင်အထိ ခရီးနှင်နိုင်တယ်။ ဒီအရာက သာမန်လူတွေကို မဆိုထားနဲ့၊ တာအိုပညာရှင်တွေနဲ့ တစ္ဆေအင်မော်တယ်တွေကိုတောင် ခြိမ်းခြောက်နိုင် တယ်။ အခု တော်ဝင်ချန်နန်းတွင်းမှာ အားအကောင်းဆုံး သင်္ဘောဆိုလို့ ‘ငါးဆွယ်သင်္ဘော’ ပဲ ရှိတာ၊ အဲဒါကလည်း သစ်သားနဲ့ လုပ်ထားတာလေ။ တိုက်ခိုက်ဖို့ မပြောနဲ့၊ ပင်လယ်ထဲ မှာတင် အမှုန့် ဖြစ်သွားနိုင်တယ်။ မဟုတ်ဘူး၊ တိုက်စရာတောင် မလိုဘူး၊ လှိုင်းပုတ်ရုံနဲ့တင် မှောက်သွားနိုင်တယ်။”
ဖန်းယွမ်၊ ထန်ဟိုင်လုံ နှင့် လီဖေးယွိတို့သည် အဝေးရှိ ‘ဒေါသမာန် ဝရဇိန်စစ်သင်္ဘော’ ကို ကြည့်ရင်း အံ့သြချီးကျူးလိုက်ကြသည်။
“ဒါက ဘာမှမဟုတ်သေးပါဘူး။ ဒီဝရဇိန်စစ်သင်္ဘောက သာမန် စစ်သင်္ဘောတစ်စင်းပဲ ရှိသေးတယ်။ သူက ‘သန့်စင်တဲ့ ဒေါသမာန်ဆီ’ကို အများကြီး လောင်ကျွမ်းဖို့ လိုသေးတာ။ တကယ်လို့ ငါတို့သာ နေနတ်ဘုရားသင်္ဘောကို သန့်စင်နိုင်မယ်ဆိုရင် နေမင်းရဲ့ အစစ်မှန် မီးတောက်တွေကို စုပ်ယူနိုင်ပြီး ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ ပြီးတော့ လီပေါင်း ဒါဇင်နဲ့ချီတဲ့အထိ ထိုးဖောက်နိုင်ပြီး ဝိညာဉ်တွေနဲ့ အင်မော်တယ်တွေကို ခြောက်လှန့်နိုင်တဲ့ ‘နေနတ်ဘုရား အလင်းတန်း’ တွေကိုလည်း ထုတ်လွှတ်နိုင်ဦးမှာ။ ငါတို့သာ အဲဒီသင်္ဘောမျိုး တစ်ထောင်လောက် ဖန်တီးနိုင်မယ်ဆိုရင် ပင်လယ်ပြင်ကို စိုးမိုးနိုင်ရုံတင်မကဘဲ တော်ဝင်ချန်နန်းတွင်းရဲ့ ဆိပ်ကမ်းတွေကိုပါ တိုက်ခိုက်နိုင်လိမ့်မယ်” သခင်လေးရှူက သက်ပြင်းချရင်း ဆိုသည်။
“ဒါက ကိစ္စမရှိပါဘူး။ ငါတို့မှာ ‘ဒေါသမာန်ဆီ’ တွေကို အဆက်မပြတ် ထုတ်လုပ်ပေးနေတဲ့ နယ်မြေပေါင်း ရာချီ ရှိပါတယ်။ ပညာရှင် အများအပြားကိုလည်း ပင်လယ်ကြမ်းပြင်ကနေ ဆီပူတွေ စုဆောင်းဖို့နဲ့ သန့်စင်ဖို့ စေခိုင်းထားပြီးပြီ” ထန်ဟိုင်လုံက ပြောသည်။ “လူအမြောက်အမြားကိုလည်း သတ္တုရိုင်းတူးဖို့နဲ့ စစ်သည်တွေကို လေ့ကျင့်ပေးဖို့ နတ်ဘုရားဘိုးဘေးတောင်ကနေ ဒီကုန်းမြေတိုက်ကြီးပေါ်ကို ပို့ဆောင်ပေးထားပြီးသားပါ။ ဒီစစ်သင်္ဘောတွေရှိရင် စစ်သည်အချို့ကို တောရိုင်းနယ်မြေတွေဆီ လွှတ်ပြီး အလုပ်သမား အဖြစ် ခိုင်းစေဖို့ ဒေသခံတွေကို ဖမ်းဆီးခိုင်းလို့ရတယ်။ သူတို့ကို တိုက်ပွဲအတွက်လည်း လေ့ကျင့်ပေးလို့ရတာပေါ့။ ကျင့်ကြံသူတွေ နေထိုင်တဲ့ နေရာတွေ အများကြီး ရှိတယ်ဆို တာ ခင်ဗျားတို့ သိထားသင့်တယ်။”
