← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း(305)

“ဒါနဲ့ မင်းရဲ့ တတိယညီလေး နေတဲ့ ဧည့်ဂေဟာရဲ့ ဖုန်းနံပါတ်က ဘယ်လောက်လဲ၊ အိမ်ဈေးနှုန်းနဲ့ ပတ်သက်ပြီး ငါ သူ့ကို စကားပြောကြည့်ချင်လို့၊

တကယ်လို့ ငါတို့ သဘောတူညီချက် ရနိုင်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့ ငါ ပေကျင်းကို သွားလိုက်မယ်၊

တကယ်လို့ သဘောမတူနိုင်ဘူးဆိုရင်တော့ ဒီအကြောင်းကို နောက်မပြောပဲနေကြတာပေါ့”

စုဝေ့ဟိုင်ကလည်း မည်သည့်အရာကိုမှ သံသယမဝင်ဘဲ ကျန်းရိကော်ထံသို့ ဖုန်းနံပါတ်ကို ပေးပြီးဆက်ပြောလိုက်လေ၏။

“ကျွန်တော် အခုလေးတင်ပဲ ဖုန်းပြောပြီးတာ၊ သူတို့နှစ်ယောက်လုံး အဲဒီမှာ ရှိနေလောက်ဦးမယ်၊ ခင်ဗျား အခုပဲ ဖုန်းဆက်ချင် ဆက်လိုက်လို့ ရတယ်”

ကျန်းရိကော်က ပြုံး၍ ခေါင်းကိုညိတ်ပြလိုက်လေသည်။

စုဝေ့ဟိုင် ထွက်ခွာသွားပြီးနောက်တွင် ကျန်းရိကော်တစ်ယောက် သူ၏ရုံးခန်းသို့ သွားခဲ့လေ၏။

သူက ဖုန်းကို ချက်ချင်း မဆက်သေးဘဲ ထိုင်ခုံပေါ်တွင် တိတ်တဆိတ် ထိုင်လျက် တွေးတောနေခဲ့သည်။

သူ၏ ဆုံးဖြတ်ချက်က မှန်ကန်ခြင်း ရှိမရှိကို သူ မသိသော်လည်း သူ၏နှလုံးသားထဲမှ အတွေးက ပိုမို၍ ပြင်းထန်လာခဲ့ရ၏။

သူ့အနေဖြင့် လောင်းကြေးထပ်နေခြင်းဖြစ်ကြောင်းကို သိရှိသော်လည်း အကယ်၍ သူသာ အနိုင်ရရှိခဲ့မည်ဆိုပါက ကျန်းကျိအတွက် စိုးရိမ်ပူပန်စရာ ရှိတော့မည် မဟုတ်ပေ။

သူ့အနေဖြင့် ပိုမို၍ ရင်းနှီးကျွမ်းဝင်လွန်းသော စုဝေ့ဟိုင်ကို မရွေးချယ်ဘဲ အဘယ်ကြောင့်ကြောင့် စုဝေ့ချင်းကို ရွေးချယ်ခဲ့သည်ကိုတော့ သူ ကိုယ်တိုင်ပင် မသိရှိပေ။

သို့သော် ထိုရွေးချယ်ချက်က မရေမရာသော အမှောင်ထုထဲမှ ခံစားချက်တစ်ခုကြောင့် ဖြစ်သည်။

သေချာပေါက် တခြားသောအကြောင်းပြချက်တစ်ခုလည်း ရှိနေသေး၏။

အတိတ်ကာလမှ ရှုရှင်းလန် ပြောဆိုခဲ့ဖူးသော စကားများနှင့် လုပ်ဆောင်ချက်များကြောင်းပင်။

ရှုရှင်းလန်အနေဖြင့် လီရှန်းက ကျန်းကျိ၏ရောဂါကို ကုသပေးနိုင်လိမ့်မည်ဟု အဘယ်ကြောင့် ဤမျှအထိ ယုံကြည်နေခဲ့ရပါသနည်း။

