← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း(309)

စုရှောင်လော်က စာမေးပွဲမေးခွန်းလွှာ နှစ်စောင်ကို တစ်ထိုင်တည်းချရေးခဲ့ရလေ၏။

ထို့ကြောင့် သူမက ဆူညံသံများစွာကို ကြားနေရသော်လည်း အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။

ထို့ကြောင့် လီရှန်းထံသို့ လက်လှမ်းလိုက်ရင်း စကားပြောလိုက်လေ၏။

“အမေ၊ သမီးကို ပွေ့ချီပါဦး”

လီရှန်းက စုရှောင်လော်ကို ပွေ့ချီပြီး အနားသို့ ခေါ်လိုက်သည်။

ထိုလူငယ်က သူတို့ကို လှမ်းကြည့်လိုက်ပြီးပြောလေ၏။

“ဒါ ခင်ဗျားတို့ရဲ့ သမီးလေး ထင်တယ်၊ ကျွန်တော့်မှာလည်း သမီးတစ်ယောက် ရှိတယ်၊ ခင်ဗျားတို့သမီးနဲ့ သက်တူရွယ်တူလောက်ပဲ”

ထိုစကားကိုပြောနေချိန်အတွင်း သူ၏ မျက်ဝန်းအစုံ၌ လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်သွားရ၏။

သူလည်း သူ၏သမီးဖြစ်သူကို အမှန်တကယ် လွမ်းဆွတ်နေပုံရလေ၏။

“မင်း မြို့တော်ကို အလုပ်လုပ်ဖို့ လာတာလား”

သူ၏ အမူအရာကို မြင်ရလျှင် စုဝေ့ချင်းအနေဖြင့် သူက ပြန်မသွားချင်၍ မဟုတ်ဘဲ ပြန်သွားရန်အတွက် အခြေအနေမပေးခြင်း ဖြစ်လိမ့်မည်ဟု နားလည်လိုက်လေသည်။

လူငယ်က တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်လေ၏။

“မဟုတ်ပါဘူး၊ ကျွန်တော် တက္ကသိုလ်ဝင်ခွင့်ရလို့ ပေကျင်းကို တန်းလာခဲ့တာ”

ထိုလူငယ်က သူ အဘယ်ကြောင့် ဤမျှအထိ စောစီးစွာ ရောက်ရှိနေရသည်ကို ရှင်းလင်းပြောဆိုခြင်း မပြုခဲ့ပေ။

စုဝေ့ချင်းကလည်း ထပ်မံ၍ မမေးမြန်းချင်တော့ပေ။ သူတို့က တိုက်ဆိုင်စွာ ဆုံတွေ့ကြရသော သူစိမ်းများသာ မဟုတ်ပါလား။

ထိုအချိန်မှာပင် ပြတင်းပေါက်ဆီမှ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“နံပါတ် (၃၃) အတွက် ထမင်းရပါပြီ”

စုဝေ့ချင်းက နံပါတ် (၃၃) ဖြစ်နေသောကြောင့် အစားအစာများကို သွားရောက်ယူဆောင်ရန်

ထရပ်လိုက်လေသည်။

စုဝေ့ချင်းတစ်ယောက် ထွက်ခွာသွားပြီးနောက် ထိုလူငယ်က လီရှန်းကို ရုတ်တရက် လှမ်းမေးလိုက်လေ၏။

“မင်္ဂလာပါ၊ အစ်မအနေနဲ့ ဟဲထန်ကို သိလား”

ဟဲထန်လား။

လီရှန်း ခဏမျှ ကြောင်အသွားရသည်။ ထိုနာမည်က အတိတ်ဟောင်းမှ နာမည်ဆိုးတစ်ခုပင် မဟုတ်ပါလား။

သို့သော် ဤနာမည်ကို တစ်ကြိမ်မျှ ပြောလိုက်သည်နှင့် နာကျင်ဖွယ်ကောင်းသော အတိတ်မှ မှတ်ဥာဏ်များက သူမ၏ စိတ်အာရုံထဲသို့ ပြန်လည်၍ ရောက်ရှိလာတော့သည်။