“တကယ်လို့ ပင်လယ်ရပ်ခြားက နိုင်ငံပေါင်း တစ်ရာလုံးသာ စုစည်းနိုင်မယ်ဆိုရင် ငါတို့ တော်ဝင်ချန်နန်းတွင်းကို ဖိအားပေးနိုင်မှာပဲ” ဖန်းယွမ်က ဆိုသည်။ “ဒါနဲ့ ညီအစ်ကို ဖေးယွိ... မူလနဝမချောက်နက် နတ်ဘုရားနယ်မြေကနေ ငါတို့ရဲ့ ‘ဘိုးဘေးနတ်ဘုရား နိုင်ငံတော်’ ဆီကို လူ ဘယ်လောက်လောက် ပြောင်းရွှေ့လာပြီလဲ။”
“ငါ တွက်ကြည့်ပြီးပြီ။ လူဦးရေ ၄၇.၉၃ သန်းလောက် ရှိတယ်။ ငါတို့ မြို့ကြီး ၃၆ မြို့ တည်ဆောက်ပြီးပြီ၊ လူတွေအားလုံးလည်း အခြေကျနေကြပါပြီ” လီဖေးယွိက ဆိုသည်။
“ပညာရှင် ဘယ်လောက်ပါလဲ” သခင်လေးရှူက မေးသည်။
“တာအိုဂိုဏ်းအသီးသီးက အကြီးအကဲတွေ၊ ခေါင်းဆောင်တွေနဲ့ တပည့်တွေ၊ တာအို ပညာကို ယင်စိတ်ဝိညာဉ် အဆင့်အထိ ကျင့်ကြံထားသူတွေနဲ့ သိုင်းပညာကို စစ်သည်တော် အဆင့်အထိ ကျင့်ကြံထားသူတွေ အားလုံးပေါင်း ၃၃၀,၀၀၀ ရှိပါတယ်” လီဖေးယွိက ပြန်ဖြေသည်။
မူလနဝမချောက်နက် နတ်ဘုရားနယ်မြေတွင် လူဦးရေ သန်းပေါင်းများစွာ ရှိသော်လည်း အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။ တာအိုဂိုဏ်းများက သူတို့၏ ကိုယ်ခံပညာနှင့် တာအိုပညာများကို လူသန်းပေါင်းများစွာကို မသင်ကြားပေးနိုင်ကြပေ။ အနည်းဆုံးတော့ လူတိုင်းသာ ကျင့်ကြံနေကြလျှင် သူတို့အတွက် အလုပ်ကို မမည်သူက လုပ်ပေးတော့ မည်နည်း။
မူလနဝမချောက်နက် နတ်ဘုရားနယ်မြေတွင် တာအိုဂိုဏ်းတစ်ခုသည် လူပေါင်း သိန်းချီ၊ သန်းချီ သို့မဟုတ် သန်းပေါင်းများစွာကို ကျွေးမွေးစောင့်ရှောက်ထားကြသည်။ သူတို့က သာမန်လူများကို သူတို့အတွက် စားနပ်ရိက္ခာ ထုတ်လုပ်ခိုင်းကြ၏။
ယခုအခါ နတ်ဘုရား ဘိုးဘေးတောင်၏ အကူအညီဖြင့် ထိုနယ်မြေရှိ လူဦးရေ၊ ချမ်းသာ ကြွယ်ဝမှု၊ စားနပ်ရိက္ခာ၊ သတ္တုနှင့် ရတနာများကို လအနည်းငယ်အတွင်းမှာပင် သယ်ဆောင်လာနိုင်ခဲ့သည်။ ဤလူသူကင်းမဲ့သော ကုန်းမြေတိုက်ကြီးပေါ်တွင် အဆင့်အတန်းရှိသော နိုင်ငံတစ်ခုကို ချက်ချင်း တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံသူ ၃၃၀,၀၀၀ မှာ အခြားလူများထက် ပိုမြင့်သော အဆင့်တွင်ရှိသည့် အုပ်ချုပ်သူ များ ဖြစ်ကြသည်။ သူတို့က အထက်အောက် အဆင့်ဆင့် တက်လှမ်းကြပြီး တာအို ဘိုးဘေးနှစ်ဦးမှာမူ ထိပ်ဆုံးတွင် ရှိကြသည်။
သာမန်လူ လူသန်းပေါင်းများမှာလည်း သူတို့၏ အလုပ်အကိုင်များကို ဆက်လက်လုပ်ကိုင် ကြရပြီး ကျင့်ကြံသူများနှင့် တာအိုဂိုဏ်း အုပ်ချုပ်သူများကို အလုပ်အကျွေး ပြုနေကြရဆဲ ဖြစ်သည်။ အခြေအနေမှာ ဘာမှမပြောင်းလဲသွားပေ။