သူမက သွေးခုန်နှုန်း စမ်းသပ်နိုင်ရုံမျှကြောင့်လား။

မဖြစ်နိုင်ပါ။ ထိုသို့ မဟုတ်နိုင်ပေ။

ရှုရှင်းလန်က တခြားသောအရာတစ်ခုခုကို သေချာပေါက် ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။

သူက ရှုရှင်းလန် မဟုတ်သောကြောင့် ကိစ္စရပ်များကို အတင်းအကျပ် ဇွတ်လုပ်မည်မဟုတ်ပေ။

သို့သော် အကယ်၍..

အကယ်၍ အခွင့်အရေး အနည်းငယ်မျှ ရှိနေခဲ့မည်ဆိုပါက သူလည်း ကျန်းကျိတစ်ယောက် ဘဝသစ်တစ်ခုသို့ ကူးပြောင်းနိုင်ရန်အတွက် မျှော်လင့်မိသည်။

ထိုဇနီးမောင်နှံနှစ်ဦးက အိမ်တစ်လုံးကို လိုချင်နေကြသည် မဟုတ်ပါလား။

သူ့ထံတွင် အိမ်များက လုံးဝမနည်းပါးပါချေ။

စုဝေ့ချင်းတစ်ယောက် ကျန်းရိကော်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့်အတွက် အတော်လေးအံ့ဩသွားခဲ့ရသည်။

စုဝေ့ဟိုင်နှင့် အိမ်ကိစ္စကို တိုင်ပင်ဆွေးနွေးပြီးနောက် ဇနီးမောင်နှံနှစ်ဦးက အခန်းသို့ ပြန်လာခဲ့ကြပြီး သူတို့ထံတွင်ရှိသော အသုံးပြုနိုင်မည့် ရန်ပုံငွေများကို စတင်တွက်ချက် စဉ်းစားခဲ့ကြလေ၏။

အကယ်၍ သူတို့တွင် အိမ်တစ်လုံးသာ ဝယ်ယူနိုင်မည့် ငွေရှိနေခဲ့မည်ဆိုပါက အချက်အချာကျသည့် နေရာကောင်းမှ အိမ်ကိုသာ ရွေးချယ်သင့်သည်လား။

သို့မဟုတ် ကျောင်းနှင့်နီးသော ဝင်းအိမ်တော်လေးကို ရွေးချယ်သင့်ပါသည်လား။

သူတို့ ခနမျှတွေးတောနေခဲ့ကြခဲ့လေသည်။

လက်တွေ့တွင် ထိုအိမ်တို့နှစ်ခုလုံးက ဆိုးရွားမနေခဲ့ကြပေ။

စုဝေ့ချင်းက ကျောင်းနှင့်နီးပြီး အိမ်များကလည်း သေးငယ်လွန်းခြင်းမရှိသော ဝင်းအိမ်တော်လေးကို ပိုမို၍ သဘောကျနှစ်သက်သည်။

နောက်ပိုင်းတွင် ကျောင်းသားများ ပိုမိုရောက်ရှိလာပြီး အနီးအနားရှိ နေထိုင်သူများကလည်း ပိုမိုကောင်းမွန်လာလိမ့်မည်။

လီရှန်းကတော့ နောက်ပိုင်းတွင် အချက်အချာကျလာမည့် နေရာကောင်းကို ပို၍ သဘောကျ၏။

သူမနှင့်သူမ၏ ခင်ပွန်းက လာမည့်နှစ်အနည်းငယ်အတွင်း၌သာ စာပေလေ့လာကြလိမ့်မည်။ စာပေသင်ကြားမှု ပြီးဆုံးသွားပြီးနောက်တွင် ဤနေရာ၌ ဆက်လက်၍ နေထိုင်ရန် မဆင်ပြေနိုင်ပေ။