စုရှောင်လော်ကို ပွေ့ချီထားသော သူမ၏ လက်ချောင်းများက တင်းကြပ်သွားရပြီး လေယူလေသိမ်းကလည်း ပြတ်သားတင်းမာသွားခဲ့လေသည်။

“ရှင်က ဘယ်သူလဲ”

“မစိုးရိမ်ပါနဲ့ ၊ ကျွန်တော်မှာ အစ်မကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး၊

ကျွန်တော် တစ်ခါက ဟဲထန်ရဲ့ စာအုပ်ထဲမှာ အစ်မရဲ့ ဓာတ်ပုံကို မြင်ဖူးခဲ့လို့ပါ”

“ကျွန်တော်က အရင်က ပိုင်မားခရိုင်မှာ ပညာတတ်လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်”

ပိုင်မားခရိုင်...

လီရှန်း သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ပြောလိုက်လေသည်။

“ရှင် ကျွန်မတို့နဲ့ တမင်လာထိုင်တာလား၊ ကျွန်မတို့ နောက်ကို ဘယ်တုန်းကတည်းက လိုက်နေတာလဲ၊

ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ကျွန်မက ဟဲထန် စာအုပ်ထဲမှာ ညှပ်ထားတဲ့ ဓာတ်ပုံနဲ့ တူနေလို့ ဆိုရုံသက်သက်နဲ့လား”

သူမ၏ လေယူလေသိမ်းက အနည်းငယ် ရန်လိုတိုက်ခိုက်လိုစိတ် ရှိနေလေသည်။

အထူးသဖြင့် ဟဲထန်၏အကြောင်းကို ပြောဆိုသည့်အချိန်တွင် သူမ၏ ရွံရှာမုန်းတီးမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“စိတ်မလှုပ်ရှားပါနဲ့ဦး”

ထိုလူငယ်က လီရှန်း၏ လေယူလေသိမ်းကြောင့် အံ့အားသင့်သွားပုံရသည်။

လီရှန်းအနေဖြင့် ဟဲထန်၏ အကြောင်းကို ပြောဆိုရာတွင် ဤကဲ့သို့သော သဘောထားမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။

သူက လက်ကို အမြန်မြှောက်ပြလျက် ပြောလေ၏။

“ကျွန်တော်က အစကတည်းက ဒီကို ထမင်းစားဖို့ လာတာပါ၊ ဒါပေမဲ့ ထိုင်ပြီးတဲ့နောက်မှာ အစ်မက အဲဒီဓာတ်ပုံနဲ့ နည်းနည်းဆင်နေတာကို သတိထားမိလို့ စကားစပ်ကြည့်လိုက်တာပါ”

လီရှန်းက သူ့ကို သံသယစိတ်ဖြင့် ကြည့်ရှုလိုက်ပြီး စုရှောင်လော်ကို ပိုမိုတင်းကြပ်စွာ ပွေ့ပိုက်ထားလိုက်လေသည်။

“ကျွန်တော်ပြောတာက အမှန်တရားတွေပါပဲ”

ထိုလူငယ်က ကျိန်ဆိုပြချင်နေပုံရလေ၏။

လီရှန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး သူ၏ စကားလုံးများကို ယာယီအားဖြင့် ယုံကြည်ပေးလိုက်လေသည်။

သို့သော် သူမက သူ့ကို အလွယ်တကူ လွှတ်ပေးရန်အတွက် အစီအစဉ်မရှိပေ။

သူကိုယ်တိုင်ပင် အိမ်ပေါက်ဝအထိ ရောက်ရှိလာခဲ့ခြင်းပင်။

သူမအနေဖြင့် သူမ၏ ရန်သူဟောင်းဖြစ်သော ဟဲထန်၏ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်အတွက် အခွင့်အရေး ယူနိုင်သည် မဟုတ်ပါလား။

သို့မှသာ သူက ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာပြီး သူမကို အလစ်အငိုက် မိစေခြင်းမျိုး မရှိနိုင်တော့ပေ။

