← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း(302)

စုရှောင်လော်က ချက်ချင်းပင် အိန္ဒြေရရ ထိုင်လိုက်ပြီ ခြေထောက်များကို ချကာ စုဝေ့ချင်းကို အလျင်စလို ခိုင်းစေလေ၏။

“အဖေ၊ ရှောင်လော်ကို ဖိနပ်စီးပေးဦး”

စုဝေ့ချင်းက လက်ထဲမှ အစားအသောက်ဘူးကို ချထားလိုက်ပြီး ခန္ဓာကိုယ်ကိုနှိမ့်ကာ စုရှောင်လော်ကို ဖိနပ်စီးပေးလိုက်လေ၏။

သူမက ဖိနပ်စီးပြီး ပြန်မတ်တတ်ရပ်လိုက်သည့်အချိန်တွင်တော့ စုဝေ့ချင်းတစ်ယောက် စုရှောင်လော်၏ ဖောင်းကစ်ကစ်ဗိုက်လေးကို လက်ဖြင့် အသာတို့လိုက်ရင်း စနောက်လိုက်မိသည်။

“သမီးလေး၊ မင်း ဒီအတိုင်းပဲ ဆက်စားနေမယ်ဆိုရင် သမီးရဲ့ ချောမောလှပတဲ့ မျက်နှာလေးက ဝိုင်းစက်လာတော့မှာနော်”

“မဝိုင်းပါဘူး၊ လုံးဝမဝိုင်းဘူး”

စုရှောင်လော်က ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ၏မျက်နှာလေးကို လက်ဖြင့် အုပ်လိုက်လေ၏။

“အဘိုးနဲ့ အဘွားတို့ကတော့ သမီးကို အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောကြတာပဲ၊ ဒါကြောင့် သမီးက ဝနေတာ မဟုတ်ပါဘူး”

“ရှင် ဘယ်ဘက်ကို သွားခဲ့တာလဲ”

စုဝေ့ချင်း ပါးစပ်ကို ဟလိုက်သည်နှင့် လီရှန်းက စုဝေ့ချင်းတစ်ယောက် အိမ်ကိုသွားကြည့်ခဲ့ကြောင်း သိရှိလိုက်လေသည်။

သို့သော် သူတို့က သော့အမြောက်အမြားကို ယူဆောင်လာခဲ့ကြသောကြောင့် သူက မည်သည့်နေရာသို့သွားခဲ့သည်ကို လီရှန်းက မသိရှိပေ။

“ကိုယ် ကျောင်းဘက်ကို သွားကြည့်တာ”

ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ဂေဟာက ကျောင်းနှင့် အတော်လေး ဝေးကွာလွန်းသည်။

“လမ်းခရီးမှာ အချိန်နည်းနည်းကြာသွားလို့၊ မင်းတို့ သားအမိနှစ်ယောက် မျက်နှာသစ်ပြီးကြပြီလား၊ ပြီးရင် ပူပူနွေးနွေးလေးဖြစ်တုန်း အမြန်စားကြရအောင်”

သူတို့က စကားပြောနေကြချိန်မှာပင် စားပွဲတစ်ခုလုံး ပြည့်နှက်သွားသော မနက်စာများကို ချခင်းလိုက်လေ၏။

“ကျွန်မက ခနနေရင် ရှောင်လော်အတွက် ခေါက်ဆွဲပြုတ်တစ်ပန်းကန်လောက် သွားဝယ်ပေးမလို့ စဉ်းစားနေတာ”

လီရှန်းက အငွေ့တထောင်းထောင်း ထွက်နေသော ပေါက်စီကို ကြည့်ပြီး ပြုံး၍ ပြောလိုက်လေ၏။

“ရှောင်လော်ကတော့ ပေါက်စီအကြီးကြီး စားရတာကိုပဲ သဘောကျတာ”

စုရှောင်လော်က ပေါက်စီကြီးတစ်လုံးကို ကိုင်ထားပြီး စားသောက်နေရင်းပြောလာလေ၏။

သူမ၏ နှုတ်ခမ်းများတွင် ဆီများက ပေကျံနေခဲ့သော်လည်း သူမ၏အကြိုက်ကို အမေဖြစ်သူထံသို့ ပြောပြရန် မမေ့ခဲ့ပေ။

“ခေါက်ဆွဲပြုတ်က စားလို့မကောင်းဘူး”

လီရှန်း : “...”