တစ်ဖက်တွင် သူတို့က ထိုဒေသရှိ ဖျက်သိမ်းမှုများနှင့် ထိအရာတို့၏ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များမှ အကျိုးအမြတ် ခံစားရရှိနိုင်သည်။

သေချာပေါက် အကောင်းဆုံးကတော့ ထိုနေအိမ်နှစ်လုံးလုံးကို ရယူနိုင်ရန်ပင် ဖြစ်၏။

သို့သော် လက်ရှိသူတို့တွင်ရှိသော ကန့်သတ်ချက်ရှိလွန်းသည့် ရန်ပုံငွေလေးဖြင့် ထိုသို့လုပ်ဆောင်ရန်က အလွန်ပင် ခက်ခဲပေလိမ့်မည်ဖြစ်ကြောင်းကိုလည်း သူတို့က ကောင်းစွာ သိရှိနေကြသည်။

ဇနီးမောင်နှံနှစ်ဦးက ခုတင်ပေါ်တွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ထိုင်နေကြလေ၏။

သူတို့နှစ်ဦးကြားတွင်တော့ တစ်နေ့တာလုံး အပြေးအလွှားဆော့ကစားခဲ့သောကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့ရှာသော စုရှောင်လော်က လှဲလျောင်းနေခဲ့ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက်တွင်မှ လီရှန်းက စတင်ပြောဆိုလိုက်လေ၏။

“ရှောင်လော်က ဒီနေ့ သွားကြည့်ခဲ့တဲ့ ဝင်းအိမ်တော်ကို အတော်လေး သဘောကျနေတာ မဟုတ်ဘူးလား”

“သဘောကျတာပေါ့၊ အဲဒီဝင်းအိမ်တော်က ဝင်း သုံးဆင့်တောင် ပါတာဆိုတော့ ဆေးဝါးစက်ရုံက အိမ်ထက် အများကြီး ပိုပြီးတော့ ကျယ်တာကိုး”

စုရှောင်လော်မှာ အတော်လေးလွတ်လပ်စွ် ဆော့ကစားချင်သူဖြစ်ပေ၏။

ယခု မြို့တော်ကြီးသို့ ရောက်ရှိလာခဲ့သည့်အချိန်တွင် ဤမျှကြီးမားသော ဝင်းသုံးဆင့်ပါ အိမ်တော်ကြီး ရှိနေခြင်းက စုရှောင်လော်ကို ပျော်ရွှင်စေလိမ့်မည်။

“ကျွန်မတို့ အချိန်ရရင် တခြားအိမ်တစ်လုံးကိုလည်း သွားကြည့်ကြဦးမလား၊

တကယ်လို့ အဲဒါကိုလည်း သဘောကျတယ်ဆိုရင်တော့ ငွေချေးပြီးတော့ပဲ ဝယ်လိုက်ကြတာပေါ့”

လီရှန်းအနေဖြင့် နောက်ပိုင်းတွင် ရွှေဥ ဥပေးမည့် ထိုရွှေငန်းကြီးကို လက်လွှတ်ရန် မလုပ်နိုင်သေးပေ။

စုဝေ့ချင်းကတော့ လီရှန်းတစ်ယောက် ထိုအိမ်ကို အဘယ်ကြောင့် ဤမျှအထိ စွဲလန်းနေရသည်ကို မသိပေ။

သို့သော် စနစ်က လီရှန်း၏ ဆန္ဒများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် ပြောထားခဲ့သောကြောင့် ဆက်လက်၍ တွေးတောမနေတော့ပါချေ။

ဆန့်ကျင်ဘက်အနေဖြင့် အတိုတောင်းဆုံး အချိန်ကာလအတွင်း မည်သို့ ငွေရှာရမည်ဟူသော အချက်အပေါ်၌သာ အာရုံစိုက်လိုက်လေတော့သည်။

“ကောင်းပါပြီ”