“ကောင်းပြီ၊ ရှင့်စကားကို ကျွန်မ ယုံပါ့မယ်”

သူမက နားလည်သဘောပေါက်သွားသည့်အမူအရာဖြင့် ထိုလူငယ်ကို ပြုံးပြလိုက်လေသည်။

သို့သော် ဟဲထန်၏အကြောင်းကို ထပ်မံ၍ ပြောလိုက်သည့်အချိန်တွင် စိတ်မရှည်မှု အရိပ်အယောင်တချို့ကိုသာ ပြသနေခဲ့သည်။

“ရှင် ဟဲထန်ကို သိတယ်ဆိုရင် ကျန်းယွဲ့ကိုလည်း သိမှာပေါ့ ဟုတ်တယ်မလား၊ ကျွန်မရဲ့ ဓာတ်ပုံကို ကျန်းယွဲ့ကပဲ သူ့ကို ပေးခဲ့တာ ဖြစ်ရမယ်၊ ဒီကျန်းယွဲ့နဲ့ ပတ်သက်ပြီး ကျွန်မ တကယ်ပဲ ဘာပြောရမှန်း မသိတော့ဘူး”

ကျန်းယွဲ့...

ထိုလူငယ်၏ အမူအရာက ချက်ချင်းပင် ထူးဆန်းသွားရပြီးနောက် လီရှန်းကို အံ့အားသင့်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“ရဲဘော်ကျန်းယွဲ့က ဆုံးသွားပါပြီ”

“ဆုံးသွားပြီ ဟုတ်လား”

လီရှန်း အံ့သြတကြီးဖြင့် အော်ဟစ်မိလိုက်လေသည်။

သူမက ဟဲထန်၏ တရားဝင် လက်တွဲဖော် မဟုတ်ပါလား။

သူမက ဘာလို့ ဒီလောက်ထိ အလွယ်တကူနဲ့ သေဆုံးသွားရတာလဲ။

သူတို့၏ အတိတ်ဘဝတွင် ဤလူနှစ်ဦးက တစ်သက်လုံး ငြိတွယ်ပတ်သက်ခဲ့ကြလေသည်။

သူမကဲ့သို့သော အပြစ်မဲ့သည့် ဘေးလူတစ်ဦးပင်လျှင် သူတို့၏ အချစ်ဇာတ်လမ်းထဲတွင် အမြှောက်စာ ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့သော လူမျိုးက အဘယ်ကြောင့် ကွယ်လွန်သွားရပါသနည်း။

“ဟုတ်ပါတယ်၊ သူမက ကျေးလက်ဒေသကို ရောက်ပြီး မကြာခင်မှာပဲ ဖျားနာခဲ့တာပါ၊ အဲဒီအချိန်ကတည်းက ဟဲထန်ကပဲ ပြုစုစောင့်ရှောက်ပေးခဲ့တာ၊

ဟဲထန်က သူမအတွက် လယ်ကွင်းထဲက အလုပ်အကိုင်အတော်များများကို ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်”

လီရှန်း၏ သတိထားစောင့်ကြည့်မှုများက လျော့ပါးသွားပြီးနောက် ထိုလူငယ်က သူ၏ စကားပြောကောင်းသော ပုံစံသို့ ပြန်လည်၍ ရောက်ရှိသွားကာ ဆက်ပြောပြလေသည်။

“ကျန်းရှို့မေ့.. အိုး.. ဆိုလိုတာက ကျန်းယွဲ့နဲ့ အခန်းဖော်ဖြစ်ခဲ့တဲ့ အမျိုးသမီး ပညာတတ်လူငယ်ဆီက ကြားရတာတော့..