“အစားအသောက်ကို ငြိမ်ငြိမ်စား၊ မဟုတ်ရင် မင်းအဘွားလာပြီး ရိုက်လိမ့်မယ်”

သနေကအနေဖြင့် လော်ယွီရှို့၏ ခေါက်ဆွဲပြုတ်ကို စားမကောင်းကြောင်းပင် ပြောရဲနေခဲ့သည်။

စုရှောင်လော်က လည်ပင်းလေးကို ပုလိုက်ပြီးနောက် စကားဆက်မပြောတော့ဘဲစားသောက်ခြင်းအပေါ်၌သာ အာရုံစိုက်နေခဲ့လေတော့၏။

လီရှန်းက အခြေအနေကို ဆက်လက်၍ မေးမြန်းလိုက်လေသည်။

“ရှင် အဲဒီဝင်းအိမ်တော် နှစ်ခုလုံးကို သွားကြည့်ခဲ့တာလား”

“မဟုတ်ပါဘူး၊ ကိုယ်တို့အတွက် အကောင်းဆုံးဖြစ်မယ့် တစ်လုံးကိုပဲ သွားကြည့်ခဲ့တာ”

“ဘယ်လိုနေလဲ”

“အဆင်ပြေပါတယ်၊ နည်းနည်းတော့ ခြောက်ကပ်နေတာပေါ့၊ ဒါပေမဲ့ ဒါကလည်း အပြစ်ပြောလို့တော့မရဘူးလေ၊

ဒီနေရာမှာ လူမနေတာ နှစ်နှစ်နီးပါး ရှိနေပြီလေ၊ ပြန်ပြီးပြုပြင်ဖို့အတွက် ငွေနည်းနည်းတော့ အသုံးပြုရလိမ့်မယ် ထင်တယ်”

စုဝေ့ချင်းက လီရှန်းထံသို့ ဂေါ်ဖီထုပ်နှင့် ကော်ပြန့်ကြော်ဖတ် ပါဝင်သော ပေါက်စီတစ်လုံးကို လှမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

“ဒီလိုအစာသွတ်မျိုးက ပြည်နယ်မှာ မရနိုင်ဘူးနော်၊ မြည်းစမ်းကြည့်ဦး”

သူက ပြောပြောဆိုဆိုဖြင့် သူ့အတွက်လည်း တစ်လုံးကို ယူလိုက်လေ၏။

လီရှန်းက တစ်ကိုက် ကိုက်ကြည့်လိုက်လေသည်။

ဂေါ်ဖီထုပ်က အလွန်ပင် အရည်ရွှမ်းလွန်းသော်လည်း ကော်ပြန့်ကြော်ဖတ်က ပျော့အိစေးကပ်မနေဘဲ ဆန့်ကျင်ဘက်အနေဖြင့် ကြွပ်ဆတ်နေခဲ့၍ ကြွယ်ဝလွန်းသော အရသာထူးကို ပေးစွမ်းနေခဲ့လေသည်။

ထို့အပြင် ပေကျင်းမြို့၏ အလုပ်အကိုင် ပြိုင်ဆိုင်မှုက ပိုမို၍ ပြင်းထန်လွန်းသောကြောင့် ဤနိုင်ငံပိုင် စားသောက်ဆိုင်မှ မုန့်ဖုတ်ဆရာက ထူးခြားပြောင်မြောက်လွန်းသော လက်ရာ ရှိနေခဲ့၏။

အနည်းဆုံးတော့ လီရှန်းအနေဖြင့် အမှန်တကယ်ပင် သဘောကျနှစ်သက်နေခဲ့သည်။

မနက်စာ စားသောက်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက သူတို့၏ ကလေးကို ခေါ်ဆောင်ပြီး တံခါးကို သော့ခတ်လျက် ဝင်းအိမ်တော်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြလေတော့၏။