စုဝေ့ချင်းက အလွယ်တကူပင် သဘောတူလိုက်လေ၏။

ထိုအချိန်မှာပင် တံခါးကို လာရောက်ခေါက်သည့်အသံ ထွက်ပေါ်လာခဲ့ရလေသည်။

စုဝေ့ချင်း တံခါးကို သွားဖွင့်ပေးလိုက်သည့်အချိန်တွင် ဧည့်ဂေဟာ အရှေ့ကောင်တာမှ ဝန်ထမ်းတစ်ဦး ဖြစ်နေခဲ့သည်။

“ရဲဘော်တို့ဆီကို ဖုန်းလာနေလို့ပါ”

ဖုန်းလာတာလား။

စုဝေ့ချင်းက ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် လီရှန်းကို စကားအနည်းငယ် မှာခဲ့ပြီးမှ အောက်ထပ်သို့ ဆင်းသွားခဲ့လေတော့၏။

သူက စုဝေ့ဟိုင်တစ်ယောက် သူ့ကို တစ်ခုခုပြောရန် မေ့ကျန်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော် ဖုန်းကို ကောက်ကိုင်လိုက်ချိန်တွင် ကျန်းရိကော်၏ လေသံကို ကြားလိုက်ရလေတော့၏။

“မင်္ဂလာပါ ရှောင်စု၊ ငါ ကျန်းရိကော်ပါ”

ကျန်းရိကော်က ဖုန်း၏ တခြားတစ်ဖက်မှနေ၍ တည်ငြိမ်အေးဆေးသော လေသံဖြင့် စကားပြောလာလေ၏။

စုဝေ့ချင်းက မသိစိတ်ကပင် ခန္ဓာကိုယ်ကိုမတ်လိုက်မိပြီး နှုတ်ဆက်လိုက်သည်။

“ဒါရိုက်တာကျန်း”

“ဝေ့ဟိုင်က အခုလေးတင် ငါ့ဆီလာပြီး အိမ်ကိစ္စကို ပြောပြသွားတယ်၊

ငါ ကြားရသလောက်တော့ မင်းက ဝင်းအိမ်တော် တစ်လုံးထက်မက ပြန်လည်ပြုပြင်ဖို့ ရည်ရွယ်ထားတယ်ဆို”

စုဝေ့ချင်းက ကျန်းရိကော်၏ သဘောထားကို ရိပ်မိခြင်းမရှိသောကြောင့် မရေမရာသော အဖြေတစ်ခုကိုသာ ပေးလိုက်လေ၏။

“အဓိကကတော့ ကလေးကအကုန်လုံးကို သဘောကျနေလို့ပါ၊

ပြီးတော့ နောက်ပိုင်း ကျွန်တော့်မိဘတွေ အငြိမ်းစားယူတဲ့အချိန်မှာလည်း သူတို့ကို ဒီကိုခေါ်ပြီး အတူနေဖို့ အစီအစဉ်ရှိတယ်လေ၊ သူတို့အတွက် နေထိုင်စရာ နေရာတစ်ခု လိုအပ်တယာမလား”

“ဒါက တကယ့်ကို မှန်ကန်တဲ့ အတွေးအခေါ်ပဲ၊ မင်းရဲ့ မိဘတွေကတော့ ကံကောင်းကြတာပဲ”

စုဝေ့ချင်း၏ စကားလုံးများက ကျန်းရိကော်အား သူ၏ တစ်ဦးတည်းသော သမီးဖြစ်သူအပေါ် လွမ်းဆွတ်စိတ်များကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

သူ သက်ပြင်းချလိုက်ရင်း ဆက်လက်၍ မေးမြန်းလိုက်လေ၏။

“ဒါဆို ဘယ်အိမ်ကို ပြုပြင်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား”