ကျန်းယွဲ့နဲ့ ဟဲထန်တို့က ကျေးလက်ဒေသကို မဆင်းခင်ကတည်းက စေ့စပ်ထားကြတာတဲ့၊

ကျန်းယွဲ့က အသက် (၁၈) နှစ်မပြည့်သေးတော့ သူတို့ အိမ်ထောင်ရေးဗဟိုပြုလက်မှတ် ထုတ်ဖို့ ခက်ခဲနေလို့ သူမက ပညာတတ်လူငယ်တစ်ယောက်အဖြစ် ကျေးလက်ဒေသကို ဆင်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ ပြောပါတယ်”

ကျန်းယွဲ့က အသက် (၁၈) နှစ်မပြည့်သေးဘူးလား။

လီရှန်းက မျက်မှောင်ကြုတ်လိုက်မိသော်လည်း မမှတ်မိနိုင်တော့ပေ။

သို့သော် ဤအရာက သူတို့ အိမ်ထောင်မပြုနိုင်ရသည့် အကြောင်းရင်း အစစ်အမှန်မဟုတ်နိုင်ကြောင်း သူမ တွေးမိသည်။

သူတို့က အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်သို့ ရောက်ရှိနေခဲ့ကြသည်မဟုတ်ပါလား။

သို့သော် သူတို့နှစ်ဦးက အတိတ်ဘဝတွင် အချင်းချင်း နှစ်ပေါင်းများစွာ အပြန်အလှန် လိုက်နေခဲ့ကြပြီး နောက်ဆုံးတွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကျန်းယွဲ့က လိမ်ညာကာ ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းသာ ဖြစ်လိမ့်မညာ။

သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရသည်က လွယ်ကူလွန်းသည်။

သူမက ဟဲထန်ကို သူမအား အတင်းအကျပ် လက်ထပ်ယူစေချင်ခြင်းသာ ဖြစ်သည်။

“တပ်မဟာကလည်း သူတို့ကို ငဲ့ညှာတဲ့အနေနဲ့ နှစ်သစ်ကူးပြီးရင် မင်္ဂလာဆောင်ပေးဖို့အတွက် စဉ်းစားခဲ့ကြသေးတယ်၊

ဒါပေမဲ့ ဟဲထန်က သဘောမတူခဲ့ဘူး၊

အဲဒီအချိန်ကျမှပဲ သူက သူ့ရဲ့ဇာတိမြေမှာ ချစ်ရတဲ့သူ ရှိနေခဲ့တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိလိုက်ရတာ”

ထိုလူငယ်က ဤသို့ပြောရင်း အနည်းငယ် ရှက်သွားသည့်အမူအရာဖြင့် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။

သူ၏အကြည့်က စုရှောင်လော်ထံသို့ ကျရောက်သွားပြီး ချက်ချင်းပင် ပြန်လည်၍ လွှဲဖယ်လိုက်လေ၏။

သူအနေဖြင့် ဟဲထန်၏နာမည်ကို လွှတ်ခနဲ ပြောမိလိုက်ခြင်းက မတော်တဆမှုတစ်ခုသာ ဖြစ်သည်။

သို့သော် ဟဲထန်၏ စိတ်ထဲရှိ ချစ်သူက သူ ကျေးလက်ဒေသသို့ ဆင်းသွားပြီး မကြာမီမှာပင် အိမ်ထောင်ကျသွားခဲ့လေ၏။

ယခုအချိန်တွင် ဤမျှအထိ ကြီးမားသော ကလေးတစ်ဦးပင် ရရှိနေလေပြီ။

ချစ်ရတဲ့သူ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အချိန်တွင် လီရှန်း၏ အမူအရာက ချက်ချင်းပင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်သွားရ၏။

“ကျွန်မက သူနဲ့ ဘာမှမပတ်သက်ဘူး”

ထိုလူငယ်က သူ သဘောပေါက်ကြောင်း စိတ်ထဲက တွေးလိုက်မိသည်။

သို့သော်လည်း...

“အစ်မရဲ့မောင်ဖြစ်ဆဲ့ လီချောင်ကလည်း အဲဒီတုန်းက ပိုင်မားခရိုင်ကိုပဲ ကျေးလက်ဒေသဆင်း အလုပ်တာဝန်နဲ့ ရောက်လာခဲ့တာလား”

လီရှန်း : “...”