“ဒါတောင် သိပ်နည်းသေးတယ်။ တော်ဝင်ချန်နန်းတွင်းကို ယှဉ်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်။ တော်ဝင်ချန်နန်းတွင်းရဲ့ အလယ်ပိုင်းကောင်းကင်ပြည်နယ်မှာ လူဦးရေ သန်းပေါင်း တစ်ထောင်ကျော် ရှိတယ်။ အထက်တန်းလွှာ မိသားစုတွေ အများကြီး ရှိသလို၊ အပေါ်ယံမှာ မမြင်ရပေမဲ့ အမှောင်ထဲမှာ ကျင့်ကြံသူ ဘယ်လောက်ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ နတ်ဘုရားလေနိုင်ငံမှာတောင် လူဦးရေ သန်း ၁၀၀ ရှိပြီး သိုင်းပညာ ကျင့်ကြံ သူ သုံးသိန်းကျော် ရှိတာပဲ။ ရေနက်လာရင် နဂါးတွေနဲ့ ရေနတ်ဘုရားတွေ ရှိလာမှာပဲ၊ လူဦးရေ များလာရင် သူရဲကောင်းတွေ ပေါ်လာမှာပဲ။” သခင်လေးရှူက ခေါင်းခါရင်း ဆိုသည်။
“နတ်ဘုရားလေနိုင်ငံမှာ ပညာရှင်တွေ မရှိပါဘူး။ ငါတို့ ‘ဘိုးဘေးနတ်ဘုရားနိုင်ငံတော်’ မှာ တော့ ဖန်ဆင်းရှင် နှစ်ဦး ရှိတယ်။ သခင်လေးရှူနဲ့ ‘ပျက်သုဉ်းခြင်းနတ်ဘုရား’တို့နဲ့ ပေါင်းလိုက်ရင် ဖန်ဆင်းရှင် လေးဦးနဲ့ ညီမျှနေတာပဲ။ နတ်ဘုရားလေနိုင်ငံကို ဖျက်ဆီးဖို့ မပြောနဲ့၊ ယွန်မင်နိုင်ငံ ဒါမှမဟုတ် ယွမ်တူးနိုင်ငံကိုတောင် လက်ဖျောက်တစ်ချက်တီးရုံနဲ့ ဖျက်ဆီးပစ်နိုင်တယ်” ထန်ဟိုင်လုံက ပြုံးရင်း ဆိုသည်။
“ဒါက ဖြစ်နိုင်ပေမဲ့၊ နတ်ဘုရားလေနိုင်ငံက ဟုန်ယွိရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတာ။ ဟုန်ယွိကလည်း ပင်လယ်ရပ်ခြား နိုင်ငံပေါင်း တစ်ရာကို တစ်ခုတည်းအဖြစ် စည်းလုံးချင် နေတာပဲ။ ဟိုင်လုံ... မင်းတို့အားလုံး ခွန်အားတွေကို စုစည်းပြီး အချိန်စောင့်ကြရမယ်။ မင်းတို့ရဲ့ တည်နေရာကိုလည်း အလွယ်တကူ မသိစေနဲ့ဦး။ ကောင်းကင်အပြင်ပနယ်မြေ က လူတွေ ရောက်လာတဲ့အခါ ငါတို့အားလုံး ပေါင်းစည်းပြီး ပင်လယ်လေးစင်းကို သိမ်းပိုက် ကြမယ်။ အဲဒီနောက်မှာတော့ ‘ထိုက်တောင်ကြီး’ရဲ့ အရှိန်အဝါနဲ့ တစ်ချက်တည်းနဲ့ အောင်မြင်အောင် လုပ်ကြတာပေါ့။”
သူ၏ စကားများကို ဆက်ပြောမည်အပြုတွင် ပင်လယ်လေပြည်ထဲ၌ တစ်စုံတစ်ခုသော အရှိန်အဝါကို သခင်လေးရှူ ခံစားလိုက်ရသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ “ငါ့မှာ လုပ်စရာ ကိစ္စလေး ရှိလာပြီ။ ငါ အရင်သွား နှင့်မယ်။ မင်းတို့လည်း ဆက်ပြီး ကျင့်ကြံနေကြဦး”
ထိုသို့ ပြောပြီးနောက် သခင်လေးရှူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး လေပြည်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
...