“မဆုံးဖြတ်ရသေးပါဘူး၊ ကျွန်တော့်မှာ ငွေအတော်လေး လိုအပ်နေသေးလို့ပါ၊ ပြန်လည်ပြုပြင်ဖို့ ကုန်ကျစရိတ်က အများကြီး ရှိနိုင်သလို ချက်ချင်း ပြောင်းရွှေ့နေထိုင်လို့ရမဲ့ အခြေအနေမျိုးလည်း မဟုတ်သေးလို့ပါ”

သူတို့နှစ်ဦးလုံးက စကားလုံးများကို အလွန်ပင် သတိထား၍ ပြောဆိုနေကြလေသည်။

အဆုံးသတ်တွင် ထိုနေရာ၌ ဖုန်းလိုင်းလွှဲပြောင်းပေးရသော ဝန်ထမ်းတစ်ဦး ရှိနေဆဲဖြစ်၍ စီးပွားရေးဟူသော စကားလုံးကို ဖော်ပြမိပါက သူတို့ကို အရေးယူရန်အတွက် အချက်အလက်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေကြရသည်။

“ရှောင်စု၊ ငါ မင်းကို အကြံဉာဏ်တချို့ ပေးလို့ရမလား”

စုဝေ့ချင်းက အမြန်ပင် ယဉ်ကျေးစွာ ပြန်လည်၍ ပြောဆိုလိုက်လေ၏။

“ပြောပါ၊ ကျွန်တော် နားထောင်နေပါတယ်”

“မြို့တော်မှာရှိတဲ့ ဝင်းအိမ်တော်တွေ အားလုံးကို မင်း ပြန်လည်ပြုပြင်နိုင်ပါတယ်၊ မင်းတို့ရဲ့ ရှောင်လော်ကလည်း တကယ့်ကို ကောင်းမွန်တဲ့ ကလေးလေးတစ်ယောက်ပဲ၊

ငါ သူမကို အတော်လေးချစ်ခင်တယ်၊ နောင်တစ်ချိန် မင်းနဲ့ မင်းရဲ့ဇနီးမှာ ကလေးတွေ ပိုပြီးတော့ ရှိလာဦးမှာပဲ၊

ဝင်းအိမ်တော် တစ်လုံးတည်းက တကယ့်ကို သေးငယ်လွန်းပါတယ်၊ ပြီးတော့ မင်းမှာ မောင်နှမတွေလည်း ရှိသေးတာပဲလေ”

စုဝေ့ချင်း : “.. ကျွန်တော် ဒါရိုက်တာ ပြောချင်တဲ့ အဓိပ္ပာယ်ကို သိပ်ပြီးတော့ နားမလည်ဘူး ဖြစ်နေတယ်

ကျွန်တော့်မှာလည်း အဲဒီလောက်အထိ စွမ်းဆောင်ရည် မရှိပါဘူး၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အခုထိ ကျောင်းသားတွေပဲ ရှိပါသေးတယ်”

ကြည့်ရသည်က ကျန်းရိကော်က စုရှောင်လော်အား မျှော်လင့်နေသည့်ပုံစံ ဖြစ်နေခဲ့လေသည်။

“ရှောင်စု၊ ငါ့မှာ မြေးလေးတစ်ယောက်ပဲ ရှိတာပါ၊ သူက ကျန်းမာရေး မကောင်းရှာဘူး၊

ငါ့ကို အမှန်အတိုင်း ပြောပြစမ်းပါ၊ ရဲဘော်လီရှန်းမှာ ကျန်းကျိရဲ့ ဝေဒနာတွေကို သက်သာစေမယ့် နည်းလမ်းမျိုး ရှိနေလား၊

တကယ်လို့ သူမမှာ နည်းလမ်းရှိတယ်ဆိုရင်တော့ အဲဒီဝင်းအိမ်တော်တွေကို ပြုပြင်ဖို့ ကုန်ကျစရိတ်အားလုံးကို ငါကိုယ်တိုင်ပဲ တာဝန်ယူပေးပါ့မယ်”

*

All Chapters