စုဝေ့ချင်း ပြောခဲ့သည့်အတိုင်းပင် ဝင်းအိမ်တော်တွင် မြက်ရိုင်းများက ပေါက်ရောက်နေခဲ့ပြီး အနည်းငယ် ရှုပ်ပွနေခဲ့သော်လည်း လီရှန်းက အတော်လေး ကျေနပ်နေခဲ့ဆဲ ဖြစ်သည်။

အဓိကအချက်က အိမ်များက ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းကို ခံထားရသောကြောင့် ဖြစ်၏။

အကယ်၍ ဤနေရာကို သန့်ရှင်းရေးလုပ်မည်ဆိုပါက အမိုးပြားတချို့နှင့် ပြတင်းပေါက် မှန်တချို့ကို လဲလှယ်ပေးရုံမျှသာလိုအပ်ပြီး တခြားကြီးကြီးမားမား ပြုပြင်သန့်ရှင်းရေးလုပ်ရန် မလိုအပ်ပေ။

ထိုလူများက ပြောင်းရွှေ့သွားကြချိန်က အိမ်ကို လုံးဝပြောင်စင်အောင် သန့်ရှင်းရေးလုပ်သွားခဲ့ကြလေသည်။

ထို့ကြောင့် ဖုန်နံ့များမှလွဲ၍ အထဲ၌ ဗလာဖြစ်နေခဲ့ပြီး စက္ကူစတစ်ရွက်ပင်လျှင် ကျန်ရစ်မနေခဲ့ပေ။

“ဒီနေရာကို ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ”

လီရှန်းက ဝင်းထဲတွင် ရပ်နေရင်း ထူးဆန်းလွန်းသော လွတ်နေသည့် မြေကွက်လပ်တချို့ကို ကြည့်ပြီး ပြောလိုက်လေ၏။

“အစတုန်းက ဒါက အမိုးပါတဲ့ စင်္ကြံလမ်းလေ၊ ဒါပေမဲ့ အရင်က ဒီမှာနေခဲ့တဲ့လူတွေက ငလျင်ဒဏ်ခံ ခိုလှုံရာတဲ ဆောက်ဖို့အတွက် ဖျက်ဆီးပစ်ခဲ့ကြတာ၊

သူတို့ ထွက်သွားတဲ့အချိန်မှာလည်း အကုန်ယူသွားကြတယ်”

ယနေ့ခေတ်ကာလတွင် အုတ်ခဲနှင့် အမိုးပြားကဲ့သို့သော အရာများကို ဝယ်ယူရန်အတွက် ခက်ခဲလွန်းသည်။

ထိုလူများက ပြောင်းရွှေ့ခံရသည့်အချိန်တွင် စိတ်ခံစားချက် သိပ်မကောင်းလောက်ပေ။

အဝတ်စတစ်စပင် ချန်မထားခဲ့ကြသော်လည်း ဆွေးမြည့်နေသော သစ်သားပုံကြီးကိုတော့ ချန်ထားခဲ့ကြသောကြောင့် ထိုသစ်သားတို့ကို သူတို့က သန့်ရှင်းရေး လုပ်ကြရဦးမည် ဖြစ်သည်။

အမိုးပါတဲ့ စင်္ကြံလမ်း..

ရုတ်ချည်းပင် လီရှန်း၏ ယခင်ဘဝက မြင်တွေ့ခဲ့ဖူးသော ရှေးခေတ်ဇာတ်လမ်းတွဲများထဲမှ ဆန်းပြားလွန်းသော ထုတ်တန်းများနှင့် ဆေးခြယ်ထားသော အမိုးများ၏ ပုံရိပ်များက သူမ၏စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့လေ၏။

သေချာပေါက် ဤဝင်းအိမ်တော်ရှိ အမိုးပါသော စင်္ကြံလမ်းက ထိုမျှလောက်အထိ ဆန်းပြားဆွဲဆောင်မှု ရှိလိမ့်မည် မဟုတ်သော်လည်း ဤသည်ကပင် ကျန်းမိသားစုက မည်မျှအထိ ထင်ရှားကျော်ကြားခဲ့သည်ကို ပြသနေသည်။

“ရှင် တခြားအိမ်တွေကိုရော ကြည့်ပြီးပြီလား”

“မကြည့်ရသေးဘူး”