ဒါက လီချောင်နှင့် ဘယ်လိုပတ်သက်နေလို့လဲ။

“သူက အဲဒီမှာ အစ်မရဲ့မောင်ကို အတော်လေး စောင့်ရှောက်ပေးခဲ့တာ၊ အစ်မရဲ့မောင်ကလည်း သူ့ကို ယောက်ဖလို့ပဲ အမြဲတမ်းခေါ်နေခဲ့တာလေ၊

အဲဒါကြောင့် လူတိုင်းက အစ်မတို့နှစ်ယောက် တွဲခဲ့ကြဖူးပြီး ကျန်းယွဲ့ရဲ့ မိသားစုကပဲ ကြားကနေ ဖျက်ဆီးခဲ့တာလို့ ထင်နေကြတာ”

လီရှန်း: “ ! !”

ဒီလောက်ထိ ရွံစရာကောင်းတဲ့ လူမျိုးက ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။

ဤအခိုက်အတန့်တွင် လီရှန်းတစ်ယောက် အမှန်တကယ်ပင် ရွံရှာမုန်းတီးမှုကို ခံစားလိုက်ရသည်။

သူမ၏ မျက်နှာက ဖြူဖျော့သွားရာမှ နောက်တစ်ကြိမ် ပြန်လည် နီရဲလာခဲ့လေ၏။

သူမက ဟဲထန်၏ အနားသို့ ချက်ချင်းပြေးသွားပြီး သူ့ကို ကောင်းကောင်းကြီး ရိုက်နှက်ဆုံးမပစ်ချင်စိတ်များပင် ဖြစ်လာရတော့သည်။

စုဝေ့ချင်းတစ်ယောက် ထမင်းပန်းကန်ကို ကိုင်ဆောင်လျက် ပြန်လည်၍ ရောက်ရှိလာသည့်အချိန်တွင် လီရှန်းက တည်တင်းသော မျက်နှာအမူအရာဖြင့် ရှိနေသည်ကို မြင်လိုက်ရသည်။

သူမနှင့် မျက်နှာချင်းဆိုင်ရှိ လူငယ်က သူ့ကိုယ်သူ အမှားတစ်ခုခုကို ပြောမိလေသည်လားဟူသော ပုံစံဖြင့် လည်ပင်းကို ကျုံ့ထားသည်ကို တွေ့ရှိရလေသည်။

ထို့ကြောင့် သူက အံ့အားသင့်စွာဖြင့် မေးလုက်သည်။

“ဘာဖြစ်လို့လဲ”

“ကျွန်မ ရှင့်ကို ပြောပြဖူးတဲ့ ဟဲထန်ကို မှတ်မိသေးလား”

ဟဲထန်လား။

စုဝေ့ချင်းက မမှတ်မိနိုင်သေးသော်လည်း သူ၏စိတ်ထဲရှိ စနစ် က ချက်ချင်းပင် အသိပေးနှိုးဆော်လိုက်လေသည်။

စုဝေ့ချင်း၏ အမူအရာက ပြောင်းလဲသွားရပြီး သူက အစားအစာများကို အမြန်ချထားကာ ထိုင်လိုက်လေ၏။

ထို့နောက် တည်ကြည်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်လေသည်။

“ဘာတွေဖြစ်ခဲ့လို့လဲ”

“သူ့ကိုပဲ မေးကြည့်လိုက်၊ ကျွန်မ ဒီလောက်အထိ ရွံစရာကောင်းတဲ့လူမျိုးကို တစ်ခေါက်မှ မမြင်ဖူးဘူး၊

သူ ရူးနေတာလား၊ အစကတည်းက ကျွန်မကို နှောင့်ယှက်နေခဲ့တာ၊ အခုကျတော့ ပိုင်မားခရိုင်မှာ လီချောင်နဲ့အတူ ကျွန်မရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးနေပြန်ပြီ၊

သူက ရူးနေတာလား၊ ဒါမှမဟုတ် မိန်းမတစ်ယောက်အပေါ် စိတ်စွဲလမ်းလွန်းနေတာလားအသိဘူး”

*

All Chapters