“ညီအစ်ကို ထန်... ငါတို့ ကောင်းကင်အပြင်ပနယ်မြေနဲ့ ပူးပေါင်းတာက ကျားဆီက သားရေတောင်းသလိုများ ဖြစ်နေမလား။ သူတို့က အင်အား အလွန်ကြီးမားတယ်။ သခင်လေးရှူက ငါတို့ကို ခြေကုပ်စခန်းတစ်ခုလိုပဲ သုံးနေတာ ဖြစ်နိုင်တယ်။ အချိန်တန်တဲ့ အခါ သူက ငါတို့ တည်ထောင်ထားတဲ့ ဒီနိုင်ငံကြီးကို ဝါးမြိုပစ်လိမ့်မယ်။ ငါတို့က မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေကနေ အခြေခံအုတ်မြစ်တွေကို ခက်ခက်ခဲခဲ သယ်လာပြီး ဒီနိုင်ငံကြီးကို တည်ထောင်ထားရတာ၊ ဘယ်လိုလုပ် အလွယ်တကူ ပေးနိုင်မှာလဲ။” သခင်လေးရှူ ထွက်သွားသည်ကို မြင်သောအခါ လီဖေးယွိက ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ သခင်လေးရှူဆီကနေ ရနိုင်မယ့် အကျိုးအမြတ်တွေ ရှိပါသေးတယ်။ သူ့ဆီကနေ ရနိုင်သမျှ အရင်ယူထားလိုက်ရအောင်။ ကိုယ့်ပါးစပ်ထဲ ရောက်လာတဲ့ အဆီအသားကိုတော့ မစားဘဲ မနေနိုင်ဘူးလေ။” ထန်ဟိုင်လုံက ဆိုသည်။
“နိုင်ငံနဲ့ အခြေခံအုတ်မြစ်တွေက အရေးမကြီးပါဘူး။ အရေးကြီးဆုံးက ငါတို့ရဲ့ တာအိုပညာ ကျင့်ကြံမှုပဲ။ သခင်လေးရှူရဲ့ အကူအညီနဲ့ ငါတို့ရဲ့ ကျင့်ကြံမှုက အများကြီး တိုးတက် လာခဲ့တာပဲ” ဖန်းယွမ်က အေးစက်စွာ ဆိုသည်။ “တကယ်လို့ ကောင်းကင်အပြင်ပနယ်မြေ က လူတွေက ငါတို့ကို ဖန်ဆင်းရှင် အဆင့်အထိ ရောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းရတာ ဘာအကြောင်းရှိမလဲ။”
“ညီအစ်ကို ဖန်းယွမ် ပြောတာ မှန်တယ်။ ဖန်ဆင်းရှင် ဖြစ်ဖို့ကပဲ အဓိကပဲ။ ကျန်တာတွေက အနှစ်သာရ မရှိဘူး။ ကဲ... ငါတို့ ဆက်ပြီး ကျင့်ကြံကြရအောင်”
သူတို့ သုံးဦးမှာ အတူတကွ ပေါင်းစည်းပြီး ဝေးလံသော အရပ်ရှိ နတ်ဘုရားဘိုးဘေးတောင် ဆီသို့ ပျံသန်းသွားကြသည်။
“ဟူး... အရင်တုန်းက ပါရမီရှင် ထန်ဟိုင်လုံကတော့ ပြောင်းလဲသွားပြီပဲ။ အချိန်ဆိုတာ ဘယ်သူ့ကိုမှ မစောင့်ဘူးပဲ...” လေထုထဲတွင် ရုပ်လုံးမပေါ်သော တေးသံစဉ်တစ်ခု လွင့်ပျံ လာပြီး နတ်သမီးလေးတစ်ပါး၏ အသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။ “ထားလိုက်ပါ တော့။ ဟုန်ယွိဆီကိုပဲ သွားရှာလိုက်တော့မယ်။ အရင်တုန်းက သူ ငါ့ကို သုံးနှစ်အတွင်း ပုံတူဆွဲပေးမယ်လို့ ကတိပေးထားတာ အခု အချိန်တန်ပြီပဲ။ ဒီအခွင့်အရေးကို သုံးပြီး သူနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ရမယ်”
ထိုသို့ ပြောပြီးနောက် ကောင်းကင်သံစဉ် နတ်သမီးလေးမှာလည်း ပျောက်ကွယ်သွားတော့ သည်။