စုဝေ့ချင်းက ခေါင်းကို ခါပြလိုက်လေ၏။

လီရှန်းက ချက်ချင်းပင် ကလေး၏လက်ကို ဆွဲလိုက်ပြီးပြောလိုက်လေသည်။

“လာ.. သွားကြည့်ရအောင်”

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက စုရှောင်လော်ကို ခေါ်ဆောင်လျက် တခြားအိမ်တစ်လုံးသို့ သွားရောက်ကြည့်ရှုကြပြန်သည်။

ပြောရလျှင် ကျန်းမိသားစု၏ အိမ်များအားလုံးက ကောင်းမွန်ကြလေသည်။

တခြားအိမ်တစ်လုံးတွင် ပိုမို၍ ကြီးမားသော ဝင်းတစ်ခုပါရှိသော်လည်း အထဲပိုင်းက ထပ်တူထပ်မျှပင် ရှုပ်ပွနေခဲ့လေ၏။

ဘေးခန်းများထဲမှ တစ်ခုက ပြိုကျပင် ပျက်စီးနေခဲ့ရသည်။

ထိုအိမ်ကို ကြည့်ရှုရန်အတွက် သူတို့နှင့်အတူ လိုက်ပါလာခဲ့သော ရပ်ကွက်ရုံးမှ စာရေး၏ မျက်နှာပေါ်မှ အပြုံးများက ရုတ်ချည်းပင် အေးခဲသွားခဲ့ရလေတော့၏။

စုဝေ့ချင်း : “..ဒီအိမ်က ကြည့်ရတာ သဘာဝအလျောက် ပြိုကျပျက်စီးသွားတဲ့ ပုံစံမျိုးနဲ့ မတူဘူးနော်”

“ဒါက..”

စာရေးက တစ်ခုခုကို ပြောရန် ပြင်လိုက်လေ၏။

“ကြည့်စမ်းပါဦး၊ မြေကြီးပေါ်မှာ အုတ်ခဲတွေ၊ အမိုးပြားတွေ အများကြီး ကျန်မနေခဲ့ဘူး၊

ဒါက လေဆင်နှာမောင်း တိုက်ခတ်လို့ လွင့်ပါးသွားတာတော့ မဟုတ်နိုင်ပါဘူးမလား”

ဤအိမ်က မည်သည့်ပြဿနာမျှမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း ခံလိုက်ရခြင်းသာဖြစ်သည်။

“အိမ်မှာ လူမရှိတာနဲ့ အနီးအနားက မိသားစုတွေထဲက တိတ်တဆိတ် လာခိုးယူသွားကြတာဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်”

စာရေးက ခပ်ဖွဖွချောင်းဆိုးလိုက်လေ၏။ သူလည်း ဤအရာကို အမှန်တကယ်ပင် သတိမပြုမိခဲ့ပေ။

အဆုံးသတ်တွင် ထိုဖြစ်ရပ်က သူတို့ ရပ်ကွက်ရုံး၏ မှားယွင်းမှုလည်း ဖြစ်သည်။

ရွှေ့ပြောင်းခြင်း ကိစ္စရပ်က အတော်လေး ဖရိုဖရဲ ဖြစ်ခဲ့ရလ၏။

မိသားစုဝင် တစ်ဒါဇင်ကျော်ပြောင်းရွှေ့သွားခဲ့ကြရသောကြောင့် အငြင်းပွားမှုများနှင့် အနှောင့်အယှက်များက အဆက်မပြတ် ရှိနေခဲ့လေသည်။

ရပ်ကွက်ရုံးအနေဖြင့် ဤအိမ်က ဒုက္ခပေးမည့် အရာတစ်ခုဟု တွေးမိသောကြောင့် ထိုအိမ်ကို သော့ခတ်ထားခဲ့ကြပြီး နောက်ထပ်တစ်ကြိမ် လာရောက်စစ်ဆေးခြင်း လုံးဝမရှိခဲ့ကြတော့ပေ။

“ဒါက ခိုးမှုမဟုတ်ဘူးလား”

လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏မျက်နှာက အတော်လေး တင်းမာသွားရလေတော့၏။

“မရဘူး၊ ကျွန်မတို့ ဒါကို ဒီအတိုင်း လွှတ်ထားလို့မရဘူး၊ ကျွန်မတို့မိသားစုက နိုင်ငံတော်အတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တာပါ၊

ဒါပေမဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အိမ်ကတော့ ဓားပြတိုက် ခံလိုက်ရတယ်၊ ဒါက ကျိုးကြောင်းဆီလျော်မှု မရှိဘူး၊ ကျွန်မတို့ အခုချက်ချင်း ရဲစခန်းကို သွားကြမယ်၊

တကယ်လို့ ရဲတွေကပါ ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်မတို့ ပြည်နယ်ခေါင်းဆောင်တွေကို ဗဟိုအစိုးရဆီ ဖုန်းဆက်ခိုင်းရလိမ့်မယ်၊

ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ ကျွန်မတို့က အပြင်မှာ အသက်နဲ့ရင်းပြီး ကြိုးစားနေခဲ့ကြရတာကို အတိင်းပိုင်းကလူတွေရဲ့ ဒုက္ခပေးခြင်းကိုပါ ခံရတာကတော့ လုံးဝမဖြစ်သင့်ဘူး

အိမ်ကို မနှစ်ကတည်းက ပြန်သိမ်းဆည်းခဲ့တာဆိုပေမဲ့ တစ်စုံတစ်ယောက်ကတော့ ခိုးယူနိုင်နေတုန်းပဲ၊

ဒါက ဒီနေရာမှာရှိနေတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်ကို စနစ်တကျ မလုပ်ဆောင်ကြဘူးဆိုတာကိုပြနေတာပဲ”

စာရေး၏ မျက်နှာက ချက်ချင်းပင် ပြာနှမ်းသွားခဲ့ရရှာလေတော့၏။

ဤဇနီးငယ်လေးက အလွန်ပင် မာနထောင်လွှားလွန်းသည်။

သူမက ပါးစပ်ဟလိုက်သည်နှင့် ပြည်နယ်ခေါင်းဆောင်ဟူသော စကားလုံးကို တိုက်ရိုက်ပင် အသုံးပြုပြောဆိုနေခဲ့လေ၏။

သို့သော် ပြန်လည်တွေးတောမိလျှင် အထက်အရာရှိများက အိမ်ကို မဖြစ်မနေ ပြန်လည်လွှဲပြောင်းပေးရန်အတွက် အထပ်ထပ် ညွှန်ကြားထားခဲ့ကြသည်ပင်။

ထို့အချက်ကြောင့် အိမ်၏ မူလပိုင်ရှင်မှာ ထိုနှစ်များအတွင်း ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည့် နိုင်ငံတော်အတွက် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကို ညွှန်ပြနေသည်။

ဤဇနီးငယ်လေးက ရိုးသားစွာ ပြောဆိုနေခြင်းဖြစ်စေ၊ ခြိမ်းခြောက်နေခြင်းဖြစ်စေ သူ့အနေဖြင့် သေချာပေါက် ပြစ်မှားစော်ကား၍ မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်။

“ရဲဘော်တို့ စိတ်မဆိုးကြပါနဲ့ဦး၊ ဒါက ကျွန်တော်တို့ဘက်က ပေါ့ဆမှုဖြစ်တာ အမှန်ပါပဲ၊ ဒီလိုလုပ်ကြတာပေါ့၊

ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေကို ပြန်ပြီးပြုပြင်ပေးဖို့အတွက် ကျွန်တော်တို့ ရပ်ကွက်ရုံးက တာဝန်ယူပေးပါ့မယ်၊

ဘယ်သူတွေ ယူသွားလဲဆိုတာကတော့ ဒီအနားမှာရှိနေတဲ့ ဝင်းတစ်ခုစီမှာ မိသားစုဝင် တစ်ဒါဇင်ကျော်စီ ရှိနေကြတာလေ၊ လူတိုင်းကိုတော့ အပြစ်ရှာဖို့ ခက်ခဲလိမ့်မယ်”

ထိုစကား၏ အဓိပ္ပာယ်အရ လူတိုင်းမှ နည်းနည်းစီ လာရောက်ယူဆောင်သွားခဲ့ကြခြင်း ဖြစ်လေသည်။

*

All Chapters